အခန္း(၂၀)

Background color
Font
Font size
Line height

Zawgyi

"ဗ်ာ......"

"ေအး ဖုန္းေလးဘာေလး ဆက္ၾကည့္ဦး"

ညီေရာ သြန္းေရာ ဖုန္းမကိုင္ၾက။

"ေျပးၾကည့္တာက ျမန္ပါတယ္ ဦးေႏြရာ"

ကားေမာင္းေနရင္း ကိုင္သူမဲ့ဖုန္းကို တတူတူ အဆက္မျပတ္ ေခၚေနမိဆဲ။ ညီ တို႔လမ္း ဆိုတည္းက ေလာင္ေနသည့္ မီးမွာ ပိုင္ရွင့္ရင္ထဲ လာဟပ္ေနသည္။ လမ္းထိပ္မွာ ကားေတြပိတ္ေန၍ အဆင္ေျပရာ ပါကင္ထိုးၿပီး အေျပးဝင္လာမိသည္။

သံုးႏွစ္ေလာက္ အျမဲ လာေနက်အိမ္ ေနရာမွား မွတ္တာမ်ိဳးေတာ့ မျဖစ္ႏိုင္။ ဒီသံပုရာပင္၊ ဒီျခံစည္းရိုး အကုန္ေနရာမွန္။ မမွန္ေတာ့တာက အိမ္ႀကီး။ ဖရိုဖရဲ ၿပိဳလဲ၍ အေငြ႕တလူလူၾကား။
သက္ရွိသာဆို မိခင္ႏွင့္ခြဲရသည့္ ႏြားသားေပါက္ေလးလို ငိုေႂကြးေနသည့္အလား။ တစ္ျဖဳတ္ျဖဳတ္ ၿပိဳက်ေနသည့္ အစိတ္အပိုင္းမ်ား။ ပိုင္ရွင့္ေျခလွမ္းတို႔က အားစိုက္ေလၽွာက္ေနသည့္ ၾကားက ေရွ႕ဆက္တိုး၍ မရေတာ့။ တဒဂၤစာ အိပ္မက္ဆိုရင္ ေကာင္းလိမ့္မည္။ ေႏြေခါင္ေခါင္ ေလာင္တဲ့မီးက ညီတို႔အတြက္ ဘယ္ေလာက္ထိ ပူျပင္းသြားသလဲ။ ပိုင္ရွင္ေတာင္ အရုပ္ႀကိဳးပ်က္ ျဖစ္ေနရင္ ညီေရာ.......

"လမ္းက က်ဥ္းေတာ့ မီးသတ္ကားေတြ ဝင္ရခက္တယ္။ တိုက္အိမ္က စေလာင္တာ၊ ေဘးက သစ္သားအိမ္ေလးေရာ၊ ႏွစ္အိမ္လံုး ေျပာင္ေရာ"

"ဘုရား....."

ပိုင္ရွင္ ဘုရားသာ တမိေတာ့သည္။ မီးေတြက ၿငိမ္းလို႔ မၿပီးေသး။ မီးေတာက္ေတာက္ေလာင္ ေနတာမ်ိဳးေတာ့ မဟုတ္။ တေငြ႕ေငြ႕ႏွင့္ ေလာင္ေနေသးသည္။

"ကုန္ပါၿပီေတာ္ ကုန္ပါၿပီ မေန႔ကမွ ထုတ္လာတဲ့ လစာေငြေလးေတာင္ မယူလာခဲ့ရဘူး"

မူႀကိဳအရြယ္ ကေလးေလး လက္စြဲၿပီး ငိုယိုေနသည့္ အေဒၚႀကီးကို ျဖတ္ေက်ာ္လာ လိုက္သည္။ ဖုန္းကိုင္ Liveလႊင့္ ေနသူမ်ား ေဘးက အလန္႔တၾကား အသံေပ်ာက္မတတ္ ငိုေနေသာ ကေလးကို ထိန္းေပးရင္ ဘယ္ေလာက္ ေကာင္းလိုက္မလဲ။ အခုဟာက ကေလးမ်က္ႏွာကို ဖုန္းကင္မရာႏွင့္ေတာင္ ခ်ိန္ျပလိုက္ေသးသည္။ သနားပါတယ္ ကြန္မန္႔ရဖို႔ ႀကိဳးစားေနသူမ်ား။ ပိုင္ရွင္လည္း ဘာမွမထူး။ ကိုယ္အပူနဲ႔ ကိုယ္မို႔ ေက်ာ္လာခဲ့ရသည္။

"ညီ....."

ပိုင္ရွင့္ေခၚသံကို ၾကားမည့္ပံု မေပၚ။
မီးသတ္ကားသံ၊ အေရးေပၚAbulanceကားသံ၊ ေအာ္ဟစ္ငိုယိုသံေတြကို ဥပကၡာျပဳထား သည္လား။ မၾကားႏိုင္စြမ္းေတာ့တာလား။ မ်က္ေတာင္မခက္ မီးခိုးတအူအူႏွင့္ အိမ္ပ်က္ႀကီးကို ေငးၾကည့္ေနသည့္ ညီ။ မ်က္ရည္လည္း က်မေန။ အံတင္းတင္းႀကိတ္ လက္သီးစုပ္ ခံတင္းထားတာမ်ိဳးလည္း မဟုတ္။ အိပ္မက္ကမၻာထဲ ေရာက္ေနသည္ဟု ညီေတြးေနသလား။ အိပ္မက္ေယာင္ေနသူလို ခပ္ေတြေတြ အမူအယာႏွင့္။

"ညီ....."

ညီ့ နားကပ္၍ လက္ဖ်ားေတြကို ဆုပ္ကိုင္ လိုက္သည္။ေအးစက္ေနတဲ့ လက္ဖ်ားေလးေတြက ေထြးေပြ႕သူကို ေစာင့္ေနသည္ ထင္၏။ ညီက လမ္းေပ်ာက္ေနတဲ့ ေၾကာင္ေလး သခင္ေတြ႕သြား သည့္ႏွယ္။ အေရာင္လဲ့ေသာ မ်က္ဝန္းမ်ားႏွင့္ ပိုင္ရွင့္ ေတြၾကည့္ေနသည္။

"ပိုင္ရွင္ ငါမွားတာ....."

ဒီေလာက္ပဲ ေျပာသည္။ အိမ္ႀကီးဆီ ျပန္ၾကည့္ေနျပန္သည္။ တစ္သက္တာ ေနခဲ့တဲ့ အသိုက္အျမံဳတစ္ခု မ်က္စိေရွ႕ ျပာက်ေနသည္ကို ဘာမွမတတ္ႏိုင္ လက္မႈိင္ခ်ေနရသူအတြက္ လံုေလာက္သည့္ ႏွစ္သိမ့္မႈမ်ိဳး ပိုင္ရွင့္ေခါင္းထဲက ထြက္မလာ။

ညီ့ ကိုယ္ေလးကို ရင္ခြင္ထဲ ဆြဲသြင္းလိုက္သည္။
ပိုင္ရွင့္ကိုယ္ေပၚ ေပ်ာ့ေခြက်လာသည့္ ညီ့ကိုယ္ေလးက တသိမ့္သိမ့္တုန္လ်က္။ အသံထြက္ မငိုခ်င္သူကို ငိုခ်လိုက္ပါဟုလည္း မႏွစ္သိမ့္ခ်င္။ လက္ႏွစ္ဖက္ အားကုန္သံုး၍ ႏွစ္ကိုယ္ၾကား ေလေျပဝင္မရေအာင္ တင္းတင္းၾကပ္ၾကပ္ ဖက္ထားလိုက္မိေတာ့သည္။

"သြန္းေရာ..."

"ဖြားဖြားနဲ႔အတူ Ambulanceကားေပၚ ပါသြားတယ္"

"အန္တီေရာ...."

"သက္ဆိုင္ရာက လူႀကီးေတြ ေခၚသြားတယ္။ ေမေမအရမ္းငိုေနတာ ပိုင္ရွင္။ ငါ ေမေမငိုတာ ဒီတစ္ခါပဲ ေတြ႕ဖူးတယ္။ေမေမ့ေနာက္ လိုက္ခ်င္တယ္။ ငါ့ေျခေထာက္ေတြ လႈပ္လို႔မရဘူး"

ကေယာင္ကတမ္း ေယာင္ေျပာေနသူလိုပါပဲ။ ညီက ေအးစက္စက္ ေျပာေနသည္။ ဖြားဖြားက အသက္ႀကီးသည့္အျပင္ ႏွလံုးေရာဂါ အခံရွိသည္။ မီးေလာင္ရင္ အိမ္ရွင္ ေထာင္က်သည္ဟု ပိုင္ရွင္ ၾကားဖူးသည္။"ဘုရား..." ပိုင္ရွင္ စိတ္ထဲ ဘုရားတမိျပန္သည္။

ကားဆီေခၚသြားဖို႔ ညီ့ကို ဆြဲေခၚေပမယ့္ ပါမလာ။ ေျမႀကီးက ေျခေထာက္ကို ဆြဲထားသည့္အလား။ ေျခႏွစ္ဖက္ စံုရပ္ရာက မေရြ႕။ ညီ့ကိုယ္ေလး ရုန္းထြက္သြားသည္။ ပိုင္ရွင္က လက္ေတြကို အလြတ္မေပးမိ။ ပိုၿပီး တင္းၾကပ္ေအာင္ ဆုပ္ကိုင္မိသည္။ ေအးစက္ေနတဲ့ လက္ဖ်ားေလးေတြ ေႏြးမသြားေသး.....။

"ပိုင္ရွင္သြားေတာ့ ညီေတဇကို အိမ္ေခၚသြား"

"ဦးေႏြ....."

"သြန္းမူယာ ဖုန္းဆက္တယ္။ဦးေႏြ ၾကည့္ၾကပ္လုပ္ေပးပါ့မယ္။ ညီေတဇကိုသာ အိမ္ေခၚသြားလိုက္"

"ဘယ္လိုလုပ္ၾကမွာလဲ ဦးေႏြ။ ဖြားဖြားကလည္း ေဆးရံုမွာ၊ အန္တီကလည္း....."

"အဆင္ေျပသြားမွာပါ ပိုင္ရွင္ရာ"

ဦးေႏြကို ေတြ႕မွ အားကိုးေဖာ္ ရသြား၍ ပိုင္ရွင္က မ်က္ရည္က်မိေတာ့သည္။ ညီ့ကို မႏွစ္သိမ့္ရဘဲ ပိုင္ရွင့္ေက်ာကို လက္ဖဝါးေႏြးေႏြးႏွင့္ ပြတ္၍ ႏွစ္သိမ့္ေပးသည္။အခုခ်ိန္မွာ ညီ့အတြက္ အရာရာအားျဖစ္ေပးခ်င္သည္။ ကိုယ္တိုင္က အားမျဖစ္ႏိုင္ေသးသည့္ အေျခအေန မလား။

"ညီေတဇ ေဟ့ေကာင္ ညီေတဇ လာသြားမယ္"

ဘယ္အခ်ိန္က ေရာက္လာသည္ မသိသည့္ ေဇသုခ ဆြဲလားရမ္းလား လုပ္မွ ညီ့ေျခလွမ္းေတြ ေရြ႕လာသည္။

"ကေလးက ေနခဲ့ဦးေနာ္။ ဦးေလးႀကီးက ဒီရပ္ကြက္က လူႀကီးေတြကို သိတာ မဟုတ္ဘူး။ ကေလး ျပေပးရမွာ"

ဦးေႏြ လွမ္းသတိေပးမွ ေဇသုခ "စိတ္ခ်မယ္ေနာ္။ ဒီေကာင္ကို ေအာ္ႀကီးဟစ္က်ယ္ ငိုေအာင္လုပ္"ဟု မွာ၍ ေနခဲ့သည္။ ဒုကၡပဲ ပိုင္ရွင္ ညီ့ကို မငိုေစခ်င္။ အတိတ္ေမ့ေဆး တိုက္၍ ဝမ္းနည္းစရာအခ်ိန္ ေတြကို ေမ့ပစ္လိုက္ေစခ်င္သည္။

______________________________________
______________________________________

ခ်ေပးသည့္ ေနရာမွာ ထိုင္သည္။ ေရခြက္ေပးေတာ့ ေသာက္သည္။ စကားလည္း မေျပာ။ မ်က္ေတာင္လည္း မခက္။ ပိုင္ရွင္ ေနာက္တစ္ႀကိမ္ ေပြ႕ဖက္ေပးရမလား ေတြးမိေသးသည္။ ေသြးေအးသြား၍ ဦးေႏွာက္မွတားသည္ကို စိတ္က လက္ခံလ်က္။ ညီ့ေဘးမွာ ထိုင္ခ်လိုက္၍

"အဆင္ေျပသြားမွာပါ ညီ"

"ဘာက အဆင္ေျပသြားမွာလဲ ပိုင္ရွင္၊ ငါသိပ္ၿကိဳက္တဲ့စက္ရုပ္ေလး၊ မမသိပ္ႀကိဳက္တဲ့ ဖိနပ္ေတြ၊ဖြားဖြားသိပ္ခ်စ္တဲ့ ဘုရားစာအုပ္ေတြ ျပန္ရမွာလား။ ေဖေဖနဲ႔ ေမေမ ေခၽြးနဲစာနဲ႔ ေဆာက္ထားတဲ့ ငါတို႔အိမ္ႀကီး ျပာကေန အုတ္ေျပာင္းသြားမွာလား။ ေျပာေလ...ဘာက အဆင္ေျပသြားမွာလဲလို႔"

ေနာက္ဆံုးေတာ့ ညီငိုေတာ့သည္။ ရင္ထဲက ၿကိတ္ခံစားေနတာေတြ ပိုင္ရွင္ ၾကားခြင့္ရၿပီ။ မေပ်ာ္သင့္ေပမယ့္ ေပ်ာ္မိေနသည္။

"ပ်က္အစဥ္ျပင္ခဏပါ ညီရာ။ စတင္ျခင္း ရွိေနသ၍ အဆံုးသတ္ဆို ဘယ္ေတာ့မွ မလာဘူး
အခုေလာေလာဆယ္ ႀကိတ္ခံမေနဘဲ ငိုခ်လိုက္"

"ဘာအရည္အခ်င္းနဲ႔ ငါက မ်က္ရည္ခံထိုး အသနားခံေနရမွာလဲ။ ေပါက္ေနတဲ့ဝါယာႀကိဳးနဲ႔ တီဗီကို ဇြတ္ဖြင့္ၾကည့္တာငါ။ မသံုးနဲ႔ဆိုတဲ့ မီးအားျမင့္စက္ကို ေမေမမရွိတုန္း ခိုးသံုးတာလည္း ငါပဲ။ ေညႇာ္နံ႔ရလို႔ ဖြားဖြားေအာ္တာေတာင္ မၾကားႏိုင္ေအာင္ ငါဘာလုပ္ေနတယ္ ထင္လဲ ပိုင္ရွင္။ ေအး...ငါေဆးခိုးသံုးေနတာ။"

ေျပာေနရင္း ညီ့မ်က္ရည္ေတြက အံု႔မႈိင္းထားရာမွ ရြာခ်လိုက္တဲ့မိုးလို သဲႀကီးမဲႀကီး ငိုသည္။

"လူတိုင္းမွားတတ္တယ္ ညီ။ အမွားေတြကပဲ အမွန္ကို လမ္းညႊန္ေပးေနတာ။ ပစၥည္ေတြက သခၤါရပဲ။ အကုန္ႀကိဳးစား ယူလို႔ရတယ္။ လူေတြ ဘာမွ ျဖစ္မသြားဘူး ညီ။ ဒါက ကံေကာင္းတာပဲ။ မင္းကို အမွားျမင္ အမွန္ျပင္ဆင္ခြင့္ ေပးတယ္လို႔ပဲ သေဘာထားရေအာင္"

ဒီတစ္ခါ ညီကိုယ္တိုင္ ပိုင္ရွင့္ရင္ခြင္ဆီ တိုးဝင္၍ ငိုသည္။ အားကိုတႀကီး အသက္ရွဴၾကပ္မတတ္ ဖက္ထားေသးသည္။ ခဏေနေတာ့ ပိုင္ရွင့္ေပါင္ေပၚ အိပ္ေပ်ာ္သြားသည္။ မ်က္ေတာင္ဖ်ားမွာ မ်က္ရည္ဥေတြ ခိုတြဲထားဆဲ။ အျမဲျပံဳးေနက် ႏႈတ္ခမ္းေလးက မဲ့လ်က္။
ညေန ဦးေႏြ လာသည့္အခ်ိန္ထိ ညီ မႏိုးေသး။ ဦးေႏြနဲ႔ ႏွစ္ေယာက္ ပိုင္ရွင့္အခန္းထဲ ထည့္ေပးထားလိုက္သည္။

"အေျခအေန ဘယ္လိုလဲ ဦးေႏြ"

"ေပါ့ဆမႈေပါ့။ နည္းနည္းေတာ့ က်မယ္။ သိပ္မၾကာပါဘူး။ အထဲမွာ အဆင္ေျပေအာင္ လုပ္ေပးရမွာေပါ့။ ဦးေႏြ သြန္းမူယာဆီ သြားဦးမယ္။ ဒီညေတာ့ ညီေတဇနဲ႔ ႏွစ္ေယာက္ထဲ ေနေတာ့ ရတယ္မလား။"

"ရပါတယ္....သြန္းကို ေသခ်ာဂရုစိုက္ေပးလိုက္"

"ဟိုမွာက ေဇသုခတို႔ မိသားစုေတာ့ ရွိပါတယ္။ ညေစာင့္မ်ား လိုမလားသြားတာ။ ကေလးကို ႏိုးရင္ အစားေလးဝင္ေအာင္ ေကၽြးဦး"

"အင္းပါ...."

____________________________________________________________________________

"စားလိုက္ပါ ညီရာ"

"ေတာ္ ေတာ္ ေတာ္ ပိုင္ရွင္ ငါမစားခ်င္ဘူး"

"စားခ်င္လား ေမးေနတာမွ မဟုတ္တာ။ စားလိုက္ပါလို႔ ေတာင္းဆိုေနတာ"

"ဒီအေျခအေနမွာ မင္းဆိုရင္ေရာ စားဝင္မွာလား"

"စားမဝင္မွာစိုးလို႔ အရည္နဲ႔ေမ်ာခ်ရေအာင္ ေၾကအိုးဝယ္လာတာေလ ညီရာ။ နည္းနည္းေတာ့စား"

မိုးခ်ဳပ္မွ ႏိုးလာသူကို အစာေခ်ာ့ေကၽြးရသည္မွာ ေမြးကားစကေလး ေဆးခြန္႔ရသလိုပင္။ အမ်ိဳးမ်ိဳး ေျပာမွ တစ္ဇြန္းႏွစ္ဇြန္းစား၍ "အိပ္ဦးမယ္"ဟု ေျပာသည္။

"လန္းသြားေအာင္ ေရေလးေတာ့ ခ်ိဳးလိုက္ပါဦးလားကြာ"

"မင္းအိမ္မွာ ေနတယ္ဆိုၿပီး ဆရာသိပ္လုပ္တာေနာ္ ပိုင္ရွင္"

"ေအးကြာ ဟုတ္တယ္။ ေရခ်ိဳးဦး"

ေရခ်ိဳးၿပီး၍ ပိုင္ရွင့္အက်ႌ အျဖဴရွပ္ႏွင့္ ေဂ်ေဂ်ဝတ္ထားတဲ့ ညီက ခ်စ္စရာ ဂ်စ္တူးေကာင္ေလးႏွယ္။ အလိုမက် မ်က္ေစာင္းထိုးေနေသးသည္။

"လန္းသြားေတာ့ အိပ္ေတာင္ မအိပ္ခ်င္ေတာ့ဘူး"

ညီ့မ်က္ဝန္းထဲ တိမ္ေတြ ဖံုးအုပ္လာျပန္သည္။

"ငါတို႔ ဝရန္တာထြက္ၿပီး စကားေျပာၾကမလား။ ေလတိုက္တယ္။ ဒီည လလည္းသာေနတယ္။ ငါလည္း မအိပ္ခ်င္ေသးဘူး"

"အိုေကေလ....."

စကားေျပာမည္သာ ဆိုသည္။ ေျပာစရာ စကားက ရွာမရ။ လမင္းကို လက္ႏွစ္ဖက္ ေနာက္ပစ္ ထိုင္ရင္း ေငးေနသည့္ ညီရယ္။ ညီ့ကို ေငးေနသည့္ ပိုင္ရွင္ရယ္။ ပိုးစုန္းၾကဴး သံေလးေတြရယ္။ ျမဴးစစ ေတာင္ေလေအးရယ္။ ဒီညကို ပိုင္ရွင္ ဘယ္ေတာ့မွ ေမ့ႏိုင္မည္ မဟုတ္။

"ေဖေဖေျပာျပတဲ့ ပံုျပင္ေလး ရွိတယ္ သိလား ပိုင္ရွင္"

"ဘယ္သိမလဲ"

"ငါေျပာျပရမလား...."

"ေကာင္းသားပဲ"

"ဟိုးေရွးေရွးတုန္က စာမတတ္တဲ့ အဖိုးနဲ႔ ေျမးေလးတစ္ေယာက္ ရွိတယ္တဲ့။ အဖိုးအိုက ေျမးေလးကို ေသစာရွင္စာ ဖတ္တတ္ေအာင္ ေက်ာင္းထားေပးတယ္။ တစ္ေန႔ ေက်ာင္းမွာ အရပ္မ်က္ႏွာ အေၾကာင္း သင္လိုက္ေရာ။ ဆရာမက ေျပာလိုက္တာေပါ့ကြာ။ ဓူဝံၾကယ္ရွိတဲ့ အရပ္က ေျမာက္အရပ္ေပါ့။ အိမ္ေရာက္ေတာ့ လမင္းႀကီးကို ေမာ့ၾကည့္ေနတဲ့ အဖိုးအိုကို သူ႔ေျမးက ေမးတယ္"

"ဓူဝံၾကယ္က ဘယ္ဟာလဲ ေမးတာလား"

"ေအးဆို....အဖိုးျဖစ္သူကလည္း စာမတတ္ေတာ့ ဒါေတြ မသိဘူးေလးကြာ။ ၾကယ္ေတာက္ေတာက္တစ္ခုကို ညႊန္ျပလိုက္တယ္။ ျဖစ္ခ်င္ေတာ့ အဲ့ဒီၾကယ္က ေတာင္ဘက္မွာ ရွိတာတဲ့။ အဲ့ဒါနဲ႔ ေျမးေလးက "ဖိုးဖိုးဆရာမ ေျပာေတာ့ ဓူဝံၾကယ္က ေျမာက္အရပ္မွာ ရွိတာဆို ဖိုးဖိုးၾကယ္က ေတာင္အရပ္ေရာက္ေနပါလား"လို႔ ေမးေရာ"

ပိုင္ရွင္ထရယ္ ျဖစ္ေတာ့သည္။

"မရယ္နဲ႔ ဖိုးဖိုးက ဘာျပန္ေျပာတယ္ ထင္လဲ"

"ဘာေျပာလဲ"

"ေအာ္...ေျမးရာ ဓူဝံၾကယ္ သူ႔ေနရာ ေနရတာပ်င္းလို႔ အရပ္ေျပာင္းေနတာေပါ့လို႔ ျပန္ေျပာတယ္တဲ့"

ညီက ျပံဳးရံု ျပံဳးသည္။ပိုင္ရွင္ေတာ့"ဖိုးဖိုးဥာဏ္ေကာင္းတယ္"ဟု ေျပာရင္း ရယ္ေနမိေသးသည္။

"အမွန္ဆို ဓူဝံၾကယ္ေျမာက္အရပ္မွာပဲ အျမဲရွိတာပါ။ ဘယ္ေတာ့မွ မေျပာင္းလဲတဲ့ အမွန္တရားေပါ့။ ဥပမာ ငါတို႔အိမ္ႀကီး မီးေလာင္းသြားတယ္ဆိုတဲ့ အျဖစ္မွန္လိုေပါ့။ ဘယ္သူကမွ ဓူဝံၾကယ္ ေတာင္အရပ္မွာလို႔ ေျပာၾကမွာ မဟုတ္သလိုမ်ိဳး။ ဒါေတြဟာ အိပ္မက္လို႔လည္း ငါ့ကို ဘယ္သူကမွ ေျပာေပးၾကမွာ မဟုတ္ဘူး"

"ညီ....."

"ငါ ေဖေဖ့ကို သတိရေနတယ္ ပိုင္ရွင္ရာ"

______________________________

ညက ေတာ္ေတာ္နက္ေနၿပီ ျဖစ္သည္။ ေဘးက တစ္ဖ်က္ဖ်က္ ခက္သံႏွင့္အတူ ျဖည္းျဖည္းခ်င္း မ်က္စိ ဖြင့္ၾကည့္မိသည္။"အားပါးပါး နာလိုက္တဲ့ လည္ပင္းေၾကာ"။ ညီ့ပခံုးေပၚမွာ ပိုင္ရွင္ အိပ္ေပ်ာ္သြားတာ ျဖစ္သည္။

"ျခင္ေတာထဲမွာမ်ား မင္းမို႔လို႔ ငုတ္တုတ္ အိပ္ေပ်ာ္တယ္ေနာ္ ပိုင္ရွင္။ အ...ငါ့ပခံုး နာလိုက္တာ။ ဒါမ်ား စကားေျပာၾကမယ္ေလး ဘာေလး အႀကီးအက်ယ္ ေျပာေနေသးတယ္။ အိမ္ထဲဝင္အိပ္ရေအာင္"

"ေခါက္ဆြဲျပဳတ္စားၾကမလားညီ ငါဘာမွ မစားရေသးဘူး"

"သေဘာေလ ငါက စားကို မစားခ်င္တာ"

ေရေႏြးတည္ထားၿပီး ခဏေနမွ ေခါက္ဆြဲထုပ္ ရွာဖို႔ သတိရသည္။ ဦးေႏြ ဘယ္မွာ ထားသည္ မသိ။အခန္းထဲမွာ မ်ားလားဟု ရွာေနတုန္း

"ပိုင္ရွင္ ပိုင္ရွင္ ပိုင္ရွင္လို႔......."

ညီက တုန္တုန္ရီရီ အသံႏွင့္ အသဲအသန္ လွမ္းေအာ္၍ ေျပးထြက္လာရသည္။

"ဘာလဲ ။ ဘာျဖစ္တာလဲ ညီ"

"ဒီမွာ ေရေႏြအိုး ဆူေနၿပီေလ။ မင္းကလည္း မီးကို မေပါ့ဆနဲ႔။"

ညီက မီးခလုတ္ကို မပိတ္ရဲေအာင္ တုန္ရီေနသည္။

"ေအးပါကြာ......"ဟု ေျပာရင္း ခလုတ္ပိတ္လိုက္သည္။ ပိုင္ရွင္လည္း ညီက်န္တဲ့ ေၾကးအိုးကိုသာ ေသာက္ၿပီး ဗိုက္ျဖည့္လိုက္ရသည္။

__________________________

နံနက္ခင္းမွာ ႏွာေခါင္းထဲ ေမႊးလာတဲ့ ဒီအနံ႔။ တစ္ခါမွ မရဖူး၊ ပိုင္ရွင္ကိုယ္တိုင္လည္း မသံုးဖူး၍ ဘာအနံ႔လည္း မေျပာတတ္။ ႏွာေခါင္းဝ တည့္တည့္က စူးဝင္ေနသည္။ မ်က္လံုးဖြင့္ၾကည့္ေတာ့ ညီ......။

ညီက ပိုင္ရွင့္ကို ဖက္လံုးလို ဖက္ၿပီးကို အိပ္ေနသည္။ ရုန္းမရ ျပဳမရ ခဏၿငိမ္ေနၿပီးမွ ညီလည္း ႏိုးလာသည္။ မေန႔က ငိုထားသည့္ အရွိန္ေၾကာင့္ ညီ့မ်က္ခြံေတြက ပူးကပ္မတတ္ မ်က္လံုးအစ္ပိတ္ေနသည္။

"ငါ့ဖက္လံုးထက္ေတာင္ ဖက္လို႔ ေကာင္းတယ္"

ေျပာၿပီး ေရခ်ိဳးခန္းထဲ ေျပးဝင္သြားသည္။ ခဏေနေတာ့ ဦးေႏြး ေရာက္လာသည္။ သြန္းလည္း ပါလာသည္။ တစ္ညတာ အတြင္း သြန္း ေတာ္ေတာ္ အားနည္းသြားသည့္ပံု။ မ်က္ကြင္းက ခ်ိဳင့္ဝင္၍ အခုထိ ငိုေနတုန္း။ ညီအခန္းထဲက ထြက္လာေတာ့ ေမာင္ျဖစ္သူကို ေျပးဖက္ၿပီး ဆက္ငိုသည္။ ဦးေႏြလည္း သိသိသာသာ မ်က္ႏွာပ်က္လ်က္။

"သားသားရယ္ ငါတို႔ ဘယ္လိုလုပ္ၾကမလဲ။ ေဖေဖေလ ေဖေဖ"

"ေဖေဖ ဘာျဖစ္လို႔လဲ မမ ေျပာစမ္း။ ေဖေဖ ဘာျဖစ္လို႔လဲလို႔"

"ကားေမွာက္လို႔တဲ့ ေတာင္ႀကီးေဆးရံုမွာ တင္ထားရတယ္တဲ့"

"ဘာ...."

ညီေပ်ာ့ေခြ၍ ၾကမ္းျပင္ေပၚ ထိုင္ရက္က်သည္။
မုန္တိုင္းတိုက္ရာ ေလေပြလိုက္သည္က ဆိုးလြန္းသည္ မထင္ဘူးလား။ ေႁမြလပၸါယ္ဆရာ ေႁမြေတြကို လိုရာေစခိုင္းသလို ကံၾကမၼာက ညီတို႔မိသားစု စိတ္ႀကိဳက္ က်ီစယ္လိုက္ေလၿပီ။
ရက္စက္လြန္းသည္ဟုေတာ့ ထင္သည္။

______________________________________
______________________________________
______________________________________

AN/ စာလံုးေပါင္း မစစ္ရေသး၍ အမွားေတြ႕က ေျပာသြားႏိုင္သည္။

ဒီလိုမ်ိဳးဆို မုက သိပ္ဝင္တာ။ xd

#############################

Unicode

"ဗျာ......"

"အေး ဖုန်းလေးဘာလေး ဆက်ကြည့်ဦး"

ညီရော သွန်းရော ဖုန်းမကိုင်ကြ။

"ပြေးကြည့်တာက မြန်ပါတယ် ဦးနွေရာ"

ကားမောင်းနေရင်း ကိုင်သူမဲ့ဖုန်းကို တတူတူ အဆက်မပြတ် ခေါ်နေမိဆဲ။ ညီ တို့လမ်း ဆိုတည်းက လောင်နေသည့် မီးမှာ ပိုင်ရှင့်ရင်ထဲ လာဟပ်နေသည်။ လမ်းထိပ်မှာ ကားတွေပိတ်နေ၍ အဆင်ပြေရာ ပါကင်ထိုးပြီး အပြေးဝင်လာမိသည်။

သုံးနှစ်လောက် အမြဲ လာနေကျအိမ် နေရာမှား မှတ်တာမျိုးတော့ မဖြစ်နိုင်။ ဒီသံပုရာပင်၊ ဒီခြံစည်းရိုး အကုန်နေရာမှန်။ မမှန်တော့တာက အိမ်ကြီး။ ဖရိုဖရဲ ပြိုလဲ၍ အငွေ့တလူလူကြား။
သက်ရှိသာဆို မိခင်နှင့်ခွဲရသည့် နွားသားပေါက်လေးလို ငိုကြွေးနေသည့်အလား။ တစ်ဖြုတ်ဖြုတ် ပြိုကျနေသည့် အစိတ်အပိုင်းများ။ ပိုင်ရှင့်ခြေလှမ်းတို့က အားစိုက်လျှောက်နေသည့် ကြားက ရှေ့ဆက်တိုး၍ မရတော့။ တဒင်္ဂစာ အိပ်မက်ဆိုရင် ကောင်းလိမ့်မည်။ နွေခေါင်ခေါင် လောင်တဲ့မီးက ညီတို့အတွက် ဘယ်လောက်ထိ ပူပြင်းသွားသလဲ။ ပိုင်ရှင်တောင် အရုပ်ကြိုးပျက် ဖြစ်နေရင် ညီရော.......

"လမ်းက ကျဉ်းတော့ မီးသတ်ကားတွေ ဝင်ရခက်တယ်။ တိုက်အိမ်က စလောင်တာ၊ ဘေးက သစ်သားအိမ်လေးရော၊ နှစ်အိမ်လုံး ပြောင်ရော"

"ဘုရား....."

ပိုင်ရှင် ဘုရားသာ တမိတော့သည်။ မီးတွေက ငြိမ်းလို့ မပြီးသေး။ မီးတောက်တောက်လောင် နေတာမျိုးတော့ မဟုတ်။ တငွေ့ငွေ့နှင့် လောင်နေသေးသည်။

"ကုန်ပါပြီတော် ကုန်ပါပြီ မနေ့ကမှ ထုတ်လာတဲ့ လစာငွေလေးတောင် မယူလာခဲ့ရဘူး"

မူကြိုအရွယ် ကလေးလေး လက်စွဲပြီး ငိုယိုနေသည့် အဒေါ်ကြီးကို ဖြတ်ကျော်လာ လိုက်သည်။ ဖုန်းကိုင် Liveလွှင့် နေသူများ ဘေးက အလန့်တကြား အသံပျောက်မတတ် ငိုနေသော ကလေးကို ထိန်းပေးရင် ဘယ်လောက် ကောင်းလိုက်မလဲ။ အခုဟာက ကလေးမျက်နှာကို ဖုန်းကင်မရာနှင့်တောင် ချိန်ပြလိုက်သေးသည်။ သနားပါတယ် ကွန်မန့်ရဖို့ ကြိုးစားနေသူများ။ ပိုင်ရှင်လည်း ဘာမှမထူး။ ကိုယ်အပူနဲ့ ကိုယ်မို့ ကျော်လာခဲ့ရသည်။

"ညီ....."

ပိုင်ရှင့်ခေါ်သံကို ကြားမည့်ပုံ မပေါ်။
မီးသတ်ကားသံ၊ အရေးပေါ်Abulanceကားသံ၊ အော်ဟစ်ငိုယိုသံတွေကို ဥပက္ခာပြုထား သည်လား။ မကြားနိုင်စွမ်းတော့တာလား။ မျက်တောင်မခက် မီးခိုးတအူအူနှင့် အိမ်ပျက်ကြီးကို ငေးကြည့်နေသည့် ညီ။ မျက်ရည်လည်း ကျမနေ။ အံတင်းတင်းကြိတ် လက်သီးစုပ် ခံတင်းထားတာမျိုးလည်း မဟုတ်။ အိပ်မက်ကမ္ဘာထဲ ရောက်နေသည်ဟု ညီတွေးနေသလား။ အိပ်မက်ယောင်နေသူလို ခပ်တွေတွေ အမူအယာနှင့်။

"ညီ....."

ညီ့ နားကပ်၍ လက်ဖျားတွေကို ဆုပ်ကိုင် လိုက်သည်။အေးစက်နေတဲ့ လက်ဖျားလေးတွေက ထွေးပွေ့သူကို စောင့်နေသည် ထင်၏။ ညီက လမ်းပျောက်နေတဲ့ ကြောင်လေး သခင်တွေ့သွား သည့်နှယ်။ အရောင်လဲ့သော မျက်ဝန်းများနှင့် ပိုင်ရှင့် တွေကြည့်နေသည်။

"ပိုင်ရှင် ငါမှားတာ....."

ဒီလောက်ပဲ ပြောသည်။ အိမ်ကြီးဆီ ပြန်ကြည့်နေပြန်သည်။ တစ်သက်တာ နေခဲ့တဲ့ အသိုက်အမြုံတစ်ခု မျက်စိရှေ့ ပြာကျနေသည်ကို ဘာမှမတတ်နိုင် လက်မှိုင်ချနေရသူအတွက် လုံလောက်သည့် နှစ်သိမ့်မှုမျိုး ပိုင်ရှင့်ခေါင်းထဲက ထွက်မလာ။

ညီ့ ကိုယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
ပိုင်ရှင့်ကိုယ်ပေါ် ပျော့ခွေကျလာသည့် ညီ့ကိုယ်လေးက တသိမ့်သိမ့်တုန်လျက်။ အသံထွက် မငိုချင်သူကို ငိုချလိုက်ပါဟုလည်း မနှစ်သိမ့်ချင်။ လက်နှစ်ဖက် အားကုန်သုံး၍ နှစ်ကိုယ်ကြား လေပြေဝင်မရအောင် တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်မိတော့သည်။

"သွန်းရော..."

"ဖွားဖွားနဲ့အတူ Ambulanceကားပေါ် ပါသွားတယ်"

"အန်တီရော...."

"သက်ဆိုင်ရာက လူကြီးတွေ ခေါ်သွားတယ်။ မေမေအရမ်းငိုနေတာ ပိုင်ရှင်။ ငါ မေမေငိုတာ ဒီတစ်ခါပဲ တွေ့ဖူးတယ်။မေမေ့နောက် လိုက်ချင်တယ်။ ငါ့ခြေထောက်တွေ လှုပ်လို့မရဘူး"

ကယောင်ကတမ်း ယောင်ပြောနေသူလိုပါပဲ။ ညီက အေးစက်စက် ပြောနေသည်။ ဖွားဖွားက အသက်ကြီးသည့်အပြင် နှလုံးရောဂါ အခံရှိသည်။ မီးလောင်ရင် အိမ်ရှင် ထောင်ကျသည်ဟု ပိုင်ရှင် ကြားဖူးသည်။"ဘုရား..." ပိုင်ရှင် စိတ်ထဲ ဘုရားတမိပြန်သည်။

ကားဆီခေါ်သွားဖို့ ညီ့ကို ဆွဲခေါ်ပေမယ့် ပါမလာ။ မြေကြီးက ခြေထောက်ကို ဆွဲထားသည့်အလား။ ခြေနှစ်ဖက် စုံရပ်ရာက မရွေ့။ ညီ့ကိုယ်လေး ရုန်းထွက်သွားသည်။ ပိုင်ရှင်က လက်တွေကို အလွတ်မပေးမိ။ ပိုပြီး တင်းကြပ်အောင် ဆုပ်ကိုင်မိသည်။ အေးစက်နေတဲ့ လက်ဖျားလေးတွေ နွေးမသွားသေး.....။

"ပိုင်ရှင်သွားတော့ ညီတေဇကို အိမ်ခေါ်သွား"

"ဦးနွေ....."

"သွန်းမူယာ ဖုန်းဆက်တယ်။ဦးနွေ ကြည့်ကြပ်လုပ်ပေးပါ့မယ်။ ညီတေဇကိုသာ အိမ်ခေါ်သွားလိုက်"

"ဘယ်လိုလုပ်ကြမှာလဲ ဦးနွေ။ ဖွားဖွားကလည်း ဆေးရုံမှာ၊ အန်တီကလည်း....."

"အဆင်ပြေသွားမှာပါ ပိုင်ရှင်ရာ"

ဦးနွေကို တွေ့မှ အားကိုးဖော် ရသွား၍ ပိုင်ရှင်က မျက်ရည်ကျမိတော့သည်။ ညီ့ကို မနှစ်သိမ့်ရဘဲ ပိုင်ရှင့်ကျောကို လက်ဖဝါးနွေးနွေးနှင့် ပွတ်၍ နှစ်သိမ့်ပေးသည်။အခုချိန်မှာ ညီ့အတွက် အရာရာအားဖြစ်ပေးချင်သည်။ ကိုယ်တိုင်က အားမဖြစ်နိုင်သေးသည့် အခြေအနေ မလား။

"ညီတေဇ ဟေ့ကောင် ညီတေဇ လာသွားမယ်"

ဘယ်အချိန်က ရောက်လာသည် မသိသည့် ဇေသုခ ဆွဲလားရမ်းလား လုပ်မှ ညီ့ခြေလှမ်းတွေ ရွေ့လာသည်။

"ကလေးက နေခဲ့ဦးနော်။ ဦးလေးကြီးက ဒီရပ်ကွက်က လူကြီးတွေကို သိတာ မဟုတ်ဘူး။ ကလေး ပြပေးရမှာ"

ဦးနွေ လှမ်းသတိပေးမှ ဇေသုခ "စိတ်ချမယ်နော်။ ဒီကောင်ကို အော်ကြီးဟစ်ကျယ် ငိုအောင်လုပ်"ဟု မှာ၍ နေခဲ့သည်။ ဒုက္ခပဲ ပိုင်ရှင် ညီ့ကို မငိုစေချင်။ အတိတ်မေ့ဆေး တိုက်၍ ဝမ်းနည်းစရာအချိန် တွေကို မေ့ပစ်လိုက်စေချင်သည်။

______________________________________
______________________________________

ချပေးသည့် နေရာမှာ ထိုင်သည်။ ရေခွက်ပေးတော့ သောက်သည်။ စကားလည်း မပြော။ မျက်တောင်လည်း မခက်။ ပိုင်ရှင် နောက်တစ်ကြိမ် ပွေ့ဖက်ပေးရမလား တွေးမိသေးသည်။ သွေးအေးသွား၍ ဦးနှောက်မှတားသည်ကို စိတ်က လက်ခံလျက်။ ညီ့ဘေးမှာ ထိုင်ချလိုက်၍

"အဆင်ပြေသွားမှာပါ ညီ"

"ဘာက အဆင်ပြေသွားမှာလဲ ပိုင်ရှင်၊ ငါသိပ်ကြိုက်တဲ့စက်ရုပ်လေး၊ မမသိပ်ကြိုက်တဲ့ ဖိနပ်တွေ၊ဖွားဖွားသိပ်ချစ်တဲ့ ဘုရားစာအုပ်တွေ ပြန်ရမှာလား။ ဖေဖေနဲ့ မေမေ ချွေးနဲစာနဲ့ ဆောက်ထားတဲ့ ငါတို့အိမ်ကြီး ပြာကနေ အုတ်ပြောင်းသွားမှာလား။ ပြောလေ...ဘာက အဆင်ပြေသွားမှာလဲလို့"

နောက်ဆုံးတော့ ညီငိုတော့သည်။ ရင်ထဲက ကြိတ်ခံစားနေတာတွေ ပိုင်ရှင် ကြားခွင့်ရပြီ။ မပျော်သင့်ပေမယ့် ပျော်မိနေသည်။

"ပျက်အစဉ်ပြင်ခဏပါ ညီရာ။ စတင်ခြင်း ရှိနေသ၍ အဆုံးသတ်ဆို ဘယ်တော့မှ မလာဘူး
အခုလောလောဆယ် ကြိတ်ခံမနေဘဲ ငိုချလိုက်"

"ဘာအရည်အချင်းနဲ့ ငါက မျက်ရည်ခံထိုး အသနားခံနေရမှာလဲ။ ပေါက်နေတဲ့ဝါယာကြိုးနဲ့ တီဗီကို ဇွတ်ဖွင့်ကြည့်တာငါ။ မသုံးနဲ့ဆိုတဲ့ မီးအားမြင့်စက်ကို မေမေမရှိတုန်း ခိုးသုံးတာလည်း ငါပဲ။ ညှော်နံ့ရလို့ ဖွားဖွားအော်တာတောင် မကြားနိုင်အောင် ငါဘာလုပ်နေတယ် ထင်လဲ ပိုင်ရှင်။ အေး...ငါဆေးခိုးသုံးနေတာ။"

ပြောနေရင်း ညီ့မျက်ရည်တွေက အုံ့မှိုင်းထားရာမှ ရွာချလိုက်တဲ့မိုးလို သဲကြီးမဲကြီး ငိုသည်။

"လူတိုင်းမှားတတ်တယ် ညီ။ အမှားတွေကပဲ အမှန်ကို လမ်းညွှန်ပေးနေတာ။ ပစ္စည်တွေက သင်္ခါရပဲ။ အကုန်ကြိုးစား ယူလို့ရတယ်။ လူတွေ ဘာမှ ဖြစ်မသွားဘူး ညီ။ ဒါက ကံကောင်းတာပဲ။ မင်းကို အမှားမြင် အမှန်ပြင်ဆင်ခွင့် ပေးတယ်လို့ပဲ သဘောထားရအောင်"

ဒီတစ်ခါ ညီကိုယ်တိုင် ပိုင်ရှင့်ရင်ခွင်ဆီ တိုးဝင်၍ ငိုသည်။ အားကိုတကြီး အသက်ရှူကြပ်မတတ် ဖက်ထားသေးသည်။ ခဏနေတော့ ပိုင်ရှင့်ပေါင်ပေါ် အိပ်ပျော်သွားသည်။ မျက်တောင်ဖျားမှာ မျက်ရည်ဥတွေ ခိုတွဲထားဆဲ။ အမြဲပြုံးနေကျ နှုတ်ခမ်းလေးက မဲ့လျက်။
ညနေ ဦးနွေ လာသည့်အချိန်ထိ ညီ မနိုးသေး။ ဦးနွေနဲ့ နှစ်ယောက် ပိုင်ရှင့်အခန်းထဲ ထည့်ပေးထားလိုက်သည်။

"အခြေအနေ ဘယ်လိုလဲ ဦးနွေ"

"ပေါ့ဆမှုပေါ့။ နည်းနည်းတော့ ကျမယ်။ သိပ်မကြာပါဘူး။ အထဲမှာ အဆင်ပြေအောင် လုပ်ပေးရမှာပေါ့။ ဦးနွေ သွန်းမူယာဆီ သွားဦးမယ်။ ဒီညတော့ ညီတေဇနဲ့ နှစ်ယောက်ထဲ နေတော့ ရတယ်မလား။"

"ရပါတယ်....သွန်းကို သေချာဂရုစိုက်ပေးလိုက်"

"ဟိုမှာက ဇေသုခတို့ မိသားစုတော့ ရှိပါတယ်။ ညစောင့်များ လိုမလားသွားတာ။ ကလေးကို နိုးရင် အစားလေးဝင်အောင် ကျွေးဦး"

"အင်းပါ...."

____________________________________________________________________________

"စားလိုက်ပါ ညီရာ"

"တော် တော် တော် ပိုင်ရှင် ငါမစားချင်ဘူး"

"စားချင်လား မေးနေတာမှ မဟုတ်တာ။ စားလိုက်ပါလို့ တောင်းဆိုနေတာ"

"ဒီအခြေအနေမှာ မင်းဆိုရင်ရော စားဝင်မှာလား"

"စားမဝင်မှာစိုးလို့ အရည်နဲ့မျောချရအောင် ကြေအိုးဝယ်လာတာလေ ညီရာ။ နည်းနည်းတော့စား"

မိုးချုပ်မှ နိုးလာသူကို အစာချော့ကျွေးရသည်မှာ မွေးကားစကလေး ဆေးခွန့်ရသလိုပင်။ အမျိုးမျိုး ပြောမှ တစ်ဇွန်းနှစ်ဇွန်းစား၍ "အိပ်ဦးမယ်"ဟု ပြောသည်။

"လန်းသွားအောင် ရေလေးတော့ ချိုးလိုက်ပါဦးလားကွာ"

"မင်းအိမ်မှာ နေတယ်ဆိုပြီး ဆရာသိပ်လုပ်တာနော် ပိုင်ရှင်"

"အေးကွာ ဟုတ်တယ်။ ရေချိုးဦး"

ရေချိုးပြီး၍ ပိုင်ရှင့်အကျႌ အဖြူရှပ်နှင့် ဂျေဂျေဝတ်ထားတဲ့ ညီက ချစ်စရာ ဂျစ်တူးကောင်လေးနှယ်။ အလိုမကျ မျက်စောင်းထိုးနေသေးသည်။

"လန်းသွားတော့ အိပ်တောင် မအိပ်ချင်တော့ဘူး"

ညီ့မျက်ဝန်းထဲ တိမ်တွေ ဖုံးအုပ်လာပြန်သည်။

"ငါတို့ ဝရန်တာထွက်ပြီး စကားပြောကြမလား။ လေတိုက်တယ်။ ဒီည လလည်းသာနေတယ်။ ငါလည်း မအိပ်ချင်သေးဘူး"

"အိုကေလေ....."

စကားပြောမည်သာ ဆိုသည်။ ပြောစရာ စကားက ရှာမရ။ လမင်းကို လက်နှစ်ဖက် နောက်ပစ် ထိုင်ရင်း ငေးနေသည့် ညီရယ်။ ညီ့ကို ငေးနေသည့် ပိုင်ရှင်ရယ်။ ပိုးစုန်းကြူး သံလေးတွေရယ်။ မြူးစစ တောင်လေအေးရယ်။ ဒီညကို ပိုင်ရှင် ဘယ်တော့မှ မေ့နိုင်မည် မဟုတ်။

"ဖေဖေပြောပြတဲ့ ပုံပြင်လေး ရှိတယ် သိလား ပိုင်ရှင်"

"ဘယ်သိမလဲ"

"ငါပြောပြရမလား...."

"ကောင်းသားပဲ"

"ဟိုးရှေးရှေးတုန်က စာမတတ်တဲ့ အဖိုးနဲ့ မြေးလေးတစ်ယောက် ရှိတယ်တဲ့။ အဖိုးအိုက မြေးလေးကို သေစာရှင်စာ ဖတ်တတ်အောင် ကျောင်းထားပေးတယ်။ တစ်နေ့ ကျောင်းမှာ အရပ်မျက်နှာ အကြောင်း သင်လိုက်ရော။ ဆရာမက ပြောလိုက်တာပေါ့ကွာ။ ဓူဝံကြယ်ရှိတဲ့ အရပ်က မြောက်အရပ်ပေါ့။ အိမ်ရောက်တော့ လမင်းကြီးကို မော့ကြည့်နေတဲ့ အဖိုးအိုကို သူ့မြေးက မေးတယ်"

"ဓူဝံကြယ်က ဘယ်ဟာလဲ

You are reading the story above: TeenFic.Net