အခန်း ၁၁၉။ လော့ယန်၏ သောကရောက်နေသော ဖုန်းကောလ်

Background color
Font
Font size
Line height

အခန်း ၁၁၉။ လော့ယန်၏ သောကရောက်နေသော ဖုန်းကောလ်

ကျန်းချင်တစ်ယောက် သူမ၏မျက်လုံးထဲတွင် သံသယအနည်းငယ်ကိုခံစားလိုက်ရသည်။ ဘာကြောင့်များ ဒီမိန်းကလေးက ရုတ်တရက်ကြီး စိတ်လှုပ်ရှားလာရတာလဲ။

"ရှောင်နော့"

သူမနာမည်ကိုခေါ်သံကြားလိုက်တာကြောင့် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့်လှည့်ကြည့်လိုက်ပြီးနောက် ရှင်းပြရန်အတွက် စိတ်လှုပ်ရှားစွာဖြင့် ကျန်းချင်၏လက်မောင်းကို လှမ်းဆွဲလိုက်သည်။

"အချစ်တွေမှ တစ်ပုံကြီးပဲ... ချစ်နေလိုက်ကြတာများ... ငါ့ဘ၀မှာ ဒီလိုချစ်နေကြတဲ့မြင်ကွင်းမျိုး တစ်သက်နဲ့တစ်ကိုယ် မြင်တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး... အိုက်ယား... အိုက်ယား... ဘယ်လောက်တောင်မှ ကြည်နူးဖု့ိကောင်းလိုက်လဲ"

ကျန်းချင် - "....."

ကျန်းချင်နားမလည်ပါ။ သူမ သူ့ကိုဘာကတိပေးခဲ့တယ်ဆိုတာ နားမလည်တာက နားလည်ပေးလို့ရပါသည်။

ပတ်၀န်းကျင်မှလူများ၏အကြည့်ကို ဂရုမစိုက်ဘဲ ၀မ်းနည်းပူဆွေးနေခဲ့သော ဇာတ်လိုက်ကျော်ကြီး လင်ကျန်းရီမှာတော့ ဂုဏ်ယူဟန်ဖြင့် စုကျစ်ယန်ကိုသေသေချာချာဖက်ထားကာ သူ့ဘက်မှ တိတ်တဆိတ်ဖြင့် ကြေငြာနေသည်။ ဒီလူက သူ့ချစ်သူဟူ၍။

ပတ်၀န်းကျင်မှလူများ နားလည်၊ မလည်ဆိုတာကတော့ သူတို့၏ IQ ပေါ်တွင်သာ မူတည်သည်။

ကောင်းပြီ။ ဒါက ပုံပြင်ရှည်ကြီးတစ်ပုဒ်ပါပဲ။ သူတို့နှစ်ယောက်အကြောင်း ပြန်ပြောရအောင်။

လင်ကျန်းရီ၏ရုံးခန်းဆီမရောက်ခင် ဓာတ်လှေကားဆီသို့ သူတို့လမ်းလျှောက်လာခဲ့ကြရသည်။ ရုံးခန်းထဲရောက်ပြီးနောက် အစားအစာဘူးကိုဖွင့်ကာ စားကြသည်။

သည်အချိန်အတွင်းမှာတော့ 'မင်းငါ့ကိုတစ်လုတ်ခွံ့ရင် ငါမင်းကိုတစ်လုတ်ပြန်ခွံ့မယ်'ဆိုတာမျိုးပေါ့။

စားသောက်ပြီးနောက် သဘာ၀ကျကျပင် လင်ကျန်းရီက အစားအစာဘူးများကို ဆေးကြောကာ တစ်ချိန်တည်းမှာပင် စုကျစ်ယန်အတွက် ရေတစ်ခွက်ငှဲ့ပေးသည်။

အားလုံးသေသပ်အောင်စီစဉ်ပြီးနောက်မှာ လင်ကျန်းရီက သူ့ကွန်ပျူတာကိုဖွင့်ကာ မေးလ်များစစ်ဆေးခြင်း (သို့) သဘောတူစာချုပ်မှာ လက်မှတ်ထိုးခြင်းတို့ကိုပြုလုပ်သည်။

မျှော်လင့်ထားသလိုပင် စုကျစ်ယန်က ပြတင်းပေါက်ဘေးမှ ကော်ဇောပေါ်တွင်ထိုင်ကာ လက်ထဲမှာစာအုပ်ကိုင်ထားပြီး စာဖတ်နေသည်။ လင်ကျန်းရီမှာတော့ ခဏခဏလှမ်းကြည့်မိလျက်သား။

သူ့အကြည့်များကို သတိပြုမိတာကြောင့် စုကျစ်ယန်ဟာ ခေါင်းငုံ့ကာစာအုပ်ပြန်မဖတ်ခင် ခေါင်းထောင်ပြီး လင်ကျန်းရီကို ကြည့်လိုက်သည်။

နေ့လည်ခင်းနေရောင်က မှန်ပြတင်းကိုဖြတ်ကာ သူတို့နှစ်ယောက်ဆီသို့ နွေးထွေးစွာဖြာကျနေသည်။ နွေးထွေးကာ တိတ်ဆိတ်ငြိမ်သက်သော နေ့လည်ခင်းလေးက သည်လိုနှင့် ကုန်ဆုံးသွားခဲ့သည်။ တစ်ကယ်ကိုပဲ သူအရမ်းပျော်ရွှင်ရသည်။

နောက်တစ်လကုန်ဆုံးသွားပြီးနောက် သူတို့နှစ်ဦး ဆက်လက်ပြီး အတူတူရှိနေဆဲပင်။ သို့သော်ငြားလည်း သည်အချိန်အတောအတွင်း လင်ကျန်းရီဟာ စုကျစ်ယန်ထံမှအနမ်းကို ဆုလာဘ်၊ အရင်းခံအကြောင်း၊ အားပေးမှုနှင့် အခြားသောအကြောင်းပြချက်များအတွက် အသုံးပြုနေဆဲပင်။

ဒါက ကျီစယ်တာဖြစ်ပြီး မျှေ၀လိုက်တာမှ မဟုတ်ဘဲလေ။ ဟုတ်တယ်မလား။

လင်ကုမ္ပဏီအုပ်စု၏ ၉၀%သောအလုပ်သမားများမှာ သူတို့CEOဟာ နေ့လည်နေ့ခင်းအချိန်မှာပင် အမျိုးသားတစ်ဦးနှင့် စုံတွဲခုတ်နေသည်ဆိုတာ အစောကြီးကတည်းက သိနေခဲ့ကြလေပြီ။

ကျန် ၁၀% ကလား။ အိုး... ဒီအမျိုးသမီးတွေကတော့ 'CEO လင်'ကို လိုချင်တပ်မက်စွာ ကြည့်နေကြတုန်းပဲလေ။

သူတို့ရဲ့ CEOကို အဲဒီ့လူနှင့်ပြတ်သွားစေချင်ပြီး သူမတို့နှင့်အတူနေစေချင်သည့် မျှော်လင့်ချက်လေးတစ်ချို့တောင် ရှိကြသေးရဲ့။ ဒီမျှော်လက့်ချက်က အရမ်းကိုအလားအလာနည်းတယ် ဆိုပေမဲ့ပေါ့လေ။

ထိုနေက စုကျစ်ယန် သူ့နောက်ဆုံးစာအုပ်ကို လေ့လာနေစဉ်မှာ ရတ်တရက်ပင် လော့ယန်ဆီမှဖုန်းကော်လ်ကို လက်ခံရရှိခဲ့သည်။

သူကစာလေ့လာနေတာကြောင့်အလုပ်များနေပြီး လော့ယန်ကလည်း သူ့သင်ကြားရေးလုပ်ငန်းတွေကြောင့် မအားမလပ်ဖြစ်ကာ နှစ်ဦးသားမဆက်သွယ်မိခဲ့တာ အတော်ကြာခဲ့လေပြီ။

စုကျစ်ယန်ဖုန်းကိုင်လိုက်ပြီး သူဘာလုပ်နေတယ်ဆိုတာ မပြောသေးခင် သူ၏လေးစားအပ်သောပုဂ္ဂိုလ်ကို ဘယ်လိုအခြေအနေရှိတယ်ဆိုတာ စနောက်လိုက်သည်။

အဲဒီ့နောက်မှာတော့ လော့ယန်၏ စိုးရိမ်ကြောင့်ကြနေသောအသံကို ကြားလိုက်ရလေတော့သည်။

"ကျစ်ယန် ငါမင်းဆီက အကူအညီ နည်းနည်းလောက်လိုအပ်လို့"

အစကတည်းက နံရံကိုခေါင်းဦးလုပ်ကာ ပျင်းရိနေသောစုကျစ်ယန်တစ်ယောက် အကူအညီမဲ့သွားရသော်ငြား ဒါကိုကြားချိန်မှာ သူ့ကိုယ်ကိုမတ်လိုက်သည်။

လော့ယန်ကအမြဲနွေးထွေးကာ ကြင်နာတတ်သူဖြစ်သည်။ ဘာလုပ်လုပ်ဖြည်းဖြည်းလုပ်တတ်လေ့ရှိပြီး အေးဆေးသောအမူအရာရှိသည်။

အခုအချိန်မှာတော့ သူ့အသံအနေအထားက တစ်ခုခုဖြစ်ပျက်နေပြီဆိုတာ သေချာလောက်အောင်ပင် အဆောတလျင်ဖြစ်နေခဲ့သည်။

"ယဲ့ရှော်... ယဲ့ရှော်... သူ..."

လော့ယန်၏အသံက ၀မ်းနည်းမှုတို့ပြည့်နှက်နေသည်။

"ယဲ့ရှော်ဘာဖြစ်လို့လဲ။ အလျင်မလိုနဲ့။ ဖြည်းဖြည်းပြောပြ"

စုကျစ်ယန်၏အာရုံကြောများတောင် နေမထိထိုင်မထိပိုဖြစ်သွားရသည်။ အလွန်အမင်း စိုးရိမ်ကြောင့်ကြလာတာက နူးညံ့ကြင်နာသော လော့ယန်အတွက် ကောင်းသောကိစ္စမဖြစ်နိုင်ပါ။

"ယဲ့ရှော်နဲ့ငါ အတူနေတာကို သူ့မိသားစုကသိသွားပြီ။ ငါကမနေ့ကတစ်နေ့လုံး အတန်း၀င်နေရတာ။ အဲဒါကြောင့် ဒီကိစ္စဖြစ်သွားတာ မသိလိုက်ဘူး။ ငါအတန်းပြီးတော့မှ ရုတ်တရက်ကြီး ယဲ့ရှော်ဆီက message ရလိုက်တာ။ သူပြောတာက ငါနဲ့လမ်းခွဲချင်တယ်တဲ့။ ဒီလိုရုတ်တရက်ကြီး message ရလိုက်တာကို ငါမယုံနိုင်ဘူး။ အဲဒါကြောင့် ငါသူ့ဆီကို တိုက်ရိုက်ဖုန်းခေါ်ခဲ့တယ်။ ဘာတွေဖြစ်ခဲ့တာလဲ မေးမလို့လေ"

လော့ယန်က အသက်ပြင်းပြင်းရှူကာ ဆက်ပြောသည်။

"အတန်းပြီးတာနဲ့ အိမ်ကိုအပြေးအလွှားမသွားဘဲ မနေနိုင်ခဲ့ဘူး။ ငါတွေ့လိုက်ရတာက ငါ့ပစ္စည်းတွေအကုန် အပြင်ကိုလွှင့်ပစ်ခံထားရတာပဲ။ တံခါးကသော့တ်ထားတာမို့ ငါ၀င်လို့မရဘူး။ ယဲ့ရှော်နဲ့လည်း အဆက်အသွယ်မရဘူး။ ဒီမနက်တော့ နံပါတ်စိမ်းတစ်ခုဆီက နောက်ထပ် message ထပ်ရတယ်။ ဒါပေမဲ့အသံအနေအထားအရ ယဲ့ရှော်ဆိုတာ ငါသိနေတယ်။ အရင်ကတော့ သူကငါ့ကိုသည်းခံတတ်တယ်။ သူသေရင်တောင် ငါ့အနားကနေ ထွက်သွားမှာမဟုတ်ဘူး၊ သူ့မိဘတွေကိုလည်း စည်းရုံးပါ့မယ်လို့ပြောခဲ့တာ"

လော့ယန်၏အသံက စတင်ကာ တုန်ရီလာသည်။

"ငါမေးခဲ့တယ်။ ဆင်းရဲဒုက္ခတွေကြုံရရင်ရောလို့။ သူပြန်မဖြေခဲ့ဘူးလေ။ သူအဆင်ပြေပါတယ်လို့ပဲပြောခဲ့တာ။ ဒါပေမဲ့ သူ့လွတ်လပ်မှုအပေါ် ကန့်သတ်ချက်က သူအပြင်မထွက်ရတော့တာပဲ။ နံပါတ်က တခြားသူဆီတော့ မရောက်သွားနိုင်လောက်ပါဘူး။ အခုတော့ ငါ့ဖုန်းဆီကို message တစ်စောင်၀င်လာတယ်။ တစ်ဖက်လူပြောတာက ငါ့ကိုယဲ့ရှော်နဲ့ေ၀းေ၀းနေစေချင်တယ်တဲ့။ ယဲ့ရှော်ကလည်း နာမည်ကျော်ကြားတဲ့တက္ကသိုလ်တွေရှေ့ ဘယ်တော့မှ ပေါ်လာတော့မှာမဟုတ်ဘူးတဲ့။ ပိုပြီးပြောရရင် ငါ့ရှေ့မှာပေါ့လေ။ ယဲ့ရှော်ကို လမ်းကြောင်းအမှားပေါ် ဆွဲခေါ်တယ်၊ ပုန်ကန်တတ်တဲ့ကောင်လေးတစ်ယောက်ဖြစ်အောင်၊ သူတို့နဲ့ ရန်ဖြစ်စကားများအောင်လုပ်ပါတယ်ဆိုပြီးတော့ ငါ့ကိုတောင် ဆူပူသွားသေးတယ်။ သူတစ်ခုခုလုပ်လိုက်မှာ ငါအရမ်းစိတ်ပူတယ်။ သူတစ်ခုခုဖြစ်သွားမှာ ငါကြောက်တယ်။ ဒါပေမဲ့ သူဘယ်မှာနေတယ်၊ ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ ငါမသိဘူး"

လော့ယန်က အလွန်အမင်းစိုးရိမ်ကြောင့်ကြနေကာ ဗလုံးဗထွေးပြောသည်။

"ကျစ်ယန်... ငါ့ကိုကူညီပါဦး။ လင်ကျန်းရီကိုလေ ငါ့ကိုကူညီဖို့ပြောပေးပါလား။ သူကတော့ ယဲ့ရှော်ရဲ့အိမ်လိပ်စာကိုသိတယ်မလား။ မဟုတ်လည်း နောက်ဆုံးတစ်ခါကတွေ့ခဲ့တဲ့ ကုဖုန်းဆီ အကူအညီတောင်းပေးပါလားကွာ။ ငါမင်းကိုအကူအညီတောင်းပါတယ်ကျစ်ယန်ရာ"

လော့ယန်ဟာ အလွန်အမင်း သောကရောက်နေတာကြောင့် မျက်လုံးများပင် နီရဲလာသည်။ တစ်ချိန်တည်းမှာ ယဲ့ရှော်နှင့်အတူနေစဉ်က ရည်ရွယ်ချက်ရှိရှိဖြင့် ယဲ့ရှော်ဘယ်မှာနေခဲ့တယ်၊ သူ့မိသားစုတွေဘယ်မှာရှိတယ်ဆိုတာနှင့်ပတ်သတ်ပြီး သူရှောင်နေခဲ့မိတာမို့ ယခုတော့ သူ့နှလုံးသားထဲတွင် သူ့ကိုယ်သူ အပြစ်တင်နေမိသည်။

ယခုလိုတစ်စုံတစ်ရာပြဿနာဖြစ်ကာ ကျဉ်းထဲကျပ်ထဲကျနေချိန်မှာတော့ သူ့မှာတစ်ကယ်ကို သဲလွန်စမရှိပေ။ သည်တော့ စိတ်ပူနေရုံသာ တတ်နိုင်တော့သည်။

ယဲ့ရှော်... ဘယ်လိုများ နေမလဲ။

လော့ယန် သည်အကြောင်း ထပ်မတွေးရဲတော့ပေ။
He didn't even know when his heart had already been completely focused on that young boy who was around his age.

သူက ရှင်းရှင်းလင်းလင်းကို အစကတည်းက ကစားချင်နေခဲ့တာပဲ။ သူအထီးျန်တာကြောင့် သူနှင့်သက်တောင့်သက်သာ စကားပြောနိုင်မည့် အဖော်တစ်ယောက်ကို အလိုရှိခဲ့ရုံသာဖြစ်သည်။

ခံစားချက်တွေ သည်လောက်ထားမိသွားလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိပေ။ သူက အရင်တုန်းက ပြင်းပြင်းထန်ထန် စိတ်ဒဏ်ရာရခဲ့ဖူးတာမို့ ထပ်ပြီးမနာကျင်ချင်တော့ပေ။

အန္တရာယ်တွေကြုံနေမှာကို စိုးရိမ်ရုံသာမက ထပ်မံစွန့်ပစ်ခံရပြီး နာကျင်ရမှာကိုပါ စိုးရိမ်ရပြန်သည်။ တစ်ကယ်လို့... တစ်ကယ်လို့သာ ယဲ့ရှော်က သူ့မိသားစုကို မဆန့်ကျင်နိုင်ဘဲ သူနှင့် လမ်းခွဲမည်ဆိုလျှင်....

လော့ယန်၏နှလုံးသားလေး ရုတ်တရက်ပင် နာကျင်စွာ ဆောင့်ခုန်သွားလေပြီ။ သက်ပြင်းရှိုက်ကာ ဖြစ်နိုင်ချေကိုစဉ်းစားလိုက်ရင်း ရရှိနေသော နှလုံးသား၏နာကျင်မှုက လွန်ခဲ့သောခုနစ်နှစ် ထိုသူ့ဆီမှစွန့်ပစ်ခြင်းခံရစဉ်က နာကျင်မှုထက် မနည်းပါချေ။ ပိုပြီးတော့တောင် နာကျင်သေးသည်။

ဟား..... လော့ယန်... မင်းသင်ခန်းစာ မရသေးဘူးလား။ သူတစ်ကယ်ပဲ နောက်တစ်ခါ ပစ်ချခံလိုက်ရပြန်ပြီပဲ။

စုကျစ်ယန်က လော့ယန်အကူအညီတောင်းသည်ကို ချက်ချင်းပင် သဘောတူလိုက်သည်။

"မစိုးရိမ်နဲ့။ ကျွန်တော် ကျန်းရီကိုပြောပြီး ကုဖုန်းဆီဆက်သွယ်ခိုင်း၊ အိမ်ကိုမေးခိုင်းလိုက်မယ်။ စိတ်မလောနဲ့လော့ယန်။ သူအဆင်ပြေမှာပါ။ အားလုံးပြီးရင် သူ့လမ်းသူခင်းပြီး မင်းဆီပြန်လာလိမ့်မယ်"

သူပြောနေစဉ်မှာပဲ လင်ကျန်းရီက (ကုဖုန်းဆီ) ဖုန်းလှမ်းခေါ်လိုက်ပြီဖြစ်သည်။ လော့ယန်က ခေါင်းညိတ်ကာ သူ့ကြိုးစားမှုများနှင့်အတူ သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်သည်။

"ကျေးဇူးပါကျစ်ယန်"

"ကျွန်တော့်ကို အရမ်းယဉ်ကျေးနေဖို့မလိုပါဘူး။ မင်းအခုဘယ်မှာလဲ။ သူ့မိသားစုကြောင့် အိမ်ကသော့ခတ်ခံရ၊ ပစ္စည်းတွေလွှင့်ပစ်ခံထားရတယ်မလား။ သူတို့လုပ်တာမလား"

စုကျစ်ယန်မှာမေးနေရင်း သူ့နှလုံးသားက တင်းကျပ်လာရသည်။

"လော့ယန်... မင်း... မနေ့ကတည်းက အပြင်မှာလား။ တစ်ညလုံးမအိပ်ရသေးဘူးမလား"

လော့ယန်က ခါးခါးသီးသီးရယ်မောသည်။

"ငါဘယ်လိုလုပ်အိပ်နိုင်မှာလဲ"

"အရင်ဆုံး မင်းဘယ်မှာလဲဆိုတာပြော... ကျစ်ယန်ကိုလာခေါ်ခိုင်းလိုက်မယ်။ ပြီးမှ ယဲ့ရှော်ကိုရှာဖို့ ကျွန်တော်လိုက်ခဲ့ပေးမယ်လေ"

စုကျစ်ယန်က သက်ပြင်းချရင်း မေးလိုက်သည်။ လော့ယန်ကတော့ နည်းနည်းလေးရှက်နေသည်။

"အဲဒီ့အကြောင်းမေ့လိုက်... ငါ့ကိုယဲ့ရှော်အိမ်လိပ်စာပဲပြောပါ။ ငါမင်းကိုထပ်ပြီး မနှောင့်ယှက်ချင်တော့ဘူး"

"မင်းက ကျွန်တော်နဲ့မသွားဘူးလား"

စုကျစ်ယန်၏မျက်နှာ ရှုံ့တွသွားကာ အသံကအေးစက်လာသည်။ လော့ယန်လည်းမတတ်နိုင်ဘဲ လက်ရှိသူ့လိပ်စာကိုသာ ပြောလိုက်ရတော့သည်။

လင်ကျန်းရီက အစောကတည်းက ကုဖုန်းကိုသည်အကြောင်းမေးခဲ့ပြီး ဖုန်းပြန်အခေါ်ကို စောင့်နေတာဖြစ်သည်။ ကုဖုန်းက 'ပိုင်တု'ရဲ့အစိတ်အပိုင်းတစ်ခု မဟုတ်သော်ငြား သူ့စိတ်ထဲမှအရာအားလုံးကိုတော့ မှတ်မိနေခဲ့သည်။

ယဲ့ရှော်ကို သူ့မိဘတွေရဲ့အိမ်လိပ်စာအတိအကျမေးဖို့ လိုအပ်ခဲ့ဖူးသည်။ စုကျစ်ယန်က စာအုပ်ချလိုက်ကာ သူ့အပေါ်၀တ်အကျႌနှင့် လင်ကျန်းရီ၏suit ကိုယူလိုက်သည်။

လင်ကျန်းရီကတော့ သူ့ကားသော့ကိုယူကာ နှစ်ဦးသား ရုံးခန်းအပြင်သို့ ထွက်လာကြသည်။ ကျန်းချင်က သူတို့နှစ်ယောက်အတူတကွ ပျာယာတ်ကာ ပြေးထွက်လာကြသည်ကိုတွေ့တော့ ထိတ်လန့်သွားခဲ့သည်။ လင်ကျန်းရီက တိုတောင်းသော အမိန့်တစ်ခုကိုပေးလိုက်သည်။

"ငါ့နေ့လည်အချိန်ဇယားနဲ့ နောက်နှစ်ရက်ခရီးကိုဖယ်လိုက်။ ငါလုပ်စရာရှိလို့"

"ကောင်းပါပြီ။ ဒါရိုက်တာလင်"

ဓာတ်လှေကားထဲ၀င်ပြီးနောက် ကုဖုန်းဆီကဖုန်း၀င်လာကာ လင်ကျန်းရီကကိုင်လိုက်သည်။ စုကျစ်ယန်က ယဲ့ရှော်၏မိဘအိမ်လိပ်စာကို စတင်မှတ်သားလိုက်ပြီး ဓာတ်လှေကားပထမထပ်ရောက်ချိန်မှာ ဖုန်းကောလ်ကလည်း ပြီးသွားခဲ့သည်။

စုကျစ်ယန်က လင်ကျန်းရီကိုဆွဲပြေးကာ လှေကားသုံးထစ်ကို ခုန်ကျော်ပစ်လိုက်သည်။ ဒါက လင်ကျန်းရီကိုကြောက်လန့်သွားစေတာမို့ သတိပေးလိုက်ရသည်။

"ဟေး... ဇနီးလေး... ဒီလောက်အလျင်မလိုနဲ့လေ။ ခြေထောက်အဆစ်လွဲသွားမယ်"

လှေကားကိုဆင်းလာပြီးနောက် စုကျစ်ယန်က ကားတံခါးဖွင့်ပြီး၀င်ထိုင်ကာ လင်ကျန်းရီကလည်း သူ့နေရာ၀င်ပြီးကားကို လော့ယန်ရှိသည်ဆိုသောနေရာဆီ မောင်းထွက်လာခဲ့သည်။

လမ်းမှာ လင်ကျန်းရီရဲ့ မောင်းနှုန်းက ဖြစ်နိုင်ချေထက် ကျော်လွန်နေသော်ငြားလည်း စုကျစ်ယန်ကတော့ မြန်မြန်မောင်းရန် တိုက်တွန်းနေသေးသည်။ မောင်းနှုန်းမြန်သော်လည်း ကားကတော့ တည်ငြိမ်သည်သာ။

စုကျစ်ယန်ကြောက်စိတ်(စိုးရိမ်စိတ်)မွှန်နေသော်ငြား (ရီကတော့) မျက်ကန်းတစ်ယောက်လိုတော့ မလုပ်နိုင်ပါ။ သူ့ဇနီးလေး၏လုံခြုံမှုကိုသာ တည်ငြိမ်စေသည်။ အမြန်မောင်းသည်ဆိုကတည်းက အရေးကြီးကိစ္စမို့ဆိုသော်ငြား အန္တရာယ်ကလည်း များသည်လေ။

"လော့ယန်... ဒီလူကတော့... စောစောကတည်းက ပြောပါတော့လား။ ညတုန်းက သူ့မှာသွားစာနေရာမရှိတာကို။ ယဲ့ရှော်အကြောင်း စိတ်ကပူလိုက်သေးတယ်။ တော်တော်သည်းခံနိုင်တဲ့လူ"

စုကျစ်ယန် သက်ပြင်းချသည်။ အိပ်ဖို့မပြောနှင့်။ လော့ယန်တစ်ယောက်ဟာ ဘာမှတောင် စားရဦးမှာမဟုတ်ပေ။ လော့ယန်နှင့် နှိုင်းယှဉ်ကြည့်လျှင် သူကမှ လက်တွေ့ကျကျ ပျားရည်အိုင်ထဲ နစ်မြုပ်နေခဲ့သေးသည်။

လင်ကျန်းရီက အရင်ဘ၀တုန်းက ဒေါသထွက်ဖို့ကောင်းသူတစ်ယောက်ဖြစ်ခဲ့သော်လည်း သည်ဘ၀မှာတော့ သူ့ကို တုန်နေအောင်ချစ်သည်။ သသာမက သူ့မိဘတွေပါ တုန်နေအောင်ချစ်တာဖြစ်သည်။ ဒါပေမဲ့လော့ယန်ကတော့...

စုကျစ်ယန် သက်ပြင်းချမိပြန်သည်။ သူက ယခင်တုန်ကဆိုလျှင် လော့ယန်ကို ပုံပြင်ထဲကလူတစ်ယောက်လိုမျိုး မှန်းဆခဲ့သည်။

သူ့ရဲ့နူးညံ့တဲ့သွင်ပြင်အောက်မှာ a strog yet weak heart.

မိတ်ဆွေတစ်ယောက်အနေနှင့် လော့ယန်က သူ့အပေါ်နှစ်သက်လိမ့်မည်။ သူကလည်း ပျော်ရွှငရလိမ့်မည်ဟု ရိုးသားစွာ မျှော်လင့်သည်။

သူတို့ကားက လော့ယန်ပြောသောနေရာမှာ လျှင်မြန်စွာ ရပ်တန့်သွားသည်။ စုကျစ်ယန်ဟာ အေ၀းမှနေ၍ပင် လက်ပိုက်ကာ ဆောင့်ကြောင့်ထိုင်နေသောလော့ယန်ကို မြင်တွေ့လိုက်ရသည်။

သူ့နောက်မှာတော့ ပွင့်ဟနေသော ခရီးဆောင်သေတ္တာ၊ ပြန့်ကျဲနေသောအ၀တ်များနှင့် အိပ်ရာတို့ရှိနေပြီး သည်မြင်ကွင်းကသူ့ကို အိမ်ပေါ်မှနှင်ချခံရသော၊ စွန့်ပစ်ခံရသော လူတစ်ယောက်အသွင် ပေါ်စေသည်။

လော့ယန် - "....."

_ _ _ _ _ _ _ _

လေပြည် - သင်တန်းက ၂လလောက်ပဲကြာမှာပါ။ ပြီးရင် ပြန်ဆုံကြမယ်နော်။ ဒီကြားထဲ ပြန်ပေးတဲ့ညီမလေးကြာနေရင်လည်း နားလည်ပေးကြပါ။ ဘာလို့ဆို Website ကနေ ယူလို့ရတဲ့အပိုင်း ကုန်ပြီမို့ပါ။ အပိုင်း ၁၁၉အပါအ၀င် နောက်အပိုင်းတွေက novel app တစ်ခုကနေ ဆက်ပြန်ရတာပါ။ အဲဒီ့appက ss လည်း မရ၊ copy လည်းမရပါဘူး။ သူ့ထဲကနေဖတ်ရင်း၊ ဘာသာပြန်ရင်း စာအုပ်နဲ့တစ်ခါတည်း ချရေးရတာရယ်။ ၁၁၉ က အရင်ကကြိုပြန်ထားတာမို့ ဒီညတင်ပေးလိုက်တာပါနော်။ ညီမလေး အားလို့ပြန်ပေးနိုင်တာနဲ့ လေပြည်လည်း လာတင်ပေးပါ့မယ်။


You are reading the story above: TeenFic.Net