အခန်း(၃၄)
Background color
Font
Font size
Line height
Zawgyi
တီဗီကြည့်နေတဲ့ Edenက
"  Eden...."
"ဟုတ်"
"မင်းမအိပ်သေးဘူးလား"
" ဟုတ်"
"Good Luck brother"
________________________
" ပိုင်ရှင်"
" ဆောင်းလေး အဆင်ပြေလား"
"ဘာက ဟုတ်တာလဲ"
"ကားပါလား ညီတေဇ"
"ဦးနွေ ပို့ပေးမယ်လေ"
"ကောင်းတာပေါ့ ဦးနွေရာ"
ဦးနွေ စကားကို ခေါင်းညိတ်ပြရင်း ပိုင်ရှင့်ကို ဘယ်လိုချော့ရမလဲ တွေးနေမိသည်။
"အဲ့ဒီကောင်လေးက သူ ဝမ်းနည်းနေတာတွေ ထုတ်ပြောတတ်တာ မဟုတ်ဘူး။ "
"ပိုင်ရှင်ခံစားနေမယ်ဆိုတာကို ကျွန်တော်သိပါတယ်။ ကျွန်တော်ကိုက မှားတာပါ။ ပိုင်ရှင် ရောက်လာလိမ့်မယ်ကို မထင်ထားတာ။"
"ဒီလို အချိန်မျိုးမှာ သူ့ကို နားလည်ပေးဖို့ပဲ တွေးပေးလိုက်ပါ။ နှစ်သိမ့်တာမျိုးကို မလိုချင်တဲ့ ကောင်လေးဆိုတော့ အလိုက်အထိုက် အနားမှာ နေပေးလိုက်တာ ကောင်းမယ်။ ဦးနွေက အကြံပေးတာပါ"
"ကျွန်တော် မနက်ဖြန် လာခဲ့မယ် ဦးနွေ။ အခုစိတ်နဲ့တော့ သူလည်းမဆင်မပြေသေးဘူး"
"ဟုတ်ပါပြီ။ "
ဦးနွေက စိတ်ချသွားသယောင် ကားကိုပဲ ဆက်မောင်းနေသည်။ ဘာစကားမှ မစတော့။ ညီလည်း စိတ်ရှုပ်ရှုပ်နဲ့ ဘာတွေပြောလာမိသည်ကို အသေအချာ တွေးယူကာ ဘယ်နည်းနဲ့ ငြိမ်းချမ်းရေးယူရမလဲ ဗျူဟာဆွဲနေမိသည်။
_________________________________
ပြဿနာတစ်ခု ဖြစ်လျှင် ခေါင်းအေးအေးထားပြီး စဉ်းစားဆိုသော ရှေးထုံးကို မပယ်ဖို့ ညီ ကြိုးစားနေသည်။
ပထမဆုံး မနက်စောစော ခေါင်းလျှော်လိုက်သည်။ ဘာအကြံမှ ထွက်မလာသေး။
အဲကွန်းခန်းထဲ ပန်ကာဖွင့်၍ ခေါင်းအေးခံသေးသည်။ လေသာဖြတ်မည် ဘာဥာဏ်မှ မကွန့်မြူးလာ။
ရေခဲသေတ္တာထဲ ခေါင်းထည့်ထားရင် ပိုအေးမလားဟု တွေးမိသေးသည်။ အသက်သုံးဆယ်နီးမှ မကြီးမငယ် သူငယ်ပြန်နေသည် ပြောကြမည်စိုး၍ မလုပ်ဖြစ်။
အလုပ်ရောက်တော့လည်း အဲကွန်းတည့်တည့်ထိုင်နေ၍ စက္ကထရီမလေးက "ဆရာအအေးမိမယ်" ဟု သတိပေးရသည်။
ခရုမှာလည်းအစံနှင့် လူမှာလည်းအကြံနှင့် ဆိုသည့် ဆိုရိုးစကားဟာ ဒီနေ့မှာ ညီ့အတွက် ပြောင်းပြန်ဖြစ်နေသည်။ ညီ့ ခေါင်းထဲတွင် အစံသာရှိနေသည်။ ဘာအကြံမှ ထွက်မလာ။ ခရုများ အကြံတွေ လာခိုးယူသွားသလားဟု အနားတဝိုက်တွင် ခရုကို လိုက်ရှာမိသေးသည်။ မတွေ့။ ဒါဆို အကြံတွေ ဘယ်ရောက်သွားသနည်း။
ညနေစောင်းမှ ပိုင်ရှင့်ဆီ သွားဖြစ်သည်။ ဦးနွေရော Edenရော မရှိကြ။ ညီ လှမ်းအော်ခေါ်တော့ တံခါးလာဖွင့်ပေးသူက ပိုင်ရှင် ဖြစ်နေသည်။ မျက်နှာက မနေ့ကလောက် အရှိန်တက်မနေတော့တာ ညီ့အတွက် ကံကောင်းခြင်း တစ်ဝက်ဆောင်သွားပေပြီ။ အရင်လို ညီဆိုပြီး ရှိသမျှသွား အကုန်ဖြဲပြသည့် အခြေအနေရောက်အောင်တော့ ကြိုးစားရဦးမည်လေ။
"ပိုင်ရှင် ပင်နီဆလင်ကို ဘယ်သူတီထွင်ခဲ့တာလဲ မင်းသိလား"
စာကြည့်ခုံမှာ ကော်ဖီတစ်ခွက်နှင့် စာအုပ်ဖတ်နေသူကို လှမ်းမေးတော့ ခေါင်းထောင်ကြည့်ကာ
"Alexander Flemingလေ"
လိုရင်းကို တိုတိုရှင်းရှင်းပဲ ပြန်ဖြေသည်။
"အခု သူရှိသေးလား"
အဖြေပြန်မရတော့ ညီကပဲ ဆက်ပြောရသည်။
"သူရှိရင်ကောင်းမှာ သိလား။ စိတ်ကောက်ပြေဆေးလေး ဘာလေး ထွင်ပေးခိုင်းမလို့"
ညီ စာကြည့်ခုံနား သွား၍ စာအုပ်ပါးပါးတစ်အုပ်ယူကာ လက်ညှိုးနှင့် လှည့်ရင်း ပြောနေသည်ကို ပိုင်ရှင်က အတင်းပြန်လုသည်။ လုနေရင်း" ဘာများပြောမလို့လဲလို့"ဟု သူကြားရုံ တိုးတိုးရေးရွတ်နေပြန်သည်။
"စိတ်ကောက်တဲ့ကိစ္စကလည်း အိပ်မှပျောက်မယ်ဆိုပြီး ဒိုင်ရာစီဗင်တိုက် မနက်နိုးတော့ပျောက်သွားတာမျိုး မဟုတ်တော့ ခက်တယ်"
ပိုင်ရှင့်ဆီက အကြည့်လေးတောင် တုံ့ပြန်မှုမရ။
"ပိုင်ရှင်ရေ ပိုင်ရှင်ရေ ပိုင်ရှင်ရေလို့"
ပခုံးကို လှုပ်ကိုင်ရင်း အခါခါခေါ်တော့မှ ပြုံးရောင်သမ်းလာသည်။ ပိုင်ရှင်ဟာ ညီ့ကို စိတ်ဆိုးတတ်သူ တစ်ယောက် မဟုတ်ခဲ့ပဲလေ။
"ဘာလဲ ညီရာ"
"ရေဆာလို့"
"သောက်လေ"
"ဧည့်သည်ကို အိမ်ရှင်က ခပ်တိုက်လေ"
"မင်းကဧည့်သည်လား"
"မဟုတ်ဘူးလား။ အော် ငါက မင်းချစ်ချစ်လေးပဲဟာ။ ဟုတ်တယ်မလား"
"ခြေလက်အစုံပါတဲ့ လူလို့ ထင်တာပဲ။ အစုံပါတယ်မလား"
"မင်း မကန်းသေးဘူးမလား"ဟု ပြော၍ လက်နှစ်ဖက် ရှေ့ထိုးပြကာ ဧည့်ခန်းက ခုံပေါ် သွားထိုင်နေလိုက်သည်။ ပိုင်ရှင်က အသာတကြည် လိုက်လာပြီး ဆံပင်တွေကို အသာဖွကာ ငုံ့နမ်းပြီးမှ ဘေးမှာဝင်ထိုင်သည်။
"ညီ"
ညီ ပိုင်ရှင်နား တိုးကပ်၍ ရင်ခွင်ထဲ တိုးဝင်လိုက်မိသည်။ နွေးနွေးလေးထွေးထားတဲ့ ရင်ခွင်ကျယ်ဆီရောက်မှ ညီက စိတ်အေးချမ်းမှုကို ရလိုက်သလို။
"ငါ ရှင်းပြချင်တယ် ပိုင်ရှင်"
"အင်း မလိုပါဘူး ညီရာ။ မနေ့က ငါ့စိတ်အခြေအနေအရ ဖြစ်သွားတဲ့ကိစ္စ။ "
"မဟုတ်ဘူး ငါရှင်းပြသင့်တယ်။ အက်ကြောင်းထပ်နေပြီ ဆိုပေမယ့် ဆောင်းလေးက တစ်ကယ့်ညီမလေးလိုပါပဲကွာ။သူကို ကျေးဇူးရှင်လို သဘောထားတယ်။သူ့ဆီက အကူအညီတွေ အများကြီး ယူခဲ့ပေမယ့် ငါတတ်နိုင်တာကျ သူ့ကို စိတ်ချမ်းသာအောင် လုပ်ပေးနိုင်တာပဲ ရှိတာလေကွာ။
မင်းဆီလည်း ညကျမှ လာလို့ရတာပဲဆိုပြီး တွေးလိုက်တာ။ငါ့မှာ မင်းကလွဲရင် မင်းပဲရှိတာ။ဘယ်သူ့ကိုမှ ကိုယ်ရောစိတ်နဲ့ပါ မပစ်မှားဘူး။ ပြီးတော့ ချစ်တယ်လေ နော်"
"ပြောလို့ပြီးပြီလား။ တစ်ခွန်းကျန်သေးတယ် မဟုတ်ဘူးလား"
"ဘာလဲ ငါ့ကိုရောချစ်တယ်မလားလို့ မေးရမှာလား"
"တတ်တယ်...။ မင်းစိတ်ခုသွားမှာ စိုးလို့ပါကွာ။ ဆိုတာလေး မပါတော့ဘူးလား"
"မပါတော့ဘူး။ ဗိုက်မနာသေးလို့"
"ထွီ...."
စိတ်ကောက်တာဟာ အကြိတ်ပေါက်တာလောက် ပျောက်ဖို့မခက်ပါဘူးလေ။
သူက ဘုန်းပိုင်ရှင် ဖြစ်ပြီး ကိုယ်က ညီတေဇ ဖြစ်နေသ၍
မီးနဲ့ဖယောင်း၊ လေနဲ့သစ်ရွက်၊ ရေလှိုင်းနဲ့ကျောက်ဆောင်လို
ကိုယ်ချော့လို့ သူပျော့ရပြီး ကိုယ်ခြွေလို့သူကြွေ၊ ကိုယ် နဲ့လို့ သူရွေ့ရမည် မလား။
ညီ ပိုင်ရှင့် မေးခွက်လေးကို ဖိကပ် နမ်းရှိုက်လိုက်ပြီးမှ
"ငါ မင်းအတွက် မွေးနေ့လက်ဆောင် ပြင်ထားတာ ရှိတယ်"
"အင်း....."
"ဇေသုခကို ယူခိုင်းထားတယ်။ ခဏစောင့်"
"ဘာမို့လို့လဲ ညီရ"
"လာရင် သိမှာပေါ့။ "
နှစ်ယောက်သား ဝရံတာဘက် ထွက်လာမိသည်။ ဆန်းသစ်လကလေးက ကွေးနေအာင် လှနေတော့သည်။ ကြယ်တစ်စု နှစ်စု ပြောက်ကျားတွေ့နေရ၏။ ညီကိုယ်လေးကို ပိုင်ရှင်က ရင်ခွင်ထဲ ထွေးထားသည်။ စကားလုံးတွေ အရံကူစရာမလိုဘဲ ဒီလိုအချိန်လေးကို ညီတို့ နှစ်ယောက်လုံး မြတ်နိုးကြသည်။
"ပိုင်ရှင် ငါ့ကို  ချစ်မိနေတယ်ဆိုတာကို ဘယ်အချိန်လောက်က သတိထားမိသွားတာလဲ"
ပိုင်ရှင့် ရယ်သံ ထွက်လာသည်။ ဒီမေးခွန်းက ညီ မထင်ရင် မထင်သလို ထမေးတတ်တဲ့ မေးခွန်း။ ပိုင်ရှင်ကလည်း အမြဲတစ်ခွန်းသာ ဖြေတတ်သည်။
"မသိဘူး"ဆိုသော တစ်ခွန်းသာ။
"အင်း....။ Valendiedayကလောက်က ထင်တာပဲ။ ငါ့သူငယ်ချင်းအတွက် ချောကလက်ခြင်းလုပ်ပေးဖို့ ဝယ်ရင်း မင်းအတွက်ပါ ဝယ်ခဲ့မိတာ။ အဲ့ဒီအချိန်ကတည်းက ထင်တယ်"
ညီ အံ့ဩသွား၏။ မဖြေစဖူး ဖြေနေပါလား။
"ပိုပြန်ပြီနော် ဘရာသာ။အဲ့ဒီချောကလက်ခြင်း ငါ့အစ်မကို ပေးခဲ့ပြီးတော့"
"မသိဘူး။ရှက်နေလို့ ဖြစ်မယ်။ဝယ်တုန်းက မင်းကို တွေးပြီး ဝယ်လာတာပဲ။ သွန်းကိုပေးရင် မင်းလည်းစားရမှာ သိနေတာနဲ့။ အဲ့ဒီတုန်းက မင်းကို စားစေချင်စိတ်ပဲ ရှိတာ"
"အဲ့ဒီကတည်းက ဖွင့်ပြောလိုက်တာ မဟုတ်ဘူး"
"ငါသေချာချင်တယ်လေ"
"အခုရော ဘယ်လောက် သေချာသွားပြီလဲ"
"မိုးလင်းတာနဲ့ ညီလို့ တွေးမိပြီး ရေသောက် ခလုတ်တိုက်တာကအစ ညီလို့ တမိတဲ့အထိ"
"သောက်ပို"
"အေးလေ ။ဘာလို့ အပိုတွေ လာမေးနေလဲ။ ကလေးကလား"
"မင်းကလေ အကောင်းကို ပြောလို့မရတာ"
အိမ်ရှေ့မှ ကားဟွန်းတီးသံကြား၍ ခြံတံခါး သွားဖွင့်ပေးတော့ ကားပေါ်မှ ဇေသုခနဲ့Edenဆင်းလာသည်။
"ဇေသုခ မင်းကို ဂီတာယူခိုင်းတာပါနော်။ တောရိုင်းဆင်အယဉ်သွင်းပြီး မြို့ထဲခေါ်ခိုင်းလိုက်မိတယ်ထင်လို့"
"မင်းအဘ ပွိုင့်မိနေတဲ့ ကားတန်းကြီးက စိတ်ပေါက်မှလိပ်လောက်လေး ရွေ့နေတာ"
"ဟုတ်တယ်။ခြေထောက်နဲ့လျှောက်ရင်တောင် အိမ်နဲ့ အသွားအပြန် အခါတစ်ဆယ်လောက် လုပ်လိုရနေပြီ"
Edenက ဇေသုခ အပြောကို ဝင်ထောက်ခံသည်ကို ဇေသုခက မဲ့ရွဲ့ကြည့်ကာ
"မင်းလည်း ညီတေဇနဲ့ အနေနီးလို့ အပြောကြီးလာပြီ"ဟု လှည့်ပြောသည်။
"အပြောက ဘယ်လိုကြီးတာလဲ။ အပြောဆိုတာ စကားကို ပြောတာမလား"
"အေး အပြောက မနောနဲ့ ညီအစ်ကိုလေ ။ သူက အကြီး။ လခွမ်း...."
Eden မျက်လုံးတစ်ဖက် မှိတ်ပြကာ ပခုံးလေး ပွတ်၍ အိမ်ထဲ တန်းခနဲ ပြေးဝင်သွား၏။ အကြောင်းကား အိမ်ဝမှာ ပိုင်ရှင် ရပ်နေခဲ့သည်လေ။
"ဇေသုခ ဦးနွေရော"
"အလုပ်ရှိလို့တဲ့ ။ ငါလည်း ပြန်ရဦးမှာ။ သွားဦးမယ်"
___________________________
ဂီတာကြိုးညှိနေတဲ့ ညီ့ကို ပိုင်ရှင်က ကုတင်ပေါ်မှ စာအုပ်လက်ကမချဘဲ ခေါင်းအုံးပိုက်၍ ကြည့်နေသည်။
"ဂီတာ ဘယ်တုန်းက တီးတတ်သွားတာလဲ ညီ"
"မကြာသေးဘူး။"
ညီ့မှာ ပိုင်ရှင့်ကို အပြည့်အဝ အာရုံမစိုက်နိုင်။ တစ်ပုဒ်ထဲသာ ကျင့်ထားသည်က မေ့ပျောက်သွားမှာ စိုးနေရသေးသည်။ ကြိုးညှိ၍ တီးလိုက်သည်နှင့် မညီမညာ သံဇဉ်က အခန်းငယ်ထဲ ပျံ့လွင့်သွားသည်။
"လေပြေညင်းတွေ တိုက်ခက်မှ သာယာပါတယ် ချစ်သူအပြုံး..............................................................................................................................
တစ်ယောက်တည်းသာ မင်းတစ်ယောက်တည်းကို ချစ်တာ"
ကောရပ်ပိုဒ် ဟာမိုနီလိုက်ပေးနေသူက သီချင်းလည်းဆုံးရော ထရယ်ကာ
"ဘာလဲ မွေးနေ့လက်ဆောင်က ဒါလား။ အစာလိုက်နေတဲ့ ခွေးအတွေ အူသံကမှ နားဝင်ချိုသေးတယ်"
"ဘာလဲ မကြိုက်ဘူးလား"
"ကြိုက်ပေးလိုက်ပါ့မယ်"
ညီ ကုတင်ပေါ်တက်၍ ပိုင်ရှင့်ဘေး ဝင်တိုးအိပ်လိုက်တော့
"ပြောရဦးမယ် ညီရ။ နောက်productအသစ်အတွက် ဒီကုမ္ပဏီနဲ့ပဲ နောက်ထပ်ငါးနှစ် စာချုပ်ထပ်ချုပ်လိုက်ပြီနော် ။
ဒီ ငါးနှစ်ပြီးရင်တော့ ဒီကိုပြန်လာပြီး အေးအေးချမ်းချမ်း မင်းလုပ်စာပဲ ထိုင်စားတော့မယ်"
"လုပ်ကျွေးချင်လို့ပါ။ မြန်မြန်သာ လာနေပါ"
လှပတဲ့ညဟာ အေးချမ်းမှုနဲ့ တိတ်ဆိတ်မှု ကြီးစိုးသွားပြန်သည်။ အခန်းမီလေး ပိတ်ပြီးတဲ့နောက် အမှောင်ထုက လွှမ်းခြုံသွားသည်။
"ဂွတ်နိုက် ညီ...." မှိတ်ချထားတဲ့ မျက်ခွံလေးတွေကို ထိတွေ့လာသော ထွေးထွေးအိအိလေး။ ဆံသားလေးတွေကို တရှိုက် ထပ်မံနမ်းယူ ခံလိုက်ရပြန်သည်။ ပြီးနောက် ကိုယ်တစ်ခုလုံး နွေးထွေးသော နေရာတစ်ခုဆီမှာ ခိုလှုံဝင်သွားခဲ့သည်။ ပိုင်ရှင်ဟာ ညီ့ကို သည်အချိန်ထိ သည်မျှ တန်ဖိုးထား မြတ်နိုးယုယဆဲပင်။
__________________________________________________________________________________________________________________
#############################
Unicode
ညီ့ကို တံခါးလာဖွင့်ပေးရင်း ဦးနွေက လက်ညှိုးကွေး၍ အိမ်ထဲကို မျက်စပစ်ပြသည်။ ညီဧည့်ခန်းရောက်တော့ ဦးနွေ အိပ်ခန်းထဲ တန်းဝင်သွားသည်။ စကေးရှောင်တဲ့သဘော။
တီဗီကြည့်နေတဲ့ Edenက
"ဘရာသာ ဘာလို့ အခုမှ လာတာလဲ။ ဘရာသာကြီး ကော်ဖီသောက်နေတာ လေးခွက်ရှိနေပြီ။ အဲ့ဒီစာမျက်နှာကြီးလည်း ဘရာသာကြီး မျက်လုံးထဲ ဝင်တော့မယ်။ ပြန်လာကတည်းက ထိုင်ဖတ်နေတာ"
ညီက ပြုံးရုံသာ ပြုံးပြလိုက်သည်။ မချိပြုံးဆိုသော အပြုံးမျိုး။
"  Eden...."
"ဟုတ်"
"မင်းမအိပ်သေးဘူးလား"
" ဟုတ်"
"ဘာဟုတ်လဲ။ သွားအိပ်တော့ ဘယ်အချိန်ရှိပြီလဲ"
ပိုင်ရှင်က တစ်ချက်လှည့်မကြည့်ဘဲ Eden ကို အေးစက်စက် လှမ်းပြောသည်။  Edenက ညီ့ကို လည်ပင်းကိုလက်ဝါးစောင်းဖြင့် ဖြတ်သည့်ပုံစံ လုပ်ပြကာ မျက်နှာအမူအရာပါ မဲ့ရွဲ့လိုက်သေးသည်။ ပြီးမှ ညီ့ဆီ လက်ညှိုးတစ်ချက်ထိုးပြသည်။ နား အနားကပ်၍ ပြောသွားသေးသည်က
"Good Luck brother"
________________________
" ပိုင်ရှင်"
ဧည့်ဆိုဖာမှာ ထိုင်နေတဲ့ညီ့ကို ပိုင်ရှင်ဟာ လှည့်ကြည့်ဖို့စိတ်ကူး ရှိပုံမရ ။ Edenပြောသလို စာမျက်နှာကို ပေါက်ထွက်မတက် စိုက်ကြည့်နေသည်။
"ဟုတ်ပါပြီကွာ။ ငါ့ပိုင်ရှင်လေး စိတ်ဆိုးနေတာ သိတယ်။ ခဏတော့ပြုံးလိုက်။ ဒီနေ့က မွေးနေ့ပဲဟာ။ သောကြာသား မွေးနေ့မှာ စိတ်ဆိုးနေရင် မကြာခင်လင်ရမည်တဲ့ ဟောကိန်းထွက်ထားတာ သိလား"
" ဆောင်းလေး အဆင်ပြေလား"
ခြောက်ကပ်ကပ် အမေးစကားကြောင့် နေပူထဲ ရေငတ်သလို အာခေါင်ပါ ခြောက်လာသည်။ အရင် ဆင်တူရိုးမှား ကိစ္စတုန်းကလည်း နောက်ခါ ဒီလို မလုပ်ပါဘူးဆိုသော ကတိကို ပေးခဲ့ဖူးသည့် ကိုယ့်စကားကိုယ် သတိရနေသည်။
ချော့မည်ဟု တွေးထားသည်မှာလည်း စိုးရိမ်စိတ်ကြောင့် အတွေးတွေက အမှောင်ထဲအမဲဆောင်ထားသလို ပျောက်ကွယ်နေသည်။ ဒါကို ပိုင်ရှင် ပြန်မေးပုံက စကားဆက်ဖို့ ခက်ခက်ပင်။
"ဘယ်လိုကြီးပြန်မေးတာလဲ ပိုင်ရှင်ရာ။ ငါက ချော့ဖို့ အပီပြင်နေတာကို။ မေးပုံကိုက "
"ဒါဆို ငါဘယ်လို မေးသင့်လဲ ညီ။ အစည်းအဝေး အဆင်ပြေရဲ့လားလို့ မေးရမှာလား"
"အဲ့ဒါကလည်း မဟုတ်သေးဘူးလေကွာ။ "
"ဘာက ဟုတ်တာလဲ"
နဂိုညီနဲ့တွေ့ရင် အမြဲပြုံးနေတတ်တဲ့ ပိုင်ရှင့် နှုတ်ခမ်းပါးတွေ အပေါ်အောက်ရိုက်ခက်နေကြသည်။ မျက်သားနီနီများရဲ့ အရှိန်ကြောင့် အကြည့်တွေဟာ ထိတ်လန့်စရာ။
စိတ်မဆိုးဖူးတဲ့သူက ဒီလိုဖြစ်တော့ ညီ့မှာ အမိမဲ့သားရေနည်းငါးလို ကူရာမဲ့ ဖြစ်သွားရသည်။ဒဏ္ဋာရီထဲက ဂိုင်ဂျီရဲ့ကိုယ်ပျောက်လက်စွပ်သာ ရှိနေသေးရင် ပြေးဝယ်ချင်မိသည်။ ဒီနေရာမှာ ခဏလောက် ပျောက်သွားပြီး ပိုင်ရှင်စိတ်ဆိုး ပြေမှ ပေါ်လိုက်လိုက်ချင်သည့် စိတ်တွေက တဖွားဖွားပင်။
"ငါ နှစ်ဖက် အဆင်ပြေအောင် လုပ်လိုက်ရတာပါ ပိုင်ရှင်ရာ။ ဆောင်းလေးကိုလည်း ငါမငြင်းချင်ဘူး။ မင်းလည်းမွေးနေ့မှာ စိတ်မခုစေချင်ဘူး။ အဲ့ဒါကြောင့် နှစ်ယောက်လုံး အဆင်ပြေအောင်...."
"ငါ့ကို လိမ်လိုက်တယ်ပေါ့"
"ဟာ အဲ့ဒီလိုလည်း မဟုတ်သေးဘူးလေ"
"ငါအဆင်ပြေအောင် ငါ့ကို လိမ်ပေးရတယ်။ ဆောင်းလေး အဆင်ပြေအောင်ကျတော့ သူ့ဘေးမှာ နေပေးရတယ်။ ဒါက မင်းအတွေးပေါ့။ ဟုတ်လား ညီ"
"ပိုင်ရှင်ကလည်းကွာ။ အသက်ပဲသုံးဆယ်ပြည့်နေပြီ။ သဘောထား သေးသိမ်မနေပါနဲ့။ ဆောင်းလေးဆိုတာက ငါ့အတွက်ရော မင်းအတွက်ရော ညီမလေးပဲဟာ"
"သဘောထားသေးသိမ်တယ်" ပိုင်ရှင်က သံယောင်လိုက်ရွတ်သည်။ ညီ့ကို သက်ပြင်းချရင်း တစ်ချက်ကြည့်၍ နှုတ်ခမ်းထောင့်စွန်းလှုပ်ရုံ တစ်ချက်ပြုံးကာ ဧည့်ခန်းကဆိုဖာခုံဘက် လျှောက်လာသည်။
"ဟုတ်တယ် ။ ဆောင်းလေးက ငါ့အတွက်တော့ ငါ့ညီမလေးလိုပါပဲ။ မင်းနဲ့ကျတော့ ငါ့ဘက်ကတွေးရင် မင်းရဲ့ရည်းစားဟောင်းလည်း ဟုတ်တယ်။ မင်းဘေးမှာ အမြဲရှိနေရတဲ့သူလည်း ဟုတ်တယ်။ မင်းအတွက် ပထမဦးစားပေးလည်း ဟုတ်တယ်။"
"တော်ပြီ ပိုင်ရှင်ရာ။ မင်းဘာတွေပြောနေတာလဲ။ မင်းနဲ့ငါ တွဲလာတာ ဆယ်စုနှစ်တစ်ခု ပြည့်တော့မယ်။ ဆောင်းလေးနဲ့ငါ့ကိစ္စ အဲ့ဒီမတိုင်ခင်တည်းက ပြီးသွားတာ။ ဝါးလုံးရှည်နဲ့ပတ်ရမ်းမနေနဲ့ကွာ။ အရင်ကလည်း ဒီလိုပဲဟာ။ ဒီနေ့က ငါမှားတာ ဟုတ်ပါတယ်။ဒါပေမယ့်...."
ညီ စိတ်ရှုပ်လာ၍ ဆံပင်တွေ ထိုးဖွလိုက်သည်။ ပိုင်ရှင် ပြောတာတွေက မမှားပေမယ့် ဒါက နားလည်ပေးထားပြီးသား ကိစ္စတွေဟု ညီ ခံယူခဲ့သည်လေ။ အရင်ကလည်း နားလည်ပေးနေကျလေ။
"မင်းပြောကြည့်စမ်းပါဦး။
ဆောင်းလေးနဲ့ယှဉ်ရင် ဘာလို့ ငါကဒုတိယ ဖြစ်ရတာလဲညီ။ဆောင်းလေးအတွက်နဲ့ဆို  ငါ့ကို ဘာလို့ အမြဲလိမ်ရတာလဲ"
"ငါ့ဆီမှာ မင်းအတွက် ဒုတိယဆိုတဲ့ နေရာမရှိဘူး ပိုင်ရှင်။ မင်းခွင့်ပြုမှ ငါလုပ်တဲ့ ကိစ္စတွေချည်းပဲ။ ငါဆောင်းလေးကို စောင့်ပေးမှာဆိုပြီး ပြောရင်ရော မင်းက မစောင့်ရဘူး ပြောမှာလား"
"မင်း ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောလေ "
အသံမာမာ ပြောရုံမရ ကော်လံစကိုပဲ စောင့်ဆွဲခြင်း ခံလိုက်ရ၍ ညီ လန့်သွား၏။
"ပြောလိုက်ရင် မင်းခံစားရမှာ စိုးရိမ်တာ"
"အပိုတွေ မပြောနဲ့ညီရာ။  ဆောင်းလေးနေရာမှာ တခြားမိန်းကလေးဆို သေချာပေါက် မင်းငါ့ဆီပဲ ပြေးလာမယ်ဆိုတာကြီး ငါမတွေးချင်ဘဲ တွေးမိနေတာ"
"မတူဘူးလေ။သူက ငါ့ညီမလေးလည်း ဟုတ်တယ်။ ကျေးဇူးရှင်လည်း ဖြစ်တယ်လေ။ သူသာမရှိရင် ငါဘဝ ဒီလိုဖြစ်လာမှာ မဟုတ်ဘူး။ ငါ့ကို မယုံကြည်ဘူးလား ပိုင်ရှင်ရာ ဟမ်"
"ငါယုံကြည်အောင် မင်းနေလို့လား"
"ဆောင်းလေးကို ဆံပင်ဆိုင် ပို့ပေးတယ်ကွာ။ စောင့်ပေးမယ့်သူ မရှိလို့ စောင့်ပေးလိုက်တယ်။ မင်းမွေးနေ့ကိုလည်း ငါအမီလာမှာပဲလေ။ ကဲ ဘယ်နားကို မယုံကြည်တာလဲ ပြော"
" ငါမင်းတို့ကို မတွေ့ခင်တုန်းက အစည်းအဝေးရှိနေတယ်လို့ပဲ သိထားတာလေ။ ဘာကို ယုံကြည်ပေးရမလဲ။ မင်းကပဲ ပြန်ပြောပေးပါဦး"
စပရင်ထက် အရစ်ရစ်ဖြစ်နေတဲ့ ဒီကိစ္စကို ညီစိတ်ရှုပ်လာသည်။ ဂျာအေး မုန့်လုံးစက္ကူကပ်သလို အထပ်ထပ်ကြော့နေသည့် လိမ်တယ်၊ ဆောင်းလေးကြာင့် ဆိုသော အက်ကြောင်းထပ်ရာများကို စိတ်မရှည်တော့။ ညီ ဆံပင်တွေကို ထိုးဆွဖွရင်း
"ကျစ်...ဘာမဟုတ်တာလေးကိုကွာ"
"ထားလိုက်ပါတော့။ ဒီနေ့ ဒီစိတ်နဲ့ ငါတို့ အဆင်မပြေနိုင်ဘူး။ ပြန်လိုက်တော့ညီ။ မိုးချုပ်နေပြီ။"
ပိုင်ရှင်က နထင်ကြောကို လက်မနှင့်ဖိရင်း လေသံအေးအေးနှင့် အရာအားလုံးကို လျှောချလိုက်သည့်စကားဆို၍ အိပ်ခန်းဘက် ထထွက်သွားသည်။ ညီ့ဆီက ပြန်ပြောမည့် စကားကို နားမထောင်တော့။
ပိုင်ရှင်အခန်းတံခါး ပိတ်သံကြားမှ Edenနဲ့ ဦးနွေ ထွက်လာကြသည်။
"ကားပါလား ညီတေဇ"
ညီ ခေါင်းသာ ခါရမ်းပြလိုက်သည်။ ဆေးရုံမှ တက္ကဆီနဲ့ အပြေးအလွှားလာ၍ ကိစ္စတွေက ရှုပ်ထွေးနောက်ကျိသွားပြီ ဖြစ်သည်။
"ဦးနွေ ပို့ပေးမယ်လေ"
"ကောင်းတာပေါ့ ဦးနွေရာ"
မာကျူရီမီးရောင်များအောက် ကားလေးက အေးအေးငြိမ့်ငြိမ့် ဖြတ်မောင်းနေသည်။ ပြတင်းက တိုးဝင်လာသည့် လေကို ခပ်ပြင်းပြင်းရှိုက်၍ အကုန်ပြန်ရှူထုတ်လိုက်ပေမယ့် ရင်ထဲက ပေါ့မသွား။
"ပိုင်ရှင်က စိတ်သိပ်ရှုပ်နေတယ် ညီတေဇ။ သူ့မေမေကို သူမပြုစုလိုက်ရဘူးလေ။ ရောဂါ ဖြစ်နေတာတောင် သူမသိလိုက်ရဘူး"
ဦးနွေ စကားကို
You are reading the story above: TeenFic.Net