အခန္း(၃၀)

Background color
Font
Font size
Line height

Zawgyi

လၽွပ္စစ္မီးေရာင္ ဝင္းဝင္းေတာက္လ်က္ အလွဆင္မီးသီးမ်ားအျပည့္ႏွင့္ ျခံဝန္းႀကီးထဲ အျပံဳးတုႏွင့္ အလာပသလႅာပ အတင္းအဖ်င္း(မွားလို႔) သာေၾကာင္းမာေၾကာင္း သတင္းေကာင္း ေျပာဆိုေနသူမ်ား။ဂုဏ္သေရရွိ လူႀကီးမင္းမ်ား၏ ကားအေကာင္းစားႀကီးမ်ားက အစာစုေဆာင္းေနေသာ ပုရြက္ဆိတ္တန္းႀကီးပမာ ျခံေရွ႕မွာ စီတန္းလ်က္။ အေရာင္လက္လက္ တန္ဆာမ်ားကလည္း ေနေရာင္ထိုးခံရေသာ စတီးေတြပမာ မ်က္စိက်ိန္းဖြယ္ရာ။

ေဇသုခ ဒီလိုပါတီပြဲမ်ိဳးမွာ အေသမြန္းၾကပ္သည္။ ကိုယ့္ဂုဏ္သူ႔ဂုဏ္၊ သားသမီးဂုဏ္၊ ရုပ္စြအဆံုး အိမ္မွာေမြးထားတဲ့ေခြးေလး ဘာေကၽြးတာကအစ အၿပိဳင္ေျပာေနၾကတဲ့ အန္တီႀကီးေတြက တစ္မ်ိဳး။ ဘယ္ပြဲမွာ ဘယ္ေကာင္ဘယ္လို ကစ္လိုက္တဲ့အေၾကာင္း၊ ဟိုညက ယုန္ျဖဴမေလးကို ေၾကာင္ပါးအိုၿကီး အဘယ္ပံုနဲ႔ ခုန္အုပ္ခဲ့ေၾကာင္း စျမဳပ္ျပန္အရသာခံေနသူေတြက တစ္ဖံု။

စိတ္ပ်က္ေပမယ့္လည္း အန္တီငယ္တို႔က ေဆာင္းေလးစီးပြားေရး အေျခအေန အကဲခက္ၾကည့္ခ်င္တယ္ဆိုေတာ့ ဒီလိုေတြ႕ဆံုပြဲမ်ိဳးက လုပ္ေပးမွ ျဖစ္မည္ေလ။

"ဦးေလးႀကီး ေရာက္ၿပီလား။ ဘုန္းပိုင္ရွင္တို႔ေရာ"

"အေနာက္က လိုက္လာမယ္တဲ့။ ေဆာင္းေလးအက်ႌက ဘာျဖစ္လို႔ဆိုလား။ ဘာလဲမသိ....ဝယ္ဖို႔လိုတယ္ဆိုၿပီး သံုးေယာက္သား သြားၾကေလရဲ႕"

ေဗဒါေရာင္ရွပ္နဲ႔ စတိုင္ေဘာင္းဘီကို တြဲဖက္ဝတ္ဆင္၍ ဆံပင္ေသေသသပ္သပ္ ဖီးရံုမၽွႏွင့္ ဦးေလးႀကီးဟာ ၾကည့္ေကာင္းတဲ့ လူရြယ္တစ္ေယာက္၏ ဥပဓိရုပ္အျပည့္။ ဘုန္းပိုင္ရွင္ ဝယ္ေပးထားတဲ့ နာရီတစ္လံုးကလြဲ ဘာတန္ဖိုးႀကီးမွ ဝတ္ဆင္ထားျခင္းမရွိ။ သို႔ေပမယ့္ ဒီပြဲမွာ ဝင္ဆံ့ေနသည့္ ဩဇာတိကၠမမ်ိဳး ဦးေလးၿကီးက ပိုင္ဆိုင္ထားသည္။ ျပံဳးလိုက္တိုင္း ေပၚလာတဲ့ ပါးခ်ိဳင့္ႀကီးေတြက အပ်ိဳႀကီးမမမ်ားကို ရက္ရက္ေရာေရာ ရူပဒါန ျပဳေနသလိုပင္။

"အဲ့ဒီေဆာင္းေလးကေတာ့ေလ တရားကလုတ္အတြဲ ေအးေဆးေနပါေစ။ သြားမရႈပ္နဲ႔လို႔ ေျပာထားတာကို"

ေဇသုခ မရွိတဲ့သူကို လွမ္းမဲဆူလိုက္ေတာ့

"ေနပါေစ။ ပိုင္ရွင္ကလည္း သူ႔ကို ညီမေလးလို ဂရုစိုက္ၿပီး ခ်စ္ရွာပါတယ္"

"ပိုင္ရွင္က နားလည္ေပးတတ္လို႔သာပဲ။ ကၽြန္ေတာ္သာဆို အနားမွာ ရည္းစားေဟာင္းမေျပာနဲ႔ ။ ယင္မေတာင္ အသမ္းခံမွာ မဟုတ္ဘူး"

"ယင္မသမ္းသြားရင္ ကေလးက ဘာလုပ္မလို႔လဲ"

"သိခ်င္ရင္ ဦးေလးႀကီး ကၽြန္ေတာ့္ရည္းစား ခဏလုပ္ၾကည့္ေလ"

"အမေလးဗ်ာ...."

ကိုယ္ကို အေနာက္ဘက္ အသာယိမ္း၍ ေၾကာက္ပါတယ္ ဆိုေသာဟန္ လုပ္ျပေနေသာ ဦးေလးႀကီးကို ထံုးစံအတိုင္း မ်က္ေစာင္းသာ ထိုးေကၽြးလိုက္သည္။ ေဇသုခက အရြယ္ေရာက္လာ၍ ကိုယ့္ကိုယ္ကို ကၽြန္ေတာ္ဟု သံုးႏႈန္းေသာ္လည္း ဦးေလးႀကီးမွာ ကေလးဟုသာ ႏႈတ္ဆြဲေနပံု။

"လာ ဦးေလးႀကီးကို အန္တီငယ္နဲ႔ မိတ္ဆက္ေပးမယ္"

ေျပာလည္းေျပာ ဦးေလးႀကီးလက္ကို ဆြဲ၍ အိမ္ထဲ ဆြဲေခၚလာလိုက္သည္။ ျခံထဲမွာ မီးေရာင္၊ဂုဏ္ေရာင္ေတြ ၿပိဳးၿပိဳးျပက္ျပက္ တလက္လက္ႏွင့္ တၿငိမ့္ၿငိမ့္တီးခက္ေနတဲ့ စနၵရားသံေလး တစ္မ်ိဳးေတာ့ လိုက္ဖက္စြာ ပနံသင့္ေနသလို။

"အန္တီငယ္ ဒီမွာ ေဇေဇ့အထူးဧည့္သည္နဲ႔ မိတ္ဆက္ေပးမလို႔"

"အစ္မ..."

"ငဘုန္း..."

မိတ္ဆက္ေပးဖို႔ အရွိန္ယူေနတဲ့ ေဇသုခမွာ ပါးစပ္နားေရာက္ခါနီးမုန္႔ႀကီး ျပဳတ္က်သြားသလိုပင္။ ပါးစပ္အသာပိတ္ ေၾကာင္ၾကည့္ေနရသည္။

"အစ္မတို႔ အဆင္ေျပၾကတယ္မလား "

"ခင့္ရဲ႕သားေလးနဲ႔ အတူေန,ေနတယ္ဆို"

အန္တီငယ္က တရားလိုရဲ႕ေရွ႕ေနသဖြယ္ မာန္တင္း၍ ေျပာေနသေလာက္ ဦးေလးႀကီးက တရားခံေလးလို ငံု႔လၽွိဳးေနသည္။ မၾကာေသးခင္ အခ်ိန္က ကိုယ့္ကိုယ္ကိုယံုၾကည္မႈအျပည့္ အေရာင္ဝါေတြဟာ အလံုးစံု ခဝါခ်လ်က္။

"ဟုတ္တယ္ အစ္မ"

"ခင့္ကို မသနားဘူးလား ငဘုန္းရယ္။ နင္ဘယ္လို မ်က္ႏွာနဲ႔ ခင့္ရဲ႕သားေလးကို ၾကည့္ေနလဲ ေျပာစမ္းပါ။"

"ကၽြန္ေတာ္ ကေလးကို အစ္မဆီေပးခဲ့ပါတယ္။ ကေလးက မေနႏိုင္လို႔သာ..."

"ဘာလို႔ ျပန္လက္ခံခဲ့လဲ။ နင့္အျပစ္လြတ္ေအာင္ နင္အျမဲ လုပ္တယ္။ နင္သာ လက္မခံရင္ ဒီကေလး သူ႔အေမဆီမွာပဲ ေနျဖစ္မွာ။ အဲ့ဒီလိုပဲ ခင္တို႔ ျပႆနာျဖစ္တုန္းက နင္သာထြက္သြားခဲ့ရင္ ဒီမိသားစုက မၿပိဳကြဲသြားဘူး။ အခုေတာ့ ခင့္မွာ လင္ဆံုးသားရွံဳးတဲ့အျပင္ ေဖာက္ျပန္တဲ့ အေမဂုဏ္ပါ ထပ္ရလိုက္ေသးတယ္။"

"ကၽြန္ေတာ္နဲ႔ အစ္ကို ဘာမွ မျဖစ္ခဲ့တာ အစ္မတို႔လည္း အသိပဲဗ်ာ"

"ခင္ပါ သိသြားေအာင္၊ ယံုၾကည္သြားေအာင္ နင္မရဲရင့္ခဲ့ဘူးေလ"

"အန္တီငယ္...."ေဇသုခ ဝင္ေအာ္မိသည္။ ပစၥဳန္ပၸန္မွာ ႀကိဳးစားေနတဲ့သူကို အတိတ္မွာ ဇြတ္ႏွစ္ခ်ိဳးႏွိမ္ေနတာဟာ အသံၾကားတရားလို နာ၍မေကာင္း

"ေဇေဇ နင္ကဘာသိလို႔ ဝင္ပါတာလဲ။ ကေလးက ကေလးလိုေန"

ဦးေလးႀကီးကို တစ္ခ်က္လွမ္းၾကည့္ေတာ့ တစ္သက္တစ္ကၽြန္းဟု အမိန္႔က်ခံထားရေသာ အက်ဥ္းသားႏွယ္။ ပန္းလ်စြာ ေခါင္းငိုက္စိုက္ခိလ်က္။

"သိတယ္ အန္တီငယ္။ ေလာကမွာ အမွန္တရား ျဖစ္ေပၚလာဖို႔ဆိုတာ အမွားရွိမွ ျဖစ္တာမ်ိဳးပါ။ လူတစ္ေယာက္ အတိတ္မွာ မွားခဲ့တိုင္း သူ႔ဘဝတစ္ေလၽွာက္လံုး လိုက္မႏွစ္ပါနဲ႔"

"ေဇေဇမွတ္ထား လူတစ္ေယာက္က အမွားလုပ္ရပ္ကို အမွန္ျပင္ခြင့္ရွိတယ္။ ဗီဇကို ျပင္လို႔မရဘူး။ မင္း ဘိုင္အိုနဲ႔ ဆယ္တန္းေအာင္လာတာပါ။ ဒီေလာက္ေတာ့ သိတယ္မလား"

"အန္တီငယ္...."

"ေမေမေရ သမီးတို႔ ေရာက္ၿပီ။ လုပ္စရာ ရွိေသးလို႔ ။ ၿပီးမွ ေအာက္ဆင္းလာမယ္ေနာ္ ေမေမ"

ေဆာင္းေလးတို႔ သံုးေယာက္ဝင္လာေတာ့ စကားစ ျဖတ္ပစ္လိုက္ရသည္။ ေဆာင္းေလးဦးေဆာင္ရာ ေနာက္ တရားကလုတ္အတြဲက တေကာက္ေကာက္ ပါသြား၍ ေတာ္ေသး၏။

"ကၽြန္ေတာ္ ျပန္ႏွင့္မယ္ အစ္မ"

အန္တီငယ့္ကို ႏႈတ္ဆက္၍ ေျခလွမ္းက်ဲႀကီးမ်ားႏွင့္ ထြက္သြားသူေနာက္ အေမာင္ေဇသုခ အေျပးတစ္ပိုင္း လိုက္ေပေတာ့

"ဦးေလးႀကီး..."

ကားပါကင္မွာ လူရွင္းေနတဲ့အခ်ိန္မို႔ ပတ္ဝန္းက်င္မွ သစ္ရြက္ေလတိုးသံႏွင့္ ေဇသုခအသံကို တိခနဲ ရပ္တန္႔သြားေစေသာ ေတာက္ေခါက္သံက ဟိန္းလ်က္....။ ေဇသုခနားထဲ လႈိဏ္ဂူထဲက အသံလို ပဲ့တင္ရိုက္ေနသည္။

"ဘာလဲကြာ။ "

"အဆင္ေျပရဲ႕လား"

"မင္းနဲ႔မဆိုင္ပါဘူး။ ကေလးက ကေလးလိုေန။ ေနရာတကာမပါနဲ႔..."

ေျပာရင္း ေမာင္းထြက္သြားတဲ့ ကားေလးေနာက္ ေျခတစ္စံုဟာ ရပ္က်န္ေနဆဲ။

"တစ္ကယ္ဆို ကၽြန္ေတာ္က ဒုတိယေနရာကို ကိုယ္တိုင္ေနရာဦးထားမိသူပါ။ ပထမရဲ႕ေနာက္ကို ဦးေလးႀကီးမၾကည့္သ၍ အဆင္ေျပတယ္။ ဦးေလးႀကီးလည္း မသိ၊ တစ္ကယ္လည္း မရွိ၊ ကၽြန္ေတာ္ကိုယ္ပိုင္ ဖန္တီးထားတဲ့ ဒုတိယေနရာေလးဟာ .....အင္း.....
အဆင္ေျပေနပါတယ္"

______________________________________

"မင္းတို႔ လၽွာနဲ႔လၽွာခင္ ႏွစ္ေကာင္ ျခံထဲ ဆင္းေတာ္မူပါဦး"

စာရင္းစာအုပ္တေပြ႕နဲ႔ အလုပ္ရႈပ္ေနတဲ့ ညီေတဇရဲ႕ေဘးမွာ ျပံဳးျပံဳးႀကီး ထိုင္ၾကည့္ေနတဲ့ ဘုန္းပိုင္ရွင္ကို ၾကည့္၍ ေျပာလိုက္ေတာ့

"ဘာႀကီးလဲ လၽွာနဲ႔လၽွာခင္"

ညီေတဇက ထေမးသည္။

"လင္နဲ႔မယား လၽွာနဲ႔သြားတဲ့။
လင္နဲ႔လင္ဆိုေတာ့ လၽွာနဲ႔လၽွာခင္ေပါ့။
ပိုေတာင္ေကာင္းသြားေသးတယ္ ။ လၽွာနဲ႔သြားဆို ကိုက္မိေနဦးမယ္။ လၽွာနဲ႔လၽွာခင္ဆိုေတာ့ အျမဲထပ္တူက်ေနေရာ"

"ဟဲ ဟဲ....မဆိုးဘူး။ မင္း ငါ့နီးနီးေတာ္လာၿပီ"

" အဇာတသတ္ ေျချဖတ္ၿပီးပဲ ဆရာတင္ရ တင္ရ ။
မင္းနဲ႔ ေဝးေဝးပဲ ေတာ္ပါရေစ"

"ညီ စာရင္းေတြ ၿပီးၿပီလား။ အန္တီတို႔လည္း ေမၽွာ္ေနေရာေပါ့ ။ ေအာက္ဆင္းရေအာင္ေလ"

"ၿပီးေတာ့မယ္ ငါ့ပိုင္ရွင္ေလး ပ်င္းေနၿပီလား"

"လူႀကီးေတြ အားနာလို႔ပါကြာ။ မပ်င္းပါဘူး"

ပိုင္ရွင္က ေျပာရင္း ညီေတဇဆံပင္ေလးေတြကို သပ္တင္ေပးေနတာကို သေကာင့္သားက ေမးဖ်ားဆီ လွမ္းနမ္းလိုက္ေသးသည္။ ရည္းစားေဟာင္းနဲ႔ ရည္းစားမထားဖူးတဲ့ သူငယ္ခ်င္းမ်က္ႏွာကိုမွ မေထာက္။

"ငါ.......။ မဆဲခ်င္ဘူးေနာ္ မင္းတို႔အတြဲကို"

ဒီလိုေျပာလည္း လက္ကတြဲထားဆဲပါပဲ။ လခြမ္း အခုေလးတင္ စိတ္ဆိုးလာတဲ့ ဦးေလးႀကီးကိုေတာင္ ေျပးသတိရတယ္။

"ေဇေဇ မင္းဘာေတြ ေျပာေနတာလဲ"

"အန္တီငယ္" "ေမေမ"

ဘယ္အခ်ိန္က ေရာက္ေနသည္မသိေသာ အန္တီငယ့္အသံမွာ တုန္ရီလ်က္။ ေဒါသရိပ္လႊမ္းေနေသာ အၾကည့္က ရဲရဲေတာက္ေနသည္။  ရုတ္တရက္ အပူလႈိင္းျဖတ္သြားသလို ခတၱပူေလာင္ သြားသည္။

"ေဇေဇ မင္းကိုက လူေပါင္းမွားေနတာ။ မင္းသူငယ္ခ်င္း ႏွစ္ေယာက္ကို ဒီလိုစကားနဲ႔ စ, စရာလား"

"ဘာျဖစ္ေနလို႔လဲ အန္တီငယ္။ အဲ့ဒါ ရာဇဝတ္မႈ က်ဴးလြန္ေနတာမွ မဟုတ္ဘဲ။ သာမာန္ပဲ ေတြးပါ အန္တီငယ္ရာ။ လူလူခ်င္း အတူတူေတြခ်ည္းပဲ။"

"ေတြးတယ္ ေဇေဇ။ ငါတို႔က သာမာန္ပဲ ေတြးတယ္။ ေတြးလို႔လည္း အဲ့ဒါေတြကို လက္မခံတာ။ ဘယ့္ႏွယ္ တဏွာစိတ္ ဘယ္ေလာက္ႀကီးလို႔ ေယာက်ာ္းေလးခ်င္း ၿကိဳက္ၾကတာလဲ ။ စဥ္းစားလို႔ေတာင္ မရဘူး"

"မဆိုင္ဘူး အန္တီငယ္။ သူတို႔ရဲ႕ အခ်စ္က အန္တီငယ္တို႔ ထင္ထားတာထက္ ျဖဴစင္တယ္။ သားေလးေမြးေပး၊ သမီးေလးေမြးေပး။ ဘယ္လို ေငြရွာေပး။ ဘာရာဃမွ မပါဘူး။ "

"ေနစမ္းပါ ေဇေဇရယ္။ နင္သိတဲ့ ေသးေသးေလးနဲ႔ ငါ့ကို ဆရာလာမလုပ္နဲ႔။ ငါယံုယံုၾကည္ၾကည္ စီးပြားေရး ျမႇဳပ္ႏွံထားတဲ့လူကိုလည္း အဲ့ဒီဇာတ္ ဆြဲမသြင္းနဲ႔။ ငါ အဲ့ဒီလိုလူေတြကို မယံုၾကည္ႏိုင္ဘူး။ စိတ္ကိုက မိန္းမလို မိန္းမရ"

"အန္တီငယ္...."

ေဇသုခရဲ႕ အထိတ္တလန္႔ ေအာ္သံႏွင့္အတူ ပိုင္ရွင့္လက္ကေလးဟာ ေလဟာနယ္ထဲ လြတ္က်သြားခဲ့သည္။ ႏွလံုးေသြးအား ဆြဲညႇစ္လိုက္သလို အသက္ရွဴရ ခဏတာ ခက္ခဲသြားသည္။ ယိုင္ယိမ္းသြားတဲ့ ညီ့ကိုယ္ေလးရဲ႕ေဘး ေဆာင္းေလးက အတိအပ ဝင္ေရာက္ ေနရာယူသည္။ ညီနဲ႔ပိုင္ရွင္ၾကား ေဆာင္ေလးပဲ ျခားေနခဲ့တာပါဟု မိမိကိုယ္ကို သတိေပးေနရ၏။ စိတ္ေတြဟာ ဘယ္ေတာ့မွ မေဝးေၾကးေလ။

"ေမေမ ျခံထဲ ဆင္းရေအာင္ေလ"

"ညီေတဇ သားေလးလည္း လာေလ"

"ဗ်ာ....။ ဟုတ္ကဲ့ အန္တီ။ ဟို ကၽြန္ေတာ္ စာရင္းေလး လက္စသတ္မလို႔"

"ေနာက္ေန႔မွ ေအးေဆးလုပ္ပါကြယ္။ အန္တီတို႔ ေနဦးမွာပဲကို"

"ဟုတ္......"

အန္တီထြက္သြားၿပီးေနာက္ ေဇသုခက ဘာစကားမွ မဆိုဘဲ အေနာက္က လိုက္ပါသြားသည္။

"ေဆာင္းေလး အကို ညီနဲ႔ စကားခဏ ေျပာခ်င္တယ္"

"အင္း...ေျပာပါ။ တစ္ခုပဲ သိပ္မၾကာနဲ႔ေနာ္။သိပ္လည္း မစိုးရိမ္ပါနဲ႔ အကိုရယ္။ ေမေမ့အတြက္ ဟိုမွာ ဒါေတြက ဆန္းတာမဟုတ္ဘူး။ သက္သက္ အိုဗာတင္းေဖ်ာ္တိုက္ေနတာ။ အစ္ကိုတို႔ အားရွိေအာင္...ဟဲ...ဟဲ....."

ေဆာင္းေလးက တတ္သမၽွ စကားေလးႏွင့္ ႏွစ္သိမ့္သြားရွာသည္။ ခက္တာက အရုပ္ႀကိဳးပ်က္ ျဖစ္ေနသူက ပိုငိရွင္မွ မဟုတ္ဘဲ။ ညီတစ္ေယာက္ အိမ္မက္ေယာင္သူလို ျဖစ္ေနျပန္တာပါ။

"ညီ....."

"ငါေတာင္းပန္ပါတယ္ ပိုင္ရွင္ရာ"

"မင္းမ်က္ရည္က ငါ့ေၾကာင့္က်တာဆိုရင္ ငါ့ကိုယ့္ငါ ခြင့္လႊတ္မွာ မဟုတ္ဘူးေနာ္ ညီ"

ညီ့မ်က္ရည္ေတြကေတာ့ ပါးျပင္ေပၚ လြပ္လြပ္လပ္လပ္ပဲ စီးက်လာၾကသည္။

"မင္းသာ ငါ့ေနရာမွာဆို ငါလက္ကို လႊတ္ခ်ခဲ့မွာ မဟုတ္ဘူးလို႔ ငါဘာလို႔ ေတြးေနမိတာလဲ ပိုင္ရွင္"

"မင္းလက္ကို ငါမလႊတ္ခ်ခဲ့လို႔ ငါရင္ဆိုင္ရမယ့္အရာေတြနဲ႔ ငါ့လက္ကို မင္းမလႊတ္ခ်ဘဲ ရင္ဆိုင္ရမယ့္ အရာေတြက ႏႈိင္းယွဥ္မရေအာင္ ကြာျခားပါတယ္ ညီရာ။"

"ငါ ဒါေတြကို သတၱိရွိရွိ ရဲရဲႀကီး ရင္ဆိုင္ရဲရမွာ"

"ဟုတ္ပါတယ္။ ငါတို႔ သတၱိရွိရမွာေပါ့။ ဒါေပမယ့္ အခုေတာ့ အခ်ိန္မက်ေသးဘူး ညီ။ ငါတို႔ အေတြ႕အၾကံဳ ႏုနယ္ေနေသးတယ္။ ငါ့အတြက္ မင္းနဲ႔ စိတ္ခ်င္းနီးရရံု ျပည့္စံုပါတယ္ ညီရာ"

"ငါက မင္းကို ခ်စ္တယ္ ေျပာရံုပဲ တာဝန္ေက်ႏိုင္ေနတာကို ငါမေက်နပ္တာကြာ။ မင္းက ငါ့အတြက္ နားလည္ေပးမႈ၊ ယံုၾကည္မႈေတြ တစ္ပံုတေအာ ေပးထားႏိုင္တယ္"

"မင္းလည္း ငါ့ကို ေပးထားႏိုင္တာပဲ"

"မတူဘူးကြာ...."

"ဘယ္တူမလဲ။ အသားေရာင္ေတာ့ ကြာမွာေပါ့။ က်ီးကန္းနဲ႔ ဘဲဥလို ျဖစ္ေနတာေပါ့"

"ပိုင္ရွင္......"

"ဘာမွ စိတ္ထဲ ထားမေနနဲ႔။ ဟုတ္ၿပီလား။ အန္တီတို႔နဲ႔ သြားစကားေျပာဦး။ ငါျပန္ႏွင့္မယ္။ အိမ္ျပန္ေရာက္ရင္ ဖုန္းဆက္ဦး"

ညီ ပိုင္ရွင့္လက္ကေလးကို ဆုပ္ကိုင္ထားသည္။ ေအးစက္တဲ့ လက္ဖ်ားေလးေတြဟာ အားကိုးရာ ရွာယူေနၾကပံုပင္။ ပိုင္ရွင္က နဖူးေလးကို တစ္ခ်က္နမ္းလိုက္ၿပီး "စိတ္ေအးေအးထား"ဟုပင္ ႏွစ္သိမ့္လိုက္သည္။ ညီ့ရဲ႕

"ဒီလက္ေတြ လႊတ္မခ်ရေအာင္ ငါႀကိဳးစားမွာပါ"ဆိုတဲ့ စကားဟာ ပိုင္ရွင့္အတြက္ ၾကက္ေပါင္းရည္ႏွင့္ Enervon-C ေပါင္းေသာက္လိုက္ရသလို အားရွိသြားခဲ့ရတာေတာ့ ညီသိမည္ မထင္။

______________________________________

"ဦးေႏြ...."

"အင္း...."

"တစ္ေယာက္ေယာက္ကို အလံုးစံု မ်က္စိမွိတ္ ယံုႏိုင္ေအာင္ ဘယ္လိုႀကိဳးစားရမလဲ"

ေရခဲေရတစ္ခြက္လံုးကုန္ေအာင္ ေမာ့ခ်လိုက္ေပမယ့္ ပိုင္ရွင့္ရင္ထဲ ပူေလာင္ေနတာက ေအးခ်မ္းမသြား။ ညီနဲ႔ ပတ္သက္ရင္ ပူေလာင္မေနဘဲ ဇြတ္မွိတ္ ယံုပစ္ခ်င္တာေလ။ ဒါေပမယ့္ ညီ့ရဲ႕ အရိပ္ကေလးကအစ သဝန္တိုေနမိတာဟာ ပိုင္ရွင္ ဘယ္လိုမွ ထိန္းသိမ္းမရတဲ့ အမွန္တရား။

"လူတစ္ေယာက္ကို ဇြတ္မွိတ္ ယံုဖို႔ထက္ ပြင့္လင္းႏိုင္ဖို႔ ႀကိဳးစားသင့္တယ္လို႔ မထင္ဘူးလား ပိုင္ရွင္။ တစ္ေယာက္နဲ႔ တစ္ေယာက္ မပြင့္လင္းရင္ တစ္ေႏြလံုး အပူေငြ႕ေတြစုၿပီး ရြာခ်လိုက္တဲ့ မိုးလို၊ မုန္တိုင္းလည္း ႀကီးသြားႏိုင္တယ္။ ျပဳျပင္မရတဲ့ အပ်က္အစီးေတြလည္း မ်ားသြားႏိုင္တယ္လို႔ ထင္တာပဲ။ ဦးေႏြ အထင္ေျပာရရင္ ပြင့္လင္းၿပီး ရရွိလာတဲ့ ယံုၾကည္မႈက ေဆာင္းဦးေလးလို ေအးခ်မ္းမယ္ ထင္တာပဲ"

"သဝန္မတိုခ်င္ဘူး ဦးေႏြ။ ေဖေဖနဲ႔ ေမေမလို ျဖစ္မွာ ေၾကာက္တယ္"

"ခ်စ္လို႔ သဝန္တိုတာ မဆန္းဘူး ပိုင္ရွင္။ အစ္မတို႔လို မျဖစ္ခ်င္ရင္ သဝန္တိုတဲ့ အေၾကာင္း ပြင့္ပြင့္လင္းလင္း ေျပာလိုက္။ မသိမသာ စုေဆာင္းထားတဲ့ သံသယမိုင္းေတြက ၾကားလူဆိုတဲ့ စနက္တံနဲ႔ေတြ႕ေရာ ေပါက္ကြဲေတာ့တာပဲ။ အဲ့ဒီအခါက်မွ ျပင္မရ ျဖစ္မယ္"

ပိုင္ရွင္ အျပင္ဆီ တစ္ခ်က္ေငးၾကည့္မိသည္။ လေရာင္ထိုးေနတဲ့ ဝရန္တာေလးနဲ႔အတူ ညီ့ကိုပါ တြဲဖက္ ျမင္ေယာင္ေနမိသည္။ မႈတ္ထုတ္ရမည့္ သက္ျပင္းေတြကို ၿမိဳခ်လိုက္သည္။

'ငါပဲ သံသယရဲ႕ ပူေလာင္မႈကို ခံစားမယ္။ ညီက ေအးခ်မ္းပါေစ'

ဦးေႏြဘက္ လွည့္၍

"လူပ်ိဳႀကီးကေတာ့ေလ ဒါလည္း ကၽြမ္းတာပဲ။ ဦးေႏြ ေျပာတာေတြ မွတ္ထားၿပီး ညီ့ကို ဆရာလုပ္ရတာလည္း မ်ားၿပီ။ ဒီေလာက္ေတြးတတ္ၿပီး မိန္းမ မရတာ ဩခ်တယ္"

"ေခြးေကာင္ေလး ငါ့ဆံုးမစကားေတြကို ဖြန္ေၾကာင္ဖို႔ ယူသံုးတယ္ေပါ့"

"ဟဲ...ဟဲ....သူမ်ားအက်ိဳးေဆာင္ ကိုယ္ႀကိဳးေအာင္ ပါတယ္ ဦးေႏြရာ။ ဦးေႏြကို ေမးရဦးမယ္"

"ဘာေမးဦးမလို႔လဲ"

"မိန္းမက မယူလို႔ မရတာလား။ မရလို႔ မယူတာလား။ ဒါမွမဟုတ္ အခ်စ္ဦးနဲ႔ ကြဲၿပီး အခ်စ္ဆံုးနဲ႔ လြဲသြားလို႔လား"

"ယူမယ့္သူ မရွိလို႔ကြာ။ ကဲ ဘာေျပာခ်င္ေသးလဲ"

"သ နား လိုက္ တာ...."

"ေခြးေကာင္ေလး...."

ပိုင္လည္းမပိုင္
ဆိုင္လည္းမဆိုင္
နီးလည္းမနီး
ေဝးလည္းမေဝး
အဲ့ဒီလိုေလးနဲ႔
ေက်နပ္ေနႏိုင္တာကလည္း
အခ်စ္လို႔ေခၚဆိုႏိုင္ပါတယ္
ေကာင္ေလးရယ္................။

__________________________________________________________________________________________________________________

Unicode

လျှပ်စစ်မီးရောင် ဝင်းဝင်းတောက်လျက် အလှဆင်မီးသီးများအပြည့်နှင့် ခြံဝန်းကြီးထဲ အပြုံးတုနှင့် အလာပသလ္လာပ အတင်းအဖျင်း(မှားလို့) သာကြောင်းမာကြောင်း သတင်းကောင်း ပြောဆိုနေသူများ။ဂုဏ်သရေရှိ လူကြီးမင်းများ၏ ကားအကောင်းစားကြီးများက အစာစုဆောင်းနေသော ပုရွက်ဆိတ်တန်းကြီးပမာ ခြံရှေ့မှာ စီတန်းလျက်။ အရောင်လက်လက် တန်ဆာများကလည်း နေရောင်ထိုးခံရသော စတီးတွေပမာ မျက်စိကျိန်းဖွယ်ရာ။

ဇေသုခ ဒီလိုပါတီပွဲမျိုးမှာ အသေမွန်းကြပ်သည်။ ကိုယ့်ဂုဏ်သူ့ဂုဏ်၊ သားသမီးဂုဏ်၊ ရုပ်စွအဆုံး အိမ်မှာမွေးထားတဲ့ခွေးလေး ဘာကျွေးတာကအစ အပြိုင်ပြောနေကြတဲ့ အန်တီကြီးတွေက တစ်မျိုး။ ဘယ်ပွဲမှာ ဘယ်ကောင်ဘယ်လို ကစ်လိုက်တဲ့အကြောင်း၊ ဟိုညက ယုန်ဖြူမလေးကို ကြောင်ပါးအိုကြီး အဘယ်ပုံနဲ့ ခုန်အုပ်ခဲ့ကြောင်း စမြုပ်ပြန်အရသာခံနေသူတွေက တစ်ဖုံ။

စိတ်ပျက်ပေမယ့်လည်း အန်တီငယ်တို့က ဆောင်းလေးစီးပွားရေး အခြေအနေ အကဲခက်ကြည့်ချင်တယ်ဆိုတော့ ဒီလိုတွေ့ဆုံပွဲမျိုးက လုပ်ပေးမှ ဖြစ်မည်လေ။

"ဦးလေးကြီး ရောက်ပြီလား။ ဘုန်းပိုင်ရှင်တို့ရော"

"အနောက်က လိုက်လာမယ်တဲ့။ ဆောင်းလေးအကျႌက ဘာဖြစ်လို့ဆိုလား။ ဘာလဲမသိ....ဝယ်ဖို့လိုတယ်ဆိုပြီး သုံးယောက်သား သွားကြလေရဲ့"

ဗေဒါရောင်ရှပ်နဲ့ စတိုင်ဘောင်းဘီကို တွဲဖက်ဝတ်ဆင်၍ ဆံပင်သေသေသပ်သပ် ဖီးရုံမျှနှင့် ဦးလေးကြီးဟာ ကြည့်ကောင်းတဲ့ လူရွယ်တစ်ယောက်၏ ဥပဓိရုပ်အပြည့်။ ဘုန်းပိုင်ရှင် ဝယ်ပေးထားတဲ့ နာရီတစ်လုံးကလွဲ ဘာတန်ဖိုးကြီးမှ ဝတ်ဆင်ထားခြင်းမရှိ။ သို့ပေမယ့် ဒီပွဲမှာ ဝင်ဆံ့နေသည့် ဩဇာတိက္ကမမျိုး ဦးလေးကြီးက ပိုင်ဆိုင်ထားသည်။ ပြုံးလိုက်တိုင်း ပေါ်လာတဲ့ ပါးချိုင့်ကြီးတွေက အပျိုကြီးမမများကို ရက်ရက်ရောရော ရူပဒါန ပြုနေသလိုပင်။

"အဲ့ဒီဆောင်းလေးကတော့လေ တရားကလုတ်အတွဲ အေးဆေးနေပါစေ။ သွားမရှုပ်နဲ့လို့ ပြောထားတာကို"

ဇေသုခ မရှိတဲ့သူကို လှမ်းမဲဆူလိုက်တော့

"နေပါစေ။ ပိုင်ရှင်ကလည်း သူ့ကို ညီမလေးလို ဂရုစိုက်ပြီး ချစ်ရှာပါတယ်"

"ပိုင်ရှင်က နားလည်ပေးတတ်လို့သာပဲ။ ကျွန်တော်သာဆို အနားမှာ ရည်းစားဟောင်းမပြောနဲ့ ။ ယင်မတောင် အသမ်းခံမှာ မဟုတ်ဘူး"

"ယင်မသမ်းသွားရင် ကလေးက ဘာလုပ်မလို့လဲ"

"သိချင်ရင် ဦးလေးကြီး ကျွန်တော့်ရည်းစား ခဏလုပ်ကြည့်လေ"

"အမလေးဗျာ...."

ကိုယ်ကို အနောက်ဘက် အသာယိမ်း၍ ကြောက်ပါတယ် ဆိုသောဟန် လုပ်ပြနေသော ဦးလေးကြီးကို ထုံးစံအတိုင်း မျက်စောင်းသာ ထိုးကျွေးလိုက်သည်။ ဇေသုခက အရွယ်ရောက်လာ၍ ကိုယ့်ကိုယ်ကို ကျွန်တော်ဟု သုံးနှုန်းသော်လည်း ဦးလေးကြီးမှာ ကလေးဟုသာ နှုတ်ဆွဲနေပုံ။

"လာ ဦးလေးကြီးကို အန်တီငယ်နဲ့ မိတ်ဆက်ပေးမယ်"

ပြောလည်းပြော ဦးလေးကြီးလက်ကို ဆွဲ၍ အိမ်ထဲ ဆွဲခေါ်လာလိုက်သည်။ ခြံထဲမှာ မီးရောင်၊ဂုဏ်ရောင်တွေ ပြိုးပြိုးပြက်ပြက် တလက်လက်နှင့် တငြိမ့်ငြိမ့်တီးခက်နေတဲ့ စန္ဒရားသံလေး တစ်မျိုးတော့ လိုက်ဖက်စွာ ပနံသင့်နေသလို။

"အန်တီငယ် ဒီမှာ ဇေဇေ့အထူးဧည့်သည်နဲ့ မိတ်ဆက်ပေးမလို့"

"အစ်မ..."

"ငဘုန်း..."

မိတ်ဆက်ပေးဖို့ အရှိန်ယူနေတဲ့ ဇေသုခမှာ ပါးစပ်နားရောက်ခါနီးမုန့်ကြီး ပြုတ်ကျသွားသလိုပင်။ ပါးစပ်အသာပိတ် ကြောင်ကြည့်နေရသည်။

"အစ်မတို့ အဆင်ပြေကြတယ်မလား "

"ခင့်ရဲ့သားလေးနဲ့ အတူနေ,နေတယ်ဆို"

အန်တီငယ်က တရားလိုရဲ့ရှေ့နေသဖွယ် မာန်တင်း၍ ပြောနေသလောက် ဦးလေးကြီးက တရားခံလေးလို ငုံ့လျှိုးနေသည်။ မကြာသေးခင် အချိန်က ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့် အရောင်ဝါတွေဟာ အလုံးစုံ ခဝါချလျက်။

"ဟုတ်တယ် အစ်မ"

"ခင့်ကို မသနားဘူးလား ငဘုန်းရယ်။ နင်ဘယ်လို မျက်နှာနဲ့ ခင့်ရဲ့သားလေးကို ကြည့်နေလဲ ပြောစမ်းပါ။"

"ကျွန်တော် ကလေးကို အစ်မဆီပေးခဲ့ပါတယ်။ ကလေးက မနေနိုင်လို့သာ..."

"ဘာလို့ ပြန်လက်ခံခဲ့လဲ။ နင့်အပြစ်လွတ်အောင် နင်အမြဲ လုပ်တယ်။ နင်သာ လက်မခံရင် ဒီကလေး သူ့အမေဆီမှာပဲ နေဖြစ်မှာ။ အဲ့ဒီလိုပဲ ခင်တို့ ပြဿနာဖြစ်တုန်းက နင်သာထွက်သွားခဲ့ရင် ဒီမိသားစုက မပြိုကွဲသွားဘူး။ အခုတော့ ခင့်မှာ လင်ဆုံးသားရှုံးတဲ့အပြင် ဖောက်ပြန်တဲ့ အမေဂုဏ်ပါ ထပ်ရလိုက်သေးတယ်။"

"ကျွန်တော်နဲ့ အစ်ကို ဘာမှ မဖြစ်ခဲ့တာ အစ်မတို့လည်း အသိပဲဗျာ"

"ခင်ပါ သိသွားအောင်၊ ယုံကြည်သွားအောင် နင်မရဲရင့်ခဲ့ဘူးလေ"

"အန်တီငယ်...."ဇေသုခ ဝင်အော်မိသည်။ ပစ္စုန်ပ္ပန်မှာ ကြိုးစားနေတဲ့သူကို အတိတ်မှာ ဇွတ်နှစ်ချိုးနှိမ်နေတာဟာ အသံကြားတရားလို နာ၍မကောင်း

"ဇေဇေ နင်ကဘာသိလို့ ဝင်ပါတာလဲ။ ကလေးက ကလေးလိုနေ"

ဦးလေးကြီးကို တစ်ချက်လှမ်းကြည့်တော့ တစ်သက်တစ်ကျွန်းဟု အမိန့်ကျခံထားရသော အကျဉ်းသားနှယ်။ ပန်းလျစွာ ခေါင်းငိုက်စိုက်ခိလျက်။

"သိတယ် အန်တီငယ်။ လောကမှာ အမှန်တရား ဖြစ်ပေါ်လာဖို့ဆိုတာ အမှားရှိမှ ဖြစ်တာမျိုးပါ။ လူတစ်ယောက် အတိတ်မှာ မှားခဲ့တိုင်း သူ့ဘဝတစ်လျှောက်လုံး လိုက်မနှစ်ပါနဲ့"

"ဇေဇေမှတ်ထား လူတစ်ယောက်က အမှားလုပ်ရပ်ကို အမှန်ပြင်ခွင့်ရှိတယ်။ ဗီဇကို ပြင်လို့မရဘူး။ မင်း ဘိုင်အိုနဲ့ ဆယ်တန်းအောင်လာတာပါ။ ဒီလောက်တော့ သိတယ်မလား"

"အန်တီငယ်...."

"မေမေရေ သမီးတို့ ရောက်ပြီ။ လုပ်စရာ ရှိသေးလို့ ။ ပြီးမှ အောက်ဆင်းလာမယ်နော် မေမေ"

ဆောင်းလေးတို့ သုံးယောက်ဝင်လာတော့ စကားစ ဖြတ်ပစ်လိုက်ရသည်။ ဆောင်းလေးဦးဆောင်ရာ နောက် တရားကလုတ်အတွဲက တကောက်ကောက် ပါသွား၍ တော်သေး၏။

"ကျွန်တော် ပြန်နှင့်မယ် အစ်မ"

အန်တီငယ့်ကို နှုတ်ဆက်၍ ခြေလှမ်းကျဲကြီးများနှင့် ထွက်သွားသူနောက် အမောင်ဇေသုခ အပြေးတစ်ပိုင်း လိုက်ပေတော့

"ဦးလေးကြီး..."

ကားပါကင်မှာ လူရှင်းနေတဲ့အချိန်မို့ ပတ်ဝန်းကျင်မှ သစ်ရွက်လေတိုးသံနှင့် ဇေသုခအသံကို တိခနဲ ရပ်တန့်သွားစေသော တောက်ခေါက်သံက ဟိန်းလျက်....။ ဇေသုခနားထဲ လှိုဏ်ဂူထဲက အသံလို ပဲ့တင်ရိုက်နေသည်။

"ဘာလဲကွာ။ "

"အဆင်ပြေရဲ့လား"

"မင်းနဲ့မဆိုင်ပါဘူး။ ကလေးက ကလေးလိုနေ။ နေရာတကာမပါနဲ့..."

ပြောရင်း မောင်းထွက်သွားတဲ့ ကားလေးနောက် ခြေတစ်စုံဟာ ရပ်ကျန်နေဆဲ။

"တစ်ကယ်ဆို ကျွန်တော်က ဒုတိယနေရာကို ကိုယ်တိုင်နေရာဦးထားမိသူပါ။ ပထမရဲ့နောက်ကို ဦးလေးကြီးမကြည့်သ၍ အဆင်ပြေတယ်။ ဦးလေးကြီးလည်း မသိ၊ တစ်ကယ်လည်း မရှိ၊ ကျွန်တော်ကိုယ်ပိုင် ဖန်တီးထားတဲ့ ဒုတိယနေရာလေးဟာ .....အင်း.....
အဆင်ပြေနေပါတယ်"

______________________________________

"မင်းတို့ လျှာနဲ့လျှာခင် နှစ်ကောင် ခြံထဲ ဆင်းတော်မူပါဦး"

စာရင်းစာအုပ်တပွေ့နဲ့ အလုပ်ရှုပ်နေတဲ့ ညီတေဇရဲ့ဘေးမှာ ပြုံးပြုံးကြီး ထိုင်ကြည့်နေတဲ့ ဘုန်းပိုင်ရှင်ကို ကြည့်၍ ပြောလိုက်တော့

"ဘာကြီးလဲ လျှာနဲ့လျှာခင်"

ညီတေဇက ထမေးသည်။

"လင်နဲ့မယား လျှာနဲ့သွားတဲ့။
လင်နဲ့လင်ဆိုတော့ လျှာနဲ့လျှာခင်ပေါ့။
ပိုတောင်ကောင်းသွားသေးတယ် ။ လျှာနဲ့သွားဆို ကိုက်မိနေဦးမယ်။ လျှာနဲ့လျှာခင်ဆိုတော့ အမြဲထပ်တူကျနေရော"

"ဟဲ ဟဲ....မဆိုးဘူး။ မင်း ငါ့နီးနီးတော်လာပြီ"

" အဇာတသတ် ခြေဖြတ်ပြီးပဲ ဆရာတင်ရ တင်ရ ။
မင်းနဲ့ ဝေးဝေးပဲ တော်ပါရစေ"

"ညီ စာရင်းတွေ ပြီးပြီလား။ အန်တီတို့လည်း မျှော်နေရောပေါ့ ။ အောက်ဆင်းရအောင်လေ"

"ပြီးတော့မယ် ငါ့ပိုင်ရှင်လေး ပျင်းနေပြီလား"

"လူကြီးတွေ အားနာလို့ပါကွာ။ မပျင်းပါဘူး"

ပိုင်ရှင်က ပြောရင်း ညီတေဇဆံပင်လေးတွေကို သပ်တင်ပေးနေတာကို သကောင့်သားက မေးဖျားဆီ လှမ်းနမ်းလိုက်သေးသည်။ ရည်းစားဟောင်းနဲ့ ရည်းစားမထားဖူးတဲ့ သူငယ်ချင်းမျက်နှာကိုမှ မထောက်။

"ငါ.......။ မဆဲချင်ဘူးနော် မင်းတို့အတွဲကို"

ဒီလိုပြောလည်း လက်ကတွဲထားဆဲပါပဲ။ လခွမ်း အခုလေးတင် စိတ်ဆိုးလာတဲ့ ဦးလေးကြီးကိုတောင် ပြေးသတိရတယ်။

"ဇေဇေ မင်းဘာတွေ ပြောနေတာလဲ"

"အန်တီငယ်" "မေမေ"

ဘယ်အချိန်က ရောက်နေသည်မသိသော အန်တီငယ့်အသံမှာ တုန်ရီလျက်။ ဒေါသရိပ်လွှမ်းနေသော အကြည့်က ရဲရဲတောက်နေသည်။  ရုတ်တရက် အပူလှိုင်းဖြတ်သွားသလို ခတ္တပူလောင် သွားသည်။

"ဇေဇေ မင်းကိုက လူပေါင်းမှားနေတာ။ မင်းသူငယ်ချင်း နှစ်ယောက်ကို ဒီလိုစကားနဲ့ စ, စရာလား"

"ဘာဖြစ်နေလို့လဲ အန်တီငယ်။ အဲ့ဒါ ရာဇဝတ်မှု ကျူးလွန်နေတာမှ မဟုတ်ဘဲ။ သာမာန်ပဲ တွေးပါ အန်တီငယ်ရာ။ လူလူချင်း အတူတူတွေချည်းပဲ။"

"တွေးတယ် ဇေဇေ။ ငါတို့က သာမာန်ပဲ တွေးတယ်။ တွေးလို့လည်း အဲ့ဒါတွေကို လက်မခံတာ။ ဘယ့်နှယ် တဏှာစိတ် ဘယ်လောက်ကြီးလို့ ယောကျာ်းလေးချင်း ကြိုက်ကြတာလဲ ။ စဉ်းစားလို့တောင် မရဘူး"

"မဆိုင်ဘူး အန်တီငယ်။ သူတို့ရဲ့ အချစ်က အန်တီငယ်တို့ ထင်ထားတာထက် ဖြူစင်တယ်။ သားလေးမွေးပေး၊ သမီးလေးမွေးပေး။ ဘယ်လို ငွေရှာပေး။ ဘာရာဃမှ မပါဘူး။ "

"နေစမ်းပါ ဇေဇေရယ်။ နင်သိတဲ့ သေးသေးလေးနဲ့ ငါ့ကို ဆရာလာမလုပ်နဲ့။ ငါယုံယုံကြည်ကြည် စီးပွားရေး မြှုပ်နှံထားတဲ့လူကိုလည်း အဲ့ဒီဇာတ် ဆွဲမသွင်းနဲ့။ ငါ အဲ့ဒီလိုလူတွေကို မယုံကြည်နိုင်ဘူး။ စိတ်ကိုက မိန်းမလို မိန်းမရ"

"အန်တီငယ်...."

ဇေသုခရဲ့ အထိတ်တလန့် အော်သံနှင့်အတူ ပိုင်ရှင့်လက်ကလေးဟာ လေဟာနယ်ထဲ လွတ်ကျသွားခဲ့သည်။ နှလုံးသွေးအား ဆွဲညှစ်လိုက်သလို အသက်ရှူရ ခဏတာ ခက်ခဲသွားသည်။ ယိုင်ယိမ်းသွားတဲ့ ညီ့ကိုယ်လေးရဲ့ဘေး ဆောင်းလေးက အတိအပ ဝင်ရောက် နေရာယူသည်။ ညီနဲ့ပိုင်ရှင်ကြား ဆောင်လေးပဲ ခြားနေခဲ့တာပါဟု မိမိကိုယ်ကို သတိပေးနေရ၏။ စိတ်တွေဟာ ဘယ်တော့မှ မဝေးကြေးလေ။

"မေမေ ခြံထဲ ဆင်းရအောင်လေ"

"ညီတေဇ သားလေးလည်း လာလေ"

"ဗျာ....။ ဟုတ်ကဲ့ အန်တီ။ ဟို ကျွန်တော် စာရင်းလေး လက်စသတ်မလို့"

"နောက်နေ့မှ အေးဆေးလုပ်ပါကွယ်။ အန်တီတို့

You are reading the story above: TeenFic.Net