အခန်း(၃၅)
Background color
Font
Font size
Line height
Zawgyi
"ဘယ်သူလဲ ။ ဆောင်းလေးကိုလား"
"အင်း...."
"အဆင်ပြေရဲ့လား"
အခုလည်း ဦးနွေက ရယ်သည်။
"ကျွန်တော်လား...."
"အင်း ယုံတယ်။"
"အင်း...."
_______________________________________________________________
"မင်းက ဘာလုပ်မလို့လဲ။ ဒီအိမ်မှာလည်း အန်တီက နေတာမှ မဟုတ်တာ။ မသွန်းတို့ဆီမှာ သွားနေတဲ့အချိန်က များနေတဲ့ ကိစ္စ"
"ဟဲ ဟဲ ပြောပြရရင် မင်းရဲ့မနောမှာ မောဟတွေ များသွားမှာတော့ အားနာပါရဲ့။ "
"အပိုတွေ ပြောမနေနဲ့ ဟေ့ကောင်"
"အေးပါ....အေးပါ......။
ငါပြောမယ်....။
ပိုင်ရှင်ပြန်လာရင် ကလေးနှစ်ယောက် မွေးစားဖို့ ကိစ္စ အကောင်အထည် ဖော်မလို့ကွ။ အိမ်လေးက ပိုင်ရှင့်ဝါသနာအရ စာဖတ်လို့ကောင်းအောင် တိတ်ဆိတ်ရမယ်။ ခြံကျယ်ကျယ်လေးနဲ့ စိမ်းစိမ်းစိုစို အပင်လေးတွေ စိုက်လို့ရရင် ပိုကောင်းတယ်။ ကလေးတွေ ပြေးလွှားဆော့ဖို့ မြေကွက်လပ်ကျယ်လေးရော"
ညီက စိတ်ကူးကို ဇွန်းတပ်နှင့် စပါရှယ် စားသုံးနေသည်။ ကိုယ့်စိတ်ကူးနဲ့ကိုယ်ဆိုတော့ ဇွန်းတပ်တပ်၊ ခရင်းတပ်တပ် ဈေးကြီးပေးစရာ မလို။
"အဲ့ဒါဆို ဦးနွေကရော"
"ဟ Edenလည်း ရှိသေးတာပဲ။ ဦးနွေ  လာလည်ရင်လည်း လာပေါ့။ ဘာအရေးကြီးလို့လဲ"
သုံးပွင့်မြောက် မဖြစ်ချင်လို့ သုံးပွင့်မဆိုင်ခဲ့တဲ့ အဲ့ဒီလူကြီးတစ်ယောက်အတွက် ဇေသုခ သက်ပြင်းချလိုက်သည်။
___________________________________________________________________________
"ဟေ့ကောင်...."
"ဟဲ့ ဟဲ့ တေဇ"
အာမေဋိတ်သံ စုံသွားချိန်မှာ ညီတေဇက ချော်လဲပြီးသား ဖြစ်နေပြီ။ ရေဘေးအတွက် ပစ္စည်းတွေ တင်နေရင်း ဆန်ထုတ်နှင့်လဲကျသွားတာ ဖြစ်၍ တော်တော် အီစလန်ဝေသွားမှာပင်။ အပြေးဆွဲထူ ပေးရင်း
"တေဇ ရရဲ့လား"
"အေး ရပါတယ်"
"ဟုတ်လို့လား။ သွေးပူနေလို့ မသိတာ ဖြစ်မှာ။ဆေးခန်း ပြကြည့်ရအောင်"
ပြောရင်း ဆောင်းလေး လက်ကိုဆွဲလိုက်မှ
"အား.....နာတယ်ဟ။ ဖြည်းဖြည်း ဖြည်းဖြည်း"
ညီ့ရဲ့ ညာလက်မှာ ဆန့်မရ ၊ ကွေးမရ အလယ်မှာ တန့်ထားရသည်။ သွားမည့်ကားကလည်း ထွက်တော့မှာ ဖြစ်၍
"ဆောင်းလေး နင် ဒီကောင်ကို ဆေးခန်းပြဖို့ နေခဲ့တော့။ ငါပဲ လိုက်သွားတော့မယ်"
ဇေသုခ မှာပြီး အပြေး ကားပေါ်တက်သွားသည်။ ဒဏ်ရာက ကြီးတာလည်းမဟုတ်။ သေးတာလည်းမဟုတ်။ မကြီးမသေး ကျောက်ပတ်တီးလေးနှင့် ဖြစ်သည်။
ညာလက်ဖြစ်နေ၍ စားတာသောက်တာ သူများအကူအညီယူ၍ အဆင်ပြေသော်လည်း အဓိက ကိစ္စတွေမှာ တော်တော်ဒုက္ခရောက်နေသည်။
"ဘယ်လက်နဲ့ လုပ်ရတဲ့ ကိစ္စတွေကကွာ။
ပုရွတ်ဆိတ် အထီး၊ အမ ခွဲရတာထက်တောင် ခက်နေသေးတယ်"
စခရင်က မြင်နေရတဲ့သူဆီ လက်မြှောက်ပြရင်း ပြောတော့ ရယ်နေသည်။
"ကျိုးမှ ကျိုးတဲ့အရသာ ခံစားရတာ ညီရ။ အတွေ့အကြုံ ရတာပေါ့"
"ကျောက်ပတ်တီး ကိုင်ရတာပါကွာ ။ မကျိုးပါဘူး။ တစ်လလောက် နားပေးပါတဲ့"
"အင်း။ လက်သုံးရမယ့် ကိစ္စတွေ မလုပ်နဲ့နော်။ ဆေးလည်း သေချာသောက်။ သံပုရာသီး ဆုပ်နေ။ အကြောတွေက လေ့ကျင့်ခန်း လုပ်နေမှ"
ပိုင်ရှင်က အလုပ်သွားဖို့ နက်ကတိုင် စည်းရင်း တဖွဖွ မှာနေသည်။ ညီ ရေကို ဘယ်လက်နှင့် သောက်နေရင်း
"လွမ်းလိုက်တာ..."
အပေါ်က အနက်ကုပ်ကို ထပ်ရင်း အပြူးသား မျက်လုံးလှန်ကြည့်သည်။
"ညီ မင်း လက်ပဲထိတာရော ဟုတ်ရဲ့လား။ ခေါင်းလေးဘာလေး သွားပြကြည့်ပါဦး"
"အင်းလေ မကြာခင် ရူးတော့မှာ။ ခေါင်းထိလို့ မဟုတ်ဘူး။ လွမ်းလွန်းလို့"
"ကြက်သီးတွေထလိုက်တာ ညီရာ"
ပိုင်ရှင်က မျက်နှာကြီးရှုံ့မဲ့၍ ခေါင်းတွင်တွင်ခါရင်း ပြောသည်။ ဟုတ်တာလည်း ဟုတ်သည်။အချိန်ပြည့် အလုပ်အဆင်ပြေဖို့သာ တွေးနေရ၍ ဒီလိုစကားတွေတောင် ညီ မပြောဖြစ်ခဲ့တာ ကြာပြီ။
"ပိုင်ရှင် သိလား"
"မသိဘူးလေ"
"မေးမယ်လေ...။ အကောင်းဆုံး ဝိုင်ထုတ်တဲ့ နိုင်ငံက ဘာနိုင်ငံလဲ"
"ပြင်သစ် မလား။ သုခမြို့တော်မှာ ဖတ်ဖူးတယ်"
"အကောင်းဆုံးဘီယာထုတ်တဲ့ နိုင်ငံကရော"
"ဂျာမနီ ထင်တာပဲ။ ညီ မင်း အရက်ရောင်းမလို့လား။ ဘုရားမကြိုက်ပါဘူးကွာ။ မလုပ်ပါနဲ့"
"နေပါဦး မေးတာ ဖြေဦး။ ကမ္ဘာ့အနွေးထွေးဆုံး မြို့တော်ကိုရော သိလား"
"ဘယ်သိမလဲ။ အညာလား"
"ပိုင်ရှင့်ရင်ခွင်မြို့တော်လေ"
"သေချာတယ် မင်းခေါင်းထိ ထားတာ နေမှာ"
မနက်စာစားနေရင်း ကော်ဖီသောက်နေတဲ့သူကို ငေးကောင်း၍ ငေးနေလိုက်သည်။ အသက်ကြီး၍ ခန္ဓာကိုယ် ပိုထွားလာတာကလွဲ ပိုင်ရှင်ဟာ အရင်အတိုင်းပင်။ အရင်လို အဖြူအနက် တွဲဖက်ဝတ်နေဆဲ။
"အော် စကားပြောနေတာလား။ အကိုပိုင်ရှင်ရေ သူ့ကို စားဖို့သောက်ဖို့ ပြောပါဦး။ ဘာမှ သိပ်မစားဘူး"
ဆောင်းလေးလာ၍ ပိုင်ရှင့်ဆီ တိုင်တော့ ညီ့ကို ကြည့်၍
"ဟုတ်လား..."ဟု မေးနေသည်။ သွားဖို့ အိတ်တောင် လွယ်နေပြီဆိုတော့ မကြာခင် ဖုန်းချရတော့မည်ပင်။
"သတိရနေလို့ မစားနိုင် ၊ မသောက်နိုင် ဖြစ်နေတာ"
"ပိုပြန်ပြီ....။မင်းလက်ထဲမှာ ရေခွက်"ဟု ပြောပြီး
"သွားတော့မယ်" ဆက်ပြောကာ Call endedသွားခဲ့သည်။
__________________________________
အလုပ်များနေကျသူက အလုပ်မရှိတဲ့အခါ စက္ကန်တံတစ်ချက်ရွှေ့ဖို့ကိုပင် တော်တောကြာနေပြီ ထင်ရသည်။ အိမ်မှာကလည်း သားမိနှစ်ယောက်ထဲ ရှိ၍  ကြမ်းပြင်ကဖုန်မှုန့် ထိုင်ရေနေဖို့ပဲ အလုပ်က ရှိသည်။ မသွန်းဆီ သွားလည်တော့လည်း လင်မယားနှစ်ယောက်လုံး အလုပ်မအားကြ၍ မိုးမချုပ်ခင် ပြန်လာရသည်။
"ဟဲ့ ဘာစားပြီးပြီလဲ"
အချိန်မှန်လာတာဆိုလို့ ဒီဝက်မပဲ ရှိသည်။ သူလာတာလည်း အပျင်းပြေစရာ မကောင်း။
"နေ့တိုင် ဝယ်လာမနေနဲ့။ငါ့စားချင်တာ ကျွေးဖို့ မေမေတစ်ယောက်လုံးရှိတယ်"
"စေတနာနဲ့ကို မတန်ဘူး"
"ဇေသုခ ပြန်မလာသေးဘူးလား"
"မနက်ဖြန်ပြန်ရောက်မယ်တဲ့"
"အလုပ်မှာရော ဘာထူးသေးလဲ"
"ဒီလိုပါပဲ...။ projectအသစ်မှ မရှိသေးတာ။ ဟိုတရုတ်ကောင်ကိစ္စပဲ စိတ်ရှုပ်နေရတာ။ အခုတလော အတင်းကပ်နေတယ်"
"နင်လည်း ယူမှာဖြစ် ယူလိုက်တော့ဟာ"
"နင်ပဲ မယုံရဘူးဆို။ အခုတော့ သဘောတူနေပြီလား"
"မသိဘူးလေ။ သူမှ မယူရင် နင့်ကို ယူမယ့်သူမှ မရှိတော့တာ"
ဆောင်းလေးက ဝယ်လာတဲ့ ကြေးအိုးကို ပန်းကန်ထဲ ထည့်ပြီး ညီ့ရှေ့ တိုးပေးသည်။ဘယ်လက်နဲ့ စားရတာ အဆင်မပြေ။သူက ခွံ့ကျွေးမည်ဟန် ရှိနေ၍ လက်ကာပြလိုက်ရသည်။
"ငါက ငါချစ်တဲ့သူမှ မဟုတ်ရင် ဘယ်သူ့ကိုမှ မယူဘူး"
"နင်ချစ်တဲ့သူကရှိသေးတယ်ပေါ့။ ပြောစမ်းပါဦး ဘယ်သူလဲ"
ဘယ်လက်နဲ့ ခက်ခက်ခဲခဲစားရင်း မေးလိုက်သည်။ သိချင်၍တော့ မဟုတ်။ အလျဉ်းသင့်အောင် မေးလိုက်ခြင်း ဖြစ်သည်။
"နင်လေ နင်"
"ကန်တော့ဆွမ်းပါ"
ဆောင်းလေး မျက်စောင်းထိုးနေမလားတော့ မသိ။ အခုချိန် ညီ စိတ်အဝင်စားဆုံးက ကြေအိုးတစ်ဇွန်း ပါးစပ်ထဲ ဖြောင့်ဖြောင့်ဖြူးဖြူး ဝင်လာဖို့ပင်။
"သားရေ ဧည့်သည်ပါတယ်"
မေမေ့အသံ ခြံဝက ကြားလိုက်ရသည်။ မေမေ အိမ်ပေါ် ရောက်သည်နှင့် အနောက်က အထုတ်အပိုးနဲ့သူကိုပါ တွေ့လိုက်ရ၏။ ခရီးဝေးက လာခဲ့ရသူပင်။
"ပိုင် ရှင်"
"စားမဝင်ဘူးဆို"
ပိုင်ရှင်က ကြေအိုးပန်ကန်ကို လှမ်းကြည့်ရင်း မေးသည်။ မေမေက နောက်ဖေးခန်းထဲ ဝင်သွားခဲ့ပြီ။
"ဘယ်လိုရောက်လာတာလဲ"
"သတိရတယ်ဆိုလို့လေ"
"သတိတယ်ဆိုတိုင်း လေယာဉ်နှစ်ဆင့်နဲ့ အပြေးလာတယ်ပေါ့"
"မင်းက သတိပဲရတာ။ ငါက နေမရ ထိုင်မရ ဖြစ်လာလို့"
အရွယ်နှင့်မလိုက်အောင် ရင်ခုန်နေတဲ့ ကောင်လေးတစ်ယောက်အဖြစ် ညီ ထပ်မံမွေးဖွားခံ လိုက်သလိုပင်။ ညီ အပိုပြောတာ မဟုတ်။ ကမ္ဘာ့အနွေးထွေးဆုံး ရင်ခွင်ဟာ မေမေပြီးရင် ပိုင်ရှင်သာ ဖြစ်သည်။
"နှစ်ယောက် အေးအေးဆေးဆေး ပြောကြပါနော်။ သွားလိုက်ပါဦးမယ်"
ဆောင်းလေးနှုတ်ဆက်၍
"ဆောင်းလေးအတွက် လက်ဆောင်တောင် မပါဘူး"
"ရပါတယ်"ဟု ပြောကာ ဆောင်းလေး ထွက်သွားသည်။
"နောက်တစ်နှစ်ပြီးရင် အပြီးလာနေတော့မှာမလား"
"အင်း...။ အခုလောလောဆယ် အလုပ်မပြုတ်ရင် ကံကောင်း"
"ပြုတ်ရင်ပိုကောင်းတာပေါ့။ ပြန်မနေနဲ့တော့"
"စာချုပ်အရ ငါလျော်ရမှာနော်"
"အဲ့ဒါဆို မြန်မြန်ပြန်"
သူရိယနေမင်းက အနောက်တိမ်တောင်ကြားမှ လမင်းရောင်ဖျော့ဖျော့ကို ငေးမောကြည့်နေသည်။
ညနေဟာ နေရောင် လရောင်တို့ဖြင့် ပြည့်စုံနေတော့၏။
__________________________________________________________________________________________________________________
Unicode
လောကမှာ မရပ်မနား မမောမပန်း မပြောင်းမလဲ သမာသမတ်ကျစွာ နေ့စဉ်မှန်မှန် လှုပ်ရှားရုန်းကန်နေသည့်အရာကို ပြပါဆိုလျှင် အချိန်ဟူသော ယန္တရားကြီးကိုသာ ပြရမည် ဖြစ်သည်။ သူက မှန်မှန်လှုပ်ရှားနေသလောက် ဘဝတွေလည်း အဖြစ်ဖြစ် ပျက်သွားခဲ့ကြပြီ။
ညီတေဇ ဖေဖေတောင် ဒီဘဝကို နှုတ်ဆက်ခဲ့ပြီ။ အန်တီလည်း တရှောင်ရှောင် အရွယ် ရောက်လာခဲ့ပြီ ဖြစ်သည်။ ဦးနွေတောင် ဆံဖြူကို အမဲဖုံးနေရပြီ။
"အဲ့ဒီတော့ ဦးနွေက Edenကို မြန်မာနိုင်ငံ ခေါ်ပြီး လုပ်ငန်းတွေ လွှဲပေးမယ်ပေါ့"
"အင်း အဲ့ဒါ အစ်မအပေါ် တင်နေတဲ့ အကြွေးကို ဆပ်နိုင်သလောက် ဆပ်ခြင်းပဲလေ။ ပိုင်ရှင်မှ ဒါမျိုး စိတ်မဝင်စားတာ။ Edenဖေဖေကလည်း နောက်မိသားစုသစ် ရှိနေပြီ။ Edenကိုယ်တိုင်ကလည်း မြန်မာနိုင်ငံကို ချစ်တယ်လေ။ မြန်မာမလေးကိုလည်း သဘောကျနေတဲ့ပုံ"
"ဘယ်သူလဲ ။ ဆောင်းလေးကိုလား"
ဦးနွေက ပြုံး၍ ခေါင်းညိတ်ပြသည်။ ဇေသုခ တစ်ခုခုကို ပြောမည် ကြံပြီးမှ မပြောတာပဲ ကောင်းသည်ဟု တွေးမိလိုက်ကာ
"ဆောင်းလေးက အဲ့ဒီကလေးကို စိတ်ဝင်စားမှာ မဟုတ်ဘူး"
"ဒါကတော့ လူငယ်တွေ ကိစ္စပါ။"
"ပိုင်ရှင်လည်း ပြန်လာတော့မယ်ဆို"
"အင်း...."
ဦးနွေ သက်ပြင်းချ၍ ကော်ဖီကို တစ်ငုံသောက်သည်။
"ညီတေဇနဲ့ပိုင်ရှင် ဘယ်လို ဆက်နေကြမယ် ထင်လဲ"
"ဒါလည်း သူတို့သဘောပေါ့ ကလေးရာ။ "
"အဆင်ပြေရဲ့လား"
ဇေသုခ မရဲတရဲ မေးကြည့်မိသည်။ အမှန်ဆို အချစ်ဆိုသောအရာကို ဇေသုခတောင် သိပ်အလေးထားနေတာမဟုတ်။ ဦးနွေ အဆင်ပြေရင် ကျေနပ်နှစ်သိမ့်မိသလို ဦးနွေ စိတ်မချမ်းသာမှာကို မလိုလားတာလောက်သာ ရှိတော့သည်။ ဘဝဟာ နေတတ်ရင် ကျေနပ်စရာ အတိအပနှင့် ပြည့်နှက်နေသည်ပဲလေ။
အခုလည်း ဦးနွေက ရယ်သည်။
"ဦးနွေက အဘိုးကြီး ဖြစ်နေပါပြီ ။ ဒီခံစားချက်တွေက မလိုတော့ပါဘူးကွာ။ ပိုင်ရှင် အဆင်ပြေရင် ပြီးရော...။ဟုတ်တယ်မလား ကလေး"
ဇေသုခဘက် ခေါင်းဆက်ကာ စကားကူ ခေါ်နေ၍
"ကျွန်တော်လား...."
ဇေသုခလည်း မိမိကိုယ်ကို လက်ညှိုးညွှန်ရင်း မေးတော့ ခေါင်းအသာ ညိတ်သည်။
"ကျွန်တော့်အတွက် ဆိုရင်တော့ ဦးနွေစိတ်ချမ်းသာဖို့က အရေးကြီးတာပေါ့"
"အဲ့ဒါနဲ့ ကလေးရော ဒီလိုပဲ တစ်ကိုယ်တည်းလူပျိုကြီး အဖြစ်နဲ့ပဲ အရိုးထုတ်တော့မှာလား"
"မပြောတတ်ဘူး။ မြှားနတ်မောင်က လမ်းပျောက်နေတာလား။ လမ်းဖောက်နေတာလား။ အခုထိ မသေချာဘူးလေ"
"ဦးနွေကတော့ ကလေးကို မိသားစုလေး တစ်ခုနဲ့ ပျော်ပျော်ရွှင်ရွှင်လေး ဖြစ်စေချင်တယ်။ "
"ဦးနွေ အတိတ်ဘဝ ကံအကျိုးပေးဆိုတာကို ယုံလား"
"အင်း ယုံတယ်။"
"ကျွန်တော်လည်း ယုံတယ်။ ဒါတွေအတွက် ကျွန်တော် တွေးပူမနေဘူး။ ကံအကျိုးပေးပေါ့။ ပေးလာသမျှကံ ဒဏ်ခံနိုင်ဖို့နဲ့ လက်ရှိမှာ အဆင်ပြေဖို့ပဲ ပြင်ဆင်ထားတယ်"
"မျက်စိရှေ့တင် ကလေးနဲ့ဦးနွေ စတွေ့တုန်းက ဦးနွေအရွယ်ဆီ ကလေးက ရောက်လာခဲ့ပြီနော်"
ဇေသုခ ပြုံးမိသည်။ ကိုးတန်းကျ၍ အရိုက်ခံရတဲ့နေ့ကို ပြန်တွေးမိသွားသည်။ အဲ့ဒီအချိန်က ဦးနွေရဲ့အပြုံးကို မက်မောမိသလိုမျိုး အခုထိလည်း နှစ်ခြိုက်နေမိဆဲ ဖြစ်တဲ့ မိမိကိုယ်ကို အစွဲအလန်း ကြီးသူအဖြစ် သတ်မှတ်လိုက်သည်။
"ဒီစကား ပြောလို့ရလား။ ဒီနေ့မှ ပြောချင်နေတယ်"
"ဘာစကားမို့ ပလ္လင်တွေခံနေတာလဲ။ မပြောနဲ့ဆို မပြောပဲ နေမှာလား။ ဟမ်....."
"အင်း...."
"အမလေးဗျာ ပြောပါ၊ ပြောပါ"
ဦးနွေက မနိုင်ဟန် အသာပြုံး ပြော၍ ကော်ဖီဆက်သောက်နေသည်။
ဆိုင်ရဲ့ အပြင်ဘက်ကို ငေးကြည့်လိုက်သည်။
မိုးဖွဲဖွဲကျ၍ ချစ်သူအတွဲတစ်တွဲက ခေါင်းကို လက်နှင့်အုပ်မိုး၍ ပြေးနေကြသည်။
ကောင်မလေးတစ်ယောက် ပြေးနေရာက ခဏရပ်သွား၍ ဖိနပ်ကို ငုံ့ကြည့်သည်။ ပြီးမှ ခြေကိုစောင့်ကာ ဆက်ပြေးသွားပြန်သည်။ ဖိနပ်မှ ပြတ်ထွက်သွားသည့် ကြိုးတစ်ကြိုးက တန်းလန်း ပါသွား၏။
အတွဲတစ်တွဲက ထီးနှစ်ချောင်းကိုင်၍ မိုးရေထဲ အေးအေးဆေးဆေး လမ်းလျှောက်နေကြသည်။ ပျော်နေကြသည့်ပုံ။ သူနဲ့သာဆိုရင် မိုးရေထဲလည်း လျှောက်ရဲနေကြသည်က အိမ်ရောက်ရင် ဖျားနာလို့ မိဘတွေက စိတ်ပူရဦးမည့် အကွက်တွေ။
အတွဲတွေ များလှချေလားဟု တွေးမိပြီးမှ လှည်းတန်းရောက်နေတာပဲဟု ဖြေလိုက်သည်။
စကားတစ်ခွန်းပြောဖို့ ဇေသုခ ဒီလောက် အရှိန်ယူနေသည်ကို ဦးနွေက ဘာမှမပြောဘဲ ထိုင်စောင့်နေသည်။အပြင်ငေးနေရင်ပင် ဇေသုခ ပြောလိုက်သည်မှာ အပျော်သဘောဆောင် အသံရောနေခဲ့သည်။ ရောနေအောင်လည်း ကြိုးစားယူရတာမျိုးပေါ့။
"အော် ဦးနွေဘဝမှာ တတိယအကြိမ်မြောက် ချစ်မိဦးမယ်ဆို အဲ့ဒီချစ်မိတဲ့သူက ကျွန်တော်ဖြစ်မှာ သေချာတယ်လို့။ ဟုတ်တယ်မလား"
"အဘိုးကြီးပါဗျာ ။ ဘုရားသွား ကျောင်းတက်ဖို့ပဲ တွေးပါရစေတော့"
ဦးနွေက ရယ်ရင်း ပြောသည်။ဇေသုခရင်ထဲတော့ ဦးနွေဟာ ဘုန်းပိုင်ရှင်ကလွဲ မည်သူကိုမျှ ထပ်မချစ်ခဲ့တာ သေချာသွားခဲ့သည်။ အမှန်တော့ ဒါတွေဟာ ဒီလောက်ထိ အရေးမပါတော့ဘူးလေ။
ဦးနွေကို ခပ်တွေတွေ ငေးစိုက်ကြည့်လိုက်သည်။ ဒါလည်း ခတ္တ၊ ခဏစာ တစ်စက္ကန့်ရဲ့ သုံးပုံပုံတစ်ပုံမျှသာ။
အမှားကြာ အမှန်ဖြစ်ဆိုသလို ဟန်ဆောင်တာကြာတော့ ဇေသုခအတွက် ပြုံးပြရင်း မြိုသိပ်သွားတတ်မှုတွေဟာ ဟန်ဆောင်နေရသည်ဟုပင် မခံစားရတော့။
_______________________________________________________________
"မင်းကြည့်ရတာလည်းကွာ။ ကမ္ဘာ့ကုလသမ္မဂ နဲ့ အမေရိကန်သမ္မတ နှစ်ယောက်ပေါင်းအလုပ်တွေ တစ်ယောက်တည်း လုပ်နေရသလား မှတ်ရတယ်။ တစ်နေ့တစ်နေ့ ဟိုပြေးဒီပြေးနဲ့ မျောက်မြီးဖမ်းမမိ ဖြစ်နေပြီ"
ဇေသုခ စောစောစီးစီ အိမ်ထိလာပြီး ညူညူစူစူ ပြောနေသည်။ သူပြောတာ မှားသလား ဆိုတော့ မမှား။ မှန်သလား ဆိုတော့လည်း မမှန်။ ဟုတ်တယ်လေ ညီက မျောက်မှမဟုတ်ဘဲ။ အမြီးဘယ်စမ်းလို့ ရမလဲ။
"နည်းသေးတယ် ငါ့ကောင်။ မြောက်ကိုရီးယားသမ္မတ စစ်ရေးပြဖို့ လက်နက်သစ် တီထွင်ရေးတွေပါ လုပ်ပေးနေရတာ"
"မင်းကလေ သောက်ပိုစကားဆို နွားနို့ နို့ဆီခက် ပြောလိုက်ရမှနော်"
"မင်းကရော ဘာလို့ အပိုတွေ လာမေးနေလဲ"
ပြောရင်း ညီက ဒီနေ့ သတင်းစာ ကောက်ဖတ်နေသည်။ အန်တီ အိမ်မှာမရှိ၍ ဇေသုခကို ဧည့်ခံစရာ ရေပဲရှိမှာကို သိနေသည်။ ဒါလည်း "ရေလေးဘာလေး သောက်ဦး" ဆိုပြီး ခပ်တိုက်နေမှာ မဟုတ်။ကိုယ်ဆာရင် ကိုယ်တိုင်ယူသောက် ရမှာပင်။
"အခုတလော သတင်းတွေမှာ ရေဘေး၊လေဘေးနဲ့ AA၊TNLA၊MNDAAသောင်းကျန်းသူတွေရဲ့ အကြောင်းချည်းပဲ။  ရန်ကုန်မှာနေပြီး ငါတို့တွေ ကားလမ်းပိတ်တာတောင် စိတ်မရှည်ဖြစ်နေကြတဲ့ အချိန်မှာ တစ်ချို့တွေက သွားဖို့လာဖို့ လမ်းတောင် အဆင်မပြေကြဘူး"
"မင်းရော လာရှိုးဘက် သွားမလို့ဆို"
"အေး.....။ငါက သွားချင်တယ်။ ခက်တာက ငါနဲ့အတူ လိုက်မယ့်သူ မရှိဘူး ဖြစ်နေတယ်။ အဖွဲ့ကလည်း လူငယ်တွေပဲ ရှိတာဆိုတော့ အိမ်က မထည့်ကြဘူး ဖြစ်နေတယ်"
"ဘယ်ထည့်မလဲကွ။ ဟိုတစ်နေ့ကပဲ ပရဟိတလူမှုရေးအသင်း ကြက်ခြေနီကားကို ဗုံးခွဲတာ တစ်ယောက် သေသွားတာ။ သတင်းက ဆီပူထဲ ပဲနှစ် လုံးလေးတွေ ပစ်ထည့်လိုက်တဲ့ ဘရာကြော်လုံးလေးတွေလို ပလုံစီ တက်လာတဲ့ ကိစ္စ။ ဘယ်မိဘက စိတ်ချမလဲ"
ညီ့ ခံယူချက်က တစ်မျိုး ဖြစ်နေ၍ ခေါင်းခါရမ်းကာ သတင်းစာကို ချလိုက်သည်။စီးကရက် တစ်လိပ်ယူ၍ အရသာခံ ရှိုက်ဖွာလိုက်ကာ
"ငါပြောချင်တာလည်း အဲ့ဒါ။သူများကောင်းကျိုး လုပ်နေတဲ့ ပရဟိတလူငယ်လည်း သေကံပါရင် သေရမှာပဲ။
ရန်ကုန်မှာနေရင်း ဆင်တုပ်ကွေး၊H1N1နဲ့လည်း ကံပါရင် သေရမှာပဲ။ လူဆိုတာ သေတစ်နေ့ ၊မွေးတစ်နေ့ပဲကွာ။ အဓိက က ကံပဲ။"
"ဟ အဲ့ဒါက မင်းအမြင်လေ။ အန်တီ့သွားမေးလည်း အန်တီက လွှတ်ချင်မှာ မဟုတ်ဘူး။ မိဘတွေအတွက်တော့ ကိုယ့်သားသမီးထက် ဘာ ကံ ၊ ဘာ ဉာဏ် ကိုမှ တွေးနေမှာ မဟုတ်ဘူး။ သူတို့ တတ်နိုင်သမျှ ကာကွယ်ပေးနေမှာပဲ"
"အခု ငါသွားမယ့် ကိစ္စကလည်း သားသမီးတွေကို ကာကွယ်ချင်ပေမယ့် မတတ်နိုင်တဲ့ မိဘတွေကို ကူညီဖို့လေ"
ဇေသုခ လက်ကာပြ၍ ခေါင်းညိတ်သည်။
"ဟုတ်ပြီ။ ဒီကိစ္စနဲ့ မင်းကို အာခေါင်ခြောက်ခံ မငြင်းတော့ဘူး။ မင်းသွားမယ်ဆို ငါလည်းလိုက်ဖို့ ပြင်ဆင်ထားပြီးသား။ ပိုင်ရှင် အပြီး ပြန်လာတော့မယ်ဆို ဟုတ်လား"
"ဟုတ်တယ်။ ငါအလုပ်ရှုပ်နေတာ အဲ့ဒီကိစ္စလည်းပါတယ်။ ပိုင်ရှင်က Autismကလေးတွေကို စာသင်ပေးချင်တာတဲ့။ အဲ့ဒါ အလုံဘက်က ကျောင်းတစ်ကျောင်းနဲ့ သွားချိတ်နေတာ။သူတို့က အတန်းပညာဆရာထက် လက်မှုပညာဆရာကို လိုချင်နေတာကွ။ ဒါပေမယ့်လည်း
You are reading the story above: TeenFic.Net