အခန်း(၃၉)
Background color
Font
Font size
Line height
Zawgyi
"မင်းညီမကို မေးကြည့်"
"ဘာဖြစ်တာလဲ ဆောင်းလေး"
"ဖျက်ချပစ်ရမလား.....ငါ...."
"နေပါဦး....."
"ဘယ်သူနဲ့လဲ...."
______________________________________
"ဦးနွေ ပိုင်ရှင်ရော"
"ဘာ....." "What...."
"ဒါဆို ဘယ်သူနဲ့လဲ"
"မဟုတ်ဘူး ဦးနွေ သူခံစားနေရမှာ။ မဟုတ်တဲ့ ကိစ္စကို သံသယတွေနဲ့ သူတွေးပူနေရမှာကို ကျွန်တော်မလိုချင်တာ"
"ဒါပေမယ့်လည်း ခံစားနေရပြီပဲလေ"
ဦးနွေစကားကို Eden ကပါ ခေါင်းညိတ် ထောက်ခံသည်။
"ကျွန်တော် မပြန်သေးဘူး ဦးနွေ။ မနက်ကျရင်တော့ တံခါးဖွင့်မှာပဲ။ အဲ့ဒီအချိန်ထိ စောင့်မယ်။ ရတယ်မလား..."
"ရပါတယ်.....။ အချိန်က မစောတော့ဘူး နည်းနည်းပါးပါး နားလိုက်ဦး။ မနက် အလုပ်မရှိဘူးလား"
ဟင်းခနဲ သက်ပြင်းချသည်။ ဒီအချိန် အလုပ်ကိစ္စ မတွေးချင်။ ခေါင်းရမ်းလိုက်မိသည်။ အလုပ်ရှိသည်လားကို စဉ်းစားမိလောက်အောင် ညီ မစွမ်းနိုင်တော့။
_________________________________
အမှောင်ကို အလင်းဟာ သတ္တိရှိရှိ တုပနေပြီ ဖြစ်သည်။  ကျေးငှက်မြည်သံလေးတွေက စစ်ကူအဖြစ် အော်ဟစ်နေကြသယောင်။
အခန်းတံခါးကို မှီရင်း ထိုင်နေသူကို ဦးနွေက ပခုံးပုတ်သွားသည်။ အိပ်ပျော်ပါစေဟု ဆုတောင်းမိသူရဲ့ အခန်းငယ်ကို ယောင်လို့မျှ မထုရိုက်မိတော့။ မျက်နှာလေးတော့ တွေ့ရမှ ညီအသက်ရှူဝနိုင်မည်ဆိုတော့ သူကိုယ်တိုင် ဖွင့်ဟလာဖို့သာ ထိုင်စောင့်ရုံ။
ချက်ခနဲဆိုသော တံခါးဖွင့်သံကြောင့် ညီ ထရပ်မိသည်။ မျက်မှန်အောက်က မျက်ဝန်းအိမ်မှာ တည်သီးမှည့်လို ရဲမှည့်နေ၏။ မျက်ခွံနှစ်ခု မို့အစ်လျက်။
"ပိုင်ရှင်......"
"ဘယ်သူနဲ့တဲ့လဲ..."
ဦးနွေ စကားဟာ မြေကြီးလက်ခက်မလွဲ မှန်ကန်နေခဲ့၏။ ညီ့မှာ အဖြေမရှိတဲ့ စကားကမှ ပိုင်ရှင့်အတွက် စိတ်ပြေစရာ ဖြစ်နေခဲ့သည်ထင်။
"သူက မပြောဘူး ပိုင်ရှင်။ ငါ မဟုတ်ဘူး အဲ့ဒါ တစ်ကယ် သေချာတယ်"
"အင်း....ငါယုံပါတယ်"
ယုံပါတယ်ဆိုသော စကားဟာ ကြေကွဲဖွယ်စရာ စကားမှန်း ညီ အခုမှ သိခဲ့ရသည်။ ငါ့ကို ယုံပေးဟု နောက်ထပ် မပြောရဲလောက်အောင် ညီ့ ရင်ထဲ စူးနစ်ဝင်သွား၏။ ပိုင်ရှင့် မျက်ရည်တွေက သက်သေ။ ဒီမျက်ရည်တွေ အရင်းခံပြီး ညီ့ကို ယုံသည်ဟု ဆိုနေ၏။
"အဲ့ဒါဆို မငိုနဲ့လေကွာ။ မျက်ရည်မကျပါနဲ့ ပိုင်ရှင်ရာ။ ငါရူးတော့မှာပဲ။ မင်းဘာတွေ တွေးပူနေတာလဲ"
"မင်းကို ယုံတယ်။ ငါမယုံတာက"
"အင်း.....ပြောလေ ပိုင်ရှင်"
"ကံကြမ္မာနဲ့ ငါ့ကိုယ်ငါ"
"ဟမ်....."
ရုတ်ချည်း ညီ့ကို အခန်းထဲ ဆွဲခေါ်၍ အခန်းတံခါးကို ဂျက်ချလိုက်သည်။ နှုတ်ခမ်းပါးတွေက သွားထက်ထက်ကြောင့် သွေးစို့လာကြ၏။ အတင်းအကြပ် စေခိုင်းမှုမှာ လျှာနှစ်ခုဟာ ရပ်နားချိန်မရတော့။ ညီ အသက်ရှူကြပ်လာ၍ တုံ့ပြန်မှုကို ရပ်တန့်ပစ်တော့ ပိုင်ရှင်ရဲ့ နှုတ်ဖျားဟာ ဆံနွယ်တွေဆီ ဖွဖွလေး တစ်ချက် နမ်းရှိုက်၏။ ဒီလောက်မျှ ညီ့အပေါ် အလိုက်သိတဲ့သူမို့ ညီကလည်း သူ့အတွက် အဆင်မပြေတာမျိုး မလုပ်ချင်။
"မင်းကလွဲရင် ငါဘယ်သူ့ကိုမှ မရိုးသားတဲ့စိတ် မရှိခဲ့ဘူး ပိုင်ရှင်။ "
"ငါ တစ်ညလုံး တွေးနေခဲ့တယ်။မင်းရော ငါရော သိပ်ကို ချစ်ခဲ့ကြပါတယ်။ အမှားသေးသေးလေးတစ်ချို့၊ အတူနေချိန်နည်းတာကလွဲ ပျော်ပျော်ရွှင်ရွှင်ကို ချစ်ခဲ့ကြတယ်။ တစ်သက်မှာ ဒီလောက် ပျော်ရတာနဲ့ တန်ပါတယ်"
"ဘာတွေ ပြောနေတာလဲ။ ဘာတွေ ပြောနေတာလဲ ပိုင်ရှင်ရာ။ ငါ့ကို ယုံတယ်ဆို။ ယုံရင် ပြီးပြီလေ။ ကျန်တာ ဘာမှထပ်ဖြစ်ဖို့မလိုဘူး"
"တစ်ခါတစ်လေ ငါ့ရဲ့ညီက ရေရှည်တွေးဖို့ သိပ်မေ့နေတတ်တယ်ကွာ...."
ညီကပဲ ထူပူနေရရ၍ မတွေးမိတာလား။ ပိုင်ရှင်ကပဲ တွေးပူနေတာလား မသိ။ ပြဿနာက မရှိတော့သလိုနှင့် ကြီးကြီးမားမား ထိတ်လန့်နေစေ၏။ မဟုတ်တာ လုပ်ထားခြင်းမျိုးလည်း မရှိပါဘဲနှင့်။ ညီ နားမလည်နိုင်ဘဲ ကြည့်နေတုန်း ပိုင်ရှင်က စကားဆက်သည်။
"ပြန်လိုက်ဦး ညီ။ တွေးမနေပါနဲ့တော့ အချိန်တန်ရင် မင်းရင်ဆိုင်ရလိမ့်မယ်"
"မပြန်ဘူး။ ဒီနေ့ဘယ်မှ မသွားဘူး။ မင်းနားမှာပဲ နေမှာ"
"ငါ စာမေးပွဲ သွားဖြေရဦးမှာ။ ပြီးရင် ဆရာတွေဆီ တွေ့ဖို့ ရှိသေးတယ်။ ငါ မအားဘူး ညီ"
လိုက်မမီတော့သော အပြောင်းအလဲတွေကြား ညီဟာ မူးနောက်နေမိသည်။ ဘာမျှ လုပ်စရာ မလိုဘဲ ရုတ်ချည်း အဆင်ပြေလိုက်။ ရုတ်ချည်း တင်းမာသွားလိုက်။ အဆက်အဆက် မရှိတဲ့ အိပ်မက် အပိုင်းအစတွေလိုပင်။ ဘာကို ဘယ်လို ဆက်ရမည်လဲ အဖြေမရှာတတ်တော့။
ပိုင်ရှင်ဟာ ရေမိုးချိုး၍ သူသောက်နေကျ အစိမ်းရောင်ဖျော်ရည်ကို မျက်စိမှိတ်သောက်ချကာ ဦးနွေကားနှင့် လိုက်သွားခဲ့ပြီ။
သွားခါနီး Edenကို အမိဘာသာစကား မဟုတ်သော အင်္ဂလိပ်ဘာသာစကားနှင့် မှာသွားသံ ကြားလိုက်ရသည်။ ညီက မှင်သက်နေဆဲ။
____________________________
"အကို့ပုံစံက အိပ်ချင်မူးတူး ပုံစံလေးနဲ့"
Edenက ပြောပြောဆိုဆို ဓာတ်ပုံရိုက်လိုက်သေးသည်။
အာရုံတွေ နောက်ကျိနေစဲ ဖြစ်၍ မီးဖိုခန်းမှ ရေတစ်ခွက်အပြည့် သောက်ချလိုက်သည်။ အစာမရှိတဲ့ အူနံရံတွေရဲ့ အချင်းချင်း ပွတ်ချေမှုကြောင့် အနည်းငယ်နာလာတဲ့ ဝမ်းဗိုက်ကလေးကို ဖြည့်စွက်စာစားဖို့ တွေးမိတော့ လန်းဆန်းအောင် ရေချိုးချင်စိတ်ပါ ပေါက်လာသည်။
"Eden ငါရေချိုးသွားလို့ ရတယ်မလား"
"အိုကေ သိပ်ရတာပေါ့။ ကိုကြီးရဲ့ အင်္ကျီတွေ ယူဝတ်သွားလေ"
ရေသောက်တာကအစ ရေချိုးဖို့ အပေါ်ပိုင်းဗလာနှင့်ပုံပါမချန် ဓာတ်ပုံရိုက်နေသော Edenကို ညီ မသိချင်ယောင်ဆောင်နေ၍ မရတော့။အခုလည်း သွားတိုက်နေသည်ကို တစ်ချပ်ချပ်နှင့် လုပ်နေပြီး တခွီခွီ လုပ်နေသေးတာ။
"Eden ဘာလုပ်နေတာလဲကွာ။ စိတ်ရှုပ်ရကြားထဲ"
"ကျွန်တော့် စိတ်ကူးလေးလေ။ လုပ်ပါ ကိုယ်လုပ်စရာ ရှိတာလုပ်။ ကျွန်တော့်ကို ကိုယ်ပျောက်တစ်ယောက်လို သဘောထား"
ပြောမရ၍ ပြောမနေတော့။ မျက်နှာသစ်တာရော ကော်ဖီသောက်တာပါ အလွတ်မပေး ပေါင်မုန့်တစ်ချပ်စားနေတာလည်း မနေရ။ တစ်ဖျပ်ဖျပ်နှင့် ချလပ်နေတုန်း။ ညီ့မှာ စကားပြောချင်စိတ် ပျောက်ရှနေချိန်မို့ ဒီကလေး ကံကောင်းနေသည်။
"ကဲ မစ်ရှင် ကွန်းပလိ။ အကို့ကိုတော့ပြောစရာ ရှိတယ်"
"အင်း...."
"မမဆောင်းမှာ ကိုယ်ဝန်ရှိနေတဲ့ကိစ္စ ဘာမှတွေးမပူနဲ့။ ငါ ရှိတယ်။ ငါ မမဆောင်းကို ချစ်တာပဲ။ ကလေးတစ်ယောက်ပါလည်း ဘာမှ မဖြစ်ဘူး ရတယ်။ အခုလို အခြေအနေဆို မမဆောင်းက ငါ့ကို ငြင်းမှာ မဟုတ်ဘူး"
ညီ ကော်ဖီသောက်ရင်း Edenကို အံ့ဩတကြီး မော့ကြည့်လိုက်သည်။ ဒါဟာ ရေနစ်သူအတွက် ကောက်ရိုးမျှင်လေးများ ဖြစ်နေမလား။
"ဒီကိစ္စ ကိုကြီးတို့တောင် မသိသေးဘူးနော်"
ညီ စကားပြန်မပြောမိ။ မပြောတတ်သေးတာဆို ပိုမှန်မည်။ ပိုင်ရှင့်ရဲ့ တစ်ဦးတည်းသော သွေးသားရင်း ညီငယ်လေးကို ဒီပြဿနာထဲ ဆွဲထည့်ဖို့က လုံးဝမသင့်တော်သော ကိစ္စပင်။
ညီကပဲ ချာချာလည်နေတာလား။ ညီဘေးမှ အရာအားလုံးက ချားရဟက်လို လည်သွားခဲ့သည်လား မဝေခွဲတတ်တော့။ ခတ္တမျှ မူးနောက်သွားသည်။
ဆောင်းလေးက ဘယ်လို လုပ်ပေးရမည်နည်း။ ဒီကလေးကို ဆွဲခေါ်၍ မဖြစ်ဘူးဆိုတော့ သူများမိသားစုကိုပဲ ထိပါးရတော့မည်လား။ ဟိုတရုတ်ကောင်နှင့် ဖြစ်ခဲ့သောကိစ္စဟု ဆောင်းလေးကရော ခေါင်းညိတ်ဝန်ခံမည်တဲ့လား။
သူ့အစ်ကိုတဖြစ် ညီ့သူငယ်ချင်း အရင်းခေါက်ခေါက်ကတောင် မယုံသင်္ကာ မေးနေသေးလျှင် ပတ်ဝန်းကျင်ကရော မည်သို့မည်ပုံ လာမည်နည်း။
အခုမှ ပိုင်ရှင် ပြောသော
"ငါ့ရဲ့ ညီကလေ တစ်ခါတစ်လေ ရေရှည်တွေးဖို့ သိပ်မေ့နေတတ်တယ်ကွာ" ဆိုသော ကွဲအက်အက် ပိုင်ရှင့်အသံတွေ ပြန်ကြားယောင်လာခဲ့သည်။
"မင်းကိုယုံတယ်။ ငါမယုံတာ ကံကြမ္မာနဲ့ ငါ့ကိုယ်ငါ" ဆိုသော စကားသံတွေ ပဲ့တင်ထပ်လာသည့်အခါ ညီ ခြေဖျားလက်ဖျားတွေပါ အေးစက်သွားခဲ့သည်။
__________________________________________________________________________________________________________
Happy Birthady @fl-ess ကိုယ်အတတ်နိုင်ဆုံး ကြိုးစားပေးတဲ့ မွေးနေ့လက်ဆောင်ပါ။ ပျော်ရွှင်ပါစေ။ အေးချမ်းပါစေ။ မင်းအတွက် အကောင်းဆုံးအရာတွေဟာ အမြဲ လက်ကမ်းကြိုနေပါစေ ကလေး။
############################
Unicode
"ဇေသုခ ဆောင်းလေးတိုက်ခန်းကို မြန်မြန်လာပါ"
နပ်(စ်)မလေးက မိခင်လောင်းမှာ အယ်လ်ကိုဟော ဓာတ်တွေ့ရ၍ ဆောင်းလေးကို တင်းတင်းကြပ်ကြပ် ဆူလွှတ်လိုက်သည်။ အိမ်အပြန် လမ်းတလျှောက်လုံး ညီက ဘာစကားမျှ မဆိုမိ။ မယ်မင်းကြီးမကလည်း အံတင်းတင်း ကြိတ်ထားသည်မှာ ပါးရိုးများပါ တင်းကားနေပြီ။
တိုက်ခန်းထဲ ရောက်သည်နှင့် ပိုင်ရှင့်မျက်ဝန်းတွေကို မြင်ယောင်လာ၏။ ဘူးပေါ်သလို ပေါ်ခဲ့သည့် သေးငယ်တဲ့ မှားယွင်းမှုများဟာ ပိုင်ရှင့်စိတ်ထဲ အနည်ထိုင်နေနှင့်ပြီလားဟု စိုးရိမ်သွားသည်။ ငါ့ကိုလိမ်တယ်ဆိုသော စွဲချက်ဟာ ညီ့နားထဲ အက်ကြောင်းထပ် ထစ်ချုန်းနေပြန်၍ ရင်ခွင်ကျယ်ထဲ မိုးတဝုန်းဝုန်း ရွာသွန်းနေပြီ။ စိတ်အစဉ်က ရွှဲနစ်လျက်။
ပိုင်ရှင်ကလွဲ မည်သူ တစ်ဦးတစ်ယောက်ကိုမှ စိတ်နဲ့တောင် မပစ်မှားခဲ့ဖူးကြောင်းတော့ သစ္စာပြုမိသည်။ သစ္စာမှန်ကန်ရင် အဆုံးမရှိသမုဒ္ဒရာထဲ ရောက်တာတောင် မေခလာကယ်နိုင်သေးတယ်မလား။ ဒီသံသယနွံထဲက လွတ်ရုန်းနိုင်ဖို့တော့ လက်လျူမရှုပစ်ကြပါနဲ့။
"ဘာဖြစ်ပြန်ပြီလဲ မင်းတို့နှစ်ကောင်"
ဇေသုခ ဖိနပ်ချွတ်ရင်း စိတ်မရှည်သံနှင့် မေးသည်။
"မင်းညီမကို မေးကြည့်"
"ဘာဖြစ်တာလဲ ဆောင်းလေး"
ဆောင်းလေးရဲ့ မျက်ဝန်းတွေထဲမှာ မာနတိမ်တွေ တောက်နေသည်။ သွားကို ဖိကြိတ်ထားသည်မှ ကျိခနဲ အသံပါ ထွက်လာ၏။ မျက်တောင်တစ်ချက် ပုတ်ခက်လိုက်ရာ ဘယ်ဘက်ပါးပြင်မှ မျက်ရည်တစ်စက် လွှင့်စင်ကျလာသည်။
တော်တော်နှင့် ပြောမှာ မဟုတ်မှန်းသိနေ၍ ညီကပဲ ပြောလိုက်သည်။
"ကိုယ်ဝန် သုံးလတဲ့ကွာ။ တောက်....ပြောရတဲ့ ပါးစပ် သနလိုက်တာ"
"ဘာ....ဆောင်းလေး ဟုတ်လား။ ငါ့ကို ကြည့်ပြီး ဖြေစမ်း...နင်"
"ဖျက်ချပစ်ရမလား.....ငါ...."
ဆောင်းလေး စကားမဆုံးခင် ဆောင်းလေးခန္ဓာကိုယ် ထိုင်ခုံပေါ်မှ လွင့်ကျသွားသည်။ ဒေါသနှင့် အားပါပါ ထိုးလိုက်တဲ့ လက်သီးကြောင့် နှုတ်ခမ်းထောင့်စွန်းမှ သွေးများပါ ယိုစီးကျလာ၏။
"နင် အနေမတတ် အထိုင်မတတ်လို့ ရလာပြီးမှ အပြစ်မရှိတဲ့ သန္ဓေသားလေးအပေါ် ငါ့ဒဏ်နင်ခံဆိုပြီး လုပ်လို့ရမလား။ ငါ့ညီမလေးတော်လှ ယောင်းမ မြင်းစီးထွက်လာတယ်။ ဒီအသက်အရွယ်ကြီးနဲ့ နင် မရှက်ဘူးလား"
"ဒါဆို ငါပါသေလိုက်ရမလား"
ကြားရတဲ့စကား ညီပါ ဒေါသထွက်လာသည်။ မိန်းကလေးတစ်ယောက် အနေအထိုင် မထိန်းသိမ်းရင်တောင် ဒီလောက် စိတ်ဓာတ်ပျော့ညံ့တဲ့ မိန်းမအဖြစ် ညီနဲ့ဇေသုခ ထိန်းသိမ်းခဲ့မိသည်လား။
"နေပါဦး....."
ဇေသုခ မျက်လုံးစုံမှိတ်၍ သက်ပြင်းချသည်။ ခေါင်းအခါခါ ကုပ်၍ ရွံရှာစပ်ဆုပ်ဖွယ်ရာတစ်ခုကို အတင်းအကြပ် ဆုပ်ကိုင်လိုက်ရသည့် သဏ္ဋာန်နှင့် မေးလိုက်သည်က
"ဘယ်သူနဲ့လဲ...."
ဘုရား....ဟုတ်သား။ ညီမေ့နေခဲ့သည်။ တရားခွင်တစ်ခုမှာ အလိုအပ်ဆုံးသော မျက်မြင်သက်သေကို မေ့နေသည့် တရားသူကြီးနှယ်။ ညီ ဒီတစ်ချက်ကို လုံးလုံးလျားလျား မေ့နေခဲ့သည်။
"နင်တို့နှစ်ယောက်လုံး ဘာမှစိတ်ဝင်စားစရာ မလိုဘူး။ ငါ့မီး ငါနိုင်အောင် ငြှိမ်းမယ်။ နင်တို့ ပြန်တော့"
အသံရော ဟန်ပါ ရုတ်ချည်း မာန်ကြွသွားသော ဆောင်းလေးသည် ပြတ်ပြတ်သားသားဆို၍ အိပ်ခန်းတံခါး ဂျိမ်းခနဲ ပိတ်သွားခဲ့၏။ တံခါးပိတ်သံနှင့်အတူ ညီတို့ပါ ခတ္တတိတ်ဆိတ် နေရာမှ ဇေသုခက ညီ့ဆီကို ကြည့်သည်။ပိုင်ရှင့် အလားတူပင်။
ဒီအကြည့်တွေ ညီခံယူဖို့ ဘယ်အချက်နှင့် ညီမျှနေပါသနည်း။ ပေါင်းသင်းနေထိုင်လာခဲ့တဲ့ ကာလတစ်လျှောက် ဆောင်းလေးကို မိန်းမတစ်ယောက်အနေနှင့်တောင် မြင်ခဲ့သည် မဟုတ်။ ဒီထက် ပိုတိကျအောင် ပြောရရင် ညီမသဖွယ် ကြင်နာဂရုဏာထား၍ ကျေးဇူးရှင်လို စေတနာပိုခဲ့တာပဲ ရှိသည်။
"မင်းကပါ ငါ့ကို အဲ့ဒီလို အကြည့်နဲ့ မကြည့်နဲ့ ဇေသုခ"
"ငါဘယ်လိုလုပ်ရမလဲ။ ဒါ ငါ့ညီမကွ။ အဘက်ဘက်က ငါတွေးမှ ဖြစ်မှာ။ မင်း ဒါမှမဟုတ် ဟိုကောင်။ ဟိုကောင်က သူ့မိသားစုနဲ့သူ။ "
"တော် တော် တော်တော့ ။ ဒီစာရင်းထဲ ငါ့ကို မင်း ထည့်တောင် မတွက်သင့်တာကွာ။ ဒီလောက်တောင် ငါ့အပေါ် မယုံကြည်ဘူးလား"
"ဒီလောက်တောင် မဟုတ်ဘူး ညီတေဇ။ ဒီတစ်ခုလေးပဲ မယုံကြည်တာ။ စိတ်၏ကွယ်ရာ ဆိုတာ ဘယ်သူ့ကိုမှ ယုံရတာ မဟုတ်ဘူး။ မင်းတို့က သောက်သောက်စားစား အတူတူတွေ"
"တောက်....ဇေသုခ ငါဆွဲထိုး မိတော့မယ်။ တော်တော့ ဆိုနေကွာ။ ဒီကိစ္စ ကာယံကံရှင်နဲ့ ရှင်းမှ ဖြစ်မှာ။ မင်းညီမကို အုံပုန်းနေတာကို ပွင့်ထွက်လာအောင် လုပ်လိုက်ဦး။ ဘယ့်နှယ်ကွာ ဒီလိုကိစ္စမျိုးကို သိစိတ်ရော ၊ မသိစိတ်နဲ့ရော ငါမကျူးလွန်ဘူး။ ဒါလုံးဝ အမှန်တရားပဲ"
ညီ သံသယနံ့ မွှန်ထူနေသော အခန်းမှ ထွက်လာခဲ့သည်။ တိုက်ခန်းအောက် ရောက်မှ သံသယရောနေသော ကာဗွန်ဒိုင်အောက်ဆိုဒ်ကို မှုတ်ထုတ်၍ အောက်စီဂျင် လက်လက်ဆက်ဆက်များ ရှူသွင်းလိုက်၏။ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ လည်ဝမှာ တစ်ဆို့နေသေးသည် ထင်သည်။ ညီ အသက်ရှူ မဝခဲ့။
______________________________________
"ဦးနွေ ပိုင်ရှင်ရော"
"ရောက်ကတည်းက အခန်းထဲ ဝင်သွားတာပဲ။ ဘာတွေ ဖြစ်လာကြတာလဲ။ မျက်နှာကြည့်ရတာ တစ်ခုခုကို အသဲအသန် အဖြေရှာနေတဲ့ပုံပဲ"
"အထင်လွဲနေတာ ဦးနွေ။ လုံးဝ အထင်လွဲနေတာ။ ကျွန်တော် သွားခေါ် ကြည့်ဦးမယ်"
အဖြစ်အပျက်တွေက ကြုံတွေ့နေရသည့် ညီ ပင် အံ့ဩမဆုံး။ တစ်ကယ်ဆို ဆောင်းလေးကိုယ်ဝန်ကိစ္စနဲ့ ညီဟာ လုံးဝ အဝေးကြီး။ ဘယ့်နှယ့် တောင်မင်းကိစ္စ မြောက်မင်းကို လာစွပ်စွဲနေရသနည်း။
ညီ တံခါးကို တဝုန်းဝုန်းထုရင်းက
"ပိုင်ရှင် တံခါးကို ဖွင့်ပေးကွာ။ မင်းနားထောင်ပေးမှ ငါရှင်းပြလို့ ရမှာပေါ့။
ငါပြောပြတာလေးပဲ နားထောင်ကွာ။ မင်းဆုံးဖြတ် ရတယ် မင်းစိတ်ကြိုက် ဆုံးဖြတ်။ မင်းဘယ်လို ထင်နေလဲဆိုတာ ငါ့ကို ပြောပြစရာ မလိုဘူး။ ငါနားလည်တယ်။ ငါပြောတာလေးကိုတော့
တစ်ချက်လောက် နားထောင်ပေးကွာ နော်။ ပိုင်ရှင်......"
ရှိသမျှ ခွန်အားတွေ ယုတ်လျော့ကျလာခဲ့ပြီ။ အခန်းထဲမှ တိတ်ဆိတ်မှုဟာ ညီ့ စိတ်ခွန်အားများကိုပါ စုပ်ယူသွားခဲ့သည် ထင်၏။
ခြေလျှောက်သံလေးတောင် မစွန့်ကြဲသော အခန်းငယ်ထဲ ပိုင်ရှင်ဟာ ညီ့ကို မုန်းနေမည့်သူမဟုတ်။ လုပ်ရက်လေခြင်းဟု တွေး၍ ဝမ်းနည်းနေမည့်သူ။ မည်သို့မည်ပုံ နားလည်ပေးရမည်ကို တွေးတောနေမည့်သူ။
နားလည်ပေးစရာ မလိုသော ကိစ္စကို ညီ့ရဲ့ပိုင်ရှင်ဟာ ညီ့အတွက်မို့ ခွင့်လွှတ်နားလည် ပေးဖို့ကိုသာ တွေးနေတော့မှာကို ညီ သိနေသည်။
မျက်နှာချင်းဆိုင်၍ အကြည့်ချင်းဆုံကာ ပိုင်ရှင့်ဝမ်းနည်းမှုတွေကို ဖြေလျော့ပေးချင်သည်။ အေးစက်နေတော့မည့် လက်ဖျားတွေကို ဆုပ်နယ်ရင်း ယုံကြည်ပေးဖို့ကိုသာ ဆန္ဒပြုချင်မိသည်။ နှစ်ယောက်ကြားထဲက အချစ်ဟာ လွယ်လွယ်ရခဲ့တာမျိုး မဟုတ်သလို ခရီးတိုတိုသာ ရင်ဆိုင်ဖူးသော သံယောဇဉ်အမျှင်တန်းလေး မဟုတ်ကြောင်း ပြောပြချင်သည်။ ယုံကြည်မှုနှင့် ပေါင်းခံထားသော သံယောဇဉ်ထုကြီး ဖြစ်ကြောင်း ပိုင်ရှင့်ကို တဖွဖွ ရေရွတ်ပြချင်သည်။သို့ပေမယ့်........
အခန်းငယ်လေးဟာ ပွင့်မလာခဲ့။ ကျောမှီချထား၍ "ပိုင်ရှင်...ပိုင်ရှင်"ဟု တတွတ်တွတ် ရေရွတ်နေမှုကို ဥပက္ခာပြုဖို့ သူရော ဘယ်လောက် နာကျင်နေရမည်လဲ။
အချိန်ဟာ သန်းခေါင်ထက်ညည့်နက်ခဲ့ပြီ ဖြစ်သည်။ အခန်းမီးလေး မှိတ်သွားပေမယ့် မအိပ်သေးကြောင်းကို ညီ သိနေသည်။
ရှိုက်သံ တစ်စွန်းတစ်စ ကြားမိချိန်မှာ ညီဟာ တံခါးကို ပြန်လည်ထုနေမိသည်။ စိတ်ရော နှလုံးပါ နာကျင်နေမှုထက် သူ မယုံကြည်ရဲအောင် နေမိလေခြင်းဟု မိမိကိုယ်ကို အပြစ်တင်မိသည်။
ဒါဆို ညီ နံရံကို လက်သီးနဲ့ထိုး၍ မိမိကိုယ်ကိုယ် အပြစ်ပေးရမလား။ လက်ကောက်ဝတ်ဆီမှာ အစင်းရာ တစ်ချို့ထင်ရင် ပိုင်ရှင့်နာကျင်မှုဟာ ယုတ်လျော့သွားမှာလား။ ဒါဟာ မိုက်ရူးရဲတဲ့ ကလေးသူငယ်တွေ အတွေးမျိုးဖြစ်၍ ညီ ဆက်မတွေးတော့။
ရှိုက်သံတိုးတိုးလေး တစ်ချက်ကြောင့် ညီကမ္ဘာပျက်အောင် ရူးနေပြီ ဖြစ်ကြောင်း အော်ဟစ်ပြောဆိုပစ်ရင် သူပါ ပို၍ နာကျင်နေမည် စိုး၍ မပြောဖြစ်တော့။
"ညီတေဇ ဆိုဖာပေါ်လာထိုင်ပါဦး။ ဦးနွေတို့ကိုလည်း ဘာဖြစ်လာတာလဲ ပြောပြ။ ပြဿနာဆိုတာ တစ်ယောက်အားထက် ဝိုင်းဝန်းအားက ပိုထိရောက်တာပေါ့"
"ဆောင်းလေးမှာ ကိုယ်ဝန် ရှိနေတယ် ဦးနွေ"
"ဘာ....." "What...."
လာပြန်ပြီ။ ဒီနှစ်ယောက်ရဲ့ အကြည့်တွေဟာလည်း ညီ့အပေါ် ယုံကြည်နေသည့်ပုံ မပေါ်ခဲ့။ ညီ့အတွက် ဘယ်လိုအနေအထိုင်တွေကများ မှားယွင်းနေခဲ့တာလဲ။
"ကျွန်တော်လို့ ပိုင်ရှင်က သံသယဝင်နေတယ်။ မဟုတ်ဘူး ဦးနွေ။ ဒါကို ဆောင်းလေးကို ခေါ်ပြီးတောင် ကျွန်တော်ရဲရဲတင်းတင်း ပြောနိုင်တယ်"
"ဒါဆို ဘယ်သူနဲ့လဲ"
"အဲ့ဒါတော့ ကျွန်တော်လည်း မသိဘူး"
"ဒါများကွာ ပိုင်ရှင့်ဆီ လာနေသေးတယ်။ တိကျတဲ့ သက်သေရှိမှ ပိုင်ရှင်က ယုံယုံကြည်ကြည် လက်ခံပေးလို့ ရမှာပေါ့။ မင်း
You are reading the story above: TeenFic.Net