♥️ 22

Background color
Font
Font size
Line height

.
ကိုယ်၀န် ရက်ချိန်းလည်းရောက်...
သောက်ဖို့ဆေးတွေလည်း ကုန်နေခဲ့ပြီ...။
.
Ruby ...Doctor ဆီ ထပ်သွားဖို့လိုနေပြီမို့...
မနက်အစောကြီး...ပြင်ဆင်လိုက်သည်။...
.
ခုရက်ပိုင်း Kim Kai လည်း အိမ်မကပ်တာ...
Anniversary နေ့ ပြီးကတည်းက ဆိုပါတော့...
ညနက်မှ ပြန်ရောက်လာပြီး...Ruby နာမည်ကို အော်ကြီး ဟစ်ကျယ် ခေါ်နေကျပင်။..
Ruby ကတော့ ဂရုမစိုက်သလို...
အပေါ်ထပ်ကနေလည်း...
ဆင်းမလာခဲ့....။
အမြင်ကပ်လွန်းသည်။...
.
.
နေ့ခင်း (10) နာရီလောက်မှာတော့...
Ruby ကိုယ်၀န်အပ်ထား Doctor ရဲ့ ဆေးခန်းသို့...
ရောက်လာခဲ့သည်။...
.
"Unnie..ထိုင်ပါရှင့်"

Nurse မလေးက...ဖော်ရွေစွာကြိုဆိုသည်။
.
"Booking Number လေးပါ..."

Number ကဒ်ခေးတစ်ခု Ruby ကိုကမ်းပေးလာတော့...
Ruby လည်း လှမ်းယူကာ..ပြုံးပြလိုက်သည်။
.
"Unnie ကို တွေ့ဖူးသလိုဘဲ"

"ဟုတ်လား ဘယ်မှာတွေ့ဖူးတာလဲ..."

"မင်္ဂလာဆောင် တစ်ခုမှ အို့!..မှတ်မိပြီ..Kai Oppa ရဲ့ သတို့သမီးမလား...ခုတော့ အမျိုးသမီးပေါ့နော်..."

"......."

ကြားရရုံ နားထဲကို သံရည်ပူလောင်းချတာထက် ဆိုးနေသည်။...
မလွဲသာလို့...ပြုံးပြရုံသာ ခေါင်းမညိတ်သလို ခေါင်းလည်းမခါခဲ့...။
..
"Kai Oppa မပါဘူးလားဟင်!...ကလေးရတော့မယ်ဆိုတော့ သွေးကြီးနေတာ..."

"သူ့ အလုပ်မအားလို့ပါ..."

"ဘာဖြစ်ဖြစ် ဒါက ပိုအရေးကြီးတယ်မလား Unnie..."

"Unnie တစ်ယောက်တည်းလာလည်း အဆင်ပြေတာဘဲ...သူ မလိုအပ်ဘူး...ညီမ..."

လေသံ နဲနဲ မာသွားတာမို့...ကောင်မလေးခမျာ...
ပြုံးနေရာမှ မျက်နှာ အနေအထား ပျက်သွားပြီး..
.
"Sorry နော် Unnie..ညီမလေးက ဒီတိုင်း အစ်ကို့ အတွက် ၀မ်းသာ သွားလို့ပါ အထင်မလွဲပါနဲ့...ညီမလေးနဲ့..Kai Oppa က အရင်းနှီးဆုံး မိတ်ဆွေတွေလောက်ပါဘဲ..."

Ruby ဘက်က ဘာမှ မမေးပေမယ့်...
သူမ ဘက်က တစ်ခွန်းမကျန်ပြောပြနေတဲ့ Nurse မလေးကို စိတ်ပျက်မိသွားသည်။..
.
စပ်စုတတ်သလို...စကားအလွန်ပေါ တဲ့ မိန်းကလေးဖြစ်နေလို့လေ...။
.
.
ကိုယ်၀န်က (၂)လ အတွင်းသာ ရှိနေသေးတာမို့. အရမ်းကြီး စိတ်မပူဖို့...Doctor က Ruby ကို အမှာစကားတွေပြောနေသည်။ ...
.
နောက်ထပ်လိုအပ်တဲ့ ဆေးတွေကို ယူပြီး...
Ruby ဆေးခန်းထဲကနေ ပြန်ထွက်လာလိုက်သည်။...

တဖြည်းဖြည်းနဲ့ ဝိတ်တက်လာတော့...
ခန္ဓာကိုယ်က အရင်ကထက်..လေးလံလာသည်။...

..
Kim Kai နဲ့လက်ထပ်ပြီးကတည်းက Ruby ကိုယ်တိုင်သာ ကားမောင်းခဲ့သည်။...
ဘယ်သူကိုမှ အားမကိုးချင်တော့ပါ...။
.
Car ကို Appa Company ဘက်မောင်းလာလိုက်သည်။...
.
Company ရှေ့မှာ လုံခြုံရေးနှင့် စကား အခြေအတင်ဖြစ်နေတဲ့ အမျိုးသမီးတစ်ဦး...။
.
"ဘာဖြစ်ကြတာလဲ..."

"မမလေး ခင်ဗျ...ဒီအမျိုးသမီး သူဌေးနဲ့ တွေ့ဖို့ ပြောနေတာ..."

"ကျွန်မ ခေါ်သွားလိုက်မယ်...လာ Aunty ကားပေါ်တက်..."

ထိုအမျိုးသမီးကြီးကိုတော့...Ruby မသိ...
မျက်မှန်းတမ်းမိသလောက်တော့...
Company ရှေ့မှာ မကြာခန တွေ့နေရသည်။..
အကျိုးအကြောင်း သိရအောင်...
Ruby တမင် ခေါ်လိုက်ခြင်း....။
.
ကားထဲကို ၀င်ထိုင်ပြီးသည်နှင့်...
အမျိုးသမီးကြီးက သူမကို စေ့စေ့ကြည့်ပြီး
.
"မင်းက...Kim Yoongi ရဲ့ သမီးမလား"

"ရှင်!...Kim Yoongi...ကျွန်မ မသိဘူး Aunty..."

ထိုအမျိုးသမီးကြီးက Ruby ငြင်းလိုက်တာ စကားကို ခေါင်းညိတ်ကာ ပြုံးပြီး...
အပြင်ဘက်ကိုသာ...ငေးကြည့်နေခဲ့သည်။..
ခနအကြာမှာတော့...
.
"မင်းအချိန်ရလား...တနေရာရာ သွားပြီး စကားပြောရအောင်..."

"ဟုတ်ကဲ့ ...ကျွန်မ အချိန်ရပါတယ်..."

"အေးအေးဆေးဆေး ရှိမယ့်နေရာကို ရွေးချယ်လိုက်ပါ..."

Ruby ခေါင်းညိတ်ပြပြီး...Company ရှေ့ကနေ ကားကို မောင်းထွက်လာလိုက်သည်။
.
.............................................................
စပျစ်ခြံရှေ့မှာ...ခေါက်တုန့် ခေါက်ပြန်မောင်းနေတဲ့ ကားတစ်စီး...
.
"အခြေနေ ဘယ်လိုလဲ Zarin..."

"ဘာမှမထူးခြားဘူး အစ်ကို Moone.."

"ဒီတိုင်းဆိုတော့...မလွယ်ဘူး ထင်တယ် တစ်နည်းနည်းကြံမှ...

"ဒီလိုလုပ်ပါလား...ခြံစောင့် လူကြီးကို လာဘ်ထိုးပြီး...စလိုက်ကြရင် မကောင်းဘူးလား..."

"အသေချာတော့ မပြောတတ်ပေးမယ့် စမ်းကြည့်ကြတာပေါ့...ကဲ ကားရပ်လိုက်...ငါတို့ သွားပြီး စကားနှိုက်ကြည့်မယ်...အရင်ဆုံး လာဘ်သွားထိုးလို့ကတော့...ငါတို့ကို တစ်မျိုးထင်လိမ့်မယ်..."

"Nae...အစ်ကို Moone..."

ကားကို လမ်းရဲ့ထောင့် တစ်နေရာမှာ ရပ်ထားလိုက်ပြီး...
နှစ်ယောက်သား...ကားပေါ်ဆင်းကာ...စပျစ်ခြံနားသို့ ချဥ်းကပ်လိုက်သည်။
.
"တင်းတောင်🔔...Ting toung.🔔."

"ဘယ်သူ နဲ့တွေ့ချင်လဲ ခင်ဗျ..."
.
"ဟို...ဒီ..ဒီ ခြံမှာ...လူသစ်တွေ ရောက်လာလားဗျ. "

"ဘာကို မေးတာလဲ"

"လွန်ခဲ့တဲ့ ရက်ပိုင်းတွေမှာလေ ဒီခြံထဲမှာ လူသစ်တွေ ရောက်လာလားလို့..."

"မရောက်လာပါဘူး...ဘာလုပ်ဖို့ မေးတာလဲ. ."

"သိချင်ရုံလေးပါဗျာ...ကူညီပါဗျာ..ခြံထဲမှာ အရပ်မြင့်မြင့် အသားဖြူဖြူ ...ခပ်ချောချောနဲ့ လူတစ်ယောက် ရောက်လာတယ်မလား"

"အင်...ဟုတ်တယ် ဒါမယ့် တစ်ယောက်မကဘူး...ဒီခြံထဲမှာရှိတဲ့ သူတွေ အားလုံးက အရပ်မြင့်မြင့် အသား ဖြူဖြူ ချောချောတွေဘဲလေ...ဘယ်တစ်ယောက်ကို ပြောတာလဲ. ."
.
တိုင်ပတ်ရပါပြီလေ...။
လွယ်ကူလေမလား ဆိုပြီးမေးမိတာ...ပိုဆိုသွားတယ်..။
.
"ဟိုလေဗျာ...အဲ့...သူ...သူဘဲ
.
Zarin က ကိုယ်ဟန်မူယာနဲ့ ပြောပြနေရင်း ခြံဘက်ကို အကြည့်ရောက်သွားသည်။
ကင်မရာ တစ်လုံးနဲ့...ဓါတ်ပုံတွေ လိုက်ရိုက်နေတဲ့...Lice ကို တွေ့လိုက်တော့...
ခြံစောင့် လူကြီးကို လက်ညိုးထိုးပြလိုက်သည်။..
.
"အော် သူက အစ်ကို Lice ဒီခြံ သူဌေးကြီးရဲ့တူ..."

"ဗျာ..!! ..ဟုတ်...ဟုတ်လို့လားဗျာ...သူ ...သူက...

"ခင်ဗျားတို့ကို ဘယ်လိုပြောမှရမလဲဗျာ...ကျွန်တော် သူဌေးရဲ့တူမို့...သူဌေးတူလို့ ပြောတာလေ...ဘာတွေ လာမေးနေလဲ...သွားတော့..."

စိတ်မရှည်သလို ခြံစောင့်ရဲ့အပြုအမူက သူတို့နှစ်ယောက်အပေါ် စိတ်မကြည်....

.
အခြေနေကောင်းကို ရောက်ဖို့...Moone က Zarin ပုခုံးကို လှမ်းပုတ်လိုက်တော့...
.
"တောင်းပန်ပါတယ် အစ်ကို...ကျွန်တော် မသိလို့ မေးမိတာပါ..."

"ဒီလိုပါ အစ်ကိုရယ် ...ကျွန်တော်တို့ သူဌေးရဲ့သားက အရိုက်ခံရပြီး ပျောက်သွားလို့ ..လိုက်ရှာနေတာပါ...ဒီခြံထဲက...ခုနက လူနဲ့ အရမ်းတူလို့ ...😪"

မျက်နှာငယ်လေးနဲ့ အသံနိမ့်က သရုပ်ဆောင်ခိုက်တဲ့ Moone...။
.
"ဟာ!...ဒါဆိုရင်...

"ဟုတ်ကဲ့...ကူညီပါ အစ်ကိုရယ် ...ကျွန်တော်တို့ သူဌေးလည်း သူ့သားကို စိတ်ပူနေလို့ပါ 😔"

"ကိုယ်ချင်းစာတဲ့ အနေနဲ့ ပြောပြလိုက်မယ်...အစ်ကို Lice က အတိတ်မေ့နေတာ ...ဘာကြောင့်လည်းတော့ ငါ အကုန်မသိဘူး...မင်းတို့ ဘဲသိမှာပေါ့..."

"ဗျာ!!"..အတိတ်မေ့နေတာ ဟုတ်လား...သေချာတယ် သူက ကျွန်တော်တို့ သူဌေးရဲ့သားဘဲ ဖြစ်ရမယ်...ကျေးဇူးပါဗျာ...ရော့ 💵..ဒါက အစ်ကို့အတွက် ကျွန်တော်တို့ကို ပြောပြလို့ အစ်ကို့ကို လက်ဆောင်ပေးတာ..."

"ဟာ! ပိုက်ဆံတွေ အများကြီး ..မလိုပါဘူးကွာ ပြန်ယူသွား..."

"ယူပါ အစ်ကိုရယ် ..နောက်လည်း ကျွန်တော်တို့ကို ထပ်ကူညီပေးရင် ရပါပြီ..."

"အေအေ...ကူညီမယ်..."

"ကျွန်တော်တို့ ပြန်အုံးမယ်ဗျ နောက်နေ့မှ ထပ်လာခဲ့မယ်..."

"ကောင်းကောင်းပြန်ကြ ညီလေးတို့..."

လက်ပြကာ ထွက်သွားတဲ့ လူနှစ်ယောက်ကို ခြံစောင့်လူကြီးက ကောင်းမွန်စွာ နှုတ်ဆက်လို့ရယ်...။
.
ငွေ..
.
ငွေဆိုတာ...သိပ်တန်ခိုးကြီးတယ်ဗျ..."

အရာရာတိုင်းကို ငွေနဲ့ ခိုင်းစေနိုင်သလို...
ပါးစပ်များစွာကိုလည်း...
တိတ်ဆိတ်သွားအောင်...
ငွေနဲ့ ပိတ်ပစ်လို့ရသည်။..
.
ငွေ ဆိုတာ တကယ့်ကို ဒုတိယ ဘုရားသခင်ဆိုတာ...မှန်လိုက်လေခြင်း။....
.
.
At in the Car....
.
"အစ်ကို Moone တော်လိုက်တာဗျာ..."

"ထောင်မြင်ရင် ရာစွန့်ရတယ်လေ...ဒီလိုဘဲ လုပ်ရတယ် Zarin...ဟိုကောင် အတိတ်မေ့နေလို့ ငါတို့ ကံကောင်းတယ် မှတ်ရမယ်...နို့မို့ဆိုရင်..ငါတို့ကိုမှတ်မိနေမှာ..သူ့ခေါင်းကို ရိုက်တာ ငါတို့ဆိုတာ သိသွားရင် မလွယ်ဘူးကွ..."

"ဟုတ်တယ်နော်...အစ်ကို ..."

"ကဲ...ပြန်နားကြတာပေါ့...ပြီးမှ ဆက်စဥ်းစားကြမယ်..."

"Nae...

ဆရာတပည့်နှစ်ယောက်သား...တည်းခိုနေတဲ့ ဟိုတယ် ရှိရာကို ကားမောင်းထွက်သွားသည်ထိ...ခြံစောင့်လူကြီး ရပ်ကြည့်နေခဲ့သည်။...
.
💭ငါတော့. . အဆင်ပြေသွားပြီ ဖဲသွားရိုက်ရတော့မယ် ဒီညတော့🙂💭...
.
" ဦးလေးကြီး...တစ်ယောက်တည်း ပြုံးစိစိနဲ့ ၀မ်းသာ စရာရှိလို့လာဗျ..."

အတွေးတွေနဲ့ ကျေနပ်နေခိုက် အနားကို ရောက်လာတဲ့ ကျေးဇူးရှင်ကြီး...
Lice...
.
"နည်းနည်းပါးပါး ဆိုပါတော့..."

"ထပ်တူ ပျော်တယ် ဦးလေးရေ..."

"ဒါနဲ့ အစ်ကို Lice အတိတ်ကို ပြန်သတိရချင်လား.."

"ဘယ်လိုမေးလိုက်တာလဲဗျာ...သိပ် သတိရချင်တာပေါ့...ကျွန်တော် အရင်က ဘာတွေလုပ်ခဲ့လဲ...ဘယ်သူတွေနဲ့ ရှိခဲ့လဲ...ဘာကြောင့် ဒီလိုတွေ ဖြစ်နေရလဲ ဆိုတာ သိပ်သိချင်တာ...ဒါမှ ကျွန်တော်ကို အသက်ကယ်ပြီး ဂရုစိုက်ပေးတဲ့
ဦးလေး Kim လည်း ၀န်ပေါ့သွားမှာ..."

"မကြာခင် သိရမှာပါဗျာ...ကျွန်တော် ပြောရဲတယ်...အစ်ကို သိပ်မကြာခင် အချိန်အတွင်းမှာ အတိတ်ကိုပြန်သတိရဖို့ ကူညီပေးမယ့် လူတွေ ပေါ်လာပါလိမ့်မယ်ဗျာ..."

"ကျွန်တော်လည်း...အတိတ်ပြန်သတိရအောင် ကြိုးစားနေတာဘဲ ဦးလေးရာ...အရမ်းလည်း သိချင်ပြီ.. "

"ဟုတ်ပါပြီ...စောင့်ကြည့်ပါအုံး...ဦးလေးလည်း တတ်နိုင်တာရှိရင် ကူညီမှာပါ...

"ကျေးဇူးပါ ...ဦးလေး..အနားယူတော့လေ...
ကျွန်တော်လည်း ပျင်းနေတာနဲ့ ခြံထဲ လိုက်ပတ်ကြည့်ရင်း...ဓါတ်ဖမ်းထားတာ ..သွားပြီဗျာ...
.
"ဂရုစိုက်ပါ..."

ခေါင်းသာညိတ်ပြလိုက်ပြီး...
အာရုံတွေကိုတော့...ကင်မရာဆီကိုသာ ပြန်ပို့ထားရင်း...
ညနေခင်းရဲ့ သဘာ၀ရှုခင်းလေးတွေကို ဆွေးဆွေးမြေ့မြေ့...
ခံစားလိုက်သည်။...
.
...........................................................
.
6 o'clock in the evening ...
.
"အဟမ်း!!...ပြန်လာပြီလား အစ်မတော်..."

အိမ်ထဲ၀င်လိုက်သည်နှင့်...ဧည့်ခန်းမှာ မမြင်ချင်တဲ့ မျက်နှာပိုင်ရှင်ဆီက...အသံ...

"အင်..."

"သိပ်ပျော်နေလား...ငါ့ကို လှည်းကျိုးထမ်းခိုင်းတာ"

"ဘာတွေ လာပြောနေလဲ...Kim Kai နင်မူးနေရင် အေးဆေး သွားအိပ် ငါ့ကို လာမရစ်နဲ့.."

"အဟက်! ...လာ မရစ်နဲ့ ဟုတ်လား...ငါ ရစ်နေတာ မဟုတ်ဘူးကွ...မင်း လုပ်ရပ်ကို မင်းသိလား...မင်း ကိုယ်၀န်ရှိနေတာ ငါ ဘာလို့ မသိရတာလဲ ပြီးတော့...မင်းနဲ့ လက်ထပ်ပြီးကတည်းက အခန်းခွဲအိပ်တာ...မင်းကိုငါ ခုချိန်ထိ လက်ဖျားနဲ့တောင် မထိရသေးဘဲ...မင်းက ကိုယ်၀န် ရှိနေပြီးတဲ့လား...ပြောစမ်း အဲ့ ကိုယ်၀န် ဘယ်သူနဲ့ရလဲ...ဘယ် အကုသိုလ်ကောင်နဲ့လဲ Ruby Manoban..."

မူးရူးပြီး အာလေးလျှာလေးနဲ့ ပြောနေတဲ့...Kim Kai ကို Ruby လက်ပိုက်ကြည့်ရင်း..

"နင် သိရဲ့သားနဲ့ မေးတာလား...မသိလို့ မေးတာလား...ငါ ဖြေစရာမလိုအပ်လောက်အောင်...အဖြေက ရှင်းနေတာဘဲလေ..."

"အဲ့ကလေးက ဟို့ကောင် ကလေးပေါ့...ဖျက်ချလိုက် ..ငါလက်မခံနိုင်ဘူး.."

"ဘာပြောလဲ ဖျက်ချလိုက် ဟုတ်လား...နင် ဆုတောင်းနေလိုက်လေ...နင်ပြောသလို လုပ်ရအောင် ငါက အရုပ်မဟုတ်ဘူး..."

"ငါလည်း လှည်းကျိုးမထမ်းနိုင်ဘူး...ငါ့ကို အစားထိုးဖို့ သုံးလို့ရမယ်မထင်နဲ့"

"ငါလည်း မထမ်းခိုင်းပါဘူး နင်ဘာနင် နွားအဖြစ် ၀င်လာတာလေ...ငါပြောမယ် ငါ့သွေးသားနဲ့ဖြစ်တည်လာတဲ့ ငါ့ ကလေးမို့ မဖျက်ချနိုင်ဘူး...လုံး၀ မွေးမှာ..."

"မမွေးရဘူး...လုံး၀မမွေးရဘူး...မင်း ဖျက်ကို ဖျက်ချရမယ် Ruby....ဒါ ငါ့အမိန့်...."

"ငါက နင်အမိန့်ကို နာခံမယ်ထင်လား..နင်ကြိုက်သလိုလုပ်...အေး ...ငါ ကလေးကို လာထိလို့ကတော့...တသက်လုံး စိတ်ချမ်းသာရမယ်မထင်နဲ့..."

"အခုလည်း ငါ စိတ်ချမ်းရတာမှမဟုတ်တာ..."

"ဘယ်သူရွေးချယ်လဲ ဒီလမ်း နင် ရွေးချယ်တာလေ...စကား ဆက်မပြောချင်ဘူး..."
.
Ruby ဧည့်ခန်းကနေ အမြန်ထွက်ခွာလိုက်သည်။..

အမူးသမားနဲ့ အဖက်တကင်း မလုပ်ချင်သလို တနေကုန် ပင်ပန်းနေပြီမို့...အနားယူချင်တာအမှန်...အပေါ်ထပ်ကို ခပ်သွက်သွက် လှမ်းတက်လိုက်သည်။
.
"အဲ့ ကလေးက...ငါ့ကလေးဖြစ်ရင် ငါအရမ်း ပျော်မိမှာ Ruby ya!...မရဘူး ငါ လက်မခံဘူး...လုံး၀ မမွေးရဘူး..."

ဆိုဖာပေါ်မှာ...မှောက်အိပ်နေရင်း...

ပါးစပ်ကနေ ခရာရေလွှတ် ပြောနေသည့်. .Kai ကတော့...Ruby ကို အလျော့ပေးမလား...
သူ ဖြစ်ချင်တာကိုဘဲ ရအောင်လုပ်မလားတော့...
သူကလွဲရင် သိမည့်သူ မရှိ...။
.
.
နေ့လည်က...
Mrs Parachali Manoban ...ဆီက ကြားလာခဲ့ စကားလုံးတွေက...
Ruby ရဲ့ အတွေးထဲမှာ နစ်မြုပ်နေခဲ့သည်။
.
Appa က...မောင့် ဖေဖေကို သတ်ပြီး...
မောင့်မေမေ ကို အတင်း အဓ္ဓမလက်ထပ်ခဲ့တယ်..။

Manoban မျိုးဆက်တွေရဲ့..
ပိုင်ဆိုင်မှုတွေက...
မောင် မမွေးခင်ကတည်းက မောင် နာမည်နဲ့ ကြိုလွဲထားသည်တဲ့...
မောင့် ဖေဖေက ကလေးအရမ်းလိုချင်တာ...
ပြီးတော့...မောင့်ကို ကိုယ်၀န် စရပြီး ဆိုတဲ့အချိန်ကစပြီး...သားလေး ဖြစ်နေတာ...သိသိချင်း...မောင့် ဖေဖေက...နာမည် ကြိုရွေးပြီး လွဲထားတာ ဆိုတဲ့အကြောင်းရယ်...
စာချုပ်အစစ်အမှန်...
သူမ လက်ထဲမှာ မောင် (18) နှစ်ပြည့်ရင် စာချုပ်မှာ လက်မှတ်ထိုးဖို့...
မောင့်ကို လာရှာနေကြောင်း...
အကုန်လုံး...သူမက ပြောပြခဲ့သည်။...
.
Appa လက်ထဲက စာချုပ်တွေ အတုအယောင်တွေသာ...။

ဒီလို သိရတော့လည်း ကျေနပ်မိသည်။..
.
Ruby နဲ့ Mrs Parachali Manoban နဲ့အတူ လက်တွဲထုတ်ဖော်မှ...
ဒီ ကိစ္စတွေ အကုန်ပြီးဆုံးမှာ သေချာသည်။...
.
.
ကိုယ် ဘယ်နေရာ ရောက်ရောက်...
.
ကိုယ် ဘယ်လိုအခြေနေ ဖြစ်ဖြစ်....
.
ကိုယ် ချစ်တဲ့မင်းကိုတော့...
.
ကိုယ့် ရင်ခုန်သံတွေ မရပ်သ၍...
.
လွမ်းဆွတ်နေမယ်....
.
.
............................................................
.
♥️♥️♥️♥️♥️
.
ဆက်ရန်>>>>





You are reading the story above: TeenFic.Net