အခန်း(၁၅)
Background color
Font
Font size
Line height
Zawgyi
"ပိုင်ရှင်..."
"ပိုင်ရှင်"
"အင်္ကျီလဲမလို့ ညီ အိပ်ခန်းထဲထိ ဘာလိုက်လုပ်တာလဲ"
ငါ့ရှေ့မှာ လဲပေါ့"
"အင်း..."
"အဲ့ဒါဆို..."
ပိုင်ရှင် ဝတ်မည့် အင်္ကျီအဖြူနဲ့ စတိုင်ဘောင်းဘီကို ယူ၍ အခန်းအပြင်ထွက်ကာ အခန်းကို လော့ချခဲ့လိုက်သည်။ ညီ့ရှေ့မှာ အင်္ကျီလဲ ရလောက်အောင် ပိုင်ရှင် သတ္တိမကောင်းသေး။
"သွားမယ်"
"တော်လိုက်တော့ ညီရာ"
_______________________________
"ပိုင်ရှင် "
"ပြော"
"ပြီးတော့ရော....."
"အဲ့ဒါတော့ မသိဘူး  "
"မပြောလည်း နေ"
ငေးကြည့်နေရုံပါပဲ.......
____________________________________________________________________________
အဆောင်ဆီ သွားနေတဲ့ ပိုင်ရှင့်နောက်က ခြေသံလေး စီးချက်ညီနေသည်။ ဘာစကားမှ မဆိုဘဲ တိတ်တိတ်ဆိတ်ဆိတ် လိုက်လာတော့ ထူးဆန်းသလိုတောင် ဖြစ်မိသည်။
"ပိုး....."
မျက်နှာချင်းဆိုင် လျှောက်လာတဲ့ ပိုးအိနြေ္ဒကို ညီက အသဲအသန် လှမ်းခေါ် လိုက်သည်။သုံးပွင့်ဆိုင်ဖို့ သုံးပွင့်မြောက် မဖြစ်လိုသော ပိုင်ရှင်က ဒီနေရာမှာ ငေးကြည့်ရုံပါပဲ။
"ညီတေဇကို တွေ့လို့ ဒီဘက် လျှောက်လာတာပါနော်"
ခြေလှမ်းခြင်း ဆံပင်သပ်တင်ခြင်း မျက်လွှာချခြင်း မျက်ခုံးပင့်တင်ခြင်းကအစ မိန်းမမာယာဟု ယောကျာ်းထုကြီးက သဲကိုးဖြာသော မိန်းမမာယာကို လက်ခံကြသည်။ မိန်းမတို့မှာ မာယာသဲကိုးဖြာ လောက်ရှိရပေမယ့် ယောကျာ်းတို့အတွက် လေပေးဖြောင့်  ဖို့သာ လိုသည်။
ပိုးက ဆံပင်ကို သပ်တင်ရင်း မျက်လုံးရွဲလေး ဝင့်ကာ ကြည့်သည်။
"ဒီနေ့ အရှေ့အရပ်က နေထွက်ပြီး အနောက်ဘက်ဆီကို ပြေးဝင်မယ်၊
အိမ်ရှေ့သံပုရာပင်က ငှက်ကလေးတွေလည်း ညနေမှောင်ရင် အိပ်တန်း တက်ကြမယ်၊ ဝမ်းဟာရင် စားပြီး အိပ်ချင်ရင် အိပ်ကြမယ်၊
လှည်းတန်းက မီးပွိုင့်တွေလည်း ပိတ်ဦးမှာပဲ၊
ကျောင်းဆင်းရင် ပိုးလည်း အိမ်ပြန် ဦးမှာပဲ ဟုတ်တယ်မလား၊ အရာရာ အားလုံးအတွက် သာမန်နေ့လေး ဆိုပေမယ့် ကျွန်တော့်အတွက် ထူးခြားတဲ့ နေ့လေးတစ်နေ့ ဖြစ်မှာ အဲ့ဒါ ပိုးကြောင့်"
"ဘုရား...ပိုးနဲ့ ဘာဆိုင်တုန်း"
"အများကြီး ဆိုင်တာပေါ့ ကျွန်တော့်ဘဝရဲ့ အရေးပါတဲ့ ပိုးဆီက အဖြေလေး တစ်ခု ပိုးရဲ့ နှုတ်ဖျားက ဖွင့်ဟမယ့် နေ့လေ"
ပိုးရယ်သည်။ ပါးစပ်ကို လက်ချောင်းရှည်များဖြင့် ဖိအုပ်ရင်း ရယ်နေသည်။
"ငါသွားတော့မယ် ညီ" ပိုင်ရှင် ဝင်ပြော၍ ခပ်သွက်သွက် ထွက်သွား၏။ ခဲလုံးကို တစ်ချက် ကန်ထုတ် သွားတာကအစ ညီ့ မျက်ဝန်း ထောင့်စွန်းက လှမ်းမြင် လိုက်ရသည်။
"ညီတေဇ ကတော့လေ အက်စ်တီအိုင်ကျောင်းက ပိုးသူငယ်ချင်း ပြောတဲ့အတိုင်းပဲ ။ တော်ကီကြွယ်တာ အရမ်းပဲနော်"
"ပိုး အဲ့ဒီလိုထင်ရင် စိတ်မကောင်းဘူးကွာ
စကားလုံးတွေအကုန် ရင်ဘက်ထဲက လာတာ"
"မသိပါဘူး ပိုးက လျှာကလေး လှုပ်တာနဲ့ ထွက်လာတဲ့ စကားတွေလားလို့"
နှစ်ယောက်သား ပြိုင်တူ ရယ်မိကြသည်။
"ညီတေဇကို ပိုးက ချစ်ပါတယ်။ ချစ်ရမှာလည်း ကြောက်တော့ ကြောက်တယ်"ဆိုသော ပိုး၏ စကားတစ်ခွန်းကို ညီ ရခဲ့သည်။
အိမ်ရောက်လို့ ဖုန်းဆက်တော့ ပိုးက မောင်ဟု တဖွဲ့တနွဲ့ ခေါ်သည်။ "အိပ်မက်ထဲမှာ ခိုးနမ်းပါရစေနော် ပိုး"ဟု ညီပြန်ပြောတော့ ပိုးက တခစ်ခစ် ရယ်ရင်း ဖုန်းချသွားခဲ့သည်။
ညီ အိပ်မက်မက်ခဲ့သည်။ အိပ်မက်ထဲမှာ ဆဒ္ဒန်ဆင်မင်းဇာတ် ကခဲ့သည်။ စူဠသုဘဒ္ဒါက ညီ
ဆဒ္ဒန်ဆင်မင်းက.........
____________________________________________________________________________
အများသူငှာ ကျောင်းပိတ်ရက် ၊ အလုပ်ပိတ်ရက်၊ ကျောင်းပိတ်ရက်လို နေ့မျိုးမှာ သိပ္ပံတွဲအဝေးသင် သမားတွေ ကျောင်းကို ပျင်းရိပျင်းတွဲ တက် ကြရသည်။ ညီတေဇ မွှေလို့သာ ဇေသုခ တက်ခဲ့ရတာ။ ဒါကို ဒင်းက ကျောင်းပြေး သေးသည်။ တေဇက ခက်သည်။ ဘေးနားမှာ မဒီအလှ ထည်လဲ ထားရတာကို နှစ်ခြိုက်သလို။
အခုတလော မူးလာတိုင်း ပိုင်ရှင့်ကို သူ့စိတ်ထဲက ထုတ်ပစ်ချင်တဲ့ အကြောင်း အက်ကြောင်းထပ် အောင် ပြောပြီး အခု ပိုင်ရှင့်အနီးတဝိုက်က မိန်းကလေး နှင့် တွဲသည်။" အချစ်ကြောင့် ရတဲ့
ဒဏ်ရာကို အချစ်နဲ့ကုနေတာ" ပြောပေမယ့် သူသက်သာတဲ့ပုံမပေါ် ။ မဆိုင်သူကို ကူးစက် သွားမှာ စိုးရသည်။ ဥပမာ ဆောင်းလေးတို့ ပိုးအိနြေ္ဒတို့ လို သူမျိုးတွေပေါ့။
"ဟော ဦးလေးကြီး ဘယ်သွား မလို့လဲ"
"ကလေးပေါက် ကျောင်းမသွားရဘူးလား "
ကျောင်းပြေးမည်ဟု ကြိုတွေးထား၍ ကားမယူလာဘဲ ဦးလေးကြီးတို့ အိမ်ဘက် လျှောက်ခဲ့ရာ လမ်းထိပ်မှာ ဦးလေးကြီး ကားနှင့် ဆုံသည်။
"မသွားဘူး ကျောင်းကြီး ထွက်ပြေးသွားလို့"
"အော် ကလေးက လိုက်မဖမ်းဘူးလား"
"မလိမ်ပိုးမလိမ်မာ စာပဲသင်နေတဲ့ ကျောင်းကြီး လိုက်ဖမ်းစရာလား"
ကားတံခါးကို ကားပေါ်ကဆင်း၍ ဖွင့်ပေးရင်း ဦးလေးကြီးက ရယ်သည်။
"လိုက်မယ်မလား"
ကားတံခါး ဖွင့်ပေးလို့ ကားထဲ ဝင်ထိုင်ပြီးကာမှ မေးနေသေးသည်။ မလိုက်ဘူးဆို အခုဆင်းဟု ကန်ချမည့်အတိုင်း။
"ဘယ်သွားမလို့လဲ ဦးလေးကြီးက"
"ပိုင်ရှင့်အတွက် စာအုပ် သွားဝယ်ပေးမလို့
ဒီမှာလေ ကိုယ်တော်က Listနဲ့ ထားထားတာ
ဝယ်ချင်တဲ့စာအုပ်၊ ဝယ်ပြီးမဖတ်ရသေးတဲ့စာအုပ်၊
ဖတ်ပြီးသားစာအုပ် တဲ့ သူဝယ်ချင်တဲ့စာအုပ်List ထဲက စာအုပ်လေးတွေ သွားဝယ်ပေးမလို့"
ဘုန်းပိုင်ရှင်ရဲ့ စာအုပ်စာရင်းကို ဇေသုခရှေ့ ထိုးပြသည်။ ဇေဇေ့မှာ ရုတ်တရတ် အိပ်တောင် ငိုက်သွားသည့်နှယ်။
"စာအုပ်တွေ ဖတ်ပြီး အကုန်မေ့ကုန်တာပဲကို ဘာလို့များ ဖတ်နေသေးလဲ မသိဘူး"
"အင်း ကလေး ပြောကာမှ ဆရာမနိုင်းနိုင်းစနေ pageမှာ တင်ပေးထားတဲ့ တရုတ်မြေးအဖိုး ပုံပြင်လေးကို သတိရတယ်၊ အတိုချုပ် ပြောရရင်ကွာ စာအရမ်းဖတ်တဲ့ အဖိုးကို သူ့မြေးလေးက ကလေးမေးသလို မေးတာ၊
အဲ့ဒီမှာ အဖိုးအိုက ခြင်းနဲ့မြစ်ထဲက ရေကို ခပ်ခိုင်းတယ်တဲ့"
"ခြင်းနဲ့ခပ်မှတော့ ရေဘယ်ရမှာလဲ"
"ဒါပေါ့ ဒါပေမယ့် အကြိမ်များစွာ ခပ်ရင် ခြင်းကတော့ သန့်သွားမှာပဲ ဟုတ်တယ်မလား ကလေး"
"အင်းပေါ့"
"ဒီလိုပဲပေါ့ စာဖတ်ပါများရင် အကုန်မေ့သွား ခဲ့ရင်တောင် ဦးနှောက်မှာ စိတ်မှာပါ အသိဥာဏ် တွေ ဖွံ့ဖြိုး သွားတယ် ကလေးရ ဒါကြောင့် ကလေးလည်း အားရင် စာလေးဘာလေး ဖတ်"
"ဘာစားရင် ကောင်းမလဲ"
"ဟင် ဦးလေးကြီး ပြောတာရော နားထောင်နေရဲ့လား"
"ဝမ်းကဟာလာတော့ အာရုံတွေအကုန် စားဖို့ဆီ ရောက်သွားပြီ အကြားအာရုံတွေလည်း ဝေဝါးလာပြီ"
"မနိုင်ဘူး"
ဦးလေးကြီးက ရယ်ပြန်သည်။ စားသောက်ဆိုင် တစ်ခုဆီ ကားက ဦးတည်သွားခဲ့သည်။ ဇေဇေရဲ့ ပေါက်ကရစကားတွေကို ရယ်ရင်း နားထောင်ကာ
ဆိုင်ထဲထိုင် မီနူးကိုင်ကာ မှာပေးတော့ မှာပေးသူ သဒ္ဒါမြောက်အောင် အားပါးတရ စားပေးလိုက် သည်။ ရှင်းမည် ဆိုကာမှ ဦးလေးကြီးက ထဖောက်တော့၏။
"ဟာ..ပိုက်ဆံအိတ်...."
"ဦးလေးကြီး ပိုက်ဆံအိတ် မပါဘူးလား"
"အိမ်ရှေ့ခန်းမှာ မေ့ခဲ့ပြီ ထင်တယ်"
"ဟာ ကလေးဆီမှာ တစ်သောင်းတောင် မပြည့်ဘူးနော်"
လူက အပူတပြင်း ဖြစ်နေသည်ကို
"ဒီမှာ တစ်ရက်စာ စားပွဲထိုးလေး ဘာလေး မလိုဘူးလား"
"ဦးလေးကြီး...."
ဦးလေးကြီးက  ပြုံးတုံ့တုံ့နှင့် စားပွဲထိုးလေးဆီ အမေးစကားပို့နေ၍ ဇေဇေခပ်တိုးတိုး ကြိတ်ခေါ် နေမိသည်။ လူက ထူပူနေပြီကို စားပွဲထိုးတွေ ကလည်း ပြုံးရုံသာ ပြုံးနေကြသည်။
"လာ ထ သွားမယ်"
"မရှင်းတော့ဘူးလား"
"သူဌေးက ပြန်ရှင်းရဦးမှာလား ဦးလေးကြီး အဲ့ဒီလောက်ထိ စီးပွားရေး မဆန်သေးပါဘူး"
"ဘာ...."တစ်လုံးသာ ထွက်နိုင်ရင်း အနောက်က ခပ်ကုပ်ကုပ် လိုက်ခဲ့တော့သည်။
"ဦးလေးကြီး ဖွင့်ထားတဲ့ ဆိုင်သစ်လေ ဘယ်လိုနေလဲ အပြင်အဆင် အရသာ ဆက်ဆံရေး"
"အကုန်အဆင်ပြေတယ် သူဌေးကိုတော့ လုံးဝ ကြည့်မရလို့ လာမစားနိုင်ဘူး"
"သူဌေးကိုယ်တိုင် ခေါ်ကျွေးရင်တော့ အလကား စားမယ်မလား"
"ဒါကတော့ ငြင်းရင် မိုက်ရာ ကျမှာပေါ့"
ကားထဲမှာ ရယ်သံတွေ ဆူညံဝေ သွားသည်။
ဦးလေးကြီးနဲ့ ဇေဇေ ကြားက သံယောဇဉ် ပေါင်းကူး တံတားကလည်း ခိုင်မြဲ လာခဲ့ပြီ ဖြစ်သည်။
____________________________________________________________________________
"ဘုန်းပိုင်ရှင်"
"ပိုးအိနြေ္ဒ ဘာလဲ Drawingတွေ လည်နေပြီလား"
ကန်တင်းထိုင်နေရင်း မျက်စိမျက်နှာပျက် လာခေါ်တဲ့ ပိုးအိနြေ္ဒကို ပိုင်ရှင် မေးလိုက်သည်။ ပိုးအိနြေ္ဒနဲ့ ညီ တွဲနေတာ တစ်လလောက် ရှိပြီ။
ညီ ပိုးအိနြေ္ဒဆီ လာတိုင်း ပိုင်ရှင့်ကား ကပ်စီးခဲ့သည်။ အခုတလောတော့ အလာကျဲနေ၏။
"စာအကြောင်းတော့ မဟုတ်ပါဘူးဟာ"
"ဘာကိစ္စလဲ"
"မောင်က ဘယ်လို လူမျိုးလဲဟင်"
ပါလာတဲ့ ရေဗူးကို ဖွင့်သောက်ရင်း ပိုးအိနြေ္ဒက ခပ်ဆွေးဆွေး မေးသည်။
"လူတစ်ယောက်မကြောင်း ငါမပြောတတ်ဘူး နင်က တွဲနေတဲ့လူပဲ မသိဘူးလား"
"သိတယ်လို့ ထင်ခဲ့တာပဲ ဒါပေမယ့် အခုနောက်ပိုင်း နားမလည်တော့ဘူး ငါ့ကိုမချစ်တာလား မချစ်တတ်တာလား "
"ညီက သူဘယ်လောက် အချစ်ခံနေရလဲ ဆိုတာ သိမှာမဟုတ်သလို သူချစ်ခဲ့ရဲ့လား ဆိုတာ နားမလည်သေးဘူးလို့ ထင်တာပဲ၊ သူ့စိတ်က အဖြူထည်ဆန်ပြီး စရိုက်က လွတ်လပ်လွန်း နေတယ် ၊ ပြောရရင်ဟာ ငါတို့ Drawingကို စူးစမ်းကြသလို ဝပ်ရှော့နေ့လည်း စိတ်လှုပ်ရှား ကြတာပဲ ကျူတိုဖြေကြမယ့် စာတွေကိုလည်း လေ့လာနေကြတာပဲမလား ဒါပေမယ့် ငါတို့ဘာကို စိတ်ဝင်စားတယ်ရယ်လို့  မရှိကြဘူးလေ။ ညီလည်း အဲ့ဒီလိုပဲ သူက ချစ်တာတော့ ချစ်လိုက်တာပဲ  ၊ တစ်ကယ်ချစ်ခဲ့ တာလား သဘောကျတာမျိုးလား သူကိုယ်တိုင် မသေချာတဲ့ လူမျိုး"
ပိုင်ရှင် ပြောပြီးကာမှ မောသလို ခံစားရ၍ ကော်ဖီခွက်ကို မော့သောက်လိုက်သည်။
"ပြောတော့ လူတစ်ယောက် အကြောင်း မပြောတတ်ဘူးဆို မောင့်အကြောင်းတော့ တော်တော် ပြောပြတတ်သားပဲ"
အသက်မပါတဲ့ အပြုံးတစ်ခု ပိုင်ရှင် ဟတ်ခနဲ ရယ်သံပြုကာ ပြုံးလိုက်ပြီးမှ
"နှစ်နှစ်ကျော် သုံးနှစ် အနေနီးခဲ့တဲ့အတွက် အထူးအခွင့်အရေးရ လူတစ်ယောက်လေ ညီက"
"ငါ ဘာဆက်လုပ်မလဲ "
ပိုင်ရှင့်ကို ရည်ရွယ်ပြီးမေးနေတာမျိုးမဟုတ် တစ်ယောက်တည်း ရေရွတ်သလို ပြောနေပေမယ့်
ပိုးအိနြေ္ဒမျက်ဝန်းတို့က ပိုင်ရှင့်ထံမှ အကြံစကားကို
မျှော်လင့်နေသည့်အလား
"အခု ဘာဖြစ်နေလို့လဲ"
"မောင်က ချစ်ပြတတ်တဲ့ လူမျိုးဟ ၊ ပြီးတော့ မိုးပျံပူဖောင်းလေးလိုပဲ သူကို မှီခိုထားရရင်
ငါကိုယ်တိုင် ပေါ့ပါးသွားတယ်၊ အရမ်းဂရု စိုက်တတ်တယ်။ အဲ့ဒါက အစပိုင်းပဲ အခုတလော သူဆက်သွယ်လာမယ့် အချိန် ငါစောင့်နေရတယ်
ငါက မနေနိုင်မထိုင်နိုင် ခံစားရပေမယ့် သူကတော့
ပေါ့ပေါ့ပဲ ဘာမှမဖြစ်သလို ပြောတယ်၊  ငါပြဿနာ မရှာရက်ဘူး ၊ ရှာရင်လည်း သူက စိတ်ပျက်သလို ပြောပြီး ငါတို့ အဆက်အသွယ် ပြတ်သွားပြန်ရော၊
မချစ်တော့ဘူးလို့ သူက မပြောသလို ငါကလည်း မပြောနိုင်ဘူး ဒါပေမယ့်...."
ပိုးအိနြေ္ဒ ရင်ထဲရှိသမျှ လေသံအေးအေးနဲ့ တစ်လုံးချင်း ပြောသည်။ ဝိုင်တီယူမှာ အလှပဂေး စာတော်၍ အလှဂုဏ်၊ ပညာဂုဏ်၊ ဓနဂုဏ် မာနဆောင် နေသူကို ညီက မချစ်တတ်ဘဲ နှစ်နေသလို ဖြစ်နေပြီ။
ပိုင်ရှင်ကိုယ်တိုင်က ညီ့ကို အပြစ်မမြင်ရက်သူမို့ တိတ်တဆိတ်သာ နေလိုက်သည်။ အကြံဆိုတာမျိုး ပိုင်ရှင့်ဆီက မျှော်လင့်နေတဲ့ ပိုးအိနြေ္ဒအတွက်တော့ အားနာ စိတ် ဖြစ်မိသည်။
____________________________________________________________________________
သင်တန်းတက်ရတဲ့နေ့ ဖြစ်၍ မ နှင့် လှည်းတန်းမှာ ဆုံဖြစ်ကြသည်။ မ ကလည်း သင်တန်းဆင်းချိန် နောက်ကျနေ၍ ပိုင်ရှင် စောင့်ခေါ်ရသည်။
နှစ်ယောက်တွေ့တော့ "မ ကားပျက်နေလို့ စောင့်ခိုင်းရတာ အားနာလိုက်တာ ပိုင်ရှင်ရယ်"ဟု ဆိုကာ ဗိုက်ဆာနေကြောင်းပါ ဖွင့်ဆိုလာ၍ ဆိုင်တစ်ဆိုင်မှာ ဝင်စားပြီးမှ ပြန်လာခဲ့ရာ ကားပိတ်ချိန်မို့ မှောင်ချိန်ရောက်မှ အိမ်ရောက်ခဲ့ကြသည်။
"ဒီနေ့ ပြောသမျှ နားထောင်ပေးတဲ့ အတွက်
ပြီးတော့ "
ပိုင်ရှင် စကားကို ခဏရပ်ထားလိုက်သည်။
မ ကပြုံး၍ ခြံထဲ ကိုယ်တစ်ပိုင်းဝင်ရင်း ဆက်ပြောလာမည့် စကားကို စောင့်နေသယောင်
"ကျေးဇူးတင်ပါတယ် မ"
"ဟုတ်ပါပြီ ရှင့်"
ပိုင်ရှင် ကားမောင်း ထွက်လာရာ လမ်းထိပ်မှာ တွေ့လိုက်ရသော မြင်ကွင်းကြောင့် ကားကို လမ်းဘေး ထိုးရပ်ချလိုက်သည်။ ပိုင်ရှင့်ကိုယ်တွင်းမှ သွေးများ ပွက်ပွက်ဆူ လာသည့်အလား။ တတ်နိုင်သမျှ အသံကို ထိန်းနိုင်ရန် လက်သီးကို ခပ်တင်းတင် ဆုပ်ထား မိသည်။
"ညီ...."
__________________________________________________________________________________________________________________
AN/ ဖတ်စေချင်တဲ့ စာအုပ်ကို recommendပေးထားတယ်။ ဖတ်ကြည့်ပါ တစ်ကယ် ကောင်းပါတယ်။
ဖေ့ဘွတ်မှာ တင်ခဲ့တဲ့ စာတစ်ကြောင်းကြောင့် စိတ်အနှောင့်အယှက် မဖြစ်ကြပါနဲ့။ ကျွန်တော့်စာဖတ်သူတွေကို ကျွန်တော် ဒဏ်ရာနှစ်ခါ မပေးရက်ပါဘူး။ ကျွန်တော် အတော်အသင့် ရင့်ကျက်လာပြီ။ စပြီးရင် အဆုံး ရှိစေရပါတယ်။ နဂိုရည်ရွယ်ထာတဲ့ အရသာ မပျက်စေရပါဘူး။
############################
Unicode
အိပ်ယာထ နောက်ကျ၍ ကျောင်းသွားဖို့ ကတိုက်ကရိုက်ပြင်ဆင်နေရသည်။ ညက ဆရာမ မစန္ဒာရဲ့ ရွက်စိမ်းသစ်တဝေဝေ ကို ဖတ်ရင်း ပိုင်ရှင် အိပ်ချိန်နောက်ကျခဲ့သည်။ ဆရာမရဲ့ အရေးအသားကြောင့် ညီညီထွေးရဲ့ မျက်ရည်ဟာ ပိုင်ရှင့်မျက်ရည် ဖြစ်ခဲ့ရသည်။အချစ်ဆိုတာ ဖန်တီးယူ မရသလို ချစ်တဲ့သူ ပျော်ရွှင်ဖို့ အရေးကြီးကြောင်း ပိုင်ရှင် ကိုယ်တိုင် လက်ခံသည်ပဲလေ။
မေတ္တာ၊သံယောဇဉ်နဲ့ အချစ်ကို ပူလောင်အောင် ခွဲခြားခြင်း မပြုလိုက်ဘဲ နစ်ခနဲ တစ်ချက် ရင်ထဲဝင်တိုး သွားအောင် ဆရာမက အရေးအသား သွက်သွက်ဖြင့် ပုံဖော်ထားသည်။
"ပိုင်ရှင်..."
အိမ်ရှေ့က ခေါ်သံ ကြား၍ ပွနေတဲ့ ဆံပင်ကို လက်ဖြင့် သပ်တင်ရင်း ထွက်ကြည့်တော့ ညီ ဖြစ်နေသည်။
"ပိုင်ရှင်"
"ညီ စောစောစီးစီး ဘာကိစ္စလဲ"
"ကျောင်းသွားမှာမလား လမ်းကြုံ လိုက်မလို့"
"ခဏစောင့် ငါပြီးတော့မယ်"
"ပြင်မနေနဲ့ လှတာလည်း မဟုတ်ဘူး။
ဘယ်လိုပြင်ပြင် နေပုံက စာခြောက်ရုပ်လို နေနေမှတော့ စတိုင်ပဲ့တယ်"
"အကျႌလဲမလို့ ညီ အိပ်ခန်းထဲထိ ဘာလိုက်လုပ်တာလဲ"
အိပ်ခန်းထဲထိ လိုက်လာရုံမက ရှုပ်ပွနေတဲ့ စာအုပ်တွေ ဖယ်ရင်း ဝင်ထိုင်နေတဲ့ ညီ့ကို ပိုင်ရှင် ရှူတည်တည် စိုက်ကြည့် မေးလိုက်သည်။
"ယောကျာ်းလေးချင်းပဲ ဘာဖြစ်လဲ မင်းမှာ ထူးခြားပြီး ဘာအပိုပါလာတာ ကျနေတာပဲ
ငါ့ရှေ့မှာ လဲပေါ့"
"မင်း ဒီမှာ ထိုင်နေမှာလား"
"အင်း..."
"အဲ့ဒါဆို..."
ပိုင်ရှင် ဝတ်မည့် အကျႌအဖြူနဲ့ စတိုင်ဘောင်းဘီကို ယူ၍ အခန်းအပြင်ထွက်ကာ အခန်းကို လော့ချခဲ့လိုက်သည်။ ညီ့ရှေ့မှာ အကျႌလဲ ရလောက်အောင် ပိုင်ရှင် သတ္တိမကောင်းသေး။
အတူတူ နေခဲ့တဲ့ အချိန်ကလည်း ပိုင်ရှင် ရေချိုးခန်းထဲ ဝင်လဲခဲ့သည်။
ဝတ်စုံအပြည့်အစုံ ဝတ်ပြီးမှ အခန်းတံခါး တဒုန်းဒုန်း ထုနေသူကို ဖွင့်ပေးလိုက်သည်။
"သွားမယ်"
"ဒီလောက် ရှက်တတ်နေတာ ကျောင်းကပွဲမှာ ဆဒ္ဒန်ဆင်မင်း ဇာတ်ကခိုင်းပြီး သောနုတ္တရ မုဆိုးလုပ် ပုဆိုးကတောင်းကျိုက် ကလေးနဲ့ ထားရမယ်"
"မဖြစ်မနေ လုပ်ရမယ်ဆို သဘောထားကြီးတဲ့ မဟာသုဘဒ္ဒါ နေရာမှာပဲ မိတ်ကပ်အကူနဲ့ ဝင်လုပ်လိုက်မယ်ကွာ"
"ငါသာဆို မဟာသုဘဒ္ဒါ ရွှေရင်ကွဲစေတဲ့ စူဠသုဘဒ္ဒါ လုပ်မှာပဲ ချစ်တဲ့ ဆဒ္ဒန်ဆင်မင်းကလည်း အပြစ်မဖွဲ့ ခဲ့ဘူး ဘယ်လောက် ကံကောင်းလဲ"
"သေချာ စဉ်းစားကြည့်နော် ညီ စူဠသုဘဒ္ဒါ အငြိုးကြောင့် လေးဦး ရင်နဲ့အမျှ ခံစားခဲ့ရတယ်။
သူ့ကို သိပ်ချစ်တဲ့ ဆင်မင်း၊ ဆင်မင်းကို သိပ်ချစ်တဲ့ မဟာသုဒ္ဒါ၊ အဲ့ဒါအပြင် အစွယ်ရပြီး ဆင်မင်းအမှာစကားကြောင့် ရွှေရင်ကွဲခဲ့တာ သူကိုယ်တိုင်လည်း ပါတာပဲ၊ လူ့ဘဝမှာ သူ့ကို ချစ်တဲ့ မင်းဧကရာဇ်မှာလည်း သူ့ချစ်မိကာမှ အသုံးချခံ ဖြစ်ခဲ့ရတာ မင်းက အဲ့ဒါကို ကံကောင်းတယ် ပြောနေတာလား"
"ဘာပဲဖြစ်ဖြစ် ငါတော့ ဆင်မင်းက သူဘာလုပ်လုပ် အချစ်မပြယ် ရစ်တွယ်ခံရတာကို အားကျတယ်"
"ဟုတ်ပါပြီ ညီရာ  ဆယ်တန်းအောင်ပြီးသားတွေ ပြန်ဖြေလို့ရတယ် စနစ်သစ် ထွက်မှ အဝေးသင်ဘဝကနေ ဝိုင်တီယူ ရောက်အောင် မင်းထပ်ကြိုးစားပေါ့။ အဲ့ဒီ အချိန်ကျမှ  ဆဒ္ဒန်ဆင်မင်းဇာတ်ကဖို့ ဆက်ပြောကြတာပေါ့ ငါလည်း မင်းနဲ့တွေ့မှ ဘာတွေ လိုက်ပြောနေမိမှန်း မသိဘူး"
"ပိုင်ရှင် ငါတို့က ဆင်မတွေ လုပ်မယ် ပြောနေတာ ဆင်မင်းနေရာ ဘယ်သူကို ထားရမလဲ"
ပိုင်ရှင့် စကားကို အဖက်မလုပ်ဘဲ ညီ သူ့အတွေးကို ရယ်သံတစ်ဝက်နှင့် ပြန်ပြောသည်။
"ညီတေဇက စူဠသုဘဒ္ဒါဆို ဘုန်းပိုင်ရှင်က ဆဒ္ဒန်ဆင်မင်း လုပ်မှာပေါ့"
"မုဆိုးပဲ လုပ်စမ်းပါကွာ ကတောင်းကျိုက်လေးနဲ့"
"တော်လိုက်တော့ ညီရာ"
ကားပေါ်ရောက်သည်နှင့် တဟားဟား ရယ်ရင်း ပြောနေတဲ့ ညီ့ကို ပိုင်ရှင်ကိုယ်တိုင် ရယ်ချင်စိတ်ကို ထိန်းရင်း အော်လိုက်သည်။
"မောင်းလေ ဘာကြည့်နေတာလဲ"
"မင်း ခါးပတ် မပတ်ဘူးလား ညီ"
"အဲ့ဒါများကွာ မင်းလုပ်ပေး လိုက်ပါလား စိုက်ကြည့်နေသေးတယ် ဘာခက်တာ ကျလို့ "
"မခက်ပါဘူး မင်းကိုယ်တိုင်များ လုပ်မလားလို့ ကြည့်နေတာ"
"ဟ ဟျောင့် ပိုင်ရှင် ယားတယ်"
ညီ့ စကားကို တုန့်ပြန်ရင်း ခါးပတ်ကြိုး ဆွဲယူ ပတ်ပေးတော့ ထရယ်နေပြန်သည်။ "မင်းကတော့ နည်းနည်ထေ့ မပြောရဲဘူး တစ်ကယ့် လက်တွေ့သမားကောင်"ဟု ပြောနေသေး၏။
ပိုင်ရှင်က လက်တွေ့သမား မှန်သည်။ ကျောင်းစာ မှာတောင် ဝပ်ရှော့ပ်ကို ပင်ပန်းပေမယ့် လုပ်ရတာ ပျော်နေတတ်တဲ့သူ။ ကိစ္စတစ်ခုကို ကျိန်းသေမှ လက်တွေ့ချလုပ်တတ်သည့် လူမျိုး။ ညီ ကတော့ ခံစားချက် ဦးစားပေးလွန်းသည်။ ပိုင်ရှင် သဘောမကျတာကလည်း အဲ့ဒီအချက်ပင်။
ညီသည် ကလေးမှ မဟုတ်တော့ဘဲလေ။
_______________________________
"ပိုင်ရှင် "
"ပြော"
"ပိုးက ဘယ်လို မိန်းကလေးမျိုးလဲ"
"ငါ သူများအကြောင်း ပြောရတာ စိတ်မဝင်စားဘူး ညီ"
"နှစ်နှစ်တာ ခင်ခဲ့တဲ့ သံယောဇဉ်ကို ထောက်ပြီးဖြစ်ဖြစ် ငါ့အစ်မမျက်နှာလေး ထောက်ပြီးပဲဖြစ်ဖြစ် ငါ့အတွက် အထူးအခွင့်အရေး ပေးသင့်တာပေါ့"
ပိုင်ရှင် ညီ့ကို လှည့်ကြည့် ဖြစ်သည်။ ကားထဲသို့ အရှေ့ဘက် နေရာင်ကျနေသည်။ နေရောင်ထက် ညီ့အပြုံးတွေက ပိုတောက်ပ
နေသည့် အလား။ နှစ်နှစ်တာ အတွင်း ခင်ခဲ့တာပဲလား ညီရာ။ သက်ပြင်းငွေ့ငွေ့ ညီ မသိအောင် တိုးသဲ့သဲ့ ခိုးချလိုက်ရင်း
"ပိုးအိနြေ္ဒက စာတော်တယ်။ ကျောင်းမှာ ချောတဲ့ မိန်းကလေးထဲမှာ ပါတယ်။ "
"ပြီးတော့ရော....."
ညီကစိတ်မရှည်သလို စကား ဝင်ထောက်သည်။
"ဒါပဲလေ ငါနဲ့ ပိုးအိနြေ္ဒက စာမေးတဲ့အခါ လောက်ပဲ ခေါ်ပြောကြတာ လူတစ်ယောက် အကြောင်း အဲ့ဒီလောက်ထိ ငါစိတ်မဝင်စား တတ်ဘူး ညီ"
"ငါ သိချင်က သူက ဘယ်လိုလူမျိုးကို သဘောကျလဲ ဘာတွေကြိုက်တတ်လဲ ဒါမျိုး"
"အဲ့ဒါတော့ မသိဘူး  "
"အဲ့ဒါကြောင့် ငါ့အစ်မ ဂျပုမနဲ့ တွေ့တာ မမအကြောင်းကျတော့ စိတ်ဝင်စားတယ် မလား"
"နှစ်နှစ်တာ သံယောဇဉ်နဲ့ နှလုံးသား ကိစ္စပါ ပြောပြ ရဦးမှာလား ညီ"
"မပြောလည်း နေ"
ဘလူးတု နဲ့ ချိတ်၍ All OF Me သီချင်းကို ညီက မတိုးမကျယ်ကလေး ဖွင့်လိုက်သည်။ ပြီးနောက် အနောက်ကို မှီချရင်း မျက်လုံးအစုံကို မှိတ်ချထား၏။ ပိုင်ရှင်က ညီမျက်တောင် ကော့ကော့လေးတွေက အစ နှုတ်ခမ်းထက် မှဲ့နက်ကလေးပါ မကျန် ကားတစ်ဖက် မောင်းရင် ငေးကြည့်နေမိလျက်။
အင်း.....ငေးကြည့်နေလျက်ပဲလားဆိုတော့
You are reading the story above: TeenFic.Net