အခန်း(၃၃)
Background color
Font
Font size
Line height
Zawgyi
"တရားဘာဝနာမှုပြုဖို့
တရားနာဖို့သွားတော့
"လဲသေကွာ....."
______________________________________________
"ပိုင်ရှင်"
ညီက ခေါ်မှ ဝတ်တန်းကျေရုံ တစ်ချက် ပြုံးပြသည်။
"ညီ....ဒီနေ့တော့ အားတယ်ပေါ့။ မသိပါဘူး အဏုမြူဗုံးရောင်းဖို့ ဈေးကွက်သစ်ချဲ့နေတယ်ဆို"
"မဟုတ်ဘူး။ အင်္ဂါဂြိုလ်မှာ အိမ်ငှားဖို့ ချိန်းထားတာကို ဖျက်လာရတာ"
ညီက အထုပ်လှမ်းဆွဲပေးတော့ နေပါစေဟု လက်ကာပြ၍ သူ့လက်ကိုသာ ကမ်းပေးသည်။ အခုမှ သတိထားမိသည်။ ဦးနွေဘေးက ကောင်လေး။ ကောင်လေးပုံကြည့်ရတာ အန်တီ့ရဲ့ သားလေးဖြစ်လောက်သည်။ ပိုင်ရှင့်လို ဖြူဖြူရှည်ရှည် မျက်ခုံးနက်နက်ကို မိတ္တူယူထားသည်။ ပြုံးပြနေပေမယ့် မေးစေ့အချိုင့်တော့မပါ။
"ညီ သူက Alex Eden တဲ့ မေမေ့သား။"
ပိုင်ရှင့်အသံက အေးစက်စက်။လူရော စိတ်ရော ပင်ပန်းနေသည့်ပုံ။
"မင်္ဂလာဘာ။ တွေ့ရတာဝမ်းသာဘာတယ်"
ကောင်လေးက မြန်မာလို သွက်သွက်ပြောပြီး ပြေးဖက်၍ ညီပင် လန့်သွားသည်။ ပိုင်ရှင်က ညီ့လက်ကို လွှတ်မပေးသည့်အပြင် စောင့်ဆွဲလိုက်သည်။
"Eden မင်း အေးအေးဆေးဆေး နေမယ်ဆိုလို့ ခေါ်လာတာနော်"
ကောင်လေးက ချက်ချင်း နောက်ကို ခြေနှစ်လှမ်းဆုတ်သည်။ ပြီးတော့ လက်နောက်ပစ်ပြီး အပြစ်သားလို ရပ်နေပြန်သည်။
"ပိုင်ရှင် မင်းကလည်း ကလေးကို အော်နေတာပဲ။ လာ ဦးနွေဆီလာ"
ဦးနွေက ကောင်လေးကို ပခုံးဖက်ခေါ်ရင်း ထွက်သွား၍ ညီ ပိုင်ရှင့်နားကပ်ကာ
"မင်းနဲ့တူတယ် သိလား ပိုင်ရှင်"
"မသိဘူး။ မသိချင်ဘူး ညီရာ"
"ဟုတ်ပါပြီ။ မျက်နှာကြီးကလည်း ထမင်းခုနှစ်ရက်မစားရဘဲ မိုးမိပြီး ဓားခုနှစ်ချက်ထိထားတဲ့လူ ကျနေတာပဲ"
"တော်ပြီလား ညီ။ တစ်ခါတည်း ဖုတ်ကောင်နဲ့ တူတယ်လို့ ပြောလိုက်ပါလား"
"ပိုင်ရှင်ကြီးရယ် နေပါဦး။ ချစ်လို့ကောင်းနေတုန်း..."
ပိုင်ရှင်က ရယ်သည်။ ရယ်ရင်း ညီ့ဆံပင်တွေဆီ ငုံ့နမ်းလိုက်သေးသည်။
ကားပေါ်မှာ Edenနဲ့ ဦးနွေရှိနေ၍ ညီက စကားအပို မပြောရဲသလို ပိုင်ရှင်ကလည်း ရေခဲရိုက်မျက်နှာထားနှင့်။ အခြေအနေက အေးအေးစက်စက်။အိမ်ပြန်လမ်းက ခြောက်ခြောက်ကပ်ကပ်။
____________________________________________________________________________
"Eden Eden နင်တော်တော် ကနိုင်တာပဲ"
"ကရတာကို ချစ်တယ်"
"ဒီကလေးကလည်း ကတာကိုကြိုက်တယ်။ဝါသနာပါတယ်လို့ ပြောရမှာဟ"
"အင်း အင်း ကြိုက်တာ ကြိုက်တာ"
ပိုင်ရှင်နဲ့ညီ ဒန်းပေါ်မှာ အတူထိုင်နေရင်း ဝင်လာတဲ့ နှစ်ယောက် ရယ်ရယ်မောမော ပြောဆိုနေသည်ကို လက်ပိုက်စိုက်ကြည့်နေလိုက်သည်။ ညီတို့ နှစ်ယောက်လုံးက ဂိုက်တွေနဲ့မို့ ပေတွေ၊ လက်မတွေ ဘေးရှောင်နေသလို ဟိုနှစ်ယောက်ခြေလှမ်းလည်း ရပ်သွားသည်။
ပိုင်ရှင်က ညီ့ဆီလာလည်ရင်း ဆောင်းလေးနှင့် မိတ်ဆက်ပေး၍ ခင်သွားကြရာ နှစ်ယောက်က ငယ်ပေါင်းကြီးဖော်လို တတွဲတွဲ ဖြစ်နေသည်။ ဆောင်းလေး ကလေးကို မျက်ထောက်နီနှင့် ဒေါသကုမာရ်ဘီလူးလို ဆက်ဆံနေတာ သနားလို့ဟု ပြော၍ အပြင်သွားတိုင်း Edenကို ခေါ်သွားတတ်သည်။ ပလစ်ခံနေရသည့် တရုတ်ကောင်ကတော့ သိပ်မကျေနပ်ချင်။
"တေဇ နင်ရောက်နေတာလား"
"Eden" ပိုင်ရှင့်အသံက အေးစက်၍ ဒေါသမာန်လွှမ်းနေသည်။
"ကိုဂျီး"
"နောက်ရက်တွေ နောက်ကျရင် မင်းပြန်ဖို့ လက်မှတ်ဖြတ်ထားလိုက်မယ်"
"ဟုတ်" ဟု မျက်နှာငယ်လေးနှင့် ပြော၍ အိမ်ထဲ ပြေးဝင်သွားသည်။
"ဆောင်းလေး ဆောင်းလေး နင့်ကြောင့် ကလေးအဆူခံရပြီ"
ညီပြောတော့ ဆောင်းလေးက မျက်စောင်းခဲကာ ပိုင်ရှင့်ဆီ လှမ်းပြောသည်။
"အကိုပိုင်ရှင်ကလည်း သိပ်နောက်မကျပါဘူး"
"အဲ့ဒီကောင် သူ့အဖေကိုဆို ပြောချင်သလို ပြန်ပြောနေတာ ကြည့်မရလို့။ မြန်မာနိုင်ငံက တော်တော်ချစ်စရာ ကောင်းတယ်လေး။ ကိုဂျီးနဲ့ တခြားဆီလေး ဘာလေးနဲ့ "
ပိုင်ရှင်က အိမ်ထဲကို လှမ်းကြည့်ရင်း ပြန်ပြောတော့ ညီရော ဆောင်းလေးပါ ရယ်မိကြသည်။ ညီလေးဖြစ်သူကို မချစ်တာလည်း မဟုတ်။ချစ်တာကိုလည်း အရိပ်ပင် အယောင်မပြချင်သူ။ အခုတောင် မိုးချုပ်၍ စိတ်ပူနေတာ ညီ့အမြင်ပင်။
"ကဲ ငါသွားလိုက်ဦးမယ်။ခေါင်းကိုက်နေတယ်ဆိုပြီး စာအုပ်တွေ ဖတ်မနေနဲ့တော့နော်။ "
"စိတ်ပူတယ်ပေါ့"
"စိတ်တော့ မပူဘူး။ တွေးပူသွားတာ။မင်းလခကအများကြီးလေ"
ပိုင်ရှင်က မနိုင်သလို ခေါင်းအသာရမ်းသည်။"ပြန်တော့မယ်"ဟု ပြော၍ အသာနမ်းတော့ ညဟာ ပန်းရောင်လွှမ်းခြုံသွားသည်။ လေပြေသွေးက နွေးစစ။ဘေးက ဆောင်းလေးပင် အရှေ့က ပြေးထွက်သွားသည်။
____________________________________________________________________________
"နင့်ကိစ္စကလည်း။ ဆံပင်ကောက်လည်း လှမှာ မဟုတ်ဘူး ။ လုပ်မနေနဲ့"
"အဲ့ဒါကြောင့်.....။ အဲ့ဒီအပြောတွေ မခံချင်လို့ Edenကို လှမ်းခေါ်တာပဲ။ သူ့ ရေခဲကိုကြီးကို ကြောက်ပြီး မလာရဲဘူးတဲ့"
"ဒီနေ့ ပိုင်ရှင့်မွေးနေ့လေ။ ဟိုက ဘာမှမပြောရင်တောင် သူလှုပ်ရဲမှာ မဟုတ်ဘူး။ Edenလို့ ခေါ်တာနဲ့ တုန်နေတဲ့ကောင်"
"နေပါတော့။ နင်လည်း နင့်ချစ်သူမွေးနေ့ သွားချင်မှာပေါ့။ ငါတစ်ယောက်ထဲလည်း ရပါတယ်။ သွားတော့...."
ပြုံးရောင်သန်းတဲ့ ပါးဖောင်းဖောင်းလေးက ညှိုးရောင်နွမ်းသွားပြီး ညီတေဇကို တွန်းလွှတ်နေသည့် လက်တို့က အားမပါ။ သွားပါတော့ဟု ပြောသည့်အသံတွင် သွားမှာ စိုးရိမ်သည့် အရိပ်အယောင်က အပြည့်။
"ငါပိုင်ရှင့်ကို ဖုန်းဆက်လိုက်ပါဦးမယ်။ သူခွင့်ပြုရင် စောင့်ပေးမယ်"
ဇနကမေခလာတွေ့သလို ဆောင်းလေးက ပြုံးပျော်ပျော် ခေါင်းညိတ်သည်။ ညီမလေးလို ချစ်ရသူမို့ သူပျော်တော့လည်း ညီ ပြုံးမိလျက်။
ဖုန်းဆက်နေသည့်အချိန် အနောက်မှ စိုးရိမ်ပူပန်နေသည့် ဆောင်းလေးကို ငဲ့ကြည့်၍ လက်ညှိုးနှင့်လက်မ ဝိုင်းပြကာ "အိုကေ"ဟု ပြောလိုက်သည်။ မအိုကေစရာလည်း ဘယ်ရှိမလဲ။ ညီက အလုပ်ကိစ္စဟု အကြောင်းပြလျှင် ပိုင်ရှင်က နားလည်ပေးတာချည်းပဲလေ။
________________________________
လောကမှာ ယောကျာ်းလေးအဖြစ် မွေးဖွားပေးခဲ့တဲ့ မာတာမိကို ကျေးဇူးတင်မိသည်။ ယောကျာ်းတို့မည်သည် အထွေထွေဘာရိယကိစ္စ မများရအောင် ဦးဆောင်သမှု ပြုခဲ့ကြသည့် အာဒံမှစ ရှေ့ဆောင်ကြီးများအား ထောပနာထပ်လောင်း ဂုဏ်ပြုလိုက်သည်။ ဘယ့်နှယ် ဆံပင်ကောက်တာ လေးနာရီ၊ငါးနာရီ ကြာသွားပြီ။
"ဟီး....စောင့်ရတာ နည်းနည်းကြာသွားတယ်မလား တေဇ"
Moanaဆံပင်ပုံစံနှင့် ပြည့်ပြည့်ကစ်ကစ် ပုပု ဆောင်းလေးကို ကြည့်၍ ခွီခနဲ ရယ်လိုက်သည်။ လှောင်ရယ်သည်ဟုတော့ မတွေးစေလို့။ အကျင့်ပါနေခြင်းသာ။
"အေးပါ။ နင့်နည်းနည်းက လကမ္ဘာနဲ့ အင်္ဂါဂြိုလ် အသွားအပြန် လုပ်နေလို့ရတယ်"
"အပိုက ပြောပြန်ပြီ။ လာသွားမယ်"
"ဘယ်လဲ"
"အကိုပိုင်ရှင့်ကို လက်ဆောင်ဝယ်ပေးမယ်လေ။ တစ်ခုခုစားရအောင် ဗိုက်ဆာနေပြီ"
ဆောင်းလေးက ဗိုက်ပွတ်၍ နှုတ်ခမ်းထော်ကာ မျက်တောင်ကို ထပ်တလဲလဲပုတ်ခတ်၍ သနားစရာပုံစံ လုပ်ပြနေမှ ညီပါ ဆာလာသည်။
"အေးလေ။ နင်က အစားအသောက်မီးလိုတောက် အလုပ်အကိုင် ခွေးလိုမှိုင် ဆိုတာ ငါသိပါတယ်။ လက်စနဲ့ကူတို့ထိပဲ ပို့လိုက်ပါတော့မယ်"
မျက်စောင်းခဲ၍ ကျောပေါ်ရောက်လာတဲ့ လက်သံမှာ စိန်ဗေဒါဝင်စားသလား မှတ်ရသည်။ ညီ့မှာ ကျောကော့အောင် ခံလိုက်ရ၏။
ဗိုက်ပြည့်ရုံသာ အလျင်အမြန်စား၍ ပိုင်ရှင့်မွေးနေ့လက်ဆောင် နောက်နေ့မှဝယ်တော့ဟု ပြောလိုက်ရသည်။ ကောင်းကင်မှာ မှောင်ရိပ်လွှမ်းလာပြီ။ တရွေ့ရွေ့ နာရီလက်တံတွေဟာ ခြောက်ဂဏန်းကို နီးကပ်နေပြီ ဖြစ်သည်။ "မင်းနဲ့ဘုရားသွားဖို့စောင့်မယ်။ ခြောက်နာရီတော့ အလုပ်ကပြီးတယ်မလား"ဆိုသော ပိုင်ရှင့်အသံလေးက ဦးနှောက်ကြောမှ နှလုံးသားထိ လာရိုက်ခက်သည့်အလား။ရင်တွေတုန်လာသည်။ မဟုတ်တာ လုပ်ထားသူတစ်ယောက်လို စိုးထိတ်နေပြန်သည်။
အလျင်လိုအနှေးရဟုပဲ ပြောရမလား။ လိပ်ပြေးလမ်းခဲခု လို့ပဲ ဆိုရမလား။ မပြောတတ်။ ပြန်မည်ဟု အဆင်းမှာ ဆောင်းလေးက ထကြပ်သည်။ အသက်ရှူရ ခက်နေသည့် ဆောင်းလေးကို ကြည့်၍ ညီ့မှာ ဘာလုပ်ဘာကိုင်ရမည် မသိ။ မျောက်မီးခဲကိုင် ပြာယာခက်နေသည်။ ပွေ့ချီ၍လည်းမနိုင်။ ဆောင်းလေးကိုယ်လေးကို ဖက်တွယ်ရင် ကျောပေါ်တင်ပေးဖို့ ဗလတောင့်တောင့် တစ်ယောက်ကို ရှာဖွေနေမိသည်။
ချိန်းထားရင်တောင် လွဲဦးမည့် လူတစ်စုကို ခရီးဦးကြို ပြုလိုက်သည်။ အတက်စက်လှေကားမှ တက်လာသော ပိုင်ရှင်၊Eden၊ ဦးနွေနဲ့ သုခ လည်ကတုံးအဖြူ ၊ပုဆိုးကိုယ်စီနှင့်ဆိုတော့ ဘုရားသွားဖို့ ပြင်ဆင်ထားတာ ဖြစ်ရမည်။
"ညီ"
တအံ့တဩမျက်ဝန်းနှင့်အတူ တုန်ရင်နေသော ခေါ်သံက ညီ့နားထဲ စူးနစ်စွာ။ ရစ်ဝဲလာသော မျက်ဝန်းအိမ်တို့ကို ညီ မျက်နှာလွဲချလိုက်သည်။
"ဇေသုခ ဒီဝက်မကို ကျောပေါ်တင်ပေးစမ်းပါ။ ဆေးရုံအမြန်ပို့မှ"
ဇေသုခကို လှမ်းအကူအညီတောင်း၍ ဆောင်းလေးကို ထမ်းကာ စက်လှေကားမှ အသုတ်အလျင် ပြေးဆင်းခဲ့သည်။ ပိုင်ရှင့်ရဲ့ အံ့ဩမှုအပြည့် မျက်နှာလေးဟာ ညီ့စိတ်တွေကို ပိဿလေးပေါင်းများစွာနှင့် ဆွဲချလိုက်သလို လေးလံသွားစေသည်။
_________________________________
"မင်းပြန်တော့ ညီတေဇ"
ဆေးရုံရောက်တော့ ဆရာဝန်က ဆေးတစ်လုံးထိုးပေးမှ ဆောင်းလေး အသာအိပ်မောကျသွားသည်။ ဇေသုခက ညီ့ကို အတင်းနှင်တော့သည်။
"အေးပါ။ အဲ့ဒါဆို ငါပြန်ပြီကွာ"
"ဘုန်းပိုင်ရှင် တော်တော်စိတ်ထိခိုက်သွားမှာနော် ညီတေဇ။ သူက ဘာမှမဖြစ်ဘူး ပြောရင်တောင် မင်းအတင်းချော့သင့်တယ်"
"ပိုင်ရှင်က နားလည်တတ်တဲ့ လူကြီးပါကွာ"
"ကျန်တဲ့အချိန်တော့ ဟုတ်မှာပေါ့။ ဒီနေ့က သူ့မွေးနေ့။ အေး...ထပ်ပြောရရင် သူ့မေမေနဲ့ ဖုန်းပြောနေကျနေ့။ တိတိကျကျ ပြောရရင် သူ့မေမေနာရေးက လောလောလက်လက်ပြီးထားတဲ့ သူ့မွေးနေ့ကွ။ သူပြောနေတာ မင်းအစည်းအဝေးရှိလို့တဲ့"
ဇေသုခအသံ ကျောက်ကျောပြင်လို မာတင်းနေသည်။ လက်ညှိုးဖြင့် ညီ့ရင်ဘက်ကို တစ်ချက်ချင်း ထောက်၍ ပြောနေသည်မှာ အတွင်းထဲထိ နာကျင်နေသည်။
"ဆောင်းလေးက ငြင်းလို့မှ မကောင်းတာ"
"ဒါဆို မင်းသိပ်ချစ်ပါတယ်ဆိုတဲ့ ဘုန်းပိုင်ရှင်ကရော ငြင်းလို့ကောင်းတယ်ပေါ့"
"ငါ့ကျေးဇူးရှင်နဲ့ ငါ့ချစ်သူဆိုရင် ငါ့ချစ်သူက ပြန်ချော့လို့ရတယ်။ ကျေးဇူးရှင်ကျတော့ ကျေးစွတ်တာ ဖြစ်သွားပြီကွ။ ပြင်လို့မရဘူး"
အချက်ကျ၍လားတော့မသိ။ ဇေသုခ သက်ပြင်းရှည်တစ်ချက် ရှိုက်ထုတ်ကာ သွားတော့ဟု လက်ခါပြသည်။
ညီ့ ခြေလှမ်းတွေဟာ စိတ်တွေနဲ့ နှစ်နားညီကာ လေးပင်လျက်။
______________________________
ညီတေဇ ထွက်သွားသည်နှင့် ဆောင်းလေး မျက်လုံးအစုံဖွင့်သည်။ဇေသုခဆီ မျက်စောင်းတစ်ချက် လှမ်းခဲနေသေးသည်။ပြီးမှ
"လူနာရှေ့ အော်ကြီးဟစ်ကျယ် လုပ်နေကြတာ မကောင်းပါဘူးနော်"
"ဒီနေ့မှ ဆံပင်ကောက်ပြီး ပုဇွန်စားတယ်ပေါ့"
"ငါ ပုဇွန်းစားတာ ဘယ်လိုသိ..."
ဆောင်းလေးက လက်ငါးချောင်းဖြင့် ပါးစပ်လေး အသာပိတ်ကာ ရေရွတ်သည်။
"နင့် အီလက်ဂျစ်ကို ငါက မသိဘူးဆိုတော့"
ဇေသုခ တိတ်လိုက်၍ အခန်းက ခတ္တမျှ ငြိမ်သက်သွားသည်။ ပြောသင့် မပြောသင့် စဉ်းစားပြီးမှ ဇေသုခ စကားစလိုက်သည်။
"သူတို့နှစ်ယောက် ပြဿနာဖြစ်တော့ နင်ဘာရလိုက်လဲ"
"ဟင်...ဘာကိုပြောတာလဲ"
"မလှိမ့်တစ်ပတ်တွေ၊ လှိမ့်နှစ်ပတ်တွေ လာလုပ်မနေနဲ့ ငါပြောတာ နင်သိပါတယ်"
ဆောင်းလေးက ဇေသုခကို မကြည့်တော့ဘဲ ပြတင်းဆီ မျက်နှာလွှဲလိုက်သည်။
"တိုက်ဆိုင်တာပါ။ ငါပြဿနာ ဖြစ်ပါစေ မရည်ရွယ်ဘူး။ အကိုပိုင်ရှင့်ထက် ငါ့ကို ဦးစားပေးလိုက်တယ်ဆိုတာလေးကိုပဲ ငါခံစားချင်တာ"
"အဲ့ဒါနဲ့ ပုဇွန်ပါ စားလိုက်တယ်ပေါ့။ ဆေးရုံရောက်အောင်လေ။ နင်ရူးနေလား ဆောင်းလေး။ အချိန်မီ ဆေးရုံးမရောက်ရင် နင်သေမှာလေ"
ဆောင်းလေးမျက်ဝန်းမှ မျက်ရည်စက ဖြည်းဖြည်းချင်း စီးကျသည်။
" ငါသေအောင် တေဇက ပစ်မထားဘူးလို့ ငါယုံတယ်လေ"
"တော်စမ်းပါဟာ။ ဘုန်းပိုင်ရှင် ညီတေဇကို ဘယ်လောက်ချစ်လဲ နင့်အမြင်ပဲ။ ညီဘာလုပ်လုပ် သူက နားလည်ပေးတတ်တဲ့သူ။ ငါ့ညီမမို့ ငါပြောနေရတာပါဟာ။ သိပ်ချစ်ကြတဲ့ သူတွေကြားထဲ မပါချင်စမ်းပါနဲ့"
"ငါကရော သုခ။ ငါလည်း တေဇကို အကိုပိုင်ရှင့်လို ချစ်နိုင်ပါတယ်။ မဟုတ်ဘူး အကိုပိုင်ရှင်ထက်တောင် ပိုချစ်နိုင် သေးတယ်။ ဒါပေမယ့် တေဇချစ်တာ ငါမဖြစ်ခဲ့ဘူးလို့ လက်ခံထားပါတယ်။ သူတို့ အဆင်မပြေ ဖြစ်ကြပါစေဆိုတဲ့စိတ် ငါ့မှာမရှိဘူး။ "
"ငါ မယုံဘူး။ ဘာလို့လဲဆိုတော့ ဟိုတစ်နေ့က သဲသဲကို ငါတွေ့ခဲ့တယ်"
"သဲ သဲ...."
တောကြီးမျက်မဲထဲ ကျားရဲတွေ့လိုက်သလို ဆောင်းလေးက အထိတ်တလန့် ဇေသုခဆီကြည့်သည်။ မသိစေချင်သည့် ကိစ္စ ဇေသုခ သိသွားမှာ စိုးရိမ်နေသည့်အလား။
"ငါ့ကို ဘာပြောလဲသိလား။ ကိစ္စရှိရင် ဆက်သွယ်ဦးလေတဲ့။ သူအလုပ် ကေတီဗီလိပ်စာတောင် ပေးလိုက်တယ်။ဖုန်းနံပါတ်နှင့်တကွ ဗျာ။"
"အဲ့ဒါ ငါငယ်တုန်းက မိုက်ခဲ့တာပါ"
"ငါတော့ နင့်ကို လန့်နေပြီ။ တစ်ခါမြေခွေးဖြစ်ပြီးတဲ့ ခွေးဟာ အလှမွေးခွေး ဖြစ်နိုင်၊ မဖြစ်နိုင် လက်တွေ့ကျမှ သိရမှာလေ"
ဆောင်းလေးက တရှုံ့ရှုံ့ငိုသည်။
"ကိုယ့်ကို မချစ်တဲ့လူကို ချစ်ရတဲ့ ဒုက္ခ ငါပဲ ခံစားနေရမှာလား။ ငါချစ်အောင်လုပ်ခဲ့တဲ့ သူကရော မမျှဝေသင့်ဘူးလား"
"ဆောင်းလေး အချစ်ကဘဝမဟုတ်ဘူး။ ဘာက ဘဝလဲဆိုတာတော့ ငါလည်း မသိဘူး။ ဒါပေမယ့် အရာရာမှာ အတ္တမပါရင် အေးချမ်းပြီး ဘဝဟာ နေလို့ကောင်းတယ်။ ဥပမာ နင်သိပ်ချစ်တယ်ဆိုတဲ့သူ ပျော်နေရင်ပဲ နင်လိုက်ပျော်တာမျိုးပေါ့"
"ငါ ကြို စား နေ ပါ တယ်"
တစ်လုံးချင်းပြော၍ ဆောင်းလေး မျက်လုံးစုံမှိတ်ချလိုက်သည်။ ဒီစကားဟာ မုသားကင်းဖို့ ဇေသုခ တောင်းဆု ပြုမိတာတော့ အမှန်။
__________________________________________________________________________________________________________________
Unicode
ပိုင်ရှင့်မေမေလည်း သေခြင်းဆိုသော မရဏလမ်းကို လျှောက်သွားခဲ့ပြီ။ အပြေးသွားပြီး ထွေးပွေ့ထားဖို့ ကောင်းပေမယ့် ညီ့မှာလည်း ကိစ္စကရှိနေသည်။ ဒီတစ်ခါလည်း ပိုင်ရှင်က နားလည်ပေးတဲ့သူပါပဲ။
ညီ ပရဟိတအဖွဲ့နှင့် ရခိုင်ဘက်သွားဖို့ စီစဉ်နေတာ ကြာနေပြီဖြစ်သည်။ နယ်စပ်က မိသားစုတွေ ဒုက္ခသည်စခန်းမှာ အလျှိုလျှို စစ်ဘေးဒုက္ခ ခံစားနေရတာတွေ သတင်းမှာ မြင်နေရသည်မှာ မခံစားနိုင်။နိုင်ငံတစ်နိုင်ငံရယ်လို့ ဖြစ်လာဖို့ စစ်နဲ့မကင်းရတဲ့ နိယာမကြီးမှာ တတ်နိုင်သည့်ဘက်က ကူညီပေးချင်သည်။ နိုင်ငံရေးတွေ ဘာတွေ ညီ နားမလည်။ ဒုက္ခရောက်သူတိုင်းကို တတ်နိုင်သလောက်တော့ ဖေးမချင်သည့် ပရဟိတစိတ် ညီ့မှာ အပြည့်ရှိနေသည်။ နယ်စပ်ဖြတ်ဖို့ အခက်အခဲ နည်းနည်းရှိနေ၍ အချိန်းဆိုင်းနေရသည်မှာ ဒီတစ်ခေါက်မှ အဆင်ပြေသွားသည်။
ဦးနွေကတော့ မသွားမဖြစ် သွားရသည်။ လေဆိပ်ထိ လိုက်ပို့ပေးပြီးမှ
ညရောက်တော့ ဇေသုခနှင့် ဆိုင်ထိုင်ဖြစ်ကြသည်။
"အချစ်ဆိုသည်မှာ ကြည်နူးခြင်းများနဲ့ ဆန်းကြယ်သောအရာလို့ ထွန်းအိန္ဒြာဗိုလ်က ဆိုတယ်။ လေးဖြူကျတော့လည်း အချစ်ဟာ ခါး ခါး ခါးတဲ့။ "
"အေးလေ။ သူတို့ဘာသာ ဆိုချင်သလို ဆိုမှာပေါ့။ အဲ့ဒါ ဘာဖြစ်လို့လဲ။"
"အမှန်တော့ အချစ်ဆိုတာ အထီးကျန်နေတဲ့ စိတ္တဇနာမ် ကောင်။ ဒီကောင်က သူတစ်ယောက်တည်း မပြည့်စုံလို့ ရင်ခုန်တာတွေရော၊ နားလည်မှုတွေရော၊ ထပ်ထူကျမယ့် နောက်လူတစ်ယောက်ကိုပါ ဆွဲခေါ်လိုက်တာ။ အဲ့ဒါကို ငါတို့က နဖူးစာတွေ၊ နှာခေါင်းစာတွေ ထင်နေကြတာ။"
"မင်း နှာခေါင်းကြီးပဲ ဆာနေ။ ငါတို့က မဆာဘူး"
"သောက်ပို မပြောနဲ့။ ပိုင်ရှင်နဲ့ မတွေ့ခင်အထိ မင်းနှာခေါင်းက ဆာနေတုန်း"
" နေပါဦး။ မင်းက အချစ်အကြောင်းပြောပြီး ဘာလုပ်မလို့လဲ။ ကိုယ်ဟာကိုယ်ကျ သောက်သုံးမကျဘဲနဲ့။ ဟိုက ထိပ်ပြောင်ပြီး မင်းလည်း သုံးဆယ့်ကိုးဗိုက်ပူ ဖြစ်တော့မယ်"
"အဲ့ဒီ အချစ်ဆိုတဲ့အကောင်ကလေ သူတစ်ယောက်တည်း နေရတဲ့အခါ၊ သူ့လိုဘက်မပြည့်တဲ့အခါကျ လူကို ဒုက္ခပေးတတ်တယ်။ "
"အေးလေး ရန်သူမျိုးခြောက်ပါးတောင် ရှိသေးတာပဲ။ ဘာတဲ့..ရေ၊ လေ၊ မီး၊မင်း၊ခိုးသား၊ အချစ်တဲ့။"
"မင်းကြီးတော် အချစ်က ရန်သူမဟုတ်ဘူး။ အချစ်က လူနဲ့မတည့်အတူနေလေးကွ ။ သိလား....တစ်ခါတစ်လေ တစ်ဖက်သက်လေးနဲ့ ကြည်နူးနေရပြန်ရော။"
"မင်း ကွဲနေတာလား ဇေသုခ။ ဦးနွေ ဘာပြောလိုက်လို့လဲ"
"ပါးစပ်ပိတ်ထားစမ်းပါ။ ငါပြောတာ နားထောင်။ အချစ်က ထူးတော့ထူးဆန်းတယ်။ တစ်ချို့တွေ ကျတော့ လူချင်းဝေးနေပေမယ့် သိပ်ချစ်နေကြတယ်။ တစ်ချို့ကျတော့လည်း လူချင်းနီးပေမယ့် "
ဇေသုခက စကားရပ်ပြီး ငါးကင်တစ်ဖဲ့ ယူစားလိုက်သည်။  တစ်ဝက်လောက်ရှိတဲ့ ခွက်လေးကို one-shot မော့ချပြီးမှ စကားကို ဆက်သည်။ ဒီညအတွက် ညီက နားထောင်သူ သက်သက်။
"ရှေးစကားပုံတွေ အကုန်လုံးက မှန်မနေဘူး။ ကြိုးချင်းထားကြိုးချင်းငြိ။
အိုးချင်းထားအိုးချင်းထိ။တဲ့
မထိ၊မငြိတာတွေရှိလို့ တစ်ဖက်သက်ဆိုတာကြီး ပေါ်လာတာပေါ့"
"မင်းကလည်း နှစ်ဆယ့်ရာစုလေ။ မော်ဒန်ခေတ်ရောက်လာပြီ။ စကားပုံတွေ မော်ဒန်ဆန်ကုန်ပြီကွ။ ကြိုးချင်းထားငြိချင်တာနဲ့ငြိ။
အိုးခြင်းထားထိချင်တာနဲ့ထိ။ ဖြစ်သွားပြီ"
"မတရားပါဘူး လောကကြီးရယ်"
"တရားဘာဝနာမှုပြုဖို့
တရားနာဖို့သွားတော့
ရေစက်ချလို့ပြီးပါပြီ.....တဲ့လား"
"လဲသေကွာ....."
တစ်ယောက် စိတ်မလန်းလို့ ရင်လာဖွင့်ရင် စိတ်လန်းအောင် များများစပေးဖို့ ညီတေဇနဲ့ ဇေသုခကြား သိတတ်သမှု ကတိဝတ်ပြုပြီး သားပင်။  ဦးနွေ ဟိုမှာ တစ်ပတ်လောက်ကြာမည်ကို ဒီကောင်က ဖြစ်ပျက်နေသည်။
ပရဟိတအဖွဲ့နဲ့ သွားဖို့ ချိန်းပြီးသား ဖြစ်နေ၍ ပိုင်ရှင့်ဆီ လိုက်မသွားနိုင်သည့် ညီက ဘာမှမဖြစ်ရ။ အမှန်တော့ ဖြစ်ဖို့ တွေးထားသေးတာပင်။ ဇေသုခက စဖောက်လိုက်၍ ပွဲမကောင်းတော့ ရူးချင်ယောင်ပဲ ဆောင်နေရသည်။ ပိုင်ရှင်တော့ အဆင်ပြေရဲ့လား မသိ။ သူသိပ်ချစ်ရတဲ့ မေမေမလား။ ပြီးတော့ လောကမှာ သူ့ရဲ့ တစ်ဦးတည်းသော သွေးသားရင်း။
"ဟူး......"ညီလည်း သက်ပြင်းချရင်း တစ်ခွက်တော့ မော့ချလိုက်သည်။ စီးကရက်ကို ခပ်ပြင်းပြင်းဖွာထုတ်ပြီးတော့ ပိုင်ရှင့်ကို လွမ်းလာသည်။ လိုက်မသွားဖြစ်တာလည်း စိတ်ထဲမကောင်း။
"အမှန်တော့ နားလည်မှုတွေ ရှိမှ အချစ်တစ်ခုဟာ ပြည့်စုံတာ။ တစ်ယောက်ရှိမှ တစ်ယောက်ဖြစ်တာမျိုး မဟုတ်ဘူး။ တစ်ယောက်အဆင်ပြေရင် တစ်ယောက်က ပျော်ရွှင်နေရတာမျိုး။ ငါနဲ့ပိုင်ရှင့်ကိုပဲ ကြည့်လေ။ ငါတို့ ချစ်သူဖြစ်တယ်။ ငါက စီးပွားရေးလုပ်တယ်။ သူက ကျောင်းစာလုပ်တယ်။ ပြီးတော့ ဟိုမှာပဲ အလုပ်ဆက်လုပ်တယ်။ ချစ်သူသက်တမ်း ခုနှစ်နှစ်လောက်မှာ အတူနေရတဲ့ရက်က လနဲ့တွက်ပြလို့ရတယ်။ ငါတို့နှစ်ယောက်ကြား ခိုင်မြဲစေတဲ့အရာက ဖေးဖေးမမ နားလည်ပေးမှုပဲ"
ဒီညတော့ နှစ်ယောက်ဝိုင်းဟာ အချစ်ဒဿနတွေနှင့် ပြည့်နှက်နေတော့သည်။
"မင်းမသိပါဘူး ညီတေဇရာ။ လောကမှာ သိပ်ချစ်ကြတဲ့စုံတွဲတွေအတွက် နောက်ကွယ်က ခံစားပြီးပေးဆပ်လိုက်ရတဲ့ နာမည်မကြီးတဲ့ ဒဿတွေ အများကြီး ရှိတယ်ကွ"
______________________________________________
လေဆိပ်မှာတောင် ပျားပန်းခတ်မျှလူတွေ များနေတာ။ မြန်မာနိုင်ငံလူဦးရေကြီးက
ဘယ်နေရာကြည့်ကြည့် စည်ကားနေလောက် အောင် များနေပြီဆိုတာ လက်မခံလို့မရ။ မြေပြင်မှာဆင်သွားသလို ထင်ထင်ရှားရှားပင်။
အလုပ်ခွင့် တစ်လရ၍ ပိုင်ရှင်က အမေဖြစ်သူ ကိစ္စများပြီးတာနဲ့ တန်းပြန်လာသည်။ဒီတစ်ခါတော့ ညီကိုယ်တိုင် အလုပ်မှန်သမျှ ခဏရွှေ့၍ လာကြိုရသည်။ဒီအချိန်မှာ ပိုင်ရှင် ညီ့ကို တစ်စိတ်တစ်ပိုင်းအနေနှင့် လိုအပ်နေမည်လေ။ မွေးလမှာ မွေးမေမေကို ပို၍ တမ်းတနေမည်လားလည်း မပြောတတ်။ညီ့ဆီ လှမ်းလာတဲ့ ပိုင်ရှင့်ပုံစံမှာ ပို၍ ဖွေးလာသော အသားအရည်နဲ့ ဖြူရော်နေသော နှုတ်ခမ်းသားများကြောင့် သွေးရောရှိသေးရဲ့လားဟု
You are reading the story above: TeenFic.Net