Zawgyi
"Hello my Little Son"
"မေမေနေကောင်းလား"
"Mommy......"
______________________________________________________
"ညီ မင်းဘာလာလုပ်တာလဲ"
လာပေးရတာ "
"ပြောစမ်းပါဦး....."
"ညီ......မင်း....."
"ပိုင်ရှင် မင်းကလည်း ဆန်းပါ့နော် မွေးနေ့မှာ ဒါမျိုးစားချင်ရတယ်လို့ ဝက်နံရိုးကင်တို့ ဟော့ပေါ့တို့ စားချင်ပါလား"
ညီ့ စကားကို ပိုင်ရှင် မဖြေအား
"ဦးနွေ ချက်တာပဲ စားချင်တဲ့ဟာကို"
"ငါ့မေမေက ရှမ်းပြည်က ချက်နည်း သင်လာတာနော် မင်းမစားချင်ရင် မစားနဲ့ စေတနာကို ကတ္တာရာလုပ်ပြီး ခြေဆင်း လမ်းလျှောက် လာမပြောနဲ့"
"ဦးနွေ ကြောင့် အန်တီတို့ ပင်ပန်းတော့မယ်"
ညီတစ်ယောက် အဖက် လုပ်သူ မရှိဘဲ တစ်ယောက်တည်း ရှင်းပြနေသလို ဖြစ်နေ၍
ပိုင်ရှင့်လက်ကို လှမ်းဆွဲ လိုက်သည်။ ဦးနွေက မီးဖိုခန်းမှာ ချိုင့်တွေ လှယ်နေပြီ။
"မင်း ငါပြောနေတာ မကြားတာလား ကန်းနေတာလား"
"မကြားချင်ယောင်ဆောင်နေတာ"
"ဘာပြောတယ်"
"မင်းလာပို့တဲ့ဟာ ငါစိတ်ချ လက်ချ စားရမှာပါနော်"
ဆွဲထားတဲ့လက်ကို ရုန်းထွက်၍ မယုံသလို မျက်နှာနှင့် မေးတဲ့ပိုင်ရှင့်ကို အမြင်ကပ်လာသည်။
"မစားနဲ့ အယ့်ထဲမှာ ကြွက်သက်ဆေးရော ချီးပန်းဆေးရော အိပ်ဆေးရော ထည့်ထားတယ်"
ညီစကားကြောင့် အိနြေ္ဒမထိန်းနိုင် ချိုင့်လှယ် ပြီးပြီးချင်း စားနေတဲ့ ဦးနွေ သီးသွားသည်။
"ဦးနွေ အခြေအနေ"
စာနေလက်စ ဇွန်းတန်းလန်းနဲ့ အပြူးသား ဖြစ်နေတဲ့ ဦးနွေကို လှမ်းမေးကြည့်သည်။
"အခုထိတော့ ဗိုက်လည်း မနာသေးဘူး အသက်ရှူလို့ ရသေးတယ်"
"စကားကို မြိုမကျအောင် ပြောရမှ ကျေနပ်မှာလား ညီ"
"စာစကားသာ မပြောခဲ့ရင် ငါဒီလို ပြောခဲ့မှာ မဟုတ်ဘူး"
ဆက်ဆက်ထိ မခံ ပြန်ပြောနေတဲ့ ညီ့ကို ဦးနွေ သဘောကျစွာ ရယ်သည်။ ပိုင်ရှင်တော့ စိတ်ပျက်စွာ ခေါင်းတွင်တွင် ရမ်းမိနေသည်။
"ပိုင်ရှင်လည်း အဆင်ပြေ ညီတေဇလည်း အဆင်ပြေအောင် ဦးနွေ စီစဉ်ပေးမယ်"
"မအေးအေးဝင်း စီစဉ်သလို စိတ်ချမ်းသာ စရာလေးတွေ ကြားချင်ပါတယ် ဦးနွေ"
"အေးပါ ဟုတ်ပါပြီကွာ ပိုင်ရှင်လည်း မွေးနေ့ ဘုရားသွားဖြစ်အောင် ညီတေဇလည်း စာမသင်ဘဲ အောင်မြေလေး ဘာလေး နင်းရအောင် တို့တူရီး သုံးယောက် ညနေ ရွှေတိဂုံဘုရား သွားကြမလား"
"ဦးနွေ အရှုပ်ထုပ် လက်ပိုက် သွားမလို့လား"
ပိုင်ရှင် ဝင်တားတော့
"ကောင်းသားပဲ အခန်းထဲပိတ် စာ လေးနာရီ ငါးနာရီ သင်မှာထက် စာရင် ဒါဆို ညနေ ဘယ်နှစ်နာရီလဲ "
ညီက ထောက်ခံသည်။
"ငါးနာရီလောက်ပေါ့ ဟိုရောက်တဲ့အချိန် ညနေစောင်း အေးအေးလေး "
"ဘုရားပေါ်တက်တိုင်း တောင်းတဲ့ဆု ဒီဘဝ သည်မျှနဲ့ ရေစက် ပြတ်ပါစေ"
ဦးနွေ ချပေးလာတဲ့ ချိုင့်ကို ယူရင်း ပိုင်ရှင့်မျက်နှာနား ကပ်၍ ပြောပစ်ခဲ့သည်။
"ဘုရားတောင် အတူတူ သွားပြီမှ ရေစက်က နောင်ဘဝထိ ဆက်သွားမှာ မဟုတ်ဘူးလား"
"ထွီ......"ဟု ပြန်ပြောပြီး ထွက်လာခဲ့သည်။
ဒီလိုနဲ့ တစ်ရက်တော့ စာကျက်ရ သက်သာတော့မည်။
_________________________________________________________
ဘုန်း တူနောင်နဲ့ ဘုရားသွားရမယ်ဆိုတော့ မံမီရုပ်ထုတွေ အသက်သွင်း ကစားနေရသလို ပျင်းစရာ ကောင်းမှာ ကြိုသိနေ၍ ဇေသုခကိုပါ ခေါ်ထားလိုက်သည်။
ဇေသုခကလည်း ပိုင်ရှင့်ကို တွေ့ဖူးချင်နေသည်လေ။ ပိုင်ရှင်တို့ ကားရောက်လာတော့ ဆင်းလာသူ နှစ်ယောက်
လည်ကတုံးအဖြူ လက်ရှည်နဲ့ ပုဆိုး အကွက်စိတ်စိတ် ဝတ်ထားကြသည်။ ဦးနွေက လက်ဖျားတွေ ခေါက်တင် ထားပေမယ့် ပိုင်ရှင်က လက်ဖျားရင်းထိ ကြယ်သီးတပ်ထားသည်။
ထန်းပင်က သန့်ပြန့်ချင်ယောင်ဆောင် နေသည်။
ညီတို့ကတော့ လူငယ် ပီပီ တီရှပ်နဲ့ ဂျင်းရှည်ကိုသာ ဝတ်ထားသည်။
"ဘုရား သွားတာ လုံချည်လေး ဘာလေး မဝတ်ဘူးလား ညီ"
"သုံးမိနစ် တစ်ခါ မင်းပြင်ဝတ်ပေးမလား"
" ပလက်စတစ်ကြိုးနဲ့ ချည်ထားပေါ့"
"သောက်ကျင့်ကိုက ရုပ်လေးနဲ့ မလိုက် ပုပ်ပွနေတယ်"
"သားသား ကိုယ့်ကို စာသင်ပေးတဲ့ လူကို အယ့်လို မပြောရဘူးလေ "
အဲ့ဒါပါပဲ ဖေဖေတို့ ဝင်တားနေလို့ အဲဒီကောင် နေရာတကာ ဆရာလုပ်နေတာ။
"ကဲ သွားဦးမယ် ဗျာ ကျွန်တော်တော့ ကလေးထိန်းပေါ့ မိုးချုပ်ရင်တောင် စိတ်ချပါနော်"
ဦးနွေ ဝင်ပြောတော့ အိမ်က ထွက်ရသည်။ ဇေသုခတော့ တဖြဲဖြဲနှင့် ဦးနွေကို ဖြဲပြနေသည်။
(သွားပြောပါတယ်)
ကားပေါ်တက်တော့ ဇေသုခ ရှေ့ခုံဆီ အပြေးဝင် ထိုင်၍ ပိုင်ရှင်နဲ့ညီက အနောက်ခန်းမှာ။
ခွေးနဲ့ ကြောင် နောက်ခန်းထဲ ထည့်ထားသလို တွေ့တာနဲ့ ကုပ်ချင် ခဲချင်နေသူ နှစ်ယောက် တော့ တွေ့လေပြီ။
"အဲကွန်း ဖွင့်ပါလား ဦးနွေ"
"သဘာဝလေ လေးပဲ ကောင်းပါတယ် ကားမှန် ချလိုက် ဦးနွေ"
မပြောခဲ့ဘူးလား။ ရေနဲ့ကော်လို အစေးမကပ် ပါဘူးဆို။
"ညနေခင်း လေပြေလေး အေးပါတယ် "ဆိုသော သုံးမဲ တစ်မဲ နှင့် ဓာတ်ငွေ့နံ့ရောနေတဲ့ သဘာဝလေ ခံစားလိုက်ပါခဲ့ရသည်။
"ပိုင်ရှင်....."
ခေါ်သည်ကို အဖက် မလုပ် ။ တောမျောက် မြို့ထဲ ခေါ်လာသလို အပြင်ကို အငမ်းမရ ငေးကြည့်နေသည်။
"ပိုင်ရှင် မင်း မမ ဖုန်းနံပါတ်ကို တောင်းတယ်ဆို ဘာလုပ်ဖို့လဲ"
"သိချင်လို့လေ"
"အဲ့ဒါတော့ မင်းပြောမှလား ဘာလို့ သိချင်တာလဲ လို့"
"မင်းကရော ဘာလို့ မေးနေတာလဲ"
"နှမလင်နေ မောင်ဖင်ကြိမ်းတဲ့ ငါ့အစ်မကိစ္စ ငါစိတ်ပူလို့ပေါ့"
"စိတ်ချ မင်းဖင်ကြိမ်းအောင် ငါမလုပ်ဘူး"
"ပိုင်ရှင်......"
စိတ်တိုစွာ ထအော် မိသည်။ ရှေ့ခန်းက နှစ်ယောက်က အငြိမ့်ပွဲ ရောက်နေတယ် မှတ်လားမသိ။ တခွီခွီနှင့်။ ပိုင်ရှင်က မျက်လုံး စုံမှိတ်ချ၍ ပြုံးနေသည်။ အဲ့ဒီ ချိုင့်ဝင်နေတဲ့ မေးစေ့ ဟောင်းလောင်းပေါက်သွားပါစေဟု ဆုတောင်း ပစ်လိုက်သည်။
________________________________________________________
"ညီတေဇရဲ့ အရမ်းဆိုးတဲ့ ဂိုက်ဆရာ ဦးလေးကြီးရဲ့ တူမှန်း မသိခဲ့ဘူး"
ဇေဇေ ပြောတော့ ဦးလေးကြီး ပြုံးသည်။ ပါးချိုင့်ကြီးတွေက အေးချမ်းသော အသွင်ဆောင်နေသည်။
ဘုရားပေါ် ရောက်သည်နှင့် သောကြာသား နှစ်ယောက်ကို သောကြာထောင့်မှာ ပစ်ထားခဲ့၍ ဇေဇေတို့ အနောက်ဘက် စောင်းတန်းဆီ ထွက်လာခဲ့သည်။
"ကလေးရော စာတွေ လိုက်နိုင်ရဲ့လား"
"အင်း လိုက်နိုင်ရုံမကလို့ ကျော်တောင် တက်သွားသေးတယ်"
"ဟင်.....ဒါဆို စာတွေ ကျန်ခဲ့ပြီလို့ ပြောချင်တာလား"
"အာ........."
ဇေဇေ ဗိုက်ကလေး နှိပ်၍ အော်ပြလိုက်သည်။ စာအကြောင်းဆို ဆက်မပြောချင်၍။
"ကလေးပေါက် ဗဟန်း(၃)လမ်း သွားပြီး ဦးလေးကြီးတို့ မုန့်စား ကြမလား"
အလိုက် သိတတ် လွန်းတဲ့ ဦးလေးကြီးပါဆို
ဇေဇေ ပြုံးလိုက်မိသည်။
"ကလေးပေါက်တဲ့ ဦးလေးကြီးနဲ့ တွေ့မှပဲ လူလည်း အရမ်းငယ် သွားသလိုပဲ"
"အရမ်း ငယ်တာပဲ မဟုတ်ဘူးလား"
"ဟီး....ဟုတ်လည်း ဟုတ်တာပဲ ဦးလေးကြီး ဝယ်ကျွေးမှာမလား"
"မဟုတ်ဘူး ကလေးပေါက်ကို ရောင်းစားခဲ့မှာ"
"ရောင်းစားရက်တယ်ပေါ့"
ခြေဆောင့်၍ ဇေဇေပြောတော့ နှာခေါင်းကို လက်နှစ်ဖက်ဖြင့် အသာလေး ညှပ်ဆွဲသည်။
ဇေဇေလည်း ဦးလေးကြီးနဲ့ တွေ့မှ ကလေးဆန်လွန်းနေတော့သည်။
"အမလေးဗျာ မလုပ်ရက်ပါဘူး တော်တော်ဆိုးဆိုးလေးတွေပဲ"
ပြောရင်း ဦးလေးကြီးက ပုခုံးကိုဖက်၍ လျှောက်ဆင်း လာခဲ့သည်။ မော်ကြည့်ရုံ မြင်နေရသော ဦးလေးကြီးကို ကြည့်ရင်း
ဘေးနားက ဖြတ်သွား ဖြတ်လာ လူတွေတောင် ဇေဇေ မမြင်နိုင် ဖြစ်ခဲ့ရသည်။
ဆိုင်ရောက်ရင် ဇေဇေက ဘာမှာရမလဲ မသိ ဖြစ်နေသည်။ ဦးလေးကြီးကပဲ အကုန် မှာပေးသည်။ ထမင်းပေါင်း လာချပေးတော့
ဦးလေးကြီး ကိုယ်တိုင် သမပေး၍
"ပူတယ်နော် ကလေးပေါက် ဖြည်းဖြည်းချင်း မှုတ်စား"
ရေခွက်ကို ရေကျင်း၍ အသင့်ငှဲ့ပေး ထားသည်။
"အရမ်းတွေ ဂရုစိုက် တတ်တာပဲနော် ဦးလေးကြီး ရည်းစားကတော့ သိပ်ချစ်နေမှာပဲ"
"ဟား....ဟား.....ဦးလေးကြီး အရွယ်က ရည်းစားထားတဲ့ အရွယ်လားကွာ"
"ဒါဆို ချစ်တဲ့သူရော မရှိဘူးလား"
"ကလေးတွေ အကုန် ချစ်တတ်တယ်"
ဦးလေးကြီးက ဇေဇေ့ကို ကြည့်ရင်း ပြန်ဖြေ လိုက်တဲ့ စကားကြောင့် ထမင်းသီးသွားသည်။
အကုန်တော့ မချစ်ရပါဘူးနော် ဟု ကြိတ်ပြော မိသည်။
___________________________________________________
ရန်ကုန်မြို့ကြီး ည မာကျူရီ မီးများဖြင့် လှနေတဲ့ အလင်းမကုန်သေးဘဲ အမှောင် ကျချိန်။ ရွှေတိဂုံ ဘုရားကြီးမှာလည်း လျှပ်စစ်မီးများ ထိန်ထိန် လင်းအောင် ပူဇော်ထားရာ ကျက်သရေတင့်စွာ သပ္ပါယ်နေသည်။
"မင်းကြောင့် ပိုင်ရှင် ဘုရား ရှိခိုးတာ အဲ့ဒီလောက် ကြာရလား ပြန်ပါမယ်ဆို သူ့အမျိုး ငှက်တွေပျံတာကို ဓာတ်ပုံက ရိုက်ချင်သေးတယ်။
ဘုရားပေါ် ငူငူကြီး ထိုင်နေတာက တစ်နာရီလောက် အခုတော့ ငါဘာမှ မစားရသေးဘဲ ပြန်ရတော့မယ်"
အေးစက်စက် လျှောက်လာတဲ့ ပိုင်ရှင့်ကို အားမလို အားမရ နောက်ပြန် သွားရင်း ညီ ပွစိပွစိ ရေရွတ်နေမိသည်။
"မင်း ဘာစားချင်လို့လဲ ပြောစမ်း ညီရာ ငါ ဝယ်ကျွေးမယ်"
"ဘာမှ မစားချင်ဘူး "
"အဲ့ဒါဆိုလည်း ဘာမှ မပြောနဲ့ မင်းနဲ့ အပြင် တစ်ညနေ ထွက်လည်ရတာ ငါ့နားတွေ အူတော့မယ်"
"ငါလည်း အသက်တိုတော့မယ်"
"ညီ......."
ဗြုန်းစား အော်ချ၍ ပိုင်ရှင် လက်တစ်ဖက်နှင့် ညီ့ကို အားပါပါ စောင့်ဆွဲ လိုက်တော့ ညီ့ကိုယ်လေး ပိုင်ရှင့် ရင်ခွင်ထဲ အလျဉ်းသင့်။ အချိုးကျကျ ရောက်သွားသည်တော့ မဟုတ်။ ဒုန်းခနဲ ဝင်စောင့်သံ ညီပါ ကြားလိုက်ရသည်။ အနောက်မှ ကလေးတစ်ယောက် ဖြတ်ပြေးသွား၍ ပိုင်ရှင်က လှမ်းဆွဲခြင်းဖြစ်သည်။
"လမ်းကို နောက်ပြန် လျှောက်ရမယ်လို့ မင်းကို ဘယ်သူ ပြောထားလဲ ညီ"
"မင်းကရော ဘာလို့ အနောက်မှာ ကျန်ခဲ့လဲ"
ပိုင်ရှင်က ဆွဲထားတဲ့ လက်ကိုလည်း မလွှတ်ပေးသေးသလို။ ညီကလည်း ရင်ခွင်ထဲက ရုန်းမထွက်သေးဘဲ စကားစစ် ဖြစ်နေပြီးမှ
"မင်းမနာ ဘူးလား ပိုင်ရှင်"
"အ....မနာဘဲ နေမလား အရမ်းနာတယ်ကွ လူခေါင်းမဟုတ်ဘူး အုန်းသီးခေါင်းနဲ့ အဲ့ဒါကြောင့် အစံချောင် နေတာ ဖြစ်ရမယ်"
"အကောင်းကို ပြောပေးဖို့ တွေးတောင် မတွေးရဲဘူး"
ညီ့စကား မဆုံးသေးခင် လက်တစ်ဖက်ကို ဆွဲခြင်း ခံလိုက်ရသည်။ ကားပါကင် ရောက်သည့် အထိ မလွှတ်ဘဲ ဆွဲခေါ်သွားတဲ့ ပိုင်ရှင့်ကြောင့် ညီလည်း
ခေါ်ရာ နောက် လိုက်ပါလာတော့သည်။
ရန်ကုန်မြို့ကြီးကတော့ မာကျူရီ မီးရောင်တွေနဲ့ လှပလျက်။ ကားလေး တစ်စီးလည်း အရှိန် ဖြည်းဖြည်းနဲ့ မောင်းနှင်လျက်။
ကားရှေ့ခန်းမှာ အဆီရစ်နေတဲ့ ကလေးပေါက် တစ်ယောက် အိပ်ပျော်နေသည်ကို ပြုံးကြည့်ရင်း
မောင်းနေတဲ့ ဦးလေးကြီး တစ်ယောက်ရှိသလို။
ကားနောက်ခန်းတွင် ပေါင်ပေါ်မှာ စူပုတ်ပုတ်နဲ့ အိပ်ပျော်နေတဲ့ ကောင်လေးကို ကြည့်ရင်း
"အသားညိုညိုနဲ့ မင်းက ကြည့်ကောင်းတယ် ညီ
မှေးစက်နေတဲ့ မျက်ခွံတွေပေါ်က မျက်တောင်ရှည် ကောကောကြီးတွေ သိပ်လှတယ် ညီ ကျေးဇူးတင်ပါတယ် ငါမွေးနေ့မှာ ခြောက်သွေ့မနေအောင် ဆူညံပေးခဲ့လို့"
ညလေအေးက ကားပြတင်းပေါက်ဆီက အရှိန်နဲ့ တိုးဝှေ့နေသည်။ ဦးနွေက ရေဒီယို ထဖွင့် လိုက်ရာ လာနေတဲ့ သီချင်းသံမှာ
အိမ်ပြန်ချိန်တွေ အတူလျှောက်လည်××××××××
နေဝင်ချိန်ဆို အတူရှိမယ်×××××××××××××××
____________________________________________________________________________
AN/ မျက်စိနောက်နေကြမှာပဲ။
မုဝင်နေချိန်မို့ပါ။❤ အားတော့ မရှိဘူး ရေးရတာ
အားပေးသံတွေ တိတ် နေသလို။
HanLaypyayOo94ရေ Happy Birthdayပါ။ ကိုယ် bdရေးမယ့် plotနဲ့ မင်းမွေးနေ့တဲ့ တိုက်ဆိုင် သွားတော့လည်း presentလို့ သတ်မှတ်လိုက်ပါနော်။
အသက်နဲ့မမျှ ရင့်ကျက် ပြီးသားသူမို့ အများကြီး ဆုမတောင်းပေးတော့ဘူး။ ဘဝနဲ့ဆန္ဒ ထပ်တူ ကျပါစေ။
###########################
Unicode
"Happy Birthday ငါ့တူလေး ပိုင်ရှင်"
ညသန်းခေါင် ဆယ်နှစ်နှစ်နာရီကြီး အခန်းတံခါး လာခေါက်၍ ဘာအရေးကြီး ကိစ္စလဲဟု ထဖွင့်ပေးမိသည်။ ပိုင်ရှင် မေ့နေခဲ့တာ မနက်ဖြန် 26ရက်နေ့ ပိုင်ရှင့် မွေးနေ့ပဲ။
ဦးနွေက တာဝန်မပြတ် ဆယ်နှစ်နှစ်နာရီတိတိ မွေးနေ့ကိတ်နဲ့ မွေးနေ့ဖယောင်းတိုင် မှုတ်ပေးနေကျ။
"မနက်ဖြန် ရှမ်းခေါက်ဆွဲ လုပ်ကျွေးပါ ဦးနွေ နော်နော်"
လူကောင်ကြီးနဲ့မှ မလိုက် ရင်ခွင်ထဲ တိုးကာ
တင်းတင်းဖက်၍ ကိုယ်ကို လှုပ်ယမ်း တောင်းဆိုသည်။
မွေးနေ့ဆို ပိုင်ရှင် စားချင်တဲ့ အစားစားကို ဦးနွေ လုပ်ကျွေးသည်။ ရှမ်းစပ်ဖြစ်တဲ့ ပိုင်ရှင်ကလည်း ဦးနွေ လုပ်ကျွေးတဲ့ ရှမ်းခေါက်ဆွဲကို သာတောင်းဆိုသည်။ တူရီးနှစ်ယောက်အတွက် အလုပ်ရှုပ်တဲ့ အစာတွေ လုပ်မစားဖြစ်။ မွေးနေ့ရောက်မှသာ အခွင့်အရေး ယူရတာမလား။
"ဖယောင်းတိုင် အရင် မှုတ်ပါဦး ကလေးလို ချွဲမနေနဲ့"
ဖယောင်းတိုင် မှုတ်၍ ဆုတောင်း ရတာမျိုး ပိုင်ရှင် ပျော်သည်။
ဆုတောင်း ဆိုတာမျိုးက မပြည့်မှန်း သိပေမယ့်
တောင်းရတဲ့အချိန် ပြည့်တော့မလို စိတ်ချမ်းသာ ရသည်လေ။
မွေးနေ့ကိတ် ခွဲပြီး တစ်စိတ် ခွဲယူကာ ဦးနွေကို ခွံကျွေးလိုက်သည်။ ပြီးခဲ့တဲ့ အတိတ်တွေမှာတော့
မေမေနဲ့ ဖေဖေ့ရဲ့ မွေးနေ့ဆုတောင်းစကားတွေ ကြားရသည်။ မိသားစု လေးယောက် ခရင်မ် များနှင့် ညစ်ပေခဲ့ရ၍ ညကြီးအချိန်မတော် ရေချိုး ခဲ့ကြသည်။ ဒီနေ့ မေမေနဲ့ ဖေဖေ ကြားထဲမှာ အိပ်မယ် ဆို၍ ကလေးဆန်ခဲ့ဖူးသည်။
အချစ် အချစ်တွေများခဲ့တဲ့ မိသားစုလေးဟာလေ။
ဘယ်အရာမျှ သာမာန်ထက် လွန်တာ မကောင်းဟု
ပိုင်ရှင် သတ်မှတ်ခဲ့သည်။ အချစ်များခဲ့ရင်လည်း
ဆက်မတွေးချင်တော့ နာကျင်စရာ အတိတ်တွေရဲ့ အစဟာ ထူးဆန်းစွာပဲ မုန်းခြင်းမပါတဲ့ အချစ်လွန်ခြင်းတွေ။
"လိုင်းဖွင့်ထားဦးလေ ပိုင်ရှင် မင်းမေမေ Vedio Callခေါ်မှာ မလား"
"ဝတ်ကျေတန်းကျေ နူးညံ့ပြတာတွေကို သားမျှော်လင့်နေသင့်လား ဦးနွေ"
"မင်းကို အမြဲ စိတ်ပူနေမှာပါ မင်းကိုယ်တိုင် မွေးနေ့ပဲ ဆက်သွယ်ပါလို့ တောင်းဆိုခဲ့တာ မဟုတ်ဘူးလား သူလည်း မချစ်လို့ ထားသွားခဲ့တာမှ မဟုတ်ဘဲ"
"တော်ပါပြီ ဦးနွေရာ ပြီးပြီးသား ကိစ္စတွေ နဲ့ မရှိတော့တဲ့ လူတစ်ယောက်ရဲ့ စိတ်ကို ထိုးဆွ ဝင်ကြည့်ခဲ့ရတာ မောလွန်းလို့"
ဖုန်းကို ကောက်ယူ လိုင်းဖွင့်တော့ မေမေ့ဆီက miss callတွေ ရဲနေသည်။ ခဏပဲ စောင့်လိုက်ရသည်။ Call accpect ခလုတ်ကို လက်နဲ့ ဖိချလိုက်ပြီဆိုလျှင် ဦးနွေ အခန်းထဲမှ ထွက်သွားသည်။
"Hello my Little Son"
"မေမေနေကောင်းလား"
နယူးယောက်မြို့ တစ်နေရာမှ မေမေ့ဆီက ဘိုဆန်ဆန် နှုတ်ဆက်သံကို ပိုင်ရှင် မြန်မာစကား ပီသစွာ တုံ့ပြန်လိုက်သည်။
"သားလေး နေကောင်းတယ်မလား ကျန်းမာရေး ဂရုစိုက်နော် မေမေ့သားလေး တစ်နှစ်ကြီးလာပြီ
ရုပ်က မပြောင်းသေးပေမယ့် လူကောင်ကြီး ထွားလာမှာပဲ မေမေ မြင်ဖူးချင်လိုက်တာ အခုထိ ရှမ်းခေါက်ဆွဲ ကြိုက်တုန်းပဲလား သားလေး"
"Mommy......"
အနောက်က ကလေးပေါက်စ အသံ ကြားလိုက်ရ၍ ဖုန်းချပစ်လိုက်ပြီးသည်နှင့် လိုင်းပါ ပိတ်လိုက်သည်။
မေမေ့စကားတွေ နားထောင်ရင်း မျက်ရည်ဝဲသည်။ ပိုင်ရှင်ရဲ့ မေမေဟာ နိုင်ငံခြားသား ကောင်လေးတစ်ယောက်ရဲ့ mommy ဖေဖေ့ချစ်လှစွာသော မိန်းမက နယူးယောက် နိုင်ငံက ယောကျာ်းတစ်ယောက်ရဲ့ Honey ဖြစ်နေခဲ့သည်။ မျှတစွာ ပိုင်ဆိုင်ခြင်းမျိုးတော့ မဟုတ်။
ပြတင်းပေါက်ဆီက လေအေးအေး တိုက်ခက်လာသည်။ လှမ်းမြင်နေရတဲ့ ကောင်းကင်ကြီးဟာ မှောင်မဲ၍ လခြမ်းလေးမှာ ကြယ်မစုံ အဖော်မဲ့နေသည်။
လှဲအိပ်ချရင်း ကြယ်စုံကြယ်မွှား တစ်ခုလောက်ကို လိုက်ရှာရင်း သက်ပြင်းတွေ ချမိသည်။
တစ်ကယ်တော့ အမြဲတမ်း သတိရနေတာပါ မေမေ။ ပြန်လှည့်မရတဲ့ လမ်းကို လျေှက်လှမ်း သွားခဲ့တဲ့ ဖေဖေ့ကိုလည်း မေ့မရခဲ့ပါဘူး။
______________________________________________________
ညက မျက်ရည် ကျခဲ့တဲ့ အရှိန်ကြောင့် ခေါင်းက မူးနောက်နောက် မျက်လုံးက မဖွင့်ချင်။ အိမ်ရှေ့က အသဲအသန် စက်ဘီးဘဲလ်တီးသံ ဆူညံနေ၍ ပိုင်ရှင် ထလာရသည်။ အချိန်က မနက် ရှစ်နာရီသုံးဆယ်မိနစ်။ ခါတိုင်း ဒီနေ့တွေဆို ဦးနွေ ချက်ပြုတ်နေပါပြီ။ အခုတော့ ဦးနွေ နှပ်ကောင်းတုန်း။
မျက်မှန်ကို အဖိုးတန် ရတနာလို သေချာ ထားပါလျက် သေချာထားရင်းကို အမြဲ ရှာရတာ မူးနောက်နေသည်။ နောက်ဆုံး ပန်းကန် ဘေစင်ပေါ်က တွေ့၍ ကောက်တပ်ကာ အိမ်တံခါး ဖွင့်တော့ တွေ့လိုက်ရသည်သူ
"ညီ မင်းဘာလာလုပ်တာလဲ"
"ဘုန်းပိုင်ရှင် မွေးနေ့ကို ဘာဆိုင်လို့ ငါ့မေမေက ရှမ်းခေါက်ဆွဲ ချက်ပေးရတာလဲ ငါနားမလည်ဘူး
စာလေး တစ်ခါ သင်ပေးပြီး ပို့ဆွမ်းစားချင်နေလို့
လာပေးရတာ "
"ငါမွေးနေ့မှန်း ဘယ်လိုသိလဲ"
"မေးခွန် ထုတ်ချင်လည်း လူကိုကြည့်ပြီး အားနာဦး တံခါးလေး ဘာလေး ဖွင့်ပြီး ချိုင့်လေး ယူပါလား"
ချိုင့်မြှောက်ပြ၍ ညီ ပြောတော့မှ ပိုင်ရှင် တံခါး ဖွင့်ပေးဖို့ သတိရသည်။
"ပြောစမ်းပါဦး....."
"မင်းငါ့အစ်မကို fb accပေးထားတယ်ဆို"
"အေးလေ သူတောင်းလို့ ပေးထားတာ"
"မင်းကလေ ရှည်ကို ရှည်တယ် ခြေတံ လက်တံတွေ ရှည်တာ အားမရလို့ ဟိုဟာပါ ရှည်တယ်"
တစ်ကိုယ်လုံး အပေါ်အောက်ကြည့်၍ ပြောချ လိုက်တဲ့ ညီ့ စကားကြောင့် ပိုင်ရှင် ခေါင်းမွှေးကြော တွေပါ ထောင်သွားသည်။
"ညီ......မင်း....."
"ဘာလဲ ငါက လျှာပါ ရှည်တယ်လို့ ပြောတာလေ"
"အဲ့ဒါကို မင်းကွာ ဒီနေ့ ဘိုင်အို အစကအဆုံး ပြန်မေးမယ်"
"နားထားစမ်းပါကွာ မွေးနေ့မှာ သာသာယာယာနေ"
"မရဘူး ကျက်ထား နေပါဦး မသွန်း ငါ့fb accသိတာနဲ့ အန်တီက ဘာလို့ ရှမ်းခေါက်ဆွဲ ချက်ပေးတာလဲ"
"ဖြုတ်ဦးနှောက်နဲ့ လာမေးနေတယ် မင်းမွေးနေ့ fbမှာ မမက တွေ့ရော မေမေ့ကို ပြရော မေမေက မင်းဦးလေးဆီ ဖုန်းဆက်တယ် ဘာပြောလိုက်လဲ မင်းဦးလေးကိုမေး မေမေကတော့ မိုးမလင်းခင်တည်းက ထချက်နေတော့တာပဲ"
ဆိုဖာပေါ် ထိုင်ချရင် ပူအိုက်သလို လက်နှင့် ယပ်ခပ် ပြောနေ၍ Air cooler ပလက်ပေါက်ထိုး၍ ကိုယ်တော်ချောဘက် လှည့်ပေးထားရသည်။
"ဟုတ်တယ် ပိုင်ရှင်ရေ အစ်မက သားလေး ပိုင်ရှင် စားချင်တာ ချက်ကျွေးပါရစေ ဆိုလို့ ဦးနွေ ပြောလိုက်တာ"
ဦးနွေ ခုနက နိုးနေပုံရသည်။ ရေချိုးခန်းထဲ ရောက်နေ၍ မကြားတာ ဖြစ်လိမ့်မည်။ အခုတော့ ရေမိုးချိုးပြီး သန့်သန့်ပြန့်ပြန့်။ ပိုင်ရှင်ကသာ မျက်နှာမသစ် ဘာမသစ် ကာတွန်းဘောင်းဘီ
You are reading the story above: TeenFic.Net