Zawgyi
"ဆုံးၿပီ"
"ဗ်ာ"
ငယ္ေသးသည္ ဟူေသာ ယူႀကဳံးမရျဖစ္ျခင္း၊
မျဖစ္သင့္ေသးဟု အထပ္ထပ္ ေတြးမိေနေသာ ဝမ္းနည္းျခင္းမ်ားက ညီ့အားအင္ေတြကို စုပ္ယူသြားသည္ ထင္၏။ ေျခပင္ မခိုင္ခ်င္ေတာ့။
"ဘယ္လို ျဖစ္တာလဲ"
ငိုေနသူအား ပခုံးပြတ္ ႏွစ္သိမ့္ေပးရင္း ေမးမိသည္။ နပ္(စ္)မေလးမ်ားက ညီ့ကို ေရွာင္ကြင္းသြားရင္း အလုပ္ရႈပ္ေနၾက၏။ ကုတင္ေသးေသးေလးေတြမွာ ကေလးငယ္ေလးေတြ မခ်ိမဆံ့ ေဝဒနာကို အ႐ြယ္ႏွင့္မမွ် ခံစားေနၾကရသည္မွာ ျမင္မေကာင္း၍ ညီ မ်က္ႏွာလႊဲထားမိသည္။
"ေသြးလြန္တုပ္ေကြး ေနာက္ဆုံးဆင့္တဲ့"
"ကေလး စဖ်ားကတည္းက ေဆးခန္းမပို႔ၾကဘူးလားဗ်ာ"
"ျပတယ္။ ေဆးခန္းက ဆရာမကလည္း ဘာမွမေျပာတာနဲ႕ ရိုးရိုးဖ်ားပဲ ထင္တာေပါ့။ ဘာလကၡာမွ မျပဘဲ မေန႕ညကမွ ကိုယ္ေတြ
မတရားပူၿပီး ေပ်ာ့ေခြေနၾကတာနဲ႕ ေဆး႐ုံေျပးရတာပဲ။ တူးတူးေလး စျဖစ္တာ။
အခုေတာ့ ဝမ္းဝမ္းေလးက"
ေပါက္စအ႐ြယ္က စထိန္းခဲ့သည္မို႔ သံေယာဇဥ္တြယ္ေနတဲ့ အစ္မက ႏွာရည္တရႈပ္ရႈပ္ႏွင့္ ရွိုက္ငိုရင္း ေျဖသည္။
မြန္းၾကပ္လာတာေၾကာင့္ သက္ျပင္းကို ဟူးခနဲ မႈတ္ခ်လိဳက္သည္။ အရွိုက္တည့္တည့္မွ အလုံးႀကီးက အေပၚတက္လာၿပီး လည္မ်ိဳမွာ တစ္ဆို႔သြား၏။
မ်က္ႏွာမလိုက္တတ္ေသာ ေသမင္းက အ႐ြယ္
ငယ္လြန္းေသးသည့္ ဝမ္းဝမ္းေလးကိုေတာင္
မ်က္ႏွာသာ မေပးခဲ့။ ဘာလို႔ ညီ့ဘဝထဲက လူေတြမွလဲဟု ေအာ္ေမးလွ်င္ေတာင္ ေသမင္းက မဲ့ၿပဳံးေလး ၿပဳံးသြားဦးမည္ ထင္သည္။ ကံၾကမၼာႀကီးက ဒါေတြ မင္းတစ္ေယာက္တည္း ခံစားေနရတာ မဟုတ္ဘူး ေကာင္ေလးဟု သူ႕မိတ္ေဆြႀကီးအစား ပုခုံးပုတ္ ဝင္ေရာက္ ႏွစ္သိမ့္ေပးသြား လိမ့္ဦးမည္။
"တူးတူးေလး ေနေကာင္းရင္ ကြၽန္ေတာ္ ေခၚသြားလို႔ ရတယ္မလား"
"နို႔ျပတ္ၿပီဆိုေတာ့ ရမွာပါ။ ဆရာေတာ္ဆီ
လာေလွ်ာက္လိုက္ေလ"
"အိုေက အိုေက အခု ဝမ္းဝမ္း ကိစၥ ဆက္လုပ္
ၾကတာေပါ့"
_____________________________________________________
"မမ နင့္ဆီ ကေလး တစ္ေယာက္ လာထားခ်င္တယ္"
"ဘယ္က ကေလးလဲ ဟဲ့"
"ငါေမြးစားမယ္ဆိုတဲ့ ကေလးေလ"
"ေအာ္ အမႊာဆို"
"တစ္ေယာက္က ေသြးလြန္တုပ္ေကြး ေနာက္ဆုံးဆင့္နဲ႕ ဆုံးၿပီေလ"
"ဟယ္"
မမက သူ႕ကေလး ေခါင္းဆီထည့္ေပးေနရာမွ ခဏရပ္သည္။ ညီ့လက္ကို ခပ္ဖြဖြ ဆုပ္ကိုင္၏။
ေမတၱာဓာတ္ ေႏြးေႏြးေလး ခံစားလိုက္ရသည္။ အရာရာ ဆုံးရႈံးၿပီးေနတဲ့ လူတစ္ေယာက္လို ညီ့အတြက္ ဘယ္လိုႏွစ္သိမ့္မႈမ်ိဳးကမွ ေဆးမျဖစ္ဘဲ ဒဏ္ရာသာ တိုးေန၏။
"နင့္မွာလည္းဟယ္"
မမရဲ႕ ဝမ္းနည္းသံေလးကို ခပ္သဲ့သဲ့ ၿပဳံးျပျဖစ္သည္။
"ငါ ကေနဒါ ခဏသြားမလို႔ နင္ၾကည့္ေပးထားမယ္
မလား"
"ငါ့အတြက္ ဘာခက္လို႔လဲဟယ္။ အလုပ္ကလည္း ထြက္လိုက္ၿပီပဲဟာ"
မမရဲ႕ ဒုတိယေျမာက္သားေလး အိမ္တစ္ပတ္ ေျပးပတ္ေဆာ့ေနသည္။ ေလယာဥ္ပ်ံကိုင္၍ ဝူး ဝူး ဟု ကားေမာင္းသံကို ေအာ္ေနသည္မွာ ခ်စ္စရာ
ေကာင္းလွ၏။
"ေအး အဲ့ဒါ လာေျပာတာ။ ေမေမ ဒီေန႕ ျပန္ေရာက္ၿပီေနာ္။ နင္လာခဲ့ဦး"
"သုံးလ တရားစခန္းဆို"
"ေအး မခံနိုင္လို႔ ဆိုလားဟာ"
နဖူးေပၚက်ေနတဲ့ ဆံပင္ကို သပ္တင္ရင္း အိပ္ကပ္ထဲက ေဆးလိပ္ကို ထုတ္ယူကာ မီးညွိလိုက္သည္။
ကေလးဘက္ကို သြားေနသည့္ မီးခိုးေငြ႕ကို လက္နဲ႕ လိုက္ဖယ္ေပးလိုက္သည္။ ေဆးလိပ္ေငြ႕မုန္းတတ္သူ တစ္ေယာက္ကို တာဝန္အရ မသိစိတ္က သတိရသြား၏။
"ပိုင္ရွင့္ကို လိုက္ေခၚမလို႔လား"
"သြားရွာၾကည့္မလို႔ပါ။ သူဘယ္သြားသလဲ ငါမွမသိတာ"
"နင့္ဟာကလည္း ပင္လယ္ထဲ အပ္ေပ်ာက္ရွာရသလိုပါပဲဟယ္"
"ေပ်ာက္ေနတာဆိုရင္ မေတြ႕မခ်င္း ရွာဖို႔ ငါဇြဲရွိတယ္။
အခုဟာက ပုန္းေနတာဟ။ တိမ္ဖြက္ထားတဲ့လကို ထြက္လာဖို႔ ေမွ်ာ္ေနရသလိုပဲ"
အ႐ြယ္ေရာက္လာေတာ့ မမလည္း ေမေမ့သမီး ပီပီ အသန့္အျပန့္ ႀကိဳက္လာပုံရသည္။ ညီ ေျပာသမွ်
နားေထာင္ရင္း ၾကမ္းတိုက္တုတ္ႏွင့္ ၾကမ္းကို
အေခါက္ေခါက္ အခါခါ ပြတ္တိုက္ေန၏။
"မေျပာတတ္ေတာ့ဘူးဟာ။ နင့္ကိုနင္လည္း
ျပန္ၾကည့္ဦး။ ငါတို႔အိမ္ လာလာခိုးစားေနတဲ့
ေၾကာင္အိုသူခိုးႀကီး က်ေနတာပဲ။ ဟုတ္တယ္မလား ေမေမ့သားေလး"
အေမျဖစ္သူဆီ ေျပးလားတဲ့ သားေလးကို ခ်ီ၍ မမက စကားစစ္ကူ ေခၚေနေသးသည္။
"ဦးဦး ပါဝါးရိန္းဂ်ား....."
"ေအး...မင္းတို႔ေမေမ သိေအာင္ ေျပာျပလိုက္စမ္း"
ညီ ရယ္ရင္းေျပာေတာ့ ကေလးက ပါဝါရိန္းဂ်ား ဓါးကို သြားဆြဲထုတ္ေန၍ မမနဲ႕ကေလး ခဏတာ
ဆူညံပြက္သြား၏။ ပိုင္ရွင္သာဆို ေဖေဖ့သားႀကီး
ဆိုၿပီး အတူတူ ေဆာ့ေနမလားဟု ညီ မေတြးဘဲ
မေနနိုင္။ သူမရွိမွ ဒီေနရာမွာ သူသာဆိုရင္ဆိုတဲ့
အေတြးေတြက ညီ့စိတ္ဝိဉာဥ္မွာ အထပ္ထပ္ရစ္ပတ္ရင္း အၿမဲမြန္းၾကပ္ေနရသည္မွာ ေတာ္ေတာ္ကို အဆင္မေျပလွ။
"အဲ့ဒီဓား သူ႕အေဖကလည္း ဝယ္ေပးတယ္။ သားကလည္း ေဆာ့တယ္။ ၿပီးရင္ ဓါး ခလုတ္တိုက္ၿပီး
လဲေနေရာ"
ကေလးႏွင့္ အၿပိဳင္လုလာရ၍ ေမာေမာႏွင့္ ေရ႐ြတ္ေနေသာ မမကို ညီထိုင္ရယ္ေနမိသည္။ ထထြက္ေတာ့မည္ ျပင္ေတာ့ စိတ္မခ်မ္းမသာ မမေျပာသံကို ထပ္ၾကားရ၍ ေျခလွမ္းခဏ ရပ္ထားမိသည္။
"မုတ္ဆိတ္ေတြေတာ့ ရိတ္ပါဦးဟယ္။ ဦးေက်ာ္သူ အားက်လိဳ႕လား။ ႐ုပ္ကိုက ဘာ႐ုပ္မွန္းမသိဘူး"
"နင့္ေမာင္က ဇရာအိုလည္း ကညွာပ်ိဳေတြ ဝိုင္းလို႔အုံလို႔ဟာ စိတ္မပူပါနဲ႕"
"လူက မရဏလမ္း ခုႏွစ္လွမ္းလွမ္းေနတဲ့ ႐ုပ္ေပါက္ေနၿပီ။ ေလသံက မိုးေပၚက မဆင္းေသးဘူး"
"ေအး မနက္ျဖန္ မိုးေပၚေရာက္ေအာင္ ေလယာဥ္ စီးရဦးမွာဟ။ သြားၿပီ...သြားၿပီ"
ဖိနပ္ခြၽတ္မွ ဖိနပ္စီး၍ ထြက္လာေတာ့ မမနဲ႕ သူ႕သားေလးရဲ႕ ဓါးလုသံ ဆူညံညံႏွင့္ က်န္ခဲ့သည္။
__________________________________________________
ဆူညံလွသည္ဟု မဆိုသာေသာ္လည္း လူစုစုက တိုးတိုး တိုးတိုး သံေတြ စုေပါင္းလိုက္ေတာ့ ညံညံ
ညံညံ အသံေတြ ထြက္လာ၏။ ညီ့ စိတ္က ေလာေနၿပီ။ ကေနဒါ ဆီ အေတာင္နဲ႕သာ ပ်ံလို႔ရရင္ ပ်ံသြားခ်င္ေနၿပီ ။
ေထာ့နဲ႕ေထာနဲ႕ ေလွ်ာက္ေနေသာ ေဇသုခကို ေဘးမွ Edenက တြဲကူထားသည္။ ေလဆိပ္ကို လိုက္မပို႔ပါနဲ႕ ေျပာထားေပမယ့္ အသက္ႀကီးေလ အရစ္ရွည္ေလ
ျဖစ္လာတဲ့ ေဇသုခက လိုက္လာျပန္သည္။
"မင္းေျခေထာက္က ဘာျဖစ္တာလဲ"
"ေရေျမာင္းရွင္းရင္း သံစူးတာကြ။ လူေတြ စည္းကမ္းမရွိဘူးကြာ။ ေရေျမာင္းထဲ ဒီလိုပစၥည္းေတြ ပစ္စရာလား။ အမွိုက္ထဲ ထည့္ပစ္ရင္ေတာင္ သူမ်ားမထိခိုက္ေအာင္ ေသခ်ာထုပ္ထည့္ ပစ္ရမွာကို။အမွိုက္လွည္းေတြလည္း ဒီေလာက္ အခ်ိန္မွန္မွန္ လာေနတာကို အက်င့္က မျပင္နိုင္ၾကေသးဘူး"
တစ္ခြန္းေမးသည္ကို တျဗစ္ေတာက္ေတာက္ ေျဖေနတဲ့ ေဇသုခကို ေဘးမွ Edenက လက္ငါးေခ်ာင္းႏွင့္ ငါးေလးေတြ ပါးစပ္ဟစိစိ ပုံစံလုပ္ျပကာ မဲ့႐ြဲ႕ျပေနသည္။ ေဇသုခကလည္း တစ္ကယ့္ ပြစိပြစိ အဖိုးအိုေပါက္စ ပုံစံႏွင့္ တူေနေပၿပီ။
"သံစူးတာလား။အဲ့ဒါဆို Benda 500ေသာက္"
"အဲ့ဒါ ဘာေဆးလဲ။ သံစူးတာေပ်ာက္လား"
ဘုမသိဘမသိ ထေမးေသာ Edenကို ညီ ေခါင္းခါျပ၍ မ်က္စိတစ္ဖက္ မွိတ္ျပလိုက္သည္။
"ေအး သံစူးတာေပ်ာက္ေအာင္ သံခ်ေဆး ေသာက္ရမွာေပါ့"
"မင္းႀကီးေတာ္ အဲ့ဒါ မင္းေသာက္ေလ။ မင္းဗိုက္ထဲ ဘီယာေတြ ျပည့္ေနလို႔ သံေတြစုေနမွာ။ မင္းပဲ အလုံးငါးရာေလာက္ ေသာက္"
ေဇသုခရဲ႕ မေက်မခ်မ္း ေရ႐ြတ္သံႏွင့္အတူ
ေလယာဥ္ထြက္ခြာမည့္ အသံပါ ၾကားလိုက္ရ၍ ညီ တာတာ့ျပ လွည့္ထြက္ခဲ့သည္။
နားထဲမွာ ေဇသုခ ေျပာလိုက္သည့္ "safe flight
ညီေတဇ "ဆိုေသာ အသံေလး ရစ္ဝဲေနသည္။
ညီ့ဘဝ တစ္ခုလုံး safe flightျဖစ္ဖို႔ ပိုင္ရွင္ဆိုတဲ့ အင္ဂ်င္ကေလး တစ္ခုပဲ လိုတာပါ။ နတ္လူအေပါင္း သူေတာ္ေကာင္းမ်ား ညီ့ကို ကူညီေပးၾကပါ။ ေဆာင္မေပးၾကပါ။
__________________________________________________________________________________________________________
AN/ တိုတယ္။ ဟုတ္တယ္။ ျပန္လာၿပီလို႔ လာႏႈတ္ဆက္တာ။ အလြမ္းေျပေလး။
______________________________________
______________________________________
______________________________________
################################
Unicode
"ဆုံးပြီ"
"ဗျာ"
ငယ်သေးသည် ဟူသော ယူကြုံးမရဖြစ်ခြင်း၊
မဖြစ်သင့်သေးဟု အထပ်ထပ် တွေးမိနေသော ဝမ်းနည်းခြင်းများက ညီ့အားအင်တွေကို စုပ်ယူသွားသည် ထင်၏။ ခြေပင် မခိုင်ချင်တော့။
"ဘယ်လို ဖြစ်တာလဲ"
ငိုနေသူအား ပခုံးပွတ် နှစ်သိမ့်ပေးရင်း မေးမိသည်။ နပ်(စ်)မလေးများက ညီ့ကို ရှောင်ကွင်းသွားရင်း အလုပ်ရှုပ်နေကြ၏။ ကုတင်သေးသေးလေးတွေမှာ ကလေးငယ်လေးတွေ မချိမဆံ့ ဝေဒနာကို အရွယ်နှင့်မမျှ ခံစားနေကြရသည်မှာ မြင်မကောင်း၍ ညီ မျက်နှာလွှဲထားမိသည်။
"သွေးလွန်တုပ်ကွေး နောက်ဆုံးဆင့်တဲ့"
"ကလေး စဖျားကတည်းက ဆေးခန်းမပို့ကြဘူးလားဗျာ"
"ပြတယ်။ ဆေးခန်းက ဆရာမကလည်း ဘာမှမပြောတာနဲ့ ရိုးရိုးဖျားပဲ ထင်တာပေါ့။ ဘာလက္ခာမှ မပြဘဲ မနေ့ညကမှ ကိုယ်တွေ
မတရားပူပြီး ပျော့ခွေနေကြတာနဲ့ ဆေးရုံပြေးရတာပဲ။ တူးတူးလေး စဖြစ်တာ။
အခုတော့ ဝမ်းဝမ်းလေးက"
ပေါက်စအရွယ်က စထိန်းခဲ့သည်မို့ သံယောဇဥ်တွယ်နေတဲ့ အစ်မက နှာရည်တရှုပ်ရှုပ်နှင့် ရှိုက်ငိုရင်း ဖြေသည်။
မွန်းကြပ်လာတာကြောင့် သက်ပြင်းကို ဟူးခနဲ မှုတ်ချလိုက်သည်။ အရှိုက်တည့်တည့်မှ အလုံးကြီးက အပေါ်တက်လာပြီး လည်မျိုမှာ တစ်ဆို့သွား၏။
မျက်နှာမလိုက်တတ်သော သေမင်းက အရွယ်
ငယ်လွန်းသေးသည့် ဝမ်းဝမ်းလေးကိုတောင်
မျက်နှာသာ မပေးခဲ့။ ဘာလို့ ညီ့ဘဝထဲက လူတွေမှလဲဟု အော်မေးလျှင်တောင် သေမင်းက မဲ့ပြုံးလေး ပြုံးသွားဦးမည် ထင်သည်။ ကံကြမ္မာကြီးက ဒါတွေ မင်းတစ်ယောက်တည်း ခံစားနေရတာ မဟုတ်ဘူး ကောင်လေးဟု သူ့မိတ်ဆွေကြီးအစား ပုခုံးပုတ် ဝင်ရောက် နှစ်သိမ့်ပေးသွား လိမ့်ဦးမည်။
"တူးတူးလေး နေကောင်းရင် ကျွန်တော် ခေါ်သွားလို့ ရတယ်မလား"
"နို့ပြတ်ပြီဆိုတော့ ရမှာပါ။ ဆရာတော်ဆီ
လာလျှောက်လိုက်လေ"
"အိုကေ အိုကေ အခု ဝမ်းဝမ်း ကိစ္စ ဆက်လုပ်
ကြတာပေါ့"
_____________________________________________________
"မမ နင့်ဆီ ကလေး တစ်ယောက် လာထားချင်တယ်"
"ဘယ်က ကလေးလဲ ဟဲ့"
"ငါမွေးစားမယ်ဆိုတဲ့ ကလေးလေ"
"အော် အမွှာဆို"
"တစ်ယောက်က သွေးလွန်တုပ်ကွေး နောက်ဆုံးဆင့်နဲ့ ဆုံးပြီလေ"
"ဟယ်"
မမက သူ့ကလေး ခေါင်းဆီထည့်ပေးနေရာမှ ခဏရပ်သည်။ ညီ့လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်၏။
မေတ္တာဓာတ် နွေးနွေးလေး ခံစားလိုက်ရသည်။ အရာရာ ဆုံးရှုံးပြီးနေတဲ့ လူတစ်ယောက်လို ညီ့အတွက် ဘယ်လိုနှစ်သိမ့်မှုမျိုးကမှ ဆေးမဖြစ်ဘဲ ဒဏ်ရာသာ တိုးနေ၏။
"နင့်မှာလည်းဟယ်"
မမရဲ့ ဝမ်းနည်းသံလေးကို ခပ်သဲ့သဲ့ ပြုံးပြဖြစ်သည်။
"ငါ ကနေဒါ ခဏသွားမလို့ နင်ကြည့်ပေးထားမယ်
မလား"
"ငါ့အတွက် ဘာခက်လို့လဲဟယ်။ အလုပ်ကလည်း ထွက်လိုက်ပြီပဲဟာ"
မမရဲ့ ဒုတိယမြောက်သားလေး အိမ်တစ်ပတ် ပြေးပတ်ဆော့နေသည်။ လေယာဥ်ပျံကိုင်၍ ဝူး ဝူး ဟု ကားမောင်းသံကို အော်နေသည်မှာ ချစ်စရာ
ကောင်းလှ၏။
"အေး အဲ့ဒါ လာပြောတာ။ မေမေ ဒီနေ့ ပြန်ရောက်ပြီနော်။ နင်လာခဲ့ဦး"
"သုံးလ တရားစခန်းဆို"
"အေး မခံနိုင်လို့ ဆိုလားဟာ"
နဖူးပေါ်ကျနေတဲ့ ဆံပင်ကို သပ်တင်ရင်း အိပ်ကပ်ထဲက ဆေးလိပ်ကို ထုတ်ယူကာ မီးညှိလိုက်သည်။
ကလေးဘက်ကို သွားနေသည့် မီးခိုးငွေ့ကို လက်နဲ့ လိုက်ဖယ်ပေးလိုက်သည်။ ဆေးလိပ်ငွေ့မုန်းတတ်သူ တစ်ယောက်ကို တာဝန်အရ မသိစိတ်က သတိရသွား၏။
"ပိုင်ရှင့်ကို လိုက်ခေါ်မလို့လား"
"သွားရှာကြည့်မလို့ပါ။ သူဘယ်သွားသလဲ ငါမှမသိတာ"
"နင့်ဟာကလည်း ပင်လယ်ထဲ အပ်ပျောက်ရှာရသလိုပါပဲဟယ်"
"ပျောက်နေတာဆိုရင် မတွေ့မချင်း ရှာဖို့ ငါဇွဲရှိတယ်။
အခုဟာက ပုန်းနေတာဟ။ တိမ်ဖွက်ထားတဲ့လကို ထွက်လာဖို့ မျှော်နေရသလိုပဲ"
အရွယ်ရောက်လာတော့ မမလည်း မေမေ့သမီး ပီပီ အသန့်အပြန့် ကြိုက်လာပုံရသည်။ ညီ ပြောသမျှ
နားထောင်ရင်း ကြမ်းတိုက်တုတ်နှင့် ကြမ်းကို
အခေါက်ခေါက် အခါခါ ပွတ်တိုက်နေ၏။
"မပြောတတ်တော့ဘူးဟာ။ နင့်ကိုနင်လည်း
ပြန်ကြည့်ဦး။ ငါတို့အိမ် လာလာခိုးစားနေတဲ့
ကြောင်အိုသူခိုးကြီး ကျနေတာပဲ။ ဟုတ်တယ်မလား မေမေ့သားလေး"
အမေဖြစ်သူဆီ ပြေးလားတဲ့ သားလေးကို ချီ၍ မမက စကားစစ်ကူ ခေါ်နေသေးသည်။
"ဦးဦး ပါဝါးရိန်းဂျား....."
"အေး...မင်းတို့မေမေ သိအောင် ပြောပြလိုက်စမ်း"
ညီ ရယ်ရင်းပြောတော့ ကလေးက ပါဝါရိန်းဂျား ဓါးကို သွားဆွဲထုတ်နေ၍ မမနဲ့ကလေး ခဏတာ
ဆူညံပွက်သွား၏။ ပိုင်ရှင်သာဆို ဖေဖေ့သားကြီး
ဆိုပြီး အတူတူ ဆော့နေမလားဟု ညီ မတွေးဘဲ
မနေနိုင်။ သူမရှိမှ ဒီနေရာမှာ သူသာဆိုရင်ဆိုတဲ့
အတွေးတွေက ညီ့စိတ်ဝိဉာဥ်မှာ အထပ်ထပ်ရစ်ပတ်ရင်း အမြဲမွန်းကြပ်နေရသည်မှာ တော်တော်ကို အဆင်မပြေလှ။
"အဲ့ဒီဓား သူ့အဖေကလည်း ဝယ်ပေးတယ်။ သားကလည်း ဆော့တယ်။ ပြီးရင် ဓါး ခလုတ်တိုက်ပြီး
လဲနေရော"
ကလေးနှင့် အပြိုင်လုလာရ၍ မောမောနှင့် ရေရွတ်နေသော မမကို ညီထိုင်ရယ်နေမိသည်။ ထထွက်တော့မည် ပြင်တော့ စိတ်မချမ်းမသာ မမပြောသံကို ထပ်ကြားရ၍ ခြေလှမ်းခဏ ရပ်ထားမိသည်။
"မုတ်ဆိတ်တွေတော့ ရိတ်ပါဦးဟယ်။ ဦးကျော်သူ အားကျလို့လား။ ရုပ်ကိုက ဘာရုပ်မှန်းမသိဘူး"
"နင့်မောင်က ဇရာအိုလည်း ကညှာပျိုတွေ ဝိုင်းလို့အုံလို့ဟာ စိတ်မပူပါနဲ့"
"လူက မရဏလမ်း ခုနှစ်လှမ်းလှမ်းနေတဲ့ ရုပ်ပေါက်နေပြီ။ လေသံက မိုးပေါ်က မဆင်းသေးဘူး"
"အေး မနက်ဖြန် မိုးပေါ်ရောက်အောင် လေယာဥ် စီးရဦးမှာဟ။ သွားပြီ...သွားပြီ"
ဖိနပ်ချွတ်မှ ဖိနပ်စီး၍ ထွက်လာတော့ မမနဲ့ သူ့သားလေးရဲ့ ဓါးလုသံ ဆူညံညံနှင့် ကျန်ခဲ့သည်။
__________________________________________________
ဆူညံလှသည်ဟု မဆိုသာသော်လည်း လူစုစုက တိုးတိုး တိုးတိုး သံတွေ စုပေါင်းလိုက်တော့ ညံညံ
ညံညံ အသံတွေ ထွက်လာ၏။ ညီ့ စိတ်က လောနေပြီ။ ကနေဒါ ဆီ အတောင်နဲ့သာ ပျံလို့ရရင် ပျံသွားချင်နေပြီ ။
ထော့နဲ့ထောနဲ့ လျှောက်နေသော ဇေသုခကို ဘေးမှ Edenက တွဲကူထားသည်။ လေဆိပ်ကို လိုက်မပို့ပါနဲ့ ပြောထားပေမယ့် အသက်ကြီးလေ အရစ်ရှည်လေ
ဖြစ်လာတဲ့ ဇေသုခက လိုက်လာပြန်သည်။
"မင်းခြေထောက်က ဘာဖြစ်တာလဲ"
"ရေမြောင်းရှင်းရင်း သံစူးတာကွ။ လူတွေ စည်းကမ်းမရှိဘူးကွာ။ ရေမြောင်းထဲ ဒီလိုပစ္စည်းတွေ ပစ်စရာလား။ အမှိုက်ထဲ ထည့်ပစ်ရင်တောင် သူများမထိခိုက်အောင် သေချာထုပ်ထည့် ပစ်ရမှာကို။အမှိုက်လှည်းတွေလည်း ဒီလောက် အချိန်မှန်မှန် လာနေတာကို အကျင့်က မပြင်နိုင်ကြသေးဘူး"
တစ်ခွန်းမေးသည်ကို တဗြစ်တောက်တောက် ဖြေနေတဲ့ ဇေသုခကို ဘေးမှ Edenက လက်ငါးချောင်းနှင့် ငါးလေးတွေ ပါးစပ်ဟစိစိ ပုံစံလုပ်ပြကာ မဲ့ရွဲ့ပြနေသည်။ ဇေသုခကလည်း တစ်ကယ့် ပွစိပွစိ အဖိုးအိုပေါက်စ ပုံစံနှင့် တူနေပေပြီ။
"သံစူးတာလား။အဲ့ဒါဆို Benda 500သောက်"
"အဲ့ဒါ ဘာဆေးလဲ။ သံစူးတာပျောက်လား"
ဘုမသိဘမသိ ထမေးသော Edenကို ညီ ခေါင်းခါပြ၍ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။
"အေး သံစူးတာပျောက်အောင် သံချဆေး သောက်ရမှာပေါ့"
"မင်းကြီးတော် အဲ့ဒါ မင်းသောက်လေ။ မင်းဗိုက်ထဲ ဘီယာတွေ ပြည့်နေလို့ သံတွေစုနေမှာ။ မင်းပဲ အလုံးငါးရာလောက် သောက်"
ဇေသုခရဲ့ မကျေမချမ်း ရေရွတ်သံနှင့်အတူ
လေယာဥ်ထွက်ခွာမည့် အသံပါ ကြားလိုက်ရ၍ ညီ တာတာ့ပြ လှည့်ထွက်ခဲ့သည်။
နားထဲမှာ ဇေသုခ ပြောလိုက်သည့် "safe flight
ညီတေဇ "ဆိုသော အသံလေး ရစ်ဝဲနေသည်။
ညီ့ဘဝ တစ်ခုလုံး safe flightဖြစ်ဖို့ ပိုင်ရှင်ဆိုတဲ့ အင်ဂျင်ကလေး တစ်ခုပဲ လိုတာပါ။ နတ်လူအပေါင်း သူတော်ကောင်းများ ညီ့ကို ကူညီပေးကြပါ။ ဆောင်မပေးကြပါ။
__________________________________________________________________________________________________________
AN/ တိုတယ်။ ဟုတ်တယ်။ ပြန်လာပြီလို့ လာနှုတ်ဆက်တာ။ အလွမ်းပြေလေး။
You are reading the story above: TeenFic.Net