အခန်း(၄၀)
Background color
Font
Font size
Line height
Zawgyi
"ဗျာ...ဘာစေ့"
"သူ ဘာဖြစ်နေလို့လဲ ဆရာ..."
အခုသူမပါဘူးလား။ "
_______________
ကုတင်ပေါ်မှ ရှုပ်ပွနေသော အင်္ကျီ၊စာအုပ်များကို တစ်ကိုယ်စာချဲ၍ လှဲချလိုက်တာနဲ့ တစ်ညလုံး အိပ်မထားတဲ့ အရှိန်ကြောင့် ညီ့အာရုံတွေ တိတ်ဆိတ်နေသည့်ဝန်းကျင်မှ  ခတ္တမျှ ဝေးကွာခဲ့သည်။ မှေးခနဲ.....။
ဒါ အိပ်မက် မဟုတ်။ ဘာကြောင့်လဲ။ ဘာလို့လဲ။
"ပိုင်ရှင်..."
"အင်း....။မပြန်သေးဘူးလား...."
"ဟင်..."
"အရေးမကြီးပါဘူး..."
"ပြောပြန်ပြီ။ "
___________________________________________________________
"ဗျာ...အန်တီ ဘာပြောတာလဲ..."
"အန်တီရယ် ဘယ်လိုတောင်လား"ပေါ့။
ပိုင်ရှင့်ကို ကြည့်မိတော့ ဟင့်ခနဲ့ အသံထွက်အောင် ပြုံးပြနေပြန်သည်။ "ငါမပြောခဲ့ဘူးလားညီ"ဆိုသော အကြည့်မျိုးနှင့် ရင်ဆိုင်တွေ့လိုက်ရ၏။ သူ့လက်ကလေးကို ပို၍တင်းကြပ်အောင် ဆုပ်ထားလိုက်သည်။
"ကျွန် တော်....ကျွန်တော် မဟုတ်ဘူးနော်။
အန်တီ ပြောနေတာတွေက "
"ငါ့သမီးဘေးမှာ မင်းကလွဲရင် ဘယ်သူရှိခဲ့လို့ ငြင်းနေတာလဲ။  "
"အန်တီ မယုံရင် ဆောင်းလေးကို မေးကြည့်လို့ ရပါတယ်"
အန်တီ ထိုင်နေရာမှ ဝုန်းခနဲ ထရပ်သည်။ လက်သန်းကြွယ်မှ လက်စွပ်ရောင်ဟာ နေပြောက်ရောင်ကြောင့် လက်ခနဲဖြစ်သွားအောင် လက်ဖျားတွေ ခါလိုက်ကာ
"သမီးက မာနအရမ်းကြီးတာ။ မင်း ဒီလောက် ငြင်းနေမှတော့ သူ ဘယ်ပြောမလဲ"
"စကားမစပ် ပေမယ့် ဒါ ကျွန်တော့် ချစ်သူပါ အန်တီ။ ဒီလောက်ဆို အန်တီ နားလည်မှာပါ"
အေးစက်၍ ချွေးစေးပါ ထွက်နေသော လက်လေးကို ကိုင်မြှောက်၍ ပြောတော့ ပိုင်ရှင်က လက်တွေကို ဖယ်ချသည်။ ညီရဲ့ ထိတ်လန့်မှုကို စတင်လိုက်ခြင်းပင်။
"သူက..ငဘုန်းရဲ့တူလေးမလား "
"ကျွန်တော် သူခေါ်လို့ လိုက်လာရတာပါ အန်တီ။ အန်တီတို့ လုပ်စရာရှိတာ ဆက်လုပ်ပါ။ "
ပိုင်ရှင်ဟာ အခုတလော မြွေလို အရေခွံလဲနေသည်လား။ ပုတ်သင်ညိုလို အရောင်ပြောင်းနေတာလား။ တိမ်တွေလို ကစဉ်ကလျား ဖြစ်နေတာလား။ ညီပင် နားမလည်တော့။ အသာတကြည် လာမည်ဟု သူပြော၍ ညီက ခေါ်လာခဲ့ခြင်းပင်။ အခု ပြောသွားပုံက....။
ညီ ထထွက်သွားတဲ့ ပိုင်ရှင့် နောက် ပြေးလိုက်ခဲ့သည်။ အန်တီ့ခေါ်သံကိုလည်း အရေးမလုပ်မိတော့။ ကားက မောင်းထွက်သွားပြီဖြစ်တာကြောင့် တက္ကဆီတစ်စီး အမြန်တားယူနေရလေသည်။
________________________________
"ပိုင်ရှင်"
အခုတော့လည်း ထပြေးလာတာ သူမဟုတ်သည့်အတိုင်း ညီ့ဘေးမှာ အသာဝင်ထိုင် နေပြန်သည်။
"ညီ မင်းကားလမ်းမပေါ်မှာ ပြေးလွှားရင်း ရေဗူးရောင်း၊ ပန်းရောင်းနေတဲ့ ကလေးတွေ တွေ့ဖူးလား"
"အင်း တွေ့ဖူးတယ်လေ"
"သူတို့က ကျောင်းစိမ်းဝတ်ပြီး စာကျက်ချင်နေမှာပဲလို့ရော တွေးဖူးလား"
"ငါက ပရဟိတသမားပဲ မကြာမကြာ တွေးဖြစ်တာပေါ့ကွာ"
"ကမ္ဘာကျော်တဲ့ဆရာကြီး အယ်လ်ဖက်နိုဘယ်က သူ့တီထွင်မှုအတွက် နောင်တရခဲ့တယ်တဲ့ ။ ဘာလို့လဲ သိလား ညီ"
"သူ့တီထွင်မှုက လူတွေကို ထိခိုက်စေလို့လေ။ ဟုတ်တယ်မလား"
"အင်း..။သူဖြစ်စေချင်တဲ့အတိုင်း ဖြစ်မလာခဲ့ဘူးလေ။ အဲ့ဒီတော့ ဖြစ်လာတာကို လက်ခံခဲ့ရတာပဲ။ တားဆီဖို့တောင် မတတ်နိုင်ခဲ့ဘူး ညီ။လောကမှာ မရှိတဲ့ လူတွေက စပြီး ထက်မြတ်တဲ့လူတွေအထိ ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုပဲ ဦးစားပေးတာက အကောင်းဆုံးပဲလို့ ငါထင်တယ်။ မင်းရော...."
သွေးမရှိတဲ့ နှုတ်ခမ်းမှ သွေးပျက်စေတဲ့ စကားများကို ဠာန်၊ကရိုဏ်းကျကျ အလှူရေစက်ချသလို တစ်စက်ချင်း ဖြည်းဖြည်းမှန်မှန် ပိုင်ရှင်က ပြောသည်။
"ဖြစ်ချင်တာကို မရ,ရအောင် ကြိုးစားခဲ့တဲ့သူတွေများ ပုံလို့ ပိုင်ရှင်ရာ။ "
"ကြိုးစားခွင့်ရှိခဲ့ကြတာကိုး....."
"အေးလေ အခွင့်အရေးဆိုတာကလည်း ကြိုးစားယူရတာပဲ။ ငါဒီလောက်တော့ တွေးတတ်ပါတယ်"
"မင်းမတွေးနိုင်သေးပါဘူး။ တွေးမထားတဲ့ ကိစ္စတွေကလည်း ရှိတတ်သေးတယ်။ ဒါတွေ ထားလိုက်ပါတော့ ။ ငါနားချင်ပြီ ညီ...."
ပြောပြီးတာနဲ့ ပိုင်ရှင် ထထွက်သွားသည်။
ဖြစ်လာမည့်အရာတွေကို ကြိုတင်သိရှိခွင့်ရင် အဆိုးဆုံးဆိုတာတွေ ရောက်မလာအောင် ဗေဒင်ရတြာ ထောင်၊သောင်းမက လုပ်၍ တားဆီးထားချင်သည်။ ဗေဒင်ရတြာဆိုတာ မကောင်းတဲ့အကျိုးပေးကံကို အချိန်ရွှေ့တာမျိုးလေ။
___________________________________
"မေမေ"
"ဆောင်းမြူနှင်း မေမေ ဖုန်းဆက်တယ် သားသား"
"ဘာပြောလဲ"
"သားသိပြီးသားကိစ္စကို ပြောတာပါပဲ။ ဒေါသထွက်နေတဲ့ပုံနဲ့ကွယ်။ ခြေနှစ်ချောင်း မကယ်ကောင်းဆိုတာရော။
ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက် တာတွေရော။ "
"သူကမှ ကိုယ်မွေးတဲ့ကြက်ကိုယ်ပြန်ရိုက်သတ် လုပ်နေတာပါ မေမေရာ။ ဆောင်းလေးကို မေးပါဆိုတော့ မမေးဘူး"
"သားသား မင်း တစ်ကယ် မဟုတ်ပါဘူးနော်"
"မေမေ...."
"အော် စိတ်၏ကွယ်ရာလေကွယ်။ မင်းတို့က ဒီလောက်ရင်နှီးနေတာ"
"ဟာ မေမေကလည်း သားက ဒီလောက် မထိန်းသိမ်း နိုင်တဲ့ အရွယ်လား"
ဆောင်းလေးကတော့ ဘယ်ဆူးနှင့် ရင်ဆိုင်ခဲ့ရသည် မသိ။ ဖက်က မြေပြင်ပေါ်ကျ၍ မြေပြင်မှာ အမှိုက်ဖြစ်နေရပြီ။ ညီဟာ ဒီဆူးနဲ့ဖက်ကြောင့် အသားလွတ် အမှိုက်တင်ခံရတဲ့ မြေပြင်လို။ ဒီဖက်ဟာ မြေပြင်မှ ခွာချ၍ ရပါ့မလား။ ကွာကျသွားပါ့မလား။
"မေမေတော့ အသက်ကြီးနေပြီ သားသားရယ်။ မင်းလည်း ကိုယ့်တာဝန်ကိုယ်ယူနိုင်တဲ့အပြင် လုပ်ငန်း၊ အဖွဲ့အစည်းတွေတောင် ဦးဆောင်နိုင်တဲ့ အရွယ် ရောက်နေပြီ။ "
"ဆောင်းလေက တစ်ယူသန်။ အန်တီက တဇွတ်ထိုးနဲ့ မေမေရာ။ စိတ်ညစ်တယ်"
"သဗ္ဗေသတ္တာကမ္မသကာ သတ္တဝါတစ်ခု ကံတစ်ခုပဲ ၊ ကံစီမံရာပေါ့ကွယ်"
မေမေပြောတဲ့ ကံက ဘယ်လိုစီမံမလဲတော့ မသိ။အားလုံးက ညီနဲ့ဆောင်းလေးအတွက် ပူပန်နေချိန် ညီက ပိုင်ရှင့်ပြောင်းလဲမှုတွေကို လိုက်မီအောင် စဉ်းစားခန်းဖွင့်နေရသည်။
_______________________________________________
အခန်းတံခါးဖွင့်၍ အားပြတ်စွာ ထွက်လာသော ဆောင်းလေးရဲ့ အခြေအနေကို ခန့်မှန်းကြည့်နေမိသည်။ သူက မိုးလေဝသမဟုတ်သလို ကိုယ်က ဆရာကြီးဦးထွန်းလွင် မဟုတ်တော့ ခန့်မှန်းရ ခက်ခက်ပင်။
ရေကိုတောင် အရိုးပါမှာ စိုးရိမ်းနေသည့်ဟန်နှင့် ဖြည်းဖြည်းချင်း သောက်နေပုံကြည့်ရတာ သိပ်တော့ အဆင်မပြေ။ အရင်အချိန်က မိုးပျံဖူဖောင်း အရှုံးပေးရအောင် ပေါ့ပါးနေသည့်သူက အခုတော့  ကမ္ဘာမှာ ရှိသမျှအပူမီးတွေ သူ့ဆီ လောင်မြိုက်နေသည့်အလား။
"နင် ဘာမှ မစားဘူးနော်။ ဘာစားချင်လဲ"
ခေါင်းခါပြ၍ အိမ်ထဲ ခြေလှမ်းနေသူကို လှမ်းဆွဲထားလိုက်သည်။ ဒီနေ့တော့ မေးကို မေးရမည်။ တရုတ်ကောင်က ဟိုတစ်ခါ သူ့မိန်းမ လိုက်လာသည်ဆိုသော သတင်းကြားကတည်းက ပျောက်နေခဲ့တာ။ အချိန်ပြန်တွက်ကြည့်တော့လည်း အဲ့ဒီကာလနဲ့ မတိမ်းမယိမ်းပါပဲ။ကာယံကံရှင် မပြောသည့်အထိ ဘေးလူတွေးသမျှဟာ မှန်းခြေကြီးပဲမို့ သက်သေကိုတော့ ရအောင်  လုပ်ရမည်။
"နင်ဘာလုပ်မယ် စိတ်ကူးထားလဲ"
"ဒီကလေးကို မွေးမှ ဖြစ်မယ်ဆို ငါ မေမေနဲ့ ပြန်လိုက်သွားတော့မယ် သုခ"
"မမွေးလို့ ရမလား။ မေမေတို့ ဒီအချိန်ကို ဘယ်လောက်မျှော်ခဲ့ရလဲ"
ကွန်ဒိုခန်းထဲ ဘေးလူ ကြားမည့်အလား အန်တီငယ်က အံကြိတ်၍ ဝင်ပြောသည်။
မျက်ရည်ကို ရေစုပ်စက်နဲ့များ သူများတွေဆီကပါ စုပ်ယူထားသလား မှတ်ရအောင် ဆောင်းလေးဟာ ဒီရက်ပိုင်းအတွင်း တော်တော်လေးကို ငိုနေတတ်သည်။ အခုလည်း ငိုနေပြန်၏။
"အဲ့ဒါဆို လက်မှတ် ဖြတ်ထားလိုက်တော့ မေမေ။ ကိစ္စမကြီးခင် သွားတာ ကောင်းတယ်"
"ဘာကိစ္စကမှ ကြီးစရာ မလိုပါဘူး။ ငါ့သမီးလေးလည်း ဘယ်ကိုမှ ရှောင်ပြေးစရာ မလိုဘူး။ ငါ့မြေးလေးလည်း အရွယ်ရောက် အဖေခေါ်စရာ ရှိကို ရှိရမယ်"
"မေ....မေ"
ဆောင်းလေးက အားကိုးတကြီး အန်တီငယ့်ကို မော့ကြည့်လိုက်၏။ ဇေသုခ နားလည်လိုက်ပါပြီ။ ဒရမ်မာကားတွေရဲ့ ဇာတ်ဝင်ခန်းအဖြစ်လောက်သာ တွေးထင်ထားခဲ့သော ဖြစ်ရပ်မှန်က မျက်စိရှေ့ခုံပေါက် ထွက်လာကာ ရုပ်လုံးကြွလာသလိုပင်။ သက်ပြင်းအရှည်ကြီး မှုတ်ထုတ်မိသည်။
"ကျားချင်းကိုက်တာ သမင်းကို အစာမလုပ်ပါနဲ့ အန်တီငယ်ရာ...."
"ဖြစ်ပါ့မလား မေမေ"
"ဖြစ်အောင်လုပ်ရမှာပေါ့ သမီးရယ်"
ဇေသုခစကား ကြားလေဖြတ်၍ ပျံထွက်သွားသည် ထင်၏။ အန်တီငယ်တို့ သားမိအချင်းချင်းစကားသာ ဒီဝိုင်းထဲ တိုးဝင်နိုင်သည်။
"အန်တီငယ် လူကြီးမဟုတ်ဘူးလား ဗျာ။ ကိုယ့်ဖင်ကမစင်သူများချေး လုပ်နေတာ ဘယ်သူမှ မသိရင်တောင် ကိုယ်စောင့်နတ်တော့ သိတယ်။ကိုယ့်ကလေးနဲ့ကိုယ် လိပ်ပြာလုံလုံ နေရမယ့်နည်းပဲ တွေးစမ်းပါ"
"နင် တိတ်တိတ်နေစမ်း ဇေဇေ။ "
"သုခပြောတာ မှားလို့လား မေမေ။ သမီးလိပ်ပြာလုံနိုင်မှာ မဟုတ်ဘူး။ ပြီးတော့ တေဇက သူ့ပိုင်ရှင်ကို သိပ်ချစ်တာလည်း သမီးအသိ"
ဆောင်းလေးဆီမှာ ဒီစိတ်ရှိနေတာကိုပဲ ကျေးဇူးတင်လိုက်မိသည်။ အန်တီငယ် စကားပြန်မစခင် အိမ်မှာဒီသုံးရက်အတွင်း မဖြစ်သေးသော ကိစ္စတစ်ခု ဖြစ်ပွားသွား၏။ အဲ့ဒါကတော့.......
ဆောင်းလေးဆီ ဖုန်းဝင်လာသည်။ ဆောင်းလေးကလည်း လက်ခံစကား ပြောခဲ့သည်။ အခန်းထဲ ပြေးဝင်သွားတာကတော့ ခြွင်းချက်။
သတင်းကြေငြာသူသာဆိုရင်တော့ နောက်ထပ်သတင်းခေါင်းစဉ်မှာ ဟုပင် ပြောရလိမ့်မည် ထင်သည်။
နောက်ကိစ္စတစ်ခုလည်း အချိန်တိုအတွင်း ဖြစ်ပွားခဲ့သည်။ ဦးနွေတို့အိမ်ကို ဇေသုခမှ လိုက်မပို့လျှင် တစ်ယောက်ထဲ သွားမည်ဆိုသော စကားကြောင့် လိုက်ပို့ပါမည်ဟု လက်ခံလိုက်ရခြင်းပင်။
သတင်းအစုံအလင်ကတော့ ဆက်လက်စုံးစမ်းလျက် ရှိပါကြောင်း.....။
______________________________________________________________________________________________________________
AN/ ကြားနေရတဲ့ သတင်းအရ မယ်မင်းကြီးမ အလယ်အလတ်တို့ စာမေးပွဲနီးကြပြီဆို။ 'စာကျက်ပါ ကလေးတို့ရာ'လို့ သတိပေးရမယ့် အရွယ်တွေ မဟုတ်တော့ဘူး ထင်တယ်နော်။ ဒီစာကို ဖတ်မိပြီဆိုရင် စာကျက်ဖို့လိုပြီဆိုတဲ့ သတိဝင်ပေးပါ။ ဒါဆို ကိုယ်မရေးတာ ကြာပြီဖြစ်တဲ့ AN ထည့်ရေးပေးရကျိုးနပ်တာပေါ့။ နပ်လည်းနပ်ချင်တယ်။ ကလေးတွေက ကိုယ့်စကား နားထောင်တယ်ဆိုတဲ့ ပီတိမျိုး ကိုယ်ကရချင်တယ် မယ်မင်းကြီးမတို့ရေ။
မယ်မင်းဖွားဖွားတွေအတွက်ကတော့ ကျွန်တော် အမောင်လွန်းသည် မနှစ်က ဒီအချိန် စာရေးကောင်းနေပါသဖြင့် ဒီနှစ်လည်း စာမေးပွဲကို ထပ်မံရင်ဆိုင်နေရပါသည်။ ဤမှန်သော ကြုံတွေ့နေရမှုကြောင့် updateခဏ နားပါမည်။
ဟုတ်ကဲ့ ဒါ ညီပိုင်ရှင် Updateဖြစ်ပါတယ် ခင်ဗျာ။ မီးလေးခဏ ပိတ်ပေးပါ။ စာမေးပွဲပြီးချိန် updateနှင့်တကွ ပြန်လာခဲ့ပါမယ်။
ဒန်....ဒန်....ဒန်...ဒန်း.....
############################
Unicode
စိတ်ဟာ အပါးလွှာဆုံး အထိပ်တစ်နေရာမှာ ရှိနေသည်။ ထိရုံနဲ့ လွယ်ကူစွာ ပေါက်ကွဲနိုင်ပြီး လေဟပ်ရုံနဲ့ လွင့်ထွက်ဖို့ဟာ လွယ်လင့်တကူ။ ဘာတွေဆက်ဖြစ်လာမလဲ။ ဘယ်လိုဖြေရှင်းနိုင်မည်လဲ။မည်သို့မျှ မတွေးနိုင်အောင် အကျဉ်းကျနေ သလိုပင်။
Autismကျောင်းကို လစဉ်အလှူငွေပေးဖို့တော့ ညီ မေ့၍မဖြစ်။ မမေ့အောင်လည်း အသင်းက လှမ်းသတိပေးသည်လေ။ ကျောင်းမှာ ကျန်းမာရေးစစ်ပေးနေသော ပါရဂူကြီးနှင့် တွေ့၍
"ဟော..တွေ့ပြန်ပြီ။ဦးညီတေဇတို့ ဗန်ဒါစေ့ရပြီလား။ အဆင်ပြေရဲ့လား"
"ဗျာ...ဘာစေ့"
"အော် မသိသေးဘူးလား။ ဦးဘုန်းပိုင်ရှင်အတွက်လေ"
"သူ ဘာဖြစ်နေလို့လဲ ဆရာ..."
ဆရာက သက်ပြင်းရှည်တစ်ဝက်နှင့် ပြုံးရင်း ခေါင်းတဆက်ဆက်ညိတ်သည်။ဒီအပြုံးဟာ အရာရာကို ကျွန်တော်နားလည်ပါတယ်ဟု ပြောနေခြင်းလားဟုတောင် ညီ့မှာ သံသယတစ်ဝက်နှင့်။
"သူရှာနေတယ်ပြောလို့ပါဗျာ။
အခုသူမပါဘူးလား။ "
"ကျူတာပြန်လျှောက်ဖို့ စာမေးပွဲ ဖြေရမယ်ဆိုပြီး သွားတယ် ဆရာ"
"သူ့ကို အာရုံစိုက်ရမယ့်ကိစ္စ။ စိတ်ပင်ပန်းတဲ့ကိစ္စတွေ မလုပ်ခိုင်းတာ ကောင်းမယ်"
ဒုတိယအကြိမ်မြောက် စိတ်ပင်ပန်းတဲ့ ကိစ္စတွေ မလုပ်စေချင်ဘူးဆိုသော သတိပေးချက်ကြောင့် သာမာန်ရိုးကျအနေနှင့်  တွေးနေ၍ မဖြစ်တော့။ထပ်မေးဖို့ ပြင်လိုက်ပေမယ့် ကလေးတွေ တန်းစီလာပြီဖြစ်၍ ဆရာက ညီ့ဆီ အာရုံမရောက်တော့သောကြောင့် ပိုင်ရှင့်ကို မေးဖို့သာ တေးမှတ်လိုက်၏။
ပဟေဠိဟာ အဖြေညှိစရာမပါဘဲ ညီ့ဘဝထဲ တိုးဝင်လာခဲ့တာ ရေတံခွန်မှရေစီးတွေလို၊ လေစုန်မှပျားပိတုန်းတွေလို အလျင်နှုန်း မြန်လွန်းလှ၍ ညီဟာ တုံဏှိဘာဝေ တွေဝေနေရစဲ။
_______________
တစ်ယောက်ထဲရှိနေတဲ့ Edenကို "ခဏနားမယ်နော်"ဟု ပြောကာ ပိုင်ရှင့်အခန်းထဲ ဝင်လာခဲ့သည်။ ညီ့မှာ သည်မျှအခွင့်အရေးတွေရော ရှိသေးရဲ့လားတော့ မသိ။
ကုတင်ပေါ်မှ ရှုပ်ပွနေသော အကျႌ၊စာအုပ်များကို တစ်ကိုယ်စာချဲ၍ လှဲချလိုက်တာနဲ့ တစ်ညလုံး အိပ်မထားတဲ့ အရှိန်ကြောင့် ညီ့အာရုံတွေ တိတ်ဆိတ်နေသည့်ဝန်းကျင်မှ  ခတ္တမျှ ဝေးကွာခဲ့သည်။ မှေးခနဲ.....။
နဖူးပေါ်မှ ရှည်လျားသောလက်ချောင်းရှည်များ အသာအယာ ကူးလူးနေ၏။ ပူပူနွေးနွေး မျက်ရည်တစ်စက်က ညီ့ပါးပြင်ပေါ် စီးကျလာကာ စိတ်အတွင်းထဲထိ လှိုက်စားသွားခဲ့သည်။
ဒါ အိပ်မက် မဟုတ်။ ဘာကြောင့်လဲ။ ဘာလို့လဲ။
"ပိုင်ရှင်..."
"အင်း....။မပြန်သေးဘူးလား...."
"ငါဒီနေ့ Autismကျောင်းသွားတယ်။ ဆရာမလေးတွေက မင်းကို မေးနေသေးတယ်။"
ဒီအထိ ပိုင်ရှင်က ညီ့စကားကို စိတ်ဝင်စားဟန်မပြ။ ချွတ်လိုက်သော အကျႌကို ကုတင်အစွန်းပေါ် ပစ်တင်နေသည်။
"ပါရဂူကြီးနဲ့လည်း တွေ့တယ်"
"ဟင်..."
"ဗန်ဒါစေ့ရပြီလားတဲ့။ မင်းရှာနေတယ်ဆို ဘာလုပ်ဖို့လဲ "
"အရေးမကြီးပါဘူး..."
"ပြောပြန်ပြီ။ "
ပုရွတ်ဆိတ်ခြေတစ်လှမ်းစာလောက် လှည့်ကြည့်သည်။ ပြုံးသယောင် ဟန်ဆောင်ကာ လှည့်ပြန်၍ အကျႌဆက်ရွေးနေ၏။ အဖြူရှပ် အထပ်လိုက်မှ ဘာကိုရွေးနေလဲတော့ မသိ။
"ငါ့အတွက် အရေးကြီးတယ် ပိုင်ရှင်။ ဘာလို့ ပူစီနံဖျော်ရည်ကို ဆေးတစ်ခွက်လို ကြိတ်မှိတ်သောက်နေတာလဲ။ ဗန်ဒါစေ့ကရော ဘာအတွက်လဲ။ ဦးနွေရော ၊ပါရဂူကြီးကရော မင်းစိတ်ပင်ပန်းတဲ့ကိစ္စတွေ ဘာလို့ မလုပ်စေချင်ရတာလဲ"
"မင်းကရော ငါစိတ်ပင်ပန်းတဲ့ကိစ္စ လုပ်စေချင်လို့လား "
"မေးနေစရာတောင် မလိုဘူးလေကွာ"
"ဘင်ဂို......။အဲ့ဒါဆို ဆောင်းလေးကိစ္စကို သေချာ ဖြေရှင်းပေးလိုက် ညီ"
" ငါတတ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး ပိုင်ရှင်"
"မင်းတို့ ငါတို့ရဲ့ ညီမလေးဆို။ ကိုယ့်ညီမလေးလို့ တွေ့ကြည့် ။ ပြီးရင် ဘာလုပ်ပေးသင့်လဲ သေချာတွေး"
ညီ အထိတ်တလန့် မော့ကြည့်မိ၏။ကျောပြင်ပဲ မြင်နေရတာဟာ ကျောပေးထား၍လား၊  ကျောခိုင်းသွား၍လား။ ဘယ်လိုနေနေ ကျောပြင်ဟာ အတူတူပါပဲ။ ထိတ်လန့်မှုနဲ့ နာကျင်မှု သိပ်သည်းဆကသာ ကွဲပြားနိုင်တာ။
"ဟုတ်တယ် ငါ အတတ်နိုင်ဆုံး လုပ်ပေးရမယ် ဆိုတာတော့ သိတယ်။ မင်းလက်ကို ဖြုတ်ချပေးရမယ့် ရွေးချယ်မှုမျိုးဆိုရင်တော့"
"ဒီနေရာမှာ ကလေးဆန်နေလို့ မဖြစ်တော့ဘူးနော် ညီ။ ငါခွင့်လွှတ်ပေးနိုင်တယ်ဆိုတာ အရာရာတော့ မဟုတ်ဘူးလေ"
" အဲ့ဒီရွေးချယ်မှု သေတာတောင် ငါမလုပ်ဘူး"
ပိုင်ရှင်က ညီ့ရှေ့မှာ ထိုင်ချသည်။တစ်ချက်ရယ်သည်။ မေးစေ့အောက်ဖက်မှာ ပေါ်နေတဲ့ တွင်းနက်လေးဟာ ဒီနေ့မှ  ရက်စက်အောင် နူးညံ့စွာ ချစ်စရာကောင်းနေသလိုပင်။နဖူးပေါ် ကျနေတဲ့ ဆံပင်တွေကို သပ်တင်ပေးနေတဲ့ ဂရုဏာဟာ ကြက်သီးထဖွယ်။အဲကွန်းခန်းထဲ အပေါ်ပိုင်းဗလာကျင်းနှင့် ဖြစ်နေ၍
"အကျႌအရင်လဲဦး။ မင်းနဲ့ငါ သေချာပြောရမယ့် ကိစ္စ"
စကားလုံးတွေ လည်ပြွန်မှာ ရပ်တန့်ကြသည်။ မနက်က ပေါက်သွားသော နှုတ်ခမ်းထောင့်စွန်းမှ ငံကျိသောရသာဟာ ဟင်းတစ်ပွဲအတွက် လိုက်ဖက်နေသလို ပနံသင့်လှ၏။
ဖြူစင်လွန်းတဲ့ ရမ္မတ်အာရုံဟာ နူးညံစွာ နိုးကြွနေသည့်ဟန်။ ပါးလွှာနေတဲ့ ညီ့စိတ်တွေက သာယာမှုမှာ လွင့်မျောလျက်။ နူးထွေးသော နှုတ်ခမ်းပါးတစ်စုံကြောင့် ညီဟာ သည်မျှ အိနြေ္ဒမဲ့နေလေ၏။ အံကြိတ်ထားမိရာက စုပ်ထားမိသော လက်သီးကြောင့် အိပ်ရာခင်းမှာ ကြေမွရာ အထင်းသား။
အဆီရစ်တဲ့ အသားစိုင်နေရာအရောက် အရာအားလုံးဟာ နေရာတကျ ရပ်တန့်သွားသည်။ ပိုင်ရှင့် ပါးပြင်ပေါ်မှ မျက်ရည်စက်အချို့ ဖြတ်ပြေးကြ၏။ ညီ အချိန်ကြာအောင် ကြည့်ခွင့်မရလိုက်။ ရေချိုးခန်းထဲ ပြေးဝင်သွားခဲ့ပြီ ဖြစ်လေသည်။
နားလည်သည်။ ပိုင်ရှင်ဟာ ညီ့အတွက်ဆို ညီတပ်မက်တဲ့ နာကျင်မှုမျိုးတောင် ပေးဖို့ရဲမည့်သူ မဟုတ်။  ပိုင်ရှင်နဲ့ ပက်သတ်ရင် အရာအားလုံး သူ့ကိုယ်စား တွေးပေးခဲ့သည်။
ဥပမာ-ပိုင်ရှင်ခွင့်လွှတ်မှာပါ။ နားလည်မှာပါ။ အဆင်ပြေလောက်ပါတယ်။ ခံစားနေရတော့မှာ...စသည်...စသည်ပေါ့။ အရာအားလုံးမှာ အချို့အရာတွေ ညီ မသိလိုက်တာကတော့ မည်သူ့အမှားနည်း။
"ပိုင်ရှင် မနက်ဖြန် ဆောင်းလေးအိမ်ကို သွားရအောင်"
ခေါင်းညိတ်သည်။သဘောတူညီမှုက ဆံပင်တွေအား တရှိုက်နမ်းယူခြင်းနှင့် တစ်ကိုယ်စာလုံအောင် ထွေးပွေ့ခြင်းဖြင့် အဆုံးသတ်၏။
___________________________________________________________
တိုက်ခန်း တံခါး လာဖွင်ပေးသည့်သူကို မြင်လိုက်ရ၍ သွေးပျက်သွားတာပင်။ ဒီလောက် အမြန်ကြီး ရောက်လာမည်ဟု မထင်ခဲ့မိတာကြောင့်ပါ။
"သားရေ အန်တီတော့ သိပ်ပျော်တာပေါ့။ နေ့ကောင်းရက်မြတ် လာရွေးတာဟေ့"
ပြုံးပြုံးရွှင်ရွှင် ဆီးကြိုမှုနှင့် ထောပနာဦးကြို စကားကြောင့် ညီ ပိုင်ရှင့်လက်တွေကို  ဆုပ်ကိုင်လိုက်မိသည်။
"ဗျာ...အန်တီ ဘာပြောတာလဲ..."
"သားကလည်း ။ အေးပေါ့ လူပျိုကြီးရှက်တော့ အဲ့သလိုပေါ့"
အန်တီက ညီ့လက်မောင်းကို နှစ်ချက်လောက် ဆင့်ရိုက်ပြီး ကလူသလို ပြောနေသည်။ ဇေသုခ မည်သို့ပြောထား၍ အန်တီကမည်ပုံ နားလည်နေသည် မသိ။
"အန်တီ တစ်ခုခုတော့ လွဲနေပြီ ထင်တယ်။"
"မောင်ညီတေဇရယ် ဘာလွဲစရာ ရှိလို့လဲ"
ဆိုဖာမှာ ထိုင်နေသည့် ဇေသုခကို လှမ်းကြည့်တော့ နဖူးကြောကို လက်မနှင့်လက်ညှိုး အားကုန်သုံး၍ ဖိထောက်ထားပုံမှာ စိတ်ရှုပ်ဟန်အပြည့်။
"နေ့ကောင်းရက်မြတ်ဆိုတာ ဘာကို ပြောတာလဲ အန်တီ"
"သားတို့အတွက်လေ။ အန်တီတော့ စိတ်ချရပြီ။ အသက်မကြီးခင် မြေးလေး ချီချင်နေတာနဲ့ အတော်ပဲ။ မင်းညီမက အပျိုကြီးဗိုက်။ ဘာမှတောင် မထွက်သေးဘူး ဆိုတော့ သတို့သမီးဝတ်စုံ လှလှလေး ဝတ်လို့ရပါသေးတယ်"
စကားလုံးဟာရီကိန်းများ ဝင်မွှေ့သွားသလား ထင်မှတ်ရ၏။ အထင်တွေနှင့် ပွဲတစ်ခု စိတ်ကူးနေတာဟာ ဘာသီလမှ မကျိုး။ မည်သည့်ပစ်မှုမျိုးနှင့်မှ တရားစွဲလို့ မရနိုင်၍သာ တော်၏။ ဗန်းစကားနဲ့ ပြောရရင်တော့
"အန်တီရယ်
You are reading the story above: TeenFic.Net