အခန်း(၂၅)
Background color
Font
Font size
Line height
Zawgyi
"ဟယ် သားလေး"
"ဟင်...သားသား"
မေမေ့ပခုံးကို အသေအချာ ဆုပ်ကိုင်၍ ပါးပြင်ကို ခပ်ကြမ်းကြမ်း မွှေးရှူံ့ပစ်လိုက်သည်။
"နင်ကလေ ဥာဏ်က တိမ်၊ အရပ်ကသာ ရှည်မလာတာ၊ အရစ်တော့ ရှည်လာတယ်"
____________________________________________________________________________
"ညီ..."
"ညီ...."
"ငါ့အိမ်ကိုရော...."
"ငါမယုံသေးလို့ပါ။ တစ်ကယ် ညီက ငါ့ရှေ့ရောက်နေပြီး ငါက ဖက်ခွင့်၊ နမ်းခွင့် အပြည့်အဝ ရနေတယ်ဆိုတာ မယုံနိုင်သေးလို့၊ မင်းရဲ့ ရန်တွေ့သံနဲ့ အတည်ပြုနေတာ"
ပြောရင်း ရင်ခွင်ထဲ ဆွဲသွင်းနေသူကို
"ဖယ်စမ်းပါ။ ငါ အိမ်သာတက်ပြီး
-င်ရေမဆေးခဲ့ဘူး။ လက်ရောပဲ...."
"ရတယ်။ ညီ ဖြစ်နေရင် ရတယ်။ ဘယ်လို နေနေ"
"ေ-ာက်ပို"လို့ ပြောလိုက်ပေးမယ့် ခဏတာ ညိမ်သက်နေလိုက်သည်။ တစ်ကယ်ကို ရေနှစ်ရက် မချိုးရသေးတဲ့ ညီ့ပါးပြင်ပေါ်ကို ပိုင်ရှင့်နှုတ်ခမ်းတစ်စုံ ဖိကပ်လျက်။  ဆုပ်ကိုင်ထားကြတဲ့ လက်ဖဝါးနှစ်ခုကစလို့ ရင်ဘက်ထဲမှနှလုံးခုန်သံအထိ တွေးနေကြတဲ့ စိတ်ကူးတွေပါမချန် တစ်သားတည်း ထပ်တူကျနေမည်ဟု ညီထင်သည် ။ စိတ်ချင်းစကား ပြောနိုင်တယ်ဆိုတာ ဒါမျိုးဖြစ်လိမ့်မည်။ စကားတွေ ဖောင်ဖွဲ့စရာမလိုဘဲ ပိုင်ရှင့်ရင်ခုန်သံ နားထောင်ရုံ ညီ့အတွက် ကြည်နူးစရာ ကောင်းနေပြီ။
"ငါလေ မင်းလို စကားကြွယ်ကြွယ် မပြောတတ်ပေမယ့် အမြဲသတိရနေခဲ့တာ ညီ။ ငါ့ကို ထပ်မထားခဲ့နဲ့တော့နော်  "
"အေးပါ ယသော်ဓရာလို ဘဝအဆက်ဆက် အနားမှာအမြဲ ပါရမီဖြည့်ပေးပါ့မယ်"
"မနောက်နဲ့ ညီရာ။တစ်ကယ် ငါ မင်းကို ဘယ်တော့မှ လက်လွတ်ခံမှာ မဟုတ်တော့ဘူး သိလား ညီ"
ညီ့ ရင်ထဲမှာ မီးရှူးမီးပန်းတွေ ၊ဗြောက်အိုးတွေ တဗြောင်းဗြောင်းဖောက်ပြီး သီတင်းကျွတ်ပွဲတော်ကြီး ကျင်းပသွားသလိုပင်။ နတ်ပွဲနှင့် ကုလားဘုရားပွဲ အပြိုင်အဆိုင် ခြိမ့်ခြိမ့်သဲ လှည့်လည်သွားသည့်နှယ်။
"ရည်းစားစကား မပြောတတ်တဲ့ ငါ့ပိုင်ရှင်လေးကို ငါကပြောပေးမှာပေါ့ ။ဒီမှာ ငါ့ကိုကြည့် သေချာနားထောင်နော် ပိုင်ရှင်။
နပိုလီယံက စစ်ကိုချစ်တယ်၊ အဲလ်ဖက်နိုဘယ်က ငြိမ်းချမ်းရေးကို မြတ်နိုးတယ်၊ ဂန္ဒီက မေတ္တာတရားကို လက်ကိုင်ထားတယ်။ ညီတေဇကတော့ ဘုန်းပိုင်ရှင်ကို ဂန္ဒီရဲ့ မေတ္တာတရားမျိုးနဲ့ အဲလ်ဖက်လို မြတ်နိုးတယ်။ နပိုလီယံလို ကျူးကျော်စစ် ပြုပစ်မယ်။ လာစမ်း ဘုန်းပိုင်ရှင်ရဲ့ အပေါ်ဒေသ၊ အောက်....."
"ညီ....."
"အေးပါ...မတားပါနဲ့ ။ဟုတ်ပါပြီ။ နောက်တစ်မျိုး ပြောပေးမယ်။  ကမ္ဘာ့အမြင့်ဆုံးဧဝရတ်တောင်ထိပ်ကိုတက်တာက ဆာအက်ဒမွန်ဟီလာရီ၊
ကမ္ဘာ့အနက်ဆုံးသမုဒ္ဒရာကြမ်းပြင်ထိ ရေငုပ်တာက ကူးစတိုးဆိုရင်
ကမ္ဘာ့အချစ်တတ်ဆုံးက ညီတေဇ။
ကမ္ဘာ့အချစ်ခံရဆုံးက ဘုန်းပိုင်ရှင် ဖြစ်စေရမယ်"
"အဲ့ဒါ ဘယ်ဘာသာမှာ ပါတာလဲ။စာကျက်ပြီး လာပြန်နေသလိုပဲ"
"အမှန်တော့ ဝင်လေထွက်လေနဲ့တမျှ မင်းကို မြတ်နိုးတာ သိလား"
"ဟုတ်ပြီ..."
"ဝင်လေထွက်လေရှူနေတာကို အသက်လို့ခေါ်ရင် မင်းကိုချစ်တာက ငါ့အသက်လောက်ပေါ့"
"အင်း....."
"မပြီးဆုံးနိုင်တာက သံသရာဆိုရင် သံသရာအဆုံးထိ မင်းနဲ့ပဲ နေချင်တယ်"
"ဟုတ်ပြီ"
"နေ့စဉ်လှုပ်ရှားနေသမျှကို ဘဝလို့ခေါ်ရင် ငါ့ဘဝဟာ မင်းအသက်သွင်းမှ ပြည့်စုံနိုင်မယ် ထင်တယ်"
"အင်း...."
"နေ့မြင်ညပျောက် သင်္ခါရလောကကြီးထဲမှာ အသင်္ချေအချစ်တွေကို မင်းဆီပေးချင်တယ်"
"ဟုတ်ပြီ..."
"လခွမ်းထဲမှပဲ နည်းနည်းလောက် ကြွေစမ်းပါ ပိုင်ရှင်ရ။ တစ်သက်တာစုဆောင်းသမျှ စာသားတွေ ကုန်နေပြီ"
"သွားအရင်တိုက်ပြီးမှ ဆက်ပြောကြတာပေါ့"
"သေလေ လဲသေလိုက်။ ငါပြန်တော့မယ်"
"ဘာမှမပြောလည်း ကြွေနေတာပဲကို။ ဘာလိုသေးလဲ ညီရာ "
"နေစမ်းပါ သောက်ပိုတွေ"
" သွားတိုက်လိုက်တာ ကောင်းမယ်နော် ညီ။ မင်းစကားပြောရင် ငါ့မှာ အသက်အောင့်ထားရတယ်"
"ပိုင်ရှင်...."
"စတာ စတာ ဘယ်လိုနေနေကွာ။ ငါ့အနားမှာ ညီရှိနေရင်ပြီးရော"
ဆံပင်တွေကို နမ်းသည်။ နဖူးပြင်ကို နမ်းသည်။ ရင်ခွင်ထဲမှာပဲ ထားသည်။ ဒါဟာ ပိုင်ရှင် မြတ်နိုးသမျှပါပဲ။ ညီ အပြည့်အဝ နားလည်ခဲ့သည်။
____________________________________________________________________________
"ဦးလေးကြီး ပရိတ်ရေ ရှိလား"
"ဘာလုပ်မလို့လဲ ကလေးရ။"
"ကလေးကို အရင်တိုက်။ ပြီးရင် အရှေ့က နာနာဘာာဝကောင်ကို လောင်းချမလို့"
"အော.....ဟော....."
ဦးနွေက သဘောကျ၍ ပြုံးပဲပြုံးနေတော့သည်။ နှစ်ယောက်သား ဝင်လာတုန်းကတော့ "ပိုင်ရှင်ရေ ဒီကလေးအတွက် သံပုရာရည်ဖျော်ပေးလိုက်ပါ"ဆိုပြီး ဝင်လာပေမယ့် ညီ့ကိုတွေ့တော့ အမူးသမားက တစ်ဝက်လောက် အမူးပြေသွားသည် ထင်၏။
"သူတောင်းစား ပျောက်သွားတုန်းက စက္ကောမမျက်လှည့်ပြသလို ဥုံ ဟချလောင်းဆိုပြီး ပျောက်သွားတယ်။ ပေါ်လာတော့လည်း ဖိ.. ဖွက်.. စွက်.. ပျောက်သူပေါ် ...ပျော်သူပေါက်....
လာဟဲ့တစ်ယောက်....ဟချလောင်းဆိုပြီး ပြန်ရောက်လာတယ်"
"ငါငယ်ငယ်က ကြည့်ဖူးတဲ့ စက္ကောမဂါထာတွေနဲ့ တစ်ခုမှလည်း မတူပါလား ဇေသုခရာ"
"အေး ဟိုဟာစက္ကောမ ဒီက လက်ကောမ လာစမ်း သေချင်းဆိုးကောင်"ဆိုပြီး လိုက်ထိုးနေ၍ ပတ်ပြေးရတာ အမော။ ဇေသုခ အမူးတော့ တော်တော်ပြေသွားတာ သေချာလောက်ပြီ။ 
"သားသား"
ဟော လူစုံသွားပါပြီ။ အမောသကော ရောက်လာတဲ့ မမက အိမ်ဝမှာ ရပ်လျက်။
"ပြန်လာမှာပါဟ ဘယ်လိုဖြစ်တာလဲ နင်က"
"မေမေစိတ်ပူနေတာ ဇေသုခတို့အိမ် ဖုန်းဆက်မေးသေးတယ်။ မရှိဘူးဆိုတော့ လန့်သွားတာပေါ့ သေနာလေးရဲ့ ။ ဘယ်သွားမယ် ကြိုပြောသွားပါလား"
"အေးလေ တော်တော်မှောင်နေပြီ ညီတေဇ သားတို့လည်း မနက်ကျမှ အေးဆေးတွေ့ကြပေါ့။ အခုပြန်လိုက်ဦး။ ဟိုကလေးကိုလည်း အိမ်ရောက်အောင် ပို့ပေးလိုက်ပါဦး"
ဦးနွေက ဝင်ပြောတော့ ဇေသုခက မျက်စောင်းချီကာ "အမူးပြေနေပါပြီနော်"ဟု ရန်တွေ့နေသေးသည်။
ဇေသုခရဲ့ကားလေး ခြံရှေ့မှ မောင်းထွက်လာသည်။ ကားလေးထွက်လာရာကို မျက်စိတဆုံး လိုက်ကြည့်နေသော ကောင်လေးကို ညီ ဘတ်မှန်မှ တွေ့နေရသည်။
"မမ"
"ဘာလဲ"
"ပိုင်ရှင်နဲ့ ဘာလို့ ဟန်ဆောင်တွဲနေတာလဲ"
"အို့ ဂေါ့ နင်ဘယ်လို သိသွားတာလဲ။ "
"မေးတာသာ ဖြေစမ်းပါ"
"အမလေး......ဘာဖြစ်တာလဲ ဇေသုခ"
ရုတ်တရက်ကားကို စောင့်ရပ်လိုက်၍ ညီအော်မေးတော့ စပ်ဖြဲဖြဲ မျက်နှာပေးနှင့်။ မူးရူးပြီး ဖြဲနေတဲ့ မျက်နှာက "ညီမလေးကိုချစ်လို့ပါ"ဆိုတဲ့ ရုပ်ရှင်ထဲက မုဒိမ်းကောင် ရုပ်နှင့်တောင် ဆင်သလိုလို
"ငါလည်း စိတ်ဝင်စားလို့။ မသွန်းနဲ့ ပိုင်ရှင်က ဟန်ဆောင်တွဲနေတာလား။ "
"အင်းလေ....။ သားသား ဆယ်တန်းဖြေပြီးတော့ ဝန်ခံစရာရှိတယ်ဆိုတာ ဘာလဲသိလား"
"ဘာတဲ့လဲ"
"သူ သားသားကို သဘောကျတယ်။ သူ့စိတ်ကိုသူ သေချာချင်သေးတယ်တဲ့။ညီ ဘယ်လောက်ဆိုးဆိုး သူသည်းခံပြီး ချစ်နိုင်မလား စောင့်ကြည့်ချင် သေးတာတဲ့"
"အဲ့ဒါနဲ့ပဲ တွဲကြရောလား"
"နေဦးလေဟယ် ။ သည်းမခံနိုင်လို့ လမ်းခွဲရမယ့် အချစ်ထက် အဆုံးထိနားလည်ပေးပြီး ဘယ်တော့မှ လမ်မခွဲဘူးဆိုတဲ့ အချစ်ရေးကိုပဲ သူကသဘာကျတာတဲ့။ အဲ့ဒါကြောင့် ညီ့ကို စောင့်ကြည့်ဖို့။ ညီ့အနားမှာ ရှိရဖို့။ သွန်းက ကူညီပေးနိုင်မလားတဲ့"
"နင်က ကူညီပေးလိုက်ရောပေါ့"
"အေးပေါ့။ ငါ့မောင်လေး လင်ကောင်းသားကောင်း ရအောင်"
သုံးယောက်သား အော်ရယ်မိကြသည်။ ဘယ်လိုမှ မထင်ထားတဲ့ ကိစ္စမလား။
"ပိုင်ရှင်က တော်တော်ချစ်တာနော်။ နင်ဘာလုပ်နေလဲ စုံစမ်းရတာ အမော။ နင် ရည်းစားသစ် တစ်ယောက်ရရင်။ သူ ငါ့ဆီရောက်လာပြီ။ ဖွင့်ပြောလိုက်ပါလားဆိုတော့ သူ့စိတ်ကို ဒါမျိုးတွေ ခံနိုင်ရည်ရှိရဲ့လားလို့ စမ်းသပ်နေတာတဲ့"
"အဲ့ဒီကောင် နည်းနည်းပိုလိုက်ရမှ သိလား။ ချစ်တာများ အိုးဖုတ်တာကျနေတာပဲ။ နာနာရိုက် အပူများများပေး ဒဏ်ခံနိုင်အောင် ကျင့်နေရသေးတယ်"
"ဒါကတော့ ဘာလုပ်လုပ် သေချာမှ လုပ်တတ်တာ အကျင့်ပါနေတဲ့သူကို"
"ဆိုတော့ကာ ပြောချင်တာက ညီတေဇက ဟန်ဆောင်တွဲတာ သိသွားပြီး ပိုင်ရှင့်ဆီ သွားတယ်ပေါ့။ အခုအခြေအနေ ဘယ်လိုလဲ"
တောက်လျှောက် ငြိမ်နေတဲ့ ဇေသုခက ဝင်မေးသည်။
"ဟဲ ဟဲ အဖြစ်ကတော့ သိန်းထီဆုပေါက်ပြီး ရွှေအိုးပါ ထပ်ကောက်ရလိုက်သလိုပဲ" အစချီကာ နဖူးကို နမ်းတာလေးပါမချန် ပြောပြလိုက်သည်။
ဇေသုခနဲ့မမက သိန်းထီပေါက်ရွှေအိုးကောက်ရသူ ကို မနာလို တိုရှည်လုပ်ရောင်းနေသူတွေ မျက်နှာပေးနှင့် ဖြစ်သွားကြသည်။
"ကဲ ကားဆက်မောင်းတာပဲ ကောင်းပါတယ်"ဆို၍ ကားစထွက်သည်။
"နေပါဦး ။သားသား... နင့်ကို ပိုင်ရှင်က ချစ်တယ်လို့တောင် မပြောသေးဘူးလား"
"ဘယ်တော့မှလက်လွတ်မခံတော့ဘူး ဆိုတဲ့စကားက သိပ်ချစ်တယ် ဆိုတာထက် ပိုပြီးပြည့်စုံတယ် မဟုတ်ဘူးလား"
__________________________________________________________________________________________________________________
AN/ ချစ်မိတဲ့သူကို ပြောပါလို့ လည်ပင်းဓားထောက် မေးရင် ကျွန်တော်နှစ်မျိုးခွဲပြောရလိမ့်မယ်။
Updateကို စိတ်ရှည်ရှည်နဲ့စောင့်ဖတ်ပေးသူရယ်။
Fbတွေ မမောတမ်း ရေးပေးတဲ့သူရယ်။.......:3
#############################
Unicode
မိုးရေတွေနဲ့ ထွက်ခွာခဲ့ရသည့်မြေကို မိုးစက်တွေနဲ့ ပြန်ရောက်လာခဲ့ရသည်။ လမ်းပေါ်မှာ ဖုန်သိမ့်ရုံ ရွာချထားတဲ့ မိုးကြောင့် ဖုန်သင်းနံ့က လေထဲပျံ့လျက်။ မိုးဓာတ်ပါတဲ့ လေအေးအေးကို ထပ်ရောလိုက်တော့ လက်လက်ဆက်ဆက်လေကို တဝကြီး ရှုခွင့်ရလိုက်ပြီ။
ရန်ကုန်မြို့ကြီးက သူ့ဝတ်တရားအတိုင်း ထွက်ခွာသူကို နှုတ်ဆက်ပြီး ဝင်လာသူကို ကြိုဆိုလျက်။ ညီ့ကိုရော ဘယ်သူတွေ ကြိုဆိုနေမလဲ။ အခုတော့ တဖျောက်ဖျောက်ကျတဲ့ မိုးရေတွေက ကြိုနေပြီ။
ဂုတ်ထောက်ပြီး ဖွာစုတ်နေတဲ့ ဆံပင်ကြီးက ချောမောချင်တဲ့ ရုပ်ကလေးကို ပိတ်ကားချထားသလို ဖြစ်နေ၍ ရူပဒါနပြုရန် လမ်းပေါ်ပြေးဆော့နေသည့် ကလေးဆီက
"ချာတိတ် သရေကွင်းလေး ကိုကြီးကို ပေးပါလား"
ညီအနားကပ်၍ အချိုသာဆုံး အပြုံးနှင့် တောင်းတာပါ။ ရုတ်တရက် ကလေးက မဲ့လာပြီး ထွက်ပြေးတော့မည့်ဟန် ပြင်နေ၍ ဖမ်းဆွဲကာ သရေကွင်းလေး အသာယူလိုက်တော့
ဗြဲခနဲ ထငိုတဲ့ချာတိတ်ကြောင့် ညီပါ လန့်ဖျန့်သွားရသည်။
"ဘာလဲဟ ဒီချာတိတ် အလှအပ မခံစားတတ်တာလား။ ဥမ္မာဒါနီ အလှကိုမြင်တဲ့ ပုဏ္ဏားကြီးတွေလိုပဲ ဖြစ်သွားတာလား"တော့ ညီလည်း သေချာမသိ။ "အပြုံးလျှော့ရမယ် ညီတေဇ။ မင်း သိပ်ကြည့်ကောင်းနေလို့ မဖြစ်ဘူး။"ဟုသာ ကိုယ့်ကိုယ်ကို အားပေးလိုက်ရသည်။
နှစ်နှစ်အတွင်း ခြံစည်းရိုး အရောင်တွေကလွဲ ဘာမှမပြောင်းလဲသေးတဲ့ ရပ်ကွက်ကြောင့် ညီ လမ်းမမှား အိမ်မမှားဘဲ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပြီ။မိုးက ရွာမည်ပဲ ကြံရသေးသည်။ရေမြောင်းထဲ အမှိုက်ကအပြည့်။  လျှံကျလာတဲ့ မြောင်းရေတွေက ခြံထဲမှာ အိမ်ကို ဝိုင်းလျက်။ စည်ပင်ရွေးကောက်ပွဲ ဘယ်လောက်လုပ်လုပ်။ ဘယ်လိုပင် ကတိတွေပေးပြီး မဲဆွယ်ဆွယ်။ အချိန်တန်ရလဒ်ကတော့ ရက်ကွက်ထဲ လူသွားလမ်းက ကျဉ်းမြဲ။ မြောင်းရေက လျှံမြဲ။စည်းမရှိ၍တော့ ကမ်းမဲ့ရသည်ပေါ့။ ဒါလည်း မပြောင်းလဲတဲ့အရာ။
အိမ်ရှေ့မှာ အိတ်တစ်လုံး၊ ပါးသိုင်းမွေးစစနှင့် ဆံပင်ရှည်နှင့် ရပ်နေသူကို မမက တံခါးဖွင့်ပေးဖို့အရေး သင်္ကာမကင်း ကြည့်နေသေးသည်။ မေမေ ထွက်လာပြီးမှ
"ဟယ် သားလေး"
"ဟင်...သားသား"
"ဘာလဲ... အခုမှ ငါမရှိတဲ့အချိန်အတွင်း နင့်ရဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်း ၊မှတ်သားနိုင်စွမ်းတွေ လျော့လာတာပဲ။ "
"အထုတ်ကြီးနဲ့ ဘာမှမပြောဘဲ စိုက်ကြည့်နေတော့ ငါက လမ်းစရိတ်လာတောင်းတဲ့သူ ထင်နေတာပေါ့ဟဲ့"
"မေ့မေ့ သမီးဉာဏ်တိမ်ချက်က လက်သည်ခွံလောက်ပဲ နက်တော့တာ တွေ့လား မေမေ။ ဒီရူပကာနဲ့ ဒီအဆင်ကို ဒီလိုထင်စရာလား"
"အေးလေ...."ဟု သံယောင်လိုက် ဖြေပြီး မျက်ရည်အပြည့်နှင့် မေမေက ရယ်သည်။ ဝမ်းသာပီတိ မျက်ရည်ကို ညီ အသာအယာ သုတ်ပေးလိုက်ပြီး ဖေဖေ့ဆီ ပြေးဖက်လိုက်သည်။
"သား သွားစရာ ရှိသေးတယ် မေမေ။ ပြန်လာမှ အေးဆေးစကား ပြောကြတာပေါ့"
"ဘယ် ဘယ်သွားဦးမှာလဲ သားလေးရယ်"
"ရှိတယ် မေမေရ။မေမေတို့လိုပဲ သားကို မျှော်နေတဲ့သူ။ သားက သေလောက်အောင် တွေ့ချင်နေတဲ့သူ။ သေချာပေါက် ပြန်လာမှာပါ မေမေရ ။ စိတ်ချပါ။"
မေမေ့ပခုံးကို အသေအချာ ဆုပ်ကိုင်၍ ပါးပြင်ကို ခပ်ကြမ်းကြမ်း မွှေးရံှူ့ပစ်လိုက်သည်။
"ဟဲ့...သားသား ဘယ်သွားမှာလဲ"
ခြံဝထိ စိုးရိမ်တကြီး လိုက်မေးတဲ့ မမရဲ့ခေါင်းကို အသာပုတ်၍
"နင်ကလေ ဉာဏ်က တိမ်၊ အရပ်ကသာ ရှည်မလာတာ၊ အရစ်တော့ ရှည်လာတယ်"
ညီပြောပြီး ပြေးထွက်လာတော့ မကျေမနပ် တောက်ခေါက်ကာ မမတစ်ယောက် ကျန်ခဲ့သည်။
အခုထိ မိုးကတဖျောက်ဖျောက် ကျဆဲ။ အသာအယာ မလှမ်းနိုင်တဲ့ ခြေလှမ်းတွေနဲ့အတူ ပီပီပြင်ပြင် စိတ်ခံစားချက်တို့က ထပ်တူကျမယ့် နှလုံးသားဆီသို့ ဦးတည်လျက် လှမ်းလာခဲ့ပြီ။
မင်းက ကြိုဆိုပါ။ လက်ကမ်းပါ။ ပြီးတော့ ထပ်တူကျခွင့်ပြုပါ။
____________________________________________________________________________
သော့မခက်ထားတဲ့ ခြံတခါးကို အသာဖွင့်ဝင်၍ အိမ်ထဲရောက်တော့ ကျောပေးပြီး ဖန်ကွဲစတွေ ကောက်နေတဲ့သူ။ နှစ်နှစ်လောက် ကွဲကွာခဲ့ရတာတောင် ဒီကျောပြင်က ညီ့အတွက် ငေးကြည့်ရရုံ ပြည့်စုံနေတုန်း။
"လက်တွေရှကုန်တော့မှာပဲ ပိုင်ရှင်ရာ..."
"ညီ..."
လှည့်ကြည့်လာတဲ့ ပိုင်ရှင့်မျက်နှာလေးကို ညီပြုံး၍သာ ကြည့်နေမိသည်။ ဘာမှမပြောင်းလဲ သွားတဲ့ ပိုင်ရှင့်ကို ပြောဖို့ရာစကားလုံးတွေက လည်ပြွန်မှာ ဆို့နင့်နေသည်။ တင်းတင်းကြပ်ကြပ် စိတ်အစုံဟာ ပိုင်ရှင့်ဆီ ပြေးဖက်၍ ဖွင့်ဟချင်နေပြီ။
လူနှစ်ယောက် ပွေ့ဖက်ခြင်းမှာ အဓိပ္ပါယ် အမျိုးမျိုး ရှိတယ်မဟုတ်လား။ အခုချိန် ညီ ပိုင်ရှင့်ကို ပွေ့ဖက်ခြင်းဟာ ငါကမင်းအပိုင်၊ ငါ့ရဲ့ပိုင်ရှင်ပဲ လုပ်ပါတော့ဟု ဘဝကိုလောင်းကြေးထပ် ၊ တစ်သက်တာအတွက်သစ္စာကို အတိုးမှာအချစ်ပါအပိုထည့်ပြီး ပေါင်နှံတော့မည့် အဓိပ္ပါယ်မျိုးကို လေးလေးနက်နက် နိဒါန်းပျိုးလိုက်ခြင်းသာ ဖြစ်လိမ့်မည်။
မယုံနိုင်သော မျက်ဝန်းတွေဟာ ပိုင်ရှင်ဘယ်လောက်ထိ မျှော်နေတဲ့အကြောင်း၊ ညီ့ပုံရိပ်တွေဟာ သူ့ဆီကို ကယောင်ကတမ်း ခဏခဏလာတတ်ကြောင်း သက်သေပြနေကြ သည့်နှယ်။
"ညီ...."
နောက်ထပ်ရောက်လာသည့် ခေါ်သံလေးကို ပြုံး၍သာ တုံ့ပြန်လိုက်ပြီး ပိုင်ရှင့်ဆီ ပြေးဖက်မိသည်။ ရုပ်ရှင်တွေထဲကလို သူ့ကိုယ်လေး ရင်ခွင်ထဲထည့် ဆံနွယ်သင်းရနံ့လေးကို နမ်းရှိုက်ချင်မိသော်လည်း ညီ့ထက် ခေါင်းတစ်လုံးပိုရှည်နေတဲ့ ပိုင်ရှင်ကြောင့် ညီက သူ့ရင်ခွင်ထဲ အလျဉ်းသင့်တိုးဝင်လျက်။ (အရပ်ပုတာဟာ ရိုမန့်တစ်ဆန်ချင်တာတောင် ဆန်ခွင့်မပေး) ငိုတော့မလို၊ ပြိုတော့မလို နှင့် အသဲအသန် တင်းတင်းကြပ်ကြပ် နှစ်ကိုယ်ကြား လေဟာနယ် မရှိအောင် ဖက်ထားပြီးမှ သကောင့်သား မေးပုံက
"ခေါင်းမလျှော်တာ ဘယ်နှစ်ရက် ကြာပြီလဲ ညီရာ။ချွေးနံ့နဲ့မိုးရေနဲ့ ရောထွက်လာတာ။အသက်ရှူတောင်ကြပ်တယ် ။ရေရော ချိုးထားရဲ့လား"
" -ီး ပဲ"ဟု စိတ်ထဲ ကြိတ်ဆဲလိုက်သည်။ အပြင်မှာတော့ မဆဲရက်တာအမှန် ။ အလွမ်းဖြေလို့တောင် မဝသေးဘူးမလား။
"ငါအခု ရေပြန်ချိုးပြီးမှ ပြန်လာခဲ့ရမလား ပိုင်ရှင်"
ထထွက်တော့မလိုဟန်ပြင်ရင်း မေးတော့ ။ ဘာတွေသဘောကျ၍ ရယ်ပြန်လဲ မသိ။ လက်တွေကို ဖမ်းဆုပ်ထားသေးသည်။
"မသွားရဘူး ညီ ၊ ငါ မင်းကို ဘယ်မှ မသွားခိုင်းတော့ဘူး"
"ငါ့အိမ်ကိုရော...."
"ဦးနွေ ပြန်လာတဲ့အချိန်ထိစောင့် ငါကိုယ်တိုင် လိုက်ပို့ပေးမယ်"
"အမလေးကွာ အဖြစ်သည်းနေလိုက်တာ။ "
ဒီတစ်ခါ ပိုင်ရှင်ကစ၍ ပွေ့ဖက်ထားသည်။ ဒီပွေ့ဖက်ခြင်းဟာ ဘယ်တော့မှ လက်မလွှတ်တော့ဘူးလို့ ညီ့ကို အသိပေးလိုက်ခြင်းမျိုးဆိုတာ ပိုင်ရှင်မပြောဘဲ ညီနားလည်နေသည်။ အကြောင်းပြချက်ကတော့ ညီနဲ့ပိုင်ရှင်ဟာ လူချင်းဝေးခဲ့တဲ့အချိန်အတွင်း စိတ်ချင်းနီးကပ်နေခဲ့လို့ပါပဲ။
"မင်းပြန်လာမယ့်ရက်ကိုပဲ ငါမျှော်နေခဲ့တာ သိလား ညီ။ ပြက္ခဒိန်တောင်မကြည့်ဘူး မင်းမရှိတဲ့ရက်တွေ ရေတွက်မိမှာစိုးလို့"
မိုးစက် တစ်ပေါက်နှစ်ပေါက် စွတ်နေသော ရင်ခွင်ထဲမှ နဖူးပြင်ဆီသို့ငုံ့လျက် နှုတ်ခမ်းပါးနဲ့ ခပ်ပါးပါးလာပုတ်တော့ ညီရယ်မိသည်။
"မင်းသွင် ပြောတုန်းက စနေတယ် ထင်ခဲ့တာ ပိုင်ရှင်ရာ။ တစ်ကယ်ကြီးပဲ။ ငါတစ်ယောက်တည်း တစ်ဖက်သက်မဟုတ်ဘဲ နှစ်ယောက်လုံးက နှစ်ဖက်သက်နေကြတာပဲ။ "
"မင်းသွင်က ပြောပြလိုက်တယ်"
ပိုင်ရှင်က မယုံသလို မေးသည်။
"အေး......။ သူက ပြောလိုက်သေးတယ်။ ချစ်တဲ့သူနဲ့ ပျော်နေသ၍ အချစ်ကို မျှော်လင့်နေတဲ့သူတစ်ယောက်ကိုလည်း မမေ့ပါနဲ့တဲ့။ အဲ့ဒီကောင် တော်တော်ဆိုးဆိုးနော်"
"တော်သေးတာပေါ့ ညီရာ။ မင်း ငါ့ဆီ ပြန်လာလို့။ ဘာတွေဖြစ်ဖြစ် မင်းပြန်လာရင် ရပြီ"
"ငါ့ကို အဲ့ဒီလောက် ချစ်တာလား"
ကပ်နေတဲ့ ကိုယ်နှစ်ခု ခွာလိုက်ပြီး မျက်နှာချင်းဆိုင်ထိုင် မေးကြည့်တော့ ပိုင်ရှင်ဆိုတဲ့ အကုသိုလ်ကောင်ဟာ ညီ့ရဲ့ရိုဆန်ဆန်စရိုက်ကို ဖျက်ဆီးမဲ့ကောင်ဆို သေချာနေပြီ။ ခုတ်ရာတခြား ရှရာတခြား မေးလိုက်တာကို ဖြေပုံက
"ညီ မင်းသွားရောမတိုက်ဘူးလား။ သွားတွေက မသိရင် ရွှေကွပ်ထားသလိုလို ဘာလိုလို။ အရောင်မှိန်ရွှေရည်စိမ် သွားတွေကျနေတာပဲ"
"ပိုင်ရှင်။ ဘုန်းပိုင်ရှင်။ကျက်သရေတုန်းကောင်ကွာ။ နေ နေစမ်း။ မင်းနေလိုက်တော့။ ငါပြန်မယ်။ မင်းကို ရေမိုးချိုးသန့်ရှင်းပြီး တစ်စက္ကန့်ထိ မခေါ်တော့ဘူး"
"ငါမယုံသေးလို့ပါ။ တစ်ကယ် ညီက ငါ့ရှေ့ရောက်နေပြီး
You are reading the story above: TeenFic.Net