အခန္း(၃၇)

Background color
Font
Font size
Line height

Zawgyi

စကၠထရီမေလးကို ကားေမာင္းတတ္တဲ့
လူတစ္ေယာက္ လႊတ္ခိုင္းေတာ့
"နားပါဦး ဆရာရယ္"ဟု ဆိုသည္ ။

"ငါလည္း ဆင္းရဲသားဇာတာပါတာလား။ သူေဌးကံေခတာလား မသိဘူးဟာ။ အလုပ္မရွိေတာ့ပ်င္းတယ္" လို႔ ေျပာမွ စကၠထရီမေလး သက္ျပင္းခ်ကာ ကားလႊတ္ေပးသည္။

"ဆရာရံုးတက္ၿပီလား" "ေမာနင္းဆရာ"ဆိုေသာ ႏႈတ္ဆက္သံမ်ားကို ညီ ေခါင္းညိတ္ျပလိုက္ၿပီးမွ

"ဘယ္လိုလဲ အေျခအေနေတြ အိုေကရဲ႕လား"

"မေန႔က ဦးေမာင္ ေဆးခန္းေရာက္သြားေသးတယ္။ ေတာ္ေသးတယ္ ပါဆယ္ထုတ္က မမေဆာင္းေပၚ  ျပဳတ္က်တာ။ ဦးေမာင္ ဝင္ဆြဲလို႔"

"ဟ အမ်ားႀကီးထိသြားလား"

ေက်ာက္ပတ္တီးတစ္ဖက္နဲ႔ လူက ေမးေန၍ ဝန္ထမ္းမေလးက ျပံဳးသည္။ ၿပီးမွ ညီ့ဆီ ေမးေငါ့ျပ၍

"ဆရာ့ေလာက္ေတာ့ မဆိုးပါဘူး"

"နင္တို႔ မမေဆာင္းေရာ ထိေသးလား"

"မေန႔ကေတာ့ လူကို မထိဘူး ဆရာ။ ဒီေန႔ေတာ့ စိတ္ထိသြားလားမသိဘူး။ meetingမထိုင္ေတာ့ဘူး ဆိုၿပီး အခန္းပိတ္ေန,ေနတယ္"

"ဘာကိစၥရွိလို႔လဲ"

"မသိဘူး ဆရာ။ ဆရာမလာခင္ေလးတင္ တရုတ္မတစ္ေယာက္ ထြက္သြားတာပဲ။ ဆရာမေတြ႕လိုက္ဘူးလား"

"ေအး.....နင္တို႔ဘာလုပ္ေနၾကတာလဲ။ သန္႔ရွင္းေရးေလး ဘာေလး လုပ္ပါဟ"ဟု စားပြဲေပၚက ေနၾကာေစ့ခြံေတြ လက္ညႇိဳးထိုးရင္း ေျပာခဲ့သည္။

ဒီကေလးမေတြ အေရးႀကီးစာရင္းေတြသာမရွိရင္ ေနၾကာေစ့ခြာ အတင္း၊သတင္းစံုေနေအာင္ ေျပာေနတတ္ၾကတာ။ သူတို႔ဘဝကလည္း မလြယ္။ ႏိုင္ငံျခားက ရုပ္ရွင္မင္းသား လင္မယားကြဲတာကအစ နင့္လူမွားတာ၊ ငါ့လူမွန္တာ ျငင္းစရာျဖစ္သည္။ မင္းသားရည္းစားရတာကအဆံုး ငိုစရာ ျဖစ္သည္။

ညီတို႔ ရံုးခန္းက က်ဥ္းသည္။ သူတို႔အေၾကာင္း ညီ မသိခ်င္ေယာင္ေဆာင္၍ ရေပမယ့္ မၾကားခ်င္ေယာင္ေဆာင္၍ မရ။ ဒီေတာ့ အကုန္သိေန၏။ ဒီလိုေတြ လုပ္ေနလို႔ ခ်စ္စရာ့အရြယ္ ကေလးငယ္ေတြ မထင္ႏွင့္။ အကုန္ သံုးဆယ္နီးပါး အပ်ိဳႀကီး မမေတြခ်ည္း ျဖစ္သည္။

_______________________

"ေဆာင္းေလး ဘာျဖစ္ေနတာလဲ"

"နင္ဘာလာလုပ္တာလဲ"

"ငါ့အလုပ္ ငါလာတာေလ။ လာမမဲနဲ႔ မယ္မင္းႀကီးမ ေျပာစမ္းပါ။ တရုတ္မတစ္ေယာက္ လာသြားတယ္ဆို။ နင္ ဘာေစ်းကြက္ ခ်ဲ့ေနျပန္ၿပီလဲ"

ေဆာင္းေလး ေရကိုတစ္ခြက္လံုးကုန္ေအာင္ ေမာ့ခ်ၿပီးမွ ေတာက္ တစ္ခ်က္ေခါက္သည္။ ဒီေဆာင္းေလး အဲ့ဒီလို မိန္းကေလးမဆန္မႈေတြေၾကာင့္ ေယာက်ာ္းမရေသးတာပင္။

"အဲ့ဒါ ဟိုေကာင္ မိန္းမေလ"

"ဘာ....ဟိုတရုတ္ေကာင္လား။ ထင္ေတာ့ထင္ေပမယ့္ အခုတေလာ မဟုတ္ေလာက္ဘူး ေတြးေနမိတာေလ။ ဘာလာေျပာသြားတာလဲ"

"သူတို႔မွာ သားတစ္ေယာက္ သမီးတစ္ေယာက္ ရွိတဲ့အေၾကာင္း လာေျပာသြားတာ"

"ေအာ္...."

"ငါ့ပံုစံက အဲ့ဒီေလာက္ ျဖစ္သြားၿပီလား ေတဇ။ သူမ်ားမိန္းမက လာသတိေပးရေအာင္ ျဖစ္ပ်က္ေနၿပီလား"

ဟုတ္ေတာ့လည္း ဟုတ္သည္။ ေဆာင္းေလးက သူ႔ဂုဏ္ႏွင့္သူ ေဘာင္ဝင္တန္းဝင္ စီးပြားေရးသမား တစ္ေယာက္ပင္။ ဟို တရုတ္ေကာင္ေတာင္ ေဆာင္းေလးကို မွီခို၍ အလုပ္ဆက္ေနတာ။ ညီလည္း အပါအဝင္ေပါ့ေလ။

"နင္အတြက္ မေသခ်ာမွာစိုးလို႔ သတိလာေပးတယ္ပဲ သေဘာထားလိုက္ေပါ့ဟာ"

"ၿငိမ္ၿငိမ္ေလးေနလို႔ ေရေႁမြမ်ား ထင္ေနလား မသိဘူး။ နဂါးမွန္းသိေအာင္ အေမာက္ေထာင္ျပလိုက္ရင္ မ်က္ရည္ခံေလးေတြ ျဖစ္ဦးမယ္။ သူ႔ေယာက်ာ္းက စားေတာ္ကဲႀကီး။ စားဖို႔ဆို ေတာ္ေတာ္ကဲေနတဲ့ေကာင္"

"ေဆာင္းေလး ဒါ မိန္းကေလး ေျပာရမယ့္ စကားလား"

ညီ ေအာ္ေတာ့ ေဆာင္းေလးေမာ့ၾကည့္သည္။ မ်က္ရည္မ်ားပင္ဝဲေနသည္ဆိုေတာ့ ေတာ္ေတာ္ေဒါသ ထြက္ေနသည့္ပံု။ သေဘာမက်ပါဘူးလို႔ ေျပာေနေပမယ့္ သံေယာဇဥ္ေတာ့ ျဖစ္သြားသည္ ထင္၏။ သူတို႔ တြဲသြားတြဲလာ ကာလကလည္း နည္းတာမွ မဟုတ္တာ။ ညီကပဲ ဆက္ေျပာလိုက္သည္။

"နင္တို႔ မိန္းကေလးေတြဆိုတာ ဖက္ ။
ဖက္ေပၚဆူးက် ဖက္ပဲ ေပါက္မွာ။
ေအး...ဆူးေပၚဖက္က်လည္း ဖက္ပဲ ေပါက္မွာ။"

"ေနစမ္းပါ။ ဒါ ႏွစ္ဆယ့္တစ္ရာစု ။ ဆူးက်ိဳးမယ့္ဖက္ေတြ ေပါေသာေနတာပဲ။ မိန္းမေတြကို အထင္မေသးနဲ႔"

"မေပါက္တဲ့ဖက္ဆိုတာ မရွိဘူး ေဆာင္းေလး။ေပါက္ရာကို သတၱိနဲ႔ဖားေထးႏိုင္တဲ့ အာဂသတၱိဖက္ေတြပဲ ရွိတာ။ ဒါေတာင္ ဖာေထးရာေတာ့ က်န္တာပဲ။ ဆူးက်ိဳးတဲ့ဖက္ဆိုတာ စိတ္ကူးယဥ္စကားေတြပါ။ ဆူးကို ေရွာင္တဲ့ဖက္ကသာ အေကာင္းဆံုး"

"အကိုပိုင္ရွင္စကားေတြနဲ႔ လာေဖာမေနနဲ႔။ အထင္မႀကီဘူး"

"အေကာင္းေျပာေနတာဟ"

"ေအးပါ" ဆိုေသာ စကားနဲ႔အတူ အခန္းဟာ တိတ္ဆိတ္သြားသည္။ ညီလည္း ပစၥည္းစစ္ဖို႔ ဂိုေထာင္ဖက္ ထြက္လာခဲ့လိုက္သည္။

တရုတ္ေကာင္မိန္းမ လိုက္လာသည့္ေန႔ ေနာက္ပိုင္း ဟိုေကာင္ကလည္း ၿငိမ္ေနသည္။ သို႔ေပမယ့္ လူဆိုတာလည္း ခက္သား။ ညီ့လို ေက်ာက္ပတ္တီးနဲ႔လူေတာင္ သံုးရက္ထက္ၾကာေအာင္ အၿငိမ္မေနႏိုင္တာ။ လူေကာင္းၿငိမ္တာ ဘယ္ေလာက္ၾကာႏိုင္မည္နည္း။

______________________________

"ေတဇ နင္ ခဏေလာက္ ၿငိမ္ၿငိမ္ေလး ရပ္ေနလို႔ မရဘူးလား။ နင့္ၾကည့္ၿပီး ေခါင္းမူးလာၿပီ"

"မူးရင္ အမူးေျပေဆး ေသာက္ေနဟာ။ ငါစိတ္ငါ ထိန္းမရလို႔ ထ မကမိေအာင္ ေလၽွာက္ေနရတာ"

"အမေလးဟယ္ အခုမွ ပိုေနတယ္။ ငါးႏွစ္လံုးက်ေတာ့ တစ္ေခါက္သြားမလည္ပဲနဲ႔။"

"တိတ္တိတ္ေနစမ္း ေဆာင္းေလးရာ"

ေဆာင္းေလးနဲ႔ ညီေတဇ အတင္အခ် ေျပာေနသံကို ၾကားေနရသည္။ေဇသုခက ဦးေႏြကို လွမ္းၾကည့္မိ၏။အဲကြန္းက ေအးေန၍ပဲလား။ စိတ္အတြင္းဓာတ္က တစိမ့္စိမ့္ ခ်မ္းေန၍ပဲလား မသိ။ ဦးေႏြက တည္တည္ၿငိမ္ၿငိမ္ ထိုင္ေနေပမယ့္ လက္ႏွစ္ဖက္က အခ်င္းခ်င္း ဆုပ္နယ္ေနသည္။ ဦးေႏြရဲ႕ မ်က္ႏွာမွာ ေပ်ာ္ရိပ္ေတြ တစ္လႊားလႊား ျဖတ္ေျပးေနၾကသည္။ ခ်စ္ရတဲ့သူ ျပန္လာသည့္အခ်ိန္ ေစာင့္ေမၽွာ္ေနသည့္ ညီေတဇ နီးပါး ဦးေႏြလည္း တက္ႂကြေနသည္။

"ေဆာင္းေလး ဟိုဘက္တိုး"

"ဘာလုပ္မလို႔လဲ ။ ငါ့ဟာငါ ထိုင္ေနတဲ့ကိစၥ"

"နင့္ေနရာက ပိုျမင္ရမလားလို႔"

"နင္ပဲ ေမၽွာ္ေနတာ မဟုတ္ဘူးေနာ္။ ငါလည္း Edenကို ေမၽွာ္ေနတာပါ။ နင့္ပိုင္ရွင္က ကေလးကို ဆူေငါက္ၿပီး ေခၚလာမွာေတာ့ မဟုတ္ပါဘူးေနာ္"

"ငေစြထက္ ငကန္းက ကဲမေနနဲ႔ဟာ။ သူ႔ညီပဲ သူေသခ်ာ ေခၚလာမွာေပါ့"

အမွန္ဆို ေလယာဥ္ခ်ိန္က တစ္နာရီေလာက္မွ ျဖစ္သည္။ အခုမွ ဆယ့္တစ္နာရီ ေက်ာ္ေက်ာ္ ရွိေသးသည္ကို ဒီကလူေတြမွာ ဖင္တႂကြႂကြ ၊ ရင္တမမႏွင့္ ျဖစ္ေနၾကၿပီ။ ဒီေပ်ာ္ရႊင္စရာမွာ ေဇသုခ မပါဝင္ခဲ့။

"ေျပာလို႔ရမလား။ နင့္ပိုင္ရွင္က Edenဆို အေကာင္းျမင္တာ မဟုတ္ဘူး"

"ေဆာင္းေလး ဘာလဲ နင္က အပ်ိဳႀကီးျဖစ္လို႔ အႏုသီးေလး ႀကိဳက္ခ်င္ေနၿပီလား။  ကေလးကိုဟာ မၾကံစည္ေကာင္းပါဘူး"

"ေတဇေနာ္..."

"ဘာလဲ မႀကိဳက္ဘူးလား"

"ရရင္ယူမွာေဟ့။ ရရင္ယူမွာ။ "

ဦးေႏြက ျပံဳးသည္။ ေဇသုခ အခ်ိဳရည္ ေသာက္ေနရင္း သီးသြား၏။

"ေဆာင္းေလးရာ နင့္ရုပ္နင့္ရည္ နင့္အရည္အခ်င္းနဲ႔ ႀကိဳက္တဲ့သူ ေခါင္းေခါက္ယူလို႔ ရပါတယ္။ ဘယ္လို စကားေတြ ေျပာေနတာလဲ"

"မရေတာ့ဘူး။ မင္းညီမက သက္ၾကားအိုႀကီးဆိုေတာ့ ရြက္ႏုျမက္ႏုေလးမွတဲ့"

ေဇသုခ စကားကို ညီေတဇက အေႏွာင့္ဝင္လိုက္သည္။ ေဆာင္းေလးရဲ႕ လက္ဝါးေစာင္းက ညီေတဇရဲ႕ ေက်ာေပၚ ေျဗာင္းခနဲ။

"ေတဇ ေသြးေကာင္းလို႔ ပြဲေတာင္းေနတာလား"

"ပြဲေတာင္းရေအာင္ နင္က နတ္ကေတာ္လား။ ေဆာင္းေလးရာ အဲ့ဒီေလာက္ထိ စီးပြားေရး မေသာင္းက်န္းပါနဲ႔"

"သုခ နင္ ဝင္မေျပာေတာ့ဘူးလား"

ေဆာင္းေလးက ေဇသုခဘက္ လွည့္၍ စစ္ကူေခၚသည္။

"ေအးပါ။ ေဆာင္းေလးရာ နင့္အတြက္ စီလီကြန္အရုပ္ကို ရုပ္ေခ်ာေခ်ာနဲ႔ မွာေပးပါ့မယ္။ သူမ်ားေတြလို ငွက္ေပ်ာတံုးမဖက္ ရေအာင္ေလ။ စိတ္ေအးေအးထား"

"အမေလး မသူေတာ္ခ်င္း သူက နိဗၺာန္ေရာက္ခ်င္ေနေသးတယ္ ”

ေလယာဥ္ ဆိုက္ခ်ိန္ေၾကျငာေန၍ အသံေတြ တိတ္ဆိတ္သြားသည္။ ပိုင္႐ွင့္အရိပ္ ျမင္ရလ်ွင္ပဲ ဦးေႏြ ေ႐ွ႕ဆံုးေျပး၍ လက္ျပသည္။ ပိုင္႐ွင္က ဦးေႏြကို ျပံဳးျပၿပီး ညီေတဇကို ရင္ခြင္ထဲ ေထြးေပြ႔လ်က္။ သူတို႔က သိပ္ခ်စ္ၾကတဲ့ ခ်စ္သူေတြပဲေလ။ ဒီအခ်ိန္မွာ ေဆာင္ေလးေရာ ဦးေႏြပါ မည္သို႔ ခံစားေနမည္ကို သိတဲ့သူက ေဇသုခ ျဖစ္သလို ေဇသုခကိုယ္တိုင္လည္း အဆင္ေျပမေန။

Edenက အေနာက္မွ ေဇသုခဆီ လွမ္းရယ္ျပသည္။ ေဇသုခ မသိခ်င္ေယာင္ေဆာင္ေတာ့ ေဆာင္းေလးကို လက္လွမ္းျပသည္ ။ ဒါကို ေဆာင္းေလးက လက္သီးျပန္ဆုပ္ျပသည္။ Edenက လက္ျပျပန္သည္။ေဆာင္းေလးက လက္သီးျပန္ျပေနျပန္သည္။ ေဇသုခ ၾကည့္ေနရင္း စိတ္မ႐ွည္ ျဖစ္လာ၍

"မင္းတို႔က ဘာလုပ္ေနၾကတာလဲ။ မေဟာ္သဓာနဲ႔ အမရာေဒဝီ ဇာတ္ကို ေျပာင္းျပန္လုပ္ ေနၾကတာလား”

ေဆာင္းေလးက အခုမွ သူတို႔လုပ္ေနပံုကို အဓိပၸါယ္ေပါက္ၿပီး ဗိုက္ႏွိပ္ရယ္ေနသည္။ ညီေတနဲ႔ပိုင္႐ွင္က အိတ္ကို သူသယ္ငါသယ္ လုေနၾက၏။

"မဟုတ္ဘူး။ သူက ကြၽန္ေတာ္ gayေတာ့မယ္လို႔ ေျပာေနလို႔။ ငါက မမအတြက္ က်ားေပးပါလို႔ ျပန္ေျပာေနတာ”

ေဆာင္းေလး ရယ္သံတစ္ဝက္ႏွင့္ေျပာေတာ့ Edenက "ဟုတ္တယ္ ဟုတ္တယ္ ”ဟု ေထာက္ခံသည္။

"မင္းက ဘာသိလို႔ ဟုတ္တယ္ ေနတာလဲ”

"ကြၽန္ေတာ္ ေဂးေတာ့မွာေလ”

"Eden မင္း ေပါက္ကရေတြ ေျပာမေနနဲ႔”

ပိုင္႐ွင္ဝင္ေဟာက္မွ Edenဇတ္ေလးပု၍ လ်ွာတစ္လစ္ထုတ္ျပသည္။ သူ႔ငယ္ေၾကာက္ႀကီးမလား။

________________________________

"မရဘူးပိုင္႐ွင္ ငါေသခ်ာဘြတ္ကင္
လုပ္ထားတာ။မင္းလိုက္ရမယ္”

"အဲ့ဒါေျပာတာ ေခါင္းကိုက္တာေလာက္က ပါရဂူနဲ႔ ျပစရာ လိုလို႔လား ညီရာ”

ပိုင္႐ွင္ အက်ႌၾကယ္သီးကို ခက္ခက္ခဲခဲတပ္ရင္း ေမးသည္။ ဟိုမွာ မယ္ဒီကယ္ ခ်က္(ခ္)အက္(ပ္) လုပ္ခဲ့ပါမယ္ဆိုသည့္သူက အခုထိ ေခါင္းမူသလို ေခါင္းကိုက္သလို ျဖစ္ေနတုန္းပင္။ ဒီေတာ့ ညီ စိတ္ပူတာကို သူက မေယာင္ရာဆီလူး ၊ ၾကက္တူးေရြးကေတာ္ေတာ္မယ္ေဘာ္ကကဲကဲ ဟူ၍ ေျပာေနေသးသည္။

"မင္းၾကယ္သီးတပ္တာကလည္း ၾကာလိုက္တာ”

"လုပ္ေပးစမ္းပါဦး ညီရာ ၊ ေခါင္းေတာင္မူးလာၿပီ”

ဆံပင္ေတြ ဆြဲဖြရင္း စိတ္မ႐ွည္စြာေျပာ၍ ကုတင္ေပၚထိုင္ခ်လိုက္သူေၾကာင့္   ညီက အလိုက္သင့္ တပ္ေပးလိုက္၏။

ေဆးရံုေရာက္ေတာ့ အခ်ိန္ေစာ၍ တုန္ကင္နံပါတ္ထက္ အရင္ဝင္ရသည္။ဆရာနဲ႔ပိုင္႐ွင္ ေမးေျဖေနၾကသည္ကို ေဘးကနားေထာင္ရင္း
ညီ ေဇာေခြၽးေတြပ်ံလာသည္။ အမွန္ဆို ညီ့ မိတ္ေဆြတစ္ေယာက္ ေခါက္းကိုက္တယ္ ညည္းရင္း ေဆးရံုေရာက္မွ ဘရိန္းက်ဴးမားျဖစ္ေနသည့္ သတင္းၾကားထား၍ စိုးရိမ္ေနမိ၏။ ခလုတ္ထိတိုင္း မတခဲ့ဖူးတဲ့ ဘုရား အခုမွ တေနရတာ တဖြဖြ။ မေျပာေကာင္း မဆိုေကာင္း ဘုရားေတာင္ နားၿငီးေလာက္ၿပီ။

"ေခါင္းကကိုက္တာလား။ မူးတာလား"

"တစ္ခါတစ္ေလ မူးတယ္။ တစ္ခါတစ္ခါက် ကိုက္တာ ဆရာ”

"ပ်ိဳ႕တာ အန္တာတို႔ ၊ လူၾကားထဲတက္တာတို႔ ျဖစ္ဖူးေသးလား”

"မျဖစ္ဖူးပါဘူး ဆရာ”

"မ်က္လံုးကေရာ ေဝတာဝါးတာ ျဖစ္လား
ဥပမာ_ျမင္ကြင္းႏွစ္ထပ္ျဖစ္တာတို႔ ဘာတို႔”

"မသိဘူးဆရာ ကြၽန္ေတာ္က မ်က္မွန္သမား ဆိုေတာ့”

ဆရာက ဟိုစစ္ဒီစစ္ႏွင့္ ၿပီးမွ

"ေခါင္းမူး၊ ေခါင္းကိုက္တဲ့အခ်ိန္ လက္ဖ်ားေတြ ေအးစက္လာတာမ်ိဳးေရာ ျဖစ္လား"

"မျဖစ္ဘူးဆရာ"

ပိုင္ရွင္ အတန္ငယ္ စဥ္းစားဟန္ျပဳၿပီး ေခါင္းခါေျဖေတာ့မွ ဆရာက
စိတ္သက္သာသြားသလို ျပံဳးသည္။

"ဟိုဘက္က Rainbowေဖာင္ဒါ ဦးညီေတဇမဟုတ္လား။”

"ဗ်ာ ဟုတ္ပါတယ္ ဆရာ”

"ကၽြန္ေတာ္သိတယ္ ။ Autismေက်ာင္းမွာ ႏွစ္ေယာက္လံုးကို လွမ္းေတြ႕လိုက္တာ။ ကၽြန္ေတာ္က ေဗာ္လန္တီရာေလ ။တစ္လတစ္ခါေလာက္ေတာ့ သြားျဖစ္တယ္။ Rainbow  ေဖာင္ဒါေလတဲ့ လစဥ္ေငြေၾကး ေထာက္ပံ့တယ္ဆိုၿပီး ဆရာမက ေျပာျပေနတာ ။ ေလးစားပါတယ္ဗ်ာ"

"ဟာ ဗ်ာ ဒီေလာက္ မဟုတ္ပါဘူး။ ကၽြန္ေတာ့္ေဘးက အားေတြရွိလို႔ ကၽြန္ေတာ္က စင္တင္ ျဖစ္လာတာပါ။ကၽြန္ေတာ္ တစ္ေယာက္ထဲဆို ဘာမွ စြမ္းတာမဟုတ္ဘူး။ဆရာ ခ်ီးက်ဴးေတာ့ ရွက္ေတာင္ လာတယ္"

ဆရာႀကီးက ရယ္သည္။

"ေတာ္ေသးတာေပါ့ဗ်ာ ကြၽန္ေတာ္က ခင္ဗ်ားတို႔ကို သတင္းဆိုးေျပာရေတာ့မယ္ ထင္ေနတာ။ အင္း ဘရိန္းက်ဴးမားေတာ့ မဟုတ္ပါဘူး”

ဆရာႀကီးကို ႐ုတ္တရတ္ ျဗဟၼာဆိုနတ္ဟုပင္ ထင္လိုက္မိသည္။ပိုင္႐ွင္က ငါမေျပာဘူးလား ဆိုသည့္ မ်က္ႏွာေပးႏွင့္ ညီ့ဆီ ၾကည့္သည္။ၿပီးေတာ့ ဆရာႀကီးဘက္ လွည့္၍

"သူကိုက စိုးရိမ္လြန္ေနတာ ဆရာ”ဟု ေျပာကာ ဆရာပါ ေရာရယ္ေနၾက၍ ညီက ထေမးလိုက္သည္။

"အဲ့ဒါဆို ဘာလို႔ ေခါင္မူး၊ေခါင္းကိုက္ေနရတာလဲ ဆရာ”

"မ်က္မွန္သမားဆိုေတာ့ မ်က္စိအထူးကုဆီ ၫႊန္းခ်င္တယ္။ အခုက ေဆးရံုမွာဆိုေတာ့ ေနာက္လူနာေတြလည္း ႐ွိေသးလို႔သာ။ ကြၽန္ေတာ္ လူနာနဲ႔ေဆြးေႏြးစရာ ႐ွိေသးတယ္။ မ်က္စိျပၿပီးၿပီဆို ကြၽန္ေတာ့္ေဆးခန္း လာခဲ့ပါလား။ ဒီဘက္က....”

"ဘုန္းပိုင္႐ွင္ပါ ဆရာ”

"ေအာ္ ဟုတ္ ဦးဘုန္းပိုင္႐ွင္”

ေဆးရံုက အျပန္ မ်က္စိပါ ဝင္ျပသည္။ ပါဝါတိုးခ်င္သည္ဟု ဆို၍ ေဆးႏွင့္တကြ မ်က္မွန္ပါ လုပ္လာခဲ့လိုက္သည္။ညီက ဒီကိစၥ ဒီမွာပဲ ၿပီးၿပီဟု ထင္ခဲ့သည္။ ပါရဂူႀကီးဆီလည္း ပိုင္႐ွင္တစ္ေယာက္ထဲသာ လႊတ္ျဖစ္ခဲ့သည္။ အေရးမႀကီးပါဘူးဟု ပိုင္ရွင္က ေျပာခဲ့သည္ေလ။

အမွန္ေတာ့ အေရးမႀကီးတဲ့ ကိစၥဆိုတာ ေလာကမွာ ႐ွိခဲ့ရဲ႕လားေတာင္မသိ။

_______________________________________________

ေတာ္သလင္းေနပုဇြန္ေသ ဆိုသည့္အတိုင္း ေႏြဟာ အတိုင္းအဆမဲ့ တစ္ေနကုန္ပူျပင္းခဲ့ၿပီး ညေရာက္မွ မိုးက အညႇိဳးႀကီးစြာ ရြာခ်ေနသည္။ မိုးဟာ မေအးဘဲ အေငြ႔ပ်ံမႈေၾကာင့္ အိုက္စက္စက္ပင္ ျဖစ္ေနေသး၏။

ညီ့မွာ ေဆာင္းေလး၏ အေရးတႀကီးေခၚယူမႈေၾကာင့္ ညႀကီးမိုးခ်ဳပ္ လမ္းမေပၚ ေရာက္ေနရ၏။ကြန္ဒိုေ႐ွ႕ေရာက္ေတာ့ သုခကိုပါ ေတြ႔ရသည္။ ဘာကိစၥပါလိမ့္ဟု စိတ္က နည္းနည္းလႈပ္႐ွားသြားတာ အမွန္။

"ဘာျဖစ္တာလဲ ေဆာင္းေလး”

"ထိုင္ၾကပါဦးဟ နင္တို႔ကလည္း”

ေဆာင္းေလးမ်က္ႏွာက အရင္လို လန္းဆန္းမေန။ ရာသီဥတု အိုက္စက္မႈေၾကာင့္လားေတာ့ မသိ။

"ကဲ ေျပာ...မယ္မင္းႀကီးမ ညႀကီးမင္းႀကီး ဘာေခၚလုပ္တာလဲ”

ေဇသုခ သမ္းတစ္ဝက္ႏွင့္ ေမးေတာ့ ေဆာင္းေလးက ရယ္သည္။ ရယ္သံဟာ ကနၱရလို ေျခာက္ကပ္ကပ္

"ရာသီဥတုက ဂြစာႀကီးဟာ၊ စိုထိုင္းထိုင္းနဲ႔ ဝိုင္ေလာက္ေသာက္ၾကရေအာင္”

"ဟာ နင္ပ်င္းတိုင္း ေခၚရေအာင္ ငါတို႔က ေပ်ာ္ေတာ္ဆက္ေတြလား။ ငါအိပ္ေနတဲ့ဟာ”

"ေအးေလ ငါလည္း ပိုင္႐ွင္နဲ႔ ဖုန္းေျပာေနတာ”

ညီေတဇနဲ႔ ေဇသုခ မေက်မနပ္ ေျပာသည္ကို ရယ္ေနေသးသည္။ရယ္ရင္းႏွင့္

"ငါေတာ္ေတာ္ပ်င္းေနလို႔ပါဟာ”ဟု ေျပာ၍  ခဏေတာ့ အေဖာ္လုပ္ေပးျဖစ္ၾကသည္။

မိုးက ေလအနည္းငယ္ပါ၍ သစ္ရြက္ေတြပါ ေႂကြက်ေနသည္။ သစ္ပင္ထိပ္ဖ်ားမွ စိမ္းႏုေသာ သစ္ရြက္ႏုေလး ျဖဳတ္ခနဲက်လာကာ သစ္ကိုင္းႏွင့္ၿငိ၍ ေပါက္ျပဲသြား၏။ ထို႔ေနာက္ သစ္ရြက္ေပါက္ေလးက ေလႏွင္ရာလြင့္လ်က္။

_________________________________________________________________________________________________

Unicode

စက္ကထရီမလေးကို ကားမောင်းတတ်တဲ့
လူတစ်ယောက် လွှတ်ခိုင်းတော့
"နားပါဦး ဆရာရယ်"ဟု ဆိုသည် ။

"ငါလည်း ဆင်းရဲသားဇာတာပါတာလား။ သူဌေးကံခေတာလား မသိဘူးဟာ။ အလုပ်မရှိတော့ပျင်းတယ်" လို့ ပြောမှ စက္ကထရီမလေး သက်ပြင်းချကာ ကားလွှတ်ပေးသည်။

"ဆရာရုံးတက်ပြီလား" "မောနင်းဆရာ"ဆိုသော နှုတ်ဆက်သံများကို ညီ ခေါင်းညိတ်ပြလိုက်ပြီးမှ

"ဘယ်လိုလဲ အခြေအနေတွေ အိုကေရဲ့လား"

"မနေ့က ဦးမောင် ဆေးခန်းရောက်သွားသေးတယ်။ တော်သေးတယ် ပါဆယ်ထုတ်က မမဆောင်းပေါ်  ပြုတ်ကျတာ။ ဦးမောင် ဝင်ဆွဲလို့"

"ဟ အများကြီးထိသွားလား"

ကျောက်ပတ်တီးတစ်ဖက်နဲ့ လူက မေးနေ၍ ဝန်ထမ်းမလေးက ပြုံးသည်။ ပြီးမှ ညီ့ဆီ မေးငေါ့ပြ၍

"ဆရာ့လောက်တော့ မဆိုးပါဘူး"

"နင်တို့ မမဆောင်းရော ထိသေးလား"

"မနေ့ကတော့ လူကို မထိဘူး ဆရာ။ ဒီနေ့တော့ စိတ်ထိသွားလားမသိဘူး။ meetingမထိုင်တော့ဘူး ဆိုပြီး အခန်းပိတ်နေ,နေတယ်"

"ဘာကိစ္စရှိလို့လဲ"

"မသိဘူး ဆရာ။ ဆရာမလာခင်လေးတင် တရုတ်မတစ်ယောက် ထွက်သွားတာပဲ။ ဆရာမတွေ့လိုက်ဘူးလား"

"အေး.....နင်တို့ဘာလုပ်နေကြတာလဲ။ သန့်ရှင်းရေးလေး ဘာလေး လုပ်ပါဟ"ဟု စားပွဲပေါ်က နေကြာစေ့ခွံတွေ လက်ညှိုးထိုးရင်း ပြောခဲ့သည်။

ဒီကလေးမတွေ အရေးကြီးစာရင်းတွေသာမရှိရင် နေကြာစေ့ခွာ အတင်း၊သတင်းစုံနေအောင် ပြောနေတတ်ကြတာ။ သူတို့ဘဝကလည်း မလွယ်။ နိုင်ငံခြားက ရုပ်ရှင်မင်းသား လင်မယားကွဲတာကအစ နင့်လူမှားတာ၊ ငါ့လူမှန်တာ ငြင်းစရာဖြစ်သည်။ မင်းသားရည်းစားရတာကအဆုံး ငိုစရာ ဖြစ်သည်။

ညီတို့ ရုံးခန်းက ကျဉ်းသည်။ သူတို့အကြောင်း ညီ မသိချင်ယောင်ဆောင်၍ ရပေမယ့် မကြားချင်ယောင်ဆောင်၍ မရ။ ဒီတော့ အကုန်သိနေ၏။ ဒီလိုတွေ လုပ်နေလို့ ချစ်စရာ့အရွယ် ကလေးငယ်တွေ မထင်နှင့်။ အကုန် သုံးဆယ်နီးပါး အပျိုကြီး မမတွေချည်း ဖြစ်သည်။

_______________________

"ဆောင်းလေး ဘာဖြစ်နေတာလဲ"

"နင်ဘာလာလုပ်တာလဲ"

"ငါ့အလုပ် ငါလာတာလေ။ လာမမဲနဲ့ မယ်မင်းကြီးမ ပြောစမ်းပါ။ တရုတ်မတစ်ယောက် လာသွားတယ်ဆို။ နင် ဘာဈေးကွက် ချဲ့နေပြန်ပြီလဲ"

ဆောင်းလေး ရေကိုတစ်ခွက်လုံးကုန်အောင် မော့ချပြီးမှ တောက် တစ်ချက်ခေါက်သည်။ ဒီဆောင်းလေး အဲ့ဒီလို မိန်းကလေးမဆန်မှုတွေကြောင့် ယောကျာ်းမရသေးတာပင်။

"အဲ့ဒါ ဟိုကောင် မိန်းမလေ"

"ဘာ....ဟိုတရုတ်ကောင်လား။ ထင်တော့ထင်ပေမယ့် အခုတလော မဟုတ်လောက်ဘူး တွေးနေမိတာလေ။ ဘာလာပြောသွားတာလဲ"

"သူတို့မှာ သားတစ်ယောက် သမီးတစ်ယောက် ရှိတဲ့အကြောင်း လာပြောသွားတာ"

"အော်...."

"ငါ့ပုံစံက အဲ့ဒီလောက် ဖြစ်သွားပြီလား တေဇ။ သူများမိန်းမက လာသတိပေးရအောင် ဖြစ်ပျက်နေပြီလား"

ဟုတ်တော့လည်း ဟုတ်သည်။ ဆောင်းလေးက သူ့ဂုဏ်နှင့်သူ ဘောင်ဝင်တန်းဝင် စီးပွားရေးသမား တစ်ယောက်ပင်။ ဟို တရုတ်ကောင်တောင် ဆောင်းလေးကို မှီခို၍ အလုပ်ဆက်နေတာ။ ညီလည်း အပါအဝင်ပေါ့လေ။

"နင်အတွက် မသေချာမှာစိုးလို့ သတိလာပေးတယ်ပဲ သဘောထားလိုက်ပေါ့ဟာ"

"ငြိမ်ငြိမ်လေးနေလို့ ရေမြွေများ ထင်နေလား မသိဘူး။ နဂါးမှန်းသိအောင် အမောက်ထောင်ပြလိုက်ရင် မျက်ရည်ခံလေးတွေ ဖြစ်ဦးမယ်။ သူ့ယောကျာ်းက စားတော်ကဲကြီး။ စားဖို့ဆို တော်တော်ကဲနေတဲ့ကောင်"

"ဆောင်းလေး ဒါ မိန်းကလေး ပြောရမယ့် စကားလား"

ညီ အော်တော့ ဆောင်းလေးမော့ကြည့်သည်။ မျက်ရည်များပင်ဝဲနေသည်ဆိုတော့ တော်တော်ဒေါသ ထွက်နေသည့်ပုံ။ သဘောမကျပါဘူးလို့ ပြောနေပေမယ့် သံယောဇဉ်တော့ ဖြစ်သွားသည် ထင်၏။ သူတို့ တွဲသွားတွဲလာ ကာလကလည်း နည်းတာမှ မဟုတ်တာ။ ညီကပဲ ဆက်ပြောလိုက်သည်။

"နင်တို့ မိန်းကလေးတွေဆိုတာ ဖက် ။
ဖက်ပေါ်ဆူးကျ ဖက်ပဲ ပေါက်မှာ။
အေး...ဆူးပေါ်ဖက်ကျလည်း ဖက်ပဲ ပေါက်မှာ။"

"နေစမ်းပါ။ ဒါ နှစ်ဆယ့်တစ်ရာစု ။ ဆူးကျိုးမယ့်ဖက်တွေ ပေါသောနေတာပဲ။ မိန်းမတွေကို အထင်မသေးနဲ့"

"မပေါက်တဲ့ဖက်ဆိုတာ မရှိဘူး ဆောင်းလေး။ပေါက်ရာကို သတ္တိနဲ့ဖားထေးနိုင်တဲ့ အာဂသတ္တိဖက်တွေပဲ ရှိတာ။ ဒါတောင် ဖာထေးရာတော့ ကျန်တာပဲ။ ဆူးကျိုးတဲ့ဖက်ဆိုတာ စိတ်ကူးယဉ်စကားတွေပါ။ ဆူးကို ရှောင်တဲ့ဖက်ကသာ အကောင်းဆုံး"

"အကိုပိုင်ရှင်စကားတွေနဲ့ လာဖောမနေနဲ့။ အထင်မကြီဘူး"

"အကောင်းပြောနေတာဟ"

"အေးပါ" ဆိုသော စကားနဲ့အတူ အခန်းဟာ တိတ်ဆိတ်သွားသည်။ ညီလည်း ပစ္စည်းစစ်ဖို့ ဂိုထောင်ဖက် ထွက်လာခဲ့လိုက်သည်။

တရုတ်ကောင်မိန်းမ လိုက်လာသည့်နေ့ နောက်ပိုင်း ဟိုကောင်ကလည်း ငြိမ်နေသည်။ သို့ပေမယ့် လူဆိုတာလည်း ခက်သား။ ညီ့လို ကျောက်ပတ်တီးနဲ့လူတောင် သုံးရက်ထက်ကြာအောင် အငြိမ်မနေနိုင်တာ။ လူကောင်းငြိမ်တာ ဘယ်လောက်ကြာနိုင်မည်နည်း။

______________________________

"တေဇ နင် ခဏလောက် ငြိမ်ငြိမ်လေး ရပ်နေလို့ မရဘူးလား။ နင့်ကြည့်ပြီး ခေါင်းမူးလာပြီ"

"မူးရင် အမူးပြေဆေး သောက်နေဟာ။ ငါစိတ်ငါ ထိန်းမရလို့ ထ မကမိအောင် လျှောက်နေရတာ"

"အမလေးဟယ် အခုမှ ပိုနေတယ်။ ငါးနှစ်လုံးကျတော့ တစ်ခေါက်သွားမလည်ပဲနဲ့။"

"တိတ်တိတ်နေစမ်း ဆောင်းလေးရာ"

ဆောင်းလေးနဲ့ ညီတေဇ အတင်အချ ပြောနေသံကို ကြားနေရသည်။ဇေသုခက ဦးနွေကို လှမ်းကြည့်မိ၏။အဲကွန်းက အေးနေ၍ပဲလား။ စိတ်အတွင်းဓာတ်က တစိမ့်စိမ့် ချမ်းနေ၍ပဲလား မသိ။ ဦးနွေက တည်တည်ငြိမ်ငြိမ် ထိုင်နေပေမယ့် လက်နှစ်ဖက်က အချင်းချင်း ဆုပ်နယ်နေသည်။ ဦးနွေရဲ့ မျက်နှာမှာ ပျော်ရိပ်တွေ တစ်လွှားလွှား ဖြတ်ပြေးနေကြသည်။ ချစ်ရတဲ့သူ ပြန်လာသည့်အချိန် စောင့်မျှော်နေသည့် ညီတေဇ နီးပါး ဦးနွေလည်း တက်ကြွနေသည်။

"ဆောင်းလေး ဟိုဘက်တိုး"

"ဘာလုပ်မလို့လဲ ။ ငါ့ဟာငါ ထိုင်နေတဲ့ကိစ္စ"

"နင့်နေရာက ပိုမြင်ရမလားလို့"

"နင်ပဲ မျှော်နေတာ မဟုတ်ဘူးနော်။ ငါလည်း Edenကို မျှော်နေတာပါ။ နင့်ပိုင်ရှင်က ကလေးကို ဆူငေါက်ပြီး ခေါ်လာမှာတော့ မဟုတ်ပါဘူးနော်"

"ငစွေထက် ငကန်းက ကဲမနေနဲ့ဟာ။ သူ့ညီပဲ သူသေချာ ခေါ်လာမှာပေါ့"

အမှန်ဆို လေယာဉ်ချိန်က တစ်နာရီလောက်မှ ဖြစ်သည်။ အခုမှ ဆယ့်တစ်နာရီ ကျော်ကျော် ရှိသေးသည်ကို ဒီကလူတွေမှာ ဖင်တကြွကြွ ၊ ရင်တမမနှင့် ဖြစ်နေကြပြီ။ ဒီပျော်ရွှင်စရာမှာ ဇေသုခ မပါဝင်ခဲ့။

"ပြောလို့ရမလား။ နင့်ပိုင်ရှင်က Edenဆို အကောင်းမြင်တာ မဟုတ်ဘူး"

"ဆောင်းလေး ဘာလဲ နင်က အပျိုကြီးဖြစ်လို့ အနုသီးလေး ကြိုက်ချင်နေပြီလား။  ကလေးကိုဟာ မကြံစည်ကောင်းပါဘူး"

"တေဇနော်..."

"ဘာလဲ မကြိုက်ဘူးလား"

"ရရင်ယူမှာဟေ့။ ရရင်ယူမှာ။ "

ဦးနွေက ပြုံးသည်။ ဇေသုခ အချိုရည် သောက်နေရင်း သီးသွား၏။

"ဆောင်းလေးရာ နင့်ရုပ်နင့်ရည် နင့်အရည်အချင်းနဲ့ ကြိုက်တဲ့သူ ခေါင်းခေါက်ယူလို့ ရပါတယ်။ ဘယ်လို စကားတွေ ပြောနေတာလဲ"

"မရတော့ဘူး။ မင်းညီမက သက်ကြားအိုကြီးဆိုတော့ ရွက်နုမြက်နုလေးမှတဲ့"

ဇေသုခ စကားကို ညီတေဇက အနှောင့်ဝင်လိုက်သည်။ ဆောင်းလေးရဲ့ လက်ဝါးစောင်းက ညီတေဇရဲ့ ကျောပေါ် ဗြောင်းခနဲ။

"တေဇ သွေးကောင်းလို့ ပွဲတောင်းနေတာလား"

"ပွဲတောင်းရအောင် နင်က နတ်ကတော်လား။ ဆောင်းလေးရာ အဲ့ဒီလောက်ထိ စီးပွားရေး မသောင်းကျန်းပါနဲ့"

"သုခ နင် ဝင်မပြောတော့ဘူးလား"

ဆောင်းလေးက ဇေသုခဘက် လှည့်၍ စစ်ကူခေါ်သည်။

"အေးပါ။ ဆောင်းလေးရာ နင့်အတွက် စီလီကွန်အရုပ်ကို ရုပ်ချောချောနဲ့ မှာပေးပါ့မယ်။ သူများတွေလို ငှက်ပျောတုံးမဖက် ရအောင်လေ။ စိတ်အေးအေးထား"

"အမလေး မသူတော်ချင်း သူက နိဗ္ဗာန်ရောက်ချင်နေသေးတယ် ”

လေယာဉ် ဆိုက်ချိန်ကြေငြာနေ၍ အသံတွေ တိတ်ဆိတ်သွားသည်။ ပိုင်ရှင့်အရိပ် မြင်ရလျှင်ပဲ ဦးနွေ ရှေ့ဆုံးပြေး၍ လက်ပြသည်။ ပိုင်ရှင်က ဦးနွေကို ပြုံးပြပြီး ညီတေဇကို ရင်ခွင်ထဲ ထွေးပွေ့လျက်။ သူတို့က သိပ်ချစ်ကြတဲ့ ချစ်သူတွေပဲလေ။ ဒီအချိန်မှာ ဆောင်လေးရော ဦးနွေပါ မည်သို့ ခံစားနေမည်ကို သိတဲ့သူက ဇေသုခ ဖြစ်သလို ဇေသုခကိုယ်တိုင်လည်း အဆင်ပြေမနေ။

Edenက အနောက်မှ ဇေသုခဆီ လှမ်းရယ်ပြသည်။ ဇေသုခ မသိချင်ယောင်ဆောင်တော့ ဆောင်းလေးကို လက်လှမ်းပြသည် ။ ဒါကို ဆောင်းလေးက လက်သီးပြန်ဆုပ်ပြသည်။ Edenက လက်ပြပြန်သည်။ဆောင်းလေးက လက်သီးပြန်ပြနေပြန်သည်။ ဇေသုခ ကြည့်နေရင်း စိတ်မရှည် ဖြစ်လာ၍

"မင်းတို့က ဘာလုပ်နေကြတာလဲ။ မဟော်သဓာနဲ့ အမရာဒေဝီ ဇာတ်ကို ပြောင်းပြန်လုပ် နေကြတာလား”

ဆောင်းလေးက အခုမှ သူတို့လုပ်နေပုံကို အဓိပ္ပါယ်ပေါက်ပြီး ဗိုက်နှိပ်ရယ်နေသည်။ ညီတေနဲ့ပိုင်ရှင်က အိတ်ကို သူသယ်ငါသယ် လုနေကြ၏။

"မဟုတ်ဘူး။ သူက ကျွန်တော် gayတော့မယ်လို့ ပြောနေလို့။ ငါက မမအတွက် ကျားပေးပါလို့ ပြန်ပြောနေတာ”

ဆောင်းလေး ရယ်သံတစ်ဝက်နှင့်ပြောတော့ Edenက "ဟုတ်တယ် ဟုတ်တယ် ”ဟု ထောက်ခံသည်။

"မင်းက ဘာသိလို့ ဟုတ်တယ် နေတာလဲ”

"ကျွန်တော် ဂေးတော့မှာလေ”

"Eden မင်း ပေါက်ကရတွေ ပြောမနေနဲ့”

ပိုင်ရှင်ဝင်ဟောက်မှ Edenဇတ်လေးပု၍ လျှာတစ်လစ်ထုတ်ပြသည်။ သူ့ငယ်ကြောက်ကြီးမလား။

________________________________

"မရဘူးပိုင်ရှင် ငါသေချာဘွတ်ကင်
လုပ်ထားတာ။မင်းလိုက်ရမယ်”

"အဲ့ဒါပြောတာ ခေါင်းကိုက်တာလောက်က ပါရဂူနဲ့ ပြစရာ လိုလို့လား ညီရာ”

ပိုင်ရှင် အကျႌကြယ်သီးကို ခက်ခက်ခဲခဲတပ်ရင်း မေးသည်။ ဟိုမှာ မယ်ဒီကယ် ချက်(ခ်)အက်(ပ်) လုပ်ခဲ့ပါမယ်ဆိုသည့်သူက အခုထိ ခေါင်းမူသလို ခေါင်းကိုက်သလို ဖြစ်နေတုန်းပင်။ ဒီတော့ ညီ စိတ်ပူတာကို သူက မယောင်ရာဆီလူး ၊ ကြက်တူးရွေးကတော်တော်မယ်ဘော်ကကဲကဲ ဟူ၍ ပြောနေသေးသည်။

"မင်းကြယ်သီးတပ်တာကလည်း ကြာလိုက်တာ”

"လုပ်ပေးစမ်းပါဦး ညီရာ ၊ ခေါင်းတောင်မူးလာပြီ”

ဆံပင်တွေ ဆွဲဖွရင်း စိတ်မရှည်စွာပြော၍ ကုတင်ပေါ်ထိုင်ချလိုက်သူကြောင့်   ညီက အလိုက်သင့် တပ်ပေးလိုက်၏။

ဆေးရုံရောက်တော့ အချိန်စော၍ တုန်ကင်နံပါတ်ထက် အရင်ဝင်ရသည်။ဆရာနဲ့ပိုင်ရှင် မေးဖြေနေကြသည်ကို ဘေးကနားထောင်ရင်း
ညီ ဇောချွေးတွေပျံလာသည်။ အမှန်ဆို ညီ့ မိတ်ဆွေတစ်ယောက် ခေါက်းကိုက်တယ် ညည်းရင်း ဆေးရုံရောက်မှ ဘရိန်းကျူးမားဖြစ်နေသည့် သတင်းကြားထား၍ စိုးရိမ်နေမိ၏။ ခလုတ်ထိတိုင်း မတခဲ့ဖူးတဲ့ ဘုရား အခုမှ တနေရတာ တဖွဖွ။ မပြောကောင်း မဆိုကောင်း ဘုရားတောင် နားငြီးလောက်ပြီ။

"ခေါင်းကကိုက်တာလား။ မူးတာလား"

"တစ်ခါတစ်လေ မူးတယ်။ တစ်ခါတစ်ခါကျ ကိုက်တာ ဆရာ”

"ပျို့တာ အန်တာတို့ ၊ လူကြားထဲတက်တာတို့ ဖြစ်ဖူးသေးလား”

"မဖြစ်ဖူးပါဘူး ဆရာ”

"မျက်လုံးကရော ဝေတာဝါးတာ ဖြစ်လား
ဥပမာ_မြင်ကွင်းနှစ်ထပ်ဖြစ်တာတို့ ဘာတို့”

"မသိဘူးဆရာ ကျွန်တော်က မျက်မှန်သမား ဆိုတော့”

ဆရာက ဟိုစစ်ဒီစစ်နှင့်

You are reading the story above: TeenFic.Net