အခန်း ၁၁၇။ ၀မ်းတွင်းမည်း၏အယုံသွင်းခြင်း

Background color
Font
Font size
Line height

အခန်း ၁၁၇။ ၀မ်းတွင်းမည်း၏အယုံသွင်းခြင်း

ကျန်းချင် တံခါးခေါက်ပြီး အထဲ၀င်လာချိန်၌ လင်ကျန်းရီ၏မျက်နှာထက်မှ အပြုံးမှာ ဖယ်ရှားခံလိုက်ရပြီးပြီဖြစ်သည်။

ကျန်းချင်သည် ဥက္ကဌဖြစ်သူ၏မျက်နှာထက်မှ ရူးကြောင်ကြောင်အပြုံးကိုမြင်ကာ အံ့အားသင့်သွားခဲ့သော်လည်း သူမသူဌေး၏အလုပ်ကိစ္စများကိုသာ အာရုံစိုက်ခြင်းက ပို၍ကောင်းကြောင်းသိသည်။

ထို့ကြောင့် သူ့အပြုံးကို မမြင်ဟန်ဆောင်ပြီး တည်ငြိမ်စွာပင် အစီရင်ခံလိုက်သည်။

"ဥက္ကဌလင်ရှင့်... စုအုပ်စုရဲ့ဥက္ကဌစုက တွေ့ချင်ပါတယ်တဲ့"

စုယန်ကလား...။

လင်ကျန်းရီ၏အပြုံးသည် အေးခဲသွားရပြီး ချင့်ချိန်စဉ်းစားပြီးခိျန်မှာတော့ ခေါင်းညိတ်လိုက်သည်။

"သူ့ကိုအထဲ၀င်ခွင့်ပြုလိုက်ပါ"

ဖြစ်လာမဲ့အရာက အဆုံးမှာဖြစ်ကိုဖြစ်လာမှာပဲ။

စုယန်သည် ရုံးခန်းထဲသို့၀င်လာပြီးနောက် ရှင်းပြခြင်းမပြုမီ ကိုးရို့ကားယားဟန်ဖြင့် လင်ကျန်းရီကိုကြည့်လိုက်သည်။

"ကျန်းရီ... တစ်ကယ်တော့ အန်ကယ်လ် ဒီကိုမလာခင် မင်းဆီကို ဖုန်းအရင်ဆက်လိုက်သင့်တာပါ။ ဒါပေမဲ့ မင်းကဖုန်းပြောနေတာဆိုတော့ မင်းရဲ့အလုပ်ဆီ အမြန်လိုက်လာမိတာ။ အနှောင့်အယှက်ဖြစ်သွားလား"

လင်ကျန်းရီနှင့် ရုံးအပြင်ဘက်တွင်တွေ့ဆုံလိုသော်လည်း သူအကြာကြီးမစောင့်နိုင်ပေ။

"အနှောင့်အယှက်မဖြစ်ပါဘူး။ အန်ကယ်လ်စု ထိုင်ပါဦး"

လင်ကျန်းရီက စုယန်အလောတကြီးဖြစ်နေတာကို မမြင်ဘဲ ဘယ်နေပါ့မလဲ။

သို့သော် သူကတော့အလျင်လိုမနေပါ။ စုယန်သူ့ရှေ့တွင်မထိုင်ခင် အေးအေးဆေးဆေး မတ်တပ်ရပ်လိုက်ပြီး သူ့လက်ကိုဆန့်ထုတ်ကာ ဆိုဖာ၌ထိုင်ရန် အမူအရာပြလိုက်သည်။

ကျန်းချင်သည် တံခါးခေါက်ပြီးနောက် ကော်ဖီခွက်နှင့်အတူ အထဲသို့၀င်လာသည်။ ထို့နောက် ၎င်းကို စုယန်၏လက်အနီးတွင် ချထားပေးလိုက်သည်။

"ဥက္ကဌစု... ကော်ဖီသုံးဆောင်ပါဦးရှင့်"

စုယန်သည် ကျေးဇူးတင်ကြောင်းဖော်ပြလိုက်ပြီး ကေ်ဖီခွက်ကို ယူလိုက်သည်။ ကျန်းချင်လည်း ကိုယ်က်ုအသာညွတ်လိုက်ပြီးနောက် ပြန်လှည့်သွားသည်။

လင်ကျန်းရီကတော့ အဓိကအချက်ဆီ တည့်တည့်ပဲမေးလိုက်သည်။

"အန်ကယ်လ်စု ကျွန်တော့်ကိုရှာတာ ဘာကိစ္စရှိလို့လဲမသိဘူး"

စုယန် တုံ့ဆိုင်းနေခဲ့ပြီး သူ့လက်ထဲမှကော်ဖီခွက်ကို သောက်ပင်မသောက်တော့ဘဲ အမြန်နေရာရွှေ့လိုက်သည်။

ကြာရှည်လှသော တိတ်ဆိတ်မှုကြီး ကုန်ဆုံးပြီးနောက်မှာတော့ သူ့သတ္တိများကိုစုစည်းလိုက်သည်။

"ကျန်းရီ... အန်ကယ်လ်က မင်းလက်ထပ်ပြီးပြီလားဆိုတာ မေးချင်လို့ပါ"

လင်ကျန်းရီ၏မျက်ခုံးများ မြင့်တက်သွားရပြီး ပြန်မေးလိုက်သည်။

"ဘာလို့အဲဒီ့လိုမေးတာလဲ"

"မင်းရ့လက်က လက်စွပ်ကိုမြင်မိလု့ိိလေ"

စုယန်သည် သူ့လက်မှလက်စွပ်ကိုကြည့်ကာ ထိုညက စုကျစ်ယန်၏လက်မှာ ၀တ်ထားသည့်လက်စွပ်နှင့် style အတူတူပဲဆိုတာ ပြန်တွေးမိလိုက်သည်။

သူ့နှလုံးခုန်နှုန်း မြန်လာလေပြီ။

ကြိုတင်မျှော်မှန်းချက်အပေါ် စိတ်လှုပ်ရှားနေသကဲ့သို့ပင်။

လင်ကျန်းရီသည် လက်စွပ်ကိုလက်၌ရစ်နေရင်း ရုတ်တရက်ပြောလိုက်သည်။

"သြော်... ဒါကိုပြောတာလား"

ထို့နေက်သူသည် စကားဆက်မပြောခင် တမင်သက်သက် ရပ်တန့်လိုက်သည်။

"ကျွန်တော် လက်ထပ်ဖို့အစီအစဉ်ချနေတာလေ။ ဒါပေမဲ့အခုတော့ ကျွန်တော့်သားတွေကငယ်သေးတာရယ်၊ ရာသီဥတုက အေးလာတာရယ်ကြောင့် ကျွန်တော့်ဇနီးဆီက လက်ထပ်ခွင့်မရခင်မှာ ရာသီဥတု နွေးထွေးလာတဲ့အထိ စောင့်နေတာ။

လင်ကျန်းရီသည် သူ့မျက်ခုံးများကို ထပ်မံပင့်တင်လိုက်ရင်း သာမန်လိုပဲမေးလိုက်သည်။

"ဘာလို့လဲ။ အန်ကယ်လ်စုရဲ့သမီးအတွက မတရားဘူးလို့ ခံစားရလို့လား"

စုယန် လျှင်မြန်စွာခေါင်းခါလိုက်သည်။

"မဟုတ်ပါဘူး။ မဟုတ်ပါဘူး"

"ဒါဆိုလည်း ကောင်းပါပြီ။ အန်ကယ်လ်စုက အကျိုးအကြောင်းသင့်တဲ့လူတစ်ယောက်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ပြောရရင်... အန်ကယ့်လ်သမီးက ကျွန်တော်ကလွဲလို့ တခြားဘယ်သူနဲ့မှ လက်ထပ်မှာမဟုတ်ဘူးလို့ ကြွေးကြော်နေတာ။ သူမရဲ့ သတ္တိရှိတဲ့ ဆုံးဖြတ်ချက်ကိုချီးကျူးပေမဲ့ ဒီကိစ္စက ကျွန်တော့်ကို အတော်လေးဒုက္ခပေးတယ်။ သူမက ကျွန်တော့်ဇနီးကိုတောင် နာကျင်အောင်လုပ်ချင်သေးတာ။ ဒီတော့ကာ ကျွန်တော်လည်း ကျွန်တော်ချစ်ရတဲ့သူကို ထိခိုက်နာကျင်စေတာမျိုး မဖြစ်ရလေအောင် သူ့မှာလုံလောက်တဲ့ စွမ်းအားမရှိစေဖို့အတွက် ကျွန်တော့်လက်တွေကို* စုမိသားစုရဲ့ လုပ်ငန်းတွေအပေါ်တင်ဖို့ ဆုံးဖြတ်လိုက်ရတာပေါ့။ နောက်ခံအင်အားနဲ့ ငွေကြေးသာမရှိရင်... ကျွန်တော်ယုံကြည်တယ်။ သူမထပ်ပြီး ပြဿနာရှာဖို့မတတ်နိုင်လောက်တော့ဘူးလေ"

(*လက်တင်သည် = ဒုက္ခပေးသည်။ အနှောင့်ယှက်ပေးသည်။)

လင်ကျန်းရီသည် ထိုစကားလုံးများကို သေးငယ်သော ကိစ္စ၊ အကြောင်းအရာပြောနေသကဲ့သို့ပင် ပေါ့ပေါ့ပါးပါးဟန်ဖြင့်ပြောနေသည်။

ထိုစကားလုံးများကို စုယန်ကြားချိန်၌ သူ့အသားအရေမှာ ဖြူဖပ်ဖြူလျော်ဖြစ်သွားရပြီး မျက်နှာပျက်သွားပြီဆိုတာ ခံစားမိသည်။

အဲဒီ့စိတ်တိုစရာကောင်မလေး...
သူမအမေဆီက အလွန်အကြူးကို အလိုလိုက်ခံထားရပြီး တစ်ကယ်ပဲ ဒီလိုအရှက်မဲ့တဲ့အရာကို လုပ်ခဲ့တယ်...။

ယခင်က သူမဖြစ်ပေါ်ခဲ့သော ရုန်းရင်းဆန်ခတ်မှုသည် သူနှင့် သူ့သူငယ်ချင်းများကို သိက္ခာကျ၊ အရှက်ကွဲစေခဲ့သည်။

ယခု သူမသည် လင်ကျန်းရီကို အမှန်တကယ်ပင် မဆင်မခြင် ထိပ်တိုက်ရင်ဆိုင်နိုင်ခဲ့ပြီလား။ သူမမှာ အရည်အချင်းရောရှိသလား။

လင်ကျန်းရီ၏ လက်ချောင်းများ လှုပ်လိုက်ခြင်းသည် သူမကိုစိတ်ပျက်စရာကောင်းလောက်အောင် သေစေနိုင်သည်။

စု၏ရှယ်ယာများကို ဝယ်ယူပြီးသည်မှာ မကြာသေးသော်လည်း ၎င်း၏အမြတ်ငွေများမှာ ကျဆင်းနေပါသည်။

ကုမ္ပဏီ၏ဘဏ္ဍာရေးအသုံးစရိတ်သည် မျှခြေသို့ရောက်ရှိလုနီးပါးဖြစ်သည်။ ဒီအတိုင်းဆက်သွားလျှင် မကြာခင်မှာ လိုငွေပြသွားမှာကို သူကြောက်သည်။

"ဟုတ်ပါတယ်။ ကျွန်တော့်မှာ တခြားရည်ရွယ်ချက်မရှိလူးဆိုတော့ အန်ကယ်စုအနေနဲ့ စိတ်ပူစရာမလိုပါဘူး။ ကျွန်တော်က အန်ကယ်လ့်သမီးကို နောက်ပြန်ဆုတ်စေချင်ရုံပါပဲ။ ဒါမှမဟုတ်ရင်လည်း အန်ကယ်စုကပဲ သူမကိုဆုံးမလိုက်ပေါ့"

လင်ကျန်းရီက မသိမသာ ရယ်မောလိုက်သည်။

"ကျွန်တော့်ဇနီးကို နာကျင်အောင်လုပ်ဖို့ တခြားနည်းလမ်းတွေ တွေးနေမှာမဟုတ်ဘူးဆိုတာသေချာသွားရင် စုအုပ်စုရဲ့ အတိုင်းအတာကို ပုံမှန်အတိုင်း ပြန်ကောင်းလာစေမှာပါ။ ဒီကာလအတွင်းမှာ အန်ကယ်စုရဲ့ ဆုံးရှုံးမှုအတွက် ကျွန်တော်လည်း ဖြည့်ဆည်းပေးနိုင်တယ်။ ဒါကြောင့် အန်ကယ်စုအနေနဲ့ စိတ်ပူနေစရာ မလိုပါဘူး"

ထိုအချိန်တွင် စုယန်တစ်ယောက် 'ထိုစိတ်တိုစရာကောင်းသောမိန်းကလေးသည် အခြားသူ၏ဇနီးကို နှိပ်စက်ရန် ခြိမ်းခြောက်ခဲ့သည်'ကို သဘောပေါက်သွားသည် ။

လင်ကျန်းရီ၏ဇနီးသည် မိဘမဲ့ဂေဟာတွင် ကြီးပြင်းလာခဲ့သည့် သူ့သားဖြစ်နိုင်သည်ဟုယူဆကာ စုယန်တစ်ယောက် အတော်လေးကို စိတ်မကောင်းဖြစ်ခဲ့ရသည်။ မမျှော်လင့်ဘဲ သူ့သမီးက သူ့အစ်ကိုကိုတောင် ဒုက္ခပေးချင်ခဲ့သည်။

အပြစ်သားပဲ။
တကယ်ကို အပြစ်ကြီးတယ်။

စုယန်သည် အလွန်နောင်တရနေသော်လည်း 'အန်ကယ်လ်က ကျစ်ယန်ရဲ့ဇနီးက ဘယ်သူဆိုတာ သိချင်မိပါရဲ့'ဟု မေးရန်ဆုံးဖြတ်ခဲ့သေးသည်။

"အိုး... ကျွန်တော်တော့ အန်ကယ်စုက သူ့ကို သိတယ်လို့ မထင်ပါဘူး။ ဒါပေမယ့် သူ့မှာအန်ကယ်လ်နဲ့ တူညီတဲ့ မျိုးရိုးရှိတယ်။ သူ့နာမည်က အန်ကယ်လ့်သမီး နာမည်နဲ့ မတူတဲ့ စကားလုံးပဲလေ။ သူ့နာမည်က စုကျစ်ယန်ပါ။ ဒါက ကံကြမ္မာတစ်မျိုးလို့ မထင်ဘူးလား။ ဒါဆို ဒီလောက်ရက်စက်နေဖို့ မလိုဘူးလေ။ ဟုတ်တယ်မလား။ သူက ကျွန်တော့်လို ယောက်ျားလေး ဆိုပေမယ့်လည်း ကျွန်တော်က သူ့ကို သဘောကျပြီး နှစ်ယောက်စလုံးရဲ့ကလေးတောင် ရှိသေးတယ်။ ဒီလိုပဲ ကျွန်တော့်မိဘတွေကလည်း သူ့ကိုလက်ခံတယ်။ ကျွန်တော်တို့ရဲ့ဆက်ဆံရေးကို ဘယ်တတိယလူမှ ဝင်ရောက်စွက်ဖက်ခွင့်လည်း မပြုဘူး။ အိုး... စကားမစပ် သူ့မှာပုန်းကွယ်နေတဲ့ ကိုယ်အင်္ဂါဖွဲ့စည်းမှုရှိတယ်ဆိုတာ  အန်ကယ်လ်စုကို ပြောဖို့မေ့သွားတယ်။ သူကကိုယ်ဝန်ဆောင်နိုင်ပြီး ကလေးလည်းမွေးနိုင်တယ်လေ။ အန်ကယ်စု မကြောက်သွားဖို့ မျှော်လင့်ပါတယ်…"

လင်ကျန်းရီသည် ရည်ရွယ်ချက်ရှိရှိရှင်းပြပြီး စုယန်၏အမူအရာကို တိတ်တဆိတ် စောင့်ကြည့်ခဲ့သည်။ သေချာပါသည်။ 'ပုန်းကွယ်နေတဲ့ ကိုယ်အင်္ဂါဖွဲ့စည်းမှုရှိတယ်'ဆိုတာကို ကြားလိုက်ရတဲ့အခါ သူ့ရဲ့အမူအရာဟာ အံ့သြတာမျိုးမဟုတ်ပေမယ့် နာကျင်ဝမ်းနည်းမှုအချို့နှင့် ရောထွေးနေခဲ့သည်။

ဒါဆို... ကျစ်ယန်က တကယ်ကို စုယန်၏သားဖြစ်ပုံရသည်။

စုယန်က ကိုးရို့ကားယားဖြစ်နေသော အပြုံးနှင့်ပြောသည်။

"မဟုတ်ဘူး... မဟုတ်ဘူး... ဒီလိုဖွဲ့စည်းပုံကို ငါအရင်က ကြားဖူးတယ်..."

"ကောင်းတယ်... ဒီလိုအဖြစ်မျိုးက မထင်မှတ်ထားလောက်အောင်ပါပဲ။ အန်ကယ်လ့်ကို မကြောက်မိစေသရွေ့ပေါ့..."

လင်ကျန်းရီက စုယန်ကို ပြုံးပြုံးလေးကြည့်သည်။

"ဒီနေ့ ဒီကိုလာရတဲ့ အန်ကယ်စုရဲ့ ရည်ရွယ်ချက်က ကျွန်တော် အိမ်ထောင်ရှိ၊ မရှိကို မေးဖို့လား"

"ငါ..."

စုယန်က တစ်ခုခုပြောချင်သော်လည်း သူ မပြောလိုက်ပါ။ အချိန်အတော်ကြာအောင် ရုန်းကန်ပြီးနောက် နောက်ဆုံးတွင် သူဘာမှ မပြောရန် ဆုံးဖြတ်ခဲ့သည်။ သူ တောင့်တောင့်တင်းတင်းကြီးပင် ခေါင်းညိတ်သည်။

"ဟုတ်တယ်... နောက်ဆုံးတော့ စုကျစ်ချီက အန်ကယ့််သမီးပဲလေ။ သူမဘာပဲလုပ်ခဲ့လုပ်ခဲ့။ သူမလုပ်ခဲ့တဲ့ ကိစ္စတွေအတွက် ငါသူမကို လုံလောက်အောင် စည်းကမ်းတကျ မဆုံးမခဲ့မိဘူး။ မင်းအိမ်ထောင်ကျသွားပြီဆိုတော့ သူမလည်းလက်လျှော့သွားမှာပါ။ ဒါပေမယ့် စွဲလမ်းတဲ့အဆင့်ကို ရောက်နေပြီလို့ ထင်ရတယ်။ အိမ်ပြန်ရောက်ရင် သူ့အမေနဲ့အတူတူ စည်းရုံးဖို့ ကြိုးစားလိုက်ပါ့မယ်..."

"ဒါဟာ အကောင်းဆုံးဖြစ်မှာပါ။ မိဘတွေကိုယ်တိုင် ဆုံးမပဲ့ပြင်ခြင်းကိုခံရတာ ကောင်းချီးတစ်ခုပါပဲ။ သူမ နာထောင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်…"

လင်ကျန်းရီ၏မျက်လုံးများ စူးရှလာပြီး သူ ဟာ မရည်ရွယ်ဘဲ ပြောနေပုံရသည်။

"အာ... ပြောရရင် ကျွန်တော့်ဇနီးက သိပ်ကံကောင်းတာ မဟုတ်ဘူးလေ။ သူက မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာတဲ့ မိဘမဲ့တစ်ယောက်ဆိုတော့ မိဘတွေရဲ့သွန်သင်ဆုံးမမှုကို ကြားချင်ပေမဲ့လည်း မတတ်နိုင်ရှာဘူး။ သူ့မိဘတွေက သူ့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် မိဘမဲ့ဂေဟာမှာ စွန့်ပစ်ခဲ့တာလို့သိရတယ်။ အိုက်ယား... ဒီလို တာဝန်မဲ့တဲ့ မိဘတွေ ဘယ်လိုများနေနုငိကြပါလိမ့်နော်။ ဒီလိုဖွဲ့စည်းပုံမျိုးကို သူကလည်း လိုချင်နေတာမှ မဟုတ်တာ။ ဒါ့အပြင် သူ့ခန္ဓာကိုယ်ဖွဲ့စည်းပုံက နည်းနည်းလေးတောင်မှ ထူးဆန်းနေလို့လား။ သူကတခြားသူတွေကို ဒုက္ခမပေးဘူးလ။ တစ်ကယ်တမ်းကျ တခြားသူတွေအတွက် အကျိုးကျေးဇူးတောင်မှ ယူလာပေးသေးတာ။ ကျွန်တော့်ကိုပဲ ဥပမာကြည့်လေ။ ကျွန်တော်က ယောကျ်ားလေးကိုပဲ နှစ်သက်တာဆိုတော့ အန်ကယ့်လ်သမီးနဲ့က မဖြစ်နိုငိဘူး။ ပုံမှန်ဆိုရင် homosexual တစ်ယောက်က သားသမီးမရနိုင်ဘူးလ။ ဒါပေမဲ့ ကောင်းကင်ဘုံကိုပဲ ကျေးဇူးတင်ရမယ်။ ကျွန်တာ့်ကို သူနဲ့တွေ့ခွင့်ပေးခဲ့တယ်လေ။ သူ့ရဲ့ဖွဲ့စည်းပုံကြောင့်ပဲ ကျွန်တော့်အတွက် အမြွှာလေးနှစ်ယောက် မွေးပေးနိုင်ခဲ့တယ်။ ကျွန်တော်တို့အချင်းချင်း နှစ်သက်ကြတဲ့အပြင် ကလေးတွေရလာတော့ ပိုတောင်ပျော်ရသေး...။ ဒါကဘယ်လောက်တောင် အံ့အားသင့်ဖု့ိကောင်းလိုက်လဲ။ ကျစ်ယန်ရဲ့မိဘတွေသာ ဒါကိုသိရင်သူတို့သေချာပေါက် နောင်တရကြမှာပဲ။ ကျွန်တော့်ကျစ်ယန်က အရမ်းအံ့သြဖို့ကောင်းတယ်။ သူက သူ့ကိုယ်သူယုံကြည်မှုရှိပြီး လုံး၀ဆွဲဆောင်မှုရှိတယ်။ သြော်... ဒါနဲ့... ကျွန်တော်လက်ထပ်တဲ့အခါကျ အန်ကယ်လ်စုကိုဖိတ်လိုက်မယ်။ ကျွန်တော်တို့နှစ်ယောက်အတွက် မင်္ဂလာကောင်းချီးပေးဖို့ပေါ့။ ရတယ်မဟုတ်လား"
    
လင်ကျန်းရီသည် နှုတ်မှပြောနေရင်း စုယန်ကိုလည်း ကြည့်သည်။ သူထင်တာမှန်လျှင် ဒီနေ့ စုယန် ဒီနေရာကိုလာရသည့် ရည်ရွယ်ချက်မှာ စုကျစ်ယန်၏ကိစ္စကို သူ့ဆီဖွင့်ဟ၀န်ခံရန်ဖြစ်မည်။ သို့သော် သူ့ဂုဏ်သတင်းကြောင့် သူတုံ့ဆိုင်းနေခဲ့ပြီး မရှင်းပြရဲခဲ့ချေ။


သို့ပေသည့် သူ့ဘာသာမရှင်းပြတာကလည်း ကောင်းပါသည်။ အဘယ်ကြောင့်ဆိုသော် လင်ကျန်းရီက စုယန်၏ရည်ရွယ်ချက်ကို ပထုတ်ဖယ်ရှားခဲ့သည်လေ။

အကယ်၍ သူသာတစ်ကယ်ရှင်းပြခဲ့လျှင် လင်ကျန်းရီကလည်း ငြင်းပယ်လိမ့်မည်မဟုတ်ပါ။
 
ကျစ်ယန်၏ လွန်ခဲ့သော နှစ်၂၀ခန့်ကအကြောင်းကို သူဂရုမစိုက်ခဲ့ပါ။

သို့သော် ယခုအချိန်မှာတော့ ကျစ်ယန်က ဘယ်လိုကောင်းမွန်သည့်သားတစ်ယောက်ဖြစ်သလဲဆိုတာ သူတို့တွေက လေ့လာစူးစမ်းချင်နေကြသည်။

သူတို့အိပ်မက်မက်နေကြတာလား။

ကျစ်ယန်က သူ့လူပဲ...။ ကျစ်ယန်ကို ဘယ်သူမှ သူ့ဆီကနေခေါ်ထုတ်သွားဖို့ စဉ်းတောင်မစဉ်းစားနဲ့။

ရုတ်တရက်ကြီး အသိစိတ်၀င်ပြီး သူတို့သားကို ပြန်လိုချင်လာတဲ့ သူ့မိဘတွေဆိုရင်တောင်မှပေါ့။

ပြီးတော့ တစ်ကယ်အသိစိတ်၀င်တာရော ဟုတ်ရဲ့လားဆိုတာ မသေချာဘူး။ သူ့ရဲ့အဖိုးတန်သမီးလေးကြောင့်လည်း ဖြစ်နိုင်တာပဲလေ။

လင်ကျန်းရီအနေနှင့် ဒီလိုကိစ္စမျိုးဖြစ်လာဖို့ သေချာပေါက် ခွင့်မပြုနိုင်ပါ။ ကျစ်ယန်ဘယ်လိုပင်တွေးပါစေ။ အဲဒါက ကျစ်ယန်ကိုပဲ ထိခိုက်နာကျင်စေလိမ့်မည်။

ဘာကြောင့် ဒီလောက် လိုအပ်နေတာလဲ။ သူ့ကလေးအတွက် နည်းနည်းလေးပိုပြီးစိုးရိမ်ဖို့တောင် ဝန်လေးနေသည်။

ဒီအကောင်ပေါက်လေးကို မာန်မာနအနည်းငယ်၊ ဒေါသအနည်းငယ်ဖြင့် သူ့အကာအကွယ်အောက်တွင်သာ တစ်ချိန်လုံးနေထိုင်ပါစေလေ။
 
ဒီဒုက္ခတွေအားလုံးကိုတော့ သူပဲကိုင်တွယ်မည်။ ဒီနေ့ စကားစမြည်ပြောပြီးလျှင် စုယန်က သူ့ကို ထပ်ရှာတော့မည်မဟုတ်ပါ။  ပေါ်ပေါက်လာတဲ့ သူ့ရဲ့ ရည်ရွယ်ချက်တွေလည်း ပျောက်ကွယ်သွားလိမ့်မည်ပင်။

စုယန်၏မျက်နှာသည် စိမ်းနေရာမှဖျော့တော့သွားသည်။ လင်ကျန်းရီ သူ့ကိုတမင်တကာ ပြောခဲ့ခြင်းဖြစ်ကြောင်း သူမသိပါ။

ထို့ပြင် ထုံးစံအတိုင်း ထိုကိစ္စနှင့်ပတ်သက်ပြီး သူ့ခံစားချက်အတိုင်း ရပ်တည်ရုံသာ ဖြစ်သည်။ သူ၏နောင်တသည် ယခုအချိန်တွင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။
 
သို့သော် သူသည် လင်ကျန်းရီကို ရှင်းရှင်းလင်းလင်း မပြောပြနိုင်ဘဲ လင်ကျန်းရီ စောစောက မေးခဲ့သော မေးခွန်းကိုသာ ဖြေကြားနိုင်ခဲ့သည်။

"ရပါတယ်။ သေချာတာပေါ့။ မင်းတို့နှစ်ယောက် ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်"

"ကျေးဇူးတင်ပါတယ် အန်ကယ်စု... ခင်ဗျားက ပိုပြီးသဘောထားကြီးတဲ့သူပဲ"

လင်ကျန်းရီ သဘောကျစွာ ပြုံးလိုက်သည်။ တကယ်တော့ သူက ဝမ်းတွင်းအမည်းဆုံးသူဖြစ်သည်ဆိုတာကို မည်သူ့ကိုမှ သံသယဖြစ်ခွင့် မပေးနိုင်ပေ။

စုယန်သည် ကိုးရို့ကားယားဟန်ဖြင့် သူ့ကော်ဖီခွက်ကိုချပြီး မတ်တပ်ရပ်လိုက်သည်။

"မင်းအလုပ်များနေတာဆိုတော့ ငါမင်းရဲ့အလုပ်ကိုမနှောင့်ယှက်တော့ပါဘူး..."

လင်ကျန်းရီလည်းထရပ်ပြီး စိတ်အားထက်သန်စွာပြောလိုက်သည်။

"မကြာခင် နေ့လည်ရောက်တော့မယ်၊ အန်ကယ်စု မပြန်ခင် နေ့လည်စာ မစားတော့ဘူးလား"

"မစားတော့ပါဘူး... မစားတော့ပါဘူး။ မင်းကအလုပ်များနေတာလေ။ မင်းကအလုပ်များနေတဲ့ဟာကို..."

စုယန်က သူ့လက်ကို အလျင်စလို ဝှေ့ယမ်းလိုက်သလို လင်ကျန်းရီကလည်း ဝမ်းနည်းဟန်ဆောင်သည်။

"ကောင်းပါပြီ။ ကျွန်တော်အန်ကယ့်လ်ကို အတင်းမနေခိုင်းတော့ပါဘူး။ အန်ကယ် လ်ဂရုစိုက်ပြန်ပါနော်…"

စုယန်ပြန်သွားသည်ကိုမြင်ပြီးနောက် လင်ကျန်းရီသည် အချိန်ကိုကြည့်ကာ ကျစ်ယန်အိမ်ပြန်ရောက်ချိန်နီးနေပြီဟုတွေးကာ သူ့ကို ဖုန်းပြန်ခေါ်လိုက်သည်။

သူ၏အမူအရာသည် သစ္စာရှိပြီး ချစ်ခင်မြတ်နိုးသောခင်ပွန်းပုံစံသို့ ချက်ချင်းပြန်ရောက်သွားသည်။

"ဟယ်လို... ဇနီးလေး… အိမ်ပြန်ရောက်ပြီလား"

********

TN - Sunday တင်နေကျဆိုပေမဲ့ လေပြည်မနေ့က ပြန်လို့မပြီးလို့ရယ်။ စောင့်နေပေးကြလို့ ကျေးဇူးတင်ပါတယ်။


You are reading the story above: TeenFic.Net