Introl

Background color
Font
Font size
Line height

Zawgyi

ေတာင္ေလသုန္က ေခါင္းရင္း ျပတင္းမွ အတင္းတိုးေဝွ႕လာသည္။ စာအုပ္ဖတ္ေနသည့္ ပိုင္ရွင့္ရင္ခြင္နားဆီမွာ ညီက ဖုန္းတစ္ခုႏွင့္ အလုပ္ရႈပ္ေနသလားေတာ့ မေျပာတတ္။ ႏွာဖ်ားကို ဒုတိယအႀကိမ္ ဆြဲညစ္ေတာ့

"ပိုင္ရွင္......"

"ဘာလဲ...."

"ဒီညအိမ္မွာ မင္းနဲ႔ငါ ႏွစ္ေယာက္တည္းေနာ္။ ဟဲ ဟဲ...."

"အဲ့ဒီေတာ့...."

"ဘုန္းပိုင္ရွင္...."

"ေျပာပါခင္ဗ် ကိုညီေတဇ"

အေရးမလုပ္သလို စာအုပ္ဖတ္ရင္း ေျပာေနေသာ
ပိုင္ရွင့္ မ်က္ႏွာေရွ႕ အျပဴးသားေရာက္လာသည့္
ညိဳညက္ညက္ညီ့ရဲ႕ မ်က္ႏွာေလး။ ႏႈတ္ခမ္းပါး။ ခဏခဏ ဆြဲညစ္ေနမိသည့္ ႏွာဖ်ားခၽြန္ခၽြန္။ အစိတ္အပိုင္းတိုင္းဟာ ပိုင္ရွင့္အတြက္ အာေခါင္ေျခာက္စရာ။

"မင္းလာရြဲ႕ေနတာလား "

"ဘာမွမလုပ္မိပါလား ညီရာ ဟမ္"

စာအုပ္ေဘးခ်ကာ ခႏၶာကိုယ္ေလးဆြဲမ၍
ရင္ခြင္ထဲ ဆြဲသြင္းလိုက္ေတာ့ ပိုင္ဆိုးပိုင္နင္းႏွင့္
ညီဟာ ႏႈတ္ခမ္းကိုရႊတ္ခနဲ လွမ္းနမ္း
လိုက္ေသးသည္။

"ငါတို႔တြဲလာတာပဲ အိုေဆြးေတာ့မယ္။
မင္းငါ့ကို ဘာဆိုဘာမွ မဘာေသးဘူးေနာ္ပိုင္ရွင္။
ငါ့ကိုတစ္ကယ္မခ်စ္ဘူးလားေျပာ။
ဒီလိုေန႔မွာေတာင္....ဟင္း...ငါမေျပာခ်င္ဘူး။
ေကာက္ညႇင္းကမေစး ဆန္ၾကမ္းကလာေစး
ေနရတယ္ ။မင္းကိုႏြားႏို႔လည္း တိုက္ၿပီးၿပီ။
ငွက္ေပ်ာသီးလည္း ေကၽြးၿပီးၿပီေလကြာ"

"ငွက္ေပ်ာသီးက ခုနကမင္းပဲအကုန္စားလိုက္
တယ္ေလ ၊ ႏြားႏို႔လည္း မင္းလုပ္လို႔ ေမွာက္သြား
တာကို"

"ပိုင္ရွင္...."

နားထဲခပ္စူးစူးအသံၾကားၿပီးေနာက္ ရင္ခြင္ထဲမွ
ရုန္းထြက္သြားျပန္သည္။ တန္ဖိုးထားရလြန္းလို႔ မထိရက္သည္ကို ညီဟာေလ....။

"ညီ ငါမင္းကိုျမတ္ႏိုးတာ သိလား။
တစ္ခါတစ္ခါ မင္းလုပ္သမၽွေတြ
ငါလိုက္မမွီေပမယ့္ ငါမႀကိဳက္တဲ့အရာေတြ မင္းလုပ္တတ္ေပမယ့္ေလ
အဲ့ဒီအရာေတြက မင္းနဲ႔တြဲလိုက္ရင္
ငါသေဘာက်မိျပန္ေရာ ။ဘာလို႔လဲသိလား။ အဲ့ဒါေတြက ညီ ဆိုတဲ့ မင္းလုပ္ေနတဲ့အရာေတြမို႔လို႔ေလ"

"ပိုင္ရွင္မင္းဟာေလ အဲ့ဒီစကားေတြကို ေရခဲဖင္ခု
ေျပာစရာလား။ ငါ့အနားေလးကပ္ မ်က္ႏွာေလးပဲ
ျဖစ္ျဖစ္ကိုင္ၿပီး မ်က္လံုးခ်င္းဆံုၾကည့္ေျပာရင္
ငါမင္းကို ဒီထက္ပိုခ်စ္သြားမွာ စိုးလို႔လား။
အခုဟာက က်န္စစ္သား အေနာ္ရထာေရွ႕
အျပစ္ရွိလို႔ ဒူးေထာက္ခစားေနတာက်ေနတာပဲ။
ေသာက္က်ိဳးနဲငါ့ခ်စ္သူ"

"ငါမွ အဲ့ဒီလိုေတြမလုပ္တတ္တာ"ဟု
ခပ္ျပတ္ျပတ္ေျပာၿပီး စာအုပ္ျပန္ကိုင္
ဖတ္မည္ျပဳေတာ့ ႏႈတ္ခမ္းေပၚေရာက္လာေသာ
ေႏြးေထြးမႈ ဒီည ဒီႏႈတ္ခမ္းေတြအတြက္
ရင္ေလးမိတယ္။ဆံုခ်က္ေတြဟာ မူမမွန္။ စကၠန္တံေရတြက္သံႏွင့္အတူ ျပင္းျပျပ အသက္ရွဴသံတို႔ ရႈိက္ခိုဝင္ၾကသည္။ အလိုဆနၵနဲ႔ ေသြးသားတို႔ ထပ္တူၾကသြားတဲ့အခါ စည္းခ်က္မွန္ ညည္းသံသဲ့သဲ့ ေလေျပဆီ ခစားၾကသည္။

"ငါအေသြးထဲအသားထဲကကို ခ်စ္ခ်င္လာၿပီ
ပိုင္ရွင္"

ေမာလ်ေနစြာ နားထဲေလသံဆိုရံု တိုးဝင္လာသံ
ေၾကာင့္ ပိုင္ရွင္ ၾကက္သီးေမြးညင္းထသြား၏။
ရုန္ကန္လိုက္ရန္ စဥ္းစားမိေပမယ့္ ပိုင္ရွင္ဆိုတာ
ညီလုပ္ေဆာင္သမၽွ တန္ဖိုးထားတတ္တဲ့သူ။
ျငင္းဆိုဖို႔ မေျပာႏွင့္ မႀကည္ၾကည့္ေလးေတာင္
မျပဳရက္သူ။

ျပတင္းေပါက္ကို ပိတ္၍ Aircornဖြင့္ထားေသာ အခန္းငယ္ထဲ နာရီသံတစ္ခ်က္ခ်က္ႏွင့္အတူ ေမာလ်ေနသူ ႏွစ္ေယာက္ ။ ဒီတဒဂၤေလးမွာ ပိုင္ရွင့္ရဲ႕ ညီဆိုေသာ ေခၚသံေလးကအစ ခ်စ္လ်င္ခရီးကို ရွိန္ႏႈန္းျမင့္ေစသည္။ လွပတဲ့ နာက်င္မႈဟာ ညီ့ရဲ႕

"ပိုင္ရွင္.....ငါ.....ေဆာရီး"ဆိုတဲ့ အသံေလးေအာက္ အသာအယာ ဝတ္တြားခယၾကသည္။

အစြမ္းကုန္ ရြာခ်လိုက္တဲ့ မိုးစက္ေတြဟာ
သြပ္မိုးထားေသာ ေခါင္မိုးေၾကာင့္ မိုးက်သံ
ျပင္းစြာၾကားေနရ၏။အခန္းငယ္ေလးထဲမွ အသံတို႔ကို မိုးသံတို႔က ဖံုးလႊမ္းထားျပန္သည္။

ေအးခ်မ္းေသာမိုးရြာသည့္ ညေလးတစ္ည
ေလေအးေပးစက္ဖြင့္ထားေသာ္ျငား
ေခၽြးစို႔ေနေသာေကာင္ေလးႏွစ္ေယာက္။

ျပဳတ္က်သြားတဲ့ စာအုပ္ေလးနဲ႔အတူ ရွက္ျခင္းတရားေတြ ပါသြားခဲ့သည္။ ဆနၵက်ဴးလြန္ နယ္ေျမမွာ ရမၼတ္ေတြ ခိုးေဝေတာ့ အေတြးေတြဟာ ဗလာ။ ဗလာနတၳိ နယ္ေျမေလးထဲ အတင္းတိုးဝင္ေနသူအတြက္ ကိုယ္ဟာ တားျမစ္သူတစ္ေယာက္ မဟုတ္ခဲ့။ ခ်စ္ျခင္းရဲ႕ အစြန္းတစ္ဖက္ကို ရွာေဖြေနသူ တစ္ဦးရဲ႕ တက္မက္မႈေတြကို မက္မက္စက္စက္ လက္ခံေနမိသည္။ အမွတ္တရဆိုတဲ့ အမွတ္ရစရာ ညေလးကို ညီဟာ လွလွပပ ကဗ်ည္းထိုးခဲ့သည္။

ၿပီးေျမာက္သြားသည့္ ဆနၵေတြ ေက်နပ္သြားခ်ိန္
ၾကားလိုက္ရေသာ အသံေလးတစ္ခုက

"ပိုင္ရွင္ မင္းကိုငါက ညီရဲ႕ပိုင္ရွင္ ျဖစ္ေစခ်င္တာ။
အခုေတာ့ ညီပိုင္တဲ့ပိုင္ရွင္ ျဖစ္သြားၿပီ"

ပိုင္ရွင္ ေက်နပ္စြာ ျပံဳးလိုက္သည္။ရင္ခြင္ထဲနစ္ျမဳပ္ေနသူကို  ယုယစြာ
နမ္းလိုက္ကာ

"ဘယ္အရာေတြ ဘယ္လိုသတ္မွတ္ခ်က္ေတြ
ျဖစ္ျဖစ္ အေရးမႀကီးဘူးညီ ။ငါမင္းကို အတိုင္းအဆမဲ့ ျမတ္ႏိုးတာပဲေလ။
ဘာလိုဦးမွာလဲ"

သေဘာက်ေသာရယ္သံေလးဟာေတာ့ ေခါင္းမိုး
က်မိုးသံကို လႊမ္းျခံဳႏိုင္ခဲ့သည္။

အခ်စ္ဟာ အခ်စ္ပဲ ဆိုေပမယ့္ မင္းဘယ္လိုခ်စ္ခ်စ္ ငါက ေက်နပ္တယ္ ညီ။

__________________________________________________________________________________________________________________

Introမွာ Coverမပါ ဗလာက်င္းေလးပါနဲ႔တဲ့။
မျဖစ္သင့္ဘူးမလား ။ မလုပ္တတ္ေတာ့ခက္တယ္။
အလွဴခံရေတာ့မွာေပါ့။

မႏိုင္ဝန္ထမ္းတာမဟုတ္ဘူး။ မုန္တိုင္းၿပီးမွ
ဆက္ေရးမွာပါ။

အျမည္းေလးေပါ့။

ကၽြန္ေတာ္ ေမၽွာ္လင့္ေနမယ္ေနာ္။ စာဖတ္သူတို႔။

Start Date-2.1.2019

############################

Unicode

တောင်လေသုန်က ခေါင်းရင်း ပြတင်းမှ အတင်းတိုးဝှေ့လာသည်။ စာအုပ်ဖတ်နေသည့် ပိုင်ရှင့်ရင်ခွင်နားဆီမှာ ညီက ဖုန်းတစ်ခုနှင့် အလုပ်ရှုပ်နေသလားတော့ မပြောတတ်။ နှာဖျားကို ဒုတိယအကြိမ် ဆွဲညစ်တော့

"ပိုင်ရှင်......"

"ဘာလဲ...."

"ဒီညအိမ်မှာ မင်းနဲ့ငါ နှစ်ယောက်တည်းနော်။ ဟဲ ဟဲ...."

"အဲ့ဒီတော့...."

"ဘုန်းပိုင်ရှင်...."

"ပြောပါခင်ဗျ ကိုညီတေဇ"

အရေးမလုပ်သလို စာအုပ်ဖတ်ရင်း ပြောနေသော
ပိုင်ရှင့် မျက်နှာရှေ့ အပြူးသားရောက်လာသည့်
ညိုညက်ညက်ညီ့ရဲ့ မျက်နှာလေး။ နှုတ်ခမ်းပါး။ ခဏခဏ ဆွဲညစ်နေမိသည့် နှာဖျားချွန်ချွန်။ အစိတ်အပိုင်းတိုင်းဟာ ပိုင်ရှင့်အတွက် အာခေါင်ခြောက်စရာ။

"မင်းလာရွဲ့နေတာလား "

"ဘာမှမလုပ်မိပါလား ညီရာ ဟမ်"

စာအုပ်ဘေးချကာ ခန္ဓာကိုယ်လေးဆွဲမ၍
ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့ ပိုင်ဆိုးပိုင်နင်းနှင့်
ညီဟာ နှုတ်ခမ်းကိုရွှတ်ခနဲ လှမ်းနမ်း
လိုက်သေးသည်။

"ငါတို့တွဲလာတာပဲ အိုဆွေးတော့မယ်။
မင်းငါ့ကို ဘာဆိုဘာမှ မဘာသေးဘူးနော်ပိုင်ရှင်။
ငါ့ကိုတစ်ကယ်မချစ်ဘူးလားပြော။
ဒီလိုနေ့မှာတောင်....ဟင်း...ငါမပြောချင်ဘူး။
ကောက်ညှင်းကမစေး ဆန်ကြမ်းကလာစေး
နေရတယ် ။မင်းကိုနွားနို့လည်း တိုက်ပြီးပြီ။
ငှက်ပျောသီးလည်း ကျွေးပြီးပြီလေကွာ"

"ငှက်ပျောသီးက ခုနကမင်းပဲအကုန်စားလိုက်
တယ်လေ ၊ နွားနို့လည်း မင်းလုပ်လို့ မှောက်သွား
တာကို"

"ပိုင်ရှင်...."

နားထဲခပ်စူးစူးအသံကြားပြီးနောက် ရင်ခွင်ထဲမှ
ရုန်းထွက်သွားပြန်သည်။ တန်ဖိုးထားရလွန်းလို့ မထိရက်သည်ကို ညီဟာလေ....။

"ညီ ငါမင်းကိုမြတ်နိုးတာ သိလား။
တစ်ခါတစ်ခါ မင်းလုပ်သမျှတွေ
ငါလိုက်မမှီပေမယ့် ငါမကြိုက်တဲ့အရာတွေ မင်းလုပ်တတ်ပေမယ့်လေ
အဲ့ဒီအရာတွေက မင်းနဲ့တွဲလိုက်ရင်
ငါသဘောကျမိပြန်ရော ။ဘာလို့လဲသိလား။ အဲ့ဒါတွေက ညီ ဆိုတဲ့ မင်းလုပ်နေတဲ့အရာတွေမို့လို့လေ"

"ပိုင်ရှင်မင်းဟာလေ အဲ့ဒီစကားတွေကို ရေခဲဖင်ခု
ပြောစရာလား။ ငါ့အနားလေးကပ် မျက်နှာလေးပဲ
ဖြစ်ဖြစ်ကိုင်ပြီး မျက်လုံးချင်းဆုံကြည့်ပြောရင်
ငါမင်းကို ဒီထက်ပိုချစ်သွားမှာ စိုးလို့လား။
အခုဟာက ကျန်စစ်သား အနော်ရထာရှေ့
အပြစ်ရှိလို့ ဒူးထောက်ခစားနေတာကျနေတာပဲ။
သောက်ကျိုးနဲငါ့ချစ်သူ"

"ငါမှ အဲ့ဒီလိုတွေမလုပ်တတ်တာ"ဟု
ခပ်ပြတ်ပြတ်ပြောပြီး စာအုပ်ပြန်ကိုင်
ဖတ်မည်ပြုတော့ နှုတ်ခမ်းပေါ်ရောက်လာသော
နွေးထွေးမှု ဒီည ဒီနှုတ်ခမ်းတွေအတွက်
ရင်လေးမိတယ်။ဆုံချက်တွေဟာ မူမမှန်။ စက္ကန့်တံရေတွက်သံနှင့်အတူ ပြင်းပြပြ အသက်ရှူသံတို့ ရှိုက်ခိုဝင်ကြသည်။ အလိုဆန္ဒနဲ့ သွေးသားတို့ ထပ်တူကြသွားတဲ့အခါ စည်းချက်မှန် ညည်းသံသဲ့သဲ့ လေပြေဆီ ခစားကြသည်။

"ငါအသွေးထဲအသားထဲကကို ချစ်ချင်လာပြီ
ပိုင်ရှင်"

မောလျနေစွာ နားထဲလေသံဆိုရုံ တိုးဝင်လာသံ
ကြောင့် ပိုင်ရှင် ကြက်သီးမွေးညင်းထသွား၏။
ရုန်းကန်လိုက်ရန် စဉ်းစားမိပေမယ့် ပိုင်ရှင်ဆိုတာ
ညီလုပ်ဆောင်သမျှ တန်ဖိုးထားတတ်တဲ့သူ။
ငြင်းဆိုဖို့ မပြောနှင့် မကြည်ကြည့်လေးတောင်
မပြုရက်သူ။

ပြတင်းပေါက်ကို ပိတ်၍ Aircornဖွင့်ထားသော အခန်းငယ်ထဲ နာရီသံတစ်ချက်ချက်နှင့်အတူ မောလျနေသူ နှစ်ယောက် ။ ဒီတဒင်္ဂလေးမှာ ပိုင်ရှင့်ရဲ့ ညီဆိုသော ခေါ်သံလေးကအစ ချစ်လျင်ခရီးကို ရှိန်နှုန်းမြင့်စေသည်။ လှပတဲ့ နာကျင်မှုဟာ ညီ့ရဲ့

"ပိုင်ရှင်.....ငါ.....ဆောရီး"ဆိုတဲ့ အသံလေးအောက် အသာအယာ ဝတ်တွားခယကြသည်။

အစွမ်းကုန် ရွာချလိုက်တဲ့ မိုးစက်တွေဟာ
သွပ်မိုးထားသော ခေါင်မိုးကြောင့် မိုးကျသံ
ပြင်းစွာကြားနေရ၏။အခန်းငယ်လေးထဲမှ အသံတို့ကို မိုးသံတို့က ဖုံးလွှမ်းထားပြန်သည်။

အေးချမ်းသောမိုးရွာသည့် ညလေးတစ်ည
လေအေးပေးစက်ဖွင့်ထားသော်ငြား
ချွေးစို့နေသောကောင်လေးနှစ်ယောက်။

ပြုတ်ကျသွားတဲ့ စာအုပ်လေးနဲ့အတူ ရှက်ခြင်းတရားတွေ ပါသွားခဲ့သည်။ ဆန္ဒကျူးလွန် နယ်မြေမှာ ရမ္မတ်တွေ ခိုးဝေတော့ အတွေးတွေဟာ ဗလာ။ ဗလာနတ္ထိ နယ်မြေလေးထဲ အတင်းတိုးဝင်နေသူအတွက် ကိုယ်ဟာ တားမြစ်သူတစ်ယောက် မဟုတ်ခဲ့။ ချစ်ခြင်းရဲ့ အစွန်းတစ်ဖက်ကို ရှာဖွေနေသူ တစ်ဦးရဲ့ တက်မက်မှုတွေကို မက်မက်စက်စက် လက်ခံနေမိသည်။ အမှတ်တရဆိုတဲ့ အမှတ်ရစရာ ညလေးကို ညီဟာ လှလှပပ ကဗ္ဗည်းထိုးခဲ့သည်။

ပြီးမြောက်သွားသည့် ဆန္ဒတွေ ကျေနပ်သွားချိန်
ကြားလိုက်ရသော အသံလေးတစ်ခုက

"ပိုင်ရှင် မင်းကိုငါက ညီရဲ့ပိုင်ရှင် ဖြစ်စေချင်တာ။
အခုတော့ ညီပိုင်တဲ့ပိုင်ရှင် ဖြစ်သွားပြီ"

ပိုင်ရှင် ကျေနပ်စွာ ပြုံးလိုက်သည်။ရင်ခွင်ထဲနစ်မြုပ်နေသူကို  ယုယစွာ
နမ်းလိုက်ကာ

"ဘယ်အရာတွေ ဘယ်လိုသတ်မှတ်ချက်တွေ
ဖြစ်ဖြစ် အရေးမကြီးဘူးညီ ။ငါမင်းကို အတိုင်းအဆမဲ့ မြတ်နိုးတာပဲလေ။
ဘာလိုဦးမှာလဲ"

သဘောကျသောရယ်သံလေးဟာတော့ ခေါင်းမိုး
ကျမိုးသံကို လွှမ်းခြုံနိုင်ခဲ့သည်။

အချစ်ဟာ အချစ်ပဲ ဆိုပေမယ့် မင်းဘယ်လိုချစ်ချစ် ငါက ကျေနပ်တယ် ညီ။

__________________________________________________________________________________________________________________

Introမှာ Coverမပါ ဗလာကျင်းလေးပါနဲ့တဲ့။
မဖြစ်သင့်ဘူးမလား ။ မလုပ်တတ်တော့ခက်တယ်။
အလှူခံရတော့မှာပေါ့။

မနိုင်ဝန်ထမ်းတာမဟုတ်ဘူး။ မုန်တိုင်းပြီးမှ
ဆက်ရေးမှာပါ။

အမြည်းလေးပေါ့။

ကျွန်တော် မျှော်လင့်နေမယ်နော်။ စာဖတ်သူတို့။

Start Date-2.1.2019

You are reading the story above: TeenFic.Net