အခန္း(၃၁)

Background color
Font
Font size
Line height

Zawgyi

"ပိုင္ရွင္ရာ ငါအားနာလိုက္တာ။ ေဆာင္းေလး ေဆးရံုထိ ေရာက္တယ္ ဆိုေတာ့ မလဲႊသာလို႔"

"ရတယ္။ ရတယ္ ညီ။ မင္းသာ တစ္ခုခုစားဦး။ ဘာစားမလဲ။ လာပို႔ေပးရမလား"

"ေန ေန ေန ရတယ္ ပိုင္ရွင္။ ငါက အသံၾကားရုံ အားျပည့္တယ္"

"အပိုေလးက ေျပာလိုက္ရမွ။ တစ္ခုခုစားဦးေနာ္"

"အင္းပါ။ ခ်စ္တယ္ေနာ္ ။ အာဘြား....."

ဖုန္းခ်သည္ႏွင့္အတူ သက္ျပင္းပါ ေရာခ်လိုက္သည္။

"ငါကေတာ့ မတရားဘူးလို႔ ထင္တယ္"

"မင္းကိုလည္း မေဟာ္သဓာ တရားစီရင္ခန္း ကခိုင္းေနတာ မဟုတ္ဘူး။ ညစ္ေနတယ္။ ေအးေဆးေန ေဇသုခရာ"

ပိုင္ရွင္ လာလည္တဲ့ ႏွစ္လနီးပါးလံုး ညီ့မွာ ယားလၽွင္ပင္ ေနရာမွတ္ထား ညအိပ္ခ်ိန္ ေရာက္မွ ေပါင္းကုပ္ရေလာက္သည့္ အေျခအေန ျဖစ္ေနသည္။ အန္တီငယ္ရဲ႕ ယံုၾကည္မႈခံရဖို႔ လသာတုန္းဗိုင္းကို ရသမၽွအစြမ္းကုန္ ငင္ေနရသည္။ ညီ့ကိုေတြ႕ခ်င္လ်င္ ပိုင္ရွင္က ညေနအလုပ္ဆင္းခ်ိန္ လာေစာင့္ရတဲ့ အျဖစ္။ ညီ သက္ျပင္းကို မသိမသာ ႐ိႈက္ထုတ္လိုက္သည္။

"မင္း စဥ္းစားေလ။ ပိုင္ရွင္ လာလည္တာ ႏွစ္လ။မင္းသူ႔အတြက္ အခ်ိန္ေပးဖူးလား"

ညီ ဆံပင္ေတြ ဆြဲဖြပစ္လိုက္သည္။ စီးကရက္မီးညႇိ၍ ပါးစပ္နားတပ္ၿပီးမွ ေသာက္ခ်င္စိတ္ မရွိေတာ့ေသာေၾကာင့္ ျပာခြက္ထဲ ထိုးခ်လိုက္သည္။

"ငါတို႔ကေလးေတြ မဟုတ္ဘူး ေဇသုခ။ ငါက စီးပြားေရး လုပ္ေနတဲ့သူ။ ပိုင္ရွင္က ပညာေရး လုပ္ေနတဲ့သူ။ ဝါသနာလည္း မတူသလို ႀကိဳးစားပံုလည္း မတူဘူး။ ငါတို႔ၾကားမွာ အခ်ိန္ေပးမွ မဟုတ္ဘူး။ ယံုၾကည္မႈနဲ႔ ခ်စ္တဲ့စိတ္ ရွိတယ္။ ငါသူ႔ကို ဘယ္ေလာက္ ခ်စ္တယ္ဆိုတာ သူသိတယ္။ ငါ့စီးပြားေရးကို သူနားလည္ေပးတယ္ ေဇသုခ"

အမွန္ ညီ့ ကိုယ့္ကိုယ္ကို ႏွစ္သိမ့္ေနျခင္း ျဖစ္သည္။ လူတစ္ေယာက္က လူတစ္ေယာက္အေပၚ မတရားက်ဴးလြန္ေနမိၿပီဆို ငါသူ႔အေပၚ ဘာေတြ ေကာင္းခဲ့ဖူးတာပဲလို႔ ကိုယ္ရည္ကိုယ္ေသြး ေတြးတတ္ၾကတာပဲမလား။

"ဟုတ္ပါတယ္။ အရင္ေန႔ေတြက ကိစၥေတြ ငါမေျပာဘူး။ ဒီေန႔ကိစၥက မင္းလြန္တယ္။ သူက မနက္ျဖန္ ျပန္သြားရေတာ့မွာ။ ဒီေန႔တစ္ေနကုန္ မင္းနဲ႔ေတြ႕ဖို႔ သူေစ်းသြားတယ္။ ျခံေရွ႕မွာ ကားရပ္ေစာင့္ေနတယ္။ အခုမင္းက မေတြ႕ႏိုင္ဘူး ေျပာလိုက္ေတာ့ ......။ သူနားလည္ေပးမွာပါလို႔ သူ႔စိတ္နဲ႔ မင္းေတြးေပးမေနနဲ႔။ သူ႔ေနရာမွာ မင္းသာဆိုရင္လို႔ ေတြ႕ၾကည့္စမ္းပါ"

ညီ ပဥၥမအႀကိမ္ေျမာက္ သက္ျပင္းထပ္ခ်လိုက္သည္။ သက္ျပင္းတစ္ခါခ်တိုင္း အသက္တိုရမယ္ဆို ညီ့ရဲ႕ သက္တမ္းက ဒီေန႔တစ္ရက္နဲ႔တင္ တစ္ဝက္ေလာက္ တိုသြားေလာက္ၿပီ။

"ငါသြားမယ္ ။ ေဇသုခ မင္း အန္တီငယ္ကို ၾကဳတ္ၾကက္လိ လိုက္ေတာ့"

"ေအး...လိ လိုက္မယ္"

ညီ ထထြက္လာေတာ့

"ေမေမတို႔လည္း မနက္ျဖန္ျပန္မွာေလ ေတဇ။ ေမေမပြားေနမယ္ေနာ္"ဟု ေဆာင္းေလးက စိုးရိမ္တႀကီး လွမ္းသတိေပးသည္။ ေဇသုခက ယင္ေကာင္ခါသလို လက္ငါးေခ်ာင္း ျပဳတ္ထြက္မတက္ခါျပ၍ "သြား....သြား...."ဟု တြန္းအားေပးသည္။

"ေဆာင္းေလး အန္တီငယ္တို႔ ဟိုတစ္ပတ္ထဲက ျပန္မယ္ ေျပာေနတာ မဟုတ္ဘူးလား"

"ေအးေလ ။ေလယာဥ္အဆင္မေျပလို႔ ရက္ေရႊ႕လိုက္တာ။"

"ေရႊ႕တဲ့ရက္ကလည္း တိုက္ဆိုင္လိုက္တာ"

ေဆာင္းေလးက စားေနလက္ ခရင္းကို အသာခ်ၿပီး ခနဲသလို တစ္ခ်က္ျပံဳးသည္။

"သုခ နင္ေျပာေနတဲ့ ပံုစံႀကီးကလည္း ငါကပဲ ေတဇနဲ႔အကိုပိုင္ရွင္ကို အတူမေနေစခ်င္လို႔ ရက္ေရႊ႕လိုက္တဲ့ အတိုင္း"

"ေျပာမရဘူးေလ....."

"ဟဲ့.....အမေလးဟယ္ နင့္ေတဇက ပတ္ၾကားအက္ေနတာ ေရဂါလံလိုက္ ေလာင္းတာေတာင္  မရေတာ့တဲ့ဟာ။ ငါက မီးသတ္ပိုက္ အကူအညီေတာင္းမလား။ ရူးေနတာလည္း မဟုတ္"

"မသိဘူးေလ။ နင္က ႀကိတ္ရူးေနမလားမွ မသိတာ"

"ေသနာစုတ္.....။ ကိုယ့္ညီမေလးကို အေကာင္းကို မေျပာဘူး"

"မရူးရင္ ၿပီးတာပဲ"

အန္တီငယ္ေရာက္လာေတာ့ လူၿကီးကို မေလးစားရေကာင္းလား။ ဒီေလာက္ေတာင္ အခြင့္အလမ္း မသိတတ္ရင္ ေရွ႕ဆက္လုပ္မယ့္ လုပ္ငန္းေတြ ဘယ္လို စိတ္ခ်ရမလဲ။ ေပါက္ေပါက္ေဖာက္ေနေတာ့သည္။ ေဆာင္းေလးက မေျပာဘူးလား ဆိုသည့္အထာႏွင့္ ႏႈတ္ခမ္းေထာ္ထားသည္။ ေဇသုခအတြက္ ဆန္းမေနေတာ့။ လူႀကီးနဲ႔ လူငယ္ သေဘာထား ကြဲလြဲမႈေတြအေပၚ ရိုးေနပါၿပီ။

____________________________________________________________________________

"ညီ......"

ျခံေရွ႕မွာ ကားရပ္သံၾကား၍ အေျပးအလႊား ထြက္ၾကည့္မိရာ စိတ္အစဥ္မွာ ေတာင္ေလရူးလို လားရာစံု ေပါက္ခုန္ေနေတာ့သည္။ ႏႈတ္ခမ္းဝက မုန္႔ဆီေၾကာ္ႀကီး ျပဳတ္က်ၿပီးကာမွ ပန္းကန္ေပၚ သြားတင္ေနသလိုပင္။ ဝမ္းေျမာက္မႈက ဟိုအဆိုေတာ္ သီခ်င္းလို အတိုင္းထက္လြန္ပဲ ေပါ့။

"ငါတစ္ေယာက္တည္း မအိပ္ရဲလို႔"

ကားေသာ့ ေျမႇာက္ျပ၍ ေမ်ာက္ကေလးငွက္ေပ်ာသီးေတာင္းသလို မ်က္ႏွာေပးႏွင့္ ေျပာေနသည့္ ညီ့ကို ပိုင္ရွင္ ေခါင္းသာ အသာရမ္းျပမိသည္။

"ေဆာင္းေလးကေရာ...."

"သူက အိုေကတယ္။ ငါ တစ္ေယာက္တည္း မအိပ္ရဲတာပါဆို။ ငါ့ေခါင္းအံုးေလးက ပိုင္ရွင္....ပိုင္ရွင္ နဲ႔ ေအာ္ေခၚေနတယ္"

"ေခါင္းအံုးေတြနဲ႔ေတာင္ စကားေျပာေနၿပီဆိုေတာ့။ ဆရာဝန္နဲ႔ ေဆြးေႏြးရံုေလာက္ မရေတာ့ဘူး။ ရြာသာႀကီးပို႔မွ ရေတာ့မယ္"

"မင္းနဲ႔သာဆိုရင္ ခေယာင္းလမ္းပဲျဖစ္ျဖစ္၊ ဆူးခင္းၾကမ္းပဲ ျဖစ္ျဖစ္"

"ကန္ေတာ့ပါေသးရဲ႕ တစ္ေယာက္တည္းသြားပါဦး"

"ပိုင္....ရွင္...."

"ခဏေစာင့္ ဦးေႏြကို သြားေျပာလိုက္ဦးမယ္"

ဘာပဲျဖစ္ျဖစ္ ညီ့နား ေနခြင့္ရရံု အရူးတစ္ေယာက္လို ေပ်ာ္ေနသူက ပိုင္ရွင္ ကိုယ္တိုင္ပါ။ သဝန္ေၾကာင္မႈ၊ သံသယဝင္မႈ၊ အထင္လြဲမႈ ဆိုတဲ့ ဝိဥာဥ္ဆိုးေတြဟာ ညီ့ရဲ႕ ပိုင္ရွင္ဆိုေသာ ေခၚသံေအာက္ ဒူးေထာက္အရည္ေပ်ာ္ၾကသည္။

"လမ္းထိပ္မွာ ေျမအိုးၿမီးရွည္ ဝင္ေသာက္ရေအာင္။ ငါ ဗိုက္ဆာေနၿပီ"

"သေဘာ........"

လမ္းထိပ္ကဆိုင္မွာ သူ႔စိတ္ႀကိဳက္ စားေသာက္ေနစဥ္ ပိုင္ရွင့္မွာ ေငးၾကည့္ေနရံု။ ငံုးဥကို တစ္လံုး အပိုေတာင္း၍ အတင္းခြံ႕ေကၽြးေတာ့လည္း စားရေသးသည္။ ထံုးစံအတိုင္း ရိုဆန္ဆန္လို႔ မေတြးပါနဲ႔။ ပူပူေလာင္ေလာင္ကို "ေရာ့စား"ဟု ထိုးထည့္သြား၍ "အားလားလား..."ဆိုၿပီး အာေခါင္ထဲ ဟိုလွိမ့္ဒီလွိမ့္ၿပီး ဝါးရတဲ့အျဖစ္။ ဒါကို ညီက ခြက္ထိုးခြက္လန္ ရယ္ေနေသးသည္။

"ဟမ္....အန္တီဟာကလည္း သံုးရာေတာင္ ေစ်းတက္သြားတာလား။ ဟိုလက စားတုန္းကေတာင္ ေထာင့္ငါးရာပါ"

"ကိုညီေတဇရယ္ မီတာခေတြ တက္တယ္ေလ။ မီတာခတက္ရၾကားထဲ  ကုန္ေစ်းႏႈန္းေတြပါ ထပ္တက္။ အလုပ္သမားေတြကလည္း အိမ္လခတက္လို႔ လစာတိုးေတာင္း ေနၾကေသးတယ္။ အဲ့ဒီေလာက္ ေစ်းတက္တာေတာင္ ေတာ္ကာမက်ဘူး။"

"ဒီလိုသာ တက္ေနရင္ အေဆာင္ေန ဟင္းဝယ္စားေနတဲ့ ကၽြန္ေတာ့္ေကာင္ေတြလည္း လစာတိုးေတာင္း ၾကေတာ့မွာေပါ့။ ဒါဆို ကၽြန္ေတာ္လည္း အကုန္လိုက္တက္ရေတာ့မလားပဲ။"

မီတာခေတြ တက္တာေတာ့ သတင္းမွာ ပါ၍ သိရသည္။ မီတာခေၾကာင့္ အေျခခံလုပ္သားေတြ အဆင္မေျပျဖစ္၍ ဆနၵျပထုတ္ေဖာ္မႈေတြလည္း သတင္းမွာ ပလူပ်ံေန၏။ အခုတေလာ ဗစ္တိုးရီးယား ကိစၥေပၚလာ၍သာ ဆနၵျပတဲ့ သတင္းေတြ ေခတၱငုတ္လၽွိဳေနၾကတာပင္။ လက္ေတြ႕ အခက္အခဲကို နားေထာင္လိုက္ရေတာ့ "ဟုတ္တာပဲ"ဟု သက္ျပင္းခ်မိသည္။ ဘာအေရးလဲ ကိုယ္မွအလံုးစံု နားမလည္ပဲေလ။

______________________________________

"ပိုင္ရွင္ ငါတို႔ႏွစ္ေယာက္ အတူေနရင္ သံုးထပ္တိုက္ေလး ေဆာက္ရေအာင္"

ပိုင္ရွင္ ေျခလက္ေဆးၿပီး၍ ကုတင္ေပၚ စာအုပ္ဖတ္ေနစဥ္ ညီက သြားပြတ္တံတန္းလန္းႏွင့္ ကုတင္ေျခရင္းမွာ ထိုင္ေနရင္း စကားစသည္။

"အင္း....."

"သားေလးႏွစ္ေယာက္ေမြးၾကမယ္"

"မင္းေမြးမွာလား"

"ငါက စီးပြားရွာမွာေလ။ မရွာတဲ့သူ ေမြးေပါ့"

"ငါလည္း ထိုင္စားမွာမွ မဟုတ္တာ"

"ေနကြာ....။ ေရလိုက္ငါးလိုက္ ေတြးထားကြာ။ အခ်ိန္က်မွ အဆင္ေျပတဲ့သူ ေမြးၾကမယ္။"

ပိုင္ရွင္ စာအုပ္ေဘးခ်၍ ညီ့ေဘး သြားထိုင္လိုက္သည္။ညီက ပါးစပ္ထဲက သြားတိုက္ေဆးေတြကို အေျပးပလုတ္က်င္း၍ ပိုင္ရွင့္ေပါင္ေပၚ တက္ေခြကာ လည္ပင္းကို သိုင္းဖက္ထားသည္။

"ကေလးႏွစ္ေယာက္ကို ညီပိုင္ရွင္နဲ႔ ဘုန္းေတဇ လို႔ နာမည္ေပးမယ္"

"ေယာက်ာ္းေလးေတြေပါ့"

"အင္း....။အဲ့ဒီမွာ အင္းေခြးတစ္ေကာင္၊ စုတ္ဖြားတစ္ေကာင္ ေမြးထားမယ္။ ၿပီးေတာ့ Igမွာ နာမည္ႀကီးေနတဲ့ ဆယ္လီေၾကာင္ေလးကို သြားဝယ္ၿပီး ေမြးဦးမယ္။ မ်က္ခံုးျဖဴေမ်ာက္ေလး ႏွစ္ေကာင္ေလာက္ေရာ၊ ၾကက္တူေရြးေလး တစ္ေကာင္ေလာက္ေတာ့ ထားဦးမွေနာ္။ ၿပီးေတာ့ ရွိေသးတယ္ ျခေသၤ့လိမၼာႀကီးတစ္ေကာင္ေလာက္ ေမြးၾကမယ္။ ေငြဝင္ေအာင္ ေႁမြႀကီး တစ္ေကာင္ေလာက္ ထပ္ထည့္ၾကမလား။လာဘ္ေခၚဇီးကြက္ကို သူမ်ားေတြလို အရုပ္မဝယ္ဘဲ သက္ရွိဝယ္ထားၾကမယ္။ ယုန္ျဖဴေလး သံုးေလးေကာင္ေလာက္ေရာ ေမြးခ်င္တယ္။ ဟိုတစ္ေန႔က ေတြ႕ခဲ့တာ ေသာက္ရမ္း ခ်စ္ဖို႔ေကာင္းတယ္"

"ညီ...."

"အင္း....မင္းေရာ ဘာေမြးခ်င္ေသးလဲ"

"သံုးထပ္တိုက္ႀကီးမွာ တိရစၧာန္ေတြ ထားၿပီး။ ငါတို႔က ျခံထဲမွာ တဲထိုးေနၾကမွပဲ ရေတာ့မယ္ေနာ္။ေတာ္ေတာ္မ်ားေနၿပီ"

ညီ ပိုင္ရွင့္ေပါင္ကို ေျဖာင္းခနဲ ခ်၍ လက္မေထာင္ျပကာ

"အဲ့ဒီအၾကံ မဆိုဘူး။ အဲ့ဒီတဲေလးမွာ ငါတို႔ ဟိုကိစၥလုပ္ၾကတာေပါ့"

"ဘာ....ဘာ....ကိစၥလဲ ညီရ"

"ဘာေတြေတြးေနလို႔ စကားေတာင္ ထစ္ေနတာလဲ။ ငါက ကေလးေတြကို ျပဳစုတဲ့ ကိစၥကိုေျပာတာ။ ၿပီးေတာ့ ငါတို႔ အဂၤါၿဂိဳလ္ကို ခဏသြားလည္ ရေအာင္"

"ေတာ္ၿပီလား။ လကမၻာေရာ မသြားဘူးလား"

"ေတာ္ၿပီ အဂၤါၿဂိဳလ္ပဲ သြားမယ္။ အဲ့ဒီမွာ ငါတို႔ ဟိုကိစၥလုပ္ၾကည့္ရေအာင္"

"လာျပန္ၿပီ ဘာကိစၥလဲ"

"မင္းကလည္း ထထေမးတယ္ေနာ္။ လမ္းေလၽွာက္ၾကည့္တာတို႔ ဘာတို႔ကို ေျပာတာကြာ။ "

"ၿပီးၿပီလား ဘာထပ္ေမြးၿပီး ဘယ္သြားဦးမလဲ"

"ၿပီးၿပီ အခုေလာေလာဆယ္ ငါတို႔ဟိုကိစၥလုပ္ရေအာင္ ပိုင္ရွင္"

"ဘာကိစၥလဲ ညီရ"

"အ...."

ရင္ဘက္းနားတစ္ဝိုက္ လက္ညႇိဳးဖ်ားႏွင့္ တို႔ထိရင္း အထိမခံတဲ့ေနရာကိုပါ မထိတထိ လာကလိ၍ ေယာင္ယမ္းထမိေတာ့ ေပါင္ေပၚက ညီ့ကိုယ္ေလး ကုတင္ေအာက္ ျပဳတ္က်သြားသည္။

"နာသြားၿပီလား။ ဘာလို႔ လာစေနလဲကြာ..."

"ဘာစလို႔လဲ။ ငါက ေျခလက္ေဆးၿပီး အိပ္ဖို႔ ကိစၥကို ေျပာတာ။ မင္းက အေတြးနပိုလီယံလုပ္ၿပီး ပစ္ခ်တာ။ မင္းေနာ္ မရိုးဘူး။ "

"ငါ ရိုးပါတယ္ ညီရ"

"မရိုးပါနဲ႔ကြာ ပိုင္ရွင္ကလည္း..."

"ရိုး...ရိုး....ဟာ ညီရာ လာမစနဲ႔ကြာ။ ေျခလက္ေဆး မ်က္ႏွာသစ္ေတာ့"

ညီက တဟားဟားရယ္၍ ေရခ်ိဳးခန္းထဲ ဝင္သြား၍သာ ေတာ္ေတာ့၏။ အာေခါင္ေတြ ေျခာက္လာ၍ ေရတစ္ခြက္ အျမန္ေသာက္ခ်ကာ ဖတ္လက္စ စာအုပ္ဆီ အာရံုျပန္ပို႔ရသည္။
အခ်စ္ဟာ ခ်စ္တာႏွင့္ ျပည့္စံုတာေတာ့ မွန္သည္။ ပိုင္ရွင္ ဘာသားႏွင့္ ထုထားတဲ့ လူသားမို႔လဲ။ အလိုရမၼက္၊ စိတ္ဆနၵတို႔ႏွင့္ ဖြဲ႕စည္းထားေသာ လူသားတစ္ေယာက္ပဲေလ။

____________________________________________________________________________

ဗီတာမင္အျပည့္ မနက္ခင္းေနေရာင္က ပိုင္ရွင့္မ်က္ႏွာဆီ လာကလူေနသည္။ ေခါင္းရင္းအိမ္မွ ေက်ာင္းသြားဖို႔ ျပင္ဆင္ေနတဲ့ ေက်ာင္းသားေလးေတြအသံက နားထဲ မိတ္ဆက္လ်က္။ ႏွာဖ်ားဆီမွ တိုးဝင္လာတဲ့ ေခါင္းေလၽွာ္ရည္နံ႔ေလးေၾကာင့္ မ်က္လံုးအစံု ဖြင့္ၾကည့္မိသည္။

အတင္းတိုးေဝွ႕ ဖက္ထား၍ ရင္ခြင္ထဲ အတိအပ ေခြဝင္ေနတဲ့ ညီ့ကိုယ္ေလးကို တင္းၾကပ္စြာ ျပန္လည္ေပြ႕ထားလိုက္ကာ ဆံပင္ေတြဆီ ငံု႔နမ္းမိသည္။ ရုတ္ခ်ည္း ျဖတ္ေျပးသြားေသာ အျပံဳးေၾကာင့္ ညီပါ ႏိုးေနၿပီ ျဖစ္ေၾကာင္း သိလိုက္သည္။

"ႏိုးေနရင္လည္း ထေတာ့"

"မႏိုးေသးပါဘူး ဒီမွာ အိပ္ေကာင္းတုန္း"ဟု ဆိုေနစဥ္ ဖုန္းက ထျမည္သည္။

"ညီ ဖုန္းလာေနတယ္"

"အေႏွာင့္ပဲကြာ......"

ဆံပင္စုတ္ဖြားနဲ႔ ထသြားတဲ့ ညီ့ကို သေဘာတက် ထိုင္ေငးၾကည့္ေနလိုက္သည္။ ဖုန္းေျပာေနတာက အေျခအေန သိပ္မဟန္။

"ဘာ...တစ္ကယ္လား။ ဝက္မကေတာ့ သာသနာဖ်က္ျပန္ၿပီကြာ....."ဟု မ်က္စိမ်က္ႏွာပ်က္ ဆိုေနသည္။ "ေအး ငါလာခဲ့မယ္"ဆိုေသာ ေနာက္ပိတ္စကားေၾကာင့္ ညီ ေလဆိပ္ လိုက္မပို႔ႏိုင္ ဆိုတာ နားလည္လိုက္သည္။

"ပိုင္ရွင္....ေဆာင္းေလးက တစ္ကယ္ ေဆးရံုတင္လိုက္ရတယ္တဲ့"

"တစ္ကယ္ဆိုေတာ့ မေန႔ကတင္ထားရတယ္ ဆိုတာက"

"အဲ....ဟဲ....ဟဲ...." ဆံပင္ကို သပ္တင္လိုက္။ ဂုတ္ပိုး ပြတ္သက္လိုက္။ ေျခက ဟိုကန္ဒီကန္လိုက္ႏွင့္ ညီ့ပံုစံက ပုရြက္ဆိတ္အံု တက္နင္းမိထားသူလို ဂဏာမၿငိမ္။ ပိုင္ရွင္က ညီ ေျပာလာမည့္ ေျဖရွင္းခ်က္ကို စိတ္ရွည္လက္ရွည္ ေစာင့္ေနမိသည္။

"အမွန္ေတာ့ ဒီေန႔ အန္တီငယ္တို႔ ျပန္မွာမလို႔ မေန႔ညက ႏႈတ္ဆက္ပြဲ ရွိတာ။ မင္းနဲ႔စားဖို႔ကို ဖ်က္ၿပီး အဲ့ဒီဘက္ ဦးစားေပးလိုက္တာႀကီးက မင္းစိတ္မေကာင္း ျဖစ္မွာ စိုးတာနဲ႔.....အဲ့ဒါ....။ ဒါေပမယ့္ ငါ မင္းဆီပဲ ေျပးလာခဲ့တာပါ"

"ငါ ဟိုတစ္ခါကလည္း ေျပာတယ္။ ငါစိတ္မေကာင္းျဖစ္မွာစိုးလို႔ မင္းနဲ႔ငါ့ၾကား ဖံုးကြယ္လိုက္ရတာႀကီးက ငါ့ကို ပိုစိတ္မေကာင္းျဖစ္ေစတယ္ ညီရာ။ငါ ဘာကိစၥျဖစ္ျဖစ္ နားလည္ေပးႏိုင္ပါတယ္။ ငါ့ကို ယံုတယ္မလား"

ပိုင္ရွင္ စိတ္ထဲ မြန္းၾကပ္၍ သက္ျပင္းႀကီးသံ မႈတ္ထုတ္လိုက္ေတာ့

"ေအးပါကြာ။ ငါ မင္းကို ယံုပါတယ္။ ေနာက္ခါ အဲ့ဒီလို မေျပာေတာ့ပါဘူး။ အခုေတာ့ မ်က္ႏွာႀကီး ပုတ္မထားနဲ႔ကြာ။ မေနတတ္ဘူး"

"အခု ေဆာင္းေလးဆီ သြားရမယ္မလား။ မ်က္ႏွာသစ္ရေအာင္"

"ဘာပဲျဖစ္ျဖစ္ ငါ့ကို ခ်စ္တယ္မလား။ ငံုထားမတက္ ။ ဘဝႀကီးေလာက္ကို ။"

"ဘာျဖစ္လဲ..."

"ခ်စ္တယ္မလားလို႔"

"ဘယ္သူ႔ကိုလဲ"

"ငါ့ကို"

"ဘာလုပ္ရမွာလဲ"

"မင္းက ဘာလုပ္ခ်င္လို႔လဲ ပိုင္ရွင္"

"မ်က္ေခ်းေတြနဲ႔ မ်က္ႏွာသြားသစ္"

"က်က္သေရတံုးတာႀကီးကြာ။ ေသာက္ရမ္းခ်စ္တာပဲ"ဟု ေျခေစာင့္ဖေနာင့္ေပါက္ၿပီး ေျပာသြားသူေၾကာင့္ ပိုင္ရွင့္ျပံဳးပန္းက ပြင့္လန္းရတာပါပဲ။

အိမ္ကို လိုက္ပို႔ေပး၍ "Safe Flightေနာ္ ပိုင္ရွင္"ဟု ေျပာကာ အရွိန္မွန္မွန္ ထြက္သြားတဲ့ ကားေလးကို မ်က္စိတစ္ဆံုး ရပ္ၾကည့္ေနမိေသးသည္။

ပိုင္ရွင္ ေလဆိပ္ထြက္ရမည့္ အခ်ိန္တိုင္း ညီ့အေျပးသြားေတြ႕ရသည့္ မိန္းကေလးဟာ...
Ahh! S**t ဒီအေတြးေတြ ပိုင္ရွင္ မေတြးခ်င္။ အဓိကဟာ ညီဟာ ပိုင္ရွင့္ကို တစ္ကယ္ခ်စ္တာ။ ဒါကို ယံုၾကည္ေနေပးဖို႔သာ လိုသည္။ ေလထုထဲ သံသယေတြ မႈတ္ထုတ္လိုက္သည္။

"ဟူး.............."

တစ္ခ်ိဳ႕ေသာ ခ်ိန္းဆိုမႈေတြဟာ အမွတ္မထင္ တိုက္ဆိုင္မႈေတြေၾကာင့္ အလြဲလြဲ ကြဲျပားသြားတတ္ပါသလား......။

__________________________________________________________________________________________________________________

AN/ ခင္ဗ်ားတို႔လည္း ဟိုကိစၥလုပ္ၾကဦး။ က်န္းမာေရး ဂရုစိုက္ဖို႔တို႔ ဘာတို႔ ကိစၥ ေျပာပါတယ္။....:3

############################

Unicode

"ပိုင်ရှင်ရာ ငါအားနာလိုက်တာ။ ဆောင်းလေး ဆေးရုံထိ ရောက်တယ် ဆိုတော့ မလွဲှသာလို့"

"ရတယ်။ ရတယ် ညီ။ မင်းသာ တစ်ခုခုစားဦး။ ဘာစားမလဲ။ လာပို့ပေးရမလား"

"နေ နေ နေ ရတယ် ပိုင်ရှင်။ ငါက အသံကြားရုံ အားပြည့်တယ်"

"အပိုလေးက ပြောလိုက်ရမှ။ တစ်ခုခုစားဦးနော်"

"အင်းပါ။ ချစ်တယ်နော် ။ အာဘွား....."

ဖုန်းချသည်နှင့်အတူ သက်ပြင်းပါ ရောချလိုက်သည်။

"ငါကတော့ မတရားဘူးလို့ ထင်တယ်"

"မင်းကိုလည်း မဟော်သဓာ တရားစီရင်ခန်း ကခိုင်းနေတာ မဟုတ်ဘူး။ ညစ်နေတယ်။ အေးဆေးနေ ဇေသုခရာ"

ပိုင်ရှင် လာလည်တဲ့ နှစ်လနီးပါးလုံး ညီ့မှာ ယားလျှင်ပင် နေရာမှတ်ထား ညအိပ်ချိန် ရောက်မှ ပေါင်းကုပ်ရလောက်သည့် အခြေအနေ ဖြစ်နေသည်။ အန်တီငယ်ရဲ့ ယုံကြည်မှုခံရဖို့ လသာတုန်းဗိုင်းကို ရသမျှအစွမ်းကုန် ငင်နေရသည်။ ညီ့ကိုတွေ့ချင်လျင် ပိုင်ရှင်က ညနေအလုပ်ဆင်းချိန် လာစောင့်ရတဲ့ အဖြစ်။ ညီ သက်ပြင်းကို မသိမသာ ရှိုက်ထုတ်လိုက်သည်။

"မင်း စဉ်းစားလေ။ ပိုင်ရှင် လာလည်တာ နှစ်လ။မင်းသူ့အတွက် အချိန်ပေးဖူးလား"

ညီ ဆံပင်တွေ ဆွဲဖွပစ်လိုက်သည်။ စီးကရက်မီးညှိ၍ ပါးစပ်နားတပ်ပြီးမှ သောက်ချင်စိတ် မရှိတော့သောကြောင့် ပြာခွက်ထဲ ထိုးချလိုက်သည်။

"ငါတို့ကလေးတွေ မဟုတ်ဘူး ဇေသုခ။ ငါက စီးပွားရေး လုပ်နေတဲ့သူ။ ပိုင်ရှင်က ပညာရေး လုပ်နေတဲ့သူ။ ဝါသနာလည်း မတူသလို ကြိုးစားပုံလည်း မတူဘူး။ ငါတို့ကြားမှာ အချိန်ပေးမှ မဟုတ်ဘူး။ ယုံကြည်မှုနဲ့ ချစ်တဲ့စိတ် ရှိတယ်။ ငါသူ့ကို ဘယ်လောက် ချစ်တယ်ဆိုတာ သူသိတယ်။ ငါ့စီးပွားရေးကို သူနားလည်ပေးတယ် ဇေသုခ"

အမှန် ညီ့ ကိုယ့်ကိုယ်ကို နှစ်သိမ့်နေခြင်း ဖြစ်သည်။ လူတစ်ယောက်က လူတစ်ယောက်အပေါ် မတရားကျူးလွန်နေမိပြီဆို ငါသူ့အပေါ် ဘာတွေ ကောင်းခဲ့ဖူးတာပဲလို့ ကိုယ်ရည်ကိုယ်သွေး တွေးတတ်ကြတာပဲမလား။

"ဟုတ်ပါတယ်။ အရင်နေ့တွေက ကိစ္စတွေ ငါမပြောဘူး။ ဒီနေ့ကိစ္စက မင်းလွန်တယ်။ သူက မနက်ဖြန် ပြန်သွားရတော့မှာ။ ဒီနေ့တစ်နေကုန် မင်းနဲ့တွေ့ဖို့ သူဈေးသွားတယ်။ ခြံရှေ့မှာ ကားရပ်စောင့်နေတယ်။ အခုမင်းက မတွေ့နိုင်ဘူး ပြောလိုက်တော့ ......။ သူနားလည်ပေးမှာပါလို့ သူ့စိတ်နဲ့ မင်းတွေးပေးမနေနဲ့။ သူ့နေရာမှာ မင်းသာဆိုရင်လို့ တွေ့ကြည့်စမ်းပါ"

ညီ ပဉ္စမအကြိမ်မြောက် သက်ပြင်းထပ်ချလိုက်သည်။ သက်ပြင်းတစ်ခါချတိုင်း အသက်တိုရမယ်ဆို ညီ့ရဲ့ သက်တမ်းက ဒီနေ့တစ်ရက်နဲ့တင် တစ်ဝက်လောက် တိုသွားလောက်ပြီ။

"ငါသွားမယ် ။ ဇေသုခ မင်း အန်တီငယ်ကို ကြုတ်ကြက်လိ လိုက်တော့"

"အေး...လိ လိုက်မယ်"

ညီ ထထွက်လာတော့

"မေမေတို့လည်း မနက်ဖြန်ပြန်မှာလေ တေဇ။ မေမေပွားနေမယ်နော်"ဟု ဆောင်းလေးက စိုးရိမ်တကြီး လှမ်းသတိပေးသည်။ ဇေသုခက ယင်ကောင်ခါသလို လက်ငါးချောင်း ပြုတ်ထွက်မတက်ခါပြ၍ "သွား....သွား...."ဟု တွန်းအားပေးသည်။

"ဆောင်းလေး အန်တီငယ်တို့ ဟိုတစ်ပတ်ထဲက ပြန်မယ် ပြောနေတာ မဟုတ်ဘူးလား"

"အေးလေ ။လေယာဉ်အဆင်မပြေလို့ ရက်ရွှေ့လိုက်တာ။"

"ရွှေ့တဲ့ရက်ကလည်း တိုက်ဆိုင်လိုက်တာ"

ဆောင်းလေးက စားနေလက် ခရင်းကို အသာချပြီး ခနဲသလို တစ်ချက်ပြုံးသည်။

"သုခ နင်ပြောနေတဲ့ ပုံစံကြီးကလည်း ငါကပဲ တေဇနဲ့အကိုပိုင်ရှင်ကို အတူမနေစေချင်လို့ ရက်ရွှေ့လိုက်တဲ့ အတိုင်း"

"ပြောမရဘူးလေ....."

"ဟဲ့.....အမလေးဟယ် နင့်တေဇက ပတ်ကြားအက်နေတာ ရေဂါလံလိုက် လောင်းတာတောင်  မရတော့တဲ့ဟာ။ ငါက မီးသတ်ပိုက် အကူအညီတောင်းမလား။ ရူးနေတာလည်း မဟုတ်"

"မသိဘူးလေ။ နင်က ကြိတ်ရူးနေမလားမှ မသိတာ"

"သေနာစုတ်.....။ ကိုယ့်ညီမလေးကို အကောင်းကို မပြောဘူး"

"မရူးရင် ပြီးတာပဲ"

အန်တီငယ်ရောက်လာတော့ လူကြီးကို မလေးစားရကောင်းလား။ ဒီလောက်တောင် အခွင့်အလမ်း မသိတတ်ရင် ရှေ့ဆက်လုပ်မယ့် လုပ်ငန်းတွေ ဘယ်လို စိတ်ချရမလဲ။ ပေါက်ပေါက်ဖောက်နေတော့သည်။ ဆောင်းလေးက မပြောဘူးလား ဆိုသည့်အထာနှင့် နှုတ်ခမ်းထော်ထားသည်။ ဇေသုခအတွက် ဆန်းမနေတော့။ လူကြီးနဲ့ လူငယ် သဘောထား ကွဲလွဲမှုတွေအပေါ် ရိုးနေပါပြီ။

____________________________________________________________________________

"ညီ......"

ခြံရှေ့မှာ ကားရပ်သံကြား၍ အပြေးအလွှား ထွက်ကြည့်မိရာ စိတ်အစဉ်မှာ တောင်လေရူးလို လားရာစုံ ပေါက်ခုန်နေတော့သည်။ နှုတ်ခမ်းဝက မုန့်ဆီကြော်ကြီး ပြုတ်ကျပြီးကာမှ ပန်းကန်ပေါ် သွားတင်နေသလိုပင်။ ဝမ်းမြောက်မှုက ဟိုအဆိုတော် သီချင်းလို အတိုင်းထက်လွန်ပဲ ပေါ့။

"ငါတစ်ယောက်တည်း မအိပ်ရဲလို့"

ကားသော့ မြှောက်ပြ၍ မျောက်ကလေးငှက်ပျောသီးတောင်းသလို မျက်နှာပေးနှင့် ပြောနေသည့် ညီ့ကို ပိုင်ရှင် ခေါင်းသာ အသာရမ်းပြမိသည်။

"ဆောင်းလေးကရော...."

"သူက အိုကေတယ်။ ငါ တစ်ယောက်တည်း မအိပ်ရဲတာပါဆို။ ငါ့ခေါင်းအုံးလေးက ပိုင်ရှင်....ပိုင်ရှင် နဲ့ အော်ခေါ်နေတယ်"

"ခေါင်းအုံးတွေနဲ့တောင် စကားပြောနေပြီဆိုတော့။ ဆရာဝန်နဲ့ ဆွေးနွေးရုံလောက် မရတော့ဘူး။ ရွာသာကြီးပို့မှ ရတော့မယ်"

"မင်းနဲ့သာဆိုရင် ခယောင်းလမ်းပဲဖြစ်ဖြစ်၊ ဆူးခင်းကြမ်းပဲ ဖြစ်ဖြစ်"

"ကန်တော့ပါသေးရဲ့ တစ်ယောက်တည်းသွားပါဦး"

"ပိုင်....ရှင်...."

"ခဏစောင့် ဦးနွေကို သွားပြောလိုက်ဦးမယ်"

ဘာပဲဖြစ်ဖြစ် ညီ့နား နေခွင့်ရရုံ အရူးတစ်ယောက်လို ပျော်နေသူက ပိုင်ရှင် ကိုယ်တိုင်ပါ။ သဝန်ကြောင်မှု၊ သံသယဝင်မှု၊ အထင်လွဲမှု ဆိုတဲ့ ဝိဉာဉ်ဆိုးတွေဟာ ညီ့ရဲ့ ပိုင်ရှင်ဆိုသော ခေါ်သံအောက် ဒူးထောက်အရည်ပျော်ကြသည်။

"လမ်းထိပ်မှာ မြေအိုးမြီးရှည် ဝင်သောက်ရအောင်။ ငါ ဗိုက်ဆာနေပြီ"

"သဘော........"

လမ်းထိပ်ကဆိုင်မှာ သူ့စိတ်ကြိုက် စားသောက်နေစဉ် ပိုင်ရှင့်မှာ ငေးကြည့်နေရုံ။ ငုံးဥကို တစ်လုံး အပိုတောင်း၍ အတင်းခွံ့ကျွေးတော့လည်း စားရသေးသည်။ ထုံးစံအတိုင်း ရိုဆန်ဆန်လို့ မတွေးပါနဲ့။ ပူပူလောင်လောင်ကို "ရော့စား"ဟု ထိုးထည့်သွား၍ "အားလားလား..."ဆိုပြီး အာခေါင်ထဲ ဟိုလှိမ့်ဒီလှိမ့်ပြီး ဝါးရတဲ့အဖြစ်။ ဒါကို ညီက ခွက်ထိုးခွက်လန် ရယ်နေသေးသည်။

"ဟမ်....အန်တီဟာကလည်း သုံးရာတောင် ဈေးတက်သွားတာလား။ ဟိုလက စားတုန်းကတောင် ထောင့်ငါးရာပါ"

"ကိုညီတေဇရယ် မီတာခတွေ တက်တယ်လေ။ မီတာခတက်ရကြားထဲ  ကုန်ဈေးနှုန်းတွေပါ ထပ်တက်။ အလုပ်သမားတွေကလည်း အိမ်လခတက်လို့ လစာတိုးတောင်း နေကြသေးတယ်။ အဲ့ဒီလောက် ဈေးတက်တာတောင် တော်ကာမကျဘူး။"

"ဒီလိုသာ တက်နေရင် အဆောင်နေ ဟင်းဝယ်စားနေတဲ့ ကျွန်တော့်ကောင်တွေလည်း လစာတိုးတောင်း ကြတော့မှာပေါ့။ ဒါဆို ကျွန်တော်လည်း အကုန်လိုက်တက်ရတော့မလားပဲ။"

မီတာခတွေ တက်တာတော့ သတင်းမှာ ပါ၍ သိရသည်။ မီတာခကြောင့် အခြေခံလုပ်သားတွေ အဆင်မပြေဖြစ်၍ ဆန္ဒပြထုတ်ဖော်မှုတွေလည်း သတင်းမှာ ပလူပျံနေ၏။ အခုတလော ဗစ်တိုးရီးယား ကိစ္စပေါ်လာ၍သာ ဆန္ဒပြတဲ့ သတင်းတွေ ခေတ္တငုတ်လျှိုနေကြတာပင်။ လက်တွေ့ အခက်အခဲကို နားထောင်လိုက်ရတော့ "ဟုတ်တာပဲ"ဟု သက်ပြင်းချမိသည်။ ဘာအရေးလဲ ကိုယ်မှအလုံးစုံ နားမလည်ပဲလေ။

______________________________________

"ပိုင်ရှင် ငါတို့နှစ်ယောက် အတူနေရင် သုံးထပ်တိုက်လေး ဆောက်ရအောင်"

ပိုင်ရှင် ခြေလက်ဆေးပြီး၍ ကုတင်ပေါ် စာအုပ်ဖတ်နေစဉ် ညီက သွားပွတ်တံတန်းလန်းနှင့် ကုတင်ခြေရင်းမှာ ထိုင်နေရင်း စကားစသည်။

"အင်း....."

"သားလေးနှစ်ယောက်မွေးကြမယ်"

"မင်းမွေးမှာလား"

"ငါက စီးပွားရှာမှာလေ။ မရှာတဲ့သူ မွေးပေါ့"

"ငါလည်း ထိုင်စားမှာမှ မဟုတ်တာ"

"နေကွာ....။ ရေလိုက်ငါးလိုက် တွေးထားကွာ။ အချိန်ကျမှ အဆင်ပြေတဲ့သူ မွေးကြမယ်။"

ပိုင်ရှင် စာအုပ်ဘေးချ၍ ညီ့ဘေး သွားထိုင်လိုက်သည်။ညီက ပါးစပ်ထဲက သွားတိုက်ဆေးတွေကို အပြေးပလုတ်ကျင်း၍ ပိုင်ရှင့်ပေါင်ပေါ် တက်ခွေကာ လည်ပင်းကို သိုင်းဖက်ထားသည်။

"ကလေးနှစ်ယောက်ကို ညီပိုင်ရှင်နဲ့ ဘုန်းတေဇ လို့ နာမည်ပေးမယ်"

"ယောကျာ်းလေးတွေပေါ့"

"အင်း....။အဲ့ဒီမှာ အင်းခွေးတစ်ကောင်၊ စုတ်ဖွားတစ်ကောင် မွေးထားမယ်။ ပြီးတော့ Igမှာ နာမည်ကြီးနေတဲ့ ဆယ်လီကြောင်လေးကို သွားဝယ်ပြီး မွေးဦးမယ်။ မျက်ခုံးဖြူမျောက်လေး နှစ်ကောင်လောက်ရော၊ ကြက်တူရွေးလေး တစ်ကောင်လောက်တော့ ထားဦးမှနော်။ ပြီးတော့ ရှိသေးတယ် ခင်္သြေ့လိမ္မာကြီးတစ်ကောင်လောက် မွေးကြမယ်။ ငွေဝင်အောင် မြွေကြီး တစ်ကောင်လောက် ထပ်ထည့်ကြမလား။လာဘ်ခေါ်ဇီးကွက်ကို သူများတွေလို အရုပ်မဝယ်ဘဲ သက်ရှိဝယ်ထားကြမယ်။ ယုန်ဖြူလေး သုံးလေးကောင်လောက်ရော မွေးချင်တယ်။ ဟိုတစ်နေ့က တွေ့ခဲ့တာ သောက်ရမ်း ချစ်ဖို့ကောင်းတယ်"

"ညီ...."

"အင်း....မင်းရော ဘာမွေးချင်သေးလဲ"

"သုံးထပ်တိုက်ကြီးမှာ တိရစ္ဆာန်တွေ ထားပြီး။ ငါတို့က ခြံထဲမှာ တဲထိုးနေကြမှပဲ ရတော့မယ်နော်။တော်တော်များနေပြီ"

ညီ ပိုင်ရှင့်ပေါင်ကို ဖြောင်းခနဲ ချ၍ လက်မထောင်ပြကာ

"အဲ့ဒီအကြံ မဆိုဘူး။ အဲ့ဒီတဲလေးမှာ ငါတို့ ဟိုကိစ္စလုပ်ကြတာပေါ့"

"ဘာ....ဘာ....ကိစ္စလဲ ညီရ"

"ဘာတွေတွေးနေလို့ စကားတောင် ထစ်နေတာလဲ။ ငါက ကလေးတွေကို ပြုစုတဲ့ ကိစ္စကိုပြောတာ။ ပြီးတော့ ငါတို့ အင်္ဂါဂြိုလ်ကို ခဏသွားလည် ရအောင်"

"တော်ပြီလား။ လကမ္ဘာရော မသွားဘူးလား"

"တော်ပြီ အင်္ဂါဂြိုလ်ပဲ သွားမယ်။ အဲ့ဒီမှာ ငါတို့ ဟိုကိစ္စလုပ်ကြည့်ရအောင်"

"လာပြန်ပြီ ဘာကိစ္စလဲ"

"မင်းကလည်း ထထမေးတယ်နော်။ လမ်းလျှောက်ကြည့်တာတို့ ဘာတို့ကို ပြောတာကွာ။ "

"ပြီးပြီလား ဘာထပ်မွေးပြီး ဘယ်သွားဦးမလဲ"

"ပြီးပြီ အခုလောလောဆယ် ငါတို့ဟိုကိစ္စလုပ်ရအောင် ပိုင်ရှင်"

"ဘာကိစ္စလဲ ညီရ"

"အ...."

ရင်ဘက်းနားတစ်ဝိုက် လက်ညှိုးဖျားနှင့် တို့ထိရင်း အထိမခံတဲ့နေရာကိုပါ မထိတထိ လာကလိ၍ ယောင်ယမ်းထမိတော့ ပေါင်ပေါ်က ညီ့ကိုယ်လေး ကုတင်အောက် ပြုတ်ကျသွားသည်။

"နာသွားပြီလား။ ဘာလို့ လာစနေလဲကွာ..."

"ဘာစလို့လဲ။ ငါက ခြေလက်ဆေးပြီး အိပ်ဖို့ ကိစ္စကို ပြောတာ။ မင်းက အတွေးနပိုလီယံလုပ်ပြီး ပစ်ချတာ။ မင်းနော် မရိုးဘူး။ "

"ငါ ရိုးပါတယ်

You are reading the story above: TeenFic.Net