အခန်း(၂၈)
Background color
Font
Font size
Line height
Zawgyi
"ဟမ်...ဘယ်လိုသိတာလဲ"
"ဘာလို့မသိရမှာလဲ"
"ဘယ်လိုဖြစ်လို့လဲ ညီရ"
"သူက ငါ့သဘောပါ"
"အေးလေ..."
"ဘယ်သူပြောလဲလို့"
"ပစ်ရက်တယ်ပေါ့...."
"သောက်ရမ်း ချစ်ဖို့ကောင်းတာပဲ။ အသေအကြေချစ်တယ်နော် အာဘွား"ဟု ဖုန်းစခရင်နား နှုတ်ခမ်းစူကပ်ပြီး ညီကပြောတော့ ပိုင်ရှင်ပြုံးသည်။
"ပြန်အိပ်ဦးနော်" တစ်ခွန်းထပ်ပြောကာ စခရင်လေးပေါ်မှ ပိုင်ရှင် ပျောက်ကွယ်သွားသည်။ တစ်နေ့တာလုံးစိတ်နဲ့လှမ်းပွေ့ရင်း နာရီပိုင်းမျှ မျက်နှာချင်းတွေ့နေရတာ အားမလိုအားမရ ဖြစ်မိတာအမှန်။
____________________________________________________________________________
"ဘာဖြစ်လာတာလဲ ။ မျက်နှာကြီးက ခွေးချေး နှစ်ပုံဆက်တိုက်နင်းလာပြီး ခြေဆေးဖို့ရေ ရှာမတွေ့တဲ့ရုပ်နဲ့"
"F**k စားရင်းသောက်ရင်း မင်းမို့လို့ ဒီစကား ပြောထွက်တယ်။ ငါဆို စားနေရင်း အီးပေါက်ချင်တာတောင် အီးပေါက်ချင်တယ်လို့ မတွေးဘူး။ အီးမပေါက်မိအောင်လည်း အောင့်ထားရတယ်။ ပြီးမှ အိမ်သာပြေး အီးပါချင်လိုက်တာ ဆိုပြီး အီးပါရတယ်"
"သူတောင်းစား အဲ့ဒီအီး မင်းငုံထားရမှာ။ ငါပြောတာက နည်းနည်း ။ သူပြောကာမှ ဖွတ်ကမိကျောင်းပါဖြစ်။ ထွီ....ရွံလိုက်တာကွာ"
ဇေသုခ စားလက်စ ပန်းကန်ကို တွန်းထုတ်ရင်း ထဆဲတော့သည်။
"အာရုံပဲကွာ။ အလုပ်တွေ အဆင်မပြေဘူး။ ဆီဆိုင် ဖွင့်ရင်ကောင်းမလား"
"မင်းက ကျွမ်းကျင်လို့လား"
"မကျင်လို့ မင်းဆီလာတာပေါ့ ။မင်းက ဦးနွေနားမှာ အမြဲနေတာဆိုတော့ နားလည်တယ်မလား"
ဇေသုခ ခေါင်းညိတ်သည်။ အခုဆို ဒုတိယနှစ် ရောက်နေပြီဖြစ်တဲ့ ဇေသုခက ဦးနွေနားမှာ တဖဝါးမှ မခွဲမခွာ ပါတနာဖြစ်နေသည်။
"အပြိုင်အဆိုင်ဖွင့်နေကြတာကွာ။ ကျွမ်းကျင်ရာ လိမ္မာရာပဲ လုပ်စမ်းပါ။ အခုက ဘာဖြစ်နေလို့လဲ"
"ငါပြောပြီးပြီလေကွာ။ အဲ့ဒါ အသာထား ငါတို့နောင်ချိုဘက် သွားရမယ်။ မင်းလိုက်မလား"
"ဘာသွားလုပ်မှာလဲ"
"နောင်ချိုဘက် ကားသွားရောင်းမလို့။ဟို မယ်မင်းကြီးမက ဂုတ်ထိပ်တံတားရထားစီးချင်တယ်ဆိုတော့ လိပ်ဥလည်းတူးဘုရားလည်းဖူးပေါ့ "
ဇေသုခ အိမ်ပေါ်တစ်ချက်မော့ကြည့်ပြီးမှ
"မင်း အဲ့ဒီကိစ္စ ပိုင်ရှင့်ကို ပြောပြီးပြီလား"
"မပြောတာတော့ မဟုတ်ဘူး။ စကားမစပ်လို့ မပြောဖြစ်ကြတာ"
အမှန်တော့ ညီကိုယ်တိုင် တွေဝေနေတာပါ။ ပိုင်ရှင်စိတ်မချ သံသယဝင်နေရမှာကို စိုးရိမ်နေမိတာ။ နှစ်ယောက်သား တွေ့ရတဲ့အချိန် ခဏလေးတွေမှာ ဒီကိစ္စတွေနဲ့ ဝေးစေချင်တာလည်း ပါသည်။
"အေး နောက်မှသိရင်  ပြဿနာတွေ ဖြစ်မယ်နော်"
"ပိုင်ရှင်နဲ့ငါ့ကြား ပြဿနာဖြစ်ဖို့ဆိုတာ ရေပေါ်အရုပ်ရေးရတာကမှ လွယ်ဦးမယ်"
"ထွီ.....ပြီးမှ အရပ်ကယ်ပါ၊ လူဝိုင်းပါ လာမလုပ်နဲ့။ အပြတ်ဖြတ်ပစ်မှာ"
ဇေသုခ သေပြီးခုနှစ်ရက်လောက်ကြာသည့် ခွေးသေပုတ် တွေ့သည့်အလား ထွီ၊ ထွမ် မြည်သံစွဲလင်္ကာတွေ ရေရွတ်ရင်း မဲ့ရွဲ့နေသည်။
"မင်းရော ဦးနွေနဲ့ ဘယ်လိုလဲ"
"ဒီလိုပါပဲ..."
"ဘာလဲကွာ။ ဒီလိုပါပဲက"
ညီ စိတ်မရှည်တော့။ ဦးနွေပုံစံကြည့်ရတာလည်း ဇေသုခသဘောကို သိနေသည့်ပုံ။ နှစ်ယောက်သိပြီးနေပြီကို အခြေအနေက ဒီလိုပါပဲက မတက်သေး။
"ဦးနွေက ငါ့ကို ချစ်ပါတယ်။ ကလေးလေးလို"
ဇေသုခစကားသံက အဖျားသတ်တိမ်ဝင်၍ သက်ပြင်းချသံ ရောယှက်လျက်
"အဓိပ္ပါယ်မရှိတာကွာ။"
"ငါ့အတွက် အဓိပ္ပါယ်အများကြီး ပြည့်စုံတယ်လေ။ ဦးနွေဘေးမှာ အမြဲနေရတာပဲ"
"သောက်ရူးပဲ"ဟု ပြော၍ ညီ မကျေမချမ်း ထထွက်ခဲ့သည်။ မထွက်လို့လည်းမရ။ မယ်မင်းကြီးမ ဆင်းလာပြီလေ။ အလုပ်သွားဖို့ သူ့လာကြိုရတာက ညီတေဇရဲ့ သူဌေးImageထိခိုက်ပေမယ့် ရှယ်ယာရှင်ကြီးမလား။
____________________________________________________________________________
လက်ဆက်တဲ့လေများက တဖြူးဖြူးနှင့် အတင်းတိုးဝှေ့ ဝင်ရောက်နေကြသည်။ တောတွေရဲ့ အထက် ၊ တောင်တွေရံလျက်၊ ကောင်းကင်ပြာက လက်တစ်ကမ်းမှာ ရှိနေသည့်အလား။ သံပုရာပေါင်း၊ သရက်သီးချဉ်၊ ငုံးဥ၊ ကွမ်းယာသည်လေးတွေရဲ့ အသံမှာ မကြားစဖူး တစ်မျိုးထူးနေသည်။ တရွေ့ရွေ့ ခုတ်မောင်းနေတဲ့ ရထားထက်က ဘဝကလေးတွေကို တွေ့မြင်လိုက်ရသလို။
"တေဇ တေဇ အရှေ့မှာ လျှိုထဲဝင်တော့မှာ။ ငါအမှောင်ကြောက်တယ်။ ငါ့ကို ကိုင်ထားနော်"
"နင့်ကို သရဲတောင် မဆွဲဘူး စိတ်ချ။ အဆီပိတ်နေလို့"
"သေနာ ဘောဒီရှိန်ပင်းတွေ သိပ်မုန်းတာနော်"
"ဘာ ဘော်ဒီရှန်ပိန်လဲ။ အမြည်းနဲ့ သောက်ပစ်လိုက်မယ်။ ဝ ရင် ဝ တယ်ပေါ့ ဘာလဲ"
ဆောင်းလေးက ငယ်ရုပ်မပျောက် ဖြူဖြူဖွေးဖွေး ချစ်စရာလေးပင်။ ဒါပေမယ့် ငယ်ကိုယ်ကတော့ ဂေါ်ဇီလာမျိုးနွယ်စုလို အစရှာမရ ပျောက်သွားခဲ့ပြီ။ အဝလွန်နေတယ်ဟုတော့ ပြောလို့မရ။ ပြည့်ပြည့်ကစ်ကစ် ပုလုံးလုံးလေး ဖြစ်နေသည်။ ညီတေဇကတော့ အဲ့ဒါပဲ စ,စရာရှိ၍ မကြိုက်မှန်းသိ ပိုစနေမိသည်။
"သေလေ"
"အဲ့ဒါအသာထာဦး ဆောင်းလေးရ။ ငါ့ဖုန်းအားကုန်နေတာ မနေ့တည်းက။ ပိုင်ရှင်နဲ့ ဖုန်းမပြောဖြစ်တာ နှစ်ရက်ရှိနေပြီ"
"ငါ့ဖုန်းနဲ့ ပြောမလား"
"အခုချိန်လည်း သူမအားဘူး။ နေပါစေဟာ။ ဟိုတယ်ရောက်မှပဲ ပြောတော့မယ်"
မျက်နှာချင်းဆိုင် ထိုင်ခုံမှ ဇေသုခနဲ့ ဆောင်းလေးသူငယ်ချင်း သဲသဲက အိပ်နေလေပြီ။ ရထားက တစ်ညအိပ် နှစ်ရက်ခရီးစဉ်ဖြစ်သည်။ တစ်ချိန်က ကမ္ဘာမှာ ဒုတိယအကြီးဆုံး တံတားကြီးဖြစ်သည့်  ဂုတ်ထိပ်တံတားကြီးမှာ အင်္ဂလိပ်တို့ရဲ့လက်ရာထဲက တစ်ခုပင်။ အရင်က မြစ်တွေ၊ချောင်းတွေမှာ ဒီနားရောက်သည်နှင့် ငုပ်လျှိုသွားကြ၍ ငုပ်ထိပ်ဟု ခေါ်ကြသော်လည်း နောက်ပိုင်း ဂုတ်ထိပ်ဟုသာ တွင်သွားသည်ဟု ကြားဖူးသည်။တံတားကြီးမှာ အခုထိ မပျက်မဆီးရှိ၍ ရထားကြီးကလည်း ခုတ်မောင်းဆဲပင်။
____________________________________________________________________________
ရထားစီးတုန်းက စိတ်ကြည်လင်နေသလောက် ရထားပေါ်က ဆင်းတော့ ညီနုန်းသွားသည်။ ဟိုတယ်အခန်းငှားပြီး အားပါးတရ အိပ်မိရာက မနက်ဆယ်နာရီကျော်မှ နိုးသည်။ပိုင်ရှင်သည် ဂျာမန်ကနေ စိတ်အတောင်ပံနဲ့ လှမ်းရိုက်နေ၍ ညီ့မှာ နေထိုင်မကောင်း။အလွမ်းဓာတ်နှင့် အချမ်းဓာတ် ရောယှက်လျက်။ ပိုင်ရှင်တစ်ယောက် ခေါင်းမီးတောက် စိတ်ပူနေတော့မည်။
ဒီနေ့တော့ ကားကိစ္စပြီးတည်းက လျှောက်မသွားဘဲ အိပ်ထားလိုက်သည်။ ရှစ်နာရီထိုးမှ အကြည်အလင် ထ၍  လက်တော့(ပ်)ရှေ့ ထိုင်စောင့်နေလိုက်သည်။ မကွယ်မဝှက် ဝန်ခံရရင် ညီလည်း ပိုင်ရှင့်ကို သတိရလွန်းလှပြီ။
"ညီ....."
"ဘုရား လန့်တာကွာ။ ဖြည်းဖြည်းအော်ပါ။ အလှူခံဓာတ်စက်များ ငှားပြီး အော်နေသလား မှတ်ရတယ်"
အားနှင့်အော်လိုက်တဲ့ ပိုင်ရှင့်အသံက နားကြပ်မှ နားထဲကို စူးခနဲ ဝင်သွားသည်။
"ဘယ်တွေ သွားနေတာလဲ ညီရာ။ အဆက်အသွယ်မရတာ သုံးရက်နော်။ သုံးရက်"
"အေးလေ သုံးရက်ကြီးတောင် ငါ့ပိုင်ရှင်လေး လွမ်းနေတော့မှာ ငါလည်းတွေးပူပါတယ်"
"မစနဲ့ ညီရာ ။ ဦးနွေကို မေးတော့ ဇေသုခလည်း ဖုန်းမကိုင်ဘူးဆိုတော့ ငါဘယ်လောက်လန့်သွားလဲ မင်းသိလား"
"သိပါတယ်။ နောက်ဒီလို မဖြစ်စေရဘူးလေ နော် ပိုင်ရှင်ရာ"
"မဖြစ်အောင် ကြိုးစားစရာမလိုပါဘူး ။တစ်ခုခုဆို ပြောသွားရင် ရပါတယ်ကွာ။"
"ဖုန်းအားကုန်နေတာ နောင်ချိုဘက် သွားနေတာနဲ့။ ကားသွားရောင်းရင်း ဂုတ်ထိပ်တံတားရထားပါ စီးခဲ့တယ်။ သိလား ပိုင်ရှင်"
"ပျော်နေတာမလား။ "ပိုင်ရှင် စူပုတ်ပြီးပြောတော့ ညီ့မှာ ရယ်လည်းမရယ်ရဲ့။ နှလုံးကွဲလည်း ထရယ်ချင်နေသည်။
"တေဇ ငါ့ပိုက်ဆံ အိတ် နင်ယူသွားတယ်ဆို"
အခန်းတံခါး တွန်းဖွင့်ရင် ဖုန်းရှေ့ထိ မြန်မြန်ဆန်ဆန် ရောက်လာတဲ့ ဆောင်းလေးကြောင့် အခုချိန် ပိုင်ရှင့်မျက်နှာက ဟိုတယ်မှာ တောဝက်တွေ့လိုက်ရသလို အံ့ဩသင့်နေမှာ ညီ လှည့်မကြည့်ဘဲ သိသည်။
"ဆောင်းမြူနှင်းလား...."
ပိုင်ရှင်က လှမ်းမေးတော့
"အော် ပိုင်ရှင်။ ဆောတီး နှောင့်ယှက်သလို ဖြစ်သွားလား"
"ရပါတယ်။ဘယ်တုန်းက ပြန်ရောက်တာလဲ"
ဒီတစ်ခါ အံ့ဩသွားသူက ဆောင်းလေး။ ညီ့ကို လှမ်းကြည့်၍
"နင့်လူကြီးကို ငါနဲ့အလုပ်တွဲလုပ်နေတာ မပြောပြထားဘူးလား"ဟု လှမ်းမေးသည်။
"နင်အိတ် ကုတင်ပေါ်မှာ ယူပြီးရင် ပြန်တော့ ဆောင်းလေး။ငါနဲ့ ငါ့ပိုင်ရှင်လေးရဲ့ အချိန်တွေ လာဖြုန်းတီးမနေနဲ့။ လစ် လိုက် တော့ ဝက်...."
"သေနာ......"ဟု ကျောကို ဖျန်းခနဲ ချကာ ထွက်သည်။ ဝက်အားနဲ့ဆိုတော့ အောင့်ခနဲတောင် ဖြစ်သွားသည်။
"ပိုင်ရှင်.....ဟဲ....ဟဲ....မကြုံလို့ မပြောတာပါကွာ။ ပြီးတော့ မင်းစိုးရိမ်နေရမှာစိုးလို့။ မင်းကွယ်ရာမှာ တစ်မျိုးကြံဖို့ ဖုံးထားတာမျိုး မဟုတ်ဘူးနော်။ ငါက မင်းအတွက် တွေးတာပါ။ ဘယ်သူက ကိုယ့်ချစ်သူ အရင်အဆက်ဟောင်းနဲ့ အလုပ်တွဲလုပ်နေတာကို စိတ်ချနိုင်မှာလဲ"
"ငါက စိတ်ချနိုင်ပါတယ်။ မင်းကို ငါယုံတယ်လေ။ ငါ့ကိုယ်ငါလည်း ယုံတယ်။ ဘယ်လို ကိစ္စပဲရှိရှိ ငါမင်းကို လက်မလွှတ်ဘူးဆိုတာ"
"ပိုင်ရှင် ငါတော့ မင်းကို ကြွေနေပါပြီကွာ"
ညီက ဖုန်းစခရင်နားကပ်၍ ပိုင်ရှင့်မျက်နှာကို ထွေးပွေ့တော့မည့်အလား ပြောတော့
"တစ်ခုပဲ ညီ။ နောက်ခါ ငါစိုးရိမ်ရမှာစိုးရင် ဘာကိုမှ မဖုံးကွယ်နဲ့။မင်းနဲ့ ပတ်သက်တဲ့ကိစ္စ မင်းကိုယ်တိုင် ပြောတာပဲ ကြားချင်တယ်။မင်းမပြောဘဲ တိုက်ဆိုင်ပြီး ဖြစ်ဖြစ် ၊တခြားသူ ပြောလို့ပဲ ဖြစ်ဖြစ် ကြားရရင် ငါစိတ်ကောင်းမှာ မဟုတ်ဘူး"
"အင်းပါ အခုလောလောဆယ်တော့ မျက်နှာကြီး မပုပ်ထားနဲ့။ မင်းက အဲ့ဒီလိုကြီးဖြစ်နေရင် ငါ့ဘဝမှာ လေပြေတွေ သေလို့ ပန်းခင်းတွေ ငိုပြီး ကြယ်လေးတွေ မျက်ရည်ကျနေသလိုကြီး"
ညီ ပါးစပ်ထဲ တွေ့ရာတွေ ပြောတော့ ပိုင်ရှင်ပြုံးရပြန်တာပါပဲ။ ပြီးတော့
"ညီ မင်းကလေ စကားကို တတ်တိုင်း ပြောနေတော့တာ"ဟု ပြောနေသေးသည်။
ဖုန်းချသွားပြီးတော့ ညီ့မှာ ဝမ်းနည်း၊ ဝမ်းသာဖြစ်နေရသည်။ ပိုင်ရှင်က စာမေးပွဲ အရေးကြီး၍ တစ်ပတ်လောက် လိုင်းမတက်နိုင်ဟု မှာသွားသည်။ ဒါက ဝမ်းနည်းစရာ။ စာမေးပွဲပြီးရင် ပြန်လာတော့မည် ဆိုတာကတော့ ထီကြီးပေါက်တာထက် ပျော်စရာကောင်းသည့် ကိစ္စ။ ညီ့အလုပ်ကိစ္စကလည်း မပြတ်သေး၍ လေး၊ငါးရက် ရန်ကုန်ပြန်မရောက်နိုင်သေး။ ကိုယ်တော်ကလည်း ဘယ်နေ့ပြန်လာမလဲ ဆိုတာ မေး၍ မရ။
______________________________________
"သဲသဲ ဘယ်လိုဖြစ်လို့ အခန်းထဲ ရောက်နေတာလဲ။ အင်္ကျီတွေကရော ဘာဖြစ်လို့...."
နွေဥတုရဲ့နှောင်းရာသီမှာ မိုးရွာနေ၍ ချမ်းစိမ့်နေသည်မှာ အရိုးထဲထိ အေးနေသည်။ ညီ ရေနွေးနဲ့ ဇိမ်ကျကျရေချိုးပြီး ထွက်လာတော့ ရေစက်လက်နဲ့ သဲသဲက အခန်းထဲ ရောက်နေသည်။ ကိုယ်ပေါ်မှာ တဘက်တစ်ခုသာ တန်ဆာဆင်လျက်။
"သဲသဲ မိုးမိလာလို့။ ဆောင်းလေးကလည်း အခန်းတံခါး ပိတ်ပြီး ဘယ်ရောက်နေလဲမသိဘူး"
"ငါ့အခန်းက လော့မချထားဘူးလား"
"အင်းလေ......"
"ထားပါတော့ ။ ကဲ ငါ့အင်္ကျီလေးဖြစ်ဖြစ် ဝတ်ထားဟာ။ နှစ်ယောက်ထဲ ဟော်တယ်ခန်းထဲမှာကို နင်ကဒီလိုနေစရာလား"
ညီ့အင်္ကျီတစ်ထည် ထုတ်၍ သဲသဲဆီ သွားအပေး ကြမ်းကပဲ ချော်၍လား ညီပဲ ကံဆိုးချင်တာလား မသဲကွဲ။ ခြေခေါက်သွား၍ သဲသဲက လာထူပေးသည်။ အနေအထားက မြွေဖားရှေ့ဖားအော် နေသလိုပင်။ တဘက်လေးသာ ပတ်ထားတဲ့သဲသဲနှင့် ရေချိုးခန်းက ထွက်လာကာစ အပေါ်ပိုင်းဗလာ အောက်ပိုင်းတဘတ်တစ်ခု ရှိသည့် ညီက ပွေ့ဖက်သည့် အနေအထားမှာ ရှိနေသည်။
တိုက်ဆိုင်မှုဆိုတာ ကြိုတင်ချိန်းဆို၍ ရလျှင် ဒီလိုတိုက်ဆိုင်မှုမျိုးကို ဘလက်လစ်(စ်) ထည့်လိုက်ချင်သည်။ အခန်းတံခါး ဖွင့်သံကြားပြီးနောက် ခေါ်လိုက်တဲ့ အသံက ညီ့အတွက် မိုးကြိုးဆယ်စင်း အတွဲလိုက် ပစ်သွားသလို.......
"ညီ............"
__________________________________________________________________________________________________________________
Unicode
ကမ္ဘာပတ်လမ်းကြောင်းဟာဖြင့် ညီနဲ့ပိုင်ရှင့်ကို စံတော်ချိန်လေးနာရီသုံးဆယ်မိနစ်  ကွဲလွဲစေခဲ့သည်။ ဂျာမန်စံတော်ချိန်က မြန်မာနိုင်ငံထက် လေးနာရီသုံးဆယ်မိနစ် နောက်ကျသည်။ အခုတလော ညီတွေးနေမိတာက ဂြိုလ်ကြီးရှစ်လုံးသာရှိပြီး ကမ္ဘာကြီးသာ အပြားလိုက် ကျောက်ချခဲ့လျှင် ပတ်လမ်းဆိုတာဝေးလို့ စံတော်ချိန်တွေ တပြေးညီ ဖြစ်သွားမလားဟုပင်။
လောလောဆယ် နေနဲ့ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ ကစားနေသော ဂြိုလ်ကြီးကိုးလုံးကြောင့်    ပိုင်ရှင်မျက်နှာလေးပေါ်လာမည့် စခရင်ကြီးကို ကြည့်ရင်း မနက်လေးနာရီကို မျှော်ရတာ ညီ့ရဲ့ဂျူတီလိုလို ဖြစ်နေပြီ။ ကိုယ်တော်က မောနင်းတစ်ခါ၊ နိုက်တစ်ခါ တွေ့ချင်ပါသည်ဆိုတော့လည်း ဖြည့်ဆည်းပေးရုံ။ညီအိပ်ပျော်သွားတဲ့ နေ့တွေဆို ညပြန်တွေ့တဲ့အခါ စိတ်မကောင်းတဲ့ အသံကြားရတတ်၍ Alarmပေးပြီးကို ထရတော့သည်။ ဘယ်တတ်နိုင်မလဲ။ ဒီမျက်နှာလေး အလွမ်းပြေကြည့်ရင်း အသံလေးကို အပန်းဖြေ နားသောတဆင်ဖို့ အမောင်ညီတေဇ စောင့်ပေရောပေါ့။
စခရင်လေး မီးလင်းလာသည်နှင့် ညီနားကြပ်ကောက်တပ် လိုက်ရသည်။ အိမ်မှာ လူကုန်အိပ်နေကြပြီ....
"ဟယ်လို ငါ့ချစ်ချစ်လေး"
"အင်း...ညီ အိပ်ချင်နေပြီလား"
"နိုး..။နေကောင်းတယ်မလား။ Assignmentထပ်ရတာရော အိုကေသွားပြီလား"
"အိုကေပါတယ်။ ဆိုင်ခွဲဖွင့်တာ အဆင်ပြေရဲ့လား။"
အမှန်ပြောရရင် မနေ့ညကမှ သိရသည့်   ကိစ္စကြောင့် စိတ်က မှိုတက်နေသည်ဆို မမှား။ ဆိုင်သစ်ဖွင့်တာရော ၊ အလုပ်ကအဆင်မပြေတာပါ ရောသွားတော့ စိတ်အချဉ်က ကိုယ့်အားဆေးပျားရည်လေး တွေ့နေရတာတောင် မချိုနိုင်။
"ပြေပါတယ်...."ညီက လေထုတ်သံတစ်ဝက်နှင့် ဖြေတော့ ပိုင်ရှင်အထာနပ်သည့် အမူအယာဖြင့်
"ဒါဆို ဘာကအဆင်မပြေတာလဲ"
"ဟမ်...ဘယ်လိုသိတာလဲ"
"ဘာလို့မသိရမှာလဲ"
"ဟုတ်ပါပြီ။ငါ့ရဲ့ပိုင်ရှင်ကတော့လေ ဇူကာဘက်ကို လာဘ်ထိုးပြီး တိတ်တိတ်လေး Versionမြင့်တွေ ထွင်သုံးနေသလားမှတ်ရတယ်။ စခရင်ပေါ်ကနေ စိတ်ကိုလှမ်းဖတ်နေတာ နည်းတဲ့စကေးလား"
ပိုင်ရှင်က ရေချိုးပြီးစမို့ ဆံပင်ရေသုတ်ရင်း မနိုင်ဘူးဆိုသည့်အထာနှင့် ခေါင်းခါရမ်းနေသည်။
"ဆိုင်အသစ်က အဆင်မပြေဘူးလား ညီ။ တာမွေမှာ ဖွင့်တာဆို"
"ဆိုင်က အဆင်ပြေတယ် ။ကားပစ္စည်းသွင်းတဲ့ အကိုက ငါနဲ့စီးပွားလာပြိုင်နေတာပဲ ပြောမလား။ စားကျက်လာလုတယ်ပဲ ပြောရမလား။ကိုယ်မွေးတဲ့သရဲ ကိုယ့်ပြန်ခြောက်နေတာ ပိုင်ရှင်ရေ...."
ညီက ကော်ဖီခွက်ကို တစ်ဝက်လောက်ကုန်အောင် မော့ရင်း ပြောတော့ ပေါင်မုန့်ချပ်ပါးစပ်ထဲ တန်းလန်းနဲ့ ပိုင်ရှင်က စိတ်ဝင်တစား နားထောင်လျက်....
"ဘယ်လိုဖြစ်လို့လဲ ညီရ"
"ဆိုင်ခွဲမှာ ငါက ကားပစ္စည်းပါ ရောင်းမလို့လေ မင်းသိပါတယ်။ ငါ့စိတ်ကူးကတော့ အောက်ပိုင်းဆိုင်လေးပါ တွဲဖွင့်မယ်ပေါ့ကွာ။အခု အဲ့ဒီအကိုက ငါ့ဆီကျအမြတ်တင်ပြီး ပစ္စည်းပို့တယ်။ ငါ့ဖောက်သည်တွေကိုကျတော့ အမြတ်နည်းနည်းနဲ့ လိုက်စပ်ရောင်းနေတယ်တဲ့။ မနေ့ကမှ ကိုကျော်ကြီးပြောလို့ သိရတာ ပိုင်ရှင်ရာ။ လူတွေကလေ မျက်စိမှိတ်ယုံလို့ကတော့ စုံလုံးကန်းအောင် နှိုက်ထုတ်ပြီသာ မှတ်တော့။ ငါကြောင့် ဒီအလုပ် ရလာတာကွာ။
ကယ်ပေးတဲ့မျောက် ပြန်ချက်စားချင်နေတာကြီးက"
"လောဘတွေလေ။ မင်းရော ဘာထူးလဲ ညီ။ ကိုကျော်ကြီးကို ကွက်ကျော်တွေ ရိုက်နေတာပဲကို"
"ဟ မတူဘူး ပိုင်ရှင်။ ငါက ဝေစားမျှစား ပြန်လုပ်တယ်။ ငါသာ အမြဲဖြတ်ခုတ်နေရင် ကိုကျော်ကြီးငါ့နား နေမှာမဟုတ်ဘူး။
ညာစား မဟုတ်ရင်တောင် ခေါင်းပုံဖြတ်ခံနေမယ့် လူတွေတော့ ဘယ်ဟုတ်မလဲ။ သာမှပေါင်းတဲ့ စီးပွားရေးလောကကြီးပဲကို"
"အဲ့ဒီတော့ ဘယ်လို ဆက်လုပ်မလဲ"
"လူထပ်ရှာရမှာပေါ့။ ဝယ်ရောင်းဘက် ပြန်လှည့်မယ်။ အရင်လို မလုပ်ရလည်းနေဆိုပြီး ပစ်ထားလို့ မရတော့ဘူးလေ။ ငါ့လက်အောက်မှာ ဝန်ထမ်းတွေ ရှိလာပြီ။ သူတို့ထဲမှာ ငါပေးမယ့် လစာနဲ့အိမ်ကို ထောက်ပံ့မယ်သူ ရှိတယ်။ ဘဝလမ်းကြောင်းအတွက် သင်တန်းတက်နေတဲ့ သူတွေလည်းပါတယ်။ ငါမပေးနိုင်လို့ မဖြစ်ဘူး။ "
ညီ့လက်အောက်မှာ လုပ်ငန်းခွဲ သုံးခုရှိသည်။ ကြီးကြီးကျယ်ကျယ် မဟုတ်ပေမယ့် ပြီးပြီးရောလည်း မဟုတ်။ ဝပ်ရှော့မှာ ကိုစိုင်းနဲ့အတူ ကောင်လေးငါးယောက်ရှိသည်။ ဆိုင်ခွဲ(၁)မှာဆို စာရေးမလေးအပါ ဝန်ထမ်းဆယ်ယောက်၊ အသစ်ဖွင့်တဲ့ဆိုင်ခွဲမှာ ညီ့ရဲ့ ပါတနာက စာရင်းကိုင်မယ်ဆိုတော့ လောလောဆယ် လေးယောက်လောက်သာ ခန့်ထားသည်။ ဒီလူတွေရဲ့  တစ်လစာ လုပ်အားခအတွက် ညီ့လုပ်ငန်းပေါ်မှာ မူတည်နေပြီလေ။
"မင်းရဲ့ ပါတနာက ဘာပြောလဲ"
"သူက ငါ့သဘောပါ"
"အင်း...ညီ ငါလည်းအကြံမပေးတတ်ဘူး။ မင်းကြိုးစားနေသ၍တော့ ရလာဒ်ကောင်းနဲ့ တစ်ကွေ့မှာ ဆုံမှာပဲ။ ဘာလုပ်လုပ် ဖြစ်သင့်တာရော ဖြစ်လာနိုင်တာရော တွေးပြီးမှလုပ်။ရလာသမျှရလဒ်အတွက် ကောင်းကျိုးရော ဆိုကျိုးပါ ဒဏ်ခံနိုင်မလား ဆုံးဖြတ်ပြီးမှ လုပ်။လမ်းတိုလည်းမလိုက်နဲ့။ ရေရှည်ကိုတွေး။ ကျန်းမာရေးလည်း ဂရုစိုက်ဦး။ မျက်ကွင်းတွေ ညိုနေတာ တောင်အာဖရိက,က အာဟာရပြတ်နေတဲ့ ဝက်ဝံကြီးကျနေတာပဲ"
"အဲ့ဒီလောက် ငါက ဆွဲဆောင်မှု ရှိနေတယ်ပေါ့"
"အေးလေ..."
"ဒါပေမယ့်လည်း ချစ်နေတာပဲမလား။ ဂျာမန်မလေးတွေကိုတောင် မမြင်နိုင်ဘူး"
"မမြင်ဘူးလို့ ဘယ်သူပြောလဲ"
"မင်း မျက်လုံးနဲ့ပဲမြင်တာလေ။ အသည်းနှလုံးက မမြင်နိုင်ဘူး။ ဟုတ်တယ်မလား ပိုင်ရှင်"
"ဘယ်သူပြောလဲလို့"
"ငါပြောတာကွာ ဘာဖြစ်ချင်လဲ"
ညီက စိတ်မရှည်သလို အော်တော့ ပိုင်ရှင့်ရယ်သံတွေ ဂီတသံ ချိုချိုလေးတွေလို။ အကျႌထလဲနေပြီဆိုတော့ ဖုန်းချရတော့မည်ဆိုသော အသိကဝင်လာသည်။
"ငါ့ပိုင်ရှင်လေး မျက်နှာတွေ့လိုက်ရတော့ စိတ်ညစ်စရာတွေက ပိန်းကြာရွက်ပေါ်ကရေ ဖြစ်သွားရော။ ဒီကိုဂျင်မလိုဘူး။ ငါ့ရဲ့ အားဆေးလေး...."
"ဆေးကြော်ငြာနေတာလား မယူသေးဘူး"
"မရောင်းပါဘူး လမ်းဘေးအမှိုက်ပုံမှာ သွားပစ်မလို့"
"ပစ်ရက်တယ်ပေါ့...."
"လာလာလာ မပစ်ရက်တော့ဘူး။ အာခံတွင်းထဲ ငုံထားမယ်။ သွားလေရာ ပိုက်ဆံအိတ်ထဲ ခေါက်ထည့်သွားမယ်။ ညအိပ်ရင် ခေါင်းအုံးဘေးမှာ ချပြီး အိပ်မက်ထဲထိ ခေါ်သွားမယ်"
"ညီရာ မင်းကတော့လေ ပြောလိုက်ရင်"ဟု ပြောရင်းပြုံးနေသည့် ပိုင်ရှင့်မျက်နှာမှာ ကြွက်မိသားစုလိုက် ခုပ်မိလာတဲ့ ကြောင်ပါးအိုကြီးနဲ့ပင် တူနေသည်။ ညီဘယ်လောက်ပြောပြော ပိုင်ရှင်က သဘောကျမဆုံးပေ။ သူကိုယ်တိုင်တော့ သတိရတယ်ဟုတောင် တစ်ခွန်းမဟ။
"ကျောင်းသွားတော့မှာလား ပိုင်ရှင်"
"အင်း....အိပ်လိုက်ဦးနော် ညီ။ ထမင်းကို မှန်မှန်စား။ နောက်နေ့တွေ မျက်ကွင်းညိုနေသေးရင် ငါက ရောင်းစားရက်တယ်နော်။ရှားပါးလူမျိုးနွယ်
You are reading the story above: TeenFic.Net