သို့သော်ငြားလည်း သူသည်ဖုန်းကိုသာ ဆက်လက်ကစားနေပြီး သူရိုက်ယူလိုက်သောဓာတ်ပုံကို ဖုန်း၏ wallpaper အဖြစ် ထားလိုက်သည်။
လင်ကျန်းရီ၏ဖုန်းတွင်သာမက အလုပ်ကကွန်ပျူတာမှာရော အိမ်ကကွန်ပျူတာမှာပါ သူ့ပုံတွေကို wallpaper အဖြစ် ထားထားသည်ကိုသာ အမြဲမြင်တွေ့နေရသည်။
သို့သော်လည်း စုကျစ်ယန်ကတော့ သူ့ဖုန်းကို wallpaper မပြောင်းရသေးပေ။
အိုး... ဟုတ်သား... နောက်တစ်ခါကျလျှင် သူ့သားလေးတွေ၏ပုံများကို ရိုက်ယူပြီး လင်ကျန်းရီ၏ desktop ပေါ်တွင် wallpaper ထားရမည်။
သည်အကြောင်းကိုတွေးရင်း စုကျစ်ယန်တစ်ယောက် ဆက်ပြီးမထိုင်နေနိုင်တော့ပေ။ ဖုန်းကိုကိုင်ကာ လင်ကျန်းရီဆီတိုးကပ်သွားလိုက်သည်။
သူ့လက်မောင်းများကို လင်ကျန်းရီ၏ပခုံးများပေါ်တင်ကာ ကွန်ပျူတာကို ညွှန်ပြလိုက်သည်။
"ရီ... ဒီပုံ ကျွန်တော့်ဖုန်းဆီပို့ပေး"
လင်ကျန်းရီသည် လင်ကျန်းရီ၏ ပါးမို့လေးများကို ပွတ်သပ်လိုက်ပြီး တဖန် လက်မောင်းများကို ပွတ်သပ်ကာ ခေါင်းညိတ်လိုက်သည်။
"အိုခေ..."
ဖုန်းကိုပေးပြီးနောက် စုကျစ်ယန်သည် လင်ကျန်းရီ၏ နောက်၌ပင် နေရာယူကာ သူ့လက်မောင်းနှစ်ဖက်လုံးကို လင်ကျန်းရီ၏လည်တိုင်၌ တွဲလဲခိုစေလိုက်သည်။ သူပျင်းရိပျင်းတွဲမေးလိုက်သည်။
"ရီ... ခင်ဗျားပြီးတော့မှာလား"
လင်ကျန်းရီသည် ခေါင်းကိုတစ်ဖက်သို့လှည့်လိုက်ပြီး စုကျစ်ယန်၏လက်ခံမို့မို့ကို အနမ်းပေးလိုက်သည်။
"ခဏနေရင် ပြီးတော့မှာ"
"တအားပျင်းဖို့ကောင်းတာပဲ"
စုကျစ်ယန်သည် မေးစေ့ကို လင်ကျန်းရီ၏ပခုံးပေါ်၌ မှေးတင်ကာ သူ့ခေါင်းကိုဖိပြီး ရှေ့တိုးနောက်ဆုတ်ဖြင့် ကလေးတစ်ယောက်သဖွယ် ဆော့ကစားတော့သည်။
သို့သော်ငြားလည်း လင်ကျန်းရီအတွက်တော့ စုကျစ်ယန်၏ထိုအမူအရာများက စိတ်ချမ်းသာစေသည်။ သူရုတ်တရက် နိုးကြားလာကာမေးလိုက်သည်။
"ဇနီးလေး... ဘာလို့ကိုယ့်အတွက် ပခုံးကို မနှိပ်ပေးတာလဲ။ ကိုယ်ဒီနေရာမှာ တစ်နေ့လုံးနီးပါးထိုင်ရတာမို့ ပခုံးတွေတောင် နာတယ်။ လည်ပင်းလည်း ညောင်းတယ်။ တောင့်တင်းပြီး နေလို့မကောင်းဘူး"
"အာ... ဘာလို့စောစောက မပြောတာလဲ"
စုကျစ်ယန်သည် အပြောသက်သက်မဟုတ်ပါ။ နှိပ်ပေးရန်လည်း မငြင်းပေ။ ထို့ပြင် စောစောမပြောသည့်အတွက် မကျေမနပ်ပင် ဖြစ်နေသေးတော့သည်။
လင်ကျန်းရီတစ်ယောက်မှာတော့ သူနှိပ်ပေးသည်ကို ခံယူရင်း စိတ်ကျေနပ်စွာဖြင့် မျက်လုံးများကို မှိတ်ထားသည်။
"အင်း... အဲဒီ့နေရာ... အားလေးနည်းနည်းပို့ထည့်... ကောင်းလိုက်တာ"
လင်ကျန်းရီအနေဖြင့် သည်လိုခံယူရသည်ကို ပျော်ရွှင်နေလို စုကျစ်ယန်သည်လည်း စိတ်ပါက်ပါဖြင့် သေသေချာချာနှိပ်ပေးသည်။
"ဒါနဲ့... မားကို အိမ်ပြန်နောက်ကျမယ်ဆို ဖုန်းဆက်ပြီးမပြောတော့ဘူးလား"
လင်ကျန်းရီမေးလိုက်ပြီး စုကျစ်ယန်က ခေါင်းခါပြသည်။
"နောက်မှခေါ်လိုက်မယ်"
"ဒါဆို ကိုယ်ခေါ်ပြီး မင်းနဲ့ကိုယ် အိမ်ကိုအတူပြန်လာမယ်လို့ ပြောလိုက်မယ်"
"အင်း"
ထိုအချိန်မှာပင် လင်ကျန်းရီသည် လင်မားမာဆီသို့ဖုန်းခေါ်လိုက်သည်။ စကားပြောကောင်းနေရင်း သူ့သားလေးများကို လွမ်းဆွတ်တာကြောင့် မေးလိုက်သည်။
"မား.... ကလေးတွေနဲ့ စကားပြောချင်တယ်။ ကျွန်တော် သူတို့လေးတွေကို လွမ်းလာလို့"
"ကောင်းပြီ။ ခဏကိုင်ထားဦး။ မားရဲ့သားကို သူတို့အသံလေးတွေ ကြားစေရမယ်။ သူတို့နိုးနေကြပြီလေ"
လင်မားမာသည် အိပ်ယာပေါ်လှဲကာ ကလေးနှစ်ယောက်ကု စကားပြောလိုက်သည်။
"အချစ်လေးတို့ရေ... ဒယ်ဒီ့ဆီကလေ။ ဒယ်ဒီက ဘေဘီတို့ကိုလွမ်းလို့တဲ့။ လာ... ဒယ်ဒီ့ကို တစ်ခုခုပြောလိုက်ပါဦး"
စုကျစ်ယန်နှင့် လင်ကျန်းရီတို့နှစ်ဦးသား ဖုန်းထဲမှထွက်လာသော ခိုးခိုးခစ်ခစ်ရယ်သံနှင့် တကူးကူးအော်သံလေးများကို ကြားရချိန်၌ တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။
သူတို့သည် ဖုန်းပြန်မချမီ အချိန်အတန်ကြာအောင် လင်မားမာနှင့် ဖုန်းပြောကြသည်။ စုကျစ်ယန်သည် လင်ကျန်းရီ၏နောက်ကျောကို ရိုက်လိုက်ပါ၏။
"အလုပ်ပြန်လုပ်တော့"
"အင်း... ကိုယ်ပြီးတော့မှာပါ"
လင်ကျန်းရီသည် နေရာ၌ သေသေချာချာပြန်ထိုင်လိုက်ပြီး mouse ကို ရွှေ့၊ keyboard တွင် စာများ ရိုက်နှိပ်ကာ သူ့အလုပ်၌ အာရုံစိုက်တော့သည်။
အလုပ်ပြီးဆုံးရန် အချိန်ဆယ်မိနစ်က သေချာပေါက် လုံလောက်သည်။
"ဇနီးလေး... ကိုယ်ပြီးသွားပြီ"
စုကျစ်ယန် အလိုအလျောက် ခေါင်းညိတ်ပြသည်။ သူ့ခေါင်းကို စားပွဲ၏တစ်ဖက်၌ မှီကာ ဖုန်းကိုင်ထားသည်။ သူသည် လင်ကျန်းရီကို အကြည့်လေးတစ်ချက်မျှပင် မပေးပါချေ။
လင်ကျန်းရီ မတ်တပ်ရပ်ကာ သူ့ဆီသို့ လျှောက်လာပြီး ထောက်ပြလိုက်သည်။
"ဇနီးလေး... ဘာလုပ်နေတာလဲ"
စုကျစ်ယန်က ဖုန်းကိုလှမ်းပေးသည်။
"မားလေ စောစောကကျွန်တော်တို့သားလေးတွေကို 'ဘေဘီတို့'လို့ ခေါ်လိုက်တာကြားပြီး သူတို့မှာ နာမည်တွေမရှိသေးတာ သဘောပေါက်သွားလို့။ နာမည်တွေရွေးရအောင် name software တစ်ခုရှာနေတာ"
ထိုစကားလုံးများကို ကြားရချိန်၌ လင်ကျန်းရီ တစ်ခဏမျှ ငေးငိုင်သွားသည်။ ၀မ်းနည်း၊ ၀မ်းသာဖြစ်သွားသည်သာမက ရုတ်တရက အပြစ်ရှိစိတ်ကိုပါ တစ်ပါတည်း ခံစားလိုက်ရသည်။
"ဟုတ်သား... ကိုယ်တို့သားတွေကို နာမည်မပေးရသေးဘူး"
သူတို့အိမ်ပြန်ရောက်လျှင် 'ကိုကို'နှင့်'ညီညီ' သို့မဟုတ် တစ်ခါတစ်ရံ၌ 'ဘေဘီကြီး'နှင့် 'ဘေဘီလေး'ဟူ၍သာ ခေါ်တတ်ကြသည်။ နာမည်ပေးဖို့ကို တစ်ကယ်ကြီး မေ့နေကြတာပင်။
-------
ယခုအချိန်တွင် ညနေလေးနာရီထိုးပြီဖြစ်ပြီး ဧည့်ခံပါတီက ညခုနစ်နာရီမှာ စတင်မှာဖြစ်သည်။ ထို့ကြောင့် ကြား၌ သုံးနာရီ အချိန်ရသေးသည်။
လင်ကျန်းရီနှင့် စုကျစ်ယန်တို့သည် သူတို့၏ဖုန်းများကိုကစားရင်း၊ မကြာခဏ စာရွက်ပေါ်၌ စာတွေလျှောက်ရေးရင်း၊ ကွန်ပျူတာထဲမှ အချက်အလက်အချို့ကိုစစ်ဆေးရန် ဆုံလည်ခုံပေါ်၌ ပြိုင်ကာထိုင်ရင်းဖြင့် အချိန်များကိုကုန်ဆုံးကြလေသည်။
အဆုံသတ်မှာတော့ လင်ကျန်းရီကခုံပေါ်ထိုငိကာ စုကျစ်ယန်က သူ့ပေါင်ပေါ်၌ ထပ်၍ထိုင်ဖြစ်ကြသည်။ လင်ကျန်းရီသည် စုကျစ်ယန်၏ခါးလေးကို သူ့လက်နှစ်ဖက်လုံးဖြင့် ထိန်းကိုင်ထားပြီး ကွန်ပျူတာရှေ့၌ ကလေးနာမည်များကို စစ်ဆေးရှာဖွေကြသည်။
"ဒီတစ်ခုဆိုရင်ရော..."
စုကျစ်ယန်သည် ခြောက်သွေ့နေသော မျက်လုံးကြောင့် မျက်တောင်ခတ်လိုက်သည်။ screen ကို အချိန်အတော်ကြာ ကြည့်မိသည်မို့ မျက်လုံးများက အနည်းငယ် သက်တောင့်သက်သာ မရှိကြောင်း ခံစားမိသည်။
သို့သော်လည်း မည်သည့်သင့်တော်သောနာမည်မျှ မတွေ့သေးပေ။ နာမည်ပေးကင်ပွန်းတပ်ဖို့ကိစ္စဆိုတာ လွယ်ကူပုံတော့မရပါ။
လင်ကျန်းရီ၏အာရုံမှာ ကလေးများ၏နာမည်များကို ရှာဖွေနေရာမှ ရွေ့လျားသွားလေပြီ။
သူဘာမှမလုပ်ဘူးဆိုရင် သူ့ပေါင်ပေါ်မှာ ဇနီးလေးကိုခေါ်တင်ထားတာက အခွင့်အရေးကောင်းကို တစ်ကယ်ကြီး ဖြုန်းတီးတာပဲပေါ့။
စုကျစ်ယန်မေးလိုက်ချိန်၌ ၀တ်ကျေတမ်းကျေသာ ဖြေလိုက်သည်။
"ဇနီးလေးပဲဆုံးဖြတ်ပါ။ ကိုယ်မင်းကို ယုံကြည်ပြီးသား"
ထိုသို့ပြောပြီးနောက် သူသည်စုကျစ်ယန်၏ လည်ပင်းသားလေးကို အနမ်းပေးသည်။ ယခင်က ခါးကိုကိုင်ထားသော သူ့လက်များကို စုကျစ်ယန်အငယ်လေးကို ချော့မြှူရန် အသုံးပြုလိုက်သည်။
"လျှောက်လုပ်မနေနဲ့"
စုကျစ်ယန်သည် ခန္ဓာကိုယ်ကိုရွှေ့ကာ သူ၏ညစ်တီးညစ်ပတ်လက်များကို ရှောင်လိုက်သည်။ သူသည် screen ကို ဂရုတစိုက်ကြည့်ပြီး ဆက်မေးလိုက်သည်။
"လင်ကျစ်ရွှမ်နဲ့ လင်ကျစ်ဟောင်ဆိုရင်ရော..."
"အင်း... ကောင်းတယ် ကောင်းတယ်"
လင်ကျန်းရီ ပင့်သက်ရှိုက်ကာ ပြန်ဖြေသည်။ သို့သော် စိတ်ထဲမှာတော့ စုကျစ်ယန်၏ လှုပ်ရှားမှုများအပေါ်၌သာ အာရုံစိုက်ထားသည်။
ခန္ဓာကိုယ်နှစ်ခု၏ ပွတ်တိုက်မိခြင်းသည် သူ့ညီငယ်လေးကို ခေါင်းထောင်လာစေသည်။
"ဒါဆို... အဲဒါပဲ ရွေးလိုက်မလား"
စုကျစ်ယန် ထရပ်ကာ လင်ပါ့ပါနှင့် လင်မားမာကိုပြောပြရန် ဖုန်းယူလိုက်သည်။
"ပါးတို့မားတို့ဆီဖုန်းခေါ်ပြီး သူတို့ကိုပါ ခေါင်းချင်းဆိုင် ဆွေးနွေးခိုင်းလိုက်မယ်လေ"
"ဒီနာမည်တွေအပေါ် သူတို့မှာထင်မြက်ချက်မရှိဘူး"
လင်ကျန်းရီသည် သူ့ကိုပြန်လည်ပွေ့ဖက်ကာ လက်မောင်းများကြားမှ လွှတ်ပေးရန် ငြင်းဆိုသည်။
ထို့နောက်မှာတော့ စုကျစ်ယန်၏ 'အနောက်ဘက်ရပ်ဝန်း'နှင့် ထိကပ်မှုဖြင့် တက်ကြွလွန်းနေသော ညီငယ်လေးကြောင့် ဆိုးဆိုးရွားရွားလုပ်ပစ်ချင်စိတ်ကို နာကျင်စွာကြံ့ကြံ့ခံနေရပါတော့သည်။
------------
လေပြည် - hello! နောက်ကျန်တဲ့တစ်ဝက်လာပါပြီ။ စိတ်ရှည်လက်ရှည် စောင့်ပေးကြလို့ ကျေးဇူးကမ္ဘာပါ။
You are reading the story above: TeenFic.Net