အခန္း(၁)

Background color
Font
Font size
Line height

Zawgyi

တန္ခူးလ ဖက္ဆြတ္မိုးနံ႔ေလး သင္းေန၍ မေန႔က
သိၾကားမင္းတက္သြားခဲ့ၿပီ။ မိုးလင္းစ သႀကၤန္သီခ်င္းသံေတြ မေန႔ကအထိ ၾကားခဲ့ရေပမယ့္ ဒီေန႔ေတာ့ တရားသံေတြ ပ်ံ႕လြင္ေန၏။

ပိေတာက္ပန္းပြင့္ရံု မိုးေျပးေလာက္
ရြာတတ္ေသာ မိုးသားမ်ားက ဒီေန႔တြင္ ကင္းစင္ေနသည္။ ဒီအရြယ္ေရာက္သည့္ အထိ ႏွစ္ဆန္းတစ္ရက္ေန႔ မိုးမရြာတတ္။ ငယ္ငယ္ကလူႀကီးမ်ား မိုးတားထား၍ မရြာဟု ထင္ခဲ့ဖူးသည္။အခု အရြယ္ေရာက္ေတာ့ တိုက္ဆိုင္တာဟု ေတြးမိသည္။ ျမန္မာလူမ်ိဳးေတြ ကုသိုလ္ျပဳၾကတဲ့ရက္ျဖစ္၍ နတ္ေဒဝါမ်ား သာဓုေခၚခ်ိန္မို႔ မိုးရြာတဲ့နတ္မင္းႀကီး မအားဟု ေပါက္တတ္ကရ ေတြးတတ္ေသးသည္။

ဒီေန႔ ႏွစ္ဆန္းတစ္ရက္ေန႔ ျမန္မာအယူအဆအရ
ႏွစ္စမွ ေကာင္းမႈျပဳၾကမွ တစ္ႏွစ္လံုး ေကာင္းေသာ
အရာမ်ားႏွင့္ ျပည့္စံုတတ္သည္။  ညီေတဇ၏ ႏွစ္ဆန္းတစ္ရက္ေန႔မွာေတာ့

"မနက္ျဖန္ ေအာင္စာရင္းကြာ ငါအႀကီးႀကီး
ဂြမ္းေတာ့မွာပဲ"

ေမေမ အုန္းႏို႔ေခါက္ဆြဲခ်က္ၿပီး တစ္အိမ္တက္ဆင္း
ရင္ႏွီးသူ အိမ္တိုင္း လိုက္ပို႔ခိုင္း၍ ပို႔ေပးရာမွ ဆိုးေမႊေတေလ ပခံုဖက္ေပါင္း သူငယ္ခ်င္းႀကီး
ေဇသုခအိမ္ကို ခြဲတန္းလာပို႔ရသည္။ အေမျဖစ္သူ
မီးဖိုခန္းမွာ ခ်ိဳင့္လွယ္ ယူေနစဥ္ ရင္တြင္းခံစားခ်က္
ဖြင့္ဟ ေျပာေနၾကျခင္း။

"ငါတို႔ ဆယ္တန္း ေဘာ္ဒါ လိမ္တက္ခဲ့တာ
လူႀကီးေတြအစား ငါရင္နာလိုက္တာကြာ"

ငိုခ်င္မဲ့မဲ့ မ်က္ႏွာထားႏွင့္ ေျပာလာတဲ့ ေဇသုခ
ပခံုးေပၚ လက္တင္လိုက္၍

"ဘာမွ လာမေျပာနဲ႔ ငါတို႔မမွားဘူး။ ကိုးတန္းေအာင္မွာလား ေမးေတာ့ ေအာင္ခ်င္လို႔
ေအာင္မွာ ေျဖတာပဲေလ "

"ေနာက္ဆံုး ႏွစ္ဘာသာ မေျဖဘဲ ဂိမ္းဆိုင္သြားအိပ္ၿပီး ျပန္လာတာ ေအာင္ပါ့မလားကြ"

"ခုနက ငါေျပာခဲ့သလိုေပါ့ ။ဒီကိစၥနဲ႔ ပတ္သက္ၿပီး
ရွင္းျပရရင္ ၊ ဆိုေတာ့ကာ ငါတို႔ကို ေျဖခဲ့လားလို႔
ေမးတာမွ မဟုတ္ဘဲ ေအာင္မွာလား ေမးတာေလ။
ေအာင္ခ်င္တဲ့လူက ေအာင္မယ္ေျဖတာပဲ။ မမွားပါဘူး ဟုတ္တယ္မလား"

"ေနစမ္းပါကြာ ။ ေကာလိပ္ဂ်ပိုးေနဝင္း ျဖစ္မယ့္
ရုပ္နဲ႔"

အသံေနအသံထားႏွင့္ ေျပာေနေသာ ကၽြန္ေတာ့္ကို
ေစာင့္တြန္း၍ ေဇသုခ ေျပာေနတုန္း ေဇသုခတို႔ ေမေမ ထြက္လာသည္။

"နင္တို႔ႏွစ္ေယာက္ ကိုးတန္းေအာင္မွာ ေသခ်ာပါတယ္ေနာ္"

မယံုသကၤာ မ်က္လံုးရြဲႀကီးႏွင့္ ေမးေသာ အန္တီ့ကို ညီေတဇ အစြမ္းကုန္ျဖဲျပၿပီး

"ဟဲ....ဟဲ.....အန္တီရယ္ ေအာင္မယ္လို႔ သားတို႔ကထင္တာပဲ။ ဒါေပမယ့္ အတိတ္ဘဝ အက်ိဳးေပးကလည္း ရွိေသးတယ္မလား ။
ဒီေလာက္ ဥာဏ္ထက္ျမက္ၿပီး ေတာ္တဲ့ ဗေမာ္ဆရာေတာ္ႀကီးဦပဏၬိတေတာင္ အသက္ႀကီးမွ စာတက္ပုဂၢိဳလ္ ျဖစ္လာတာ။
ဒါအတိတ္ဘဝက ကံအက်ိဳးေပးေၾကာင့္ပဲ အန္တီရ။ အရင္ဘဝက ဘာေတြ လုပ္ခဲ့လဲ ၊ သားတို႔ မသိသလို ၊အန္တီလည္း မသိဘူးမလား"

"ညီေတဇေရ အန္တီ ေကာင္းမႈကုသိုလ္ေတြ လုပ္ထားတယ္ကြယ္ ။ယုတ္စြအဆံုးေတြ မေျပာခ်င္ဘူး ။ကာကြယ္ေရး တရားေတြ ေဟာမေနနဲ႔။ ရလဒ္က မနက္ျဖန္သိရမွာပဲ။ ဆယ္တန္းေဘာ္ဒါေတြေတာင္ ထားၿပီးၿပီး အရွက္ခြဲလို႔ကေတာ့ ဟင္း.....ဟင္း....."

သားျဖစ္သူကိုေရာ ညီေတဇကိုပါ မ်က္ေစာင္းထိုး၍ လည္ပင္းက ပုတီးေလး
လက္ထဲကိုင္၍ အိမ္ေပၚ တက္သြားေသာ အန္တီကိုၾကည့္၍ ေဇသုခပခံုးကို ပုတ္ကာ

"မနက္ျဖန္ မသာေပၚမယ့္ေကာင္ေရ အမၽွ၊ အမၽွ"ဟု ေျပာကာ ထြက္လာခဲ့လိုက္သည္။

ဂ်ိဳင့္ေလးဆြဲယူၿပီး စက္ဘီးစီးနင္း ထြက္လာခဲ့တဲ့ လမ္းတစ္ေလၽွာက္ အနၱရာယ္ကင္း ပရိတ္ရြတ္ဖတ္သံ ၾကားေနရသည္။
ႏွစ္ဆန္းတစ္ရက္ေန႔မို႔ ရက္ကြက္ေစ့ ပရိတ္အိုးမ်ား
စားပြဲေပၚတင္၍ အနၱရာယ္ကင္း ပရိတ္ရြတ္ဖတ္
ၾကသည့္ ျမန္မာ့ဓေလ့က ခ်စ္စရာ။

ဘာေၾကာင့္ရယ္မသိ ပရိတ္ရြတ္ဖက္သံက စိတ္ကို
ေအးခ်မ္းေစသည္။

မနက္ျဖန္....မနက္ျဖန္.....မနက္ျဖန္ ဘာေန႔ပါလိမ့္
ႏွစ္ဆန္း ႏွစ္ရက္ေန႔ေလ ဒါေပါ့ ဒါပဲေလ.......
ညီေတဇ စိတ္ေအးခ်မ္းသြားသည္။ ပရိတ္တရားရဲ႕ ေအးခ်မ္းမႈက မနက္ျဖန္အထိ ေမေမ့ဆီမွာ ဓာတ္လႊမ္းေနပါေစ။

________________________________

"သြန္းမူယာ နင္က်ေတာ့ သြားမေပးဘူးဟာ။
ငါ့မွာ ဟိုေျပးဒီေျပးနဲ႔။ နင္သြားေပးေတာ့။ဟိုဘက္ ရပ္ကြက္ထိေတာ့ ငါထက္မသြားခ်င္ေတာ့ဘူး"

"သားသား နင္ငါ့ကို ဘယ္လို ေခၚလိုက္တယ္။
ေမေမေရ....."

မမက အာသံျပဲႏွင့္ ေမေမ့ဆီ လွမ္းေအာ္ေန၍ ပါးစပ္ကို အတင္းေျပးပိတ္ရင္း

"မမလို႔...။မမ နင္ဟာ အရမ္း တိုင္ေျပာထူတာပဲ။
ငါငယ္ငယ္တည္းက တိုင္ေျပာထူ ဗိုက္ႀကီးပူ လို႔
ဆုေတာင္းလာတာ အခုထိ မပူေသးလို႔ နင္အမွတ္မရွိ တိုင္ေျပာေနတာ"

ဟု ေျပာလိုက္ေတာ့ မမက ရယ္လ်က္။

"ေရာ့ သြားေပးေခ်။ ဒီတစ္အိမ္ပဲ က်န္ေတာ့တာ
ဂ်စ္မေနနဲ႔"

ေမေမထြက္လာၿပီး ဂ်ိဳင့္ေဘးက ေပေနတဲ့ ဟင္းရည္ေတြ တစ္ရွဴးနဲ႔ သုတ္ရင္း ေပးသည္။

"ေမေမ ေမေမ့ သမီးက်ေတာ့ မေပးခိုင္းဘူး"

"ကဲ ဒါဆို ေမေမ့သားေလး အိုးေဆးမလား။
ဂ်ိဳင့္ေတြေဆးမလား ။ဖြားဖြားကို မုန္႔ေကၽြးေပးမလား ။ေဖေဖ့အက်ႌအျဖဴေတြ လက္နဲ႔ ေသခ်ာ ေလၽွာ္ေပးမလား။ႀကိဳက္တာေျပာ"

"ဒါ.....ဘယ္လို ၿဂိဳလ္သား စကားေတြပါလိမ့္"

မသိသလို ေျပာ၍ ဂ်ိဳင့္ဆြဲ ထြက္လာလိုက္သည္။
ငယ္ငယ္တည္းက  စက္ဘီးတစ္စီးႏွင့္  ေတာက္တိုမယ္ရ လုပ္ေပးခဲ့ရ၍ အတန္းထဲမွာ
အရပ္အရွည္ဆံုး ျဖစ္ေနရတာ။

____________________________________________________

ေခါက္ဆြဲပို႔ၿပီး ျပန္လာလမ္းမွာ ကိစၥကဂိတ္ဝ ေရာက္လာသည္။ ေစ်းရွိ၍ ေစ်းအိမ္သာ ေျပးရန္သာ ရွိေတာ့သည္။

အဝမွာ ရပ္ေနေသာ သူဆီသြား၍

"အစ္ကို ကၽြန္ေတာ့္ ဂ်ိဳင့္ေလးရယ္၊ စက္ဘီးေလးရယ္ ကိုင္ေပးထားပါလား"

အေနာက္က ရုတ္တရက္ ကုပ္လိုက္၍ ထင္သည္။
လန္႔ဖ်န္႔ၿပီး လွည့္ၾကည့္သည္။

"ေအာ္.....ရပါတယ္ ညီေလး "

ျပံဳးျပ၍ လက္ထဲက ဂ်ိဳင့္ကို ယူေပးထားသည္။
လူပံုမွာ မွတ္ရလြယ္သည္။ လည္ကတံုး အက်ႌအနက္ေရာင္နဲ႔ ပုဆိုးအနက္ကြက္စိပ္ တြဲဖက္ဝတ္ထား၍ ဝါဝင္းတဲ့ အသားအရည္မွာ
ထင္းေနသည္။ အရပ္ရွည္သည္မွာ ရွည္ပါတယ္
ဆိုသည့္ ညီေတဇထက္ ေခါင္းတစ္လံုး ပိုေနသည္။
မ်က္ခံုးေမႊးတန္းႀကီး ႏွစ္ခုက ႏွာႏုစက္နားတြင္ ထိလုနီး ျဖစ္ေနသည္။ျပံဳးျပလိုက္ရာက ေမ့ေစ့က ခြက္ရာေလးမွာထင္းခနဲ။ဒီလူ ပါးမွာရွိရမယ့္ အခ်ိဳင့္ ေမးေစ့ေရာက္ေနသည္ ထင္မိလိုက္သည္။

ဟဲ ဟဲ...ေသခ်ာၾကည့္လိုက္မိသည္ဟုေတာ့ မထင္ေစလို။ ကိုယ့္ပစၥည္းေပးထဲ့ရသူမို႔ ေစ့ေစ့စပ္စပ္ၾကည့္မိတာပါ။

__________________________

ဒီလို ထိန္းခ်ဳပ္ရ ခက္တဲ့ ကိစၥမ်ိဳး လမ္းတစ္ဝက္တစ္ပ်က္မွာ တစ္ႏွစ္လံုး ၾကံဳေနရ
ဒုကၡဟု ေတြးၿပီး လက္ေဆး ထြက္လာရာတြင္
ကုလားတစ္ေယာက္ကို ေတြ႕သည္။

ညီေတဇ ဂ်ိဳင့္နဲ႔ စက္ဘီးကို ကိုင္ထားေပးသူ။
ရယ္ျပရာ သြားမွာ ေဖြးခနဲ။ ဟိုလူကို ေဒါသထြက္သြားသည္။ စိတ္ခ်လို႔ ခဏ ေပးခဲ့တာ
ဒီလို လုပ္သြားစရာလား။

"ေက်းဇူးတင္ပါတယ္....."

"ရား....ပါတယ္"

"ကုပ္ပါ....."ဟု စိတ္ထဲက ႀကိတ္ေျပာၿပီး
ျပံဳး၍ ကိုယ့္ပစၥည္း ကိုယ္ျပန္ယူလိုက္သည္။

လမ္းၾကားထဲက နင္းလာရာ အေနာက္မွ လွမ္းေတြ႕
ေနရသူ။ ေဘးက လူတစ္ေယာက္ႏွင့္ တစ္ျဖည္းျဖည္း ေလၽွာက္ေနတဲ့လူ ကုပ္ထိရွည္ေနတဲ့ ဆံပင္ရွည္ ရိုးရိုးပံုစံနဲ႔ အနက္ဝမ္းဆက္ႏွင့္လူကို ညီေတဇ အေနာက္ကျမင္ရံု မွတ္မိေနသည္။

"ဟိုး......ေရွ႕က ေရွ႕က ေဘးကို ေဘးကို"

စက္ဘီးဘဲလ္ကို အဆက္အျပတ္ တီး၍ ထိုလူ
ေရွာင္ရာဘက္ တမင္ကို လွဲခ်ပစ္လိုက္သည္။

"ဟာ.....သြားပါၿပီ ပုဆိုးျပဲ ၿပီလား မသိဘူး"

"ဒီေလာက္ေလးနဲ႔ ျပဲရင္ ေဆြးေနလို႔ပဲ"

"ဟ....ကခ်င္ ပုဆိုးကြ"

ခပ္ဆက္ဆက္ အသံႏွင့္ ျပန္ေအာ္ရင္း
"မင္း....မင္း......ဟိုေကာင္ေလးမလား"

"မင္းကေရာ ခုနက အကူအညီ ေတာင္းတာကို
အဆံုးထိ မကူညီႏိုင္ဘဲ မ်က္ႏွာလြဲခဲပစ္ ထားခဲ့တဲ့
ေလာရွည္မလား"

"ေစတနာကို အိုးမဲ မသုပ္နဲ႔ ယံုရတဲ့လူရွာၿပီး
ေသခ်ာအပ္ေပးခဲ့တာ ဒီမွာ ငါ့ဖက္ကလည္း
သြားရမယ့္ေနရာ ေနာက္က်ေနလို႔"

"ေအာ္.....ယံုရတဲ့လူ...."

ေခါင္းတဆက္ဆက္ ညိတ္၍ မဲ့ေျပာကာ
စက္ဘီးကိုမၿပီး ကုန္းထသည္။ ဦေလးႀကီး
တစ္ေယာက္ ေဘးေရာက္လာ၏။ ထိုလူမွာလည္း
ခန္႔ခန္႔ညားညားႏွင့္။

"ပိုင္ရွင္ အသိေတြလား..."

"မဟုတ္ပါဘူး ဦးေႏြရာ ခုနက ခဏ ျမင္ဖူးတာ"

"ေနာက္ခါေလ အဆံုးထိ မကူညီႏိုင္ရင္
စ မကူညီနဲ႔သိလား ကိစၥတစ္ခုမွာ စၿပီးဆံုးတဲ့ထိ
တာဝန္ယူႏိုင္ရမယ္လို႔ မင္းမိဘေတြ မသင္ထားဘူးလား"

ေျပာခ်င္ရာ ေျပာ၍ စက္ဘီးနင္း ထြက္လာရာ
လက္သီးတင္းတင္းဆုပ္ထားေသာ လက္တစ္စံုကို
ညီေတဇ မေတြ႕ခဲ့။

လက္ကိုင္တန္းနဲ႔ ခ်ိတ္ထားတဲ့ ဂ်ိဳင့္ကို ဆြဲခ်
ခံလိုက္ရသည္။ စက္ဘီးမွာလည္း ထိန္းရခက္သြား၍ ေခါင္းမၿငိမ္ဘဲ လဲက်သြားသည္။

လက္ေထာက္က်၍ လက္ဖဝါးမ်ား ပြန္းသြားသည္။ ဂ်ိဳင့္ကို ဆြဲခ်လိုက္ေသာ တရားခံ
ပိုင္ရွင္ဆိုသည့္ ပါဝါရိန္းဂ်ားအနက္ေကာင္

ညီေတဇ နဂါးသာဆို ၄င္းပါဝါရိန္းဂ်ား ျပာက်ေနေလာက္ေအာင္ စူးစူးလွည့္ၾကည့္လိုက္ေတာ့ ကတီပါး ဖိနပ္ အနက္ေရာင္ႏွင့္ ေျခလွမ္းက်ဲႀကီးက တစ္လွမ္းခ်င္းစီ လွမ္းလာသည္။

ထိုင္ခ်၍ နား,နားကပ္ ေျပာသြားသည့္စကားမွာ

"အဆံုးထိ မကူညီႏိုင္လို႔ မကူညီေတာ့ဘူးေနာ္
ညီေလး......."

"ဘာ....မင္း....."

ညီေတဇ ေဘးမွ ျဖတ္၍ ထြက္သြားသည္။
လွမ္းၾကည့္လိုက္ေတာ့ သူ႔ပုဆိုးလည္း ျပဲေနသည္။
လက္သီးမွာ ဆုပ္လ်က္။ သူလည္း လဲေအာင္
လုပ္ေသးတယ္ သူက လက္သီးဆုပ္ထား ရေသးတယ္။

"တူေလး.....ကေလး....ရရဲ႕လား"

"ရတယ္....ရတယ္"ဟု ဦးေလး ျဖစ္သူကို ေျပာရင္း
စက္ဘီးနင္း ထြက္လာလိုက္သည္။

ႏွစ္ဆန္းတစ္ရက္ေန႔ ျဖစ္တတ္တဲ့ ကိစၥေတြ တစ္ႏွစ္လံုး ပံုတူ ျဖစ္ေနတတ္သည္ဟု ဖြားဖြားစကားကို ၾကားဖူးသည္။ ဥပမာ ဒီေန႔အျပင္
သြားရင္ တစ္ႏွစ္လံုး အျပင္ထြက္ေနရတာမ်ိဳး။
ဒီလို ေကာင္မ်ိဳးနဲ႔ တစ္ႏွစ္လံုး ေတြ႕ေနရရင္
တစ္ကယ့္ငရဲပဲ ဟုေတြးရင္း မေတြ႕ရပါေစနဲ႔
ဆုေတာင္းလိုက္သည္။

ထိုေန႔ တစ္ေန႔လံုး ဒီအနက္ေရာင္ ေကာင္ကိုသာ
ေဒါသ ထြက္ေနမိသည္။ ေတြးေလ ေတြးေလ
ေဒါသထြက္ေလ..........

_______________________________________________________

"သားသား ဟဲ့ ညီေတဇ ဆိုတဲ့ အေကာင္
ႏိုးေနတာ သိတယ္ အခုခ်က္ခ်င္း တံခါးဖြင့္ၿပီး
အျပင္ ထြက္ခဲ့စမ္း"

ဒီေန႔....ႏွစ္ဆန္းႏွစ္ရက္ေန႔ ေမေမ့ အသံမွာ
တစ္ရက္ကြက္လံုး ၾကားေအာင္ ေလာ္စပီကာမလို
ေဒါသေလာ္စပီကာ တပ္ဆင္ထားၿပီးသား

"ေမေမ  ေမေမ ဘာျဖစ္လို႔လဲဟင္
ေမေမ ေအာင္စာရင္း သြားၾကည့္တာမလား
ဘာျဖစ္လို႔လဲ...."

"သြန္းသြန္းရယ္ အမေလး နင့္ေမာင္ေလ
ငါမေျပာခ်င္ေတာ့ပါဘူး"

အခန္းအျပင္က ေမေမ့အသံေၾကာင့္ ညီေတဇမွာ
ပုန္းစရာ ေနရာ ရွာမရ ျဖစ္လ်က္။

____________________________________________________________________________

AN/ ကဲ....အဂၤလိပ္ ႏွစ္ဆန္းလမွာ ျမန္မာႏွစ္ဆန္း
အေၾကာင္း ႀကိဳေတြး ေရးရတာ ခံစားခ်က္ေလး
ကေလ ဘယ္လို ေျပာရမလဲ ဆိုေတာ့.....။

ကိုယ့္စတိုင္ သိပ္မဟုတ္ေတာ့။ လိုအပ္ခ်က္မ်ား
ရွိေနမလား မသိဘူး။

#############################

Unicode

တန်ခူးလ၏ ဖက်ဆွတ်မိုးနံ့လေး သင်းနေ၍ မနေ့က
သိကြားမင်းတက်သွားခဲ့ပြီ။ မိုးလင်းစ သင်္ကြန်သီချင်းသံတွေ မနေ့ကအထိ ကြားခဲ့ရပေမယ့် ဒီနေ့တော့ တရားသံတွေ ပျံ့လွင်နေ၏။

ပိတောက်ပန်းပွင့်ရုံ မိုးပြေးလောက်
ရွာတတ်သော မိုးသားများက ဒီနေ့တွင် ကင်းစင်နေသည်။ ဒီအရွယ်ရောက်သည့် အထိ နှစ်ဆန်းတစ်ရက်နေ့ မိုးမရွာတတ်။ ငယ်ငယ်ကလူကြီးများ မိုးတားထား၍ မရွာဟု ထင်ခဲ့ဖူးသည်။အခု အရွယ်ရောက်တော့ တိုက်ဆိုင်တာဟု တွေးမိသည်။ မြန်မာလူမျိုးတွေ ကုသိုလ်ပြုကြတဲ့ရက်ဖြစ်၍ နတ်ဒေဝါများ သာဓုခေါ်ချိန်မို့ မိုးရွာတဲ့နတ်မင်းကြီး မအားဟု ပေါက်တတ်ကရ တွေးတတ်သေးသည်။

ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့ မြန်မာအယူအဆအရ
နှစ်စမှ ကောင်းမှုပြုကြမှ တစ်နှစ်လုံး ကောင်းသော
အရာများနှင့် ပြည့်စုံတတ်သည်။  ညီတေဇ၏ နှစ်ဆန်းတစ်ရက်နေ့မှာတော့

"မနက်ဖြန် အောင်စာရင်းကွာ ငါအကြီးကြီး
ဂွမ်းတော့မှာပဲ"

မေမေ အုန်းနို့ခေါက်ဆွဲချက်ပြီး တစ်အိမ်တက်ဆင်း
ရင်နှီးသူ အိမ်တိုင်း လိုက်ပို့ခိုင်း၍ ပို့ပေးရာမှ ဆိုးမွှေတေလေ ပခုံဖက်ပေါင်း သူငယ်ချင်းကြီး
ဇေသုခအိမ်ကို ခွဲတန်းလာပို့ရသည်။ အမေဖြစ်သူ
မီးဖိုခန်းမှာ ချိုင့်လှယ် ယူနေစဉ် ရင်တွင်းခံစားချက်
ဖွင့်ဟ ပြောနေကြခြင်း။

"ငါတို့ ဆယ်တန်း ဘော်ဒါ လိမ်တက်ခဲ့တာ
လူကြီးတွေအစား ငါရင်နာလိုက်တာကွာ"

ငိုချင်မဲ့မဲ့ မျက်နှာထားနှင့် ပြောလာတဲ့ ဇေသုခ
ပခုံးပေါ် လက်တင်လိုက်၍

"ဘာမှ လာမပြောနဲ့ ငါတို့မမှားဘူး။ ကိုးတန်းအောင်မှာလား မေးတော့ အောင်ချင်လို့
အောင်မှာ ဖြေတာပဲလေ "

"နောက်ဆုံး နှစ်ဘာသာ မဖြေဘဲ ဂိမ်းဆိုင်သွားအိပ်ပြီး ပြန်လာတာ အောင်ပါ့မလားကွ"

"ခုနက ငါပြောခဲ့သလိုပေါ့ ။ဒီကိစ္စနဲ့ ပတ်သက်ပြီး
ရှင်းပြရရင် ၊ ဆိုတော့ကာ ငါတို့ကို ဖြေခဲ့လားလို့
မေးတာမှ မဟုတ်ဘဲ အောင်မှာလား မေးတာလေ။
အောင်ချင်တဲ့လူက အောင်မယ်ဖြေတာပဲ။ မမှားပါဘူး ဟုတ်တယ်မလား"

"နေစမ်းပါကွာ ။ ကောလိပ်ဂျပိုးနေဝင်း ဖြစ်မယ့်
ရုပ်နဲ့"

အသံနေအသံထားနှင့် ပြောနေသော ကျွန်တော့်ကို
စောင့်တွန်း၍ ဇေသုခ ပြောနေတုန်း ဇေသုခတို့ မေမေ ထွက်လာသည်။

"နင်တို့နှစ်ယောက် ကိုးတန်းအောင်မှာ သေချာပါတယ်နော်"

မယုံသင်္ကာ မျက်လုံးရွဲကြီးနှင့် မေးသော အန်တီ့ကို ညီတေဇ အစွမ်းကုန်ဖြဲပြပြီး

"ဟဲ....ဟဲ.....အန်တီရယ် အောင်မယ်လို့ သားတို့ကထင်တာပဲ။ ဒါပေမယ့် အတိတ်ဘဝ အကျိုးပေးကလည်း ရှိသေးတယ်မလား ။
ဒီလောက် ဉာဏ်ထက်မြက်ပြီး တော်တဲ့ ဗမော်ဆရာတော်ကြီးဦပဏ္ဋိတတောင် အသက်ကြီးမှ စာတက်ပုဂ္ဂိုလ် ဖြစ်လာတာ။
ဒါအတိတ်ဘဝက ကံအကျိုးပေးကြောင့်ပဲ အန်တီရ။ အရင်ဘဝက ဘာတွေ လုပ်ခဲ့လဲ ၊ သားတို့ မသိသလို ၊အန်တီလည်း မသိဘူးမလား"

"ညီတေဇရေ အန်တီ ကောင်းမှုကုသိုလ်တွေ လုပ်ထားတယ်ကွယ် ။ယုတ်စွအဆုံးတွေ မပြောချင်ဘူး ။ကာကွယ်ရေး တရားတွေ ဟောမနေနဲ့။ ရလဒ်က မနက်ဖြန်သိရမှာပဲ။ ဆယ်တန်းဘော်ဒါတွေတောင် ထားပြီးပြီး အရှက်ခွဲလို့ကတော့ ဟင်း.....ဟင်း....."

သားဖြစ်သူကိုရော ညီတေဇကိုပါ မျက်စောင်းထိုး၍ လည်ပင်းက ပုတီးလေး
လက်ထဲကိုင်၍ အိမ်ပေါ် တက်သွားသော အန်တီကိုကြည့်၍ ဇေသုခပခုံးကို ပုတ်ကာ

"မနက်ဖြန် မသာပေါ်မယ့်ကောင်ရေ အမျှ၊ အမျှ"ဟု ပြောကာ ထွက်လာခဲ့လိုက်သည်။

ဂျိုင့်လေးဆွဲယူပြီး စက်ဘီးစီးနင်း ထွက်လာခဲ့တဲ့ လမ်းတစ်လျှောက် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်သံ ကြားနေရသည်။
နှစ်ဆန်းတစ်ရက်နေ့မို့ ရက်ကွက်စေ့ ပရိတ်အိုးများ
စားပွဲပေါ်တင်၍ အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်
ကြသည့် မြန်မာ့ဓလေ့က ချစ်စရာ။

ဘာကြောင့်ရယ်မသိ ပရိတ်ရွတ်ဖက်သံက စိတ်ကို
အေးချမ်းစေသည်။

မနက်ဖြန်....မနက်ဖြန်.....မနက်ဖြန် ဘာနေ့ပါလိမ့်
နှစ်ဆန်း နှစ်ရက်နေ့လေ ဒါပေါ့ ဒါပဲလေ.......
ညီတေဇ စိတ်အေးချမ်းသွားသည်။ ပရိတ်တရားရဲ့ အေးချမ်းမှုက မနက်ဖြန်အထိ မေမေ့ဆီမှာ ဓာတ်လွှမ်းနေပါစေ။

________________________________

"သွန်းမူယာ နင်ကျတော့ သွားမပေးဘူးဟာ။
ငါ့မှာ ဟိုပြေးဒီပြေးနဲ့။ နင်သွားပေးတော့။ဟိုဘက် ရပ်ကွက်ထိတော့ ငါထက်မသွားချင်တော့ဘူး"

"သားသား နင်ငါ့ကို ဘယ်လို ခေါ်လိုက်တယ်။
မေမေရေ....."

မမက အာသံပြဲနှင့် မေမေ့ဆီ လှမ်းအော်နေ၍ ပါးစပ်ကို အတင်းပြေးပိတ်ရင်း

"မမလို့...။မမ နင်ဟာ အရမ်း တိုင်ပြောထူတာပဲ။
ငါငယ်ငယ်တည်းက တိုင်ပြောထူ ဗိုက်ကြီးပူ လို့
ဆုတောင်းလာတာ အခုထိ မပူသေးလို့ နင်အမှတ်မရှိ တိုင်ပြောနေတာ"

ဟု ပြောလိုက်တော့ မမက ရယ်လျက်။

"ရော့ သွားပေးချေ။ ဒီတစ်အိမ်ပဲ ကျန်တော့တာ
ဂျစ်မနေနဲ့"

မေမေထွက်လာပြီး ဂျိုင့်ဘေးက ပေနေတဲ့ ဟင်းရည်တွေ တစ်ရှူးနဲ့ သုတ်ရင်း ပေးသည်။

"မေမေ မေမေ့ သမီးကျတော့ မပေးခိုင်းဘူး"

"ကဲ ဒါဆို မေမေ့သားလေး အိုးဆေးမလား။
ဂျိုင့်တွေဆေးမလား ။ဖွားဖွားကို မုန့်ကျွေးပေးမလား ။ဖေဖေ့အကျႌအဖြူတွေ လက်နဲ့ သေချာ လျှော်ပေးမလား။ကြိုက်တာပြော"

"ဒါ.....ဘယ်လို ဂြိုလ်သား စကားတွေပါလိမ့်"

မသိသလို ပြော၍ ဂျိုင့်ဆွဲ ထွက်လာလိုက်သည်။
ငယ်ငယ်တည်းက  စက်ဘီးတစ်စီးနှင့်  တောက်တိုမယ်ရ လုပ်ပေးခဲ့ရ၍ အတန်းထဲမှာ
အရပ်အရှည်ဆုံး ဖြစ်နေရတာ။

____________________________________________________

ခေါက်ဆွဲပို့ပြီး ပြန်လာလမ်းမှာ ကိစ္စကဂိတ်ဝ ရောက်လာသည်။ ဈေးရှိ၍ ဈေးအိမ်သာ ပြေးရန်သာ ရှိတော့သည်။

အဝမှာ ရပ်နေသော သူဆီသွား၍

"အစ်ကို ကျွန်တော့် ဂျိုင့်လေးရယ်၊ စက်ဘီးလေးရယ် ကိုင်ပေးထားပါလား"

အနောက်က ရုတ်တရက် ကုပ်လိုက်၍ ထင်သည်။
လန့်ဖျန့်ပြီး လှည့်ကြည့်သည်။

"အော်.....ရပါတယ် ညီလေး "

ပြုံးပြ၍ လက်ထဲက ဂျိုင့်ကို ယူပေးထားသည်။
လူပုံမှာ မှတ်ရလွယ်သည်။ လည်ကတုံး အကျႌအနက်ရောင်နဲ့ ပုဆိုးအနက်ကွက်စိပ် တွဲဖက်ဝတ်ထား၍ ဝါဝင်းတဲ့ အသားအရည်မှာ
ထင်းနေသည်။ အရပ်ရှည်သည်မှာ ရှည်ပါတယ်
ဆိုသည့် ညီတေဇထက် ခေါင်းတစ်လုံး ပိုနေသည်။
မျက်ခုံးမွှေးတန်းကြီး နှစ်ခုက နှာနုစက်နားတွင် ထိလုနီး ဖြစ်နေသည်။ပြုံးပြလိုက်ရာက မေ့စေ့က ခွက်ရာလေးမှာထင်းခနဲ။ဒီလူ ပါးမှာရှိရမယ့် အချိုင့် မေးစေ့ရောက်နေသည် ထင်မိလိုက်သည်။

ဟဲ ဟဲ...သေချာကြည့်လိုက်မိသည်ဟုတော့ မထင်စေလို။ ကိုယ့်ပစ္စည်းပေးထဲ့ရသူမို့ စေ့စေ့စပ်စပ်ကြည့်မိတာပါ။

__________________________

ဒီလို ထိန်းချုပ်ရ ခက်တဲ့ ကိစ္စမျိုး လမ်းတစ်ဝက်တစ်ပျက်မှာ တစ်နှစ်လုံး ကြုံနေရ
ဒုက္ခဟု တွေးပြီး လက်ဆေး ထွက်လာရာတွင်
ကုလားတစ်ယောက်ကို တွေ့သည်။

ညီတေဇ ဂျိုင့်နဲ့ စက်ဘီးကို ကိုင်ထားပေးသူ။
ရယ်ပြရာ သွားမှာ ဖွေးခနဲ။ ဟိုလူကို ဒေါသထွက်သွားသည်။ စိတ်ချလို့ ခဏ ပေးခဲ့တာ
ဒီလို လုပ်သွားစရာလား။

"ကျေးဇူးတင်ပါတယ်....."

"ရား....ပါတယ်"

"ကုပ်ပါ....."ဟု စိတ်ထဲက ကြိတ်ပြောပြီး
ပြုံး၍ ကိုယ့်ပစ္စည်း ကိုယ်ပြန်ယူလိုက်သည်။

လမ်းကြားထဲက နင်းလာရာ အနောက်မှ လှမ်းတွေ့
နေရသူ။ ဘေးက လူတစ်ယောက်နှင့် တစ်ဖြည်းဖြည်း လျှောက်နေတဲ့လူ ကုပ်ထိရှည်နေတဲ့ ဆံပင်ရှည် ရိုးရိုးပုံစံနဲ့ အနက်ဝမ်းဆက်နှင့်လူကို ညီတေဇ အနောက်ကမြင်ရုံ မှတ်မိနေသည်။

"ဟိုး......ရှေ့က ရှေ့က ဘေးကို ဘေးကို"

စက်ဘီးဘဲလ်ကို အဆက်အပြတ် တီး၍ ထိုလူ
ရှောင်ရာဘက် တမင်ကို လှဲချပစ်လိုက်သည်။

"ဟာ.....သွားပါပြီ ပုဆိုးပြဲ ပြီလား မသိဘူး"

"ဒီလောက်လေးနဲ့ ပြဲရင် ဆွေးနေလို့ပဲ"

"ဟ....ကချင် ပုဆိုးကွ"

ခပ်ဆက်ဆက် အသံနှင့် ပြန်အော်ရင်း
"မင်း....မင်း......ဟိုကောင်လေးမလား"

"မင်းကရော ခုနက အကူအညီ တောင်းတာကို
အဆုံးထိ မကူညီနိုင်ဘဲ မျက်နှာလွဲခဲပစ် ထားခဲ့တဲ့
လောရှည်မလား"

"စေတနာကို အိုးမဲ မသုပ်နဲ့ ယုံရတဲ့လူရှာပြီး
သေချာအပ်ပေးခဲ့တာ ဒီမှာ ငါ့ဖက်ကလည်း
သွားရမယ့်နေရာ နောက်ကျနေလို့"

"အော်.....ယုံရတဲ့လူ...."

ခေါင်းတဆက်ဆက် ညိတ်၍ မဲ့ပြောကာ
စက်ဘီးကိုမပြီး ကုန်းထသည်။ ဦလေးကြီး
တစ်ယောက် ဘေးရောက်လာ၏။ ထိုလူမှာလည်း
ခန့်ခန့်ညားညားနှင့်။

"ပိုင်ရှင် အသိတွေလား..."

"မဟုတ်ပါဘူး ဦးနွေရာ ခုနက ခဏ မြင်ဖူးတာ"

"နောက်ခါလေ အဆုံးထိ မကူညီနိုင်ရင်
စ မကူညီနဲ့သိလား ကိစ္စတစ်ခုမှာ စပြီးဆုံးတဲ့ထိ
တာဝန်ယူနိုင်ရမယ်လို့ မင်းမိဘတွေ မသင်ထားဘူးလား"

ပြောချင်ရာ ပြော၍ စက်ဘီးနင်း ထွက်လာရာ
လက်သီးတင်းတင်းဆုပ်ထားသော လက်တစ်စုံကို
ညီတေဇ မတွေ့ခဲ့။

လက်ကိုင်တန်းနဲ့ ချိတ်ထားတဲ့ ဂျိုင့်ကို ဆွဲချ
ခံလိုက်ရသည်။ စက်ဘီးမှာလည်း ထိန်းရခက်သွား၍ ခေါင်းမငြိမ်ဘဲ လဲကျသွားသည်။

လက်ထောက်ကျ၍ လက်ဖဝါးများ ပွန်းသွားသည်။ ဂျိုင့်ကို ဆွဲချလိုက်သော တရားခံ
ပိုင်ရှင်ဆိုသည့် ပါဝါရိန်းဂျားအနက်ကောင်

ညီတေဇ နဂါးသာဆို ၎င်းပါဝါရိန်းဂျား ပြာကျနေလောက်အောင် စူးစူးလှည့်ကြည့်လိုက်တော့ ကတီပါး ဖိနပ် အနက်ရောင်နှင့် ခြေလှမ်းကျဲကြီးက တစ်လှမ်းချင်းစီ လှမ်းလာသည်။

ထိုင်ချ၍ နား,နားကပ် ပြောသွားသည့်စကားမှာ

"အဆုံးထိ မကူညီနိုင်လို့ မကူညီတော့ဘူးနော်
ညီလေး......."

"ဘာ....မင်း....."

ညီတေဇ ဘေးမှ ဖြတ်၍ ထွက်သွားသည်။
လှမ်းကြည့်လိုက်တော့ သူ့ပုဆိုးလည်း ပြဲနေသည်။
လက်သီးမှာ ဆုပ်လျက်။ သူလည်း လဲအောင်
လုပ်သေးတယ် သူက လက်သီးဆုပ်ထား ရသေးတယ်။

"တူလေး.....ကလေး....ရရဲ့လား"

"ရတယ်....ရတယ်"ဟု ဦးလေး ဖြစ်သူကို ပြောရင်း
စက်ဘီးနင်း ထွက်လာလိုက်သည်။

နှစ်ဆန်းတစ်ရက်နေ့ ဖြစ်တတ်တဲ့ ကိစ္စတွေ တစ်နှစ်လုံး ပုံတူ ဖြစ်နေတတ်သည်ဟု ဖွားဖွားစကားကို ကြားဖူးသည်။ ဥပမာ ဒီနေ့အပြင်
သွားရင် တစ်နှစ်လုံး အပြင်ထွက်နေရတာမျိုး။
ဒီလို ကောင်မျိုးနဲ့ တစ်နှစ်လုံး တွေ့နေရရင်
တစ်ကယ့်ငရဲပဲ ဟုတွေးရင်း မတွေ့ရပါစေနဲ့
ဆုတောင်းလိုက်သည်။

ထိုနေ့ တစ်နေ့လုံး ဒီအနက်ရောင် ကောင်ကိုသာ
ဒေါသ ထွက်နေမိသည်။ တွေးလေ တွေးလေ
ဒေါသထွက်လေ..........

_______________________________________________________

"သားသား ဟဲ့ ညီတေဇ ဆိုတဲ့ အကောင်
နိုးနေတာ သိတယ် အခုချက်ချင်း တံခါးဖွင့်ပြီး
အပြင် ထွက်ခဲ့စမ်း"

ဒီနေ့....နှစ်ဆန်းနှစ်ရက်နေ့ မေမေ့ အသံမှာ
တစ်ရက်ကွက်လုံး ကြားအောင် လော်စပီကာမလို
ဒေါသလော်စပီကာ တပ်ဆင်ထားပြီးသား

"မေမေ  မေမေ ဘာဖြစ်လို့လဲဟင်
မေမေ အောင်စာရင်း သွားကြည့်တာမလား
ဘာဖြစ်လို့လဲ...."

"သွန်းသွန်းရယ် အမလေး နင့်မောင်လေ
ငါမပြောချင်တော့ပါဘူး"

အခန်းအပြင်က မေမေ့အသံကြောင့် ညီတေဇမှာ
ပုန်းစရာ နေရာ ရှာမရ ဖြစ်လျက်။

____________________________________________________________________________

AN/ ကဲ....အင်္ဂလိပ် နှစ်ဆန်းလမှာ မြန်မာနှစ်ဆန်း
အကြောင်း ကြိုတွေး ရေးရတာ ခံစားချက်လေး
ကလေ ဘယ်လို ပြောရမလဲ ဆိုတော့.....။

ကိုယ့်စတိုင် သိပ်မဟုတ်တော့။ လိုအပ်ချက်များ
ရှိနေမလား မသိဘူး။

You are reading the story above: TeenFic.Net