အခန်း ၁၁၅။(ပထမပိုင်း) ယောကျ်ား... အနာဂတ်မှာ ခင်ဗျားရဲ့ လုပ်ခလစာစာရင်းကို အပ်ရမယ်

Background color
Font
Font size
Line height

အခန်း ၁၁၅။(ပထမပိုင်း) ယောကျ်ား... အနာဂတ်မှာ ခင်ဗျားရဲ့ လုပ်ခလစာစာရင်းကို အပ်ရမယ်နော်။

အိုး...။

လင်ကျန်းရီထံမှ ဤကဲ့သို့ ချိုအီနေသောလေသံကို ကြားလိုက်ရာ စုကျစ်ယန်တစ်ယောက် သူ့ကိုယ်ပေါ်သို့ အအေးလှိုင်းတစ်လှိုင်း ဖြတ်သန်းစီးဆင်းသွားသလို ခံစားလိုက်ရသည်။

အသက် ၃၀နီးလာပြီဖြစ်သည့် ဒီဥက္ကဌကြီးက သူ့ကိုယ်သူ တတိယလူဆိုတဲ့ နာမ်စားနဲ့ ရည်ညွှန်းချင်တဲ့ အပြုအမူလေးရှိနေတယ်ထင်ပါရဲ့...။

သို့သော် ခင်ပွန်းဖြစ်သူ၏ မွေးနေ့ဖြစ်သောကြောင့် ပြင်းထန်သော တုံ့ပြန်မှုက တရားမျှတပါသည်။

"စာမေးပွဲက မနက်ပိုင်းမှာ ဖြေရမှာလေ။ ဒီတော့ စာမေးပွဲဖြေပြီးရင် ခင်ဗျားနဲ့ အချိန်ဖြုန်းပေးမယ်။ ဟင်... ဒီလိုဆို အဆင်မပြေဘူးလား"

စုကျစ်ယန်သည် သည်လူ့ကိုချော့မော့ရန်အတွက် အခြေအနေကို မှားယွင်းသွားစေလောက်မည့်ဒေါသစိတ်ကို လုံး၀မသုံးပါချေ။
 
"ဒါပေမယ့် အဲဒီနေ့ နေ့လည်က ကိုယ့်မွေးနေ့ဖြစ်နေတုန်းပဲလေ။ မင်းသာကိုယ်နဲ့အတူ မရှိဘူးဆိုရင် ကိုယ်က... ကိုယ်ကဘာလို့ အဲဒီ့မွေးနေ့ပွဲကို လုပ်နေရဦးမှာလဲလို့... ဟင်..."

သူသည် မွေးနေ့တစ်ရက်လုံးအတွက် အစီအစဉ်တွေ ချထားပြီးသားဖြစ်သည်။ ခရစ္စမတ်အကြိုနေ့တွင် ဗန်းပြထားသည့်ထွင်လုံးတစ်ခုကို ဟန်ဆောင်ခြင်းဖြင့် သူအလိုရှိသည့် romanticနှင့် ကြင်နာမှုကိုရရှိနိုင်မည်။

ညမိုးချုပ်သောအခါမှာတော့ သူ့ဇနီးလေးကို ထပ်ခါထပ်ခါ စားသောက်နိုင်မည်ဖြစ်သည်။ ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်မလဲ...။

သို့သော် သူ့ဇနီးကေ စာမေးပွဲဖြေရန်သာ ရွေးချယ်လိုက်လျှင်တော့ သူတစ်ယောက်တည်းသာ ကျန်နေခဲ့ပေလိမ့်မည်။ ကျစ်ယန်အနေဖြင့် ၂၅ရက်နေ့ နေ့လယ်၌ အမြန်ပြန်ခဲ့ရင်တောင်မှ ပြန်လာဖို့ သုံးနာရီကြာနေဦးမှာပင်။

ဒါ့ပြင် ကားမောင်းရတာ ပင်ပန်းနေလိမ့်မည်။ သူ့အတွက် ပိုလို့တောင် ပင်ပန်းစေမယ့်အရာမျိုးလုပ်ဖို့ သူ့နှလုံးသားက ဘယ်လိုတတ်နိုင်မှာလဲ။ ကျစ်ယန်အနေဖြင့် ပင်ပန်းမှုဒဏ်ကို မခံနိုင်ဘူးဆိုလျှင် သူဘယ်လိုပျော်နိုင်ပါ့မလဲ။

မွေးနေ့လက်ဆောင်အဖြစ် သူ၏အာဏာရှင်ဇနီးလေးကို သူ့အောက်၌ဖိထားလိုသည်မှာ အထင်အရှားပင်။

"..."

စုကျစ်ယန်တစ်ယောက် သူ့နဖူးကိုသာ ရိုက်လိုက်ချင်တော့သည်။

သူက ဟန်ဆောင်ပန်ဆောင်ရှက်ပြနေတယ်ပေါ့လေ။ သူနဲ့အတူမကုန်ဆုံးခဲ့တဲ့ နေ့တွေ၊ ညတွေ ဘယ်မှာရှိခဲ့လို့လဲ။ အချန်အနည်းငယ်လောက်ပဲပေးရတဲ့ သူ့မမွေးနဲ့ပတ်သက်ပြီး ဈေးဆစ်နေသေးသည်တဲ့လား။

"ကျွန်တော်ပြန်လာတဲ့နေ့ကျမှ ခင်ဗျားနဲ့ အချိန်ဖြုန်းလို့မရဘူးလား"

စုကျစ်ယန် ဆက်၍ညှိနှိုင်းသည်။

လင်ကျန်းရီဟာ ခေါင်းငုံ့ထားဆဲဖြစ်ပြီး သူ မကျေမနပ်ဖြစ်နေသည်မှာ ထင်ရှားသည်။

"ခင်ဗျားဘာလုပ်ချင်လဲဆိုတာ ကျွန်တော့်ကိုပြောပြရင်ရောဘယ်လိုလဲ။ ခင်ဗျားက ကျွန်တော်နဲ့ စာမေးပွဲဖြေဖို့ လိုက်လာမှာလည်း မဟုတ်ဘူးမလား"

စုကျစ်ယန် ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။ လင်ကျန်းရီ၏မျက်လုံးများ ချက်ချင်းတောက်ပလာသည်။

"ဟုတ်သားပဲ။ ကိုယ်ဘာလို့အဲ့လိုမစဉ်းစားခဲ့မိပါလိမ့်။ ကိုယ်မင်းနဲ့အတူ လျန်ချောင်ကို သွားလို့ရတယ်လေ။ ရိုမန်တစ်ဆန်တဲ့ စုံတွဲတစ်တွဲရဲ့ ကမ္ဘာမှာ ကိုယ်တို့ရှိနေနိုင်ပါသေးတယ်။ ခရစ္စမတ်အကြိုနေ့မှာရောပဲ"

သူတို့နှစ်ယောက်လုံးဟာ အချစ်မှာ မကျဆုံးခင်ကတည်းက လက်ထပ်ကြပြီးဖြစ်သည်။ အာ... မဟုတ်သေးဘူး။ သူတို့ အိမ်ထောင်မပြုရသေးပါဘူး။ ကလေးမွေးပြီးနောက် ချစ်မိသွားကြတာဖြစ်သည်။

သူတို့နှစ်ယောက်က အရင်က ချိန်းတွေ့တာ ဒါမှမဟုတ် ရုပ်ရှင်ကြည့်တာမျိုးဖြင့် တစ်လလုံးလုံး အချိန်ကုန်ဆုံးခဲ့ကြတာမျိုးမဟုတ်တာ သေချာပါသည်။

စုကျစ်ယန်၏ နှုတ်ခမ်းလေး တွန့်သွားရသည်။

"ကျွန်တော် စာမေးပွဲဆက်ဖြေလို့ ရပြီလား"

"စာမေးပွဲတွေက မနက်ပိုင်းချည်းပဲလို့ မင်းမပြောခဲ့ဘူးလား။ ပြီးရင် နေ့လည်ခင်းရော ညမှာရော မင်းကိုယ်နဲ့အတူရှိနေနိုင်ပြီ"

စုကျစ်ယန် - "....."

လင်ကျန်းရီတစ်ယောက် ဒါကိုတွေးမိပြီးနောက် ဒေါသမထွက်တော့ပါ။ သူ စုကျစ်ယန်ကိုပွေ့ဖက်လိုက်ပြီး ပြုံးပြုံးရွှင်ရွှင်နှင့် ပြောလိုက်သည်။

"ဆုံးဖြတ်ချက်ချလိုက်ပြီ။ ဇနီးလေး... မင်းအရမ်းအံ့သြဖို့ကောင်းတယ်။ အဲဒီနေ့ကို မတွေးကြည့်ဘဲနဲ့တောင် သေချာပေါက် ကောင်းကောင်းလုပ်နိုင်တယ်"

စုကျစ်ယန် - "....."

လာမယ့်နှစ်ရက်အတွင်း ဖြစ်ပျက်တော့မယ့် အဖြစ်ဆိုးကို သူ ဘာကြောင့် ကြိုမြင်နိုင်နေတာများလဲ။

"ကျွန်တော်တို့ သားတွေကရော"

စုကျစ်ယန်ဟာ နောက်ထပ်အကြောင်းပြချက်တစ်ခုရှာရန် အမြန်ရှာလိုက်သည်။ လင်ကျန်းရီ၏ စိတ်ထဲမှာတော့ အစီအစဉ်ဆွဲထားပြီးသား။

"ကိုယ်တို့မိဘတွေ အနားမှာမရှိလို့လား။ ပြီးတော့ ကိုယ်တို့မှာ ကလေးထိန်းနဲ့ တခြားကလေးစောင့်ရှောက်သူလည်း ရှိတာမို့ စိတ်ချပါ။ ဒီရက်ပိုင်း ကိုယ်တို့သားတွေကို ဂရုမစိုက်ခဲ့ကြလို့လား။ နှစ်ရက်ပဲ ရှိသေးတာကို။ စိတ်မပူပါနဲ့"

"အင်း စာမေးပွဲမဖြေခင် ကျွန်တော် စာကျက်ရမယ်။ ညဘက်တွေမှာ ခင်ဗျား ကျွန်တော့်ကို နှောင့်ယှက်ဖို့ ခွင့်မပြုဘူးနော်။ စာမေးပွဲမဖြေခင် နှစ်လပဲအချိန်ရှိတော့တာ။ နောက်ဆုံးမိနစ်အထိ တည်းဖြတ်မှုတွေ ပြုလုပ်တာက အသုံးဝင်နေတုန်းနည်းလမ်းပဲ"

စုကျစ်ယန်ဟာ သူ့အခြေအနေများကို ဆွေးနွေးဖို့ရာ အခွင့်အရေးကို အရယူခဲ့သည်။

ညစဉ်ညတိုင်း လင်ကျန်းရီဟာ သူ့ကိုပွေ့ဖက်ရင်း သူ့တို့ဟူး(တို့ဖူး)ကိုစားကာ လိုအင်ဆန္ဒအချို့ကို ဖြည့်ဆည်းရန် လိုအပ်သည်ဟု ဆိုတတ်လေသည်။

(*တို့ဖူးစားသည် = အသားယူသည်။)

သူ့မှာရှိတာ ဘယ်လိုဆန္ဒ၊ အာသီသပါလိမ့်။ သူ စိတ်ကျေနပ်မှုအပြည့်နဲ့ ကျေနပ်နေတဲ့အချိန်တွေ ရခဲ့တာပဲမလား။

"ဇနီးလေး... ဘာပဲဖြစ်ဖြစ် မင်းအလုပ်သွားစရာမလိုဘူးလေ။ နေ့ခင်းဘက်အိမ်မှာ စာကျက်လို့ရတယ်။ ကိုယ်လည်း နေ့ခင်းဘက်အလုပ်သွားရမှာဆိုတော့ မင်းကို မနှောက်ယှက်မိမှာသေချာတယ်။ ညဘက်အလင်းရောင်က နေ့လည်ပုံမှန်အလင်းလို မကောင်းတော့ ညဘက် စာဖတ်တာက မျက်စိအတွက် မကောင်းဘူး။  ညဦးယံမှာ စာဖတ်တာနဲ့ ပြန်လည်သုံးသပ်တာက စိတ်ဓာတ်တက်ကြွမှုကို ကျဆင်းစေတယ်။ ဒီတော့ ဒီလိုအချိန်မှာ ကြင်စဦးခင်ပွန်းတွေအနေနဲ့ ပုံမှန်အရာတစ်ခုခုကို လုပ်သင့်တယ်လေကွာ"

လင်ကျန်းရီဟာ ဆက်ဆံရလွယ်ကူသောလူတစ်ယောက် မဟုတ်ပါ။ စုကျစ်ယန်၏ ထိုစကားအနည်းငယ်က သူ့ကို ဘယ်လိုလုပ် လှည့်စားနိုင်ပါ့မလဲ။

ကျစ်ယန် ကိုယ်ဝန်ဆောင်ပြီးနောက်တွင် သူ၏ရသင့်ရထိုက်သော အကျိုးကျေးဇူးများမှာ လျော့ကျနေပြီဖြစ်သည်။ သူဟာ နောက်ဆုံးမှာတော့ တိုဟူးနည်းနည်းလောက်စားနိုင်ဖို့ရာအတွက် အခွင့်အရေးမရမီ တစ်နှစ်နီးပါးကြာအောင် စောင့်ခဲ့ရသည်လေ။

သူဟာ လက်ချောင်းတွေကိုကိုက်လိုက်ရင်း စုကျစ်ယန်၏တစ်ကိုယ်လုံးကို မစားနိုင်သေးခင် နောက်ထပ်နှစ်လလောက် စောင့်ရဦးမည်ဆိုတာ တွက်လိုက်သည်။ ဒီအကောင်ပေါက်လေးက ညဘက်စာကျက်ပြီး သူ့ကိုရှောင်ချင်တာလား။

မဖြစ်နိုင်ဘူး။ ဒီလိုဖြစ်လာမယ်ဆိုတာ သူသိခဲ့မယ်ဆိုရင် စုကျစ်ယန်နှင့် သူ့ရဲ့ပထမဆုံးညမှာကတည်းက သူ့ကိုယ်သူ လွန်လွန်ကဲကဲ စိတ်အားထက်သန်ပြီး သူ့ရဲ့'အတိသုခ' ပျော်ရွှင်မှုကို သုညနီးပါးအထိ လျှော့ချပေးနိုင်တဲ့ သားနှစ်ယောက်ကို ဖန်ဆင်းခဲ့လိမ့်မည်မဟုတ်ပါချေ။

**********

TN- လေပြည် အစတုန်းကတော့ ဒီညအဆုံးထိတင်မလို့ပဲ။ ပြန်လို့မပြီးသေးလို့ ပြီးသလောက်အရင်တင်ပေးလိုက်တယ်။ နောက်တစ်၀က်က နောက်နေ့မှ ဖတ်တော့နော်။ အားလုံးပဲ အေးချမ်းသော ညလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။


You are reading the story above: TeenFic.Net