အခန်း ၉၈။ အီး... ငါ့သားတွေက အရမ်းရုပ်ဆိုးတာပဲ။ အာ....

Background color
Font
Font size
Line height

အခန်း ၉၈။ အီး... ငါ့သားတွေက အရမ်းရုပ်ဆိုးတာပဲ။ အာ....

"ကိုယ်ဆရာ၀န်ခေါ်လိုက်မယ်"

လင်ကျန်းရီ ထလိုက်ချင်သော်လည်း စုကျစ်ယန်က သူ့ကိုရပ်တန့်စေကာ နူးညံ့စွာပြောလိုက်သည်။

"မလိုပါဘူး။ ဒီမှာနေပြီး ကျွန်တော့်ကိုအဖော်ပြုပေးလေ"

စုကျစ်ယန်၏နူးညံ့ပြီး ရှက်ကိုးရှက်ကန်းဖြစ်နေသောလေသံမှာ ကလူကျီစယ်နေသလိုပင်။ လင်ကျန်းရီ၏နှလုံးသားလေးမှာတော့ စမ်းရေအိုင်ထဲသို့ နစ်မြုပ်သွားသည့်နှယ် ခံစားလိုက်ရကာ သဘောတူလိုက်သည်။

"အိုကေ။ အိုကေ။ ဟုတ်ပါပြီ။ ကိုယ်ဒီမှာပဲ မင်းနဲ့နေပေးမယ်။ ဘယ်မှမသွားတော့ဘူးနော်"

လင်ကျန်းရီသည် စကားပြောနေရင်း လစ်လပ်နေသောသူ့လက်များကို ဆုပ်ကိုင်လိုက်ကာ နူးနူးညံ့ညံ့လေး နမ်းရှုံ့လိုက်သည်။ သူ့ပါးကိုသူ အထပ်ထပ်အခါခါ ပွတ်သပ်ကာဖြင့် စုကျစ်ယန်ကို ယခင်ထက်ပို၍ တုန်နေအောင်ချစ်မြတ်နိုးသောအကြည့်ဖြင့် ကြည့်လိုက်သည်။

စုကျစ်ယန်သည် သူ၏ဖျတ်လတ်တက်ကြွမှုတွင် ကြီးမားသောဆုံးရှုံးမှုကို ခံစားခဲ့ရပြီး အားနည်းသွားကာ နိုးနေသော်ငြားလည်း မကြာမီပင် လင်ကျန်းရီ၏နွေးထွေးသော အကြည့်အောက်တွင် အိပ်ပျော်သွားတော့သည်။

သူပြန်နိုးလာတော့ ညနေစောင်းနေလေပြီ။

လင်ကျန်းရီကတော့ သူ့အိပ်ရာဘေး၌ စောင့်ကြည့်နေဆဲဖြစ်သည်။ သူ့မျက်လုံးအောက်မှ မျက်အိတ်မည်းမည်းများကို မြင်လိုက်ရသောအခါမှာတော့ စုကျစ်ယန်စိုးရိမ်လာသည်။

"ဒီရက်ပိုင်း ကောင်းကောင်းအိပ်မပျော်ဘူးလား"

"မင်းမနိုးသေးရင် ကိုယ်မအိပ်ရဲဘူး။ ဒါပေမယ့် အဆင်ပြေပါတယ်။ ဒီလောက်ကတော့ မင်းရဲ့ဆင်းရဲဒုက္ခနဲ့ယှဉ်ရင် ဘာမှမပြောပလောက်ဘူး"

လင်ကျန်းရီသည် ပြောရင်းပြုံးလိုက်သည်။

"ကျွန်တော် ရက်လေးနည်းနည်းလောက်အိပ်ပျော်သွားတာလား"

စုကျစ်ယန် မျက်တောင်ခတ်လိုက်သည်။ သူသည် ယနေ့မွန်းလွဲပိုင်းနှင့် ယှဉ်လျှင် ပို၍ ကောင်းမွန်သော အခြေအနေတွင် ရှိနေသည်။

"ဒီနေ့ပါရေကြည့်ရင် မင်းအိပ်နေတာ လေးရက်ရှိပြီ"

လင်ကျန်းရီက စုကျစ်ယန်၏ဗိုက်ပေါ်သို့ သူ့လက်ကိုတင်လိုက်ပြီး "နာကျင်နေသေးလား" ဟုမေးလိုက်သည်။

"အသက်ရှူလိုက်ရင် နည်းနည်းနာတယ်။ ဒါပေမဲ့ အခုတော့ ကျွန်တော် အများကြီးပိုကောင်းသွားပါပြီ"

စုကျစ်ယန်သည် ဘေးပတ်လည်က်ုကြည့်လိုက်ပြီး လူနာဆောင်ထဲတွင် သူတို့နှစ်ယောက်တည်းရှိနေသည်ကို သတိပြုမိကာ စူးစမ်းချင်စိတ်ပြင်းပြစွာမေးလိုက်သည်။

"ကျွန်တော်တို့ ကလေးတွေရော"

သူ့သားများ၏အကြောင်းကို သတိရသွားသကဲ့သို့ လင်ကျန်းရီ၏အတွေးအာရုံတို့ ချက်ချင်းပြန်ရောက်လာသည်။ သူ့ခေါင်းအနောက်နားကို ကုတ်လိုက်ကာ အနည်းငယ်ခွတီးခွကျနိုင်သောအပြုံးတစ်ခု သူ့မျက်နှာ၌ပေါ်လာစေရန် တွန်းအားပေးလိုက်သည်။

"မင်းကိုစောင့်ကြည့်ပေးရတာနဲ့ပဲ ကိုယ်အရမ်းအလုပ်များနေပြီး ကိုယ်တို့ကလေးတွေကိုမေ့သွားတယ်။ ဒီနှစ်ရက်မှာ ပါးနဲ့မားက သူတို့ကိုဂရုစိုက်ပေးနေတယ်"

"...."

စုကျစ်ယန် အတော်လေးဆွံ့အသွားပါသော်လည်း ပီတိဖြာကာ ကျေနပ်သွားခဲ့ပါသည်။ လင်ကျန်းရီသည် သူတို့၏သားများနှင့် အတူလိုက်ပါသွားဖို့ ဒီနေရာကို ထားမသွားခဲ့ပါ။ ဆိုလိုတာက လင်ကျန်းရီရဲ့နှလုံးသားထဲမှာ သူက သူတို့သားတွေထက် ပိုအရေးကြီးသည့် အချစ်ရဆုံးသူဖြစ်ကာ ကလေးတွေကြောင့် အတူရှိနေတာမျိုးမဟုတ်ပေ။

"သူတို့ကဘယ်သူနဲ့ဆင်လဲ"

လင်ကျန်းရီကိုကြည့်နေသော စုကျစ်ယန်၏မျက်လုံးများက တဖျတ်ဖျတ်လက်နေခဲ့သည်။ ယခု သူသည် ဒီအကြောင်းပြောနေရင်း သူ့ကိုယ်သူ အဆိုးမမြင်ပေ။ သူတို့သားတွေ ဘယ်သူနှင့်တူသည်ဆိုတာကိုပဲ စူးစမ်းတာဖြစ်သည်။

သူတို့သားလေးတွေ သူနှင့်တူဖို့မျှော်လင့်ခဲ့သော်လည်း လင်ကျန်းရီကိုကြည့်လိုက်ချိန်မှာတော့ လင်ကျန်းရီက တော်တော်လေးကြည့်ကောင်းလွန်းသောရုပ်ရည်ရှိကြောင်း ခံစားမိသည်။ ဟုတ်သည်။ သူတို့သားလေးတွေသာ သူတို့ဆီက ကောင်းတဲ့အရာတွေကို အမွေဆက်ခံနိုင်ကြရင် အကောင်းဆုံးပဲပေါ့။

လင်ကျန်းရီသည် ရှက်ကိုးရှက်ကန်းဖြင့် သူ့ပါးသူဖွဖွကုတ်ခြစ်ရင်း ဗလုံးဗထွေးရေရွတ်သည်။

"ကိုယ့်မှာ သူတို့ကိုတွေ့ဖို့ အခွင့်အရေးတောင် မရလိုက်ဘူးရယ်"

"..."

စုကျစ်ယန်တစ်ယောက် သူ့မျက်လုံးများကိုသာ လှိမ့်လိုက်တော့သည်။

"ခင်ဗျား ကျွန်တော်ကလေးမွေးပြီးကတည်းက အနားမှာပဲရှိနေတာလားလို့ တစ်ကယ်ကြီးသင်္ကာမကင်းဖြစ်နေမိပြီနော်။ ခင်ဗျားသူတို့ကို တစေ့တစောင်းလေးတောင် မမြင်လိုက်ရဘူးပေါ့လေ"

လင်ကျန်းရီသည် စိတ်ဆိုးစွာဖြင့် နှုတ်ခမ်းကို ကောက်ကွေးလိုက်သည်။

"ကိုယ်ကမင်းကို စိုးရိမ်နေခဲ့တာလေ။ အဲဒီ့ကောင်ဆိုးလေးနှစ်ယောက်ကြောင့် ဘာလု့ိကိုယ့်နှလုံးသားကို ရှုပ်ထွေးခံရမှာတုန်း။ သူတို့ကမင်းကို အများကြီးနာကျင်အောင်လုပ်ထားတာ။ ကိုယ်သူတို့ကို ဖျတ်ခနဲလေးတောင် မကြည့်နိုင်ပါဘူး"

 
စုကျစ်ယန်သည် လင်ကျန်းရီကို တစ်ချက်မျှသာကြည့်လိုက်ခြင်းဖြစ်သော်လည်း လင်ကျန်းရီသည် ၎င်းနောက်ကွယ်(စိတ်ထဲ)တွင် ရယ်မောနေပုံကို မြင်လိုက်ရပြီး သူ့စိတ်ဝိညာဉ်ကို ဖြားယောင်းသွားသလို ခံစားလိုက်ရသည်။

စုကျစ်ယန်သည် သူသတိမလစ်တလစ်ဖြစ်နေချိန်တုန်းက ကလေးနှစ်ယောက်၏ တင်ပါးကို ရိုက်မည်ဟု လင်ကျန်းရီ ပြောသံကို ကြားလိုက်ရသည်ကို ပြန်တွေးမိပြီး အနည်းငယ် စိုးရိမ်လာသည်။ ဒီကောင်က သူတို့ကို တကယ်ရိုက်ခဲ့တာလား။ သူခံနိုင်ရည်ရှိပါ့မလား။

"ခင်ဗျား ကျွန်တော်တို့သားတွေကို တကယ်ရိုက်ခဲ့တာလား"

စုကျစ်ယန်က စိတ်ဝင်တစားမေးသည်။

လင်ကျန်းရီက နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်သည်။

"ခန့်မှန်းကြည့်ပါလား"

"ခင်ဗျားက အရမ်းရက်စက်တာပဲ။ ခင်ဗျားက သေချာပေါက် ခံနိုင်ရည်ရှိတာပဲ။ (နှလုံးသားမာသူပဲ) ဟမ့်... ကျွန်တော်တို့သားတွေက လောကကြီးထဲရောက်ပြီးတာနဲ့ ခင်ဗျားအနိုင်ကျင့်တာခံရတယ်။ ခင်ဗျားရဲ့ နှလုံးသားထဲက ကျွန်တော်တို့ရဲ့ ရာထူးတွေက အနာဂတ်မှာ နိမ့်ပါးသွားလိမ့်မယ် မဟုတ်လား"

စုကျစ်ယန် တမင်သက်သက်ကို မေးလိုက်သည်။ လင်ကျန်းရီသည် ဂုဏ်ယူစွာမပြောမီ စုကျစ်ယန်ကိုနမ်းဖို့ ရှေ့ကိုငုံ့ပြီး ပြုံးလိုကသည်။

"မင်းမှားတယ်။ ကိုယ်သူတို့ကိုရိုက်ဖို့ ဘယ်လို ခံနိုင်ရည်ရှိနိုင်မလဲ။ အရင်က ကိုယ်မင်းကို စိတ်ပူအောင်လုပ်နေတာကြောင့် မင်းအိပ်မပျော်ဘူးလေ။ အဲဒီတုန်းက ကိုယ်ဘယ်လောက်ကြောက်နေလဲ မင်းမသိဘူး။ မင်းကိုယ့်ကို ထပ်ပြီးမလိုချင်တော့မှာကို ကိုယ်ကြောက်တာ။"

လင်ကျင်းရီ၏အမူအရာသည် ကြောက်ရွံ့မှုအချို့ကိန်း၀ပ်လာကာ အထိမခံဖြစ်လာသည်။

"ခင်ဗျားကျွန်တော့်ကို အလုပ်အကျွေးပြုတာ လုံမှမလုံလောက်သေးတဲ့ဟာ။ ဘာကိစ္စ လက်လွှတ်ပေးရမှာလဲ။"

စုကျစ်ယန်က ပြစ်တင်ရှုံ့ချသည်။ လင်ကျန်းရီမှာတော့ အူမြူးစိတ်ရွှင်မှုတို့ ကြီးထွားသွားရလေပြီ။

"ဟုတ်တာပေါ့။ ဒါပဲလေ။ အရှင်သခင်ဇနီးလေးရယ်။ ဘာပဲလိုအပ်တာရှိရှိ ကျွန်တော်မျိုးကြီးကို အမိန့်ပေးတော်မူပါ။ အရှင်သခင်ဇနီးလေးရဲ့ဆန္ဒတွေကို ဆောင်ရွက်စီမံပေးပါ့မယ်လို့ ကတိသစ္စာပြုပါတယ်။"

"ကျွန်တော်.... ကျွန်တော်တို့သားတွေကိုတွေ့ချင်လို့"

စုကျစ်ယန်သည် အနူးအညွတ်တောင်းန်ဟန်ဖြင့် လင်ကျန်းရီကိုကြည့်လိုက်သည်။ သည်အရာက သူ့ကို သနားချင့်စဖွယ်ဖြစ်စေသည်။

သူကတော့ သေချာပေါက်ကို 'meng'ရောင်းနေပြီပဲ။

[TN-'meng'ဆိုတဲ့စကားလုံးက Japanese animation ကနေလာတာပါ။ အရမ်းချစ်စရာကောင်းတယ်ဆိုတာကို ပြောရာမှာသုံးပါတယ်။ 
Maimeng ဆိုတာကဗန်းစကားပါ။ (တိုက်ရိုက်ပြောရရင် to sell mengပေါ့။) အဓိပ္ပာယ်က ချစ်ဖို့ကောင်းဟန်ဆောင်သည်/ချစ်ဖို့ကောင်းအောင်လုပ်ပြသည်တဲ့။ ဒါက GG ပြေးခေါက်လာတာ။]

လင်ကျန်းရီ၏ခေါင်းမှာ စိတ်ရှုပ်ထွေးမှုများမှ ထွက်ပေါ်လာသော လျှပ်စစ်ဓာတ်ကြောင့် တုန်လှုပ်ကာ ခေါင်းမူးလာသည်။

"မားကိုဖုန်းဆက်ပြီး ကိုယ်တို့သားတွေကို မင်းနဲ့တွေ့ဖို့ ဒီကိုခေါ်လာခိုင်းလိုက်မယ်လေ"

"အဲဒီ့အစား ဘာလို့ခင်ဗျားမသွားလိုက်တာလဲ"

စုကျစ်ယန် ပဟေဠိဖြစ်သွားခဲသည်။

"ကျွန်တော်မျိုးက အရှင်သခင်ဇနီးလေးနဲ့ အတူရှိနေရမယ်လေ"

လင်ကျန်းရီသည် စိတ်ချယုံကြည်စွာဖြင့် ပြန်ပြောပြီး လင်မားမာကိုခေါ်ဖို့ သူ့ဖုန်းကို ထုတ်လိုက်သည်။

"မား... ကျစ်ယန် နိုးနေပြီ။ သူ့အခြေအနေပိုကောင်းလာပြီရယ်။ သူက ကလေးတွေကို တွေ့ချင်လို့တဲ့။ မားနဲ့ပါး သူတို့ကို ဒီကို ခေါ်လာခဲ့နော်"

"ကောင်းပြီ... ကောင်းပြီ စကားမစပ် အခု ကျစ်ယန်နိုးနေပြီဆိုတော့ သူဘာစားချင်လဲ မေးဦး။ သကြားညိုရည်ကို များများသောက်ခိုင်းပြီး ကြက်ဥကိုလည်း များများစားခိုင်း။ ဒါက ခန္ဓာကိုယ်ကို အားဖြည့်ဖို့လေ။ ဒီအချိန်မှာ သူက စွမ်းအင်တွေ အများကြီးသုံးခဲ့တာဆိုတော့ သူ့ကိုယ်သူအာဟာရမရှိအောင်လုပ်မိရင် ဖျားဖို့လွယ်တယ်။"

ယခုအချိန်တွင် ကျန်းဟွားရှန်သည် လင်ရှောင်ထျန်းနှင့်အတူတကွ ကလေးထိန်းကျောင်းတွင် သူမ၏မြေးများကို ပြုစုနေပါသည်။ စုကျစ်ယန်နိုးလာပြီး သူ့သားတွေကို တွေ့လိုကြောင်း သူတို့ကြားလိုက်တဲ့အခါမှာတော့ သူ့ဆန္ဒကို သေချာပေါက် ဖြည့်ဆည်းပေးရပါလေပြီ။

ယောက္ခမတစ်ယောက်အနေနှင့် သူ့သားမက်ကို ကောင်းကောင်းကျွေးမွေးစောင့်ရှောက်ဖို့မမေ့ဘဲ၊ စုကျစ်ယန်ကို ကောင်းကောင်းဂရုစိုက်ဖို့ လင်ကျန်းရီကို စိတ်ပါလက်ပါ ပြောခဲ့ပါသည်။

"ဟုတ်ကဲ့ ကျွန်တော်နားလည်ပါတယ်။"

လင်ကျန်းရီ ဖုန်းချပြီးနောက် စုကျစ်ယန်ကိုမေးလိုက်သည်။

"ဇနီးလေး... ဗိုက်ဆာနေပြီလား။ ဘာစားချင်လဲ။ မားကတော့ သကြားညိုရည်များများသောက်ပြီး ကြက်ဥများများစားရမယ်လို့ပြောတယ်။"

စုကျစ်ယန်က သု့နှုတ်ခမ်းလွှာများကို စု၀ိုင်းလိုက်သည်။

"ကျွန်တော် ကြက်ဥမကြိုက်ဘူးဆိုတာ ခင်ဗျားသိသားနဲ့..."

"အိုကေ... အိုကေ... ကြက်ဥမပါတော့ဘူး။ သကြားညိုရည်နဲ့ နွားနို့ပဲများများသောက်ရအောင်။ ဟုတ်ပြီလား။"

လင်ကျန်းရီသည် သူ၏အရှင်သခင်ဇနီးနှင့် တိုင်ပင်ဆွေးနွေးခဲ့သည်။ စုကျစ်ယန် ခေါင်းညိတ်လိုက်၏။

"အင်း ကျွန်တော်တကယ် ရေဆာတာ။"

"ကိုယ်မင်းကို ရေနည်းနည်းတိုက်မယ်။"

လင်ကျန်းရီသည် စုကျစ်ယန်၏ လက်ကို လွှတ်လိုက်ပြီး စားပွဲဆီသို့ သွားလိုက်သည်။ ပလတ်စတစ်အိတ်များနှင့် fast-food box  များ အများအပြားရှိနေသည်။

[T/N - fast-food ဆိုတာက အလွယ်တကူပြင်ဆင်လို့ရတဲ့အဆာပြေမုန့်လိုဟာမျိုးတွေပါ။ စားသောက်ဆိုင်တွေမှာဆိုလည်း အမြန်ပြင်ပေးတဲ့အစားအစာမျိုး ဒါမှမဟုတ် အေ၀းကိုယူသွားလို့ရတဲ့ဟာမျိုးပေါ့။ လေပြည်ရှာကြည့်သလောက်တော့ ဘာဂါ၊ ပီဇာ၊ ဟော့ဒေါ့ကစလို့ အများကြီးပါပဲ။]

လင်ကျန်းရီသည် ထိုရက်များတွင် တစ်လုတ်မျှသာစားကာ ၎င်းတို့ကို သည်အတိုင်းပစ်ထားသည်။ သူ့မှာ သန့်ရှင်းရေးလုပ်ဖို့ အချိန်ပင် မရှိပေ။

ထို့အပြင် ပလတ်စတစ်အိတ်များထဲ၌လည်း သကြားညို၊ အနီရောင်စွံပလွံသီးကဲ့သု့သော အာဟာရဖြည့်စွက်စာများ ပါရှိသေးသည်။ ၎င်းတို့မှာ ကျန်းဟွားရှန်တစ်ယောက် သူမ၏မြေးများကိုကြည့်ပြီးနောက် ေးဆေးရုံအောက်ရှိစူပါမားကတ်မှ ၀ယ်ယူခဲ့တာဖြစ်သည်။

လင်ကျန်းရီသည် စုကျစ်ယန်အတွက် ရေတစ်ခွက်ငှဲ့လိုက်ပြီး သကြားညို အများအပြားကို ကောင်းစွာရောမွှေပြီး ပန်းကန်လုံးနှစ်လုံးဖြင့်ခွဲကာ အအေးခံလိုက်သည်။ ထို့နောက် အပူချိန်ကို စမ်းသပ်ပြီးနောက် ရှေ့သို့ သယ်ဆောင်သွားခဲ့သည်။

စုကျစ်ယန် ထထိုင်ချင်သော်လည်း လင်ကျန်းရီက အမြန်ရပ်တန့်စေလိုက်သည်။

"မလှုပ်နဲ့။ သတိထား... မင်းဒဏ်ရာ ပြန်ပွင့်သွားနိုင်တယ်..."

စုကျစ်ယန်၏မျက်နှာ နီမြန်းလာကာ ငြိမ်ကျသွား၏။ လင်ကျန်းရီသည် ပိုကြီးသောဇွန်းကိုရှာဖွေပြီး သူ့ကို စိတ်ရှည်လက်ရှည် တစ်ဇွန်းပြီးတစ်ဇွန်း ခွံ့ကျွေးသည်။

ပန်းကန်တစ်ဝက်လောက် သောက်ပြီးနောက် အခန်းတံခါးမှာ တွန်းဖွင့်ခံလိုက်ရသည်။ လင်ရှောင်ထျန်းနှင့် ကျန်းဟွားရှန်တို့သည် ရင်ခွင်ထဲတွင် ကလေးတစ်ယောက်စီပွေ့လျက် အသီးသီးဝင်လာကြသည်။ စုကျစ်ယန် ထပ်မံ၍ ထထိုင်ချင်လာပြန်သည်။

"ပါး... မား..."

"အား... ငြိမ်ငြိမ်လှဲနေလေ"

ကျန်းဟွားရှန်သည် လျင်မြန်စွာဖြင့် စုကျစ်ယန်ကို ရပ်တန့်ရန် ခြေလှမ်းနှစ်လှမ်းသာ လှမ်းလိုက်ရသည်။

"ဘယ်လိုခံစားရလဲ။ နာကျင်နေသေးလား။"

စုကျစ်ယန် ခေါင်းယမ်းလိုက်သည်။

"မနာတော့ပါဘူး…"

စကားပြောနေရင်း သူ့မျက်လုံးများက ကျန်းဟွားရှန်၏ လက်မောင်းများထဲမှ ကလေးငယ်ကို စိုက်ကြည့်လာသည်။ ကျန်းဟွားရှန်လည်း စုကျစ်ယန်မြင်ရစေရန် ကပျာကယာဖြင့် ကိုယ်ကိုကိုင်းညွှတ်လိုက်သည်။

"သားရဲ့သားကို လာကြည့်ပါဦး။ သူက ချစ်ဖို့ကောင်းတယ်မဟုတ်လား။"

လင်ရှောင်ထျန်းလည်း ရောက်လာသည်။ ကုတင်ဘေးသို့ ညွှတ်လိုက်ပြီး သူ့လက်မောင်းကြားက ကလေးကို ပြလိုက်သည်။

"သူ့ကိုလည်း ကြည့်ပါဦး။ သူတို့က ရုပ်အတူတူပဲ။ ပါးသာ မင်းရဲ့မားနဲ့ နေ့တိုင်းအတူရှိနေတာမဟုတ်ရင် ဘယ်တစ်ယောက်က အကိုကြီး၊ ဘယ်တစ်ယောက်ကညီလေးဆိုတာ သိမှာမဟုတ်ဘူး"

လင်ကျန်းရီသည် သကြားညိုရည်ခွက်ကို ချထားရင်း တစ်ချက်ကြည့်လိုက်သည်။ ဒါက သူ့သားတွေကို ပထမဆုံးအကြိမ်တွေ့ရတာဖြစ်သည်လေ။

သို့သော် လင်ကျန်းရီတစ်ယောက် ထိတ်လန့် အံ့အားသင့်သွားသည်။ သူတို့နှစ်ဦးသည် ဘန်းကိတ်ကဲ့သို့ ရှုံ့တွနေပြီး ရုပ်ဆိုးလွန်းလှသည်။ သူရောစုကျစ်ယန်ပါ အရမ်းချောမောခန့်ငြားကြပေမဲ့ သူတို့သားလေးတွေက ဘယ်လိုဖြစ်လို့ ရုပ်ဆိုးနိုင်ရတာလဲ။

"ရုပ်ဆိုးလိုက်တာ"

လင်ကျန်းရီသည် မတော်တဆ လွှတ်ခနဲထွက်သွားပြီး သက်ပြင်းချသည်။

"သန္ဓေပြောင်းလဲတာရှိလား"

ကျန်းဟွားရှန်က သူ့ကို စူးရှသောအကြည့်တစ်ချက် ပေးလိုက်သည်။

"ေ၀းဝေးထွက်စမ်း... မင်းကဘာသိလို့လဲ။ မွေးကင်းစကလေးဆွေက ဒီလိုပုံစံချည်းပဲ။ မင်းငယ်ငယ်တုန်းကဆို ငါ့မြေးတွေလောက်တောင် ကြည့်လို့မကောင်းဘူး။"

စုကျစ်ယန်သည် ဤအမေနှင့်သား၏ စကားလုံးများကြောင့် ကြည်နူးမိသွားသည်။ သူ၏ တောင့်တသော အကြည့်များက သူ့သားနှစ်ယောက်ထံ၌ ရပ်တန့်သွားသည်။

အမှန်တော့ ဒီကောင်လေးနှစ်ယောက်ဟာ အခုအချိန်မှာ အနည်းငယ်ရုပ်ဆိုးတယ်ဆိုပေမဲ့လည်း သူတို့က သူ့ရဲ့အသွေးအသားပဲဖြစ်သည်။ သူတို့ကို ဘယ်လိုပဲကြည့်ကြည့် သူကတော့ သူတို့ကို အလွန်အမင်းကို နှစ်သက်သဘောကျဆဲပင်။

သူတို့နှစ်ယောက်လုံး အလွန်ကိုနာခံမှုရှိကြပြီး မျက်လုံးမှိတ်ကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြသည်။ သူတို့၏ အဖေ၊ အမေနှင့် အဘိုးအဘွားများက သူတို့ကို မည်သို့ခန့်မှန်းနေသည်ကို လုံးဝလျစ်လျူရှုထားကြသည်။

ဤအခိုက်အတန့်တွင် သူ၏သွေးများစီးကျနေသော သားများကိုကြည့်ရင်း စုကျစ်ယန်သည် တုနှိုင်းမရသော ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။

အရင်က သူခံနိုင်ရည်ရှိခဲ့သော ဒီဒုက္ခတွေ အားလုံးဟာ ဗလာနတ္တိ ဖြစ်သွားလေပြီ။ ဒါကြောင့် စိတ်ဆင်းရဲမှုတွေဟာလည်း စိတ်ချမ်းသာမှုအဖြစ် ပြောင်းလဲသွားခဲ့သည်။

လူနာဆောင်ထဲတွင် မိသားစု(၀င်များ) စကားစမြည်ပြောလာသည်နှင့်အမျှ ကလေးငယ်များ စတင်ကာ အဆက်မပြတ်ငိုကြွေးကြလေပြီ။

ကျန်းဟွားရှန်သည် ဤနယ်ပယ်တွင် အထူးကောင်းမွန်သော အတွေ့အကြုံရှိခဲ့ဖူးသည်။

"သူတို့ ဗိုက်ဆာနေပြီ။ မားတို့ ဒီကလေးနှစ်ယောက်ကို ကျွေးဖို့(နို့တိုက်ဖို့) ခေါ်သွားလိုက်မယ်။ ကျစ်ယန်က ကောင်းကောင်းအနားယူနော်။ ဒီကောင်လေးနှစ်ယောက်ကို အစာကျွေးပြီးရင် သားဆီပြန်ပို့ပေးမယ်..."

"ကျေးဇူးပါနော် ပါးနဲ့မား…"

စုကျစ်ယန်သည် သူ၏ ပြန်လည်ကျန်းမာလာချိန်၌ လင်ကျန်းရီက သူ့ကို သေချာပေါက် ပြုစုစောင့်ရှောက်ပေးမည်ဖြစ်ကြောင်း သိထားသောကြောင့် ကလေးနှစ်ယောက်ကို ပြုစုစောင့်ရှောက်ရမည့်တာဝန်မှာ အလိုအလျောက်ပင် သူ့မိဘများအပေါ်သို့ ကျရောက်ခဲ့လေသည်။

ကလေးများက တည်ငြိမ်မှုမရှိပါ။ ၎င်းတို့သည် ခဏအတွင်း ငိုကြပြီး နောက်တစ်စက္ကန့်တွင် အညစ်အကြေးစွန့်ကြသည်။ သူတို့အတွက်တော့ သေချာပေါက် ပင်ပန်းလိမ့်မည်။

"သားဘာတွေပြောနေတာလဲ။ မိသားစု အချင်းချင်း အရမ်းကြီးယဉ်ကျေးတဲ့စကားတွေ မပြောသင့်ဘူးလို့ သားမပြောခဲ့ဘူးလား။ သားက မားတို့မိသားစုရဲ့ သူရဲကောင်းတစ်ယောက်ပါ။ ကျန့်ကျန့်ကသားကို သေချာလေးဂရုစိုက်ပေးပြီး သားခန္ဓာကိုယ်ကို အမြန်ပြန်လည်ကျန်းမာလာစေဖို့က အရေးကြီးဆုံးအရာပဲလေ။ သားရဲ့ပါးနဲ့ မားက ဘာပဲဖြစ်ဖြစ် လွတ်လပ်နေတာအဲဟာ။ ပြီးတော့ မားတို့က သားအတွက် ကလေးတွေကို ပြုစုစောင့်ရှောက်ပေးရတာ သဘောကျပါတယ်။ သူတို့က မားတို့ရဲ့ မြေးလေးတွေပဲလေ။ မားတို့က ပင်ပန်းတာ ဒါမှမဟုတ် ခက်ခဲမှုတွေကို မကြောက်ပါဘူး။ တကယ်တမ်းကျ ဒီလိုလုပ်ရတာကိုပဲ ဝမ်းသာပါတယ်။"

စကားစမြည်ပြောနေစဉ် ကျန်းဟွားရှန်၏ရင်ခွင်မှ ကလေးငယ်သည် ပို၍ပင် ကျယ်လောင်စွာ အော်ဟစ်ခဲ့သည်။ ကျန်းဟွားရှန်သည် သူမ၏လက်များကို ပုခက်ကဲ့သို့ အလျင်အမြန်လှုပ်ယိမ်းကာ ချော့မြူှလိုက်သည်။ ထို့နောက် သူမသည် စုကျစ်ယန်ကို ပြုံးကာပြောလိုက်သည်။

"ကျစ်ယန်... သားရဲ့ခန္ဓာကိုယ်ကို ကောင်းကောင်း ဂရုစိုက်။ အတွေးတွေ မများနေနဲ့နော်။ မားကလေးတွေကို အပြင်ခေါ်သွားမယ် ယေကျ်ား... သွားရအောင်။ ရှင့်မြေးတွေက တအားငိုနေပြီ။ မြန်မြန်အစာကျွေးရအောင်"

လူကြီးနှစ်ယောက်သည် သူ့သားများနှင့်အတူ ထွက်ခွာသွားသည်ကိုမြင်တော့ စုကျစ်ယန်သည် သူ့အကြည့်ကို တုံ့ဆိုင်းစွာ ပြန်ရုတ်လိုက်သည်။

စုကျစ်ယန် နည်းနည်းလေး စိတ်ညစ်နေတာတွေ့တော့ လင်ကျန်းရီတစ်ယောက် အကူအညီမဲ့စွာပင် မေးလိုက်သည်။

"ဘာဖြစ်လို့လဲ ဇနီးလေး... မင်းသူတို့နဲ့ မခွဲနိုင်လို့လား"

"မဟုတ်ဘူး… အကယ်၍ ကျွန်တော်သာ သူတို့ကိုနို့တိုက်နိုင်မယ်ဆိုရင်..."

စုကျစ်ယန်သည် ငေးငိုင်နေရင်းမှ  သူ့အတွေးကို မထင်မှတ်ဘဲ ပြောလိုက်မိသည်။ သူသည် ရှက်ကိုးရှက်ကန်းဖြင့် ငုံ့ကြည့်ပြီးနောက် လင်းကျန်းရီကို မကြည့်ဝံ့ဘဲ ခေါင်းကိုလှည့်လိုက်သည်။

ဘယ်လိုလုပ်ပြီး သူကဒီလိုမျိုး ပြောနိုင်ရတာလဲ။ လင်ကျန်းရီတော့ သူ့ကို ရယ်နေမှာ သေချာသည်။

"မင်း... သူတို့ကိုမွေးနိုင်တာကပဲ အံ့ဩစရာဖြစ်နေပြီကို။ ဒါတောင်မှ နို့ထွက်ချင်တုန်းလား"

လင်ကျန်းရီသည် မျှော်လင့်ထားသကဲ့သို့ ပြုံးလိုက်သည်။ သူသည် အနားတိုးကပ်လာပြီး စုကျစ်ယန်၏ ကျယ်ဝန်းသော အကျႌကော်လာထဲသို့ သူ့လက်ကိုသွင်းလိုက်သည်။

"အရှင်သခင်ဇနီးလေးအတွက် ဒီနေရာမှာနို့ရှိမရှိ ကျွန်တော်မျိုး ဘယ်လိုစစ်ဆေးရမလဲခင်ဗျာ"

------------

TN-လင်ကျန်းရီကြီးက flirt တာ အရမ်းပဲနော်။

Hello! ၇လပိုင်းထိမနေဘဲ ၆လပိုင်းမှာပဲ ပြန်လာခဲ့ပါတော့ဆိုလို့ ပြန်လာပါပြီ။

မဆုံတာကြာတော့ အရေးအသား ဖတ်ရတာ (ဘာသာပြန်တာ) အဆင်ပြေပါရဲ့လား။ စကားလုံးထောင့်နေတာများတွေ့ရှိရင်လည်း စေတနာနဲ့ပြင်ပေးကြပါဦးလို့။

ကြားဖောက် 'TN'တွေထည့်တာကလေ headnote တို့ footnote တို့ဆို ဖတ်ရင်းနဲ့ ပြန်ပြီးလှန်လှောနေရမှာစိုးလို့ရယ်ပါ။ အဆင်မပြေရင်လည်းပြောပေးနော်သိလား။

update ကတော့ one week, two part ပေါ့နော်။


You are reading the story above: TeenFic.Net