အခန္း(၁၉)

Background color
Font
Font size
Line height

Zawgyi

ရာသီဥတုက ေနထြက္ၿပီဆိုတာနဲ႔ ထိုင္ေနရင္း ေခၽြးထြက္ေစသည့္ ဥတုမ်ိဳး။ေလွကားေလး အတက္အဆင္း လုပ္ရံု နဖူးကေခၽြးစ ေျခဖ်ားက်ေနေသာ ရာသီ။ အျပင္ဥတုအေျခအေန ပူျပင္းေနသည္ထက္ အိမ္တြင္းအေျခအေန အခုတေလာ သိပ္မေကာင္းခ်င္။

ေမေမ့မ်က္ႏွာ မိုးလိုအံု႔ေနသည္။ ေဖေဖ့ မ်က္လံုးအိမ္က အပူအေငြ႕ခိုးေဝေနသည္။ ဖြားဖြားလည္း အရင္လို ေအးခ်မ္းမေန။ သက္ျပင္ခါခါခ် ပုတီးစိတ္ေနတတ္သည္။

"သားသား နင္ မေန႔က ဘယ္ကမူးရူး ျပန္လာတာလဲ။ ပိုင္ရွင့္ခမ်ာ သနားပါတယ္။ဒင္းဝဋ္က အခုထိ မလြတ္ေသးဘူး"

"ေမြးေန႔ပြဲပါ ေမေမရာ။ မူးေပမယ့္ မရူးပါဘူး။ ေမေမ့သား အေကာင္းႀကီး ရွိေသးတယ္"

မနက္စာဝိုင္းမွာ ေမေမေျပာမွ မေန႔က ပိုင္ရွင္လိုက္ပို႔မွန္း သိရသည္။ လူမွန္းသူမွန္း မသိေအာင္ ေသာက္ရလား ညီေတဇ မပီသလိုက္တာ ဟု ကိုယ့္ကိုယ္ကို က်ိန္ဆဲလိုက္သည္။ ၿပီးမွ မူးရင္း ပိုင္ရွင့္ကို တစ္ခါေလာက္ နမ္းမိလည္း မဆိုးဘူး ေတြးမိေပမယ့္ မျဖစ္ႏိုင္လိုက္တာ။

ဒီတစ္ခါ ေဖေဖဝင္မဆူတာေတာ့ အေတာ္ထူးဆန္ေနၿပီ။ ေမေမကလည္း အရွည္ရွည္ ဆက္ေျပာမေန။ အရင္ကဆို seriesေတြထက္ ရွည္ေအာင္ ဆံုးမတတ္တာေလ။အိမ္တြင္းမုန္တိုင္းမွာ အဝါေရာင္အဆင့္ ရွိေနၿပီး ဘယ္အခ်ိန္ ထတိုက္မလဲ မသိႏိုင္တာမ်ိဳးႀကီး ျဖစ္ေနသည္။ ေဖေဖက စားလက္စ ပန္းကန္ကိုပင္ မသိမ္းႏိုင္ဘဲ

"ေမႀကီးေရ သြားေတာ့မယ္။ သြန္းသြန္း သမီးကား ေဖႀကီးခဏယူသံုးမယ္ေနာ္။ ေတာင္ႀကီးဘက္ သြားစရာ ရွိလို႔"

"ေဖေဖ့ကားေရာ"

"အလုပ္ကိစၥ ခဏသံုးထားလို႔"

ေဖေဖက ဒီေလာက္ပဲ ေျပာၿပီး ထသြားသည္။ ေမေမေရာ ဘာထူးလဲ။ ပ်က္သြားတဲ့ မ်က္ႏွာရိပ္ကို မဖံုးႏိုင္ဘဲ ေဖေဖ့ေနာက္က ထလိုက္သြားသည္။ ေမာင္ႏွမ ႏွစ္ေယာက္ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္မိသည္။ အမွန္ေတာ့ အိမ္တြင္းျပႆနာေတြ ညီတို႔ေမာင္ႏွမ မသိ။ ကေလးမ်ားႏွယ္ လိုတာရွိ လက္ျဖန္႔ေတာင္း၊ အဆူခံပူဆာတာမ်ိဳးသာ လုပ္တတ္ၾကသူေတြ ။

"မေန႔က မခ်ိဳတို႔ လာသြားေသးတယ္။ ေဖႀကီးရယ္ အလွမ္းက်ယ္ အလယ္လပ္ ျဖစ္ေနပါ့မယ္"

"ဒီတစ္ခါ အဆင္ေျပမွာပါကြာ"

အိမ္ခန္းေရွ႕က ျဖတ္ေတာ့ ဒီေလာက္သာ ၾကားခဲ့ရသည္။ အေျခအေနေတာ့ နားမလည္တတ္ေသး။ နားလည္ေအာင္ ဝင္ေမးဖို႔ ေနေနသာ ခိုးနားေထာင္မိတာကိုပင္ အျပစ္ရွိေနၿပီ။ လူႀကီးေတြ ကိစၥမဟုတ္လား။ ေမေမလည္း ႀကိဳက္မွာ မဟုတ္။ အန္တီမခ်ိဳက အိမ္ပြဲစားဆိုတာေတာ့ သိသည္။

_________________________

ဘယ္မွလည္း မထြက္ခ်င္။ အိပ္ခန္းထဲက ဧည့္ခန္းေတာင္ မထြက္ႏိုင္။ အဲကြန္းရွိမွ ေနရသက္သာသည္။ ကမၻာႀကီးကို ရြာႀကီးျဖစ္ေစတဲ့ မိုက္ခရိုဖုန္းေတြေတာင္ တီထြင္ထားၾကၿပီး သြားေလရာ အိပ္ထဲထည့္လို႔ရတဲ့ အဲကြန္းစက္ကေလးေတြေရာ မထြင္ေသးဘူးလားဟု ေမးရင္ေတာ့ 'ေၾကာင္လိုက္တာ'ဟု ေျပာမွာ သိေန၍ မေမးေတာ့ပါဘူးေလ။

ညီေတဇ ႏွင့္ မမ အိပ္ခန္းထဲမွာ ေၾကာင္နဲ႔ႂကြက္ ထိုင္ၾကည့္ေနေတာ့သည္။ တစ္ခါတစ္ခါ စိတ္မၾကည္ရင္ ငယ္မူျပန္လိုက္ရတာကလည္း စိတ္လြတ္ေျမာက္နည္း တစ္မ်ိဳး။

"ညီေတဇ ေဟ့ေကာင္ ညီေတဇ ဖင္ေလးႂကြၿပီး တံခါးလာဖြင့္ေတာ္မူ"

လူေခၚဘဲလ္ မတီးဘဲ ေအာ္ေခၚေနေသာ ေဇသုခကို မမကပဲ တံခါးသြားဖြင့္ေပးလိုက္သည္။

"အန္တီေရာ "

"ေစ်းသြားတယ္ ေဇေဇေရ ဘာေသာက္မလဲ"

"မဆိုးႏို႔ ေသာက္ခ်င္တယ္ ရွိလား"

"အန္တီစိုးႀကီးက ေသြးေတာင္ဆံုးေနေလာက္ၿပီ ဘယ္လို ႏို႔ထြက္ေတာ့မွာလဲ"

"ေအးေလ ေပါက္ေပါက္ရွာရွာ"

အခန္းထဲထိ လာၿပီး ေပါက္ကရ ေျပာေနသူကို ညီက စကားေထ့ေတာ့ မမက ေထာက္ခံသည္။

"ေအး....မပုႏို႔ေတာ့ ရမယ္ထင္တယ္"

"ေခြးေကာင္ သားသား"

မမထေအာ္ရင္း ေခါင္းကိုပါ ဂြပ္ခနဲ ေရာက္လာသည့္လက္က ေလစႀကၤာထက္ ျမန္သည္။

"ဘာေတြေျပာေနတာလဲ ငါေျပာတာက
မဆိုး ရဲ႕ အဓိပၸါယ္တူက ေကာင္း မဟုတ္ဘူးလား"

"ဟုတ္တယ္ေလ"

" c o w ကို ဘယ္လို အသံထြက္လဲ"

"ေကာင္းေလ"

"ေအး အဲ့ဒါပဲ အဲ့ဒီႏို႔ ေသာက္ခ်င္တာ"

"မသာ ငါကလည္း မပုဆီက ဝယ္ထားတဲ့ ႏြားႏို႔ ရွိတယ္လို႔ ေျပာတာပဲ ပုတဲ့လူက ဘာဝင္နာေနမွန္း မသိ"

"ဘယ္သိမလဲဟဲ့"

"အဲ့ဒါဆို မဆိုးႏို႔ ရွိတယ္ေပါ့"ဟု ေဇသုခက ဝင္ေမးသည္။

"ေဇေဇရယ္ ႏြားႏို႔ပဲ ေျပာစမ္းပါ နင့္ဟာက ငါၾကက္သီးထလို႔"

"မသြန္းက မစိုးမွ မဟုတ္တာ ဘာလို႔ ၾကက္သီးထတာလဲ"

"ေအးေလ အေနသာၿကီးကို"

"ေသခ်င္းဆိုးေလးေတြ"ဟု ပယ္ပယ္နယ္နယ္ႀကီး ဆဲခ်သြားတဲ့ မမက ေရခဲေသတၱာထဲမွ ႏြားႏို႔ေအးကို သၾကားႏွင့္ေတာင္ ေဖ်ာ္လာေပးေသးသည္။

သံုးေယာက္သား စပ္မိစပ္ရာ ေျပာၾကရင္း ဘယ္ကဘယ္လို ပိုင္ရွင့္အေၾကာင္း ေရာက္သြားသည္ မသိ။ အမွန္ေတာ့ ညီက စကားစ ေမးလိုက္မိတာပါ။

"မေန႔က ငါ့ကို ပိုင္ရွင္ လိုက္ပို႔ေပးတာေပါ့ ဟုတ္လား မမ"

"ေအး နင္နဲ႔ နင့္အေကာင္ ႏွစ္ေယာက္လံုးကိုေလ"

"သူဘာေျပာသြားေသးလဲ"

"ထင္မင္းသြင္နဲ႔တြဲတာကို ဒီအတိုင္းပဲ လႊတ္ထားမွာလားတဲ့"

"သူနဲ႔ဘာဆိုင္လဲ "ဟု ညီ မေက်မနပ္ ေရရြတ္ေတာ့

"ဆိုင္ေတာ့ဆိုင္မယ္ထင္တယ္" ေဇေဇက ဝင္ေျပာသည္။

"သြန္းသြန္းေရ လာဦး ၊ ေမေမ့ကို ကူဦး"

မမသြန္း အခန္းထဲက ေျပးထြက္သြားမွ

"ဘာဆိုင္တာလဲ ေျပာပါဦး"

"ဦးေႏြ ေျပာပံုအရ ထင္မင္းသြင္နဲ႔ ဘုန္းပိုင္ရွင္က ေက်ာင္းေနဖက္ေတြကြ။ ဖတစိုး သားျဖစ္ေတာ့ အေမမုဆိုးမက အေသအလိုလိုက္ ဆိုပဲ။ အလယ္တန္း ေလာက္တည္းက ထင္မင္းသြင္နဲ႔ပိုင္ရွင္ ေတာ္ေတာ္တြဲ ျဖစ္ၾကတာတဲ့။ သိတယ္မလား ထင္မင္းသြင္က နည္းနည္း....။ကိုးတန္းေရာက္ေတာ့ ပိုင္ရွင့္ကို ခ်စ္ပါတယ္၊ ႀကိဳက္ပါတယ္ လုပ္ေရာတဲ့။ ဆယ္တန္းေရာက္ေတာ့ စာကပိေတာ့ ထင္မင္းသြင္က တစ္မ်ိဳးဆိုေတာ့ စိတ္ရႈပ္လာၿပီး ပိုင္ရွင္က ဆရာေတြ သြားတိုင္လိုက္တယ္တဲ့။ ကိစၥက မီးခိုးႂကြက္ေလၽွာက္ ေဆြမ်ိဳးေတြထိ ပါလာၿပီး ရွားေလာ့ဟုမ္မႏိုင္တဲ့ အမႈလို ျဖစ္လာေရာ။ မင္းသြင္က ေက်ာင္းေတာင္ ထြက္သြားတာလို႔ ေျပာတယ္။ ပိုင္ရွင္ အဲ့ဒီကိစၥ အစေဖာ္တိုင္း သူမွားတာဆိုၿပီး ေနာင္တ ရေနတတ္တယ္တဲ့"

"ေျပာခ်င္တာက ပိုင္ရွင္ကိုယ္တိုင္ ဒီလိုဟာကို လက္မခံႏိုင္တာေပါ့"

"ဘယ္သိမလဲ အဲ့ဒီအရြယ္ ငယ္ေသးတာကို"

ကုန္သြားတဲ့ ႏြားႏို႔ခြက္ကို အေႂကြေစ့လွည့္သလို႔ လွည့္ရင္း ေဆာ့ေနမိသည္။ အဲကြန္းေလ ေအးစိမ့္ေပမယ့္ စိတ္ထဲထိ မေအးႏိုင္။ ညီ့ စိတ္ကို သိေနတဲ့ ေဇသုခက သက္ျပင္းခ်ၿပီး စကားဆက္သည္။

"ထူးဆန္းတာ ပိုင္ရွင္က ဦးေႏြကို ေျပာျပတာတဲ့ ထင္မင္းသြင္နဲ႔ ညီ တြဲေနတယ္ဆိုၿပီး၊ သူဘာလို႔ ဒီကိစၥကို အေရးႀကီးခြင္က်ယ္ လုပ္ေနတာလဲ မသိဘူး"

"အဲ့ဒီေနာက္ သူတို႔ ထပ္ေတြ႕ျဖစ္ၾကေသးလား၊ ဘာျဖစ္သြားၾကလဲ"

"ဘယ္သိမလဲကြ ၊ ငါလည္း ဦးေႏြ ေျပာသေလာက္ပဲ သိတာ"

"ငါတို႔ သြားေမးရေအာင္"

"အခုေလာေလာဆယ္ေတာ့ဦးေႏြကို ရွက္လို႔ ေရွာင္ေနတယ္"

"ဘာျဖစ္ထားၾကလို႔လဲ"

ေဇသုခက ျပံဳးသည္။ ၿပီးေတာ့ ထရယ္သည္။ အရူးလို ဟန္ပန္စံု တစ္ေယာက္တည္း လုပ္ေနသည္ကို စိတ္မရွည္၍ ညီက ဇတ္ပိုးကို ရိုက္ခ်လိုက္ေတာ့သည္။

"ေျပာမွာျဖစ္ ေျပာ"

"ငါက ေခ်ာကလက္စားခ်င္တယ္လို႔ ေျပာထားတာ ၾကာပါၿပီကြာ။ အဲ့ဒါကို သူ႔မိတ္ေဆြ စင္ကာပူက ျပန္လာတာ လက္ေဆာင္ေပးလို႔ ငါ့ကို သတိတရ လာပို႔ေပးေရာ"

"အဲ့ဒါနဲ႔...."

"ငါလည္း ဝမ္းသာလံုးစို႔ၿပီး စကားက မွားထြက္သြားေရာ"

"ဘာလဲ ၊ ေက်းဇူးတင္ပါတယ္ ဦးေႏြ၊ ေခ်ာကလက္လိုမဲၿပီး ခါးတဲ့ဘဝ ပိုင္ဆိုင္ရပါေစ ဆုေတာင္းေပးလိုက္လို႔လား"

"ဆင္တူရိုးမွားပါပဲ"

"ဘာေျပာလိုက္လို႔လဲ မင္းက"

"ေက်းဇူး ေခ်ာကလပ္ ဦးေႏြကို မဟားတရား စားခ်င္ေနတာလို႔ ျပံဳးျပံဳးႀကီး ေျပာလိုက္တာ"

ဒီတစ္ခါေတာ့ ညီက "လခြမ္း...."ဟု ထဆဲၿပီး ေအာ္ရယ္မိေတာ့သည္။

"မသာ ႏွာေခါင္းထဲကဇာတိ ျပလာၿပီ"

"စကားထဲက ဇာတိျပပါကြာ၊ မင္းက မန္းလည္းမန္းခ်င္တယ္ ဌဳံေတာင္ ကဠာန္းက်ေအာင္ မရြတ္တတ္ဘူး ျဖစ္ေနၿပီ"

"ေဟ့ေကာင္ မင္းက  ႏွာေခါင္းထဲက ျပတာကြ"

"ငါ ဦးေႏြကို မစားခ်င္ပါဘူးကြာ...."

"ေခ်ာကလက္ပဲ စားခ်င္တာေပါ့"

"ဦးေႏြ ေကၽြးတာပဲ စားခ်င္တာ"

"ေဟ့ေကာင္ ေဇသုခ အယုတ္တမာေကာင္၊
ဗိုက္နာၿပီးဝမ္းပိတ္မယ့္ေကာင္"

"ဘာလဲ ငါက ဦးေႏြ ေကၽြးတဲ့ မုန္႔ေတြကို ေျပာတာေလ၊ မင္းကိုက ဦးေႏွာက္ထဲ ႏွာေခါင္း ေရာက္ေနတာပါ ညီေတဇရာ"

ဒီလိုနဲ႔ပဲ ပိုင္ရွင့္အေၾကာင္း စကားမေရာက္ၾကေတာ့။ ညီ့ စိတ္ထဲေတာ့ ပိုင္ရွင္ႏွင့္ ပိုေဝးသြားတာ အမွန္။ မင္းသြင္လို အႏွိမ္ခံေတာ့ ညီ မျဖစ္ခ်င္။ အမရည္းစား ေယာက္ဖေလာင္းေနရာကသာ ပိုင္ရွင့္ ေနရာမွန္ ထင္သည္။

____________________________________________________________________________

" ပထမႏွစ္ က်ျပန္ၿပီဆို ညီ"

"ဘဝမွာ အသားမနာဘဲ က်လို႔ရတာ စာေမးပြဲပဲ ရွိတာ ေပ်ာ္ေပ်ာ္ႀကီးက် ဟ ဟ"

ပိုင္ရွင္နဲ႔ လွည္းတန္းမွာ ခ်ိန္းမထားဘဲ ေတြ႕မိၾကျခင္း ျဖစ္သည္။ မင္းသြင္ဆီ မသြားခ်င္လို႔ ပ်င္းပ်င္းရွိတာနဲ႔ ညေနေစာင္း လွည္းတန္းဘက္ ထထြက္ခဲ့ျခင္း။ ညီက တစ္မ်ိဳး။ စိတ္ရႈပ္သည့္အခ်ိန္ဆို ေဆးျပားေလးငံုရမွ ၊ စီးကရက္ေလာက္ေတာ့ ဖြာရမွ ေက်နပ္ေပမယ့္ မသံုးရ မေနႏိုင္ေအာင္ စြဲေနမိတာမ်ိဳးမဟုတ္။
ထို႔ေၾကာင့္ ထင္မင္းသြင္ကို လိုအပ္မွ သြားေတြ႕တာမ်ိဳးပဲ လုပ္သည္။ သူကလည္း အေဖာ္လိုမွ ညီ့ကို ေခၚသည္။

စားပြဲထိုး လာခ်ေပးသည့္ ေကာ္ဖီကို ႏို႔၊သၾကား ခ်ိန္ဆ ထည့္ေမႊၿပီးမွ ညီ့ဆီ လွမ္းေပး၍

"အခ်ိန္က ႏွေမ်ာစရာဆိုတာ အခ်ိန္လြန္မွ သိရရင္ ေနာင္တပဲ ရလိမ့္မယ္ေနာ္ ညီ"

"အရသာမရွိ ၊ ကိုယ္အေလးခ်ိန္ မတက္တဲ့ ေနာင္တပဲ ေပ်ာ္ေပ်ာ္ၿကီး စားမယ္"

"ညီ မင္းကေတာ့ေလ "

ခဏ တိတ္ဆိတ္သြားသည္။ ဖုန္းပြတ္ရင္း ဟာသဗီဒီယိုေတြ႕၍ ထရယ္မိေတာ့ မ်က္ဝန္းေထာင့္မွ ပိုင္ရွင့္အျပံဳးကိုပါ ေတြ႕လိုက္ရသည္။

"ဘာလို႔ ငါ့ကို ၾကည့္ၿပီး ျပံဳးေနတာလဲ၊ လူကို ဂ်ိဳကာထင္ေနလား"

"မင္းရယ္ရင္ ေတာ္ေတာ္ ေအးေအးခ်မ္းခ်မ္း ရွိတယ္ သိလား ညီ"

"မသိဘူး"ဟု ေျပာ၍ စားပြဲထိုးကို လွမ္းေခၚလိုက္ၿပီး ဘာမွာရမွန္းလဲ မသိ.......။
ရွက္ရမ္းရမ္းတယ္ဆိုတာ ဒါမ်ိဳးလားေတာ့ မေျပာတတ္။ တစ္စိမ့္စိမ့္ၾကည့္သလို ျပံဳးရင္း ၾကည့္ေနတဲ့ ပိုင္ရွင့္ကို အျမင္ကပ္၍

"ေနာင္တတစ္ပြဲ စိတ္ညစ္စရာဖယ္ မ်က္ရည္က်စရာေလၽွာ့ ေပ်ာ္စရာမ်ားမ်ားထည့္"

"ဗ်ာ" စားပြဲထိုးေလးက ေခါင္းကုပ္ ရယ္ေနသည္။
ပိုင္ရွင္ သက္ျပင္းခ်၍ "ညီ...."ဟု အံႀကိတ္ေခၚေနေသးသည္။

"နန္းႀကီးသုပ္ ႏွစ္ပြဲ၊ ၾကက္သြန္နဲ႔ နံနံပင္ မထည့္ဘူးေနာ္"

သူ႔စိတ္ႀကိဳက္ မွာၿပီးမွ

"အဲ့ဒါပဲ စားမွာမလား ညီ"

ညီ ေခါင္းညိတ္လိုက္ေတာ့ စားပြဲထိုးေလး ထြက္သြားသည္။ ပိုင္ရွင္က ေကာ္ဖီေသာက္ရင္းေတာင္ ညီ့ကို ၾကည့္ေနေသးသည္။ ဒီေကာင္ ဒီေန႔ ဘာျဖစ္ေနလဲ မသိ။

ညီ နန္ႀကီးသုပ္ ႀကိဳက္တာလည္း ပိုင္ရွင္ သိေနသလား မေျပာတတ္။ ၾကက္သြန္နဲ႔ နံနံပင္ မထည့္တာက အစ သိေနရင္ေတာ့ ဆန္းသည္။ ဒါမွမဟုတ္ သူမစားလို႔ဘဲလား။ ဒါကို ညီက မႀကိဳက္တာခ်င္းေတာင္ တူသည္ဟု ႀကိတ္ေပ်ာ္မိသလို ျဖစ္သြားေသးသည္။

"ညီ...."

"အင္း....."

"ေမးစရာရွိတယ္"

"အင္း......"

"ငါ့ကို ၾကည့္ေလ ညီရာ ေမးပါမယ္ ဆိုေနမွ"

"မအားဘူး။ ဒီမွာ ဂိမ္းေဆာ့ေနတာ။ မ်က္လံုးခ်င္း စကားေျပာမွာ က်ေနတာပဲ။ မင္းက ပါးစပ္နဲ႔ ေျပာ။ ငါက နားနဲ႔ နားေထာင္မွာ။ ၾကည့္စရာ လိုလို႔လား"

ညီက ဂိမ္းအေဆာ့မပ်က္ ျပန္ေျဖလိုက္သည္။

"ထင္မင္းသြင္ကို တစ္ကယ္ ခ်စ္တာလား"

ေခါင္းေထာင္၍ ပိုင္ရွင့္ကို ၾကည့္မိသည္။ ဘာစကားမွ မေျဖႏိုင္ေသး။ပိုင္ရွင့္ သိလိုစိတ္ေတြက မ်က္ဝန္းမွာ တရိပ္ရိပ္ေျပးေနသည္။ ေသခ်ာတာေတာ့ 'ငါ့ကို တစ္ကယ္ခ်စ္လား'လို႔ ေမးသြားတာမဟုတ္။ ထင္မင္းသြင္နဲ႔ ကိစၥ ဘာလို႔ ဒီေလာက္ထိ အေရးတယူ လုပ္ေနသည္ကို ညီ နားမလည္ႏိုင္။

"ႏွစ္ကယ္ သံုးကယ္ အသူရကာယ္ ေရာက္တဲ့ထိ"

"အေကာင္းေမးေနတာ ညီ"

"အေကာင္းေျဖေနတာပဲေလ မင္းက ဘာလို႔ ေမးတာလဲ"

"မခ်စ္ေစခ်င္ဘူး ညီ ရာ"

"မင္းနဲ႔ ဘာဆိုင္လဲ။ အရင္ကလည္း ငါဒီလိုပဲ တြဲေနက်ကို အခုမွ ဘာျဖစ္ေနတာလဲ"

"အရင္က မိန္းကေလးေတြေလ ၿပီးေတာ့......"

"ဘာလဲ ငါက မင္းသြင္နဲ႔ တစ္ကယ္ခ်စ္ၿပီး။ အတူေန တစ္ဘဝ ထူေထာင္ရင္ ေယာက္ဖတစ္ေယာက္ အေနနဲ႔ မင္းက ရွက္လို႔ လိုက္တားေနတာလား။ဒါမွမဟုတ္ မင္း......ႏွေျမာေနလို႔လား။ ျပန္လိုခ်င္ေနတာလား"

"ညီ ဘယ္လိုသိ......"

"ငါအကုန္ သိၿပီးသား ပိုင္ရွင္။ ေျပာစမ္းပါဦး။ ဘာလို႔ ဒီေလာက္ မျဖစ္ေစခ်င္ေနတာလဲ"

"ရွက္လို႔လည္း မဟုတ္ဘူး။ မင္းသြင္ကို ျပန္လိုခ်င္တာလည္း မဟုတ္ဘူး။ မင္းကို စိတ္ပူလို႔ ညီ။ မင္းသြင္ရဲ႕ အခုအေျခအေနက ပ်က္စီးေနတာလို႔ ေျပာလို႔ရတယ္"

"ေတာ္စမ္းပါ...ဘာမွ စိတ္ပူမေနနဲ႔ မလိုဘူး"

အေျခအေနက တင္းမာမာ ေအးစက္စက္။ စကားတို႔ မဆက္ျဖစ္ဘဲ ဒီေလာက္ႏွင့္သာ။ စားၿပီးေသာက္ၿပီး အိမ္ျပန္ခဲ့ၾကသည္။

______________________________________
______________________________________

"ပိုင္ရွင္ ပိုင္ရွင္ မီးသတ္ကားသံေတြ ၾကားလား"

"ဦးေႏြကို လာေမးမလို႔ဘဲ ။ ဘယ္နား ေလာင္ေနတာလဲ"

"ညီေတဇတို႔ လမ္းလို႔ ေျပာတယ္"

"ဗ်ာ......."

______________________________________
______________________________________
______________________________________

#############################

Unicode

ရာသီဥတုက နေထွက်ပြီဆိုတာနဲ့ ထိုင်နေရင်း ချွေးထွက်စေသည့် ဥတုမျိုး။လှေကားလေး အတက်အဆင်း လုပ်ရုံ နဖူးကချွေးစ ခြေဖျားကျနေသော ရာသီ။ အပြင်ဥတုအခြေအနေ ပူပြင်းနေသည်ထက် အိမ်တွင်းအခြေအနေ အခုတလော သိပ်မကောင်းချင်။

မေမေ့မျက်နှာ မိုးလိုအုံ့နေသည်။ ဖေဖေ့ မျက်လုံးအိမ်က အပူအငွေ့ခိုးဝေနေသည်။ ဖွားဖွားလည်း အရင်လို အေးချမ်းမနေ။ သက်ပြင်ခါခါချ ပုတီးစိတ်နေတတ်သည်။

"သားသား နင် မနေ့က ဘယ်ကမူးရူး ပြန်လာတာလဲ။ ပိုင်ရှင့်ခမျာ သနားပါတယ်။ဒင်းဝဋ်က အခုထိ မလွတ်သေးဘူး"

"မွေးနေ့ပွဲပါ မေမေရာ။ မူးပေမယ့် မရူးပါဘူး။ မေမေ့သား အကောင်းကြီး ရှိသေးတယ်"

မနက်စာဝိုင်းမှာ မေမေပြောမှ မနေ့က ပိုင်ရှင်လိုက်ပို့မှန်း သိရသည်။ လူမှန်းသူမှန်း မသိအောင် သောက်ရလား ညီတေဇ မပီသလိုက်တာ ဟု ကိုယ့်ကိုယ်ကို ကျိန်ဆဲလိုက်သည်။ ပြီးမှ မူးရင်း ပိုင်ရှင့်ကို တစ်ခါလောက် နမ်းမိလည်း မဆိုးဘူး တွေးမိပေမယ့် မဖြစ်နိုင်လိုက်တာ။

ဒီတစ်ခါ ဖေဖေဝင်မဆူတာတော့ အတော်ထူးဆန်နေပြီ။ မေမေကလည်း အရှည်ရှည် ဆက်ပြောမနေ။ အရင်ကဆို seriesတွေထက် ရှည်အောင် ဆုံးမတတ်တာလေ။အိမ်တွင်းမုန်တိုင်းမှာ အဝါရောင်အဆင့် ရှိနေပြီး ဘယ်အချိန် ထတိုက်မလဲ မသိနိုင်တာမျိုးကြီး ဖြစ်နေသည်။ ဖေဖေက စားလက်စ ပန်းကန်ကိုပင် မသိမ်းနိုင်ဘဲ

"မေကြီးရေ သွားတော့မယ်။ သွန်းသွန်း သမီးကား ဖေကြီးခဏယူသုံးမယ်နော်။ တောင်ကြီးဘက် သွားစရာ ရှိလို့"

"ဖေဖေ့ကားရော"

"အလုပ်ကိစ္စ ခဏသုံးထားလို့"

ဖေဖေက ဒီလောက်ပဲ ပြောပြီး ထသွားသည်။ မေမေရော ဘာထူးလဲ။ ပျက်သွားတဲ့ မျက်နှာရိပ်ကို မဖုံးနိုင်ဘဲ ဖေဖေ့နောက်က ထလိုက်သွားသည်။ မောင်နှမ နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိသည်။ အမှန်တော့ အိမ်တွင်းပြဿနာတွေ ညီတို့မောင်နှမ မသိ။ ကလေးများနှယ် လိုတာရှိ လက်ဖြန့်တောင်း၊ အဆူခံပူဆာတာမျိုးသာ လုပ်တတ်ကြသူတွေ ။

"မနေ့က မချိုတို့ လာသွားသေးတယ်။ ဖေကြီးရယ် အလှမ်းကျယ် အလယ်လပ် ဖြစ်နေပါ့မယ်"

"ဒီတစ်ခါ အဆင်ပြေမှာပါကွာ"

အိမ်ခန်းရှေ့က ဖြတ်တော့ ဒီလောက်သာ ကြားခဲ့ရသည်။ အခြေအနေတော့ နားမလည်တတ်သေး။ နားလည်အောင် ဝင်မေးဖို့ နေနေသာ ခိုးနားထောင်မိတာကိုပင် အပြစ်ရှိနေပြီ။ လူကြီးတွေ ကိစ္စမဟုတ်လား။ မေမေလည်း ကြိုက်မှာ မဟုတ်။ အန်တီမချိုက အိမ်ပွဲစားဆိုတာတော့ သိသည်။

_________________________

ဘယ်မှလည်း မထွက်ချင်။ အိပ်ခန်းထဲက ဧည့်ခန်းတောင် မထွက်နိုင်။ အဲကွန်းရှိမှ နေရသက်သာသည်။ ကမ္ဘာကြီးကို ရွာကြီးဖြစ်စေတဲ့ မိုက်ခရိုဖုန်းတွေတောင် တီထွင်ထားကြပြီး သွားလေရာ အိပ်ထဲထည့်လို့ရတဲ့ အဲကွန်းစက်ကလေးတွေရော မထွင်သေးဘူးလားဟု မေးရင်တော့ 'ကြောင်လိုက်တာ'ဟု ပြောမှာ သိနေ၍ မမေးတော့ပါဘူးလေ။

ညီတေဇ နှင့် မမ အိပ်ခန်းထဲမှာ ကြောင်နဲ့ကြွက် ထိုင်ကြည့်နေတော့သည်။ တစ်ခါတစ်ခါ စိတ်မကြည်ရင် ငယ်မူပြန်လိုက်ရတာကလည်း စိတ်လွတ်မြောက်နည်း တစ်မျိုး။

"ညီတေဇ ဟေ့ကောင် ညီတေဇ ဖင်လေးကြွပြီး တံခါးလာဖွင့်တော်မူ"

လူခေါ်ဘဲလ် မတီးဘဲ အော်ခေါ်နေသော ဇေသုခကို မမကပဲ တံခါးသွားဖွင့်ပေးလိုက်သည်။

"အန်တီရော "

"ဈေးသွားတယ် ဇေဇေရေ ဘာသောက်မလဲ"

"မဆိုးနို့ သောက်ချင်တယ် ရှိလား"

"အန်တီစိုးကြီးက သွေးတောင်ဆုံးနေလောက်ပြီ ဘယ်လို နို့ထွက်တော့မှာလဲ"

"အေးလေ ပေါက်ပေါက်ရှာရှာ"

အခန်းထဲထိ လာပြီး ပေါက်ကရ ပြောနေသူကို ညီက စကားထေ့တော့ မမက ထောက်ခံသည်။

"အေး....မပုနို့တော့ ရမယ်ထင်တယ်"

"ခွေးကောင် သားသား"

မမထအော်ရင်း ခေါင်းကိုပါ ဂွပ်ခနဲ ရောက်လာသည့်လက်က လေစင်္ကြာထက် မြန်သည်။

"ဘာတွေပြောနေတာလဲ ငါပြောတာက
မဆိုး ရဲ့ အဓိပ္ပါယ်တူက ကောင်း မဟုတ်ဘူးလား"

"ဟုတ်တယ်လေ"

" c o w ကို ဘယ်လို အသံထွက်လဲ"

"ကောင်းလေ"

"အေး အဲ့ဒါပဲ အဲ့ဒီနို့ သောက်ချင်တာ"

"မသာ ငါကလည်း မပုဆီက ဝယ်ထားတဲ့ နွားနို့ ရှိတယ်လို့ ပြောတာပဲ ပုတဲ့လူက ဘာဝင်နာနေမှန်း မသိ"

"ဘယ်သိမလဲဟဲ့"

"အဲ့ဒါဆို မဆိုးနို့ ရှိတယ်ပေါ့"ဟု ဇေသုခက ဝင်မေးသည်။

"ဇေဇေရယ် နွားနို့ပဲ ပြောစမ်းပါ နင့်ဟာက ငါကြက်သီးထလို့"

"မသွန်းက မစိုးမှ မဟုတ်တာ ဘာလို့ ကြက်သီးထတာလဲ"

"အေးလေ အနေသာကြီးကို"

"သေချင်းဆိုးလေးတွေ"ဟု ပယ်ပယ်နယ်နယ်ကြီး ဆဲချသွားတဲ့ မမက ရေခဲသေတ္တာထဲမှ နွားနို့အေးကို သကြားနှင့်တောင် ဖျော်လာပေးသေးသည်။

သုံးယောက်သား စပ်မိစပ်ရာ ပြောကြရင်း ဘယ်ကဘယ်လို ပိုင်ရှင့်အကြောင်း ရောက်သွားသည် မသိ။ အမှန်တော့ ညီက စကားစ မေးလိုက်မိတာပါ။

"မနေ့က ငါ့ကို ပိုင်ရှင် လိုက်ပို့ပေးတာပေါ့ ဟုတ်လား မမ"

"အေး နင်နဲ့ နင့်အကောင် နှစ်ယောက်လုံးကိုလေ"

"သူဘာပြောသွားသေးလဲ"

"ထင်မင်းသွင်နဲ့တွဲတာကို ဒီအတိုင်းပဲ လွှတ်ထားမှာလားတဲ့"

"သူနဲ့ဘာဆိုင်လဲ "ဟု ညီ မကျေမနပ် ရေရွတ်တော့

"ဆိုင်တော့ဆိုင်မယ်ထင်တယ်" ဇေဇေက ဝင်ပြောသည်။

"သွန်းသွန်းရေ လာဦး ၊ မေမေ့ကို ကူဦး"

မမသွန်း အခန်းထဲက ပြေးထွက်သွားမှ

"ဘာဆိုင်တာလဲ ပြောပါဦး"

"ဦးနွေ ပြောပုံအရ ထင်မင်းသွင်နဲ့ ဘုန်းပိုင်ရှင်က ကျောင်းနေဖက်တွေကွ။ ဖတစိုး သားဖြစ်တော့ အမေမုဆိုးမက အသေအလိုလိုက် ဆိုပဲ။ အလယ်တန်း လောက်တည်းက ထင်မင်းသွင်နဲ့ပိုင်ရှင် တော်တော်တွဲ ဖြစ်ကြတာတဲ့။ သိတယ်မလား ထင်မင်းသွင်က နည်းနည်း....။ကိုးတန်းရောက်တော့ ပိုင်ရှင့်ကို ချစ်ပါတယ်၊ ကြိုက်ပါတယ် လုပ်ရောတဲ့။ ဆယ်တန်းရောက်တော့ စာကပိတော့ ထင်မင်းသွင်က တစ်မျိုးဆိုတော့ စိတ်ရှုပ်လာပြီး ပိုင်ရှင်က ဆရာတွေ သွားတိုင်လိုက်တယ်တဲ့။ ကိစ္စက မီးခိုးကြွက်လျှောက် ဆွေမျိုးတွေထိ ပါလာပြီး ရှားလော့ဟုမ်မနိုင်တဲ့ အမှုလို ဖြစ်လာရော။ မင်းသွင်က ကျောင်းတောင် ထွက်သွားတာလို့ ပြောတယ်။ ပိုင်ရှင် အဲ့ဒီကိစ္စ အစဖော်တိုင်း သူမှားတာဆိုပြီး နောင်တ ရနေတတ်တယ်တဲ့"

"ပြောချင်တာက ပိုင်ရှင်ကိုယ်တိုင် ဒီလိုဟာကို လက်မခံနိုင်တာပေါ့"

"ဘယ်သိမလဲ အဲ့ဒီအရွယ် ငယ်သေးတာကို"

ကုန်သွားတဲ့ နွားနို့ခွက်ကို အကြွေစေ့လှည့်သလို့ လှည့်ရင်း ဆော့နေမိသည်။ အဲကွန်းလေ အေးစိမ့်ပေမယ့် စိတ်ထဲထိ မအေးနိုင်။ ညီ့ စိတ်ကို သိနေတဲ့ ဇေသုခက သက်ပြင်းချပြီး စကားဆက်သည်။

"ထူးဆန်းတာ ပိုင်ရှင်က ဦးနွေကို ပြောပြတာတဲ့ ထင်မင်းသွင်နဲ့ ညီ တွဲနေတယ်ဆိုပြီး၊ သူဘာလို့ ဒီကိစ္စကို အရေးကြီးခွင်ကျယ် လုပ်နေတာလဲ မသိဘူး"

"အဲ့ဒီနောက် သူတို့ ထပ်တွေ့ဖြစ်ကြသေးလား၊ ဘာဖြစ်သွားကြလဲ"

"ဘယ်သိမလဲကွ ၊ ငါလည်း ဦးနွေ ပြောသလောက်ပဲ သိတာ"

"ငါတို့ သွားမေးရအောင်"

"အခုလောလောဆယ်တော့ဦးနွေကို ရှက်လို့ ရှောင်နေတယ်"

"ဘာဖြစ်ထားကြလို့လဲ"

ဇေသုခက ပြုံးသည်။ ပြီးတော့ ထရယ်သည်။ အရူးလို ဟန်ပန်စုံ တစ်ယောက်တည်း လုပ်နေသည်ကို စိတ်မရှည်၍ ညီက ဇတ်ပိုးကို ရိုက်ချလိုက်တော့သည်။

"ပြောမှာဖြစ် ပြော"

"ငါက ချောကလက်စားချင်တယ်လို့ ပြောထားတာ ကြာပါပြီကွာ။ အဲ့ဒါကို သူ့မိတ်ဆွေ စင်ကာပူက ပြန်လာတာ လက်ဆောင်ပေးလို့ ငါ့ကို သတိတရ လာပို့ပေးရော"

"အဲ့ဒါနဲ့...."

"ငါလည်း ဝမ်းသာလုံးစို့ပြီး စကားက မှားထွက်သွားရော"

"ဘာလဲ ၊ ကျေးဇူးတင်ပါတယ် ဦးနွေ၊ ချောကလက်လိုမဲပြီး ခါးတဲ့ဘဝ ပိုင်ဆိုင်ရပါစေ ဆုတောင်းပေးလိုက်လို့လား"

"ဆင်တူရိုးမှားပါပဲ"

"ဘာပြောလိုက်လို့လဲ မင်းက"

"ကျေးဇူး ချောကလပ် ဦးနွေကို မဟားတရား စားချင်နေတာလို့ ပြုံးပြုံးကြီး ပြောလိုက်တာ"

ဒီတစ်ခါတော့ ညီက "လခွမ်း...."ဟု ထဆဲပြီး အော်ရယ်မိတော့သည်။

"မသာ နှာခေါင်းထဲကဇာတိ ပြလာပြီ"

"စကားထဲက ဇာတိပြပါကွာ၊ မင်းက မန်းလည်းမန်းချင်တယ် ဌုံတောင် ကဠာန်းကျအောင် မရွတ်တတ်ဘူး ဖြစ်နေပြီ"

"ဟေ့ကောင် မင်းက  နှာခေါင်းထဲက ပြတာကွ"

"ငါ ဦးနွေကို မစားချင်ပါဘူးကွာ...."

"ချောကလက်ပဲ စားချင်တာပေါ့"

"ဦးနွေ ကျွေးတာပဲ စားချင်တာ"

"ဟေ့ကောင် ဇေသုခ အယုတ်တမာကောင်၊
ဗိုက်နာပြီးဝမ်းပိတ်မယ့်ကောင်"

"ဘာလဲ ငါက ဦးနွေ ကျွေးတဲ့ မုန့်တွေကို ပြောတာလေ၊ မင်းကိုက ဦးနှောက်ထဲ နှာခေါင်း ရောက်နေတာပါ ညီတေဇရာ"

ဒီလိုနဲ့ပဲ ပိုင်ရှင့်အကြောင်း စကားမရောက်ကြတော့။ ညီ့ စိတ်ထဲတော့ ပိုင်ရှင်နှင့် ပိုဝေးသွားတာ အမှန်။ မင်းသွင်လို အနှိမ်ခံတော့ ညီ မဖြစ်ချင်။ အမရည်းစား ယောက်ဖလောင်းနေရာကသာ ပိုင်ရှင့် နေရာမှန် ထင်သည်။

____________________________________________________________________________

" ပထမနှစ် ကျပြန်ပြီဆို ညီ"

"ဘဝမှာ အသားမနာဘဲ ကျလို့ရတာ စာမေးပွဲပဲ ရှိတာ ပျော်ပျော်ကြီးကျ ဟ ဟ"

ပိုင်ရှင်နဲ့ လှည်းတန်းမှာ ချိန်းမထားဘဲ တွေ့မိကြခြင်း ဖြစ်သည်။ မင်းသွင်ဆီ မသွားချင်လို့ ပျင်းပျင်းရှိတာနဲ့ ညနေစောင်း လှည်းတန်းဘက် ထထွက်ခဲ့ခြင်း။ ညီက တစ်မျိုး။ စိတ်ရှုပ်သည့်အချိန်ဆို ဆေးပြားလေးငုံရမှ ၊ စီးကရက်လောက်တော့ ဖွာရမှ ကျေနပ်ပေမယ့် မသုံးရ မနေနိုင်အောင် စွဲနေမိတာမျိုးမဟုတ်။
ထို့ကြောင့် ထင်မင်းသွင်ကို လိုအပ်မှ သွားတွေ့တာမျိုးပဲ လုပ်သည်။ သူကလည်း အဖော်လိုမှ ညီ့ကို ခေါ်သည်။

စားပွဲထိုး လာချပေးသည့် ကော်ဖီကို နို့၊သကြား ချိန်ဆ ထည့်မွှေပြီးမှ ညီ့ဆီ လှမ်းပေး၍

"အချိန်က နှမျောစရာဆိုတာ အချိန်လွန်မှ သိရရင် နောင်တပဲ ရလိမ့်မယ်နော် ညီ"

"အရသာမရှိ ၊ ကိုယ်အလေးချိန် မတက်တဲ့ နောင်တပဲ ပျော်ပျော်ကြီး စားမယ်"

"ညီ မင်းကတော့လေ "

ခဏ တိတ်ဆိတ်သွားသည်။ ဖုန်းပွတ်ရင်း ဟာသဗီဒီယိုတွေ့၍ ထရယ်မိတော့ မျက်ဝန်းထောင့်မှ ပိုင်ရှင့်အပြုံးကိုပါ တွေ့လိုက်ရသည်။

"ဘာလို့ ငါ့ကို ကြည့်ပြီး ပြုံးနေတာလဲ၊ လူကို ဂျိုကာထင်နေလား"

"မင်းရယ်ရင် တော်တော် အေးအေးချမ်းချမ်း ရှိတယ် သိလား ညီ"

"မသိဘူး"ဟု ပြော၍ စားပွဲထိုးကို လှမ်းခေါ်လိုက်ပြီး ဘာမှာရမှန်းလဲ မသိ.......။
ရှက်ရမ်းရမ်းတယ်ဆိုတာ ဒါမျိုးလားတော့ မပြောတတ်။ တစ်စိမ့်စိမ့်ကြည့်သလို ပြုံးရင်း ကြည့်နေတဲ့ ပိုင်ရှင့်ကို အမြင်ကပ်၍

"နောင်တတစ်ပွဲ စိတ်ညစ်စရာဖယ် မျက်ရည်ကျစရာလျှော့ ပျော်စရာများများထည့်"

"ဗျာ" စားပွဲထိုးလေးက ခေါင်းကုပ် ရယ်နေသည်။
ပိုင်ရှင် သက်ပြင်းချ၍ "ညီ...."ဟု အံကြိတ်ခေါ်နေသေးသည်။

"နန်းကြီးသုပ် နှစ်ပွဲ၊ ကြက်သွန်နဲ့ နံနံပင် မထည့်ဘူးနော်"

သူ့စိတ်ကြိုက် မှာပြီးမှ

"အဲ့ဒါပဲ စားမှာမလား ညီ"

ညီ ခေါင်းညိတ်လိုက်တော့ စားပွဲထိုးလေး ထွက်သွားသည်။ ပိုင်ရှင်က ကော်ဖီသောက်ရင်းတောင် ညီ့ကို ကြည့်နေသေးသည်။ ဒီကောင် ဒီနေ့ ဘာဖြစ်နေလဲ မသိ။

ညီ နန်ကြီးသုပ် ကြိုက်တာလည်း ပိုင်ရှင် သိနေသလား မပြောတတ်။ ကြက်သွန်နဲ့ နံနံပင် မထည့်တာက အစ သိနေရင်တော့ ဆန်းသည်။ ဒါမှမဟုတ် သူမစားလို့ဘဲလား။ ဒါကို ညီက မကြိုက်တာချင်းတောင် တူသည်ဟု ကြိတ်ပျော်မိသလို ဖြစ်သွားသေးသည်။

"ညီ...."

"အင်း....."

"မေးစရာရှိတယ်"

"အင်း......"

"ငါ့ကို ကြည့်လေ ညီရာ မေးပါမယ် ဆိုနေမှ"

"မအားဘူး။ ဒီမှာ ဂိမ်းဆော့နေတာ။ မျက်လုံးချင်း စကားပြောမှာ ကျနေတာပဲ။ မင်းက ပါးစပ်နဲ့ ပြော။ ငါက နားနဲ့ နားထောင်မှာ။ ကြည့်စရာ လိုလို့လား"

ညီက ဂိမ်းအဆော့မပျက် ပြန်ဖြေလိုက်သည်။

"ထင်မင်းသွင်ကို တစ်ကယ် ချစ်တာလား"

ခေါင်းထောင်၍ ပိုင်ရှင့်ကို ကြည့်မိသည်။ ဘာစကားမှ မဖြေနိုင်သေး။ပိုင်ရှင့် သိလိုစိတ်တွေက မျက်ဝန်းမှာ တရိပ်ရိပ်ပြေးနေသည်။ သေချာတာတော့ 'ငါ့ကို တစ်ကယ်ချစ်လား'လို့ မေးသွားတာမဟုတ်။ ထင်မင်းသွင်နဲ့ ကိစ္စ ဘာလို့ ဒီလောက်ထိ အရေးတယူ လုပ်နေသည်ကို ညီ နားမလည်နိုင်။

"နှစ်ကယ် သုံးကယ် အသူရကာယ် ရောက်တဲ့ထိ"

"အကောင်းမေးနေတာ

You are reading the story above: TeenFic.Net