ချစ်ခြင်းဖြင့်ချည်နှောင်သော🌺🌺🌺

Background color
Font
Font size
Line height

အပိုင်း(၁၅)


မင်္ဂလာခန်းမထဲမှာရိပေါ်မအားနိုင်အောင်ဖြစ်နေတယ်...သတို့သားနဲ့သတို့သမီးကိုရောနှစ်ဘက်မိသားစုဝင်တွေရောကိုဓာတ်ပုံရိုက်ပေးနေရတာကို....ကောကိုသူကြည့်လိုက်တဲ့အချိန်တိုင်းချင်းစုကအနားမှာရှိနေတက်တယ်...သူလည်းနည်းနည်းအားတဲ့အချိန်ကျင်ရီနဲ့စစ်ကျွေးကိုလွှဲခဲ့ပြီးကောဆီလာခဲ့လိုက်တယ်...ကောရဲ့လက်ကိုဆွဲပြီးတော့ထောင့်ကျကျစာပွဲဝိုင်းကိုခေါ်သွားလိုက်တယ်။
''ကလေးဘာဖြစ်နေတာလဲ...လူတွေအများကြီးရှိနေတာကို...´´

''ကောကအရမ်းချောနေတော့ဘယ်လိုမှမနေနိုင်တော့တာနဲ့လာခဲ့တာလေ...´´

''ကလေးလဲချောပါတယ်အဖြူလေးနဲ့...သန့်နေတာပဲ..´´

''ကောနဲ့ချင်းစုကဘာလို့ဝတ်ထားတာချင်းအရောင်တူနေတာလဲ...´´

''ကောလည်းမသိဘူးလေ...´´

''ထားပါတော့...အရမ်းချစ်တယ်...´´

ပြောပြီးတော့ကိုင်ထားတဲ့ကောရဲ့လက်ခုံလေးကိုနမ်းလိုက်တယ်ဆိုရင်ပဲကောက

''သူများတွေကြည့်ကုန်ပြီး...ဘယ်လိုလုပ်လိုက်တာလဲ..ဖယ်...လွှတ်...ဟိုမှာဝမ်နင်တစ်ယောက်ထဲဖြစ်နေလို့သွားမလို့...´´

ပြောပြီးတာနဲ့လက်ကိုရုန်းပြီးထွက်သွားတဲ့အရှက်ပိုနေတဲ့ချစ်ရသူလေးကိုမြတ်နိုးရပါတယ်။

သူတို့နှစ်ယောက်ကိုကြည့်ပြီးကဲ့ရဲ့နေကြတဲ့မိန်ကလေးနှစ်ယောက်ထိုင်နေတဲ့ဝိုင်ကိုတော့သူတို့ကသတိမထားမိကြပေ။

''ဟယ်...ကြည့်စမ်းပါဦး...ချောတော့ချောကြပါတယ်...နှမျောစရာကအချောက်ကြီးတွေဖြစ်နေတာပဲ....´´

''ဟုတ်ပါ့ဟယ်...ယောကျာ်းလေားချင်းကြီးကိုရွံစရာကြီးပါဟယ်...သူတို့မို့...´´

''အေ့လေ...ဘဟ်တော့အေကိုက်မလဲမသိဘူး...အဲ့ဒီအချောက်တွရဲ့မိဘတွေကတော့်ရင်ကျိုးမှာပဲဟယ်...အဟွင့်...ဟွင့်....´´

''ဟုတ်ပါ့...ခစ်...ခစ်...´´
ကြားနေရတဲ့စကားတွေကြောင့်ချင်းစုတော်တော်စိတ်တိုသွားတယ်...သူတို့ဝိုင်နဲ့ကပ်နေတာကိုကအကုသိုလ်များတာပဲ...သူမစိတ်မထိန်းနိုင်တော့ပဲ.....

''နင်တို့ဘာစကားပြောတာလဲ...ရုပ်လေးတွေကချောချောလေးတွေနဲ့တော်တော်အဆင့်မရှိတာပဲ...နင်တို့လိုနှာဗူးမတွေတွေးနေတဲ့နေထိုင်မှုပုံစံလိုမျိုးအချစ်နဲ့အစ်ကိုကရိပေါ်နဲ့ပတ်သတ်တာမဟုတ်ဘူးဟဲ့...´´

''နင်ကဘာနာတာလဲ...နင်နဲ့ဘာဆိုင်လို့လဲ...´´

''ဟုတ်ပါ့...´´

''ငါနဲ့ဆိုင်တယ်ဟဲ့...ငါ့အစ်ကိုအကြောင်းပြောနေတာငါနဲ့မဆိုင်ပဲနေမလား...အစ်ကိုနဲ့ရိပေါ်တို့ရဲ့အချစ်ကသန့်ရှင်းတယ်...နင်တို့လိုနှာတွေးပဲတွေးနေတဲ့ဟာတွေကမှရွံစရာကောင်းတာ။တစ်ယောက်နဲ့တစ်ယောက်ခန္ဓာကိုယ်နဲ့ပတ်သတ်ပြီးမှဖြစ်ပေါ်လာတဲ့နေထိုင်မှုနဲ့လက်ထပ်ခြင်းမျိုးနဲ့ပတ်သတ်တာမဟုတ်ဘူးဟဲ့...ရလိုမှုတွေအလိုရမ္မက်တွေနဲ့တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတာမဟုတ်ဘူး...ပိုင်ဆိုင်ခွင့်မရှိတဲ့ဘဝနှစ်ခုပေမဲ့တစ်ယောက်ရဲ့လိုအပ်ချက်တွေပျော်ရွှင်ခြင်းတွေကိုတစ်ယောက်ကဖြည့်ဆည်းပေးပြီးတော့ကိုယ်ချစ်တဲ့သူစိတ်ချမ်းသာနေတာကိုပဲလိုချင်တဲ့...တစ်ယောက်ကိုတစ်ယောက်ကကာကွယ်ပေးပြီး..ဖြူစင်သန့်ရှင်းတဲ့အချစ်မျိုးနဲ့ချစ်တာ..သေသေချာချာမသိပဲသူများအကြောင်းကိုမဝေဖန်မိစေနဲ့...မယုံမရှိနဲ့နော်...ထပ်ပြောရင်ပါးစပ်ထဲကသွားတွေအကုန်ကျွတ်ထွက်သွားအောင်ရိုက်ပေးမယ်...ငါ့ကိုပြောတာငါသည်းခံနိုင်တယ်....
အစ်ကို့ကိုလာမပြောနဲ့တစ်စဆီဖြစ်သွားမယ်...သူများမင်္ဂလာဆောင်လာပြီး..အတင်းလာပြောနေတယ်...နင်တို့လိုကိုယ်မရနိုင်တော့ဘူးဆိုတာသိတဲ့လူကိုမကောင်းလိုက်ပြောနေတဲ့သူတွေကမှရွံစရာကောင်းတာ...စိတ်ဓာတ်တွေကိုကအောက်တန်းကျတယ်...မကျေနပ်ရင်အချိန်မရွေးလာရှင်းမင်္ဂလာဆောင်ထဲမှာမို့စိတ်ထိန်းလိုက်တယ်မှတ်...တောက်!....´´
ဟိုနှစ်ယောက်ဘာစကားမှပြန်ပြောလို့မရအောင်ပိတ်ပြောပစ်ပြီးထွက်လာလိုက်တယ်...အစ်ကို့ကိုထိကြည့်ချင်းစုနဲ့တွေ့သွားမယ်....မင်္ဂလာဆောင်ပြီးတဲ့အထိစိတ်တိုတုန်းပဲ.....

၁ပတ်ခန့်ကြာသော်......
ရိပေါ်တစ်ယောက်ကောကိုအရမ်းသတိရတာနဲ့ဖုန်းခေါ်လိုက်၏။

''ဟယ်လို´´

''ကော...ခုတစ်လောချင်းစုနဲ့အသွားများနေတာကျွန်တော့်ကိုရောသတိရသေးရဲ့လား..´´

''မင်းသိပ်ပြီးတော့ကလေးမဆန်နဲ့...ချင်းစုကရန်ကုန်မှာသိပ်ပြီးတော့အသိကျွမ်းသိပ်ရှိတာမဟုတ်ဘူး..အဲ့တာကြောင့်သူသွားချင်တဲ့နေရာလေးတွေကိုငါကလိုက်ပို့ပေးတာ...´´

''သူကရော..နေ့တိုင်းပဲသွားနေတာပဲလား....ကောကျွန်တော့်အတွက်သူ့လောက်အချိန်ပေးလို့လား...´´

''မင်းကတော်တော်တစ်ကိုယ်ကောင်းဆန်တာပဲ....မင်းအလှည့်ကျတော့ခံစားတက်တယ်ပေါ့...မင်းတစ်ချိန်ကအေးစက်စိမ်းကာစွာဆက်ဆံခဲ့တုန်းကရော....သူခံစားနေရမှာပါလားလို့တွေးကြည့်ခဲ့ဘူးလား...´´

''ကျွန်တော်အရင်တုန်းကမှားခဲ့တာရှိရင်ရှိမယ်...ဒါပေမဲ့ကျွန်တော်နားမှာကောတစ်ယောက်ပဲရှိတာ....ဘယ်သူ့အတွက်ကြောင့်ဆိုတာမျိုးနဲ့ကောအပေါ်အေးစက်ခဲ့တာမျိုးမရှိဘူး...´´

''ငါကရောခုမင်းကိုသစ္စာဖောက်နေလို့လား...ချင်းစုကငါ့ညီမလေးလိုပဲ...သူ့အဖေနဲ့အမေကလည်းငါ့ကိုယုံကြည်တယ်...အဲ့တာကြောင့်စောင့်ရှောက်ပေးရမယ့်တာဝန်ငါ့မှာရှိတယ်...´´

''ကျွန်တော်ပြောတာကလည်းသူ့ကိုပစ်ထားလို့ပြောတာမဟုတ်ပါဘူး...ကျွန်တော့်ကိုလည်းအချိန်ပေးပါအုံးလို့ပြောချင်တာ..´´

''ငါမင်းနဲ့မတွေ့ဖြစ်တာရှိလို့လား...တွေ့နေရတာပဲ..´´

''လှမ်းမြင်နေရတာကိုပြောချင်တာလား....ကောနဲ့စကားသေသေချာချာမပြောရတာရန်လီမင်္ဂလာပွဲပြီးထဲကပဲ...သူကရောတောင်ကြီးကိုမပြန်သေးဘူးလား...´´

''အဲ့တာသူ့သဘောပဲ...သူရှိနေတဲ့အတော်အတွင်းသူအကူညီလိုသမျှကိုငါကူညီပေးမှာပဲ...အဲ့တာမှမင်းမကြိုက်ဘူးဆိုရင်လည်းမင်းကြိုက်သလိုဆုံဖြတ်လိုက်...´´

''ကော...ကျွန်တော်တို့ခုပြောနေတာကအဲ့လောက်မပြင်းထန်ဘူးနော်...ကောပြောတာဘယ်အဓိပ္ပယ်ထိရောက်သွားပြီးလဲဆိုတာကောသိလား...´´

''ငါပြောတဲ့စကားကိုငါသိတယ်...မင်းမှငါ့ကိုမယုံတာ...ငါ့မှာပြောစရာစကားမရှိတော့ဘူး...´´

''ကော..ကျွန်တော်ပြောတာမှားသွားရင်ကျွန်တော်ပဲတောင်းပန်ပါတယ်....ကျွန်တော့်ကိုစိတ်ပျက်တဲ့စကားတွေမပြောပါနဲ့...ထားခဲ့မယ်လို့လဲမတွေးပါနဲ့...ကျွန်တော်ကောရဲ့အဝေးမှာနေနိုင်ဖို့ဆိုတာလွယ်မှာမဟုတ်ဘူး...´´

''မင်းပြောလို့ပြီးပြီလား...မင်းငါ့ကိုပြောစရာရှိတယ်ဆိုတာဒါကိုလား...´´

''မဟုတ်ပါဘူး...ကျွန်တော်ညနေပဲခူးကိုအလုပ်ကိစ္စနဲ့သွားစရာရှိတယ်ဆိုတာကောကိုပြောချင်လို့...´´

''အင်...´´

''ကော...ဘာဖြစ်နေတာလဲ...စိတ်ဆိုးနေတုန်းပဲလား...ကျွန်တော်တောင်းပန်ပြီးပြီးလေ...´´

''အဲ့တာကြောင့်မဟုတ်ပါဘူး...ဒါပဲနော်..ငါလုပ်စရာတွေရှိသေးလို့...´´

ပြောပြီးဖုန်းချသွားတဲ့ကောကြောင့်သူ့ရင်ထဲဝမ်းနည်းသွားရပါတယ်...ရန်လီဆိုတဲ့ကောင်မလေးမင်္ဂလာဆောင်တုန်းကလည်းကောနဲ့ချင်းစုတစ်တွဲတွဲမို့တစ်ချို့ကဆိုကောနဲ့ချင်းစုကိုသတို့သားသတို့သမီးလို့တောင်ထင်ကြတယ်။ကောကနောက်တိုင်းဝတ်ဆုံအနက်ရောင်နဲ့ချောမောနေတာကိုး...ကျင်ရီနဲ့စစ်ကျွေးကတောင်ကောနဲ့ချင်းစုဆီကိုမျက်စပြစ်ပြစ်ပြနေတာအချိန်တိုင်လိုပဲ...ဟူး...ရင်မောရပါတယ်ကောရယ်....ကောဆီကသူ့ကိိုစိတ်ပျက်နေတဲ့အသံမျိုးနဲ့ပြောလာတာကိုသူအကြောက်ဆုံးပါ...ကျွန်တော်အချစ်တွေကိုကောခံစားသိရှိစေချင်ပါသည်။

×××××××

ရိပေါ်ရယ်ငါစိတ်မကောင်းပါဘူးကွာ...ချင်းစုကတကယ့်ကိုငါ့ညီမလေးလိုပါပဲ...သူလည်းငါ့ကိုအစ်ကိုတစ်ယောက်လိုပဲမှတ်ထားတာပါ။ငါ့နှလုံးသားကရိပေါ်ဆိုတဲ့မင်းကိုပေးပြီးသားမို့ဘယ်သူ့ကိုမှပေးဖို့မရှိတော့ပါဘူး....ငါသာဘယ်သူလဲဆိုတာမင်းသိသွားရင်မင်းပေးခဲ့တဲ့အချစ်တွေအတွက်မင်းနောင်တရနေ  လိမ့်မယ်...မင်းနဲ့ငါဆုံတွေ့ခြင်းကဒီနေ့နောက်ဆုံးပဲ.....မနက်ဖြန်ကျန့်လေးဆေးစစ်ရမယ့်နေပဲငါဂျပန်ကိုပြန်ရတော့မှာ...

ည၇နာရီလောက်ရောက်တော့ရှောင်ကျန့်တစ်ယောက်မှတ်တိုင်တစ်ခုရှေ့မှာထိုင်နေလိုက်တယ်...သူကားမယူလာပါ...ရိပေါ်ကျန့်လေးအပေါ်နောက်ဆုံးတင်ခဲ့တဲ့အကြွေးကိုပြန်ပေးဆပ်ခိုင်းမလို့သူအစီစဥ်ထဲကနောက်ဆုံးတစ်ခုပါ...သူဖုန်းထုတ်လိုက်ပြီးရိပေါ်ဆီဖုန်းခေါ်လိုက်တယ်ဆိုရင်ပဲမိုးကသည်းကြီးမဲကြီးရွာချလာတယ်....မိုးနတ်မင်းကသူ့ကိုပါရမီဖြည့်ပေးပါလား...တကယ့်ကိုအံကိုက်ပါပဲ...

''🎶🎶🎶....ဟယ်လို....ကလေးလား...´´

''ဟုတ်ကဲ့...ကော...ဘာလုပ်နေလဲဗျ´´

''ကောအရမ်းကြောက်တယ်...´´

''ဘာဖြစ်လို့လဲကော...´´

စိတ်ပူတဲ့အသံနဲ့မေးလာတဲ့ရိပေါ်ရဲ့အသံကြားတော့မှ....

''မိုးတွေအရမ်းရွာနေတယ်ကလေးရယ်...လူလဲပျက်တယ်.....ကောကားမယူလာတဲ့နေ့မှမိုးရွာတော့....ကောအရမ်းကြောက်တယ်....´´

''ကောအခုဘယ်နားမှာလဲ...´´

''ကောအခု    { ×××  }  နားကကားမှတ်တိုင်မှာမိုးခိုနေတယ်....´´

''ကျွန်တော်အခုလာခဲ့မယ်...ကောအဲ့ဒီနေရာမှာပဲစောင့်နေနော်...ဖုန်းဖွင့်ထားနော်...တစ်ခုခုဖြစ်တာနဲ့ချက်ချင်ဖုန်းဆက်...နော်ကော...´´

''ကလေးပဲခူးသွားမယ်ဆို...မသွားဖြစ်ဘူးလား...´´

''အဲ့တာတွေနောက်မှပြောမယ်...ကျွန်တော်အခုလာခဲ့မယ်...´´

''အင်..´´
ကောဆီကပြန်ဖြေသံကိုနားထောင်ပြီးတာနဲ့ဖုန်းချပြီးကားကိုချက်ချင်ပြန်ကွေ့လိုက်တယ်ဆိုရင်ပဲ..စစ်ကျွေး
''ရိပေါ်ဘာဖြစ်လို့ကားပြန်ကွေ့တာလဲပဲခူးရဲ့လမ်းတစ်ဝက်တောင်ရောက်နေပြီးကို...´´

''ကောအခုတစ်ယောက်ထဲ...မိုးတွေကလည်းရွာနေတာတစ်ခုခုဖြစ်သွားလိမ့်မယ်....ငါသွားကြိုမလို့..´´

''သူ့ဟာသူပြန်မှာပေါ့ကွာ....ကလေးမှမဟုတ်တော့တယ်...ငါတို့လမ်းတစ်ဝက်တောင်ရောက်နေပြီးကို....´´

''စကားကိုအလွယ်မပြောနဲ့...ကောတစ်ခုခုသာဖြစ်သွားရင်ငါ့ကိုယ်ငါခွင့်လွှတ်မှာမဟုတ်ဘူး...တစ်ဝက်မကလိုရောက်ခါနီးဆိုရင်တောင်ငါကောဆီအရောက်ပြန်သွားရမှာပဲ´´

စစ်ကျွေးကိုပြန်ပြောပြီးတာနဲ့ကားကိုသာဂရုတစိုက်မောင်းနေလိုက်တယ်....ကောအရမ်းကြောက်နေမလား...

~~~~

သူကောပြောတဲ့မှတ်တိုင်ရောက်တော့မှတ်တိုင်မှာဘယ်သူမှရှိမနေပါ။သူကောကိုစိတ်ပူသွားတယ်...အဲ့အချိန်ကောဆီကဖုန်းလာလို့သူကိုင်လိုက်ပြီး...

''ကောအခုဘယ်မှာလဲကျွန်တော်တော်တော်စိတ်ပူနေပြီး...´´

''sorryရိပေါ်မင်းသာကျန့်လေးကိုအဲ့လိုစိတ်ပူပေးခဲ့ရင်ငါမင်းကိုကျေးဇူးတင်မိမှာပဲ....´´

''ကောဘာတွေပြောနေတာလဲ...´´

''ရီစရာပြောပြရမလား...မင်းတစ်လျှောက်လုံးချစ်တယ်ပြောပြီးဂရုစိုက်နေတဲ့သူကမင်းကိုနာကျင်စေချင်တဲ့ရည်ရွယ်ချက်နဲ့မင်းအနားလာခဲ့တဲ့ကျန့်လေးရဲ့အစ်ကိုရှောင်ကျန့်ဆိုတဲ့ငါပဲ...´´

''ကော...´´

ရိပေါ်ရဲ့အလန့်တကြားအသံကိုရှောင်ကျန့်ကကြားလိုက်ရတယ်ဆိုရင်ပဲအံကိုတင်းတင်းကျိတ်ကာအစီစဥ်တိုင်းဆက်ပြောလိုက်တယ်

''ကျန့်လေးတုန်းကဘယ်လောက်ကြောက်နေမလဲဆိုတာမင်းတွေးကြည့်လိုက်...မင်းမှတ်ထားအရာရာတိုင်းမှာတန်ရာတန်ကြေးပြန်ပေးရတယ်ဆိုတာ.....မင်းနဲ့ငါရဲ့ဂိမ်းကပြီးပြီး...ငါတို့ထပ်ပြီးတော့ပတ်သတ်ဖို့မရှိတော့ဘူး....´´

''ကော...ကော....တူ...တူ..´´

ပြန်ဖြေသူမဲ့နေတဲ့ဖုန်းလေးကကျသွားတယ်..သူပြန်ခေါ်ပေမဲ့ဖုန်းကစိတ်ပိတ်ထားတယ်တဲ့..ကောရယ်..နောက်ဆုံးတော့ကျွန်တော့်ကိုထားခဲ့ပြီးလားဗျာ...ကောရှောင်ကျန့်ဆိုတာကျွန်တော်လွန်ခဲ့တဲ့၃ရက်လောက်ထဲကသိနေခဲ့တာပါဗျာ...ရိပေါ်ကျန်းချန်အကြောင်းကိုစုံစမ်းခိုင်းထားပေမဲ့အမှတ်မထင်အဖွားဆီကရလိုက်တဲ့သဲလွန်းစလေးကြောင့်အစ်ကိုကျန်းချန်နားမှာရှိနေတဲ့သူကအစ်ကိုကျန့်လေးဆိုတာကိုသူသိခဲ့ရတာပါ...
ချစ်ရသူကသူ့ကိုအဆိပ်သောက်ခိုင်းပြီးသေခိုင်းရင်တောင်သူသေပြရဲပါတယ်....ချစ်ရသူလေးစိတ်ကျေနပ်ပျော်ရွှင်ဖို့ပဲမျော်လင့်မိတာပါ....ကောထားသွားတဲ့နေ့ကိုရင်မဆိုင်ရဲလို့မသိချင်ယောင်ဆောင်ပြီးနေခဲ့တာပါ....ခုတော့သူ့ကိုထားသွားတော့မယ်တဲ့လား...သူအစ်ကိုကျန့်လေးကိုအားနားပေမဲ့မတက်နိုင်ပါ..သူကောကိုလက်မလွှတ်နိုင်ပေ။တောင်းပန်ပါတယ်ကော...ကျွန်တော်ဆီပြန်လာပေးပါ...မျက်ရည်များနဲ့ရေရွတ်မိနေပေမဲ့သနားသူကင်းမဲ့နေလေရဲ့သူ့နားမှာစစ်ကျွေးကတော့ဘာဖြစ်မှန်းမသိပေမယ့်သူ့မျက်ရည်တွေကြောင့်စိတ်မကောင်းစွာကြည့်ပြီးသူ့ကျောကိုနှစ်သိမ့်သလိုလေးပုတ်ပေးလာတယ်....သူ့ရင်ထဲကနှလုံးသားကတော့အစိမ်းလိုက်ဆွဲယူထုတ်လိုက်သလိုနာကျင်နေပြီးဘာမှမရိတော့သလိုခံစားလိုက်ရတယ်....မိုးရွာထဲမှာအကြာကြီးရပ်နေတဲ့သူ့ကိုစစ်ကျွေးကကားမှတ်တိုင်းအမိုးအောက်ကိုဆွဲခေါ်သွားတဲ့အတိုင်းသူပါသွားတယ်အဲ့အချိန်ဖုန်းဝင်လာလို့ထုတ်ကြည့်မိတော့ဖိုးလေးဆီကဖုန်းဖြစ်ပြီးကျသွားပြီး...သူမသိလိုက်ပါလား....စာဝင်လာတာတွေ့တော့စာအိတ်ဖွင့်ဖတ်ကြည့်တော့...

''ရိပေါ်....မင်းအဖွားအသည်းသန်ဖြစ်နေတယ်.....မနက်ဖြန်ချက်ချင်းပေကျင်းကိုအမြန်လာခဲ့...´´
ရေးထားတာကတိုတိုလေးပေမဲ့သူရင်ပူသွားတယ်...နောက်မှပဲကောကိုပြန်ရှင်းပြတော့မယ်သူဖွားဖွားဆီအမြန်သွားမှရမယ်...
တစ်ဖတ်တွင်လည်း....

တောင်းပန်ပါတယ်ကလေးရယ်..ကောမင်းကိုသိပ်ချစ်ပါတယ်...ဒါပေမဲ့ဒီလိုလုပ်မှရမှာမို့ပါ...ကောကိုခွင့်မလွှတ်ပါနဲ့ကွာ...သူစဥ်းစားနေတုန်းဖုန်းဝင်လာလို့ထုတ်ကြည့်လိုက်တော့ချင်းစုဆီကပဲ....

''ညီမလေးပြော....´´

''........´´

''ဘာ!...အဲ့လိုမလုပ်နဲ့...´´

''........´´

''အစ်ကိုပြောတာနားထောင်.....´´

သူနည်းနည်းကြာကြာစဥ်းစားပြီးမှဆုံဖြတ်လိုက်တယ်

''အစ်ကို့မှာနည်းလမ်းရှိတယ်....´´

~~~~၃လကြာသော....

ရိပေါ်အဖွားအခြေနေကနည်းနည်းစိတ်ချရပြီးမို့ကောအကြောင်းမေးရန်စစ်ကျွေးဆီဖုန်းဆတ်လိုက်တယ်....

''🎶🎶🎶...ဟယ်လို...စစ်ကျွေး...ကော..သတင်းရလား...´´

''.......´´

''ဘာ!..ကောချင်းစုနဲ့လက်ထပ်လိုက်ပြီးဟုတ်လား...မဖြစ်နိုင်တာ...´´

အမှားပါရင်လည်းပြင်ပြီးဖတ်ပေးပါနော်😊😊😊


You are reading the story above: TeenFic.Net

#yizhan