Zawgyi
"ညီရာ မင္းကေတာ့ "
မႏိုင္သလို ပိုင္ရွင္က ေျပာသည္။
"ႏြားျပာႀကီး ေအာက္သြားလာၿဖဲ ျပမေနနဲ႔ ေမးတာေျဖကြာ"
အေျဖ မပါတဲ့ ေမးခြန္းဟာ ေအးစက္စက္ အၾကည့္နဲ႔ အေရာင္ခ်ယ္တဲ့အခါ လူလာကူးခက္ေနတဲ့ ပန္းပြင့္မွလိပ္ျပာေလးမ်ား ထပ်ံသြားသည္။ ေလတစ္ခ်က္ ေဝွ႕ခနဲ ကလူ သြားသည္။ ေအးစက္တဲ့ အၾကည့္ေအာက္မွာ ညီက ေၾကာင္ေတာင္ေတာင္ ေငးခဲ့ရသည္။
"ရတယ္ေလ မေျဖခ်င္လည္းေန တိတ္ဆိတ္ျခင္းသည္ ဝန္ခံျခင္းတဲ့
ငါကူညီ ေပးမယ္ သိလား ပိုင္ရွင္
ငါ့မမ ငါပိုင္ၿပီးသား"
"စာရၿပီလား အလြတ္ေရးရမယ္ လာသြားမယ္
ငါမင္းနားမွာ မရွိရင္ မင္းက စာကို မလုပ္ေတာ့ပါ ညီရာ သံပတ္ရုပ္ က်ေနတာပဲ"
ခပ္တင္းတင္း စကားဆို၍ ေကာ္ဖီခြက္ကိုင္ ထသြားတဲ့ လူက ဝန္ခံသြားတာလား။ စာမလုပ္လို႔ စိတ္ပ်က္ သြားတာလား ။ ညီ မေတြးတတ္။ ေတြးမိသည္ကက်ဴးပစ္ဆိုတဲ့ ေဘာ္ဒါႀကီးဟာ ေလးကို အသင့္ ဆြဲထားဖို႔ ေကာင္းေနၿပီ။ ညီက သားေကာင္ဆီ ေရာက္ေအာင္ က်ဴးပစ္လမ္းညႊန္ လုပ္ေပးဖို႔ စိတ္အား ထက္သန္ေနခဲ့ၿပီေလ။
"ပိုင္ရွင္ မနက္ျဖန္ မင္းလိုက္မလား"
အခန္းထဲ စာအလြတ္ေရးခိုင္းၿပီး တိတ္ဆိတ္ေနေတာ့လည္း မေနတတ္၍ ညီကပဲ စကားစလိုက္ရသည္။
"ဘာအခြင့္အေရးေတြ ေတာင္းဆိုခ်င္ျပန္ၿပီလဲ
ညီ "
"ျဖစ္ရတယ္ ငါက သမင္ေပါက္စားဖို႔ ေစာင့္ေခ်ာင္းေနတဲ့ က်ားႀကီး က်ေနတာပဲ အခြင့္အေရးလိုခ်င္မွ ေမးရမွာလား"
"အင္းေလ မင္းက အက်ိဳးလိုမွ ေညာင္ေရေလာင္းေနက်ပဲ မဟုတ္ဘူးလား"
"လဲေသ ေဆာင္းေလးနဲ႔ ႏွစ္ေယာက္တည္းမို႔လို႔ ေခၚတာ မလိုက္လည္းေန"
"မလိုက္ဘူး ဦးေႏြဆီ သြားမလို႔"
"အိုေက အိုေက ေဘးေဘသေဘာ"
ညီ အေျပာင္အပ်က္ေျပာေတာ့ ပိုင္႐ွင္ မ်က္ႏွာ႐ႈတည္ႏွင့္ စိုက္ၾကည့္သည္။ၿပီးမွ
"အခုစာသာရေအာင္က်က္"ဟုဆိုသည္။
____________________________________________________________________________
ၾကည့္သမၽွက လွေနသည္။ မဟုတ္ လွသမၽွကို လိုက္ၾကည့္ေနမိတာ ျဖစ္ႏိုင္သည္။ ဂ်န္းရွင္းစီးတီးမွာ ေတြ႕သမၽွ ေတာ္ေတာ္မ်ားမ်ားက အရင္ဘဝက ပပဝတီလို ဆုပန္မေႁခြ ခဲ့ၾကရင္ေတာင္ ပပဝတီနီးပါး ဆုပန္ခဲ့ၾကသည္ ထင္ရသည္။
"ေအး ေအး ကၽြတ္က်မယ္ အလံုးက ျဖည္းျဖည္းလည္း ၾကည့္ဦး"
ေတြ႕သမၽွ လွေနတာထက္ ေဘးက ေဆာင္းက ခ်စ္စရာေကာင္းသည္။ ပန္းေရာင္ေဆးကူထားတဲ့ ႏႈတ္ခမ္းေထြေထြေလးနဲ႔ ပန္းႏုေရာင္ျခယ္ ပါးေဖာင္းေဖာင္းေလးက ပနံသင့္ေနသည္။
"ရုပ္ရွင္က ဘယ္အခ်ိန္လဲ နင့္မုန္႔ေတြကလည္း မုန္႔စားမွာလား ရုပ္ရွင္ၾကည့္မွာလား"
"မုန္႔စားရင္း ရုပ္ရွင္ ၾကည့္မွာ"
"ေအး ေကာင္းတယ္ "
ျမင့္ျမတ္ရဲ႕ ဂ်င္းေကာင္မွ မၾကည့္ရရင္ လူျဖစ္ရႈံးေတာ့မည့္အတိုင္း ေဆာင္းေလးက ပူဆာ လြန္းေန၍ ညီေတဇ အိမ္ကို မရမက ေျပာကာ လိုက္ျပ ေပးျခင္း ျဖစ္သည္။ ေဆာင္းေလးနဲ႔ ရုပ္ရွင္ၾကည့္ခ်င္တဲ့ စိတ္ကလည္း ပေယာဂပါေပမယ့္ လူသိမခံ ေဆာင္းေလးကိုသာ ပံုခ်၍ ေမေမ့ကို ေတာင္းဆိုခဲ့ရသည္။
"ေဆာင္းေလး ျမင့္ျမတ္က ဂ်င္းေကာင္ဆို နင္က မိတ္ႆလင္ေကာင္ပဲ သိလား"
"ဘာဆိုင္တာက်ေနတာပဲ"
"နင့္အဘေနက ပူေနတာ သီတာေရစင္ ပတ္ဖ်န္းေနတာ မဟုတ္ဘူးဟ ငါ့ကို
ဟိုေရွ႕ေရာက္ရင္ အေအးဝယ္တိုက္မယ္ဆို ဘယ္မွာလဲ"
ပါးစပ္ကေျပာ လက္က ထီးကို ေဆာင္းေပး ထားရသည္။ရုပ္ရွင္ၾကည့္ၿပီး ဗႏၶဳလပန္းျခံကိုမွ တကူးတက သြားခ်င္ပါတယ္ဆိုေတာ့ တကၠဆီတားရင္း လမ္းေလၽွာက္လာတာ အခ်ိဳရွာသကာနဲ႔ေတြ႕သလို သူငယ္ခ်င္းတစ္ေယာက္ ကားႏွင့္ေတြ႕သည္။ ကားႀကံဳလိုက္ကာမွ ေနာက္ၾကည့္မွန္က ေဆာင္းေလးကို လွမ္းလွမ္း ၾကည့္ေနတဲ့ ငနဲသားေၾကာင့္ ေခြးဝမ္းသာေအာင္ ေလလည္ျပ သလို ျဖစ္ေနၿပီဟု ႀကိတ္ေတြးမိရင္း စိတ္ကမၾကည္။
"ေဆာင္းေလးရာ နင္နဲ႔ လမ္းသြားရတာ အညႇီရွိရာ ယင္အံုတယ္"
"ဘာ ငါ့ကို အညႇီလို႔ ေျပာလိုက္တာလား ေတဇ"
"မဟုတ္လို႔လား အေကာင္ေတြက နင့္ကိုဆို ငမ္းတာ စျမဳပ္ျပန္ေနတဲ့ ႏြားသိုးႀကီး က်ေနတာပဲ
သေရတျမားျမား နဲ႔"
"ဒါကေတာ့ ကိုယ္ကုသိုလ္နဲ႔ ကိုယ္ေလဟာ"
"ေတာ္စမ္းပါ"
ပန္းျခံထဲ အဝါေရာင္ပန္းတစ္ပြင့္ကို ဆက္ခနဲ ေစာင့္ဆြဲ၍ တစ္လႊာခ်င္း ေႁခြခ်လိုက္ေတာ့ ေဆာင္းေလးက ပြင့္လႊာေလးကို ေကာက္ယူသည္။
"တစ္ကယ္ေတာ့ မိန္းကေလးတစ္ေယာက္ ဘယ္ေလာက္လွလွ ဒီပန္းေလးလို ေႁခြမယ့္သူ၊ဆြတ္ပန္မယ့္သူ၊ ေႂကြမယ့္ခ်ိန္ ကို ေစာင့္ေနရတာ ပါပဲဟာ ကိုယ္ဆြတ္ေစခ်င္သူက လာမဆြတ္ဘဲ ေႁခြသြားမွာ စိုးရိမ္ရတာလည္း ဒုကၡတစ္မ်ိဳးပဲ"
(ဆြတ္=ခူး)
"အံမယ္ ေျပာခ်င္တာက နင္က အဆြတ္ခံခ်င္ တဲ့သူ ရွိတဲ့ သေဘာလား"
"နင္သိပါတယ္ ငါက သူမဆြတ္ခင္တည္းက ညြတ္ေနၿပီးလ်က္သား ျဖစ္ေနၿပီ"
ပန္းပြင့္ရဲ႕ ေနာက္ဆံုးပြင့္လႊာ တစ္ခ်ပ္ကို ညီက ကူေကာက္ေပးသည္။ ေဆာင္းေလးကလည္း အျမန္ေကာက္ေတာ့ လာဖ်ားႏွစ္ခု ရိုက္ခက္၍ မ်က္ဝန္းႏွစ္စံု မုန္တိုင္းထန္သည္။ ခံစားခ်က္ေတြက ရိုလာကိုစတာ စီးရသလို မူးေနာက္ေနာက္ ေဝေတေတ။
"ဟ နင္က ညြတ္ေနၿပီဆိုရင္ ဘယ္သူမွ မေတြ႕ခင္ ငါဆြတ္မွပဲ"
"ဆြတ္ၿပီးရင္ ထာဝရ သိမ္းထားခံခ်င္တဲ့စိတ္ သူ႔ရဲ႕ပန္းသခင္မ ျဖစ္ခ်င္တဲ့စိတ္ကို တာဝန္ယူ မွာလား ေျပာ"
"အဲ့ဒါကေတာ့ လုပ္မေနနဲ႔ ဘယ္ေလာက္ခ်စ္ခ်စ္ သခင္မျဖစ္ျဖစ္ ဖူးစာပါမွ ညားၾကတာ က်န္စစ္သားက သူငယ္ခ်င္းျဖသ္တဲ့ ငရမကန္းအေပၚ ဘယ္ေလာက္ သစၥာရွိုၿပီး ခ်စ္သလဲ သူတို႔ ညားတာမွ မဟုတ္တာ အခ်စ္က ဘဝႀကီး မဟုတ္ဘူး"
"သူတို႔အခ်စ္က ညားစရာလား နင္ကေလ ေပါက္ကရ ေျပာေတာ့မယ္"
"ေအး အဲ့ဒါက ငါေပါက္ကရေျပာတာ။ နင့္ကို ခ်စ္တယ္လို႔ အခုေျပာလိုက္တာကေတာ့ အတည္"
"ေတဇ....."
"ငါအတည္ ေျပာေနတာ ေဆာင္းေလး"
လက္ႏွစ္ဖက္ကို ဆုပ္ယူထားေတာ့ အံက်ေနတဲ့ လက္ဖ်ားေလးေတြက ရုန္းမေန။ မ်က္ဝန္းအိမ္က ရႊန္းစို၍ ရွက္ေသြးေၾကာေလးေတြ ပါးျပင္ထက္က ေခ်ာင္းၾကည့္ေနၾကသည္။ ညီ သိလိုက္ပါၿပီ။ ဒီရာသီဥတုႀကီးက ညီ့ဘက္မွာပါ။ အိမ္ျပန္ခ်ိန္ လမ္းေတြဟာ အေရာင္ဆိုး၍ လွပသာယာ ေနေတာ့မည္။ ႏႈတ္ဆက္စကားေတြမွာ လြမ္းဆြတ္ျခင္း ေရာေနေတာ့မည္။ စိတ္ထဲမွာ
ေဇသုခကို အားနာမိသည္။ ခ်စ္စရာေကာင္းတဲ့ ေကာင္မေလးကို ခ်စ္စကား ေျပာမိတာ ညီမမွားေလဘူးမလား။
____________________________________________________________________________
"မမ နင့္ကို ပိုင္ရွင္က ခ်စ္လို႔တဲ့ "
"ညီ..." "သားသား"
သံုးေယာက္မ်က္ႏွာခ်င္းဆိုင္ ေကာ္ဖီဆိုင္ ထိုင္ေနရာက ညီ့ရဲ႕ ထေျပာစကားေၾကာင့္ မမက ဆိုင္ထဲကပဲ ထြက္ေျပးေတာ့မလို။ ပိုင္ရွင္က ညီ့ကို စားေတာ့မလို ဝါးေတာ့မလို ၾကည့္ေနသည္။
"ဘာျဖစ္လို႔လဲ မင္းတို႔ႏွစ္ေယာက္ မပြင့္လင္းလို႔ ငါေျပာေပးတာ ငါ့ေတာင္ ေက်းဇူးတင္သင့္တယ္"
"သားသား နင္ကေတာ့ေလ ငါျပန္ေတာ့မယ္"
"သြန္း"
ထထြက္အံ့ဆဲဆဲ လက္ကို ပိုင္ရွင္က လွမ္းဆြဲ တားယူသည္။ မမကို ထိုင္ခံုမွာ ျပန္ထိုင္ေစၿပီးမွ
စကားဆက္သည္။
"ကၽြန္ေတာ္ကိုယ္တိုင္ သြန္းကို ဝန္ခံစရာ ရွိပါတယ္။ ညီ စာေမးပြဲ ၿပီးမွ ကၽြန္ေတာ္တို႔ ေအးေအးေဆးေဆး ေတြ႕ၾကရေအာင္ သြန္းက ေစာင့္မယ္မလား"
"ေစာင့္တာေတာ့ မဟုတ္ပါဘူး။ သားသား စာေမးပြဲ ၿပီးတဲ့အခ်ိန္ ပိုင္ရွင္ ကံေကာင္းပါေစ"
ကံေကာင္းပါေစ ေျပာကာ ထြက္သြားေပမယ့္ အရိပ္အေယာင္က ကံေကာင္းမွာပါ ဆိုတဲ့ အဓိပၸါယ္ ပံုေပၚေနခဲ့သည္။
"အပိုေတြ ခ်စ္တာမ်ား အခ်ိန္ဆြဲ ရတယ္လို႔ မင္းတို႔ႏွစ္ေယာက္က်မွာပဲ ၾကားဖူးတယ္"
"သြန္း ရွက္သြားမယ္လို႔ မင္းၿကိဳမေတြးမိ ဘူးလား
ညီ ဘာလုပ္လုပ္ ေလးေလးနက္နက္ကို မရွိတာ မင္းက"
"ေစတနာနဲ႔ ကူညီတာကို ေက်းဇူးမတင္ခ်င္ေန
လာမရမ္းနဲ႔"
"ေတာ္စမ္းပါကြာ "
"မင္း မမကို မႀကိဳက္လို႔လား ပိုင္ရွင္"
"သြန္းက ႀကိဳက္ရေအာင္ သက္မဲ့အရာ တစ္ခု
မဟုတ္ဘူး ညီ"
"ဒါဆို မင္းက ခ်စ္တာေပါ့ ဟုတ္လား"
စိတ္တိုစရာ ေကာင္းေအာင္ ညီသိခ်င္တဲ့ အေျဖကို
ပိုင္ရွင္ ဖြင့္မျပခဲ့။ "ေသာက္ၿပီးရင္ ျပန္ရေအာင္"ဟု
ေျပာကာ ထထြက္သြားသည္။ ခ်စ္တဲ့ ကိစၥမ်ား အဆန္းလုပ္ေနတာ သူလုပ္ကာမွ ခ်စ္တာႀကီးက ႀကီးက်ယ္သြားလိုက္တာဟု ေတြးလိုက္မိသည္။
____________________________________________________________________________
ဆယ္တန္းစာေမးပြဲႀကီး ၿပီးတဲ့ေန႔ ေဇသုခတို႔ ေမာင္ႏွမ ႏွစ္ေယာက္နဲ႔ ေလၽွာက္လည္ ၾကသည္။
"သူေတာင္းစား ငါအတန္တန္ မွာထားတဲ့ ၾကားထဲကေနာ္ "
"မင္းကလည္း ခ်စ္တာကိုး"
"ထြီ...မင္းမခ်စ္ခဲ့တဲ့ ရည္းစားရွိရင္ ေျပာစမ္းကြာ"
"ေအး ငါ့ႏွလံုးသားက က်ယ္တယ္ကြ ဒါကို လက္မခံၾကလို႔သာ ထြက္သြားၾကတာ ဒီႏွလံုးသားႀကီးမွာေလ လူအမ်ားႀကီး ဆန္႔တာကို မသိၾကဘူး။ တစ္ေယာက္ဝင္လာရင္ အရင္တစ္ေယာက္က ေနရာဖယ္ေပးၾကတယ္။
တစ္ကယ္ေတာ့ ငါက အကုန္လံုးကို တစ္ကယ္ ခ်စ္ပါတယ္ကြာ"
"ဘာေျပာတယ္ ေတဇ အစက ေသခ်ာ ျပန္ေျပာ စမ္းပါဦး"
"စကားဆံုးေအာင္ နားေထာင္ေလ ေဆာင္းကလည္း အခုေတာ့ တစ္ေယာက္တည္းကို အပိုင္ေပးလိုက္ၿပီလို႔"
ေဘးက ရန္စြာေနတဲ့ ေဆာင္းေလးရဲ႕ နဖူးကို လက္ဖ်ားနဲ႔ မနာေအာင္ ေတာက္၍ ေျပာေတာ့
ေဆာင္းေလးက သေဘာက်ျပန္သည္။
"ေအး မင္းတို႔ ေရွ႕မွာ ရွိေနတာ မင္းတို႔ရဲ႕ အစ္ကိုႀကီးေနာ္ ၾကည့္ေနၾကည့္ထိုင္ စပါးေမႊးစူးလာရင္ အကုန္ရိတ္ ပစ္မယ္ ဘာမွတ္ေနလဲ"
"သားႀကီးရာ အားက်ေနမယ့္အစား မင္းလည္း တစ္ေယာက္ေလာက္ ထားေလ"
"ေတာ္စမ္းပါ မင္းကိုၾကည့္ၿပီး စိတ္ေလလို႔ မထားတာ"
လမ္းမီးေတြ ထြန္းခ်ိန္မွ အိမ္ျပန္ခဲ့ၾကသည္။ တစ္ေယာက္နဲ႔ တစ္ေယာက္ စေနာက္ရင္း ေပ်ာ္စရာ ေကာင္းလွသည္။ ဆယ္တန္းဆိုတဲ့ ဝန္ထုပ္ ခ်ၿပီးစ အခ်ိန္က ေလွာင္အိမ္လႊတ္တဲ့ ငွက္လို ေပါ့ပါးေနသည္။
ေဇသုခတို႔ကို အိမ္ထိလိုက္ပို႔ၿပီး ႏႈတ္ဆက္တဲ့အခ်ိန္ ေဆာင္းေလးရဲ႕ နဖူးကို နမ္းေတာ့ ေဇသုခ လိုက္ထိုး၍ မနည္း ေျပးခဲ့ရသည္။
ညီ ခ်စ္တတ္ေနၿပီလား။ ညီလည္း မသိ။ အခ်စ္ဆိုတာႀကီးကို အေတြးအေခၚ ပညာရွင္ ေတြကလည္း အဓိပၸါယ္ မသတ္မွတ္ခဲ့။ လကမၻာ သြားႏိုင္ေအာင္ ႀကိဳးစားေနၾကတဲ့ သိပၸံပညာရွင္ ေတြကလည္း အခ်စ္ကို ထုထည္ႏွင့္ ေဖာ္ျပႏိုင္ ေအာင္ မႀကိဳးစားခဲ့ေတာ့ ညီအတြက္ သိဖို႔ မခက္ေပဘူးလားေလ။
အာဒံႏွင့္ ဧဝကို ေမးဖို႔လည္း မျဖစ္။ ဒႆဆီသြား အင္တာဗ်ဴးဖို႔က ေဝး။
ရိုမီရိုနဲ႔ ဂ်ဴးလီယက္ ကေရာ ဘယ္ဆီ ရွာရပါ့။
ဒီေတာ့ ညီ့အတြက္ အခ်စ္ဆိုသည္မွာ ခ်စ္စရာေကာင္းတဲ့ ေကာင္မေလးသာ ျဖစ္သည္။
______________________________________
အိမ္နားေရာက္ေတာ့ မမနဲ႔အတူ အရပ္ရွည္ရွည္နဲ႔ ေယာက်ာ္းတစ္ေယာက္ အတူယွဥ္ေလၽွာက္ ေနသည္။ ထိုသူသည္...........
မမ ျခံထဲဝင္သည့္အထိ လက္ျပေနေသာ ထိုသူရဲ႕ လွည့္ျပန္လာတဲ့ ေျခလွမ္းေတြက ညီ့ရွိရာကို ဦးတည္ ေနသည္။ ညီ့ဆီကို အျပံဳးတစ္ခု အေရာက္ပို႔သည္။ ေမးေစ့ကအခ်ိဳင့္ေလး ခြက္ခနဲဝင္သြားတဲ့ အျပံဳးေလးကို ညီ ဖမ္းဆုပ္ ခ်င္ေနတာလား မေျပာတတ္။ အျပံဳးေလးကို လက္လႊတ္ လိုက္ရသလို ရင္ထဲက စူးနင့္ေနသည္ ။
"ေျဖႏိုင္တယ္ဆိုညီ ငါ့ကို ဖုန္းေလးေတာ့ ဆက္တာ မဟုတ္ဘူး"
"မင္း မမကို ဖုန္းဆက္ ေမးမွာ ငါသိေနတာပဲကို"
"မင္းမဆက္ေတာ့ ငါက ေမးရတာေပါ့"
"ဘယ္လိုလဲ မမဆီမွာ ဝန္ခံ ၿပီးၿပီလား"
"အင္း ဆိုပါေတာ့ ေနာက္က်ေနၿပီ ျပန္ေတာ့မယ္ ညီ"
ထြက္သြားတဲ့ ပိုင္ရွင့္ ေက်ာျပင္ကို ညီ ပထမဆံုး ေငးၾကည့္မိသည္။ ၿပီးေတာ့ ပထမဆံုး.........
_______________________________
"မမ နင့္ကို ပိုင္ရွင္ ဝန္ခံသြားၿပီဆို"
"နင္ဘယ္လိုသိလဲ"
"ပိုင္ရွင္နဲ႔ လမ္းထိပ္မွာေတြ႕တာ"
"ဟုတ္တယ္ သူက ရုပ္တည္ႀကီးနဲ႔ ေျပာတာ သိလား သားသား ငါျဖင့္ လန္႔သြားတာပဲ"
"နင္က ဘာျပန္ေျပာခဲ့လဲ"
"အရင္ စဥ္းစားမယ္ ေျပာတာ သူက အခ်စ္ဆိုတာ စဥ္းစားစရာ မလိုဘူးတဲ့။ ကၽြန္ေတာ္တို႔ၾကား စဥ္းစားစရာ မလိုေအာင္ အခ်ိန္ေတြ နီးစပ္ခဲ့ၿပီးၿပီတဲ့။ အခုခ်စ္ရင္ သြန္းတစ္ကယ္ ကၽြန္ေတာ့္ကို ခ်စ္တာ။ အခုမခ်စ္ဘူး ဆိုရင္ ကၽြန္ေတာ့္ကို ဘယ္ေတာ့မွ ခ်စ္မွာ မဟုတ္ဘူး ဆိုၿပီး ေအးစက္စက္နဲ႔ ေျပာေရာ"
"အဲ့ဒီေတာ့"
"ဟဲ ဟဲ ငါတို႔ ခ်စ္သူေတြ ျဖစ္သြားေရာ"
မမ ျပံဳးေပ်ာ္၍ သူ႔အိပ္ခန္းဆီ ေျပးသြားသည္။
ညီက ေခတၱမၽွ ဧည့္ခန္းမွာ ၿငိမ္သက္ေနမိဆဲ။
ေမေမ ေရခ်ိဳးခိုင္းမွ အခန္းဆီ တက္လာခဲ့သည္။
စာၾကည့္ခံုက ညီနားမလည္တဲ့ YTUေက်ာင္းသား တစ္ေယာက္ရဲ႕ ဖတ္စာအုပ္ေတြ ရွင္းေနသည္။
ကုတင္ညာဖက္ေထာင္က အဝတ္သတၱာေရာ ညီရွာေဖြမရေတာ့။ အဝတ္ေတြ ခၽြတ္ၿပီး ပစ္တင္ကာ ေရခ်ိဳခန္းထဲ ဝင္လာခဲ့သည္။
အခ်ိန္အၾကာႀကီး ေရပန္းေအာက္ ေနေပမယ့္ အျပင္က ၾကာလြန္း၍ တံခါးထုသံ မၾကားရေတာ့။
ညခင္းဘက္ အိပ္ခ်ိန္ေရာက္ ျပန္ေတာ့ ကုတင္ႀကီးက ညီ့တစ္ေယာက္တည္းအတြက္ က်ယ္ေနသည္။
မရွိေစခ်င္တဲ့ လူတစ္ေယာက္ ယုတ္ေလ်ာ့သြား ေပမယ့္ ညီဘာေၾကာင့္ မေပ်ာ္ဘဲ ျဖစ္ေနရသည္ကို
နားမလည္ႏိုင္။
အိပ္မေပ်ာ္ ျဖစ္ေန၍ ဝရံတာဆီ ထြက္ရပ္ေတာ့
ျခံထဲ ဖုန္းေျပာေနတဲ့ မမကို ေတြ႕ရသည္။ ေဆာင္းေလးဆီက ဝင္ေနတဲ့ ဖုန္းကို ညီျပန္ေျဖ ခ်င္စိတ္က မရွိ။
ငါဘာေတြ ျဖစ္ေနတာလဲ။
ညီေတဇ မင္းဘာေတြ ျဖစ္ေနတာလဲ။
____________________________________________________________________________
#############################
Unicode
"ညီရာ မင်းကတော့ "
မနိုင်သလို ပိုင်ရှင်က ပြောသည်။
"နွားပြာကြီး အောက်သွားလာဖြဲ ပြမနေနဲ့ မေးတာဖြေကွာ"
အဖြေ မပါတဲ့ မေးခွန်းဟာ အေးစက်စက် အကြည့်နဲ့ အရောင်ချယ်တဲ့အခါ လူလာကူးခက်နေတဲ့ ပန်းပွင့်မှလိပ်ပြာလေးများ ထပျံသွားသည်။ လေတစ်ချက် ဝှေ့ခနဲ ကလူ သွားသည်။ အေးစက်တဲ့ အကြည့်အောက်မှာ ညီက ကြောင်တောင်တောင် ငေးခဲ့ရသည်။
"ရတယ်လေ မဖြေချင်လည်းနေ တိတ်ဆိတ်ခြင်းသည် ဝန်ခံခြင်းတဲ့
ငါကူညီ ပေးမယ် သိလား ပိုင်ရှင်
ငါ့မမ ငါပိုင်ပြီးသား"
"စာရပြီလား အလွတ်ရေးရမယ် လာသွားမယ်
ငါမင်းနားမှာ မရှိရင် မင်းက စာကို မလုပ်တော့ပါ ညီရာ သံပတ်ရုပ် ကျနေတာပဲ"
ခပ်တင်းတင်း စကားဆို၍ ကော်ဖီခွက်ကိုင် ထသွားတဲ့ လူက ဝန်ခံသွားတာလား။ စာမလုပ်လို့ စိတ်ပျက် သွားတာလား ။ ညီ မတွေးတတ်။ တွေးမိသည်ကကျူးပစ်ဆိုတဲ့ ဘော်ဒါကြီးဟာ လေးကို အသင့် ဆွဲထားဖို့ ကောင်းနေပြီ။ ညီက သားကောင်ဆီ ရောက်အောင် ကျူးပစ်လမ်းညွှန် လုပ်ပေးဖို့ စိတ်အား ထက်သန်နေခဲ့ပြီလေ။
"ပိုင်ရှင် မနက်ဖြန် မင်းလိုက်မလား"
အခန်းထဲ စာအလွတ်ရေးခိုင်းပြီး တိတ်ဆိတ်နေတော့လည်း မနေတတ်၍ ညီကပဲ စကားစလိုက်ရသည်။
"ဘာအခွင့်အရေးတွေ တောင်းဆိုချင်ပြန်ပြီလဲ
ညီ "
"ဖြစ်ရတယ် ငါက သမင်ပေါက်စားဖို့ စောင့်ချောင်းနေတဲ့ ကျားကြီး ကျနေတာပဲ အခွင့်အရေးလိုချင်မှ မေးရမှာလား"
"အင်းလေ မင်းက အကျိုးလိုမှ ညောင်ရေလောင်းနေကျပဲ မဟုတ်ဘူးလား"
"လဲသေ ဆောင်းလေးနဲ့ နှစ်ယောက်တည်းမို့လို့ ခေါ်တာ မလိုက်လည်းနေ"
"မလိုက်ဘူး ဦးနွေဆီ သွားမလို့"
"အိုကေ အိုကေ ဘေးဘေသဘော"
ညီ အပြောင်အပျက်ပြောတော့ ပိုင်ရှင် မျက်နှာရှုတည်နှင့် စိုက်ကြည့်သည်။ပြီးမှ
"အခုစာသာရအောင်ကျက်"ဟုဆိုသည်။
____________________________________________________________________________
ကြည့်သမျှက လှနေသည်။ မဟုတ် လှသမျှကို လိုက်ကြည့်နေမိတာ ဖြစ်နိုင်သည်။ ဂျန်းရှင်းစီးတီးမှာ တွေ့သမျှ တော်တော်များများက အရင်ဘဝက ပပဝတီလို ဆုပန်မခြွေ ခဲ့ကြရင်တောင် ပပဝတီနီးပါး ဆုပန်ခဲ့ကြသည် ထင်ရသည်။
"အေး အေး ကျွတ်ကျမယ် အလုံးက ဖြည်းဖြည်းလည်း ကြည့်ဦး"
တွေ့သမျှ လှနေတာထက် ဘေးက ဆောင်းက ချစ်စရာကောင်းသည်။ ပန်းရောင်ဆေးကူထားတဲ့ နှုတ်ခမ်းထွေထွေလေးနဲ့ ပန်းနုရောင်ခြယ် ပါးဖောင်းဖောင်းလေးက ပနံသင့်နေသည်။
"ရုပ်ရှင်က ဘယ်အချိန်လဲ နင့်မုန့်တွေကလည်း မုန့်စားမှာလား ရုပ်ရှင်ကြည့်မှာလား"
"မုန့်စားရင်း ရုပ်ရှင် ကြည့်မှာ"
"အေး ကောင်းတယ် "
မြင့်မြတ်ရဲ့ ဂျင်းကောင်မှ မကြည့်ရရင် လူဖြစ်ရှုံးတော့မည့်အတိုင်း ဆောင်းလေးက ပူဆာ လွန်းနေ၍ ညီတေဇ အိမ်ကို မရမက ပြောကာ လိုက်ပြ ပေးခြင်း ဖြစ်သည်။ ဆောင်းလေးနဲ့ ရုပ်ရှင်ကြည့်ချင်တဲ့ စိတ်ကလည်း ပယောဂပါပေမယ့် လူသိမခံ ဆောင်းလေးကိုသာ ပုံချ၍ မေမေ့ကို တောင်းဆိုခဲ့ရသည်။
"ဆောင်းလေး မြင့်မြတ်က ဂျင်းကောင်ဆို နင်က မိတ်ဿလင်ကောင်ပဲ သိလား"
"ဘာဆိုင်တာကျနေတာပဲ"
"နင့်အဘနေက ပူနေတာ သီတာရေစင် ပတ်ဖျန်းနေတာ မဟုတ်ဘူးဟ ငါ့ကို
ဟိုရှေ့ရောက်ရင် အအေးဝယ်တိုက်မယ်ဆို ဘယ်မှာလဲ"
ပါးစပ်ကပြော လက်က ထီးကို ဆောင်းပေး ထားရသည်။ရုပ်ရှင်ကြည့်ပြီး ဗန္ဓုလပန်းခြံကိုမှ တကူးတက သွားချင်ပါတယ်ဆိုတော့ တက္ကဆီတားရင်း လမ်းလျှောက်လာတာ အချိုရှာသကာနဲ့တွေ့သလို သူငယ်ချင်းတစ်ယောက် ကားနှင့်တွေ့သည်။ ကားကြုံလိုက်ကာမှ နောက်ကြည့်မှန်က ဆောင်းလေးကို လှမ်းလှမ်း ကြည့်နေတဲ့ ငနဲသားကြောင့် ခွေးဝမ်းသာအောင် လေလည်ပြ သလို ဖြစ်နေပြီဟု ကြိတ်တွေးမိရင်း စိတ်ကမကြည်။
"ဆောင်းလေးရာ နင်နဲ့ လမ်းသွားရတာ အညှီရှိရာ ယင်အုံတယ်"
"ဘာ ငါ့ကို အညှီလို့ ပြောလိုက်တာလား တေဇ"
"မဟုတ်လို့လား အကောင်တွေက နင့်ကိုဆို ငမ်းတာ စမြုပ်ပြန်နေတဲ့ နွားသိုးကြီး ကျနေတာပဲ
သရေတမြားမြား နဲ့"
"ဒါကတော့ ကိုယ်ကုသိုလ်နဲ့ ကိုယ်လေဟာ"
"တော်စမ်းပါ"
ပန်းခြံထဲ အဝါရောင်ပန်းတစ်ပွင့်ကို ဆက်ခနဲ စောင့်ဆွဲ၍ တစ်လွှာချင်း ခြွေချလိုက်တော့ ဆောင်းလေးက ပွင့်လွှာလေးကို ကောက်ယူသည်။
"တစ်ကယ်တော့ မိန်းကလေးတစ်ယောက် ဘယ်လောက်လှလှ ဒီပန်းလေးလို ခြွေမယ့်သူ၊ဆွတ်ပန်မယ့်သူ၊ ကြွေမယ့်ချိန် ကို စောင့်နေရတာ ပါပဲဟာ ကိုယ်ဆွတ်စေချင်သူက လာမဆွတ်ဘဲ ခြွေသွားမှာ စိုးရိမ်ရတာလည်း ဒုက္ခတစ်မျိုးပဲ"
(ဆွတ်=ခူး)
"အံမယ် ပြောချင်တာက နင်က အဆွတ်ခံချင် တဲ့သူ ရှိတဲ့ သဘောလား"
"နင်သိပါတယ် ငါက သူမဆွတ်ခင်တည်းက ညွတ်နေပြီးလျက်သား ဖြစ်နေပြီ"
ပန်းပွင့်ရဲ့ နောက်ဆုံးပွင့်လွှာ တစ်ချပ်ကို ညီက ကူကောက်ပေးသည်။ ဆောင်းလေးကလည်း အမြန်ကောက်တော့ လာဖျားနှစ်ခု ရိုက်ခက်၍ မျက်ဝန်းနှစ်စုံ မုန်တိုင်းထန်သည်။ ခံစားချက်တွေက ရိုလာကိုစတာ စီးရသလို မူးနောက်နောက် ဝေတေတေ။
"ဟ နင်က ညွတ်နေပြီဆိုရင် ဘယ်သူမှ မတွေ့ခင် ငါဆွတ်မှပဲ"
"ဆွတ်ပြီးရင် ထာဝရ သိမ်းထားခံချင်တဲ့စိတ် သူ့ရဲ့ပန်းသခင်မ ဖြစ်ချင်တဲ့စိတ်ကို တာဝန်ယူ မှာလား ပြော"
"အဲ့ဒါကတော့ လုပ်မနေနဲ့ ဘယ်လောက်ချစ်ချစ် သခင်မဖြစ်ဖြစ် ဖူးစာပါမှ ညားကြတာ ကျန်စစ်သားက သူငယ်ချင်းဖြသ်တဲ့ ငရမကန်းအပေါ် ဘယ်လောက် သစ္စာရှိုပြီး ချစ်သလဲ သူတို့ ညားတာမှ မဟုတ်တာ အချစ်က ဘဝကြီး မဟုတ်ဘူး"
"သူတို့အချစ်က ညားစရာလား နင်ကလေ ပေါက်ကရ ပြောတော့မယ်"
"အေး အဲ့ဒါက ငါပေါက်ကရပြောတာ။ နင့်ကို ချစ်တယ်လို့ အခုပြောလိုက်တာကတော့ အတည်"
"တေဇ....."
"ငါအတည် ပြောနေတာ ဆောင်းလေး"
လက်နှစ်ဖက်ကို ဆုပ်ယူထားတော့ အံကျနေတဲ့ လက်ဖျားလေးတွေက ရုန်းမနေ။ မျက်ဝန်းအိမ်က ရွှန်းစို၍ ရှက်သွေးကြောလေးတွေ ပါးပြင်ထက်က ချောင်းကြည့်နေကြသည်။ ညီ သိလိုက်ပါပြီ။ ဒီရာသီဥတုကြီးက ညီ့ဘက်မှာပါ။ အိမ်ပြန်ချိန် လမ်းတွေဟာ အရောင်ဆိုး၍ လှပသာယာ နေတော့မည်။ နှုတ်ဆက်စကားတွေမှာ လွမ်းဆွတ်ခြင်း ရောနေတော့မည်။ စိတ်ထဲမှာ
ဇေသုခကို အားနာမိသည်။ ချစ်စရာကောင်းတဲ့ ကောင်မလေးကို ချစ်စကား ပြောမိတာ ညီမမှားလေဘူးမလား။
____________________________________________________________________________
"မမ နင့်ကို ပိုင်ရှင်က ချစ်လို့တဲ့ "
"ညီ..." "သားသား"
သုံးယောက်မျက်နှာချင်းဆိုင် ကော်ဖီဆိုင် ထိုင်နေရာက ညီ့ရဲ့ ထပြောစကားကြောင့် မမက ဆိုင်ထဲကပဲ ထွက်ပြေးတော့မလို။ ပိုင်ရှင်က ညီ့ကို စားတော့မလို ဝါးတော့မလို ကြည့်နေသည်။
"ဘာဖြစ်လို့လဲ မင်းတို့နှစ်ယောက် မပွင့်လင်းလို့ ငါပြောပေးတာ ငါ့တောင် ကျေးဇူးတင်သင့်တယ်"
"သားသား နင်ကတော့လေ ငါပြန်တော့မယ်"
"သွန်း"
ထထွက်အံ့ဆဲဆဲ လက်ကို ပိုင်ရှင်က လှမ်းဆွဲ တားယူသည်။ မမကို ထိုင်ခုံမှာ ပြန်ထိုင်စေပြီးမှ
စကားဆက်သည်။
"ကျွန်တော်ကိုယ်တိုင် သွန်းကို ဝန်ခံစရာ ရှိပါတယ်။ ညီ စာမေးပွဲ ပြီးမှ ကျွန်တော်တို့ အေးအေးဆေးဆေး တွေ့ကြရအောင် သွန်းက စောင့်မယ်မလား"
"စောင့်တာတော့ မဟုတ်ပါဘူး။ သားသား စာမေးပွဲ ပြီးတဲ့အချိန် ပိုင်ရှင် ကံကောင်းပါစေ"
ကံကောင်းပါစေ ပြောကာ ထွက်သွားပေမယ့် အရိပ်အယောင်က ကံကောင်းမှာပါ ဆိုတဲ့ အဓိပ္ပါယ် ပုံပေါ်နေခဲ့သည်။
"အပိုတွေ ချစ်တာများ အချိန်ဆွဲ ရတယ်လို့ မင်းတို့နှစ်ယောက်ကျမှာပဲ ကြားဖူးတယ်"
"သွန်း ရှက်သွားမယ်လို့ မင်းကြိုမတွေးမိ ဘူးလား
ညီ ဘာလုပ်လုပ် လေးလေးနက်နက်ကို မရှိတာ မင်းက"
"စေတနာနဲ့ ကူညီတာကို ကျေးဇူးမတင်ချင်နေ
လာမရမ်းနဲ့"
"တော်စမ်းပါကွာ "
"မင်း မမကို မကြိုက်လို့လား ပိုင်ရှင်"
"သွန်းက ကြိုက်ရအောင် သက်မဲ့အရာ တစ်ခု
မဟုတ်ဘူး ညီ"
"ဒါဆို မင်းက ချစ်တာပေါ့ ဟုတ်လား"
စိတ်တိုစရာ ကောင်းအောင် ညီသိချင်တဲ့ အဖြေကို
ပိုင်ရှင် ဖွင့်မပြခဲ့။ "သောက်ပြီးရင် ပြန်ရအောင်"ဟု
ပြောကာ ထထွက်သွားသည်။ ချစ်တဲ့ ကိစ္စများ အဆန်းလုပ်နေတာ သူလုပ်ကာမှ ချစ်တာကြီးက ကြီးကျယ်သွားလိုက်တာဟု တွေးလိုက်မိသည်။
____________________________________________________________________________
ဆယ်တန်းစာမေးပွဲကြီး ပြီးတဲ့နေ့ ဇေသုခတို့ မောင်နှမ နှစ်ယောက်နဲ့ လျှောက်လည် ကြသည်။
"သူတောင်းစား ငါအတန်တန် မှာထားတဲ့ ကြားထဲကနော် "
"မင်းကလည်း ချစ်တာကိုး"
"ထွီ...မင်းမချစ်ခဲ့တဲ့ ရည်းစားရှိရင် ပြောစမ်းကွာ"
"အေး ငါ့နှလုံးသားက ကျယ်တယ်ကွ ဒါကို လက်မခံကြလို့သာ ထွက်သွားကြတာ ဒီနှလုံးသားကြီးမှာလေ လူအများကြီး ဆန့်တာကို မသိကြဘူး။ တစ်ယောက်ဝင်လာရင် အရင်တစ်ယောက်က နေရာဖယ်ပေးကြတယ်။
တစ်ကယ်တော့ ငါက အကုန်လုံးကို တစ်ကယ် ချစ်ပါတယ်ကွာ"
"ဘာပြောတယ် တေဇ အစက သေချာ ပြန်ပြော စမ်းပါဦး"
"စကားဆုံးအောင် နားထောင်လေ ဆောင်းကလည်း အခုတော့ တစ်ယောက်တည်းကို အပိုင်ပေးလိုက်ပြီလို့"
ဘေးက ရန်စွာနေတဲ့ ဆောင်းလေးရဲ့ နဖူးကို လက်ဖျားနဲ့ မနာအောင် တောက်၍ ပြောတော့
ဆောင်းလေးက သဘောကျပြန်သည်။
"အေး မင်းတို့ ရှေ့မှာ ရှိနေတာ မင်းတို့ရဲ့ အစ်ကိုကြီးနော် ကြည့်နေကြည့်ထိုင် စပါးမွှေးစူးလာရင် အကုန်ရိတ် ပစ်မယ် ဘာမှတ်နေလဲ"
"သားကြီးရာ အားကျနေမယ့်အစား မင်းလည်း တစ်ယောက်လောက် ထားလေ"
"တော်စမ်းပါ မင်းကိုကြည့်ပြီး စိတ်လေလို့ မထားတာ"
လမ်းမီးတွေ ထွန်းချိန်မှ အိမ်ပြန်ခဲ့ကြသည်။ တစ်ယောက်နဲ့ တစ်ယောက် စနောက်ရင်း ပျော်စရာ ကောင်းလှသည်။ ဆယ်တန်းဆိုတဲ့ ဝန်ထုပ် ချပြီးစ အချိန်က လှောင်အိမ်လွှတ်တဲ့ ငှက်လို ပေါ့ပါးနေသည်။
ဇေသုခတို့ကို အိမ်ထိလိုက်ပို့ပြီး နှုတ်ဆက်တဲ့အချိန် ဆောင်းလေးရဲ့ နဖူးကို နမ်းတော့ ဇေသုခ လိုက်ထိုး၍ မနည်း ပြေးခဲ့ရသည်။
ညီ ချစ်တတ်နေပြီလား။ ညီလည်း မသိ။ အချစ်ဆိုတာကြီးကို အတွေးအခေါ် ပညာရှင် တွေကလည်း အဓိပ္ပါယ် မသတ်မှတ်ခဲ့။ လကမ္ဘာ သွားနိုင်အောင် ကြိုးစားနေကြတဲ့ သိပ္ပံပညာရှင် တွေကလည်း အချစ်ကို ထုထည်နှင့် ဖော်ပြနိုင် အောင် မကြိုးစားခဲ့တော့ ညီအတွက် သိဖို့ မခက်ပေဘူးလားလေ။
အာဒံနှင့် ဧဝကို မေးဖို့လည်း မဖြစ်။ ဒဿဆီသွား အင်တာဗျူးဖို့က ဝေး။
ရိုမီရိုနဲ့ ဂျူးလီယက် ကရော ဘယ်ဆီ ရှာရပါ့။
ဒီတော့ ညီ့အတွက် အချစ်ဆိုသည်မှာ ချစ်စရာကောင်းတဲ့ ကောင်မလေးသာ ဖြစ်သည်။
______________________________________
အိမ်နားရောက်တော့ မမနဲ့အတူ အရပ်ရှည်ရှည်နဲ့ ယောကျာ်းတစ်ယောက် အတူယှဉ်လျှောက် နေသည်။ ထိုသူသည်...........
မမ ခြံထဲဝင်သည့်အထိ လက်ပြနေသော ထိုသူရဲ့ လှည့်ပြန်လာတဲ့ ခြေလှမ်းတွေက ညီ့ရှိရာကို ဦးတည် နေသည်။ ညီ့ဆီကို အပြုံးတစ်ခု အရောက်ပို့သည်။ မေးစေ့ကအချိုင့်လေး ခွက်ခနဲဝင်သွားတဲ့ အပြုံးလေးကို ညီ ဖမ်းဆုပ် ချင်နေတာလား မပြောတတ်။ အပြုံးလေးကို လက်လွှတ် လိုက်ရသလို ရင်ထဲက စူးနင့်နေသည် ။
"ဖြေနိုင်တယ်ဆိုညီ ငါ့ကို ဖုန်းလေးတော့ ဆက်တာ မဟုတ်ဘူး"
"မင်း မမကို ဖုန်းဆက် မေးမှာ ငါသိနေတာပဲကို"
"မင်းမဆက်တော့ ငါက မေးရတာပေါ့"
"ဘယ်လိုလဲ မမဆီမှာ ဝန်ခံ ပြီးပြီလား"
"အင်း ဆိုပါတော့ နောက်ကျနေပြီ ပြန်တော့မယ် ညီ"
ထွက်သွားတဲ့ ပိုင်ရှင့် ကျောပြင်ကို ညီ ပထမဆုံး ငေးကြည့်မိသည်။ ပြီးတော့ ပထမဆုံး.........
_______________________________
"မမ နင့်ကို ပိုင်ရှင် ဝန်ခံသွားပြီဆို"
"နင်ဘယ်လိုသိလဲ"
"ပိုင်ရှင်နဲ့ လမ်းထိပ်မှာတွေ့တာ"
"ဟုတ်တယ် သူက ရုပ်တည်ကြီးနဲ့ ပြောတာ သိလား သားသား ငါဖြင့် လန့်သွားတာပဲ"
"နင်က ဘာပြန်ပြောခဲ့လဲ"
"အရင် စဉ်းစားမယ် ပြောတာ သူက အချစ်ဆိုတာ စဉ်းစားစရာ မလိုဘူးတဲ့။ ကျွန်တော်တို့ကြား စဉ်းစားစရာ မလိုအောင် အချိန်တွေ နီးစပ်ခဲ့ပြီးပြီတဲ့။ အခုချစ်ရင် သွန်းတစ်ကယ် ကျွန်တော့်ကို ချစ်တာ။ အခုမချစ်ဘူး ဆိုရင် ကျွန်တော့်ကို ဘယ်တော့မှ ချစ်မှာ မဟုတ်ဘူး ဆိုပြီး အေးစက်စက်နဲ့ ပြောရော"
"အဲ့ဒီတော့"
"ဟဲ ဟဲ ငါတို့ ချစ်သူတွေ
You are reading the story above: TeenFic.Net