အခန်း ၁၁၈/၁။ ဒါကြောင့်... အများကြီးချစ်နေရတာ။
ခြံဝင်းထဲသို့ ကားမောင်းဝင်လာပြီးမကြာမီ စုကျစ်ယန်ဆီသို့ လင်ကျန်းရီဆီက ဖုန်းဝင်လာသည်။ ချင့်ချိန်စဉ်းစားပြီးနောက် ဘရိတ်ကို နင်းကာ ကားကိုရပ်ဖို့ ဆုံးဖြတ်လိုက်သည်။ စုကျစ်ယန်သည် ထိုင်ခုံနောက်ကို မှီလိုက်ပြီး ဖုန်းကို အေးအေးဆေးဆေး ကိုင်လိုက်သည်။
"ဟယ်လို... ဇနီးလေး… အိမ်ပြန်ရောက်ပြီလား"
စုကျစ်ယန်သည် လင်ကျန်းရီထံမှ နူးညံ့သိမ်မွေ့သော စုံစမ်းမေးမြန်းမှုကို ကြားလိုက်သည်နှင့် တပြိုင်နက် သူ့မျက်နှာတွင် အပြုံးတစ်ခု ပွင့်လန်းလာသည်။
"ကျွန်တော်အခုမှရောက်တာ။ ခင်ဗျားအချိန်ကို ခန့်မှန်းတာ အရမ်းတော်တယ်"
"ဒါပဲလေ"
လင်ကျန်းရီသည် အာဏာရှင်ဇနီးလေး၏ ချီးမွမ်းမှုကို ဝမ်းမြောက်စွာ လက်ခံသည်။
စုကျစ်ယန်သည် ကားတံခါးကိုဖွင့်ပြီး ကားထဲက ထွက်လိုက်သည်။ လည်ပင်းကို အညောင်းပြေအောင် ချိုးလိုက်ပြီး ဖုန်းကို ပခုံးနှင့် ခေါင်းကြားတွင် ညှပ်ထားလိုက်သည်။
ထို့နောက် စာအုပ်များကို ကောက်ကိုင်ကာ တံခါးကိုပိတ်ပြီး စာအုပ်အားလုံးကို လက်တစ်ဖက်တည်း ကိုင်ဆောင်ကာ ရွှေ့သွားလိုက်သည်။
သူ့ကျန်လက်တစ်ဖက်က ဖုန်းကိုကိုင်လိုက်ပြီး အိမ်ထဲသို့ လျှောက်သွားရင်း လင်ကျန်းရီကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။
"ဒါဆို ကျွန်တော် အခုဘယ်ရောက်နေလဲ မှန်းကြည့်လေ"
"ဟမ်... မင်း... အိမ်ကို အခုမှရောက်တာလို့ ပြောပြီး ကားတံခါးကို ပိတ်လိုက်သံကြားတယ်... မင်း ကားဂိုဒေါင်ထဲမှာ ရှိရမယ်"
လင်ကျန်းရီ ယုံကြည်ပိုင်နိုင်စွာ ပြောလိုက်သည်။
"ဇနီးလေး... ကိုယ်မှန်တယ်မဟုတ်လား"
စုကျစ်ယန်က ဘ၀င်ခိုက်နေဟန်ဖြင့် ငြင်းသည်။
"မှားတယ်၊ မှားတယ်။ ခြံဝင်းထဲကို မောင်းဝင်ပြီး ရေကူးကန်ဘေးမှာ ရပ်လိုက်တာ။ ဟား... ဟား... ခင်ဗျား... မှား... သွား... ပါ... ပြီ"
"အ... မဟုတ်ဘူးလား"
လင်ကျန်းရီသည် ပိုပြီးအကျယ်ချဲ့နေကာ သက်ပြင်းကို ချလိုက်ပြီး ၎င်းဟာ စုကစ်ယန်ကို ပိုလို့တောင် ရယ်မောသွားစေသည်။
သူ့ရယ်သံကိုကြားတော့ လင်ကျန်းရီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ထိန်းမနိုင်သိမ်းမရ ဖြစ်ပေါ်လာသည်။
"ကောင်းပါပြီဗျာ။ ကိုယ့်ဇနီးလေးက တအားကိုဉာဏ်နီဉာဏ်နက်များလွန်းမှတော့ ကိုယ်ဘယ်လိုလုပ်မှန်အောင် ခန့်မှန်းနိုင်မှာလဲ"
"ခင်ဗျားကမှ ဉာဏ်နီဉာဏ်နက်များတဲ့လူ"
စုကျစ်ယန်က အမှန်ကိုပြင်ပေးသည်။
"ဒါမျိုးက စမတ်ကျတယ်လို့ခေါ်တယ်။ အိုကေလား"
"အင်း... စမတ်ကျပါတယ်"
လင်ကျန်းရီသည် "နေ့လည်စာ ဘာစားလဲ" မစုံစမ်းခင် ထပ်ခါတလဲလဲ ပြောသည် ။
"ကျွန်တော်လည်း မသိဘူး။ မားနဲ့ စစ်ဆေးပြီးရင် အကြောင်းကြားပေးပါ့မယ်။ ခင်ဗျားနေ့လည်စာ မစားရသေးဘူးမလား။ ဒီမနက် အလုပ်ရှုပ်နေတာလား"
"အဆင်ပြေပါတယ်၊ သိပ်အလုပ်မရှုပ်ပါဘူး"
လင်ကျန်းရီသည် ဇဝေဇဝါဖြစ်ဟန်ဖြင့် ရှင်းပြပြီး နောက်မှ သနားစဖွယ်အသံဖြင့် မေးသည်။
"ဇနီလေး... ဒီနေ့ နေ့လည်စာ လာမပို့ဘူးလား"
"... ခင်ဗျားမှာ နောက်မှချိန်းထားတာမရှိဘူးလား"
စုကျစ်ယန်သည် ခဏတာ အံ့သြသွားပြီး မေးခွန်းထုတ်သည်။
သူ့တို့ဟူးကို ထပ်စားခံရမှာစိုးတာကြောင့် နေ့လည်စာကို မပို့ချင်တော့ပါ။ အဲဒီ့နောက် နေ့လည်ခင်းတစ်ခုလုံး စနောက်လှည့်စားရင်းနှင့် ကုန်သွားလိမ့်မည်။
ဒါက လင်ကျန်းရီနှင့် သူ့အလုပ်တွေကို အနှောက်အယှက်ဖြစ်စေရုံတင်မကဘဲ သူလည်း စာလေ့လာခွင့်လည်း ရမှာမဟုတ်ပေ။
"မစားရသေးဘူး။ ကိုယ်အလုပ်လုပ်နေတာနဲ့ နေ့လယ်စာဘာစားရမလဲဆိုတာတောင် မသိတော့ဘူး"
လင်ကျန်းရီသည် သနားစရာကောင်းသည့်ပုံစံ ဟန်ဆောင်ရန် အခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။
"အပြင်က အစားအစာတွေက အရသာမရှိဘူး..."
စုကျစ်ယန်သည် ၎င်းကိုခဏလောက်စဉ်းစားချင့်ချိန်ပြီးနောက် ညှိနှိုင်းမှုဖြင့် အဆုံးသတ်လိုက်သည်။
"အင်းပါ... အပြင်က အစားအသောက်တွေက အရသာမရှိဘူးဆိုတာတော့ အမှန်ပဲ… စာအုပ်တွေကို အရင်ချလိုက်ဦးမယ်။ နောက်ပြီးမှ စားစရာတွေ ထုပ်ပိုးပြီးတော့ခင်ဗျားဆီ ပို့ပေးမယ်။"
ဒါကိုကြားတော့ လက်ကျန်းရီတစ်ယောက် အားပါးတရပြုံးကာ ခေါင်းညိတ် သဘောတူလိုက်သည်။
"ကောင်းတယ်... ကောင်းတယ်။ ဇနီးလေး... များများထည့်လာခဲ့နော်။ ကိုယ်တို့နှစ်ယောက် ရုံးမှာအတူတူစားလို့ရတယ်"
"အင်းပါ"
စုကျစ်ယန်သည် အိမ်ထဲသို့ဝင်ရန် စကားဝှက်ကိုနှိပ်လိုက်ပြီး ဖုန်းမချခင် အိပ်ခန်းထဲသို့ စာအုပ်များကို အရင်ယူသွားလိုက်သည်။
"ကျွန်တော် အခု ထမင်းဘူး ထုပ်တော့မယ်နော် ဖုန်းအရင် ဖုန်းချလိုက်တော့..."
"နေပါဉီး"
လင်ကျန်းရီသည် သူ့မျက်လုံးများကို ဝေ့လိုက်ပြီး အကြံပြုသည်။
"ဇနီးလေး... မင်းရဲ့ စာအုပ်တွေ ဒီကိုယူလာပြီး ရုံးမှာကိုယ်နဲ့အတူနေပေးလို့ရတယ်လေ။ ကိုယ်ကအလုပ်လုပ်မယ်။ မင်းက စာလေ့လာပေါ့။ ကိုယ့်မှာလုပ်စရာမရှိတဲ့အခါ မင်းကိုကြည့်နိုင်တယ်။ ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်မလဲ"
"မဖြစ်ပါဘူး။ ခင်ဗေားက ကျွန်တော့်ရဲ့ပြင်ဆင်မှုကို အနှောင့်အယှက်ပေးလိမ့်မယ်"
စုကျစ်ယန်၏ နှုတ်ခမ်းထောင့်လေးများ ကွေးညွတ်သွားသည်။
ထိုနေရာသို့ရောက်သောအခါ သူပြောသည့်စကားအတိုင်း ဖြစ်မည်မဟုတ်ပေ။ ခွေးကောင်လင်က သူ့တို့ဟူးကိုစားပြီး သူ့ကို နှောင့်ယှက်မှာ သေချာသည်။
*******
TN - အဆစ်အမြစ်တွေကိုက်နေလို့ရယ်။ ပြန်တာကြာနေတာ။ ပြီးသလောက်လေးပဲ အရင်ဖတ်ပေးနော်။
You are reading the story above: TeenFic.Net