Zawgyi
"အလုပ္ေတာ့ျပဳတ္ၿပီ ထင္တယ္"
"ဟမ္ ဘာလို႔လဲ"
စိုးရိမ္တႀကီးေမးမိသည္။ အလုပ္ျပဳတ္တာက အေရးမဟုတ္။ ညီ့ေၾကာင့္ ပိုင္ရွင္စိတ္ႏွစ္ေနတဲ့ အလုပ္ ဆက္မလုပ္ရေတာ့မွာေတာ့ မလိုခ်င္မိတာ အမွန္။
"ငါခြင့္ပဲတင္ခဲ့တာ။ ခြင့္ရလား ၊မရလား မေသခ်ာေသးဘဲ ေလယာဥ္လက္မွတ္ကို ဝန္ထမ္းကဒ္နဲ႔ အျမန္ျဖတ္ၿပီး အေျပးလာတာ။ အခုမွ အီးေမလ္ၾကည့္မိတယ္။ ခြင့္ကမေပးဘူးတဲ့။ Mrs.Keller ေတာ့ စိတ္ဆိုးေနေလာက္ၿပီ။သူက ေတာ္ရံု စည္းစနစ္က်တာမဟုတ္ဘူး။ "
"ေအာ္ ဘာျဖစ္လဲကြာ။ ထုတ္ေတာ့လည္း မလုပ္နဲ႔ေပါ့"
"ငါက စည္းကမ္းစေဖာက္တာဆိုေတာ့ ေလ်ာ္ေၾကးေပးရမွာ"
"မင္းရဲ႕ေကာင္ေလးကေလ Rainbowေဖာင္ေဒးရွင္း ဦးေဆာင္ေနတဲ့သူပါကြာ"
"ငါတို႔ရဲ႕ projectက မၿပီးေသးဘူးကြ။ ကုမၸဏီက အသစ္မိတ္ဆက္မယ့္ေရေမႊး အဆင္ေျပပါ့မလား မသိဘူး"
"ဒါဆို လက္မွတ္သြားျဖတ္ရေအာင္။ ျမန္ျမန္ျပန္ေလ"
ပိုင္ရွင့္က ညီ့ႏွာဖ်ားကို ဆြဲညႇစ္သည္။ ညီေတာ့ ျပန္သာလႊတ္ရတာ စိတ္ထဲမေကာင္း။ အရုပ္ဆိုင္ ေခၚလာၿပီး အရုပ္မရတဲ့ကေလးလို မ်က္ႏွာလည္း ပ်က္ေနသည္ ထင္၏။
"ဒီမ်က္ႏွာေလးနဲ႔ ဒီလက္ကို ျမင္ေနရတဲ့ဟာ ထားခဲ့ၿပီး မသြားႏိုင္ေတာ့ပါဘူး"
ပိုင္ရွင္ ေျပာရင္း နားထင္ကို လက္မႏွင့္ ဖိေနသည္။
"ဘာျဖစ္တာလဲ။ ေခါင္းကိုက္ေနျပန္ၿပီလား"
"ေအးကြာ..."ဟု ေျပာ၍ ညီ့ေဘးဝင္ထိုင္သည္။ ညီက ဆရာဝန္လည္း မဟုတ္။ ေခါင္းကိုက္ေနသူကို
"ဘယ္နားက ကိုက္တာလဲ။ ေတာ္ေတာ္မ်ား ကိုက္ေနလားကြာ"ဟု ေမးရေအာင္လည္း နားထင္ကို ခပ္ျပင္းျပင္းဖိ၍ မသက္မသာ ခံစားေနရတာက မ်က္ျမင္ပင္။ ေမးေနစရာမလို။
"ေဆးေသာက္မလား။ ပါရာေတာ့ ရွိမယ္ ထင္တယ္"
"ရတယ္...ရတယ္။ ခဏေန ေပ်ာက္သြားမွာ"
"မင္းဟာက မဟုတ္ေသးပါဘူး ပိုင္ရွင္ရာ။ခဏခဏလို ျဖစ္ေနၿပီ။ဦးေႏွာက္နဲ႔အာရံုေၾကာ ပါရဂူနဲ႔ ျပၾကည့္ပါဆို"
"အဲ့ဒီေလာက္ မဟုတ္ပါဘူးကြာ။ ခဏေလာက္ လွဲခ်င္တယ္"
"ေအး ငါ့အခန္းထဲ သြားႏွင့္။ ပန္းကန္သိမ္းၿပီး လာခဲ့မယ္"
မီးဖိုးခန္းထဲ ေရာက္ေတာ့ ေမေမက အသာျပံဳးၾကည့္သည္။" ေမေမ မင္းအစ္မဆီ သြားအိပ္ဦးမယ္"ဟု ေျပာ၍ ေမေမ့ကို မႀကီးမငယ္ တစ္ခ်က္နမ္းလိုက္မိေသး၏။ တစ္ကယ္ မထင္ထားမိေလာက္ေအာင္ ေမေမက အသာတၾကည္ ၾကည္ျဖဴေပးခဲ့သည္။ ပိုင္ရွင္ သူ႔သမတ္ျဖစ္ ၿပီးေရာ ဟုပဲ ခံယူထားလားေတာ့မသိ။
"ပိုင္ရွင္ ငါဖက္ထားေပးရမလား။ ဒီေန႔ အိမ္မွာ ဘယ္သူမွ မရွိဘူး သိလား။...ဟဲ ဟဲ"
"လက္က အရြတ္ေရာင္ရံုမက က်ိဳးပါက်ိဳးသြားခ်င္လို႔လား"
ပိုင္ရွင့္ေဘး ဝင္လွဲခ်ေတာ့ ကိုယ္ေလးအသာက်ံဳ႕ေပးသည္။
"ငါက ဘာေျပာေနလို႔လဲ။ ဟိုတစ္ခါတုန္းက မင္းက်ေတာ့ ေစာင္ႀကီးပက္ ေရခ်ိဳးအုတ္ကန္ဆီ ေျပးၿပီး ငါ့ကို ကုတင္ေပၚမွာ ဗလာက်င္း ထားခဲ့ခံရထဲက မွတ္သြားၿပီ။ ငါတို႔ အဲ့ဒီကတည္းက ေအးေအးေဆးေဆးကို အတူ မေနရေတာ့တာေနာ္။ဒီတစ္ခါေတာ့ ငါမလႊတ္ေတာ့ဘူး။ အသက္ေတြလည္းႀကီးၿပီ။ အရြယ္မဟိုင္းခင္ အတူတူေနၾကရေအာင္ေနာ္ "
"ညီ မင္းကေတာ့ေလ"ဟု ေျပာ၍ ညီ့ေရွ႕ဆီ တိုးလာခဲ့တဲ့ ႏႈတ္ခမ္းပါးတစ္စံုဟာ ျမတ္ႏိုးျခင္းတံတိုင္းမွ တပ္မက္မႈမ်ား ယိုဖိတ္က်လာသည္ ထင္၏။ က်ဥ္းေျမာင္းတဲ့ ခံတြင္းလမ္းတြင္ လၽွာခင္ႏွစ္ခုဟာ မထိခလုတ္မွ ထိထိမိမိ ၿငိတြယ္ၾကကုန္သည္။
ရင္အစံုက ေရအဆန္ကူးခက္ေနရသလို ေမာဟိုက္လာ၏။ လက္တစ္စံုဟာ ဗိုက္သားျပင္ေပၚ ပြတ္သက္တဲ့အခါ ညီ ေနမရေတာ့။
ပိုင္ရွင္ဟာ ဒဏ္ရာကိုဆြ၍ မေက်ပြဲဝင္သလို ညီ့လည္တိုင္ဆီ ရႈိက္ခိုေနျပန္သည္။မိေမြးတိုင္းဖေမြးတိုင္း ပြင့္ဖက္လႊာေတြဆီ ဒီႏႈတ္ခမ္းေတြ စိတ္ႀကိဳက္ခ်ယ္လွယ္ခ်ိန္ ညီဟာ မလူးသာ မလြန္႔သာ။ ပိုင္ရွင့္ဆံပင္ကိုပင္ လွမ္းဆြဲလိုက္မိသည္ ထင္၏။ ခႏၶာႏွံ႔ဆီ က်ဴးေက်ာ္ဖို႔ ပိုင္ရွင့္ႏႈတ္ခမ္းေတြဟာ ဒီညအတြက္ နပိုလီယံပင္။
"အ...."
"အာ...."
ပိုင္ရွင္ လည္ကုပ္ကို ပြတ္သတ္၍ မ်က္ႏွာျပင္မွာ ရဲရဲနီေနသည္။ တစ္ကယ္ကို အေျခအေန အခ်ိန္အခါ မၾကည့္တတ္သူပါပဲ။ ပုဏၰားလုပ္ ေမာင္းထုတ္ခံရမွာ ေသခ်ာသည္။ လက္က ေက်ာက္ပတ္တီးကို ၾကည့္၍ ညီ ျပံဳးမိသည္။
"ညီ Toiletဘယ္မွာလဲ"
"ေနာက္ေဖးတံခါး ဖြင့္လိုက္ရင္ ေတြ႕လိမ့္မယ္"
အျဖစ္ကေတာ့ ေျပာရရင္ ေျပာ မေျပာခ်င္ပါဘူး ဟုပဲ ေျပာရေတာ့မွာပင္။ ပိုင္ရွင္ကေတာ့ ညီ့ကို ေခါင္းကိုက္ေပ်ာက္ေဆးမ်ား မွတ္ေနသလား မသိ။
______________________________
မနက္ခင္းရဲ႕ ေရာင္ျခည္က မ်က္ႏွာၾကက္မွ အတင္းတိုးဝင္လာကာ ညီ့မ်က္ႏွာႏွင့္ မိတ္ဖက္ဖြဲ႕ေနသည္။ အရင္လို ဖက္ခြလံုးကို ဖက္၍ ျပန္အိပ္ဖို႔ ေတြးမိၿပီးမွ မ်က္လံုးအသာ ဖြင့္ၾကည့္မိသည္။ အျမင္အာရံု မသဲကြဲခင္ အနံ႔အာရံုထဲ ကိုယ္သင္းရနံ႔တစ္ခု လာမိတ္ဆက္သည္။ ၿပီးမွ စာအုပ္တစ္အုပ္ႏွင့္ ပိုင္ရွင့္မ်က္ႏွာေလးကို ေတြ႕လိုက္ရသည္။
"ႏိုးၿပီလား ညီ"
"ျပန္အိပ္ဦးမွာ...."
ညီ အိပ္မႈံစံုမႊားႏွင့္ ပိုင္ရွင့္ကို ၾကည့္ေနလိုက္သည္။ ဆံပင္ေတြက ဖြာလန္က်ဲ၍ နဖူးေပၚ ဝဲက်ေနတဲ့ ပိုင္ရွင့္ပံုစံေလးဟာ လူငယ္ဆန္သလိုႏွင့္ ေအးခ်မ္းေနသည္။ နီးစပ္ေတာ့မယ့္ ေတာင္တန္းႀကီးေတြလို မ်က္ခံုးေတြက နဖူးျပင္က်ဥ္းက်ဥ္းမွာ ထင္းလ်က္။
"ကဲ ၾကည့္လို႔ ဝၿပီလား "
"မဝရင္ မင္းက ဘာလုပ္ေပးမလို႔လဲ"
"ညီ လာ မစ နဲ႔ေနာ္"
"ပိုင္ရွင္ ငါတို႔ ဒီလိုပဲ အတူတူ ေနရေအာင္။ မနက္ခင္းတိုင္း မင္းမ်က္ႏွာေလးသာ ျမင္ရရင္ ဖိုလ္ဝင္သား စားစရာမလိုဘူး။ငါ့ရဲ႕ ထာဝရအသက္ရွည္ေဆးေလး"
"ငါရုပ္ရည္ရူပကာက ဒီေလာက္ ျပည့္စံုေနေတာ့ မင္းက ငါ့ကို ျမင္ရလို႔ အသက္ရွည္မွာေတာ့ ငါသိတယ္။ ငါကက် ဘယ္အသက္ရွည္မွာလဲ။"
"ငါ့ကို ၾကည့္ေလ"
ညီက ရွိသမၽွ သြားျဖဲျပ၍ ျပံဳးလိုက္သည္ကို ပိုင္ရွင္က မဲ့ရြဲ႕သြားသည္။ ေအာက္သြားမရွိတဲ့ ႏြားျပာႀကီး ေတြ႕လိုက္ရတဲ့ ပြဲစားႏွယ္။
"ဒီရုပ္ႀကီးကိုလား။ အင္း...သဏၬာန္လုပ္ သရုပ္ေဆာင္ အပုပ္ေကာင္ခႏၶာႀကီး ဆိုေပမယ့္ မင္းက သရုပ္ေတာင္မေဆာင္ထားတဲ့ အပုပ္ေကာင္နဲ႔.....အင္း"
" ဘာျဖစ္လဲ"
"ရုပ္ဆိုးတယ္လို႔"
"ရုပ္ဆိုးေတာ့ ဘာျဖစ္လဲ"
"အက်ည္းတန္တာေပါ့"
"အက်ည္းတန္ေတာ့"
"အက်န္တီးရတာေပါ့။ မေန႔က ဘာက်န္ေသးလဲ။ ထေတာ့ ညီ မ်က္ႏွာသစ္ သြားစားရေအာင္"
"ခ်ီး(စ္)ပဲ က်န္တယ္ စားမလား"
"ကဲ ေရခ်ိဳးေတာ့ေလ ။ အလုပ္ေနာက္က်ေနမယ္။ ေပါင္မုန္႔ၾကက္ဥေၾကာ္စားမယ္မလား။ မစားလည္း အဲ့ဒါပဲ လုပ္တတ္တယ္။ လုပ္ထားလိုက္မယ္"
"မင္းလုပ္တာဆို ၾကက္ဟင္းခါးသီးနဲ႔ ေဂြးေတာက္ရြက္ ဟင္းခ်ိဳလည္း ခ်ိဳေနမွာပဲ"
"ေအး အုန္းရည္ကို ပ်ားရည္ဆမ္းၿပီး တိုက္မယ္။ ခ်ိဳခ်ိဳေလးေလ"( သတိ- ေသတတ္သည္။ မေသာက္ၾကည့္ၾကပါႏွင့္။)
"ေအာ္ ကိုယ့္ခ်စ္ခ်စ္ေလး တစ္ငံု
ကိုယ္ တစ္ငံုေပါ့။ "
ပိုင္ရွင္ဘက္က တံု႔ျပန္စကားမလာေတာ့။ ၾကက္ဥနဲ႔ ေပါင္မုန္႔ ေၾကာ္ဖို႔ မီးဖိုခန္းထဲ ဝင္သြားခဲ့ၿပီ။ ညီေရခ်ိဳးၿပီးခ်ိန္ ေကာ္ဖီႏွစ္ခြက္ ၾကက္ဥေပါင္မုန္႔ေၾကာ္ပန္းကန္ေလးက အသင့္။
"ဒီေန႔ Autismေက်ာင္းကို သြားရေအာင္"
"မင္းလက္နဲ႔ ရပါ့မလား ညီရာ"
"လက္ အဲ့ဒီလို ျဖစ္ေနလို႔ သြားမယ္ ေျပာတာ။ က်န္တဲ့အခ်ိန္က မေသခ်ာဘူး"
"သေဘာ သေဘာ"
အခ်စ္ဆိုတဲ့အရာက ဆန္းသည္။ ဘယ္လိုဆန္းလဲေတာ့ ညီ မေျပာတတ္။ အရင္က မနက္ေစာေစာ Vedio Call ေျပာရတာထက္ အျပင္မွာေတြ႕ေနရတာက ပို၍ စိတ္ၾကည္ႏူးေစသည္။ ေန႔တိုင္း ေသာက္ေနရတဲ့ ေကာ္ဖီက ပိုင္ရွင္နဲ႔ မ်က္ႏွာခ်င္းဆိုင္ ေသာက္ရမွ ပိုခ်ိဳေနသည္။ ေနာက္မွ ညီ ထပ္ စဥ္းစားမိသည္။ ပိုင္ရွင္ ႏို႔ဆီပိုထည့္ထားတာလည္း ျဖစ္ႏိုင္တာပဲ။
ဒါေပမယ့္ အခ်စ္က ဆန္းတာေတာ့ တစ္ကယ္ဆန္းသည္။ အခ်စ္သာ အနားမွာ ရွိရင္ စိတ္အစဥ္က ေဆာင္းရာသီ မနက္ခင္းေလးလို ေအးေအးခ်မ္းခ်မ္း ျဖစ္ေနတာေတာ့ အမွန္။
"ပိုင္ရွင္ အျပင္သြားမွာဆိုေတာ့ ေရခ်ိဳးမွ ျဖစ္မွာေနာ္"
"ေအးေလ"
"ငါ ဘယ္လက္နဲ႔ ေရမခ်ိဳးတတ္ဘူးေလ"
"အရင္ေန႔ေတြက ဘယ္လိုခ်ိဳးလဲ"
"ေရပတ္ပဲ တိုက္တာ။ ဒီေန႔ေတာ့ မင္း ခ်ိဳးေပးမယ္မလား။ "
"ေအးပါကြာ.....ေအးပါ"
စကားစ အျမန္ျဖတ္ေနတဲ့ ပိုင္ရွင္မွာ အသက္ႀကီးသေလာက္ အရွက္ႀကီးသြားၿပီ ထင္၏။ ႏွာထိပ္နဲ႔ နားရြက္ဖ်ားေတြ ရဲေနေအာင္ နီေနေတာ့သည္။ ေရခ်ိဳးေပးဖို႔ကိုပင္ ဘာေတြ ရွက္ေနလဲေတာ့ ညီလည္း မေျပာတတ္။
အမွန္ေတာ့ ေရခ်ိဳးတာ ဘယ္လက္ႏွင့္ ခ်ိဳးတာႏွင့္ ညီ က်င့္သားရေနၿပီ။ အက်ႌလဲေပးတာေလာက္သာ ပိုင္ရွင္က ကူေပးရတာပင္။
"ပိုင္ရွင္ ေမာနင္း ကစ္(စ္)ေလး"
ညီ ႏႈတ္ခမ္းစူေပးေတာ့ ပိုင္ရွင္က နဖူးဆီ နမ္းသည္။ ဒါလည္း ျပည့္စံုတာပင္။
ဒီေန႔ ေနသာသည္။ ငွက္ကေလးေတြ ေတးသံသာေနၾကသည္။ လမ္းေဘးပန္းပင္ကေလးရဲ႕ ေဘးမွ လိပ္ျပာေလးေတြ ဝဲေနၾကသည္။ တိမ္ေတာင္ေတြ ပံုစံအမ်ိဳးမ်ိဳးႏွင့္ ေရြ႕လ်ားေနသည္။ ညီ့ရင္ထဲတြင္ စိမ့္စမ္းေရေတြ စီးဆင္းေနသည္။
အခ်စ္က ဆန္းသည္။ ဘိုင္အိုဂ်က္ဆစ္ေသာက္လို႔ ေခါင္းကိုက္ေပ်ာက္သလို အခ်စ္ရွိလို႔ ဘဝအေမာေတြ ေျပေပ်ာက္ေစသည္။
_____________________________________________________________
Autismေက်ာင္းမွာ ဆရာမေတြႏွင့္ စကားစျမည္ ေျပာၿပီး ကေလးေတြကို လိုက္ၾကည့္ျဖစ္သည္။ ၾကည့္ေနရင္း ပိုင္ရွင္က ေခါင္းကိုက္လာ၍ ျပန္လာခဲ့ရ၏။ဒီၾကားထဲ ကေလးမတစ္ေယာက္က
"ကိုကို႔ကို ခ်စ္တယ္"ဟုေျပာ၍ ပိုင္ရွင့္လက္ကို မလႊတ္တမ္း ဆြဲထားေသာေၾကာင့္ စာသင္လႊတ္ဖို႔ ညီ ရင္ေလးသြားရသည္။ သဝန္တိုရလည္း အခက္မလား။
ပိုင္ရွင္က ေခါင္းကိုက္ေနေသးသည္။ ေဆးခန္းသြားဖို႔လည္း ျငင္းေန၍ ကားေပၚမွာပဲ နားခိုင္းလိုက္ၿပီ ေမွာ္ဘီဘက္က မိဘမဲ့ေက်ာင္းကို ဆက္ထြက္လာသည္။
ဘုန္းေတာ္ႀကီးက ဦးစီးထားတဲ့ ေက်ာင္းေလး ျဖစ္သည္။ အရြယ္ေရာက္ၿပီး ကေလးေတြ ရွိသလို ေမြးကင္းစကေလးေတြလည္း ရွိသည္။ အႁမႊာေယာက်ာ္းေလး ႏွစ္ေယာက္ကို ညီနဲ႔ပိုင္ရွင္ မ်က္စိမခြာ ခ်စ္မိေနၾကသည္။ ကရင္ေလးေတြဟု ေျပာသည္။ မ်က္လံုးျပဴးျပဴးေလးေတြႏွင့္ ပါးဆို႔ႀကီးေတြ ရဲေနကာ ေတာ္ေတာ္ ခ်စ္ဖို႔ေကာင္းသည္။
"ငါတို႔ ေမြးစားရေအာင္ ပိုင္ရွင္"
"မင္းႏို႔တိုက္မွာလား။ "
"မင္းက ခ်ီး၊ေသး တာဝန္ယူရင္ ငါႏို႔တိုက္မွာေပါ့"
ညီက ႏို႔ဗူးတိုက္လို႔ ရသည္ကို ေတြး၍ ေျပာလိုက္ေသာ္လည္း ကေလးထိန္းေနသည့္ ညီမက
"ဒီႏွစ္ေယာက္က မိခင္ႏို႔မွ ေသာက္လို႔ ရြာထဲက ကေလးေမြးကာစ အေမေတြက လာတိုက္ေပးရတယ္"ဟု စကားေထာက္သည္။
ညီ ကိုယ့္ရင္ဘက္ကိုယ္ အသာဖိမိသြားသည္။ ပိုင္ရွင္က တဟားဟား ရယ္ေန၏။အျပန္လမ္းက်မွ
"ငါက မင္းမေမးခင္တည္းက ေမးၿပီးသား။
ႏို႔ျပတ္မွ စာခ်ဳပ္စာတမ္းနဲ႔ ေမြးလို႔ရတယ္တဲ့"
"ငါသူတို႔ကို နာမည္ ေပးၿပီးၿပီ"
"ဟုတ္လား..."
"အင္းေလ။ မင္းကို ေျပာဖူးသားပဲ။ ညီပိုင္ရွင္နဲ႔ ဘုန္းေတဇ ပါဆို"
ပိုင္ရွင္ နားထင္ကို ဖိေန၍ ေခါင္းကိုက္ေနၿပီ ျဖစ္ေၾကာင္းသိလိုက္သည္။ ေျမကြက္ သြားၾကည့္ဖို႔ ကိစၥကို ဖ်က္လိုက္ရ၏။
"ေခါင္းကိုက္ေနျပန္ၿပီလား။ ေဆးခန္းသြားရေအာင္ ပိုင္ရွင္ရာ"
"ေခါင္းကိုက္တာေလာက္က ထမင္းစား၊ ေရေသာက္ၿပီး အိပ္ရံုေလာက္နဲ႔ ေပ်ာက္ပါတယ္ ညီရာ"
ပိုင္ရွင့္ပံုစံက မနည္းအားယူ ျပန္ေျပာေနရသည့္ဟန္ ျဖစ္ေန၍ ညီ တိတ္ေနလိုက္သည္။ အိမ္ျမန္ျမန္ျပန္ၿပီး နားမွ ျဖစ္မည္ဟု ေတြးလိုက္ကာ ကားေမာင္းဖို႔ အဆင္ေျပတဲ့ အခ်ိန္ထိ တိတ္ေနေပးလိုက္သည္။
____________________________________________________________
"မင္းနဲ႔ဆို ငါအျမဲ ရင္ဆိုင္ေနရတာ ႏွစ္ခ်ိန္ပဲ ရွိတယ္"
"မင္းက ဘာေတြ ရင္ဆိုင္ေနရလို႔လဲ"
"ေလယာဥ္ဆိပ္ လိုက္ပို႔ရတဲ့ အခ်ိန္နဲ႔။ လာႀကိဳရတဲ့ အခ်ိန္"
ငါးရက္ေလာက္ေနၿပီး ပိုင္ရွင္က ျပန္ရျပန္သည္။ လုပ္သင့္တာ လုပ္၍ Edenကို ေခၚၿပီး ျပန္လာမယ္ဟု အတန္တန္ကတိေပး၍ ဘာမွမေျပာသာ။
ဘဝဟာ ျမစ္လို ေကာက္ေကြ႕တတ္ရိုးထံုးစံရွိသည္။တစ္ခါတစ္ခါ ေျဖာင့္ျဖဴးေနတတ္သည္။ ေျဖာင့္ေနရာမွလည္း ေကာက္ေကြ႕တတ္ျပန္သည္။
အခ်စ္ကပဲဆန္းတာမဟုတ္ ဘဝကလည္း အဆန္းတၾကယ္ပင္။
__________________________________________________________________________________________________________________
Unicode
"အလုပ်တော့ပြုတ်ပြီ ထင်တယ်"
"ဟမ် ဘာလို့လဲ"
စိုးရိမ်တကြီးမေးမိသည်။ အလုပ်ပြုတ်တာက အရေးမဟုတ်။ ညီ့ကြောင့် ပိုင်ရှင်စိတ်နှစ်နေတဲ့ အလုပ် ဆက်မလုပ်ရတော့မှာတော့ မလိုချင်မိတာ အမှန်။
"ငါခွင့်ပဲတင်ခဲ့တာ။ ခွင့်ရလား ၊မရလား မသေချာသေးဘဲ လေယာဉ်လက်မှတ်ကို ဝန်ထမ်းကဒ်နဲ့ အမြန်ဖြတ်ပြီး အပြေးလာတာ။ အခုမှ အီးမေလ်ကြည့်မိတယ်။ ခွင့်ကမပေးဘူးတဲ့။ Mrs.Keller တော့ စိတ်ဆိုးနေလောက်ပြီ။သူက တော်ရုံ စည်းစနစ်ကျတာမဟုတ်ဘူး။ "
"အော် ဘာဖြစ်လဲကွာ။ ထုတ်တော့လည်း မလုပ်နဲ့ပေါ့"
"ငါက စည်းကမ်းစဖောက်တာဆိုတော့ လျော်ကြေးပေးရမှာ"
"မင်းရဲ့ကောင်လေးကလေ Rainbowဖောင်ဒေးရှင်း ဦးဆောင်နေတဲ့သူပါကွာ"
"ငါတို့ရဲ့ projectက မပြီးသေးဘူးကွ။ ကုမ္ပဏီက အသစ်မိတ်ဆက်မယ့်ရေမွှေး အဆင်ပြေပါ့မလား မသိဘူး"
"ဒါဆို လက်မှတ်သွားဖြတ်ရအောင်။ မြန်မြန်ပြန်လေ"
ပိုင်ရှင့်က ညီ့နှာဖျားကို ဆွဲညှစ်သည်။ ညီတော့ ပြန်သာလွှတ်ရတာ စိတ်ထဲမကောင်း။ အရုပ်ဆိုင် ခေါ်လာပြီး အရုပ်မရတဲ့ကလေးလို မျက်နှာလည်း ပျက်နေသည် ထင်၏။
"ဒီမျက်နှာလေးနဲ့ ဒီလက်ကို မြင်နေရတဲ့ဟာ ထားခဲ့ပြီး မသွားနိုင်တော့ပါဘူး"
ပိုင်ရှင် ပြောရင်း နားထင်ကို လက်မနှင့် ဖိနေသည်။
"ဘာဖြစ်တာလဲ။ ခေါင်းကိုက်နေပြန်ပြီလား"
"အေးကွာ..."ဟု ပြော၍ ညီ့ဘေးဝင်ထိုင်သည်။ ညီက ဆရာဝန်လည်း မဟုတ်။ ခေါင်းကိုက်နေသူကို
"ဘယ်နားက ကိုက်တာလဲ။ တော်တော်များ ကိုက်နေလားကွာ"ဟု မေးရအောင်လည်း နားထင်ကို ခပ်ပြင်းပြင်းဖိ၍ မသက်မသာ ခံစားနေရတာက မျက်မြင်ပင်။ မေးနေစရာမလို။
"ဆေးသောက်မလား။ ပါရာတော့ ရှိမယ် ထင်တယ်"
"ရတယ်...ရတယ်။ ခဏနေ ပျောက်သွားမှာ"
"မင်းဟာက မဟုတ်သေးပါဘူး ပိုင်ရှင်ရာ။ခဏခဏလို ဖြစ်နေပြီ။ဦးနှောက်နဲ့အာရုံကြော ပါရဂူနဲ့ ပြကြည့်ပါဆို"
"အဲ့ဒီလောက် မဟုတ်ပါဘူးကွာ။ ခဏလောက် လှဲချင်တယ်"
"အေး ငါ့အခန်းထဲ သွားနှင့်။ ပန်းကန်သိမ်းပြီး လာခဲ့မယ်"
မီးဖိုးခန်းထဲ ရောက်တော့ မေမေက အသာပြုံးကြည့်သည်။" မေမေ မင်းအစ်မဆီ သွားအိပ်ဦးမယ်"ဟု ပြော၍ မေမေ့ကို မကြီးမငယ် တစ်ချက်နမ်းလိုက်မိသေး၏။ တစ်ကယ် မထင်ထားမိလောက်အောင် မေမေက အသာတကြည် ကြည်ဖြူပေးခဲ့သည်။ ပိုင်ရှင် သူ့သမတ်ဖြစ် ပြီးရော ဟုပဲ ခံယူထားလားတော့မသိ။
"ပိုင်ရှင် ငါဖက်ထားပေးရမလား။ ဒီနေ့ အိမ်မှာ ဘယ်သူမှ မရှိဘူး သိလား။...ဟဲ ဟဲ"
"လက်က အရွတ်ရောင်ရုံမက ကျိုးပါကျိုးသွားချင်လို့လား"
ပိုင်ရှင့်ဘေး ဝင်လှဲချတော့ ကိုယ်လေးအသာကျုံ့ပေးသည်။
"ငါက ဘာပြောနေလို့လဲ။ ဟိုတစ်ခါတုန်းက မင်းကျတော့ စောင်ကြီးပက် ရေချိုးအုတ်ကန်ဆီ ပြေးပြီး ငါ့ကို ကုတင်ပေါ်မှာ ဗလာကျင်း ထားခဲ့ခံရထဲက မှတ်သွားပြီ။ ငါတို့ အဲ့ဒီကတည်းက အေးအေးဆေးဆေးကို အတူ မနေရတော့တာနော်။ဒီတစ်ခါတော့ ငါမလွှတ်တော့ဘူး။ အသက်တွေလည်းကြီးပြီ။ အရွယ်မဟိုင်းခင် အတူတူနေကြရအောင်နော် "
"ညီ မင်းကတော့လေ"ဟု ပြော၍ ညီ့ရှေ့ဆီ တိုးလာခဲ့တဲ့ နှုတ်ခမ်းပါးတစ်စုံဟာ မြတ်နိုးခြင်းတံတိုင်းမှ တပ်မက်မှုများ ယိုဖိတ်ကျလာသည် ထင်၏။ ကျဉ်းမြောင်းတဲ့ ခံတွင်းလမ်းတွင် လျှာခင်နှစ်ခုဟာ မထိခလုတ်မှ ထိထိမိမိ ငြိတွယ်ကြကုန်သည်။
ရင်အစုံက ရေအဆန်ကူးခက်နေရသလို မောဟိုက်လာ၏။ လက်တစ်စုံဟာ ဗိုက်သားပြင်ပေါ် ပွတ်သက်တဲ့အခါ ညီ နေမရတော့။
ပိုင်ရှင်ဟာ ဒဏ်ရာကိုဆွ၍ မကျေပွဲဝင်သလို ညီ့လည်တိုင်ဆီ ရှိုက်ခိုနေပြန်သည်။မိမွေးတိုင်းဖမွေးတိုင်း ပွင့်ဖက်လွှာတွေဆီ ဒီနှုတ်ခမ်းတွေ စိတ်ကြိုက်ချယ်လှယ်ချိန် ညီဟာ မလူးသာ မလွန့်သာ။ ပိုင်ရှင့်ဆံပင်ကိုပင် လှမ်းဆွဲလိုက်မိသည် ထင်၏။ ခန္ဓာနှံ့ဆီ ကျူးကျော်ဖို့ ပိုင်ရှင့်နှုတ်ခမ်းတွေဟာ ဒီညအတွက် နပိုလီယံပင်။
"အ...."
"အာ...."
ပိုင်ရှင် လည်ကုပ်ကို ပွတ်သတ်၍ မျက်နှာပြင်မှာ ရဲရဲနီနေသည်။ တစ်ကယ်ကို အခြေအနေ အချိန်အခါ မကြည့်တတ်သူပါပဲ။ ပုဏ္ဏားလုပ် မောင်းထုတ်ခံရမှာ သေချာသည်။ လက်က ကျောက်ပတ်တီးကို ကြည့်၍ ညီ ပြုံးမိသည်။
"ညီ Toiletဘယ်မှာလဲ"
"နောက်ဖေးတံခါး ဖွင့်လိုက်ရင် တွေ့လိမ့်မယ်"
အဖြစ်ကတော့ ပြောရရင် ပြော မပြောချင်ပါဘူး ဟုပဲ ပြောရတော့မှာပင်။ ပိုင်ရှင်ကတော့ ညီ့ကို ခေါင်းကိုက်ပျောက်ဆေးများ မှတ်နေသလား မသိ။
______________________________
မနက်ခင်းရဲ့ ရောင်ခြည်က မျက်နှာကြက်မှ အတင်းတိုးဝင်လာကာ ညီ့မျက်နှာနှင့် မိတ်ဖက်ဖွဲ့နေသည်။ အရင်လို ဖက်ခွလုံးကို ဖက်၍ ပြန်အိပ်ဖို့ တွေးမိပြီးမှ မျက်လုံးအသာ ဖွင့်ကြည့်မိသည်။ အမြင်အာရုံ မသဲကွဲခင် အနံ့အာရုံထဲ ကိုယ်သင်းရနံ့တစ်ခု လာမိတ်ဆက်သည်။ ပြီးမှ စာအုပ်တစ်အုပ်နှင့် ပိုင်ရှင့်မျက်နှာလေးကို တွေ့လိုက်ရသည်။
"နိုးပြီလား ညီ"
"ပြန်အိပ်ဦးမှာ...."
ညီ အိပ်မှုံစုံမွှားနှင့် ပိုင်ရှင့်ကို ကြည့်နေလိုက်သည်။ ဆံပင်တွေက ဖွာလန်ကျဲ၍ နဖူးပေါ် ဝဲကျနေတဲ့ ပိုင်ရှင့်ပုံစံလေးဟာ လူငယ်ဆန်သလိုနှင့် အေးချမ်းနေသည်။ နီးစပ်တော့မယ့် တောင်တန်းကြီးတွေလို မျက်ခုံးတွေက နဖူးပြင်ကျဉ်းကျဉ်းမှာ ထင်းလျက်။
"ကဲ ကြည့်လို့ ဝပြီလား "
"မဝရင် မင်းက ဘာလုပ်ပေးမလို့လဲ"
"ညီ လာ မစ နဲ့နော်"
"ပိုင်ရှင် ငါတို့ ဒီလိုပဲ အတူတူ နေရအောင်။ မနက်ခင်းတိုင်း မင်းမျက်နှာလေးသာ မြင်ရရင် ဖိုလ်ဝင်သား စားစရာမလိုဘူး။ငါ့ရဲ့ ထာဝရအသက်ရှည်ဆေးလေး"
"ငါရုပ်ရည်ရူပကာက ဒီလောက် ပြည့်စုံနေတော့ မင်းက ငါ့ကို မြင်ရလို့ အသက်ရှည်မှာတော့ ငါသိတယ်။ ငါကကျ ဘယ်အသက်ရှည်မှာလဲ။"
"ငါ့ကို ကြည့်လေ"
ညီက ရှိသမျှ သွားဖြဲပြ၍ ပြုံးလိုက်သည်ကို ပိုင်ရှင်က မဲ့ရွဲ့သွားသည်။ အောက်သွားမရှိတဲ့ နွားပြာကြီး တွေ့လိုက်ရတဲ့ ပွဲစားနှယ်။
"ဒီရုပ်ကြီးကိုလား။ အင်း...သဏ္ဋာန်လုပ် သရုပ်ဆောင် အပုပ်ကောင်ခန္ဓာကြီး ဆိုပေမယ့် မင်းက သရုပ်တောင်မဆောင်ထားတဲ့ အပုပ်ကောင်နဲ့.....အင်း"
" ဘာဖြစ်လဲ"
"ရုပ်ဆိုးတယ်လို့"
"ရုပ်ဆိုးတော့ ဘာဖြစ်လဲ"
"အကျည်းတန်တာပေါ့"
"အကျည်းတန်တော့"
"အကျန်တီးရတာပေါ့။ မနေ့က ဘာကျန်သေးလဲ။ ထတော့ ညီ မျက်နှာသစ် သွားစားရအောင်"
"ချီး(စ်)ပဲ ကျန်တယ် စားမလား"
"ကဲ ရေချိုးတော့လေ ။ အလုပ်နောက်ကျနေမယ်။ ပေါင်မုန့်ကြက်ဥကြော်စားမယ်မလား။ မစားလည်း အဲ့ဒါပဲ လုပ်တတ်တယ်။ လုပ်ထားလိုက်မယ်"
"မင်းလုပ်တာဆို ကြက်ဟင်းခါးသီးနဲ့ ဂွေးတောက်ရွက် ဟင်းချိုလည်း ချိုနေမှာပဲ"
"အေး အုန်းရည်ကို ပျားရည်ဆမ်းပြီး တိုက်မယ်။ ချိုချိုလေးလေ"( သတိ- သေတတ်သည်။ မသောက်ကြည့်ကြပါနှင့်။)
"အော် ကိုယ့်ချစ်ချစ်လေး တစ်ငုံ
ကိုယ် တစ်ငုံပေါ့။ "
ပိုင်ရှင်ဘက်က တုံ့ပြန်စကားမလာတော့။ ကြက်ဥနဲ့ ပေါင်မုန့် ကြော်ဖို့ မီးဖိုခန်းထဲ ဝင်သွားခဲ့ပြီ။ ညီရေချိုးပြီးချိန် ကော်ဖီနှစ်ခွက် ကြက်ဥပေါင်မုန့်ကြော်ပန်းကန်လေးက အသင့်။
"ဒီနေ့ Autismကျောင်းကို သွားရအောင်"
"မင်းလက်နဲ့ ရပါ့မလား ညီရာ"
"လက် အဲ့ဒီလို ဖြစ်နေလို့ သွားမယ် ပြောတာ။ ကျန်တဲ့အချိန်က မသေချာဘူး"
"သဘော သဘော"
အချစ်ဆိုတဲ့အရာက ဆန်းသည်။ ဘယ်လိုဆန်းလဲတော့ ညီ မပြောတတ်။ အရင်က မနက်စောစော Vedio Call ပြောရတာထက် အပြင်မှာတွေ့နေရတာက ပို၍ စိတ်ကြည်နူးစေသည်။ နေ့တိုင်း သောက်နေရတဲ့ ကော်ဖီက ပိုင်ရှင်နဲ့ မျက်နှာချင်းဆိုင် သောက်ရမှ ပိုချိုနေသည်။ နောက်မှ ညီ ထပ် စဉ်းစားမိသည်။ ပိုင်ရှင် နို့ဆီပိုထည့်ထားတာလည်း ဖြစ်နိုင်တာပဲ။
ဒါပေမယ့် အချစ်က ဆန်းတာတော့ တစ်ကယ်ဆန်းသည်။ အချစ်သာ အနားမှာ ရှိရင် စိတ်အစဉ်က ဆောင်းရာသီ မနက်ခင်းလေးလို အေးအေးချမ်းချမ်း ဖြစ်နေတာတော့ အမှန်။
"ပိုင်ရှင် အပြင်သွားမှာဆိုတော့ ရေချိုးမှ ဖြစ်မှာနော်"
"အေးလေ"
"ငါ ဘယ်လက်နဲ့ ရေမချိုးတတ်ဘူးလေ"
"အရင်နေ့တွေက ဘယ်လိုချိုးလဲ"
"ရေပတ်ပဲ တိုက်တာ။ ဒီနေ့တော့ မင်း ချိုးပေးမယ်မလား။ "
"အေးပါကွာ.....အေးပါ"
စကားစ အမြန်ဖြတ်နေတဲ့ ပိုင်ရှင်မှာ အသက်ကြီးသလောက် အရှက်ကြီးသွားပြီ ထင်၏။ နှာထိပ်နဲ့ နားရွက်ဖျားတွေ ရဲနေအောင် နီနေတော့သည်။ ရေချိုးပေးဖို့ကိုပင် ဘာတွေ ရှက်နေလဲတော့ ညီလည်း မပြောတတ်။
အမှန်တော့ ရေချိုးတာ ဘယ်လက်နှင့် ချိုးတာနှင့် ညီ ကျင့်သားရနေပြီ။ အကျႌလဲပေးတာလောက်သာ ပိုင်ရှင်က ကူပေးရတာပင်။
"ပိုင်ရှင် မောနင်း ကစ်(စ်)လေး"
ညီ နှုတ်ခမ်းစူပေးတော့ ပိုင်ရှင်က နဖူးဆီ နမ်းသည်။ ဒါလည်း ပြည့်စုံတာပင်။
ဒီနေ့ နေသာသည်။ ငှက်ကလေးတွေ တေးသံသာနေကြသည်။ လမ်းဘေးပန်းပင်ကလေးရဲ့ ဘေးမှ လိပ်ပြာလေးတွေ ဝဲနေကြသည်။ တိမ်တောင်တွေ ပုံစံအမျိုးမျိုးနှင့် ရွေ့လျားနေသည်။ ညီ့ရင်ထဲတွင် စိမ့်စမ်းရေတွေ စီးဆင်းနေသည်။
အချစ်က ဆန်းသည်။ ဘိုင်အိုဂျက်ဆစ်သောက်လို့ ခေါင်းကိုက်ပျောက်သလို အချစ်ရှိလို့ ဘဝအမောတွေ ပြေပျောက်စေသည်။
_____________________________________________________________
Autismကျောင်းမှာ ဆရာမတွေနှင့် စကားစမြည် ပြောပြီး ကလေးတွေကို လိုက်ကြည့်ဖြစ်သည်။ ကြည့်နေရင်း ပိုင်ရှင်က ခေါင်းကိုက်လာ၍ ပြန်လာခဲ့ရ၏။ဒီကြားထဲ ကလေးမတစ်ယောက်က
"ကိုကို့ကို ချစ်တယ်"ဟုပြော၍ ပိုင်ရှင့်လက်ကို မလွှတ်တမ်း ဆွဲထားသောကြောင့် စာသင်လွှတ်ဖို့ ညီ ရင်လေးသွားရသည်။ သဝန်တိုရလည်း အခက်မလား။
ပိုင်ရှင်က ခေါင်းကိုက်နေသေးသည်။ ဆေးခန်းသွားဖို့လည်း ငြင်းနေ၍ ကားပေါ်မှာပဲ နားခိုင်းလိုက်ပြီ မှော်ဘီဘက်က မိဘမဲ့ကျောင်းကို ဆက်ထွက်လာသည်။
ဘုန်းတော်ကြီးက ဦးစီးထားတဲ့ ကျောင်းလေး ဖြစ်သည်။ အရွယ်ရောက်ပြီး ကလေးတွေ ရှိသလို မွေးကင်းစကလေးတွေလည်း ရှိသည်။ အမြွှာယောကျာ်းလေး နှစ်ယောက်ကို ညီနဲ့ပိုင်ရှင် မျက်စိမခွာ ချစ်မိနေကြသည်။ ကရင်လေးတွေဟု ပြောသည်။ မျက်လုံးပြူးပြူးလေးတွေနှင့် ပါးဆို့ကြီးတွေ ရဲနေကာ တော်တော် ချစ်ဖို့ကောင်းသည်။
"ငါတို့ မွေးစားရအောင် ပိုင်ရှင်"
"မင်းနို့တိုက်မှာလား။ "
"မင်းက ချီး၊သေး တာဝန်ယူရင် ငါနို့တိုက်မှာပေါ့"
ညီက နို့ဗူးတိုက်လို့ ရသည်ကို တွေး၍ ပြောလိုက်သော်လည်း ကလေးထိန်းနေသည့် ညီမက
"ဒီနှစ်ယောက်က မိခင်နို့မှ သောက်လို့ ရွာထဲက ကလေးမွေးကာစ အမေတွေက လာတိုက်ပေးရတယ်"ဟု စကားထောက်သည်။
ညီ ကိုယ့်ရင်ဘက်ကိုယ် အသာဖိမိသွားသည်။ ပိုင်ရှင်က တဟားဟား ရယ်နေ၏။အပြန်လမ်းကျမှ
"ငါက မင်းမမေးခင်တည်းက မေးပြီးသား။
နို့ပြတ်မှ စာချုပ်စာတမ်းနဲ့ မွေးလို့ရတယ်တဲ့"
"ငါသူတို့ကို နာမည် ပေးပြီးပြီ"
"ဟုတ်လား..."
"အင်းလေ။ မင်းကို ပြောဖူးသားပဲ။ ညီပိုင်ရှင်နဲ့ ဘုန်းတေဇ ပါဆို"
ပိုင်ရှင် နားထင်ကို ဖိနေ၍ ခေါင်းကိုက်နေပြီ ဖြစ်ကြောင်းသိလိုက်သည်။ မြေကွက် သွားကြည့်ဖို့ ကိစ္စကို ဖျက်လိုက်ရ၏။
"ခေါင်းကိုက်နေပြန်ပြီလား။ ဆေးခန်းသွားရအောင် ပိုင်ရှင်ရာ"
"ခေါင်းကိုက်တာလောက်က ထမင်းစား၊ ရေသောက်ပြီး အိပ်ရုံလောက်နဲ့ ပျောက်ပါတယ် ညီရာ"
ပိုင်ရှင့်ပုံစံက မနည်းအားယူ ပြန်ပြောနေရသည့်ဟန် ဖြစ်နေ၍ ညီ တိတ်နေလိုက်သည်။ အိမ်မြန်မြန်ပြန်ပြီး နားမှ ဖြစ်မည်ဟု တွေးလိုက်ကာ ကားမောင်းဖို့ အဆင်ပြေတဲ့ အချိန်ထိ တိတ်နေပေးလိုက်သည်။
____________________________________________________________
"မင်းနဲ့ဆို ငါအမြဲ ရင်ဆိုင်နေရတာ နှစ်ချိန်ပဲ ရှိတယ်"
"မင်းက ဘာတွေ ရင်ဆိုင်နေရလို့လဲ"
"လေယာဉ်ဆိပ် လိုက်ပို့ရတဲ့ အချိန်နဲ့။ လာကြိုရတဲ့ အချိန်"
ငါးရက်လောက်နေပြီး ပိုင်ရှင်က ပြန်ရပြန်သည်။ လုပ်သင့်တာ လုပ်၍ Edenကို ခေါ်ပြီး ပြန်လာမယ်ဟု အတန်တန်ကတိပေး၍ ဘာမှမပြောသာ။
ဘဝဟာ မြစ်လို ကောက်ကွေ့တတ်ရိုးထုံးစံရှိသည်။တစ်ခါတစ်ခါ ဖြောင့်ဖြူးနေတတ်သည်။ ဖြောင့်နေရာမှလည်း ကောက်ကွေ့တတ်ပြန်သည်။
အချစ်ကပဲဆန်းတာမဟုတ် ဘဝကလည်း အဆန်းတကြယ်ပင်။
__________________________________________________________________________________________________________________
You are reading the story above: TeenFic.Net