အခန္း(၉)

Background color
Font
Font size
Line height

Zawgyi

အက်င့္
အက်င့္ဆိုတဲ့အရာကို ဘယ္လို ေဖာ္ျပရမလဲ။  အခ်ိန္သတ္မွတ္ထားျခင္း မရွိဘဲ လုပ္ေနက်ကိစၥ တစ္ခုကို အဲ့ဒီအခ်ိန္ေရာက္ရင္ မျဖစ္မေန လုပ္ေနခ်င္တာမ်ိဳးကို ေခၚသည္ဟု ထင္မိသည္။ ဖင္အက်င့္ ဝမ္းအက်င့္ ေတြ ရွိမည္ဟု ထင္သည္။

ပိုင္ရွင့္အတြက္ ဝမ္းအက်င့္ေတာ့ မရွိေပမယ့္ မနက္မိုးလင္း Latrineဝင္တတ္တဲ့ အက်င့္က ေဖ်ာက္မရခဲ့တာ ညီေတဇနဲ႔ ေတြ႕မွ ဒုကၡလွလွ ရင္ဝယ္မပိုက္ဘဲ ခါးေအာက္ပိုင္းတြင္ ပိုက္ကာ ထိုင္မရ ထမရ ရွံု႕တြေနရသည္။

"ညီ မၿပီးေသးဘူးလားကြာ"

"ငါေျပာသားပဲ ငါေရခ်ိဳးခန္းဝင္ရင္ ၾကာပါတယ္ဆို"

အထဲက အတည္ေပါက္အသံ ၾကားရေတာ့ ပိုင္ရွင္ တစ္ေယာက္ မရႈမလွ မ်က္ႏွာနဲ႔ အန္တီတို႔အခန္းဆီ ဦးတည္ခဲ့ရသည္။

"အန္တီ ေရခ်ိဳးခန္း အားလား မသိဘူး"

ကလီစာတို႔ကို ရႈံ႕ထားၿပီး ထြက္လာတဲ့ အသံေၾကာင့္ ထင္သည္။ အန္တီက အထာေပါက္သြားေသာ မ်က္ႏွာႏွင့္

"လာေလ သား အန္တီတို႔ဆီမွာ......"

အန္တီ့စကားမဆံုးခင္ ေရခ်ိဳးခန္းဆီ ညႊန္ျပေနေသာ လက္ညႇိဳးက ရုတ္ခ်ည္း ျပန္သိမ္းသြားသည္။

"သားသားတို႔အေဖ ဝင္ေနတယ္ ထင္တယ္ ။
သားသားတို႔အေဖက သားသားထက္ ပိုဆိုးတယ္"

"ဗ်ာ....."

ပိုင္ရွင့္မွာ ေပါင္ႏွစ္ေခ်ာင္းကို လိမ္က်စ္ထားရသည္။ အသက္ပင္ ျပင္းျပင္းမရွဴရဲ။ အားသံုးလိုက္ရင္ ကိစၥက အနိစၥ၊ဒုကၡ အနတၱ ျဖစ္ေပေတာ့မည္။

"သြန္း သြန္း အခန္းထဲမွာေရာ ရွိတယ္မလား အန္တီ"

"ရွိရွိတယ္ သားေလး လိုက္ခဲ့ အန္တီ လိုက္ပို႔မယ္"

ႏွစ္ထပ္အိမ္ႀကီးတြင္ အခန္းအလိုက္ ေရခ်ိဳးခန္း ထား၍ ဒီအိမ္ႀကီး ေတာ္ကာ က်သည္။ မဟုတ္ရင္ ညီေတဇလို ၾကာပံုမ်ိဳးနဲ႔ ဘယ္လို ျဖစ္ေနမလဲ မသိ။
ျဖစ္ႏိုင္ရင္ သြန္းအခန္းရွိရာ ေအာက္ထပ္ကို ဝုန္းဒိုင္း ေျပးဆင္း၍ သြားလိုက္ခ်င္ေပမယ့္ သူမ်ားအိမ္ဆိုေတာ့ အိေျနၵက ေစာင့္ရေသးသည္။

"သြန္းေလးေရ သမီး သြန္းေလး"

အထဲက အိပ္ေနသူ ေဒၚသြန္းမူယာအား ကာလနဂါးဝင္ပူး အိပ္ေနသလားဟု က်ိန္တြယ္မိေနသည္။ တံခါးႀကီး ပ်က္ေလာက္ေအာင္ တဝုန္းဝုန္းထုမွ အထဲမွ ကေလာက္ဆိုေသာ အသံ ၾကားရသည္။

ဆံပင္ ဖြာလန္က်ဲ မ်က္ေခ်းႏႈိက္၍ ထြက္လာေသာ သြန္းက အိပ္ခ်င္မူးတူႏွင့္"ဘာျဖစ္လို႔လဲေမေမ"ဟု
ေမးကာ ႏွာေခါင္းပါ ႏႈိက္ေနေသးသည္။

"အခန္းအျပင္ထြက္ခဲ့ ပိုင္ရွင္ ေရခ်ိဳးခန္း ခဏသံုးမလို႔တဲ့ "

"ဟယ္ ပိုင္ရွင္...."

အခုမွ ပိုင္ရွင့္ကို ျမင္ပံုရသည္။ ႏွာေခါင္း ႏႈိက္ထားေသာ လက္ျဖင့္ ဆံပင္ေတြကို သပ္တင္ေနသည္။ ပိုင္ရွင္ေတာ့ သြန္းကို ျပံဳးရံုသာ ျပံဳးျပ၍ ေရခ်ိဳးခန္းဆီ အျမန္ဆံုး ေျခတင္လိုက္၏။ ကမၻာမွာ ဇိမ္အရွိဆံုး အခ်ိန္ကို ပိုင္ရွင္ အျပည့္အဝ ခံစားေနရသည္။ ဒီ ဖီလင္မ်ိဳးက ဘယ္အရာႏွင့္ လဲလို႔ရပါမည္နည္း။

ၿပီးမွ သာမာန္ခ်ိန္ ညိဳျပာတာႏွင့္ ခ်စ္စရာ ေကာင္းေနတတ္ေသာ သြန္း၏ မနက္ခင္း ႏိုးစ အလွကို ျမင္ေယာင္လာသည္။ မိန္းကေလးတစ္ေယာက္ အိပ္ယာ ႏိုးကာစအခ်ိန္ အလွဆံုးဟု ဘယ့္ႏွယ္ေၾကာင့္ ေျပာခဲ့ၾကပါလိမ့္။
ဒါဟာ ဂ်င္းပဲဟု ပိုင္ရွင္ သတ္မွတ္လိုက္သည္။

_____________________________________

"ဟား.....ဟား......ဟား....ပိုင္ရွင္ရာ အျဖစ္က လင္ေပ်ာက္သားေပ်ာက္နဲ႔ ေျမလူးေနတဲ့ မပဋာ ထက္ေတာင္ ဆိုးေနေသးပါလား ။ေရခ်ိဳးခန္း ႏွစ္ခုေျပာင္း ဝမ္းေခါင္းအရသာေလးက ဘယ္လိုေနလဲ ခင္ဗ်"

ရိုးအြန္ဘူးကို မိုက္လို အသံုးျပဳ ႏႈတ္ခမ္းေရွ႕ ထိုးေပးေနတဲ့ ညီ့ကို ပိုင္ရွင္ စိုက္ၾကည့္ရံုသာ ၾကည့္လိုက္သည္။ ဒါ ညီ သက္သက္ ညစ္တာလည္း ျဖစ္ႏိုင္သည္။ ဝက္ေရွာ့ပ္ လုပ္ရမည့္ ေနမို႔ ပိုင္ရွင္ ဖိနပ္ေတြ ဦးထုပ္ေတြ အဆင္သင့္ ထုတ္ေနရတာႏွင့္ အခ်ိန္ၾကာသြားသည္ကို အခြင့္ယူကာ ေရခ်ိဳးခန္းကို ဦးထားျခင္း ျဖစ္လိမ့္မည္။ ညီ ေရခ်ိဳးခန္းဝင္ရင္ စူဠလိပ္ေရထဲလႊတ္သလို ျဖစ္တတ္တာ ပိုင္ရွင္ သိၿပီးသား ျဖစ္၍ အျမဲ ေစာေစာထကာ ေရခ်ိဳးခန္းဦးရသည္က ေလ့က်င့္ခန္းလို ျဖစ္ေနသည္။

ပိုင္ရွင္လည္း ညမွ စာကို ေနာက္က်တဲ့အထိ က်က္ခိုင္းမည္ဟု ေတးထားလိုက္သည္။ စာသင္ႏွစ္ရဲ႕ ထက္ဝက္သာ က်ိဳးလာခဲ့သည္။ ညီ တစ္ေယာက္ ရူပေဗဒ Lawေတြကို ဓာတုေဗဒ Lawေတြႏွင့္ ေရာဆိုတုန္း ျဖစ္သည္။ ဇီဝေဗဒ Chapter 10မွ  Male Femaleကို Chapter 5မွ ယုန္၏ Male Femaleနဲ႔ မွားျမဲ ျဖစ္ေနေသး၏။ သခ်ာၤျမန္မာနဲ႔ ဇီဝကို ဂိုက္ငွားေပးထားေသာ္လည္း ပိုင္ရွင္က ၾကံဳရင္ ၾကံဳသလို စာေမးေပးရသည္။ အဂၤလိပ္စာမွာ ပိုင္ရွင္ အကၽြမ္းက်င္ဆံုး ဘာသာရပ္ ဆိုေသာ္လည္း ညီေတဇကို Grammerေတာင္ မနည္းသင္ေနရသည္။

"ညီ Not only.......But also နဲ႔ ေျဖခိုင္းတာေလ
ဘာလို႔ But also......Not only ေတြနဲ႔ ေျဖလာတာလဲ"

"အဓိပၸါယ္က အတူတူပဲ မဟုတ္ဘူးလား ဘယ္ဟာ ေရွ႕ထားထားေပါ့"

"ဟာ ဒီမွာလည္း Either or , Neither nor
ေလ ညီရာ ဘယ္လို ျဖစ္လို႔ Neither or, Either norေတြလဲကာ ငါအထပ္ထပ္ ရွင္းျပထားရဲ႕သားနဲ႔ အျငင္းပါရင္ Neither , အေနာက္မွာ nor လိုက္ပါတယ္ဆို"

"အဲ့ဒါ ငါေမးမလို႔ ပိုင္ရွင္ neitherနဲ႔ or နဲ႔ တြဲသံုးရင္ ဘာအဓိပၸါယ္ ထြက္သြားလဲဟင္"

"ဟင္...."

ပိုင္ရွင္ေတာင္ ေၾကာင္အမ္းအမ္း ျဖစ္ရေအာင္ တစ္ခါတစ္ေလ ေရႊဥာဏ္ေတာ္က စူးေရာက္ေသးသည့္ အတြက္ လံုးလည္ခ်ာလည္ လိုက္ေနတဲ့ ဆယ္တန္းေက်ာင္းသား ညီ တစ္ေယာက္ကို ေအာင္မွတ္ရရံု မနည္း သင္ေနရသည္။ မလိုခ်င္သည့္လူကို အတင္းေပးရသည္မွာလည္း ခ်ီးေပ်ာ္ေလာက္ကို နတ္ျပည္ေခၚတာထက္ ခက္ေသာ ကိစၥပင္။

"ညီ ညေန အဂၤလိပ္စာ ဂရမ္မာ လုပ္ရမယ္ ျပန္ေႏႊထား"

"ေအးပါ ေအးပါ မင္းအခုသြားေတာ့မွာလား မနက္စာ မစားေတာ့ဘူးလား"

"ေအး.."

ျပံဳးစိစိနဲ႔ ေမးေနတဲ့ ညီ့ကို တည္တည္ စိုက္ၾကည့္လိုက္သည္။ သူ႔ေၾကာင့္ ပိုင္ရွင့္မွာ သြန္းမ်က္ႏွာကို မၾကည့္ရဲ။ သြန္းကလည္း ပိုင္ရွင့္ကို မေတြ႕ရဲ ျဖစ္ေနရသည္ေလ။

"ဟား....ဟား....ပိုင္ရွင္ရာ မင္းမ်က္ႏွာႀကီးကလည္း စိတ္မဆိုးပါနဲ႔ ငါကားဂိတ္ထိ လိုက္ပို႔ေပးမယ္ ။ မင္းကို ၾကည့္ရတာ ဦးထုပ္ႀကီးနဲ႔ ဖိနပ္ႀကီးနဲ႔ ေဆာက္လုပ္ေရးက လုပ္သားႀကီး က်ေနတာပဲ"

ပိုင္ရွင္ ဝပ္ေရွာ့ပ္ေန႔ဆို အပင္ပန္းဆံုးျဖစ္သည္။ ေက်ာင္းက ေရာင္းတဲ့ ဦးထုတ္ႏွင့္ဖိနပ္ႀကီးကို ဂ်ဴတီကုပ္လို ဝတ္၍ ေက်ာင္းက အေဆာက္အအံုႀကီးေတြဆီမွာ ေလ့လာရတာ ေခါင္းစားသည့္အျပင္ လူပါပန္းသည္။

"ရတယ္ ငါ့ဘာသာ သြားမယ္"

"လာပါ ငါလိုက္ပို႔ပါမယ္ဆို"

ေျပာရင္း လြယ္အိတ္ကို လိုက္ဆြဲေနတဲ့ ညီ့ေၾကာင့္ အန္တီတို႔ ျပဴးေၾကာင္ ၾကည့္ေနေတာ့ ညီက မ်က္လံုးတစ္ဖက္ မွိတ္ျပသည္။

ကားဂိတ္နဲ႔ အိမ္က မိနစ္ႏွစ္ဆယ္ေလာက္ လမ္းေလၽွာက္ရေအာင္ ေဝးသည္။ အရင္က ဦးေႏြ ေက်ာင္းထိ လိုက္ပို႔ေပးသည္။ အခုသြန္းက ေစာေစာၿပီးရင္ လိုက္ပို႔ ေပးတတ္ေပမယ့္ ပိုင္ရွင္က ၾကံဳရင္ ၾကံဳသလို ဘတ္စ္နဲ႔ပဲ သြားလိုက္သည္။
တစ္ခါတစ္ေလ ကိုယ္ေတာ္ စူးေရာက္ေလးက ကားဂိတ္ထိ စက္ဘီးႏွင့္ ပို႔ေပးသည္။ သူစၿပီးတဲ့ အခ်ိန္မ်ိဳးေပါ့ေလ။

"ပိုင္ရွင့္ ေသခ်ာကိုင္ထားပါကြ လမ္းက ခ်ိဳင့္ခြက္ေတြနဲ႔"

ပိုင္ရွင္ တံု႔တံု႔မၽွ မလႈပ္ဘဲေနေတာ့ ညီ အေရွ႕မွ စက္ဘီးေခါင္းကို မၿငိမ္မသက္ ဒယိမ္းဒယိုင္ လႈပ္ေနေတာ့သည္။ ေခါင္းကို လႈပ္ေနစဥ္ စက္ဘီးက ခ်ိဳင့္ထဲ ဝင္သြား၍

"ညီ......"

အလန္႔တၾကား ပိုင္ရွင့္လက္ေတြက ညီရဲ႕ ခါးထက္ တင္းတင္း ဆုပ္ကိုင္မိလ်က္သား ျဖစ္သြားသည္။
ညက အေနာက္ကို ေခါင္းေစာင္း ငွဲ႔ၾကည့္၍

"ငါေျပာသားပဲ ေသခ်ာကိုင္ထားပါဆို"

"အေရွ႕ကို ၾကည့္ၿပီး နင္းစမ္းပါ ညီရာ"

ညီ ျပံဳး၍ အေရွ႕ ျပန္လွည့္ကာ စက္ဘီးနင္းေနရင္းက ကၽြီခနဲ ရပ္ခ်လိုက္သည္။

"ေဆာင္းေလး"

"ေတဇ......"

သနပ္ခါး ပါးကြက္ၾကားနဲ႔ အသားျဖဴျဖဴးေဖြး ေက်ာင္းသူမေလးက ေတာ္ေတာ္ ခ်စ္စရာ ေကာင္းသည္။ ျပံဳး၍ ပိုင္ရွင့္ကို ႏႈတ္ဆက္လိုက္ရာ ညမွာထြက္တဲ့ ေသာ္တာလ ရွံဳးေလာက္တဲ့ ေအးခ်မ္းေသာ အျပံဳးမ်ိဳး ေတြ႕ရသည္။

"ေဆာင္းေလး နင့္အိမ္က လိုက္မပို႔ဘူးလား"

"ေအး ဒီေန႔ မအားၾကလို႔"

"ငါလည္း ငါ့ရဲ႕ ပိုင္ရွင္ေလးကို သြားပို႔လိုက္ဦးမယ္
နင္သိတယ္မလား ဒါ ငါ့ဂိုက္ဆရာ ဆိုတာေလ"

"ေအာ္ သိၿပီ သိၿပီ"

ပိုင္ရွင့္အေၾကာင္း ဘယ္ေလာက္ေတာင္ ေျပာထားလဲ မသိ။ ေကာင္မေလးက ျပံဳးစိစိနဲ႔ ေခါင္းညိတ္သည္။ ပိုင္ရွင္တို႔ စက္ဘီးေလး ထြက္လာခဲ့သည္။ ေကာင္မေလးက အေနာက္မွ ေငးက်န္ခဲ့လ်က္။

"ညီ မင္းသူငယ္ခ်င္းနဲ႔ မင္းသြားေလ ငါ့ကို ဒီမွာပဲ ခ်ခဲ့"

"တစ္ကယ္လား ငါ့ကို စိတ္မဆိုးေတာ့ဘူးမလား ပိုင္ရွင္"

"မင္းကို ဘယ္သူက စိတ္ဆိုးေနလို႔လဲ"

"မသိဘူးေလ မင္းမ်က္ႏွာႀကီးက"

ပိုင္ရွင္ စက္ဘီးေပၚက ဆင္းေပးေတာ့ အခ်ိန္မဆိုင္းဘဲ သူ႔သူငယ္ခ်င္းမေလးဆီ အေျပးနင္းသြားသည္။ ေကာင္မေလး အေနာက္က တေစာင္းထိုင္ၿပီးခ်ိန္ ညီက စက္ဘီးေခါင္းကို ရမ္း၍ စေနေသးသည္။ ေကာင္မေလး၏ ေက်ာကိုထုသံ ညီ့၏ ရယ္ေမာသံတို႔ကို တစ္လမ္းလံုး ညံသြား၏။
လက္တစ္ဖက္ႏွင့္ ပိုင္ရွင့္ကို လက္ျပသြား ေသးသည္။

မ်က္စိတစ္ဆံုး ညီ့၏ စက္ဘီးေလး ျမင္ကြင္းက ေပ်ာက္ကြယ္သြားသည့္အထိ ေငးၾကည့္ၿပီးမွ ပိုင္ရွင့္ေျခလွမ္းေတြ ကားဂိတ္ဆီကို ဦးတည္ လိုက္သည္။

____________________________________________________________________________

ညီ့အတြက္ တစ္ရက္ စာၾကည့္ခ်ိန္ ရွစ္နာရီ ျပည့္ေအာင္ ထားေပးရသည္။ မနက္အေစာႀကီး ႏႈိးမရတဲ့ ညီ့ကို ေက်ာင္းမသြားမီ ခုႏွစ္နာရီမွကိုးနာရီထိ က်က္စာက်က္ခိုင္းသည္။ ေက်ာင္းက ျပန္လာၿပီး နားခ်ိန္ေပးရသည္။ အခ်ိန္ဆြဲတတ္သည့္ ကိုယ္ေတာ္ေၾကာင့္ ညေနေလးနာရီ စာၾကည့္စားပြဲ အေရာက္ မနဲပို႔ရ၏။ နားၿပီး၍ ဦးေႏွာက္ၾကည္ေနခ်ိန္ တြက္စာအတြက္ အခ်ိန္ေပးလိုက္သည္။ ညေနေျခာက္နာရီမွ ခုႏွစ္နာရီထိ နားခ်ိန္ ထပ္ေပးရသည္။ ရွစ္နာရီ ေနာက္ပိုင္း ေလးနာရီ စာၾကည့္ခ်ိန္က ဘီလူးဆိုင္းတီး၍ သင္ရခ်ိန္ ျဖစ္သည္။ ညီ့၏ မ်က္ခြံေတြဟာ အျမဲ ကမၻာေျမႀကီးဆြဲရာဆီ လိုက္လိုက္သြား၍ ပိုင္ရွင့္မွာ အျမဲ လက္တို႔ေနရသလို ညီ့ေမေမကလည္း ေကာ္ဖီ လက္ဖက္ အျမဲ ဆက္ေနရသည္။ ဒါကို သေကာင့္သားေလးက ေကာ္ဖီငံုရင္း ငိုက္ခ်င္ ငိုက္ေနတတ္သည္။ မ်က္လံုးမွိတ္ စာအလြတ္ဆိုရင္း အိပ္ခ်င္အိပ္သြားတတ္သည္။ အမွန္ဆို မနက္ေစာေစာ စာထက်က္တာ အေကာင္းဆံုး ျဖစ္သည္။ ဒါကို ညီ့အတြက္ အက်င့္လုပ္၍မရ။ ေရခ်ိဳခန္းထဲ ထိုင္အိပ္ေနတတ္ေသာေၾကာင့္သာ။

ဒီေန႔ စေနေန႔ျဖစ္ၿပီး ညီေရာ ပိုင္ရွင္ပါ စာၾကည့္ရန္ အခ်ိန္ဇယား ဆြဲထားၾကသည္။ ဆယ္တန္းစာေမးပြဲ နီးလာတာနဲ႔ အမၽွ ပိုင္ရွင္တို႔
တကၠသိုလ္စာေမးပြဲေတြလည္း မေဝးေတာ့ေခ်။

"ညီ စာကို တိုးတိုးက်က္လို႔ မရဘူးလား"

"ႏိုး ႏိုး ငါက ငါ့အသံကို နားနဲ႔ ျပန္နားေထာင္ၿပီး ဦးေႏွာက္ဆီပို႔တာ က်ယ္ေလ စာပိုရေလပဲ"

အရင္ေန႔ေတြက ညီစာက်က္သံ မၾကားရ၍ ေျပာေတာ့ စိတ္ထဲက က်က္တာဟု ေျဖခဲ့ဖူးသည္။
ဒီေန႔ ပိုင္ရွင္ စာလုပ္ေန၍ သက္သက္လုပ္ေနမွန္း သိေပမယ့္ ပိုင္ရွင္ စာအုပ္ယူ၍ ျခံထဲ ဆင္းလာေပးလိုက္သည္။

"ငါျပန္တက္လာရင္ Lawေတြအကုန္ အလြတ္ေရးရမယ္ေနာ္ ညီ"

"လာျပန္ၿပီ ေက်ာင္းပိတ္ရက္လည္း ဒီစာပဲ အလြတ္ေရးေနရတာပဲ နားကို မနားရဘူး ။ ေသရင္ ကိုယ့္ေနာက္လည္းမပါဘူး ကိုယ္ေရွ႕ကလည္း မကာဘူး ။ အဲ့ဒါကို ဘာေတြ အသဲအသန္ လုပ္ေနၾကမွန္း နားကို မလည္ႏိုင္ဘူး"

"မနက္ျဖန္ တေနကုန္ ၿမိဳ႕ထဲ သြားမွာဆို ဒီေန႔ေတာ့ စာကို စိတ္ပါလက္ပါ လုပ္ေပါ့ ညီရာ"

"အပိုေတြ ဘယ္ေန႔က စိတ္ပါလက္ပါ မလုပ္ခိုင္းတာ က်ေနတာပဲ"

"မင္းကေရာ ဘယ္ေန႔က စိတ္ပါလက္ပါ လုပ္လို႔လဲ"

ပိုင္ရွင့္ စကားကို နားမေထာင္ဘဲ စာအုပ္ဖြင့္၍ ေအာ္က်က္ ေနျပန္သည္။ ပိုင္ရွင္လည္း ျခံထဲ ဆင္းလာရသည္။

ျခံထဲမွာ ထိုင္ခံုတစ္လံုးႏွင့္ ေပါင္ေပၚစာအုပ္တင္ ၾကည့္ေနတဲ့ ပိုင္ရွင့္ဆီ သြန္းက ေခါက္စားပြဲေလး လာျဖန္႔ခင္းေပးသည္။

"စားပြဲေတြ ရွိတာပဲ ပိုင္ရွင္ရယ္ ယူသံုးတာ မဟုတ္ဘူး"

ပခံုးက် အက်ႌအၾကပ္ေလးနဲ႔ ပန္းပြင့္ေရာင္စံု စကပ္ဖားဖားေလး တြဲဖက္ဝတ္ထားတဲ့ သြန္းက ေရာင္စံုျဖာ ပန္းခင္းထဲက လိပ္ျပာေလးလို လြင့္လူးတက္ႂကြစြာ ေငးၾကည့္စရာေကာင္းေအာင္ လွေနသည္။ သြန္းကို ခဏမၽွ ေငးၾကည့္ၿပီးမွ

"ရပါတယ္ သြန္းရ ဒီလိုလည္း အဆင္ေျပတာနဲ႔"

"ၾကည့္ရတာေတာ့ ကိုးလို႔ကန္႔လန္႔နဲ႔ ပိုင္ရွင္ရယ္"

ေျပာစရာ စကားရွားသြား၍ အၿပိဳင္ထရယ္မိၾကသည္။

"သြန္း အျပင္ သြားမလို႔လား"

"အင္း....ၿမိဳ႕ထဲသြားမလို႔ ပိုင္ရွင္ ဘာမွာဦးမလဲ"

"သြန္းရယ္ ၿမိဳ႕ထဲသြားတာ ပန္းမပန္ဘဲ ၾကက္ခိုးပန္သြားမလို႔လား"

ေျပာလိုက္ရင္း ေခါင္းေပၚကပ္ေနတဲ့ ၾကက္ခိုးမၽွင္ေတြ ဖယ္ေပးေတာ့ သြန္းမ်က္ႏွာေလး ရဲေနသလို။ ပိုင္ရွင္ပဲ စိတ္ထင္ေနတာလားေတာ့ မသိ။

"ဖိ ဖိနပ္ ယူတုန္းက ကပ္လာတာ ျဖစ္မယ္"

ရယ္ေသြး၍ ေျပာေနတဲ့ သြန္းက အိတ္ကေလး လြယ္ကာ အျပင္သြားမည္ ျပင္သည္။

"သြန္း ဖိနပ္က က်န္းမာေရး ဖိနပ္ႀကီးနဲ႔ေနာ္"

"ေအာ္ ဟုတ္သားပဲ"

ေဒါက္ျမင့္ဖိနပ္ေလး ျပန္ေျပာင္း စီးကာ ျခံတံခါးဖြင့္ေနတဲ့ သြန္းဆီ ပိုင္ရွင္ ျပံဳး၍ ထလိုက္သြားသည္။ ၿပီးအေနာက္မွ သိုင္း၍ အိတ္ကေလး လြယ္ေပးလိုက္၏။

"ကားနဲ႔ မသြားဘူးလား သြန္း ပိုက္ဆံအိတ္ေတာ့ မေမ့နဲ႔ေပါ့ သြန္းရာ"

"ဟီး....သူငယ္ခ်င္းကားနဲ႔ သြားမွာ ပိုင္ရွင္"ဟု ေျပာ၍ ေဒါက္ဖိနပ္သံ တဂြပ္ဂြပ္ျဖင့္ ေျခလွမ္းက်ဲက်ဲ လွမ္းထြက္ သြားတဲ့ သြန္းဟာ အျမဲ လြဲတတ္လြန္းသူေလးရယ္ပါေလ။

______________________________________

"ပိုင္ရွင္ ေမေမက ေကာ္ဖီ ပို႔ခိုင္းလို႔ ေရာ့"

ညီ စားပြဲေပၚကို ေကာ္ဖီ ေစာင့္ခ်ေပးသည္။

"ငါေသာက္လို႔ရပါတယ္ေနာ္ ညီ"

ဟိုတစ္ခါ လက္ဖက္သုပ္ လာေကၽြးတည္းက  ညီေကၽြးတာေတြ ပိုင္ရွင္ စားဖို႔ တြန္႔ေနသည္။ တစ္ကယ္ ေရခ်ိဳးခန္းထဲက အျပင္ မထြက္ခဲ့ရ ျဖစ္ခဲ့သည္။

"မေသာက္နဲ႔ ေမေမက ႂကြက္သက္ေဆး ထည့္ထားတယ္"

ဒီလို ေျပာေတာ့မွ ပိုင္ရွင္ စိတ္ခ်လက္ခ် ေသာက္ရဲသည္။ ညီဆိုေသာသူဟာ  မလိုရာ ခြတတ္ေသာ လူသားျဖစ္သည္။ စဥ္းစားၾကည့္မွ ညီ့အက်င့္ေတြနဲ႔ေတာင္ ပိုင္ရွင္ အသားတက် ျဖစ္လာခဲ့ေလၿပီ။ ေကာ္ဖီ တစ္ငံုေမာ့ေသာက္၍

"စာရၿပီလား...."

ေခါင္းခါရမ္းျပလာတဲ့ ညီ့ေၾကာင့္

"မရေသးရင္ သြားက်က္ေလကြာ"

"ငါေမးစရာ ရွိတယ္ ပိုင္ရွင္"

"ေမးေလ....."

"မင္းခ်စ္ေနတဲ့သူ ရွိေနၿပီလား ပိုင္ရွင္"

သိခ်င္ေသာ မ်က္ဝန္းေတြက ရႊန္းေတာက္ေနသည္။ ညီ ဒီကိစၥကို ဘာလို႔ စိတ္ဝင္စားပါလိမ့္ ပိုင္ရွင္ ေတြးမရ ျဖစ္ေနသည္။

"မင္းက ဘာလုပ္ မလို႔လဲ ညီ"

"ဘာလုပ္ရမွာလဲ သိခ်င္လို႔ ေမးတာေပါ့ကြာ"

ပိုင္ရွင္ ျပံဳးရံုသာ ျပံဳးေနလိုက္သည္။

"ေစ်းကိုင္ေနေသးတယ္ မင္း ငါ့မမကို ႀကိဳက္ေနတာမလား "

ထပ္ေမးလာတဲ့ ညီ့ေမးခြန္းကို ပိုင္ရွင္ရဲ႕ တုန္႔ျပန္မႈအား ညီ ေက်နပ္ပါ့မလားေလ။

အေငြ႕ကင္းမဲ့ေနတဲ့ ေကာ္ဖီခြက္ေလးနဲ႔ စာၾကည့္စားပြဲေဘးမွာ ေကာင္ေလးႏွစ္ေယာက္ရဲ႕ အသက္ရွဴႏႈန္းေတြဟာ ပံုမွန္ ျဖစ္ေနပါရဲ႕လား။

အမွန္ေတာ့ မူမမွန္တာေတြက မူမွန္ျခင္းေတြက စခဲ့တာလား။ ဒါမွမဟုတ္ မူမမွန္ျခင္းေတြကပဲ စတင္ခဲ့တာလား။

____________________________________________________________________________

AN/ ငလြန္း တစ္ေယာက္ ဘယ္ယုန္ျမင္လို႔ ဘာခ်ံဳထြင္ေနပါလိမ့္ေနာ္။

#############################

Unicode

အကျင့်
အကျင့်ဆိုတဲ့အရာကို ဘယ်လို ဖော်ပြရမလဲ။  အချိန်သတ်မှတ်ထားခြင်း မရှိဘဲ လုပ်နေကျကိစ္စ တစ်ခုကို အဲ့ဒီအချိန်ရောက်ရင် မဖြစ်မနေ လုပ်နေချင်တာမျိုးကို ခေါ်သည်ဟု ထင်မိသည်။ ဖင်အကျင့် ဝမ်းအကျင့် တွေ ရှိမည်ဟု ထင်သည်။

ပိုင်ရှင့်အတွက် ဝမ်းအကျင့်တော့ မရှိပေမယ့် မနက်မိုးလင်း Latrineဝင်တတ်တဲ့ အကျင့်က ဖျောက်မရခဲ့တာ ညီတေဇနဲ့ တွေ့မှ ဒုက္ခလှလှ ရင်ဝယ်မပိုက်ဘဲ ခါးအောက်ပိုင်းတွင် ပိုက်ကာ ထိုင်မရ ထမရ ရှုံ့တွနေရသည်။

"ညီ မပြီးသေးဘူးလားကွာ"

"ငါပြောသားပဲ ငါရေချိုးခန်းဝင်ရင် ကြာပါတယ်ဆို"

အထဲက အတည်ပေါက်အသံ ကြားရတော့ ပိုင်ရှင် တစ်ယောက် မရှုမလှ မျက်နှာနဲ့ အန်တီတို့အခန်းဆီ ဦးတည်ခဲ့ရသည်။

"အန်တီ ရေချိုးခန်း အားလား မသိဘူး"

ကလီစာတို့ကို ရှုံ့ထားပြီး ထွက်လာတဲ့ အသံကြောင့် ထင်သည်။ အန်တီက အထာပေါက်သွားသော မျက်နှာနှင့်

"လာလေ သား အန်တီတို့ဆီမှာ......"

အန်တီ့စကားမဆုံးခင် ရေချိုးခန်းဆီ ညွှန်ပြနေသော လက်ညှိုးက ရုတ်ချည်း ပြန်သိမ်းသွားသည်။

"သားသားတို့အဖေ ဝင်နေတယ် ထင်တယ် ။
သားသားတို့အဖေက သားသားထက် ပိုဆိုးတယ်"

"ဗျာ....."

ပိုင်ရှင့်မှာ ပေါင်နှစ်ချောင်းကို လိမ်ကျစ်ထားရသည်။ အသက်ပင် ပြင်းပြင်းမရှူရဲ။ အားသုံးလိုက်ရင် ကိစ္စက အနိစ္စ၊ဒုက္ခ အနတ္တ ဖြစ်ပေတော့မည်။

"သွန်း သွန်း အခန်းထဲမှာရော ရှိတယ်မလား အန်တီ"

"ရှိရှိတယ် သားလေး လိုက်ခဲ့ အန်တီ လိုက်ပို့မယ်"

နှစ်ထပ်အိမ်ကြီးတွင် အခန်းအလိုက် ရေချိုးခန်း ထား၍ ဒီအိမ်ကြီး တော်ကာ ကျသည်။ မဟုတ်ရင် ညီတေဇလို ကြာပုံမျိုးနဲ့ ဘယ်လို ဖြစ်နေမလဲ မသိ။
ဖြစ်နိုင်ရင် သွန်းအခန်းရှိရာ အောက်ထပ်ကို ဝုန်းဒိုင်း ပြေးဆင်း၍ သွားလိုက်ချင်ပေမယ့် သူများအိမ်ဆိုတော့ အိနြေ္ဒက စောင့်ရသေးသည်။

"သွန်းလေးရေ သမီး သွန်းလေး"

အထဲက အိပ်နေသူ ဒေါ်သွန်းမူယာအား ကာလနဂါးဝင်ပူး အိပ်နေသလားဟု ကျိန်တွယ်မိနေသည်။ တံခါးကြီး ပျက်လောက်အောင် တဝုန်းဝုန်းထုမှ အထဲမှ ကလောက်ဆိုသော အသံ ကြားရသည်။

ဆံပင် ဖွာလန်ကျဲ မျက်ချေးနှိုက်၍ ထွက်လာသော သွန်းက အိပ်ချင်မူးတူနှင့်"ဘာဖြစ်လို့လဲမေမေ"ဟု
မေးကာ နှာခေါင်းပါ နှိုက်နေသေးသည်။

"အခန်းအပြင်ထွက်ခဲ့ ပိုင်ရှင် ရေချိုးခန်း ခဏသုံးမလို့တဲ့ "

"ဟယ် ပိုင်ရှင်...."

အခုမှ ပိုင်ရှင့်ကို မြင်ပုံရသည်။ နှာခေါင်း နှိုက်ထားသော လက်ဖြင့် ဆံပင်တွေကို သပ်တင်နေသည်။ ပိုင်ရှင်တော့ သွန်းကို ပြုံးရုံသာ ပြုံးပြ၍ ရေချိုးခန်းဆီ အမြန်ဆုံး ခြေတင်လိုက်၏။ ကမ္ဘာမှာ ဇိမ်အရှိဆုံး အချိန်ကို ပိုင်ရှင် အပြည့်အဝ ခံစားနေရသည်။ ဒီ ဖီလင်မျိုးက ဘယ်အရာနှင့် လဲလို့ရပါမည်နည်း။

ပြီးမှ သာမာန်ချိန် ညိုပြာတာနှင့် ချစ်စရာ ကောင်းနေတတ်သော သွန်း၏ မနက်ခင်း နိုးစ အလှကို မြင်ယောင်လာသည်။ မိန်းကလေးတစ်ယောက် အိပ်ယာ နိုးကာစအချိန် အလှဆုံးဟု ဘယ့်နှယ်ကြောင့် ပြောခဲ့ကြပါလိမ့်။
ဒါဟာ ဂျင်းပဲဟု ပိုင်ရှင် သတ်မှတ်လိုက်သည်။

_____________________________________

"ဟား.....ဟား......ဟား....ပိုင်ရှင်ရာ အဖြစ်က လင်ပျောက်သားပျောက်နဲ့ မြေလူးနေတဲ့ မပဋာ ထက်တောင် ဆိုးနေသေးပါလား ။ရေချိုးခန်း နှစ်ခုပြောင်း ဝမ်းခေါင်းအရသာလေးက ဘယ်လိုနေလဲ ခင်ဗျ"

ရိုးအွန်ဘူးကို မိုက်လို အသုံးပြု နှုတ်ခမ်းရှေ့ ထိုးပေးနေတဲ့ ညီ့ကို ပိုင်ရှင် စိုက်ကြည့်ရုံသာ ကြည့်လိုက်သည်။ ဒါ ညီ သက်သက် ညစ်တာလည်း ဖြစ်နိုင်သည်။ ဝက်ရှော့ပ် လုပ်ရမည့် နေမို့ ပိုင်ရှင် ဖိနပ်တွေ ဦးထုပ်တွေ အဆင်သင့် ထုတ်နေရတာနှင့် အချိန်ကြာသွားသည်ကို အခွင့်ယူကာ ရေချိုးခန်းကို ဦးထားခြင်း ဖြစ်လိမ့်မည်။ ညီ ရေချိုးခန်းဝင်ရင် စူဠလိပ်ရေထဲလွှတ်သလို ဖြစ်တတ်တာ ပိုင်ရှင် သိပြီးသား ဖြစ်၍ အမြဲ စောစောထကာ ရေချိုးခန်းဦးရသည်က လေ့ကျင့်ခန်းလို ဖြစ်နေသည်။

ပိုင်ရှင်လည်း ညမှ စာကို နောက်ကျတဲ့အထိ ကျက်ခိုင်းမည်ဟု တေးထားလိုက်သည်။ စာသင်နှစ်ရဲ့ ထက်ဝက်သာ ကျိုးလာခဲ့သည်။ ညီ တစ်ယောက် ရူပဗေဒ Lawတွေကို ဓာတုဗေဒ Lawတွေနှင့် ရောဆိုတုန်း ဖြစ်သည်။ ဇီဝဗေဒ Chapter 10မှ  Male Femaleကို Chapter 5မှ ယုန်၏ Male Femaleနဲ့ မှားမြဲ ဖြစ်နေသေး၏။ သချာၤမြန်မာနဲ့ ဇီဝကို ဂိုက်ငှားပေးထားသော်လည်း ပိုင်ရှင်က ကြုံရင် ကြုံသလို စာမေးပေးရသည်။ အင်္ဂလိပ်စာမှာ ပိုင်ရှင် အကျွမ်းကျင်ဆုံး ဘာသာရပ် ဆိုသော်လည်း ညီတေဇကို Grammerတောင် မနည်းသင်နေရသည်။

"ညီ Not only.......But also နဲ့ ဖြေခိုင်းတာလေ
ဘာလို့ But also......Not only တွေနဲ့ ဖြေလာတာလဲ"

"အဓိပ္ပါယ်က အတူတူပဲ မဟုတ်ဘူးလား ဘယ်ဟာ ရှေ့ထားထားပေါ့"

"ဟာ ဒီမှာလည်း Either or , Neither nor
လေ ညီရာ ဘယ်လို ဖြစ်လို့ Neither or, Either norတွေလဲကာ ငါအထပ်ထပ် ရှင်းပြထားရဲ့သားနဲ့ အငြင်းပါရင် Neither , အနောက်မှာ nor လိုက်ပါတယ်ဆို"

"အဲ့ဒါ ငါမေးမလို့ ပိုင်ရှင် neitherနဲ့ or နဲ့ တွဲသုံးရင် ဘာအဓိပ္ပါယ် ထွက်သွားလဲဟင်"

"ဟင်...."

ပိုင်ရှင်တောင် ကြောင်အမ်းအမ်း ဖြစ်ရအောင် တစ်ခါတစ်လေ ရွှေဉာဏ်တော်က စူးရောက်သေးသည့် အတွက် လုံးလည်ချာလည် လိုက်နေတဲ့ ဆယ်တန်းကျောင်းသား ညီ တစ်ယောက်ကို အောင်မှတ်ရရုံ မနည်း သင်နေရသည်။ မလိုချင်သည့်လူကို အတင်းပေးရသည်မှာလည်း ချီးပျော်လောက်ကို နတ်ပြည်ခေါ်တာထက် ခက်သော ကိစ္စပင်။

"ညီ ညနေ အင်္ဂလိပ်စာ ဂရမ်မာ လုပ်ရမယ် ပြန်နွှေထား"

"အေးပါ အေးပါ မင်းအခုသွားတော့မှာလား မနက်စာ မစားတော့ဘူးလား"

"အေး.."

ပြုံးစိစိနဲ့ မေးနေတဲ့ ညီ့ကို တည်တည် စိုက်ကြည့်လိုက်သည်။ သူ့ကြောင့် ပိုင်ရှင့်မှာ သွန်းမျက်နှာကို မကြည့်ရဲ။ သွန်းကလည်း ပိုင်ရှင့်ကို မတွေ့ရဲ ဖြစ်နေရသည်လေ။

"ဟား....ဟား....ပိုင်ရှင်ရာ မင်းမျက်နှာကြီးကလည်း စိတ်မဆိုးပါနဲ့ ငါကားဂိတ်ထိ လိုက်ပို့ပေးမယ် ။ မင်းကို ကြည့်ရတာ ဦးထုပ်ကြီးနဲ့ ဖိနပ်ကြီးနဲ့ ဆောက်လုပ်ရေးက လုပ်သားကြီး ကျနေတာပဲ"

ပိုင်ရှင် ဝပ်ရှော့ပ်နေ့ဆို အပင်ပန်းဆုံးဖြစ်သည်။ ကျောင်းက ရောင်းတဲ့ ဦးထုတ်နှင့်ဖိနပ်ကြီးကို ဂျူတီကုပ်လို ဝတ်၍ ကျောင်းက အဆောက်အအုံကြီးတွေဆီမှာ လေ့လာရတာ ခေါင်းစားသည့်အပြင် လူပါပန်းသည်။

"ရတယ် ငါ့ဘာသာ သွားမယ်"

"လာပါ ငါလိုက်ပို့ပါမယ်ဆို"

ပြောရင်း လွယ်အိတ်ကို လိုက်ဆွဲနေတဲ့ ညီ့ကြောင့် အန်တီတို့ ပြူးကြောင် ကြည့်နေတော့ ညီက မျက်လုံးတစ်ဖက် မှိတ်ပြသည်။

ကားဂိတ်နဲ့ အိမ်က မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်ရအောင် ဝေးသည်။ အရင်က ဦးနွေ ကျောင်းထိ လိုက်ပို့ပေးသည်။ အခုသွန်းက စောစောပြီးရင် လိုက်ပို့ ပေးတတ်ပေမယ့် ပိုင်ရှင်က ကြုံရင် ကြုံသလို ဘတ်စ်နဲ့ပဲ သွားလိုက်သည်။
တစ်ခါတစ်လေ ကိုယ်တော် စူးရောက်လေးက ကားဂိတ်ထိ စက်ဘီးနှင့် ပို့ပေးသည်။ သူစပြီးတဲ့ အချိန်မျိုးပေါ့လေ။

"ပိုင်ရှင့် သေချာကိုင်ထားပါကွ လမ်းက ချိုင့်ခွက်တွေနဲ့"

ပိုင်ရှင် တုံ့တုံ့မျှ မလှုပ်ဘဲနေတော့ ညီ အရှေ့မှ စက်ဘီးခေါင်းကို မငြိမ်မသက် ဒယိမ်းဒယိုင် လှုပ်နေတော့သည်။ ခေါင်းကို လှုပ်နေစဉ် စက်ဘီးက ချိုင့်ထဲ ဝင်သွား၍

"ညီ......"

အလန့်တကြား ပိုင်ရှင့်လက်တွေက ညီရဲ့ ခါးထက် တင်းတင်း ဆုပ်ကိုင်မိလျက်သား ဖြစ်သွားသည်။
ညက အနောက်ကို ခေါင်းစောင်း ငှဲ့ကြည့်၍

"ငါပြောသားပဲ သေချာကိုင်ထားပါဆို"

"အရှေ့ကို ကြည့်ပြီး နင်းစမ်းပါ ညီရာ"

ညီ ပြုံး၍ အရှေ့ ပြန်လှည့်ကာ စက်ဘီးနင်းနေရင်းက ကျွီခနဲ ရပ်ချလိုက်သည်။

"ဆောင်းလေး"

"တေဇ......"

သနပ်ခါး ပါးကွက်ကြားနဲ့ အသားဖြူဖြူးဖွေး ကျောင်းသူမလေးက တော်တော် ချစ်စရာ ကောင်းသည်။ ပြုံး၍ ပိုင်ရှင့်ကို နှုတ်ဆက်လိုက်ရာ ညမှာထွက်တဲ့ သော်တာလ ရှုံးလောက်တဲ့ အေးချမ်းသော အပြုံးမျိုး တွေ့ရသည်။

"ဆောင်းလေး နင့်အိမ်က လိုက်မပို့ဘူးလား"

"အေး ဒီနေ့ မအားကြလို့"

"ငါလည်း ငါ့ရဲ့ ပိုင်ရှင်လေးကို သွားပို့လိုက်ဦးမယ်
နင်သိတယ်မလား ဒါ ငါ့ဂိုက်ဆရာ ဆိုတာလေ"

"အော် သိပြီ သိပြီ"

ပိုင်ရှင့်အကြောင်း ဘယ်လောက်တောင် ပြောထားလဲ မသိ။ ကောင်မလေးက ပြုံးစိစိနဲ့ ခေါင်းညိတ်သည်။ ပိုင်ရှင်တို့ စက်ဘီးလေး ထွက်လာခဲ့သည်။ ကောင်မလေးက အနောက်မှ ငေးကျန်ခဲ့လျက်။

"ညီ မင်းသူငယ်ချင်းနဲ့ မင်းသွားလေ ငါ့ကို ဒီမှာပဲ ချခဲ့"

"တစ်ကယ်လား ငါ့ကို စိတ်မဆိုးတော့ဘူးမလား ပိုင်ရှင်"

"မင်းကို ဘယ်သူက စိတ်ဆိုးနေလို့လဲ"

"မသိဘူးလေ မင်းမျက်နှာကြီးက"

ပိုင်ရှင် စက်ဘီးပေါ်က ဆင်းပေးတော့ အချိန်မဆိုင်းဘဲ သူ့သူငယ်ချင်းမလေးဆီ အပြေးနင်းသွားသည်။ ကောင်မလေး အနောက်က တစောင်းထိုင်ပြီးချိန် ညီက စက်ဘီးခေါင်းကို ရမ်း၍ စနေသေးသည်။ ကောင်မလေး၏ ကျောကိုထုသံ ညီ့၏ ရယ်မောသံတို့ကို တစ်လမ်းလုံး ညံသွား၏။
လက်တစ်ဖက်နှင့် ပိုင်ရှင့်ကို လက်ပြသွား သေးသည်။

မျက်စိတစ်ဆုံး ညီ့၏ စက်ဘီးလေး မြင်ကွင်းက ပျောက်ကွယ်သွားသည့်အထိ ငေးကြည့်ပြီးမှ ပိုင်ရှင့်ခြေလှမ်းတွေ ကားဂိတ်ဆီကို ဦးတည် လိုက်သည်။

____________________________________________________________________________

ညီ့အတွက် တစ်ရက် စာကြည့်ချိန် ရှစ်နာရီ ပြည့်အောင် ထားပေးရသည်။ မနက်အစောကြီး နှိုးမရတဲ့ ညီ့ကို ကျောင်းမသွားမီ ခုနှစ်နာရီမှကိုးနာရီထိ ကျက်စာကျက်ခိုင်းသည်။ ကျောင်းက ပြန်လာပြီး နားချိန်ပေးရသည်။ အချိန်ဆွဲတတ်သည့် ကိုယ်တော်ကြောင့် ညနေလေးနာရီ စာကြည့်စားပွဲ အရောက် မနဲပို့ရ၏။ နားပြီး၍ ဦးနှောက်ကြည်နေချိန် တွက်စာအတွက် အချိန်ပေးလိုက်သည်။ ညနေခြောက်နာရီမှ ခုနှစ်နာရီထိ နားချိန် ထပ်ပေးရသည်။ ရှစ်နာရီ နောက်ပိုင်း လေးနာရီ စာကြည့်ချိန်က ဘီလူးဆိုင်းတီး၍ သင်ရချိန် ဖြစ်သည်။ ညီ့၏ မျက်ခွံတွေဟာ အမြဲ ကမ္ဘာမြေကြီးဆွဲရာဆီ လိုက်လိုက်သွား၍ ပိုင်ရှင့်မှာ အမြဲ လက်တို့နေရသလို ညီ့မေမေကလည်း ကော်ဖီ လက်ဖက် အမြဲ ဆက်နေရသည်။ ဒါကို သကောင့်သားလေးက ကော်ဖီငုံရင်း ငိုက်ချင်

You are reading the story above: TeenFic.Net