အခန်း ၁၁၄။ 'အယုတ်တမာလင်'တစ်ယောက် ကလူ၏သို့ မြှူ၏သို့လုပ်နေ...။
လင်ကျန်းရီသည် စုကျစ်ယန်၏ကုမ္ပဏီသို့ မောင်းသွားကာ cassette tape နှင့် flash drive ကို လင်ခိုင့်ဆီသို့ပေးလိုက်သည်။
အစပထမတော့ လင်ခိုင်တစ်ယောက် မည်သို့သောမျှော်လင့်ချက်မျှမရှိ။ ထို့ကြောင့် ကျစ်ယန်အနေဖြင့် သူ့အတွက် ကြေငြာဗွီဒီယိုကိုလုပ်ကာ ပို့ပေးလိုက်လိမ့်မည်ဟု မထင်ထားရုံမက...။
deli လာပို့သောလူငယ်လေးက လင်အုပ်စု၏ ဥက္ကဌကြီးတဲ့လေ....။
လင်ခိုင်သည် media company တစ်ခု၏ ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ကာ မကြာခဏ အမျိုးမျိုးသော စုဝေးပွဲများကို တက်ရောက်ဖူးသည်။ ထို့ကြောင့် သဘ၀ကျကျပင် လင်ကျန်းရီကဘယ်သူဆိုတာ မှတ်မိသည်။
တစ်ကယ်တော့ ယခင်ကမသိဘူးဆိုလျှင်တောင်မှ လွန်ခဲ့သောညက ကိစ္စရပ်အပြီးမှာ ဒီလူကဘယ်သူဆိုတာ အင်တာနက်ပေါ်တွင်ဖြစ်စေ၊ အခြားလူတစ်ယောက်ယောက်ကိုဖြစ်စေ မေးနိုင်သည်မလား။
ထို့ကြောင့် သူသည် လင်ကျန်းရီကို သေချာပေါက်မှတ်မိနေဆဲသာ။ လင်ကျန်းရီနှင့် စုကျစ်ယန်ကြားမှ ပတ်သက်မှုကို သူမသိသော်လည်း ထိုဥက္ကဌကြီးတစ်ယောက် မနေ့ညက စုကျစ်ယန်အပေါ် အလွန်စိတ်ပူနေသည်ကို ကြည့်ခြင်းအားဖြင့် စုကျစ်ယန်သည် သူ့ဆီသို့ cassette tape နှင့် flashdrive ပို့ခိုင်းဖို့ပင် တတ်နိုင်ပုံရသည်။
ဒီလိုဆိုတော့ သူတို့ရဲ့ ပတ်သက်မှုက မရိုးရှင်းဘူးပေါ့...။
"အာ... ဥက္ကဌ... ဥက္ကဌလင်ပါလား"
လင်ကျန်းရီထံမှ cassette tape နှင့် flash drive ကိုယူလိုက်သော လင်ခိုင်၏လက်မှာ တုန်ရီနေလေသည်။
လင်ကျန်းရီသည် အစက ပေးစရာရှိတာ ပေးပြီးသည်နှင့် ပြန်ဖို့ရည်ရွယ်ထားတာပင်။ ထို့ကြောင့် သူ့ကို အထစ်ထစ်အငေါ့ငေါ့ဖြင့် ခေါ်သံကြားချိန်၌ မျက်လုံးစွေကာ ကြည့်လိုက်သည်။
"ဟမ်... ဘာကိစ္စလဲ"
"အာ... ဟို... ကျစ်ယန် အဆင်ပြေရဲ့လားခင်ဗျာ"
လင်ခိုင်သည် ဂရုတစိုက်ဖြင့် မေးမြန်းလိုက်ပါ၏။ စုကျစ်ယန်က နေမကောင်းသည့်တိုင် သူ့ကိုကူညီပေးခဲ့သည်။ ထို့အတွက် သူတစ်ကယ်ကို အားနာနေတာဖြစ်သည်။
လင်ကျန်းရီ၏အမူအရာသည် တင်းမာလာပြီး လင်ခိုင့်ကို ခပ်တင်းတင်းကြည့်လိုက်သည်။ လင်ခိုင်တစ်ယောက်မှာတော့ သူ့နှလုံးသားလေး အေးစက်လာသည်ကို ခံစားလိုက်ရတာကြောင့် အလောတကြီးရှင်းပြလိုက်သည်။
"သူနေမကောင်းသေးတာ ကျွန်တော်မသိလို့ အကူအညီတောင်းမိခဲ့တာပါ။ သူပါတီပွဲကို လာတယ်ဆိုတော့ သူသေချာပေါက် နေကောင်းသွားပြီလို့ ထင်လိုက်တာ။ သူကလည်း ကောင်းသွားပြီလို့ပြောတယ်။ အဲဒါကြောင့်... အဲဒါကြောင့်... ကျွန်တော့်ကိုမျက်နှာသာပေးဖို့ သူ့ကိုတောင်းဆိုမိတာပါ။ ကျွန်တော်... ကျွန်တော်... တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်တော်သူ့ကိုကျေးဇူးတင်ကြောင်းလေး ပြန်ပြောပေးလို့ရမလား။ ညတုန်းက သူကျွန်တော့ကိုကူညီတဲ့အနေနဲ့ ဗွီဒီယိုလုပ်ပေးလိမ့်မယ်လို့ မမျှော်လင့်ထားဘူးရယ်။ ကျွန်တော်သူ့ကို တစ်ရက်လောက်ဖိတ်ပြီး dinner ကျွေးလို့ရမလားဗျာ။"
"....."
လင်ကျန်းရီတစ်ယောက် စကားပြန်မပြောခင် လင်ခိုင်၏ရှင်းပြချက်အရှည်ကြီး အဆုံးသတ်သည်အထိ တိတ်တဆိတ်နားထောင်၍၊ ကြည့်၍သာလိုက်သည်။
"dinner ကျွေးဖို့မလိုပါဘူး။ သူမင်းကို ကူညီဖို့ ဆန္ဒရှိနေမှတော့ မင်းတို့နှစ်ယောက်က မိတ်ဆွေကောင်းတွေဆိုတာ ဖော်ပြနေတာပဲ။ သူအလုပ်ပြန်မ၀င်သေးခင်အတွင်း အလုပ်တွေအားလုံး မင်းပဲတာဝန်ယူရမှာ"
လင်ခိုင် သူ့ခေါင်းသူကုတ်ကာ ဖော်ရွေသောအပြုံးဖြင့် ပြောလိုက်သည်။
"ဒါက... ကျွန်တော်လုပ်သင့်တာပါ။ ကျွန်တော်လုပ်သင့်တာပါ"
လင်ကျန်းရီသည် အကြည့်တို့ကို ပြန်လည်ရုတ်သိမ်းကာ လှည့်ထွက်လာခဲ့သည်။ လင်ခိုင်တစ်ယောက် စိတ်သက်သာရစွာ သက်ပြင်းမှုတ်ထုတ်လိုက်သည်။
သူ့သူဌေးနှင့်ဆုံရချိန်ထက် လင်ကျန်းရီနှင့် ဆုံမိချိန်မှာ ဘာလို့များ ပိုပြီးကြောက်ရွံ့နေမိတာလဲ။ ဒီလူ... သူ့အရှိန်အ၀ါက အရမ်းကို ပြင်းထန်လွန်းသည်။ သူကတော့ တစ်ကယ့်ကို ခေါင်းဆောင်တစ်ယောက်ဖြစ်ဖို့ ထိုက်တန်ပါရဲ့။
လင်ကျန်းရီတစ်ယောက် front desk ကိုဖြတ်သန်းကာ မှန်တံခါးမှတစ်ဆင့် ဓာတ်လှေကားဆီ လျှောက်သွားသည်ကိုကြည့်ရင်း ရုတ်တရက် လင်ခိုင်၏အာရုံတို့ ပြန်လည်ဝင်ရောက်လာသည်။
သူအမြန်ပြေးလိုက်ကာ အော်ခေါ်လိုက်သည်။
"နေ... နေပါဦး..."
လင်ကျန်းရီ၏မျက်နှာပေါ်တွင် စိတ်မရှည်မှုတို့ပေါ်လွင်နေပြီး တားဆီးလိုက်သည့်အပေါ် နားလည်ရခက်ဟန်ဖြင့် ပြန်လှည့်လာသည်။
"မင်းမှာ တခြားဘာကိစ္စရှိသေးလို့လဲ"
"အာ... ဒီမနက် ကျစ်ယန်အတွက် အမြန်ချောပို့နဲ့ ပါဆယ်တစ်ထုပ်ရောက်နေတာ။ လက်မှတ်ထိုးပြီးပြီဆိုပေမဲ့ ကျွန်တော်ပေးဖို့ မေ့သွားလို့ရယ်။ ကျွန်တော့်ကို နှစ်မိနစ်ပဲအချိန်ပေးပါ...။ ကျွန်တော်သွားယူခဲ့မယ်။ ဒါကို ဥက္ကဌလင် ကျစ်ယန်ဆီကို ယူသွားပေးလို့ရပြီ"
လင်ခိုင်သည် စကားကိုအမြန်ပြောပြီးနောက် အမြန်လှည့်ပြေးသွားကာ မျက်နှာပေါ်တွင် အမည်းရောင်မျဉ်းများပေါ်နေပြီဖြစ်သော လင်ကျန်းရီကို တစ်ယောက်တည်း ထားရစ်ခဲ့လေသည်။
ကျစ်ယန်မှာဘာလို့များ ဒီလိုစိတ်မချရတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ရှိနေရတာလဲ။
မည်သို့ပင်ဆိုစေ။ မကြာမီမှာပင် လင်ကျန်းရီ၏အမူအရာမှာ ပဟေဠိဖြစ်လာခဲ့သည်။ ဘာလို့ကျစ်ယန်ရဲ့ ပါဆယ်ကို ကုမ္ပဏီဆီ ပို့ရတာလဲ။ လော့ယန်က သူဝယ်လာခဲ့တဲ့ပစ္စည်းကို သူတို့အိမ်ဆီတိုက်ရိုက်ပို့လို့ရတာပဲလေ။ ဘယ်လိုဖြစ်နိုင်မှာလဲ။
လင်ခိုင်သည် သူပြောခဲ့သလိုပင်။ နှစ်မိနစ်အတွင်း ပြန်ရောက်လာသ်ာငြား ခန္ဓာကိုယ်ဝဖြိုးသူတစ်ယောက်မို့ အကွာအဝေးတိုလေး ပြေးလွှားခဲ့သည့်တိုင် ရလဒ်အနေဖြင် အလွန်အကြူးမောဟိုက်နေသည်။
အမောတကော ရှူရှိုက်ရင်း ပါဆယ်ကို လင်ကျန်းရီဆီ ကမ်းပေးလိုက်သည်။
"ဥက္ကဌလင်... ဒီဟာပါ..."
လင်ကျန်းရီသည် အံ့အားသင့်နေဟန်ဖြင့် ပါဆယ်ထုပ်ကိုကြည့်သည်။ အဲဒါက စာရွက်စာတမ်းတစ်တောင်နှင့်တူပြီး ပေါ့ပါးကာ ပြားချပ်နေသည်။
ပါဆယ်ပေါ်မှ နာမည်ကိုကြည့်ရသလောက် မင်းယန်တက္ကသိုလ်မှ ပို့လိုက်တာဖြစ်သည်။
လော့ယန်ဆီကနေ ကျစ်ယန်ကိုပေးတဲ့ လက်ဆောင်များလား။ ဒီလိုဆို သူတို့အိမ်ဆီ လိပ်မူပြီးပို့သင့်တာကို။ အာ...
လင်ကျန်းရီသည် စုကျစ်ယန်၏ကုမ္ပဏီကို နောက်မှာချန်ထားရစ်ကာ သူ့ကုမ္ပဏီဆီသို့ အရင်ဆုံးပြန်လာလိုက်သည်။ သူ့ရုံးခန်းကိုရောက်သည်အထိ စုကျစ်ယန်၏ စာတမ်းကို တစ်ပါတည်း ယူလာလိုက်သည်။
သူသည် ဒီအတိုင်းမနေနိုင်ဘဲ အကြိမ်ရေအနည်းငယ်ခန့် ခိုးဖတ်ချင်စိတ် ဖြစ်ပေါ်သည်။ သို့သော် ကျစ်ယန်ဘာသာဖွင့်တာကို စောင့်သည်က ပိုကောင်းမည်ဟု တွေးလိုက်သည်။
မဟုတ်လျှင် ကိုယ်ရေးကိုယ်တာကိစ္စကို ၀င်စွက်ဖက်သလို ဖြစ်သွားပေလိမ့်မည်။
နောက်ဆုံးမှာတော့ လင်ကျန်းရီသည် သူ့အလုပ်များကို ဆုံးခန်းတိုင်အောင်လုပ်ပြီနောက် တစ်ကယ့်ကို စူးစမ်းချင်စိတ်ပြင်းပြစွာဖြင့် လက်ထဲတွင် ထိုစာတမ်းကိုကိုင်ကာ အိမ်အမြန်ပြန်လေတော့သည်။
သူအိမ်ပြန်ရောက်ချိန်၌ ကျစ်ယန်က သားတွေနှင့် ကစားနေတာဖြစ်သည်။ လင်ကျန်းရီ ပြန်လာတာကိုတွေ့သည်နှင့် အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။
"ဒီနေ့တော့ အစောကြီးပြန်လာတာပဲ"
"အင်း... ကိုယ့်ဇနီးလေးက အိမ်မှာစောင့်နေတာလေ။ ဒီတော့ စောစောပြန်လာရမှပေါ့"
လင်ကျန်းရီသည် ကလေးများရှိရာအခန်းထဲဝင်လာရင်း လက်ထဲမှပါဆယ်ကို စုကျစ်ယန်ဆီ ကမ်းပေးလိုက်သည်။
"ဒီနေ့ ကိုယ်မင်းရဲ့ကုမ္ပဏီဆီ သွားခဲ့တယ်။ flash disk ပေးဖို့လေ။ ဒါက လင်ခိုင် လက်မှတ်ထိုးပြီးယူထားလိုက်တာ။ မင်းအတွက် delivery ရောက်နေတာတဲ့"
စုကျစ်ယန်လည်း အံ့အားသင့်သွားကာ ပဟေဠိဖြစ်နေဟန်ပင်။
"အဲဒါက ဘာလဲ"
delivery က ဘာလို့ ကုမ္ပဏီကို ပို့တာလဲ။ ပြီးတော့ အခုတစ်လော သူဘာကိုမှလည်း မ၀ယ်ထားမိပါဘူး။
"ကိုယ်လည်းမသိဘူး။ ကိုယ့်ဇနီးလေးရဲ့ခွင့်ပြုချက်မပါဘဲ ကိုယ်ဘယ်လိုလုပ် ဖွင့်ဖတ်ရဲပါ့မလဲလေ။ ဒါပေမဲ့ကြည့်ရသလောက် ပို့သူလိပ်စာက မင်းယန်တက္ကသိုလ်ကပဲ။ ကိုယ်မှန်းကြည့်တာတော့ လော့ယန်တစ်ခုခုပို့ပေးတာလားလို့"
စုကျစ်ယန်ပါ ရှုပ်ထွေးနေသည်ကိုကြည့်ကာ သူ့ခန့်မှန်းချက်ကိုပြောလိုက်သည်။
"ကျွန်တော်ကတော့ အဲ့လိုမထင်ဘူး။ လော့ယန်သာ တစ်ခုခုပို့ချင်ရင် အိမ်ကိုပဲတိုက်ရိုက်ပို့မှာပေါ့။ အိမ်ကိုပို့မဲ့အစား အလုပ်ရှုပ်ခံပြီး ကုမ္ပဏီဆီ ဘယ်ပို့နေမှာလဲ"
စုကျစ်ယန်သည် ချိတ်တံဆိပ်ကိုဖယ်ကာ အထဲမှစာကိုထုတ်ယူရင်း ခေါင်းခါသည်။ အထဲမှစာကို ရှင်းလင်းစွာဖတ်ပြီးနောက် သူသဘောပေါက်လိုက်သည်။
"အိုး... အဲဒါပဲ...။ အဲဒါကို မေ့လုမေ့ခင်တောင် ဖြစ်နေပြီ"
"ဘာတဲ့လဲ။ ကိုယ့်ကိုလည်း ပြပါဦး"
နောက်ဆုံးမှာတော့ လင်ကျန်းရီတစ်ယောက် ၎င်းကိုလှမ်းကြည့်ကာ ဖတ်နိုင်သွားလေပြီ။ စုကျစ်ယန်ကလည်း မတားပါ။ လင်ကျန်းရီကိုလှမ်းပေးရင်း ရှင်းပြသည်။
"အာ... ဘယ်စာမေးပွဲလဲ"
လင်ကျန်းရီက စာကိုဖတ်လိုက်ရင်းပြန်မေးသည်။
"သြော်... ဘွဲ့ကြိုကျောင်းသားတွေအတွက် ဘွဲ့ကြိုနှစ်ထပ်ကွမ်းစာမေးပွဲပဲ...။ မင်းက ဘာလို့ဒီစာမေးပွဲကိုဖြေတာလဲ။"
"အင်း၊ အကြီးတန်းဓာတ်ပုံဆရာရဲ့ အရည်အချင်းစစ် လက်မှတ်အတွက် စာမေးပွဲမဖြေခင် ဒီစာမေးပွဲကို အရင်ဖြေထားရမှာပေါ့။ အဲဒါထက်၊ ကျွန်တော့်ကိုယ်ရေးအကျဉ်းမှာရှိတဲ့ အပိုဒီဂရီဘွဲ့တစ်ခုက အလုပ်တစ်ခုရှာဖွေရာမှာ အထောက်အကူဖြစ်လိမ့်မယ်လေ။"
စုကျစ်ယန် ပြုံးလိုက်သည်။
"ဒါက ကျွန်တော့်အတွက် အသုံးမဝင်ပေမယ့် ကြိုတင်ပြင်ဆင်ထားရတာပေါ့..."
လင်ကျန်းရီတစ်ယောက် သူ့နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။
"မင်း စာမေးပွဲမဖြေလည် အရေးမကြီးပါဘူး။ ကိုယ်မင်းကို မထောက်ပံ့နိုင်တာမှ မဟုတ်တာကို။"
"ကျွန်တော်က မိန်းမတစ်ယောက်မဟုတ်ပါဘူးနော်။ ခင်ဗျား ကျွန်တော့်ကိုထောက်ပံ့ပေးစရာမလိုပါဘူး။ ပြီးတော့ အခုခေတ်မှာ အမျိုးသမီးတွေတောင်မှ သူတို့ကိုယ်သူတို့ အားကိုးပြီးရပ်တည်လာကြပြီလေ။ ကျွန်တော်တို့လည်း နောက်ကောက်မကျသင့်ဘူး။ ဒါက စာမေးပွဲလေးတစ်ခုပါပဲ။ ကျွန်တော်က ပြင်ဆင်လို့တောင်ပြီးပြီ။ အချိန်ကျရင် စာမေးပွဲသွားဖြေရုံပဲ။"
စုကျစ်ယန်သည် စာရွက်ကိုပြန်ယူရင်း ၎င်းအပေါ်မှ ရက်စွဲကိုကြည့်လိုက်သည်။ ဒီဇင်ဘာ ၂၄ရက်နှင့် ၂၅ရက်။ ထိုအဓိပ္ပာယ်က စာမေးပွဲဖြေရန် နှစ်လသာလိုတော့ကြောင်း ပြသနေသည်။
ဖြေဆိုရမည့်နေရာမှာ မင်းယန်တက္ကသိုလ်၏အခွဲဖြစ်သော လျောင်ချန်တက္ကသိုလ်၌ဖြစ်ပြီး မြို့တော်မှဆိုလျှငိ ကားဖြင့်သုံးနာရီလောက် မောင်းရသည်။
ကောင်းပြီ။ စာလေ့လာရန် နှစ်လနီးပါးအချိန်ရသေးသည်မို့ ဒီလောက်ဆိုရင်ပဲ သူ့အတွက်လုံလောက်ပါသည်။
လင်ကျန်းရီလည်း စာမေးပွဲဖြေရမည့်ရက်စွဲကိုကြည့်ကာ မကျေမနပ်ပြောလိုက်သည်။
"သူတို့က ဘာလို့နှစ်ရက်ပဲရွေးထားတာလဲ။ အဲဒါက ခရစ်စမတ်ပွဲတော်ရက်ကြီးလေ။ မင်းရယ် ကလေးတွေရယ်နဲ့အတူ အားလပ်ရက်ကောင်းတစ်ရက်အဖြစ် ကုန်ဆုံးချင်တဲ့ဟာကို။"
စုကျစ်ယန်သည် လင်ကျန်းရီအနားသို့ အမြန်ကပ်လိုက်ပြီး သူ့လက်များကို လင်ကျန်ီ၏လည်တိုင်ကျော့ကျော့၌ နားခိုစေရုံသာမက ပါးပြင်ကိုပါ ဖျတ်ခနဲ မွှေးကြူလိုက်သည်။ သူအပြုံးလေးဖြင့် ပြောလိုက်၏။
"New year တို့ နွေဦးပွဲတော်တို့ဆိုလည်း ကောင်းပါတယ်ဗျ။ ခရစ်စမတ်ပွဲတော်ဘာညာဆိုတာက တိုင်းတစ်ပါးရဲ့ပွဲတော်တွေလေ။ ဒီတော့ ကျွန်တော်တို့ မဆင်နွှဲလည်း ကိစ္စမရှိပါဘူး"
လင်ကျန်းရီတစ်ယောက် ပို၍မခံမရပ်နိုင် ဖြစ်လာလေပြီ။
"ဒါက ကိုယ်တို့အတူရှိပြီးနောက် ပထမဆုံးအကြိမ် ပွဲတော်နဲ့ကြုံရတာလေ။ ကိစ္စမရှိဘူးတဲ့လား။ မင်းရဲ့နှလုံးသားကိုတော့ ကိုယ်နားမလည်တော့ဘူး။ ဟမ့်....."
စုကျစ်ယန် ရယ်မောရင်း မျက်ရည်ပါထွက်လာရသည်။ သူဒီနေ့ ဘာဖြစ်နေတာလဲ။ သူတစ်ကယ်ပဲ စိတ်အလိုမကျဖြစ်နေတာလား။ တစ်ခုခုကို စိတ်အလိုမကျဖြစ်နေတာ မဟုတ်ရင်ရော သူဘာလုပ်သင့်လဲ။
"ဘာလို့ ကျောင်းသားစုံတွဲလေးတွေ ချိန်းတွေ့သလို လုပ်နေတာလဲဗျာ။ ခင်ဗျားအသက် ဘယ်လောက်တောင်ရှိနေပြီလဲလို့။"
စုကျစ်ယန်က သူ့ကို တံတောင်ဖြင့်တွန်းကာပြောသည်။
"အရမ်းကြီးကလေးဆန်မနေပါနဲ့။ နော်..."
"အသက်ဘယ်လောက်ရှိပြီလဲဆိုတာက ဘာကိုပြောတာလဲ။ မင်းက၂၄။ ကိုယ်က ၂၈။ ကိုယ်က တအားအိုနေပြီလား။ တစ်ခါတစ်လေကျ အသက် ၂၇၊ ၂၈နှစ် အရွယ်တွေတောင်မှ romantic လေးလိုချင်ကြတာပဲလေ။ ကိုယ်က ၃၀မှမပြည့်သေးဘဲကို။ ကိုယ်တို့ရော romantic လေး လုပ်ဖို့ မကြိုးစားသင့်ဘူးလား"
လင်ကျန်းရီ တစ်ကယ်မပျော်နေပါ။ သူကခရစ်စမတ်နေ့မှာ မွေးဖွားခဲ့တာမို့ ထိုနေ့မှာ စုကျစ်ယန်ကို သူနှင့်အတူရှိနေစေချင်သည်။
ဒါက သူကြီးပြင်းလာခဲ့သည့်တစ်လျှောက် မွေးနေ့ရက်ကို ပထမဆုံးအကြိမ် စောင့်မျှော်မိတာပင်။
သူ့ဇနီးလေးရယ်၊ မိဘတွေရယ်အပြင် ကလေးငယ်နှစ်ဦးနှင့်အတူ သူ့မွေးနေ့ကို ဂုဏ်ပြုကျင်းပချင်သည်။ အတွေးနှင်ပြင် တကယ့်ကို လှပနေသည်။
ထို့ထက်ပို၍ပြောရလျှင် ထိုအချိန်တွင် စုကျစ်ယန်လည်း လုံးဝပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။ ထို့နောက် သူသည် မွေးနေ့ပွဲကို အခွင့်ကောင်းယူကာ ဝိုင်အနည်းငယ်သောက်နိုင်သည်။
ပြီးလျှင် ၀ိုင်သောက်ထားသည်ကိုအကြောင်းပြုကာ ဇနီးလေးနှင့် ထိုအရာကိုလည်းလုပ်နိုင်ပေလိမ့်မည်။ သူနောက်ဆုံးအကြိမ် အသားစားခဲ့သည်မှာ အတန်ငယ် ကြာခဲ့လေပြီ။
သူပုံမှန်စားနေကျ အဲဒီပေါ့ပေါ့ပါးပါး အသားလေးတွေနှင့် တို့ဟူးတွေကိုတော့ ထည့်သွင်းတွေးတောစရာမလိုပေ။
အစီအစဉ်တွေဆွဲထားပြီးသားဆိုသော်လည်း သူ့ဇနီးလေးက အဲဒီရက်တွေမှာ စာမေးပွဲဖြေရမှာဖြစ်နေသည်။ ပြီးတော့ သူ့ကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ည်တဲ့။ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။
စုကျစ်ယန်သည် လင်ကျန်းရီ သုန်မှုန်ကာစိတ်ကောက်နေသည်ကို ရှားရှားပါးပါးတွေ့လိုက်ရပြီး သူအလွန်လန်းဆန်းသွားသည်ဟု ခံစားမိသည်။ သူ စိတ်အားထက်သန်လာပြီး တမင်သက်သက်ကိုကျီစယ်လိုက်သည်။
"ဒီတစ်ခါအစား နောက်နှစ်ချစ်သူများနေ့မှ romamtic လေး လုပ်ရင်ရော"
"မရဘူး"
လင်ကျန်းရီဟာ သည်ကိစ္စပေါ် အလေးအနက်ထားသည်။
"ချစ်သူများနေ့က ချစ်သူများနေ့။ ခရစ္စမတ်နေ့က ခရစ္စမတ်နေ့ပဲ။ သူတို့ကို ရောပစ်လို့မရဘူး။"
"တကယ် မဖြစ်နိုင်တော့ဘူးလား"
စုကျစ်ယန် ရှက်ရွံ့ဟန်ဖြင့် ကြည့်သည်။
"ဒီကိုယ်တိုင်လေ့လာရေးသင်တန်းအတွက် လျှောက်လွှာတင်တဲ့ အချိန်တုန်းကခင်ဗျားကိုတောင် ကျွန်တော်မသိသေးတဲ့ဟာ။ အဲဒီရက်တွေမှာ စာမေးပွဲဖြေရမယ်ဆိုတာကိုလည်း ဘယ်လိုလုပ်သိနိုင်မှာလဲ။ ဒီနှစ်စာမေးပွဲကို လွတ်သွားလို့ နောက်နှစ် ထပ်ဖြေရရင် နောက်နှစ်အတွက် စိုးရိမ်နေတာတွေ၊ စိတ်ပူနေတာတွေ မြင်ရမှာကို ခံနိုင်ရည်ရှိရဲ့လား"
"အင်းပါ"
လင်ကျန်းရီ စဉ်းစားကာ သဘောတူလိုက်သည်။ သူအရင်ကပြောခဲ့သလိုပဲ။ ကျစ်ယန်နှင့် ပိုပြီးရင်းနှီးလာလေလေ သူ့ကို ပိုချစ်လေလေပင်။
ဒီအချိန်မှာ စုကျစ်ယန်ဟာ သူ့ကိုယ်သူ တိုးတက်ဖို့ ကြိုးစားနေပြီး ကိုယ့်ကိုယ်ကိုယ် ချစ်မြတ်နိုးသူဖြစ်သည်။ သူ့မှာ ဦးနှောက်နှင့် အမြော်အမြင်ရှိမှုတို့အပြင် သူ့ကိုယ်သူ တိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကိုပါသိသည်။
သူက ဒီလောက်ကောင်းတဲ့လူငယ်မို့ စာမေးပွဲမဖြေဖို့ တားရမှာ မကောင်းပါ။
ဒါပေမယ့် သူ့မွေးနေ့မှာ ဘာလုပ်ရမလဲ...။
ဒါကကျစ်ယန်နဲ့ဆုံပြီးနောက် သူ့ရဲ့ ပထမဆုံး မွေးနေ့ပွဲ...။
သူ့မွေးနေ့ကို ပိုပြီး အဓိပ္ပါယ်ရှိအောင် ကျင်းပချင်သည်...။
စုကျစ်ယန်သည် လက်ကျန်းရီ၏ မျက်လုံးများထဲရှိ စိတ်ပျက်နေမှုကို လျစ်လျူမရှုရက်ပါ။ ထို့ကြောင့် ပွေ့ဖက်လိုက်ကာ သူ့ကိုယ်ကို လက်နှစ်ဖက်ဖြင့် ပွတ်သပ်ရင်းမေးလိုက်သည်။
"အဲဒီနေက... ခရစ်စမတ်ဆိုတာကလွဲလို့ ထူးခြားတဲ့ အဓိပ္ပါယ်ရှိသလား"
လင်ကျန်းရီသည် မှေးစင်းနေသော မျက်လုံးများဖြင့် သနားစရာကောင်းသော အပြုအမူကို ဟန်ဆောင်ရင်း ပြောလိုက်သည်။
"အဲဒီ့နေ့က ကျန်းရီရဲ့ မွေးနေ့လေ..."
-----------
ဘာသာပြန်သူဆီမှာ ပြဇာတ်တိုလေးရှိတယ်။
လင်ကျန်းရီ - ခရစ်စမတ်နေ့က ကျန်းရီရဲ့မွေးနေ့ပါ
စုကျစ်ယန် - ခင်ဗျားမွေးနေ့လို့ပြောလိုက်လည်း ရတာကို
လင်ကျန်းရီ - အွန်း... အွန်း... မွေးနေ့ရှင် ကျန်းရီလေးက အဲ့နေ့ကျ ၀ိုင်နည်းနည်းသောက်မယ်နော်။ ၀ိုင်အရှိန်နဲ့ ကျန်းရီလေးမူးပြီး ဇနီးလေးနဲ့ romantic night လေးဘာလေး လုပ်ချင်ရင်... ရင်... ရင်...
စုကျစ်ယန် - မအားဘူး။ အချိန်မရှိဘူး။ စာမေးပွဲဖြေရဦးမှာ
လင်ကျန်းရီ - *အထီးကျန်။ တိတ်ဆိတ်။ ငိုကြွေး
လေပြည်နှင့်စာဖတ်သူတစ်သိုက် - *ဗိုက်နှိပ်ရယ်မော
You are reading the story above: TeenFic.Net