အခန္း(၁၁)

Background color
Font
Font size
Line height

Zawgyi

"ဦးေလးႀကီး"

ေကာ္ဖီဆိုင္ထဲ မိန္းမႏွစ္ေယာက္ႏွင့္ ရယ္ရယ္ေမာေမာ စကား ေျပာေနသူ ဦးေလးႀကီးကို ျမင္ေတာ့ ေဇသုခ မေနႏိုင္မထိုင္ႏိုင္ ဆိုင္ထဲ ေျပးဝင္ကာ ဦးေလးႀကီးေဘး ခပ္တည္တည္ ဝင္ထိုင္လိုက္သည္။

"ေအာ္ ကေလး"

ဦးေလးႀကီးက အသိအမွတ္ ျပဳရံု ႏႈတ္ဆက္၍ စကားဆက္ေနသည္။ အန္တီၿကီးက အလိုက္မသိရန္ေကာ ဆိုတဲ့ မ်က္ႏွာထားမ်ိဳးႏွင့္ သမီးျဖစ္သူကလည္း ေခါင္းစေျခဆံုး ၾကည့္ကာ မဲ့ရြဲ႕၍ အေရွ႕က ေရခြက္ကို ယူေသာက္ေနသည္။

"ဦးေလးႀကီး ေရာက္တာ ၾကာၿပီလား"

"အခုမွေရာက္တာကေလး ဒီမွာ လူႀကီးေတြ စကားေျပာမလို႔ တိတ္တိတ္ေလးေနေနာ္"

ႏႈတ္ခမ္းေပၚ လက္ညႇိဳးဖိကပ္၍ ျပံဳးၿပီး ေျပာေတာ့ ေဇသုခ ေခါင္းညိတ္မိလ်က္သား။

"ကၽြန္ေတာ္က ဟိုက္ေဝးလမ္းမႀကီးေပၚ ဆီဆိုင္ဖြင့္ဖို႔ပဲ အရင္ေတြးမိတာပါ ။ ေနာက္ ရွယ္ယာဝင္မယ့္သူေတြ ေပၚလာေတာ့  ခရီးသည္ေတာ္ေတာ္မ်ားမ်ား နဲ႔ဘတ္စ္ေတြက စားေသာက္ဆိုင္ ရွိတဲ့ေနရာ ရပ္ၾကတာ မ်ားတယ္ေလ။ ရပ္ရင္း နားရင္း စားေသာက္ရင္း ဆီျဖည့္ရင္ ခရီးသည္ေတြအတြက္လည္း အဆင္ေျပမယ္။ ကၽြန္ေတာ္တို႔အတြက္လည္း ဆားဗစ္ အျပည့္အဝေပးၿပီး ဆြဲေဆာင္ႏိုင္မယ္ စဥ္းစားမိတယ္။ ကၽြန္ေတာ္တို႔ စားေသာက္ဆိုင္ရဲ႕ toiletေတြမွာ ခရီးသည္ေတြ ေရခ်ိဳးဖို႔ အဆင္ေျပေအာင္ပါ တြဲထားခ်င္တယ္။ သန္႔ရွင္းေရးဝန္ထမ္းေတာ့ လိုမွာေပါ့။ ဒါမွလည္း ခရီးသည္ေတြကို ဆြဲေဆာင္ ထားႏိုင္မယ္ ထင္တာပဲ။ တစ္ဆိုင္ ေအာင္ျမင္လို႔ ေဖာက္သည္မ်ားလာရင္ ဆိုင္ခြဲေတြဖြင့္ဖို႔ မခက္ေတာ့ဘူး။ မသက္ထားခ်ိဳေရာ ဘယ္လိုျမင္လဲ"

"ကၽြန္မတို႔က ကိုဘုန္းထက္ေႏြကို ယံုၿပီးသား ကိုဘုန္းထက္ေႏြ စလိုက္ရင္ အဆံုးမွာ ေအာင္ျမင္တတ္တာပဲဟာ"

"ဟား ဟား အဲ့ဒီေလာက္ မေျမႇာက္ပါနဲ႔ ေအာင္ျမင္မႈဆိုတာ က်ရႈံးျခင္းေတြနဲ႔ အစျပဳခဲ့ရတာပါ ခိုင္မာတဲ့ အပင္ျမင့္တိုင္း ေလၾကမ္းခံႏိုင္ရပါတယ္ဗ်ာ"

"ဦးေႏြက အရမ္းေတာ္တာ အဲ့တာေၾကာင့္ သမီးက ဦးေႏြဆီ တပည့္ခံခ်င္ပါတယ္ဆို"

"သမီးအေမ အလုပ္ေတြ ခြဲၿပီး တာဝန္ယူေတာ့မွာဆို ဦးေႏြနဲ႔ ေတြ႕ရဦးမွာပါ မသိတာရွိ ေမးေပါ့ ။ ဆရာေတာ့ မတင္လိုက္ပါနဲ႔ ရွယ္ယာရွင္ အခ်င္းခ်င္း ေဆြးေႏြးတဲ့ သေဘာေပါ့"

"သမီးေလးကို အပ္ပါတယ္ရွင္။ ငယ္ေသးေတာ့ လမ္းမွား ေရာက္မွာ ေၾကာက္တာ။ အျမင္မေတာ္တာ ေတြ႕ရင္ ဆံုးမပါ။ သမီးမိန္းကေလး ေမြးထားရတာ ခက္ပါတယ္ ကိုဘုန္းထက္ေႏြရယ္ ။ မေတာ္တဲ့လူနဲ႔ ေတြ႕ရင္ ခက္ရခ်ည္ရဲ႕ ဆိုၿပီး ရင္တမမျဖစ္ေနရတာ"

ေဇေဇ နားေထာင္ေနရင္းက စီးပြားေရး ႀကီးပြားေရးအေၾကာင္းမွ ေရႊလမ္းေငြလမ္း ေဖာက္တဲ့ဆီ ဦးတည္ေနတာ နားၾကားျမင္ ကပ္လာသည္။ သမီးျဖစ္သူကလည္း ရွက္သလိုလို ဟန္ကိုယ္ျပ၍ ေကာင္တာဆီ ထေလၽွာက္သည္။

"သမီးက ထက္ျမက္တဲ့ပံု ေပၚပါတယ္ ။ သူ စဥ္းစား ဆံုးျဖတ္တတ္မွာပါ"

ဗန္းကေလးမ၍ ျပန္လာတဲ့ ေလဒီႏွမေၾကာင့္ စကားစ ျပတ္သြားသည္။ ဦးေလးႀကီးက ျပံဳးျပေနေသးတာ ၿဖီးလို႔။

"ဦးေႏြအတြက္ ဘလက္ေကာ္ဖီ ေမေမ့အတြက္က အက္စ္ပရက္စို သမီးကအေအးပဲ ေသာက္ေတာ့မယ္"

လူေလးေယာက္ ထိုင္ေနတာ သံုးေယာက္အတြက္သာ မွာယူလာသည္။ ဒီလို လူမႈေရး သိတတ္ပံုနဲ႔ ေအာင္ျမင္တဲ့ စီးပြားေရးသမား ျဖစ္ဦးမွာဟု ႀကိတ္ေျပာလိုက္သည္။ သူတို႔က သိသိသာသာ အရိပ္ျပရင္ ေဇသုခက ေပၚေပၚထင္ထင္ အေကာင္ျပဖို႔ ဝန္ေလးစရာ လိုမေနေတာ့။

ဦးေလးႀကီးေရွ႕က ေကာ္ဖီခြက္ကို ဆြဲယူၿပီး ေသာက္ခ်လိုက္သည္။ အား....လား...လား....ခါးတာမွ ၾကက္ဟင္းခါးသီးနဲ႔ တမာရြက္က အဘိုးေခၚရမယ္။

ဦးေလးႀကီး ေၾကာင္ၾကည့္ေနရာမွ

"ဦးေႏြက ရံုးမွာ ေကာ္ဖီေသာက္ခဲ့ေသးတယ္ ရတယ္သမီး ဒီကေလး ေသာက္ပါေစ"

သားမိႏွစ္ေယာက္ မ်က္ႏွာက ရြဲကုန္သည္ပံုျပင္ထဲက ေရႊခြက္ႀကီးမရလိုက္တဲ့ ရြဲသည္ကို သရုပ္ေဖာ္ေနၾကသည့္ႏွယ္။

"ကဲ အဲ့ဒါဆို ဖြင့္မယ့္ ေျမေနရာကို သြားၾကည့္ဖို႔ ရက္ခ်ိန္းရရင္ ဖုန္းဆက္လိုက္မယ္ေလ"

"ရတယ္ သမီးေလးကို ထည့္ေပးလိုက္မယ္"

"ဟာ အဆင္ေျပပါ့မလား သြားမွာ ေယာက်ာ္းသားေတြခ်ည္းပဲ ဒီလိုလုပ္ သားမိႏွစ္ေယာက္ အတူတူလာေလ"

"အင္းေပါ့ရွင္"

"ဦးေႏြက အလုပ္သရဲ လူပ်ိဳႀကီးဆို ဟုတ္လား"

သမီးျဖစ္သူက စသလို ေထာက္လွမ္းေရးလုပ္ စနည္းနာေနသည္။ ေျပာပါတယ္ ေရႊလမ္းေငြလမ္း ေဖာ္ေနတာပါလို႔။

"ဦးေလးႀကီး မၿပီးေသးဘူးလား"

ေဇသုခ ထေအာ္ေတာ့ ဦးေလးႀကီးက လက္ေမာင္းကို အသာရိုက္ကာ ၿငိမ္ၿငိမ္ေနဖို႔ ေျပာသည္။

"ကေလးတစ္ေယာက္ေတာ့ ရွိတယ္"

"ရွင္...."

"ဟုတ္တယ္ မယံု သမီးေမေမေမးၾကည့္"

"သမီးေရ ဦးေႏြက သူ႔တူေလးကို ေျပာေနတာ"

"ဟား.....ဟား......"

ဧည့္သည္ေတြက အလႅာပသလာပေျပာေလ ေဇသုခက ခုန္ေတြေျခေထာက္ႏွင့္ကန္ အပ်င္းေၾကာဆန္႔ကာ လုပ္ေနသျဖင့္ ဦးေႏြ ဧည့္သည္ေတြႏွင့္ စကားစ ျဖတ္၍ ႏႈတ္ဆက္စကား ဆိုသည္။

ဧည့္သည္ေတြျပန္မွ ေဇသုခဖက္ လွည့္၍

"ကေလး ဦးေလးႀကီးက စီးပြားေရးကိစၥ ေဆြးေႏြးေနတာ က်ပမ္းစကားၿပိဳင္ေနတာ မဟုတ္ဘူး။ ဘာလို႔ အလိုက္မသိရတာလဲ။ ငယ္ေတာ့တာလည္း မဟုတ္ပဲနဲ႔"

"မသိဘူးေလ သားေရးသမီးေရး ေဆြးေႏြးေနၾကတယ္ မွတ္လို႔"

"ဒီလိုပဲ စၾကေနာက္ၾက ေျပာဆိုေနရတာေပါ့
ကေလးကို ထိုင္ပါဦးလို႔ ဘယ္သူေခၚလို႔လဲ။ ကိုယ့္စိတ္နဲ႔ကိုယ္ လာထိုင္ၿပီးရင္လည္း ေအးေအးေဆးေဆး ေနသင့္တာေပါ့ကြာ"

"ေခၚမွ ထိုင္ရမွာလား ထိုင္ခ်င္လို႔ ထိုင္တာေပါ့"

ဦးေလးႀကီး ဖုန္းလာ၍ ေျပာေနသည္။ ေတာ္ေတာ္ႏွင့္မၿပီး စိတ္ေထာင္းခနဲ ဆိုးသြားတဲ့ ေဇသုခက စိတ္ဆိုးေျပသြားေတာ့မည္။ ဦးေလးႀကီး ဖုန္းေျပာမျပတ္။ စိတ္တိုင္းက် ဖုန္းေျပာၿပီးမွ ေဇေဇ့ဖက္ လွည့္၍

"မိုးခ်ဳပ္ေနၿပီ ေက်ာက္ေျမာင္းထိ ဦးေလးႀကီးကို လာေတြ႕တာေတာ့ မဟုတ္ဘူးမလား ။ ဘယ္ကေန လမ္းၾကံဳလာတာလဲ ။ တစ္ေယာက္တည္းလား"

"အင္း"

"အဲ့ဒါဆို အိမ္လိုက္ပို႔ေပးမယ္ေလ"

"ဟင့္အင္း"

"လိုက္မပို႔ေပးရဘူးလား"

"ဟင့္အင္း"

"ဟိုးေရွ႕နားက ေကြ႕တီယိုဆိုင္မွာ သြားစားၾကမလား"

"အင္း"

"မစားဘဲ ျပန္ၾကမလား"

"ဦးေလးၿကီး...."

"ဗ်ာ...ဟား....ဟား...ကေလးရာ"

လူက စူပုတ္၍ ထေအာ္ေတာ့ ဘာကို မေနာထသေဘာက်သြားသည္ မသိ ထရယ္သည္။
"စိတ္ဆိုးသြားတာ သိတယ္"ဟုလည္း ေျပာေနေသးသည္။ "ဘာလို႔မေခ်ာ့လဲ" ေမးေတာ့
ေကြ႕တီယိုပန္းကန္ ေျမႇာက္ျပသည္။ ဒီဦးေလးႀကီးလို လူမ်ိဳးကို ေျပာတာေနမွာ ကေလးမုန္႔ေကၽြးျမဴဆြယ္။

"ကဲ ေျပာပါဦး ဘယ္က ျပန္လာတာလဲ"

"ဘုန္းပိုင္ရွင္တို႔အတြဲနဲ႔ ေတဇတို႔အတြဲကို ၾကည့္မရတာနဲ႔ တစ္ေယာက္တည္း ျပန္လာတာ"

"ပိုင္ရွင္တို႔အတြဲ......."

စကားကို သံေယာင္လိုက္ရြတ္ရင္း ဦးေလးႀကီး မ်က္ႏွာက ညိႇဳးက်၍ သက္ျပင္းခ်သံက ေလေျပလို တိုးတိုးေလး ေဝွ႕ခနဲ

"ဦးေလးႀကီးက ပိုင္ရွင္ ရည္းစားထားတာ မႀကိဳက္ဘူးလား"

"လူငယ္တစ္ေယာက္ ရည္းစားထားတာကို ခ်ဳပ္ခ်ယ္ရေအာင္ ဦးေလးႀကီးက ေခတ္ေနာက္ျပန္ဆြဲမေနပါဘူး ။ "

"အဲ့ဒါမ်ား လန္႔သြားတာပဲ"

ေဘးမွ ကေလးကို သေဘာတက် ေစာင္းငွဲ႔ ၾကည့္မိသည္။ ဦးဘုန္းထက္ေႏြႀကီး ကေလးႀကိဳက္ ဟု လူတကာ စၾကသည္။ ကေလးေတြဆို အျပစ္မျမင္ဘဲ သေဘာေကာင္းေပးတတ္တဲ့ အက်င့္ေၾကာင့္ ျဖစ္လိမ့္မည္။ ကားျပတင္းခ်၍ ေလကို တဝႀကီး ရွဴသြင္းလိုက္သည္။

ဘာလိုလိုနဲ႔ ပိုင္ရွင္ေတာင္ သမီးရည္းစား ထားတတ္ေနၿပီ။

____________________________________________________________________________

"Oh s***t  f***k ပူလိုက္တာ ေစာင္က်ိဳးနဲ ၾကက္ေၾကာ္ စားရတာလား အာပူလၽွာပူကို လက္အပူခံ စားေနရတာလား မသဲကြဲဘူး"

"အပူမခံခ်င္ နည္းနည္းေစာင့္ၿပီးမွ စားေပါ့"

"မေစာင့္ခ်င္လို႔ ၾကက္ေၾကာ္ စားတာဟ"
အ...ပူတုန္းပဲဟ ၾကာရွည္အပူခံဆီနဲ႔မ်ား ေၾကာ္ထားလား မသိဘူး s***t"

"ကဲ ညီ ငါပဲ ဖဲ့ေပးေတာ့မယ္ "

မမနဲ႔ ပိုင္ရွင္ ရုပ္ရွင္ၾကည့္မယ္ဆိုေတာ့ ညီလိုက္ရႈပ္တာ ျဖစ္သည္။ ေဆာင္းေလးက မနၱေလးက အမ်ိဳးေတြဆီ သြားေန၍ ညီ့မွာ သတ္(ထ္)ဝွီးအျဖစ္သာ ေက်နပ္ေနရသည္။
လက္ေခ်ာင္း ရွည္ရွည္ေတြနဲ႔ ပိုင္ရွင္က ဖဲ့ေပးေတာ့
သူ႔ဟာနဲ႔သူ အဆင္ေခ်ာေနသည္။

"ဘဝႀကီးက အထီးက်န္တာ ၾကက္ေၾကာ္ေတာင္ ငါ့ကို မေလးစားေတာ့ဘူး"

ေျပာရင္း မ်က္ႏွာခ်င္းဆိုင္ ဝိုင္းဆီက ေကာင္မေလးကို မ်က္လံုးခ်င္းဆံုေအာင္ ၾကည့္လိုက္ေသးသည္။

"ရန္ကုန္ၿမိဳ႕က ေကာင္မေလးေတြ ဘာလို႔ ေခ်ာေနၾကတာလဲ သိလား မမ"

"ညီေတဇ ႏွာေခါင္း အစာသြပ္ဖို႔လား"

"စကားလံုးေတြ ခါးလိုက္တာ ႏွလံုးသားအလွဆင္တာလို႔ ေခၚတယ္"

"ဘူးတာလည္း ဘူးေပါ့ ညီရာ ႏွာေခါင္းမွာ အခ်ဥ္ရည္ေတြ ေပေအာင္ မဘူးနဲ႔ေပါ့"ဟု ပိုင္ရွင္က ဝင္ေျပာ၍ တစ္ရွဴးထိုးေပးသည္။

"တစ္ခါတည္း သုတ္ေပးလိုက္စမ္းပါကြာ ငါက ျမင္ရတာမွ မဟုတ္တာ"

မ်က္ႏွာခ်င္းဆိုင္မွ ခါးကုန္းထ၍ ခ်က္ခ်င္းႀကီး သုတ္ေပးေတာ့ ညီပင္ အျပဴးသား ျဖစ္ရသည္။ မမက ျပံဳး၍ ေငးၾကည့္ေနခဲ့သည္။ သုတ္ၿပီး ညီ့နဖူးကို လက္ဖ်ားေတြနဲ႔ ဖိတြန္းခ်လိုက္ေတာ့ ထိုင္ရက္သား ညီက လက္ဖ်ားေတြ ေအးစက္ကာ အာေခါင္ေတြ ေျခာက္ေနခဲ့သည္။

"ပိုင္ရွင္ မ toilet ခဏ သြားဦးမယ္"

"လိုက္ပို႔မယ္ေလ"

"ေဝးတာကို လူကလည္း ျပတ္တယ္ေလ လမ္းမွာ ျပန္ေပးဆြဲ  ခံရမွာ စိုးရိမ္ရတယ္ ဆိုေတာ့ လိုက္ပို႔ေပါ့"

ညီ အျမင္ကပ္၍ ထေအာ္လိုက္သည္။ တြဲတာျဖင့္ လေက်ာ္ေနၿပီ ႏုယြျပေနတာ ထမင္းဝိုင္းက ယင္ေကာင္လို ေအာ့ေအာ့ေတြ ျဖစ္ေနသည္။ ေသာက္ပိုေတြ..........

"ရပါတယ္ ပိုင္ရွင္ ၿပီးေအာင္စားေလ"

"ၿပီးေနၿပီ"

ႏွစ္ေယာက္သား ထ၍
"သားသား စားၿပီးရင္ အေပၚထပ္ လိုက္ခဲ့"ဟု ဆိုကာ ထြက္သြားၾကသည္။ ပိုင္ရွင့္ ရင္ခြင္ဆီ မွီလ်က္ ေလၽွာက္သြားတဲ့ မမက ျပံဳးကာေပ်ာ္ကာ။
ညီ စားလက္စ ၾကက္ေၾကာ္တံုးကို ပစ္ခ် လိုက္သည္။

မြန္းၾကပ္တဲ့ ခံစားခ်က္မ်ိဳး ညီ မႀကိဳက္ပါ။

______________________________________

"လခ်ီး....ကာပယ္ခံုမွာ မင္းအဘက သရဲကားကို
ဘုရားစာ ရြတ္ၿပီး ၾကည့္ရမွာလား"

ပိုင္ရွင္ လက္မွတ္ ႀကိဳျဖတ္ၿပီးသား ဆို၍ ယံုစားမိကာမွ စံုလံုးကန္းေတာ့သည္။ သရဲကား အိမ္မွာ ၾကည့္ရင္ေတာင္ နားပိတ္၍ လက္ေခ်ာင္းၾကားထဲက ၾကည့္တာ အခု ကာပယ္ခံုမွာ တရားမွတ္ ကသိုင္းရႈၿပီး ၾကည့္ရမယ့္ပံု။

"မၾကည့္ရဲဘူးလား တစ္ေယာက္တည္း"

"ၾကည့္ရဲတယ္"ဟု ေဘာက္ဆက္ဆက္ ေျဖကာ ရံုထဲ ဝင္လာခဲ့သည္။ ရံုထဲေရာက္တာ ေနာက္က်၍ ဇာတ္လမ္းကစေနၿပီ ျဖစ္သည္။ အဲကြန္းက ဒီေန႔မွ ပိုေအးေနသလို ခ်မ္းစိမ့္စိမ့္ ျဖစ္ေနသည္။ သရဲမကလည္း ထြက္မလာဘဲ အသံသာ ၾကားေနရတာ ညီ ၾကက္သီးေမြးညင္းေတြပါ တဖ်င္းဖ်င္း ထေနသည္။

"ညီ...."

"ဘုရား...တရာ...သံဃာ......
S**t ပိုင္ရွင္ ေသမလို႔ လာေခၚတာလား"

"အေႏြးထည္ မပါဘူးမလား မခ်မ္းဘူးလား"

"တပ္ထားတာ အဲကြန္း အပူေပးစက္ မဟုတ္ဘူး မခ်မ္းဘဲ ေနမလား"

ပိုင္ရွင္က အေပၚကုပ္ကို ခၽြတ္၍ ညီ့ဆီ ျခံဳေပးသည္။

"မင္းကေရာ....."

"ငါ့အက်ႌက လက္ရွည္"

ေအးစက္စက္ လက္ဖ်ားေတြ ကုပ္ရဲ႕ အေႏြးထည္အိတ္ကပ္ထဲ ထိုးထည့္လိုက္ေတာ့ ေႏြးသြားသည္။ ႏွလံုးသားဆီက ခပ္ေႏြးေႏြး

"မ က ေပးခိုင္းလိုက္လို႔ မတည့္အတူေန သူ႔ေမာင္ကိုေတာ့ အရမ္းခ်စ္တာပဲ"

"ဖယ္စမ္းကြာ ဟိုမွာ သရဲ လာေတာ့မယ္"

ညီ့ရဲ႕ ႏွလံုးသားတံခါးေပါက္က ေလတိုက္ခက္၍ တလွပ္လွပ္ ျဖစ္ေနသည္။ ေလပူေတြေၾကာင့္ ခံစားမႈက တင္းတင္းၾကပ္ၾကပ္ႏွင့္။

ဇာတ္ရွိန္က ျမင့္ေလ သရဲက ရုပ္မေပၚဘဲ  အသံနဲ႔ေျခာက္ေလ ညီက အသံျပဲနဲ႔ ေအာ္ကာ ဒူးႏွစ္ဖက္ၾကားက ေခါင္းကို အျပင္ထုတ္ရင္ သရဲမ လာဆြဲယူမွာ စိုးရိမ္ေနမိသည့္အလား။ ေနာက္ဆံုး
ဆံုးျဖတ္ခ်က္ ဒံုးဒံုးခ်ကာ

"ပိုင္ရွင္ သံုးေယာက္ အတူတူၾကည့္ရေအာင္ ဟိုဘက္ နည္းနည္းတိုး"

မမတို႔ႏွစ္ေယာက္ ေဘးမွာ ခပ္တည္တည္နဲ႔ အတင္း တိုးေဝွ႕ ၾကည့္လိုက္သည္။ ပိုင္ရွင္က ခပ္သဲ့သဲ့ ဆိုသည္ "ညီတို႔ကေတာ့ ေမႊၿပီ"တဲ့။

"သားသားေရ အသက္ရွဴေတြပါ ၾကပ္တယ္ ငါပဲ ခံုေျပာင္း ၾကည့္ေတာ့မယ္" ဟု ဆို၍ မမ ထိုင္ခံုေျပာင္းထိုင္သည္။

ပိုင္ရွင့္ လက္ေမာင္းဆီ ညီေခါင္းမွီ၍ ဒူးကေတာ့ ေကြးထားဆဲ။ ပိုင္ရွင္ ေစာင္းငွဲ႔ၾကည့္ကာ "မ ေတာင္ အဲ့ဒီေလာက္ မေၾကာက္ဘူး"ဟု ခနဲ႔သည္။
ျပန္ခံပတ္မည္ ၾကံစဥ္ သရဲမက ျဗဲကနဲ ထြက္လာ၍
ညီ့မွာ အာေခါင္သံႀကီးနဲ႔ ထေအာ္ရျပန္သည္။

"ညီရာ...ရုပ္ႀကီးနဲ႔မွ မလိုက္ ဟား.....ဟား...."

"သရဲမ ေတြ႕တာ ႏွစ္ခ်ီမေတြ႕ရတဲ့အမ်ိဳး ျပန္ေတြ႕ရတာ က်ေနတာပဲ ရယ္ေနေသးတယ္"

ပိုင္ရွင္ ရယ္လ်က္သာ။ ခဏၾကာေတာ့ ပိုင္ရွင္ကပဲ မမႏွင့္ မွား၍ ေယာင္သည္လား။ ညီကပဲ အတင္း တိုး၍လား မေျပာတတ္။ ညီက ပိုင္ရွင့္ ရင္ခြင္ထဲမွာ ျဖစ္သည္။

______________________________________

"ပိုင္ရွင္ တစ္ေကာင္ေလာက္ စားၾကည့္စမ္းပါကြာ  ပုရစ္က ပါးစပ္ထဲ ေရာက္မွ ထမပ်ံပါဘူးကြ"

မမနဲ႔ ညီက ပုရစ္ေၾကာ္ဆို အမုန္းစြဲသည္။ ပိုင္ရွင္ကေတာ့ ေၾကာက္၍ ေဘးက မ်က္ႏွာမဲ့မဲ့ႀကီးျဖင့္။

"ပိုင္ရွင္....ေရာ့"

"ဟာ........ေအးေအးလူလူ စားစမ္း ညီရာ"

"သားသား စမေနနဲ႔ေတာ့ ပိုင္ရွင္ မ အိမ္ထိပဲ ေမာင္းလိုက္မယ္ေနာ္"

"အင္း ရတယ္ လမ္းေလၽွာက္ျပန္လိုက္မယ္"

ပိုင္ရွင္ျပန္ေတာ့ မမက လမ္းထိပ္ထိ လမ္းေလၽွာက္ပို႔ေပးသည္။ ပိုင္ရွင္ေတာ့ လြန္သည္။ ညီ့ႏွလံုးသားဆီ အိမ္စာ ေပးခဲ့ေလၿပီ။ ညီက အိမ္စာဆို လုပ္ရမွာ ပ်င္းရိလြန္းေနခဲ့သည္။

မမကိုေတာ့ ေမးျဖစ္သည္။

"မမ နင့္ကို ပိုင္ရွင္က အရမ္းခ်စ္တာပဲလား"

"နင္မျမင္ဘူးလား ဘယ္သူက နင့္ကို သည္းခံႏိုင္မွာလဲ ငါ့ကို ခ်စ္လို႔သာ သည္းခံတာေပါ့"

အေျဖက ရွင္းသည္။ ညီ့ခံစားခ်က္ေတြ ညီမသိႏိုင္။ နားမလည္ႏိုင္။ ဒါက ေကာင္းသည္။

"ငါ့ခံစားခ်က္ေတြ မိုင္းနပ္(စ္) ျပေနတယ္ မမေရ နင္ဆုေတာင္းေနပါ ငါေတာ့ ထင္ေနတယ္ ရာဇင္မွာစာတြင္တဲ့ ေမာင္ႏွမေတြ ျဖစ္ေတာ့မွာပဲ"ဟု ေတြးေနစဥ္ ေဆာင္းေလးဆီမွ ဖုန္းဝင္လာသည္။

"ဟယ္လို ေဘဘီကူး...."

"ပံုမွန္အတိုင္း ဆက္ဆံ အမွန္အတိုင္းေျပာ ဒီေန႔ ဘယ္သြားလဲ"

"အျပင္သြားတယ္ ေကာင္မေလးေတြ ေခ်ာတာ မၾကည့္လာဘူး"

"ငါထင္တယ္ ဒါေၾကာင့္ ငါ့အိပ္မက္ေတြ မေကာင္းတာ"

"ျဖစ္ရျပန္ၿပီ ေဆာင္းေလးရာ"

"ဟုတ္တယ္ ညေနက ေမွးခနဲ အိပ္ေပ်ာ္သြားတာ နင္ ေကာင္မေလးတစ္ေယာက္ရဲ႕ ပါးကို နမ္းေနတာ အဲ့ဒါ ဘယ္သူလဲ ေတဇ "

မယ္မင္းၿကီးမကေတာ့ သဝန္တိုပံု အဆန္းေတြ ထြင္ျပန္ၿပီ။ ညီေတဇမွာ အိပ္မက္ထဲထိ သမာဓိ ေကာင္းေနရမယ့္ပံု။

"ဘယ္သိမလဲဟ နင့္အိပ္မက္ေလ"

"မေအာ္နဲ႔ေနာ္"

"မေအာ္ပါဘူးဟာ "

"ေတြ႕လား စိတ္မရွည္တဲ့အသံနဲ႔ နင့္ကို ခ်စ္လို႔သာ ငါ့မွာ အိပ္မက္ထဲထိ သဝန္တိုေနရတာ သိရဲ႕လား"

"ဟုတ္ပါၿပီ သဝန္တိုစရာ မလိုပါဘူးဟာ။
အခုေလာေလာဆယ္ ငါခ်စ္တာ နင္တစ္ေယာက္တည္း မို႔လို႔"

"အခု ေလာေလာဆယ္ ဟုတ္လား
ေတဇ ငါရန္ကုန္လာမွ ဗိုက္ေခါက္ေတြ ျပတ္ၿပီသာမွတ္....ဒါပဲ"

"ေဆာင္းေလး ေနဦး"

"ဘာလဲ"

"နင့္ အိပ္မက္ထဲက ေကာင္မေလးက ေခ်ာလား"

"ကပၸလီမႀကီး"

"ဒါဆို နင္လူမွားတာ အဲ့ဒီကပၸလီမႀကီးကို နမ္းေနတာ ငါမဟုတ္ဘူး။ ငါက ရုပ္ေခ်ာမွ ႀကိဳက္တာ သိရဲ႕သားနဲ႔"

"ေတဇ......"ေဆာင္းေလး အာေခါင္ျခစ္ အသံနဲ႔ ေအာ္ေတာ့ ညီ နားအူသြား၍ ရယ္ေနခဲ့မိသည္။

"ဘာပဲျဖစ္ျဖစ္ပါ ခ်စ္တယ္ေလ"

"မုန္းစရာႀကီး"ဟု ေျပာကာ တူခနဲ ဖုန္းခ်သြားသည္။

ေဆာင္းေလးလည္း ခ်စ္စရာ ေကာင္းတာပါပဲ။
အခန္းထဲ ဝင္တိုင္း တစ္ေယာက္ေယာက္ကို ေတာင္းတေနမိသည္။ ဟူးခနဲ ေလပူတစ္ခ်က္ မႈတ္ခ်လိုက္သည္။ စိတ္ေတြက ရႈပ္ေထြးေနမိတာ အမွန္။

တစ္စတစ္စ တိုးေဝွ႕ေနတဲ့ ေလေျပက ႏွလံုးသား တံခါးေပါက္ဆီက ဝင္တိုးလ်က္။ ခက္ေတာ့ ခက္ေနပါၿပီ။

__________________________________________________________________________________________________________________

############################

Unicode

"ဦးလေးကြီး"

ကော်ဖီဆိုင်ထဲ မိန်းမနှစ်ယောက်နှင့် ရယ်ရယ်မောမော စကား ပြောနေသူ ဦးလေးကြီးကို မြင်တော့ ဇေသုခ မနေနိုင်မထိုင်နိုင် ဆိုင်ထဲ ပြေးဝင်ကာ ဦးလေးကြီးဘေး ခပ်တည်တည် ဝင်ထိုင်လိုက်သည်။

"အော် ကလေး"

ဦးလေးကြီးက အသိအမှတ် ပြုရုံ နှုတ်ဆက်၍ စကားဆက်နေသည်။ အန်တီကြီးက အလိုက်မသိရန်ကော ဆိုတဲ့ မျက်နှာထားမျိုးနှင့် သမီးဖြစ်သူကလည်း ခေါင်းစခြေဆုံး ကြည့်ကာ မဲ့ရွဲ့၍ အရှေ့က ရေခွက်ကို ယူသောက်နေသည်။

"ဦးလေးကြီး ရောက်တာ ကြာပြီလား"

"အခုမှရောက်တာကလေး ဒီမှာ လူကြီးတွေ စကားပြောမလို့ တိတ်တိတ်လေးနေနော်"

နှုတ်ခမ်းပေါ် လက်ညှိုးဖိကပ်၍ ပြုံးပြီး ပြောတော့ ဇေသုခ ခေါင်းညိတ်မိလျက်သား။

"ကျွန်တော်က ဟိုက်ဝေးလမ်းမကြီးပေါ် ဆီဆိုင်ဖွင့်ဖို့ပဲ အရင်တွေးမိတာပါ ။ နောက် ရှယ်ယာဝင်မယ့်သူတွေ ပေါ်လာတော့  ခရီးသည်တော်တော်များများ နဲ့ဘတ်စ်တွေက စားသောက်ဆိုင် ရှိတဲ့နေရာ ရပ်ကြတာ များတယ်လေ။ ရပ်ရင်း နားရင်း စားသောက်ရင်း ဆီဖြည့်ရင် ခရီးသည်တွေအတွက်လည်း အဆင်ပြေမယ်။ ကျွန်တော်တို့အတွက်လည်း ဆားဗစ် အပြည့်အဝပေးပြီး ဆွဲဆောင်နိုင်မယ် စဉ်းစားမိတယ်။ ကျွန်တော်တို့ စားသောက်ဆိုင်ရဲ့ toiletတွေမှာ ခရီးသည်တွေ ရေချိုးဖို့ အဆင်ပြေအောင်ပါ တွဲထားချင်တယ်။ သန့်ရှင်းရေးဝန်ထမ်းတော့ လိုမှာပေါ့။ ဒါမှလည်း ခရီးသည်တွေကို ဆွဲဆောင် ထားနိုင်မယ် ထင်တာပဲ။ တစ်ဆိုင် အောင်မြင်လို့ ဖောက်သည်များလာရင် ဆိုင်ခွဲတွေဖွင့်ဖို့ မခက်တော့ဘူး။ မသက်ထားချိုရော ဘယ်လိုမြင်လဲ"

"ကျွန်မတို့က ကိုဘုန်းထက်နွေကို ယုံပြီးသား ကိုဘုန်းထက်နွေ စလိုက်ရင် အဆုံးမှာ အောင်မြင်တတ်တာပဲဟာ"

"ဟား ဟား အဲ့ဒီလောက် မမြှောက်ပါနဲ့ အောင်မြင်မှုဆိုတာ ကျရှုံးခြင်းတွေနဲ့ အစပြုခဲ့ရတာပါ ခိုင်မာတဲ့ အပင်မြင့်တိုင်း လေကြမ်းခံနိုင်ရပါတယ်ဗျာ"

"ဦးနွေက အရမ်းတော်တာ အဲ့တာကြောင့် သမီးက ဦးနွေဆီ တပည့်ခံချင်ပါတယ်ဆို"

"သမီးအမေ အလုပ်တွေ ခွဲပြီး တာဝန်ယူတော့မှာဆို ဦးနွေနဲ့ တွေ့ရဦးမှာပါ မသိတာရှိ မေးပေါ့ ။ ဆရာတော့ မတင်လိုက်ပါနဲ့ ရှယ်ယာရှင် အချင်းချင်း ဆွေးနွေးတဲ့ သဘောပေါ့"

"သမီးလေးကို အပ်ပါတယ်ရှင်။ ငယ်သေးတော့ လမ်းမှား ရောက်မှာ ကြောက်တာ။ အမြင်မတော်တာ တွေ့ရင် ဆုံးမပါ။ သမီးမိန်းကလေး မွေးထားရတာ ခက်ပါတယ် ကိုဘုန်းထက်နွေရယ် ။ မတော်တဲ့လူနဲ့ တွေ့ရင် ခက်ရချည်ရဲ့ ဆိုပြီး ရင်တမမဖြစ်နေရတာ"

ဇေဇေ နားထောင်နေရင်းက စီးပွားရေး ကြီးပွားရေးအကြောင်းမှ ရွှေလမ်းငွေလမ်း ဖောက်တဲ့ဆီ ဦးတည်နေတာ နားကြားမြင် ကပ်လာသည်။ သမီးဖြစ်သူကလည်း ရှက်သလိုလို ဟန်ကိုယ်ပြ၍ ကောင်တာဆီ ထလျှောက်သည်။

"သမီးက ထက်မြက်တဲ့ပုံ ပေါ်ပါတယ် ။ သူ စဉ်းစား ဆုံးဖြတ်တတ်မှာပါ"

ဗန်းကလေးမ၍ ပြန်လာတဲ့ လေဒီနှမကြောင့် စကားစ ပြတ်သွားသည်။ ဦးလေးကြီးက ပြုံးပြနေသေးတာ ဖြီးလို့။

"ဦးနွေအတွက် ဘလက်ကော်ဖီ မေမေ့အတွက်က အက်စ်ပရက်စို သမီးကအအေးပဲ သောက်တော့မယ်"

လူလေးယောက် ထိုင်နေတာ သုံးယောက်အတွက်သာ မှာယူလာသည်။ ဒီလို လူမှုရေး သိတတ်ပုံနဲ့ အောင်မြင်တဲ့ စီးပွားရေးသမား ဖြစ်ဦးမှာဟု ကြိတ်ပြောလိုက်သည်။ သူတို့က သိသိသာသာ အရိပ်ပြရင် ဇေသုခက ပေါ်ပေါ်ထင်ထင် အကောင်ပြဖို့ ဝန်လေးစရာ လိုမနေတော့။

ဦးလေးကြီးရှေ့က ကော်ဖီခွက်ကို ဆွဲယူပြီး သောက်ချလိုက်သည်။ အား....လား...လား....ခါးတာမှ ကြက်ဟင်းခါးသီးနဲ့ တမာရွက်က အဘိုးခေါ်ရမယ်။

ဦးလေးကြီး ကြောင်ကြည့်နေရာမှ

"ဦးနွေက ရုံးမှာ ကော်ဖီသောက်ခဲ့သေးတယ် ရတယ်သမီး ဒီကလေး သောက်ပါစေ"

သားမိနှစ်ယောက် မျက်နှာက ရွဲကုန်သည်ပုံပြင်ထဲက ရွှေခွက်ကြီးမရလိုက်တဲ့ ရွဲသည်ကို သရုပ်ဖော်နေကြသည့်နှယ်။

"ကဲ အဲ့ဒါဆို ဖွင့်မယ့် မြေနေရာကို သွားကြည့်ဖို့ ရက်ချိန်းရရင် ဖုန်းဆက်လိုက်မယ်လေ"

"ရတယ် သမီးလေးကို ထည့်ပေးလိုက်မယ်"

"ဟာ အဆင်ပြေပါ့မလား သွားမှာ ယောကျာ်းသားတွေချည်းပဲ ဒီလိုလုပ် သားမိနှစ်ယောက် အတူတူလာလေ"

"အင်းပေါ့ရှင်"

"ဦးနွေက အလုပ်သရဲ လူပျိုကြီးဆို ဟုတ်လား"

သမီးဖြစ်သူက စသလို ထောက်လှမ်းရေးလုပ် စနည်းနာနေသည်။ ပြောပါတယ် ရွှေလမ်းငွေလမ်း ဖော်နေတာပါလို့။

"ဦးလေးကြီး မပြီးသေးဘူးလား"

ဇေသုခ ထအော်တော့ ဦးလေးကြီးက လက်မောင်းကို အသာရိုက်ကာ ငြိမ်ငြိမ်နေဖို့ ပြောသည်။

"ကလေးတစ်ယောက်တော့ ရှိတယ်"

"ရှင်...."

"ဟုတ်တယ် မယုံ သမီးမေမေမေးကြည့်"

"သမီးရေ ဦးနွေက သူ့တူလေးကို ပြောနေတာ"

"ဟား.....ဟား......"

ဧည့်သည်တွေက အလ္လာပသလာပပြောလေ ဇေသုခက ခုန်တွေခြေထောက်နှင့်ကန် အပျင်းကြောဆန့်ကာ လုပ်နေသဖြင့် ဦးနွေ ဧည့်သည်တွေနှင့် စကားစ ဖြတ်၍ နှုတ်ဆက်စကား ဆိုသည်။

ဧည့်သည်တွေပြန်မှ ဇေသုခဖက် လှည့်၍

"ကလေး ဦးလေးကြီးက စီးပွားရေးကိစ္စ ဆွေးနွေးနေတာ ကျပမ်းစကားပြိုင်နေတာ မဟုတ်ဘူး။ ဘာလို့ အလိုက်မသိရတာလဲ။ ငယ်တော့တာလည်း မဟုတ်ပဲနဲ့"

"မသိဘူးလေ သားရေးသမီးရေး ဆွေးနွေးနေကြတယ် မှတ်လို့"

"ဒီလိုပဲ စကြနောက်ကြ ပြောဆိုနေရတာပေါ့
ကလေးကို ထိုင်ပါဦးလို့ ဘယ်သူခေါ်လို့လဲ။ ကိုယ့်စိတ်နဲ့ကိုယ် လာထိုင်ပြီးရင်လည်း အေးအေးဆေးဆေး နေသင့်တာပေါ့ကွာ"

"ခေါ်မှ ထိုင်ရမှာလား ထိုင်ချင်လို့ ထိုင်တာပေါ့"

ဦးလေးကြီး ဖုန်းလာ၍ ပြောနေသည်။ တော်တော်နှင့်မပြီး စိတ်ထောင်းခနဲ ဆိုးသွားတဲ့ ဇေသုခက စိတ်ဆိုးပြေသွားတော့မည်။ ဦးလေးကြီး ဖုန်းပြောမပြတ်။ စိတ်တိုင်းကျ ဖုန်းပြောပြီးမှ ဇေဇေ့ဖက် လှည့်၍

"မိုးချုပ်နေပြီ ကျောက်မြောင်းထိ ဦးလေးကြီးကို လာတွေ့တာတော့ မဟုတ်ဘူးမလား ။ ဘယ်ကနေ လမ်းကြုံလာတာလဲ ။ တစ်ယောက်တည်းလား"

"အင်း"

"အဲ့ဒါဆို အိမ်လိုက်ပို့ပေးမယ်လေ"

"ဟင့်အင်း"

"လိုက်မပို့ပေးရဘူးလား"

"ဟင့်အင်း"

"ဟိုးရှေ့နားက ကွေ့တီယိုဆိုင်မှာ သွားစားကြမလား"

"အင်း"

"မစားဘဲ ပြန်ကြမလား"

"ဦးလေးကြီး...."

"ဗျာ...ဟား....ဟား...ကလေးရာ"

လူက စူပုတ်၍ ထအော်တော့ ဘာကို မနောထသဘောကျသွားသည် မသိ ထရယ်သည်။
"စိတ်ဆိုးသွားတာ သိတယ်"ဟုလည်း ပြောနေသေးသည်။ "ဘာလို့မချော့လဲ" မေးတော့
ကွေ့တီယိုပန်းကန် မြှောက်ပြသည်။ ဒီဦးလေးကြီးလို လူမျိုးကို ပြောတာနေမှာ ကလေးမုန့်ကျွေးမြူဆွယ်။

"ကဲ ပြောပါဦး ဘယ်က ပြန်လာတာလဲ"

"ဘုန်းပိုင်ရှင်တို့အတွဲနဲ့ တေဇတို့အတွဲကို ကြည့်မရတာနဲ့ တစ်ယောက်တည်း ပြန်လာတာ"

"ပိုင်ရှင်တို့အတွဲ......."

စကားကို သံယောင်လိုက်ရွတ်ရင်း ဦးလေးကြီး မျက်နှာက ညှိုးကျ၍ သက်ပြင်းချသံက လေပြေလို တိုးတိုးလေး ဝှေ့ခနဲ

"ဦးလေးကြီးက ပိုင်ရှင် ရည်းစားထားတာ မကြိုက်ဘူးလား"

"လူငယ်တစ်ယောက် ရည်းစားထားတာကို ချုပ်ချယ်ရအောင် ဦးလေးကြီးက ခေတ်နောက်ပြန်ဆွဲမနေပါဘူး ။ "

"အဲ့ဒါများ လန့်သွားတာပဲ"

ဘေးမှ ကလေးကို သဘောတကျ စောင်းငှဲ့ ကြည့်မိသည်။ ဦးဘုန်းထက်နွေကြီး ကလေးကြိုက် ဟု လူတကာ စကြသည်။ ကလေးတွေဆို အပြစ်မမြင်ဘဲ သဘောကောင်းပေးတတ်တဲ့ အကျင့်ကြောင့် ဖြစ်လိမ့်မည်။ ကားပြတင်းချ၍ လေကို တဝကြီး ရှူသွင်းလိုက်သည်။

ဘာလိုလိုနဲ့ ပိုင်ရှင်တောင် သမီးရည်းစား ထားတတ်နေပြီ။

____________________________________________________________________________

"Oh s***t  f***k ပူလိုက်တာ စောင်ကျိုးနဲ ကြက်ကြော် စားရတာလား အာပူလျှာပူကို လက်အပူခံ စားနေရတာလား မသဲကွဲဘူး"

"အပူမခံချင် နည်းနည်းစောင့်ပြီးမှ စားပေါ့"

"မစောင့်ချင်လို့ ကြက်ကြော် စားတာဟ"
အ...ပူတုန်းပဲဟ ကြာရှည်အပူခံဆီနဲ့များ ကြော်ထားလား မသိဘူး s***t"

"ကဲ ညီ ငါပဲ ဖဲ့ပေးတော့မယ် "

မမနဲ့ ပိုင်ရှင် ရုပ်ရှင်ကြည့်မယ်ဆိုတော့ ညီလိုက်ရှုပ်တာ ဖြစ်သည်။ ဆောင်းလေးက မန္တလေးက အမျိုးတွေဆီ သွားနေ၍ ညီ့မှာ သတ်(ထ်)ဝှီးအဖြစ်သာ ကျေနပ်နေရသည်။
လက်ချောင်း ရှည်ရှည်တွေနဲ့ ပိုင်ရှင်က ဖဲ့ပေးတော့
သူ့ဟာနဲ့သူ အဆင်ချောနေသည်။

"ဘဝကြီးက အထီးကျန်တာ ကြက်ကြော်တောင် ငါ့ကို မလေးစားတော့ဘူး"

ပြောရင်း မျက်နှာချင်းဆိုင် ဝိုင်းဆီက ကောင်မလေးကို မျက်လုံးချင်းဆုံအောင် ကြည့်လိုက်သေးသည်။

"ရန်ကုန်မြို့က ကောင်မလေးတွေ ဘာလို့ ချောနေကြတာလဲ သိလား မမ"

"ညီတေဇ နှာခေါင်း အစာသွပ်ဖို့လား"

"စကားလုံးတွေ ခါးလိုက်တာ နှလုံးသားအလှဆင်တာလို့ ခေါ်တယ်"

"ဘူးတာလည်း ဘူးပေါ့ ညီရာ နှာခေါင်းမှာ အချဉ်ရည်တွေ ပေအောင် မဘူးနဲ့ပေါ့"ဟု ပိုင်ရှင်က ဝင်ပြော၍ တစ်ရှူးထိုးပေးသည်။

"တစ်ခါတည်း သုတ်ပေးလိုက်စမ်းပါကွာ ငါက မြင်ရတာမှ မဟုတ်တာ"

မျက်နှာချင်းဆိုင်မှ ခါးကုန်းထ၍ ချက်ချင်းကြီး သုတ်ပေးတော့ ညီပင် အပြူးသား ဖြစ်ရသည်။ မမက ပြုံး၍ ငေးကြည့်နေခဲ့သည်။ သုတ်ပြီး ညီ့နဖူးကို လက်ဖျားတွေနဲ့ ဖိတွန်းချလိုက်တော့ ထိုင်ရက်သား ညီက လက်ဖျားတွေ အေးစက်ကာ အာခေါင်တွေ ခြောက်နေခဲ့သည်။

"ပိုင်ရှင် မ toilet ခဏ သွားဦးမယ်"

"လိုက်ပို့မယ်လေ"

"ဝေးတာကို လူကလည်း ပြတ်တယ်လေ လမ်းမှာ ပြန်ပေးဆွဲ  ခံရမှာ စိုးရိမ်ရတယ် ဆိုတော့ လိုက်ပို့ပေါ့"

ညီ အမြင်ကပ်၍ ထအော်လိုက်သည်။ တွဲတာဖြင့် လကျော်နေပြီ နုယွပြနေတာ ထမင်းဝိုင်းက ယင်ကောင်လို အော့အော့တွေ ဖြစ်နေသည်။

You are reading the story above: TeenFic.Net