အခန်း(၈)
Background color
Font
Font size
Line height
Zawgyi
"နင်မကြိုက်ဘူးလား"
"သားသား....."
____________________________________________________________________________
"ဗျာ......"
"အနီးကပ်ဆိုတာက"
"အိပ်....အိပ်ရင်ရော"
_______________________
"သား....."
"ဦးနွေနဲ့ပဲ နေမယ်"
"ဦးနွေ....."
"ဦးနွေ.....ဦးနွေ....."
"အင်း....အန်တီ့ကို အားနာလို့ပါ သူများအကျိုဆောင်ကိုယ့်ကျိုးအောင်ပေါ့ ဒီတူလေး တော်တယ်မလား ဦးနွေ "
ရုတ်ချည်း ပြောင်စပ်စပ် မျက်နှာနဲ့ မေ့စေ့ကို လက်မနှင့် ပွတ်ကာ စုံထောက်ကြီးဦးစံရှား စတိုင် ပြောနေသော ပိုင်ရှင့်ကြောင့် ဦးနွေ ထရယ်ကာ
"တော်ရင် အခန်းသန့်ရှင်းရေး သွားလုပ် လူနေတဲ့အခန်းလား ကြွက်သိုက်လား မေးယူရမယ် အခန်းက ရှုပ်ပွနေတာပဲ"
"ဦးနွေကလည်း "
"ဘာမှ လဲမနေနဲ့ သွားလုပ်"
သိပ်မပြောရလိုက် အခန်းထဲ ရောက်သွားသော ပိုင်ရှင့်ကြောင့် စကားနားထောင်နေပါလား တွေးမိသည်။ ခဏအကြာထိ ဘာသံမျှ မကြားရ၍ အခန်းထဲ ဝင်ကြည့်မိတော့ အရှုပ်တွေကြား ပက်လက်လှန်ကာ စာအုပ်တစ်အုပ်နှင့် ဇိမ်ယူနေသူကို တွေ့ရသည်။
အတွေးနှင့် တက်တက်စင်အောင် လွဲနေသည့် တူဖြစ်သူကြောင့် မနေနိုင်သူကပင် ကြွက်သိုက်ကို ရှင်းလင်းပေးခဲ့ရသည်။ ပိုင်ရှင်က အမူအရာမပျက် စာအုပ် မျက်နှာက မခွာခဲ့။ တစ်ခွန်းတော့ ထပြောခဲ့သည်။
"ဦးနွေ တန်းပေါ်က အင်္ကျီလေးတွေပါ အဝတ်လျှော်စက်ထဲ ထည့်ပေးပါလား"
"ခွေးကောင်လေး မင်းက ပြန်ခိုင်းနေတာလား"
"ဟာ ကန်တော့ ကန်တော့ ကိုယ့်ဦးလေးကို ခိုင်းစရာလား လမ်းကြုံပါးတဲ့ဟာကို"
"အော် အေးအေး လမ်းက ကြုံတယ်ကိုး"
"ဦးနွေကလည်း ချစ်တယ်လေ"
ဘာစတိုင်လဲတော့ မသိ။ လက်မနှင် လက်ညှိုးပူကာ ဗွီပုံစံ လုပ်ပြ၍ ပြောင်စပ်စပ် မျက်နှာပေးလေးကြောင့် အဝတ်လျှော်စက်ထဲမှ တန်းပေါ် လှန်းပေးသည့်အထိ မေတ္တာပိုခဲ့ရသည်။
ဒါကြောင့် သူငယ်ချင်း ရင်းနှီးသူမိတ်ဆွေတွေက ကလေးအဖေ ကိုလူပျိုဟု စနောက် ခဲ့ကြခြင်း ဖြစ်လိမ့်မည်။ ဘုန်းထက်နွေကလည်း ဒီဘဝကိုပင် ပျော်ပိုက်၏။
ကပ်ချွဲပြီး ဆိုးသည့် ကလေးတွေဆို ဘုန်းထက်နွေ ချစ်တတ်ခဲ့သည်။
____________________________________________________________________________
"သားသား မေမေတို့ရော"
"လမ်းထိပ်သွားတယ်"
ရေချိုးပြီးခါက သဘတ်ပတ်၍ ထွက်လာသော မမက မေးသည်။
"အဲ့ဒီ လိုးရှင်းဘူးကလည်း လူးခါနီးဆို ပျောက်ပြီ"
ဘီရိုထဲ ဟိုလှန် ဒီလှော ရှာနေတဲ့ မမကို စချင်လာ၍
"မမှီမကမ်း ဖနောင့်ထောင့် ရှာမနေနဲ့ နဂိုရှိမှ နဂိုင်းထွက်တာ မီးသွေးခဲရွှေကွပ်မနေနဲ့ ကွာကျရင် မဲတာက မဲတာပဲ"
"ဘာမဲတာလဲ မသာလေးက တစ်မျိုး ညိုတာဟဲ့ ညိုတာ "
အမှန်တော့ မမက မမဲပါ။ ညိုပေမယ့် အသားအရည်စို၍ ဝင်းသည့်ဘက်သန်းနေသည်။ ပေါင်းသည့် သူငယ်ချင်းများက ရှမ်းမ ၊ တရုတ်မများ ဖြစ်နေ၍ သူ့ကိုယ်သူ မဲသည် ထင်နေသည်။ ဒါကို ညီတေဇကလည်း အခွင့်ကောင်းယူ၍ အမြဲ စသည်။
"ဘာညိုတာလဲ ရေနံချေးနဲ့ ကတ္တရာစေး ရောထားတဲ့ အသားအရည်ကများ"
"သားသား ငါကောက်ပေါက်မှာနော် ဒီမှာ တွေ့လား ဒေါက်ဖိနပ်"
မနက်အပြင်သွားရန် အသင့်ထုတ်ထားသော သုံးလက်မ အချွန်ထောင့်ကို ကောက်ပြရင်း သွန်းက မေးသည်။
"နင့်ဟာကလည်း အပေါ်ယံ အဖုံးတွေနဲ့ ကာရံထားတာပဲ ပုတော့ ဒေါင့်ဖိနပ်စီးတယ် မဲတော့ လိုးရှင်းလူးပြီး မိတ်ကပ် ခြစ်ချလို့ရအောင် လူးတယ်"
"မသာလေး နင်မြင်လား ငါဘယ်မှာ မိတ်ကပ် အထူကြီး လူးလို့လဲ ဒေါင့်ဖိနပ်စီးတာ ငါ့ဝတ်စုံနဲ့ လိုက်အောင်စီးတာ ငါးပေကျော်တယ် မပုဘူးဟဲ့"
"ဘာလဲ ပုမဲက ပုမဲပဲ"
ထပ်စတော့ မမ ပေါင်ဒါဗူးနဲ့ ကောက်ပေါက်သည်။
"မပုမဲကလည်း ဒေါသကြီးလိုက်တာ"
"သားသား နင်နော် ငါတစ်ကယ် ဖိနပ်နဲ့ ကောက်ပေါက်မိတော့မယ်"
"ထိရင် ငါးထောင်ပေးမယ်"
စိတ်တိုနေမှ စရတဲ့ အရသာက ရေငတ်ချိန် ဖရဲသီး စားရသလို ချိုမြိန်ရုံမက ရေဓာတ်ပါရသလို အရသာခံ၍ ကောင်းနေသည်။ လူပုစိတ်တို မမက တစ်ကယ် ဖိနပ်နဲ့ ပေါက်လိမ့်မည်ဟု ဘယ်ထင် လိမ့်မလဲလေ။
ညီရှောင်လိုက်သည်။
ပြဿနာရှာသူ ညီတေဇ ဖိနပ်ပစ်သူ သွန်းမူယာကြောင့် ကံဆိုးသူ ဘုန်းပိုင်ရှင် နင်ချည်းသာ ခံပေတော့ ဟု ဆိုရမလိုပင်။ အိမ်ဝမှ အထုတ်ဆွဲ ဝင်လာသူ ဘုန်းပိုင်ရှင်၏ နဖူးတည့်တည့်ကို ဒေါက်ဖိနပ်က ပြင်းပြင်းဝင်စောင့်သည်။
"ဟယ် ပိုင်ရှင်......"
မမ မျက်နှာတွေ ငရုတ်သီးရည် ပတ်ခံရသလို နီရဲလာသည်။ ပိုင်ရှင် အထုတ်ကို ဘေးချကာ ဖိနပ်ကောက်၍ အိမ်ထဲကို ခပ်တည်တည် လျှောက်လှမ်း လာသည်။ တစ်ခွီခွီ ရယ်နေတဲ့ ညီ့ကို စိုက်ကြည့်လိုက်သေးသည်။ ပြီးမှ မမဆီ သွား၍
"ရော့ သွန်း ဖိနပ်လား"
"အား....အားနာလိုက်တာ ပိုင်ရှင်ရယ်"
"ဟား...ဟား....အားနာစရာလား  ဖိနပ်က မျက်စိမှ မပါတာ မျက်စိ ပါတဲသူ ရှောင်ပေါ့"
"သားသား နင် မပြောနဲ့ နင့်ကြောင့် ဖြစ်ရတာ
ဒီမှာ ပိုင်ရှင့်နဖူး နီရဲနေပြီ အားနာလိုက်တာ"
ညီက  နဖူးကို ကြည့်ကာ အဆက်မပြတ် အော်ရယ်သည်။ပိုင်ရှင် လက်ဖျံမှ သွေးကြောများ စိမ်းလာသည်။ လည်ပင်းကြောတွေ ထောင်နေသည်။
"ပိုင်ရှင် ခဏနော် သွန်း ...."
မမ သူကိုယ်သူ ငုံ့ကြည့်၍ မခို့တရို့စကား ဆိုသည်။ ဒီတော့မှ ပိုင်ရှင့် မျက်နှာက ရဲတွတ်သွာကာ မျက်နှာကို တစ်ဖက်လွဲ၍ ခေါင်းညိတ်သည်။ ရေသဘတ်ခြုံသည့် မိန်းမပျိုနဲ့ ယောကျာ်းလူပျို ရှက်တော့ ရှက်စရာ။ မဆီမဆိုင် ထိုင်ဟားနေတဲ့ ညီတေဇကို နှစ်ယောက်လုံး မျက်စောင်းခဲကြသည်။
လွဲတတ်တဲ့ သွန်းမူယာကလည်း ရှက်နေကာမှ ဒေါင့်ဖိနပ် ခလုတ်တိုက်ကာ မှောက်ခုံ လဲကျနေသေးသည်။
ဝါးလုံးကွဲ ဗိုက်ကိုနှိပ် ခြေနှစ်ဖက် စောင့်ကာ ထိုင်ရယ်နေတဲ့ ညီနဲ့ ပိုင်ရှင်သာ ဧည့်ခန်းထဲမှာ ကျန်ခဲ့သည်။
"ပိုင်ရှင် မင်းမျက်နှာကလည်းကွာ တည်သီးမှည့်ကြီး ကျနေတာပဲ စိတ်မပူနဲ့ မမလည်း မျက်နှာ မီးတောက်နေလောက်ပြီ ဟား...ဟား"
ပိုင်ရှင်လုံးဝ မရယ်ခဲ့။
"ဘယ်လိုပဲ အစ်မလို့ ပြောပြော မိန်းကလေးတစ်ယောက် အရှက်ကွဲတာ ထိုင်ဟား စရာလား ညီ "
"ရယ်စရာတွေ့တာ  မရယ်လို့ ငိုရမှာလား"
"မင်းက လှောင်နေတာနဲ့ တူနေတယ်"
ရှက်စိတ်ဒေါသကြောင့် ပိုင်ရှင့်အသံ တင်းမာနေသည်။
"ပြောပါဦး မင်းက အထုတ်ကြီးနဲ့ မမကို လာခိုးတာလား"
"ညီ မင်းကလေ ပြောလေကဲလေ ပါလား အဓိပ္ပါယ်မရှိတာကို စ,စရာလား"
"အဲ့ဒါဆို ဘယ်သူ့ လာခိုးတာလဲ"
ပိုင်ရှင် စိတ်တိုတော့ ညီက ပိုစ ချင်နေသည်။
"မင်းကို......."
"ဘာ......."
အချိုရည်ဗူးဖွင့် သောက်နေတဲ့ ညီ အချိုရည် သီးသွားသည်။ နားထဲကို လျှပ်စီးလိုက်သလို တစ်ကိုယ်လုံး ကျဉ်သွား၏။
"စာလာသင်တာ"
"ဘာ....ဘာ ပြောတယ် ပိုင်ရှင်"
"မင်းကို ကိုယ်ဖိရင်ဖိ နေ့မနားညမအိပ် အနီးကပ် စာသင်ပေးဖို့ လာတာ ကျောင်းဖွင့်တာ တစ်လလောက် ရှိနေပြီ စာတစ်လုံးမှ မကျက်သေးဘူးဆို"
"သေလိုက်ပါလား မင်းကို ဘယ်သူခေါ်လို့လဲ မလိုဘူး ပြန်သွား"
"အန်တီတို့ရော...."
ညီ့ကို ဂရုမစိုက် မေမေတို့ကို မေးနေသော ပိုင်ရှင်နဲ့ ညီဟာ တစ်အိမ်တည်းမှာ နေ့စဉ်အမျှ တွေ့ရမည်တဲ့လား။ ဒီလို အပူတပြင်း သင်တတ်တဲ့ ဂိုက်မျိုးနဲ့ ညီ မသင်ချင်ပါဘူးလေ။
"ပိုင်ရှင် ငါအရမ်းဆိုးတာနော် အိပ်ရင်လည်း စင်္ကြာပုံ လှည့်ပြီး အိပ်တာ။ ရေချိုးရင် နှစ်နာရီ ကြာတယ်။ အိမ်သာ တက်ပြီးရင်လည်း ရေဆွဲ မချဘူး။ မင်းငါနဲ့ နေနိုင်မှာ မဟုတ်ဘူးနော်။ စေတနာနဲ့ သတိပေးတာ မေမေတို့ မလာခင် မင်းပြန်တော့"
"ငါက ကိစ္စတစ်ခုကို လုပ်ပေးပါမယ် ကတိပေးပြီးရင် ဖျက်တတ်ဘူး။ ကိုးတန်းအောင် , အောင် သင်ပေးပြီးပြီပဲ ဆယ်တန်းလည်း သင်ပေးရမှာပေါ့"
အရယ်လွန်ရင် ငိုရတတ်တယ်တဲ့။ညီတစ်ယောက် ငရဲမကျခင် အူတက်အောင် ရယ်ခဲ့မိတာ နောင်တရလိုက်တာ။
"ငါ ရှိကြီးခိုးပါရဲ့ကွာ အေးအေးဆေးဆေး နေပါရစေ မင်းလည်း အေးအေးဆေးဆေး ပြန်ပါတော့"
ညီ့ကို လှောင်သလို ပြုံး၍ ကြည့်ကာ အထုတ်ဆွဲ၍ လျှောက်သွားသည်။
"ပိုင်ရှင် ခြံပေါက်က ဒီဘက်မှာလေ"
"မင်းအခန်းထဲ ငါ့ အထုတ်တွေ နေရာချမလို့"
"ပိုင်ရှင်......"
ညီ မျက်လုံးစုံမှိတ် အော်ချသည်။
"ဒီည သင်္ချာ စတွက်ကြတာပေါ့ ညီ"
ပြုံးစစ မျက်နှာကို ပြေး၍ ဆွဲကုပ်မိရင် ဖေဖေတို့ ပြန်လာရင် ကံဆိုးသူ ညီတေဇ ဖြစ်ပေတော့မည်။
ခဏအကြာ ဖေဖေတို့ ရောက်လာသည်။ စုံစုံညီညီ မိသားစု ထမင်းဝိုင်းမှာ ဘုန်းပိုင်ရှင်က ပါလာခဲ့သည်။ ဖေဖေတို့က နွေးထွေးစွာ သူ့သား ဘဝတစ်ခုလုံး ပိုင်ရှင့် လက်ထဲ အပ်သလို ပြောဆိုနေကြသည်။
နဖူး အာလူးထတာတောင် မမှတ်သေးတဲ့ ပိုင်ရှင့်ကို ဘယ်လို လုပ်ရပါ့ ညီ တွေးနေမိသလို။
နွေးထွေစွာ ကြိုဆိုခြင်းအား ဘယ်လို စာသင်ပေး၍ တုံ့ပြန်ရမလဲ တွေးနေသည့် ဂိုက်ဆရာလည်း ရှိသည်။
ကြိတ်သဘောကျရသူရှေ့ ရေချိုးခန်းအထွက် ပုံစံနဲ့ မှောက်ယက်လဲကျထား၍ ဒေါက်ဖိနပ်နဲ့ ကောက်ပေါက်မိသူ တစ်ယောက်ကလည်း မျက်နှာမထားတတ်အောင် ဖြစ်နေလေသည်။
ကပျက်ကချော် မောင်နှမကြား အမောင်ဖူစာရေးနတ်တော့ မြှားပစ်လမ်းကြောင်း တည့်အောင် ချိန်နိုင်ပါ့မလားလေ။
ဒီတစ်ခါတော့ မြှားပစ်သူ ဖူစာရေးနတ် ထိလေသူ ဘုန်းပိုင်ရှင် ညှိသွားသူကား.........။
____________________________________________________________________________
AN/ ပိုင်ရှင့်အကြောင်းကို ညှပ်၍ ဖော်ပြမှာမို့ စာဖတ်သူတွေက ဥာဏ်စပ်၍ ဆက်လက် သရုပ်ဖော်ပါ။ နားမလည်ပါက ထောက်ပြနိုင်သည်။
လူငယ်ဆန်ဆန် ဇာတ်ကြော ရှင်းရှင်း အကွေ့အကောက် အတက်အကျ နည်းမှာပါ။
ဒါပေမယ့် နောက်ပိုင်း အရမ်းကောင်းသွား လိမ့်မယ်။ အခုက စဖတ်နေသူတွေ ကံကောင်းတယ်သာမှတ်။
###########################
Unicode
အချိန်တွေ ကုန်တာ မြန်လွန်းခဲ့သည်။
ညီလည်း စာကျက်ဖို့ ပျင်းရင်း ရည်းစားစာတွေ ခိုးရေးရင်း ပိုင်ရှင့်ကြောင့် တစ်ပွဲထိုး စာကျက်တတ်တဲ့ အကျင့်တွေ ဖြစ်ရင်း ကိုးတန်း စာမေးပွဲအောင်၍ ဆယ်တန်းကို ရောက်လာခဲ့သည်။
ကိုယ်တိုင် စာမကျက်တတ်တဲ့ ညီ့ အကျင့်ကြောင့် မာတာမိနှင့် ဖားသာဖက ပိုင်ရှင့်ကို အတင်းတွေ စင်တော်ကကောက်ချင်နေကြသည်။
"မေကြီး မင်းရဲ့သားက ဘုန်းပိုင်ရှင်နဲ့မှ စာလုပ်တဲ့ကောင် ငါတို့ ဘုန်းပိုင်ရှင်ကို ခေါ်မှ ရမယ်"
"မေကတော့ အိမ်မှာကို ခေါ်ထားချင်တာ "
"ငါလည်း အဲ့ဒီလို လုပ်ချင်တာ ဘုန်းထက်နွေကို တောင်းဆို ကြည့်ရမှာပဲ"
"မေ ပါလိုက်မယ် အိမ်ထိ သွားပြောကြတာပေါ့ မျက်နှာမြင်ရင် ပိုပြီး အားနာရတယ်"
ပြောပြောဆိုဆိုနဲ့ ဘဝင်တော်ကျ အိမ်ပေါ်ကိုကြွပါဟု ဖိတ်ခေါ်ဖို့  ဘုန်းပိုင်ရှင်အိမ်တော်ကို ကားကလေးနှင့် အပြေးနှင်လေသည်။
ဂိမ်းဆော့နေတဲ့ ညီတေဇတော့ မသိရှာ။ လွန်ခဲ့တဲ့ နှစ်ရက်က
"မေကြီး သူ့ကို အိမ်ခေါ်သင်လို့ကတော့ သား ကတုံးတုံးပြီး ဘုန်းကြီးစာပဲ သွားသင်တော့မယ်"
"ကောင်းတာပေါ့ မေမေ ရဟန်းဒါယိကာမ ဖြစ်တာပေါ့ သားသားရယ် "
"မေမေ သားလိမ္မာပါ့မယ် သားကို ဇေသုခလို ဘော်ဒါသာ ပို့လိုက်ပါနော်"
"နင်တို့ နှစ်ယောက်က သရက်သီးလို အခိုင်လိုက် ကြီးလို့ လှတဲ့ အသီးမဟုတ်ဘူး ဘူးသီးလို ပုပ်မယ့် အသီးတွေ ပူးထားလို့ ကောင်းတဲ့ အရာမှ မဟုတ်တာ။ ခွဲထားမှ တော်ကာကျတာ"
"မေမေ သားကို မသနားဘူးလား"
မေမေက ရယ်သွေး၍ ခေါင်းခါရမ်းကာ ထွက်သွားသည်။ ကိုရီးယားက ကြည့်နေတဲ့ မမက
"သနားစရာ ငါ့မောင်လေ ရေမရှိတဲ့ချောင်းမှာ ရေကူးရင်း ရေနစ်နေသလိုပါပဲလား"
"မမ နင် ပျော်နေတာမလား နင့် မတော်ရသေးတဲ့ ရည်းစားလောင်းလျာ အိမ်လာတော့မယ် ဆိုပြီး"
"သေလိုက်ပါလား ဘာ ရည်းစားလောင်းလျာလဲ"
"နင်မကြိုက်ဘူးလား"
"ကြိုက်တာတော့ ကြိုက်တာပေါ့"
"အဲ့ဒါများ ရှက်ပြနေသေးတယ် လူကြည့်တော့ ပိုင်ရှင့် ပေါင်လောက်ရှိတဲ့ အရပ်နဲ့များ"
"သားသား....."
မကြာခင် ပျံဝဲလာတော့မည့် မုန့်ခွံများကို ရှောင်ရန် ညီ ပြေးထွက်လာခဲ့သည်။ ဘာပဲ ဖြစ်ဖြစ် ညီထင်ခဲ့တာ တစ်ကယ် ပိုင်ရှင့်ကို ခေါ်ဖြစ်ရင် သူ့ကို တိုင်ပင်ဦးလိမ့်မယ်ဟုပင်။
____________________________________________________________________________
"သားလေးရယ် ဖဝါးနဲ့မနာ နားနဲ့သာ နာပါ။
အန်တီတို့တော့ ရှေ့မျက်နှာနောက်ထား တောင်းဆိုပါရစေ"
"ဗျာ ဘာဖြစ်လို့လဲ အန်တီ"
ဗြုန်စားရောက်လာပြီး လက်ဖဝါးကို ဆုပ်နယ်၍ ပခုံးလေးဖက်ရင်း တောင်းဆိုနေတဲ့ ညီ့မေမေကြောင့် ပိုင်ရှင် လန့်နေမိတာတော့ အမှန်။
ဦးနွေနဲ့ ပြောနေရင်းက ပိုင်ရှင့်ကို လှမ်းခေါ်ခြင်း ဖြစ်သည်။ ဦးနွေရဲ့ ပြုံးစိစိ မျက်နှာက မသင်္ကာစရာပင်။
"သားရယ် အန်တီတို့ရဲ့အိမ်မှာ တစ်နှစ်လောက် လာနေပေးပါလား။ ပညာရေးပါရမီဖြည့်တယ်ပဲ သဘောထားပြီး လာနေပေးပါလားကွယ်"
"ဗျာ......"
ဦးနွေကို တစ်ချက် လှမ်းကြည့်မိသည်။ ဦးနွေ အပြုံးမပျက် ဝင်ရှင်းပြသည်။
"ဒီလို ပိုင်ရှင်ရေ ညီတေဇ ဆယ်တန်းကို မင်းက အိမ်မှာ အနီးကပ် သင်ပေးစေချင်တာ"
"အနီးကပ်ဆိုတာက"
"အန်တီတို့အိမ်မှာ သားလေးနေ ကျောင်းစရိတ် ထမင်းချိုင့် အကုန် အန်တီတို့ ပေးပါ့မယ် ။ အဝတ်လည်း လျှော်ပေးမယ်။ အိမ်က သားသားနားမှာ အနီးကပ် စာသင်ပေးဖို့ပါ။
အကူအညီပေးတယ်လို့ သဘောထားပါကွယ်"
"အိပ်....အိပ်ရင်ရော"
"အိမ်မှာပဲ အိပ်ပေါ့ သားလေးရယ် သားသားအခန်းက အကျယ်ကြီးပါ ကုတင်ကလည်း အကြီးကြီး"
ပြန်မေဖြမိ ရယ်ရင်းသာ ခေါင်းကုပ်နေမိသည်။ ဒီနှစ်တော့ ဂိုက်မသင်ဘဲ သင်တန်းတက်ဖို့ ချိန်ရွယ်ထားပြီးပြီ ဖြစ်သည်။ ညီ့ကို သင်ပေးရမယ် ဆိုတော့ ဒီလောက်ဆိုးတဲ့ကောင်ကို အောင်အောင် သင်နိုင်မလား လက်တည့် စမ်းချင်မိသည်။ မတည့်အတူနေရမည် ။ ဦးနွေနဲ့ ခွဲနေရမည်ကို မဝံ့မရဲ  ဖြစ်နေသေးသည်။
"ကဲ ကျွန်တော့်တူကို နားချ ကြည့်ပါဦးမယ် ပြီးမှ အကြောင်းကြားမယ်လေ အခုတော့ ကော်ဖီလေး သောက်ပါဦး"
"တော်ပါပြီ ဘုန်းထက်နွေရာ ငါတို့ သားသားအတွက် မင်းတူကို စည်းရုံးပေးပါ ကျေးဇူးမမေ့ပါဘူးကွာ"
ညီ့ဖေဖေက ဝင်ပြောသည်။ နှစ်ယောက်သားရဲ့ စကားဝိုင်းက စီးပွားရေးဘက် ဦးတည်သွားပြီး ပိုင်ရှင့်ဘေးမှာ တတွတ်တွတ် အကူအညီ တောင်းနေတာက ညီ့ မေမေ။ ပိုင်ရှင် အားနာလာခဲ့၍ လာသင်မည့်နေ့ကိုပါ ကတိပေးသည်အထိ ဖြစ်သွားခဲ့ရသည်။
ဦးနွေရဲ့ စည်းရုံးရေး တရား ထပ်နာစရာ မလိုတော့တာ သေချာလေပြီ။ မကြာခင် အိမ်ပေါ်က နှင်ချမည့်သူမရှိဘဲ အထုတ်ဆွဲဆင်းကာ သူတစ်ပါးအိမ် ကပ်နေရမည့်လမ်း ပိုင်ရှင်ကိုယ်တိုင် ရွေးချယ်မိလျက်သား ဖြစ်နေသည်။
"ပိုင်ရှင် သူများအိမ်မှာ နေရမှာ အဆင်ပြေရဲ့လား"
"ဦးနွေကလည်း ကလေးမှ မဟုတ်တာ အဝေးကြီးသွားရမှာလဲ မဟုတ်ဘူး။ ဟိုဘက် ရပ်ကွက်တင်ကို အဆင်ပြေမှာပါ ဦးနွေသာ တစ်ယောက်တည်း ဖြစ်ရဲ့လား"
"ဦးနွေက တစ်ယောက်တည်း နေခဲ့ဖူးတာပဲကို"
_______________________
ဦးနွေ မျက်ဝန်းတွေ အုံ့မှိုင်းလာသည်။ အတိတ်က အရိပ်တွေကို ပြန်မြင်နေရ၏။ ပိုင်ရှင့်ကို သူ့ဘဝထဲမှ  ခွဲခွာဖို့ရာ ကြုံခဲ့ဖူးသည့် အရိပ်ဟောင်း........
ပိုင်ရှင်ဆိုတဲ့ ကလေးဟာ သူကိုယ်တိုင် နာမည်ပေးကင်ပွန်းတပ်ခဲ့တဲ့ အရင်းနှီးဆုံး သူငယ်ချင်းနှစ်ယောက်၏ သားငယ်။
တက္ကသိုလ် ကျောင်းပျော်ကြီး ပိုင်ရှင့်ဖေဖေနဲ့ ဘုန်းထက်နွေတို့ ခင်မင်ခဲ့ကြသည်။  ပိုင်ရှင့်မေမေနဲ့ ညားပြီး နောက်ပိုင်းလည်း အခင်အမင် မပြတ်ခဲ့။
အဆင်မပြေ ကွာရှင်းပြတ်ဆဲ ကြတော့လည်း ကြားဝင်စေ့စပ်ပေးခဲ့သည်။ အဖြူနဲ့ အမဲလို အယူအဆ ကွာခြားလွန်းနေတဲ့ နှစ်ယောက်ကြား ဘယ်လိုပေါင်းကူးတံတားမှ ဝင်၍ မရခဲ့။
နောက်တော့လည်း ပိုင်ရှင့် မေမေ နိုင်ငံခြား ထွက်သွားခဲ့သည်။ သားဖြစ်သူကို တိုင်းတစ်ပါးသား မဖြစ်စေလိုတဲ့ ဖခင်မေတ္တာ နဲ့ မိခင်ရဲ့နားလည်ပေးမှုတို့ကြောင့် ကလေးဟာ တိုင်းတစ်ပါးဆီ မရောက်ခဲ့။ သားဖနှစ်ယောက် သာရှိသော အိမ်ကို ဘုန်းထက်နွေ လာနေခဲ့သည်။
ဖခင်ဖြစ်သူ မရှိတော့တဲ့ နောက်တော့ ပိုင်ရှင့်မေမေ ရောက်လာခဲ့သည်။
"ဘုန်းထက်နွေ ငါ့သားကို ငါပြန်ခေါ်တာ နင်က ဘာတွေ ဝင်တားနေတာလဲ"
"ကလေးရဲ့ ဆန္ဒကိုမေး အစ်မရာ ကလေးက လိုက်ချင်ရဲ့လားလို့"
ဆယ်တန်းအရွယ်ကလေးကို အလယ်မှာ ထား၍ အခြေအတင် ပြောဆိုနေကြသည့် ဦးနွေနဲ့ ပိုင်ရှင့်မေမေ။
ဘုန်းထက်နွေဘဝရဲ့ တစ်ဦးတည်းသော သံယောဇဉ်ကို ရင်ဘက်မှ နှုတ်ယူဖို့ ကြိုးစားနေသူကို မဆိုင်မပိုင်တဲ့သူမို့  တားခွင့်က မရှိ။ ဖခင်မရှိက မိခင် ခေါ်ယူခွင့် အပြည့်ရှိသည် မဟုတ်လား။
"သား ပထွေးနဲ့ မနေနိုင်ဘူး မေမေ"
"သား....."
"ဦးနွေနဲ့ပဲ နေမယ်"
ကလေးရဲ့ ဝင်ပြောတဲ့ စကား ဘုန်းထက်နွေ အတွက် အားရှိခဲ့ပေမယ့် ဆိုင်သူပိုင်သူက မရမက ခေါ်သွားခဲ့သည်။ အထီးကျန်ခဲ့ရတဲ့ နေ့ရက်တွေ ဟာ အဲ့ဒီနေ့က စခဲ့သည်။
ရုံးက ပြန်လာချိန် စာကျက်နေတဲ့ ကလေးအသံ။
ဦးနွေဟု ဆီးကြိုနေမည့် အသံ။ ရုံးပိတ်ရက် စာအုပ်ဆိုင် လိုက်ပို့ပေးရတဲ့ တာဝန်တစ်ခု။ နေ့စဉ်ဘဝက တစ်ခုခုလိုနေခဲ့တဲ့ နေ့ရက်တွေကို ဘုန်းထက်နွေ မုန်းတီးခဲ့သည်။
သို့ပေမယ့်.....သို့ပေမယ့်လေ မေတ္တာတရားဆိုတာ ရောင်ပြန်ဟပ်တတ်တဲ့ မမြင်ရဘဲ ထုထည်ကြီးမားသော စွမ်းအားဖြစ်လိမ့်မည်။
ရုံးပိတ်ရက် ဒန်းပေါ်  စာဖတ်နေစဉ် ခြံဝမှ ကြားလိုက်ရတဲ့ ခေါ်သံ
"ဦးနွေ....."
ဒီကလေး ပြန်လာခဲ့သည်။ အမေဖြစ်သူ ကိုယ်တိုင် စိတ်ချလက်ချ လာပို့ပေးခဲ့ခြင်း ဖြစ်သည်။
"ဦးနွေ.....ဦးနွေ....."
လက်မောင်းကို ပုတ်ရိုက်တော့မှ အသိစိတ်က အတိတ်မှ နိုးထလာသည်။
"ဦးနွေ အဆင်ပြေရဲ့လားလို့"
"မင်းသာ အဆင်ပြေရင် ပြီးရော ပညာရေးပါရမီ ဖြည့်ပေးတယ်ပဲ သဘောထားပေါ့ ပိုင်ရှင်ရာ"
"အင်း....အန်တီ့ကို အားနာလို့ပါ
You are reading the story above: TeenFic.Net