အခန်း ၁၁၃။ သားကိုစနောက်ခြင်း၊ သားက နည်းနည်းလေးရူးတဲ့ ကလေးတစ်ယောက်။
လင်ကျန်းရီတစ်ယောက် သူ့ကိုတိုက်ရိုက်ပေးလာသည့် စုကျစ်ယန်၏ ရင်းနှီးကျွမ်းကျင်သော အမိန့်စကားကို မတွန်းလှန်နိုင်ပါချေ။
အကူအညီမဲ့စွာ သက်ပြင်းချ၍သာ ခေါင်းညိတ်လိုက်ရသည်။
"ဆယ်မိနစ်ပဲနော်။ ဆယမိနစ်အတွင်းမပြီးရင် ကိုယ်မင်းကို အိပ်ရာပေါ်ဆွဲခေါ်သွားလိုက်မှာ"
စုကျစ်ယန်သည် အားပါးတရရှိလှသော အပြုံးကြီးဖြင့် သူ့ကို ထပ်မံ၍နမ်းရှိုက်ကာ သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည်။
"အင်း..."
လင်ကျန်းရီသည် သူ့နဖူးပေါ်သို့ အားဖြင့်တောက်လိုက်ပြီး အိပ်ရာပြင်ရန် လှည့်ထွက်လာလိုက်သည်။
အမြင်အားဖြင့် သူ့(ရီ)ဟာသစကားအဆုံး၌ သူ့(ယန်)သဘောအတိုင်း လိုက်လျောလိုက်ရတာပင်။
အိပ်ရာပြင်ပြီးနောက် လင်ကျန်းရီတစ်ယောက် ကလေးခန်းသို့သွားကာ သူတို့၏သားလေးနှစ်ယောက်ကို ကြည့်သည်။
တစ်ရက်ပြီးတစ်ရက် ထွားကျိုင်းလာတာကိုကြည့်သည်။ သူတို့လေးများသည် မွေးဖွားချိန်မှစ၍ ရေလျှင် တစ်လကျော်ပြီဖြစ်သည်။ ထို့ပြင် မွေးကာစတုန်းကထက် ကြည့်ပျော်ရှုပျော်လည်း ရှိလာလေပြီ။
သူတို့၏မျက်နှာလေးများသည် နှင်းဆီရောင်သမ်းနေပြီး အသားအရည်ကတော့ နူးညံ့၊ ချောမွတ်ကာ ပြည့်ပြည့်ဖောင်းဖောင်းရှိလှသည်။
နှုတ်ခမ်းသေးသေးလေးသည်လည်း အရောင်စိုကာ ဆွဲဆောင်မှုရှိလှသည်။
နှုတ်ခမ်းလွှာလေးများကို စူလိုက်လျှင်ဖြင့် အလွန်အမင်းကို ချစ်ဖို့ကောင်းနေတော့သည်။ သူတို့က တစ်ကယ့်ကို အမြွှာညီအစ်ကိုတွေပင်။
ကျန်းဟွားရှန်သည် သူတို့နှစ်ဦးကို အင်္ကျီဆင်တူဆင်ယင်ပေးထားပြီး ဘယ်တစ်ယောက်ကဘယ်သူဆိုတာ ခွဲခြားရန် မဖြစ်နိုင်လုနီးပါးပင်။
သို့သော်ငြား သားအကြီးလေး၏ခြေထောက်တွင် မှဲ့တစ်လုံးပါရှိကြောင်း သူ့အမေပြောတာ သူကြားမိသလိုပင်။
ထို့ကြောင့် လင်ကျန်းရီသည် အိပ်ရာတစ်က်တွင်ထိုင်ကာ ကလေးများ၏ခြေထောက်ကို ကိုင်လိုက်သည်။
ထို့နောက် ထို'မှဲ့'ဟုခေါ်သောအရာကို ရှာဖွေရန် သူ့ခန္ဓာကိုယ်ကိုကွေးလိုက်သော်ငြား မရပါချေ။ လင်ကျန်းရီတစ်ယောက် အရှုံးမပေးပါ။
အချိန်အတော်ကြာ ရှာဖွေပြီးနောက်ဆုံးမှာတော့ ကြည်လင်ကာ ဖောက်ထွင်းမြင်နိုင်လုနီးပါ 'မှဲ့'တစ်ခုကို ဘယ်ဘက်ရှိကလေးငယ်၏ ညာခြေဖ၀ါးတွင် တွေ့လိုက်ရသည်။ လင်ကျန်းရီတစ်ယောက် ချွေးတွေသီးထနေလေပြီ။
မားရေ.... အဲဒါလေးကို မှဲ့တစ်လုံးလို့ ခေါ်လို့ရနိုင်လို့လားဗျာ။
လင်ကျန်းရီသည် သားကြီး၏ခြေထောက်ကိုကိုင်ကာ ရုတ်တရက်ပင် သူနှင့်ကစားရန် တိုက်တွန်း(ကလူကျီစယ်)လိုက်သည်။
သူသည် လက်တစ်ချောင်းကိုဆန့်ကာ ခြေဖ၀ါးအလယ်နားကို ဖွဖွလေးကုတ်ခြစ်လိုက်သည်။ ကလေးငယ်သည် လှုပ်ရှားသွားပြီး သူ့ခြေရင်းဘက်ရှိ လင်ကျန်းရီကို စူးစိုက်ကြည့်သည်။
နူးညံ့သည့်ကြာပန်းပွင့်နှင့်တူသော ခြေဖ၀ါးလေးသည် အသားတို့ပြည့်ဝနေပြီး ထိတွေ့ရာ ဇိမ်ရှိလှသည်။
လင်ကျန်းရီ၏ ပျော်ရွှင်ကြည်နူးနေသော အမူအရာက ကလေးငယ်ကို နိုးသွားစေသည်။ လင်ကျန်းရီသည် ကလေးငယ်၏ ပါးစပ်ပွင့်ဟလာသည်မို့ ငိုတော့မည်ဟု ထင်လိုက်သည်။
ထို့ကြောင့် ကိုင်ထားသည်ကို မြန်မြန်လွှတ်ကာ သူ့သားလေးဆီသို့ ရယ်စရာကောင်းသော မျက်နှာအမူအရာကို လုပ်ပြလိုက်သည်။
ကလေးငယ်သည် သမ်းဝေနေရင်းမှ လင်ကျန်းရီ သူ့ကိုပြောင်ပြနေသည်အားမြင်သော် သူ၏ကြီးမားရွှန်းလက်သော မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး အားရပါးရ ရယ်လေတော့သည်။
လင်ကျန်းရီတစ်ယောက် သူ့မျက်နှာကို လက်ဖြင့်ကာလိုက်၊ ဖွင့်ပြလိုက်လုပ်ခြင်းသည ကလေးလေးကို ပြုံးစေရုံမက တစ်ခါတစ်ရံ၌ ရယ်ပင်ရယ်မောစေသည်။
သူ့အသံသည် လုံးဝကြည်လင်နေပြီး အထူးသဖြင့် ရွှင်ပျနေဟန်ပင်ပေါ်သည်။ လင်ကျန်းရီသည် လျှာကိုဆန့်ထုတ်ပြီး ဟိုဘက်၊ သည်ဘက် လှုပ်ယမ်းယိမ်းထိုးစေသည်။
ကလေးကလည်း သူပါးစပ်သေးသေးလေးကို ဟကာ သူ့နည်းတူ လိုက်လုပ်ပါလေသည်။ သို့သော်ငြား ငယ်ရွယ်လွန်းသည်မို့ လုံးလုံးလျားလျားတော့ မရပါချေ။
သူ့ပါးစပ်လေးကို ဖွင့်ဟကာ လျှာကလေးကို နှုတ်ခမ်းလွှများအကြား ဖိကပ်လို့ထားသည်။ ထို့နောက်မှာတော့ သွားရည်များက မတားဆီးနိုင်ဘဲ ကျလာပါလေသည်။
လင်ကျန်းရီသည် အပြုံးတစ်ပွင့်ကို ပြန်လည်ဆင်မြန်းရင်း ကလေးငယ်၏ပါးကို ဖွဖွပုတ်လိုက်သည်။
"အရူးလေး... မင်းကအရူးလေးပဲ။ မဟုတ်ဘူးလား။ ဟမ်..."
ထိုစကားကိုပြောရင်း နံဘေးမှ တစ်ရှူးစလေးတစ်ခုကိုယူကာ သူ့သား၏တံတွေးများကို သုတ်ပေးလိုက်သည်။
သူ့ဒယ်ဒီ ဘာတွေပြောနေသည်ဆိုတာ ကလေးကတော့ မသိပါချေ။ သူနှင့်အတူကစားနေသည့် တစ်စုံတစ်ယောက်ကု လေ့လာနေရင်း သူ့လက်ကလေးကို လှုပ်ယမ်းကာ လင်ကျန်းရီ၏လက်ချောင်းကို လှမ်းကာဖမ်းလေသည်။
လက်ချောင်းကို ဖမ်းမိပြီးနောက် သူသည် ချက်ချင်းပင် ၎င်းကို ပါးစပ်လေးအတွင်းသို့သွင်းကာ ၀ါးစားရန်ကြံသည်။
သို့သော် လင်ကျန်းရီသည် ထိုသို့လုပ်ခွင့်မပေးဘဲ ၎င်းအစား သူသားလေးနှင် ရွှင်မြူးဖွယ် တိုက်ပွဲတစ်ပွဲ ဆင်နွှဲလိုက်သည်။
ိထို့နောက်မှာတော့ ကလေးငယ်၏အားအင်များမှာ အများကြီးမကျန်တော့ချေ။ အချိန်အတန်ကြာဆော့ပြီးနောက် ကလေးငယ်သည် လက်နှစ်ဖက်လုံးကို လက်သီးသေးသေးလေးများအဖြစ် ကျစ်နေအောင်ဆုပ်ကာ မျက်လုံးများကို ပွတ်လိုက်သည်။
သမ်းဝေလိုက်ပြီးနောက်မှာတော့ မျက်ခွံများက မှေးစင်းလာခဲ့ပါလေပြီ။ လင်ကျန်းရီသည် သူ့ကို ဖွဖွလေးပုတ်ပေးရင်း ချော့မြှူလိုက်သည်။
မကြာာချေ။ ကလေးငယ်သည် သူ၏ချော့မြှူမှုကြောင့် ပြန်လည်ကာ အိပ်ပျော်သွားလေသည်။
ဒီဘက်ခြမ်းမှာ ဖြစ်ပျက်နေတဲ့ အရာတွေက သူ့ကိုလုံးဝမထိခိုက်စေသည့်နှယ် ညာဘက်တွင်အိပ်နေသော သားငယ်ကို အကြည့်တစ်ချက်လှမ်းပေးလိုက်သည်။
သူ့ပါးစပ်လေး အနည်းငယ်မျှပွင့်ဟနေတာတောင်မှ ဆက်လက်ပြီးနှစ်ခြိုက်စွာ အိပ်မောကျလို့နေသည်။
အမြွှာလေးနှစ်ယောက်ကို စနောက်ကျီစယ်ပြီးနောက် တစ်ဖက်တွင်အိပ်မောကျနေသော ကျန်းဟွားရှန်ကိုကြည့်လိုက်သည်။
သူသည် အခန်းထဲမှ ပြန်မထွက်ခင် ခန္ဓာကိုယ်ကိုကွေးကာ ကလေးနှစ်ယောက်စလုံး၏ နဖူးများပေါ်သို့ တစ်ချက်စီ နမ်းရှိုက်ခဲ့လိုက်သည်။
သူတို့၏အိပ်ခန်းဆီ ပြန်ရောက်ချိန်မှာတော့ စုကျစ်ယန်တစ်ယောက် ကွန်ပျူတာသုံးနေဆဲဖြစ်ကြောင်း မြင်လိုက်ရသည်။ သူမျက်မှောင်မကြုတ်ဘဲ မနေနိုင်လိုက်ပါ။
"မပြီးသေးဘူးလား"
"ပြီးခါနီးပြီ။ save ဖို့ပဲ ကျန်တော့တာ"
စုကျစ်ယန်သည် mouse ကို ကစားကာ ပုံကို save ပြီးနောက် သူ့လက်မောင်းကို အညောင်းပြေဆန့်ရင်း မေးလိုက်သည်။
"ကလေးတွေကို သွားကြည့်ပြီးပြီလား"
"အင်း...။ သူတို့နှစ်နှစ်ခြိုက်ခြိုက်ကြီးကို အိပ်ပျော်နေကြပြီ"
လင်ကျန်းရီသည် စုကျစ်ယန်အနားသို့ လျှောက်သွားကာ ပခုံးနှိပ်ပေးသည်။
"မင်းဗိုက်ဆာပြီလား။ ပါတီမှာတုန်းက အများကြီး မစားခဲ့ရဘူးမလား။ ကိုယ်မီးဖိုခန်းသွားပြီး မင်းအတွက်ခေါက်ဆွဲပြုတ်ပေးရမလား"
"မလုပ်နေပါနဲ့။ ကျွန်တော်ဗိုက်သိပ်မဆာပါဘူး။ အဲဒီ့အကြောင်း ခေါင်းထဲထားမနေနဲ့။ သွားအိပ်ရအောင်"
စုကျစ်ယန် သမ်းဝေလိုက်ပြီး မျက်ရည်များက သူ့အမြင်အာရုံကိုေ၀၀ါးစေသည်။
"ကျွန်တော် အိပ်ချင်နေပြီ"
"ကောင်းပြီ"
လင်ကျန်းရီသညိ စုကျစ်ယန်ကို အိပ်ရာဆီသို့ တွန်းသွားကာ အ၀တ်များချွတ်ရန် ကူညီပေးလိုက်သည်။ သူထပ်မံ၍သမ်းဝေကာ မေးလိုက်သည်။
"မနက်ဖြန်မနက်ကျရင် အန်ကယ်လ်လီကို ကျွန်တော့်ကုမ္ပဏီဆီလွှတ်ပြီး ဒီဗွီဒီယိုကို လင်ခိုင်ဆီ ပေးခိုင်းလို့ရမလား။
"ရတာပေါ့"
လင်ကျန်းရီသည် စုကျစ်ယန်ကို အိပ်ရာဆီ တွန်းသွားလိုက်ပြီး စောင်ခြုံပေးလိုက်သည်။ စုကျစ်ယန် ဆေးမသောက်ရသေးဘူဆို သတိရကာမှ လင်ကျန်းရီတစ်ယောက် ရေတစ်ခွက်ထည့်၊ ဆေးတစ်လုံး (ကဒ်ထဲမှ) ဖောက်လိုက်သည်။
ဆေးကို သူ့လက်ဖ၀ါးထဲတွင် ထည့်ထားပြီး စုကျစ်ယန်ကို တံတောင်နှင့်တွတ်ကာ ကျီစယ်လိုက်သည်။
"ဇနီးလေး... မင်းဆေးမသောက်ရသေးဘူးဟုတ်။ မအိပ်ခင်သောက်လိုက်ဦး"
"ဟမ်..."
စုကျစ်ယန်သည် အိပ်ရာမှထလိုက်ကာ လင်ကျန်းရီ၏ လက်ဖ၀ါးထဲမှ ဆေးကိုသူ့ပါးစပ်ထဲ ပစ်ထည့်၊ သူ့ခေါင်းကို ဘေးသို့စောင်းကာ ရေနှစ်ငုံသောက်ပြီး ဆေးကိုမျိုချလိုက်သည်။
ထို့နောက်မှာတော့ လှဲချကာ အလျင်အမြန် ပြန်အိပ်လေတော့သည်။
လင်ကျန်းရီတစ်ယောက်မှာတော့ အိပ်ရာမှထကာ ရေခွက်ကို စားပွဲပေါ်သို့ နေရာတကျသွားပြနာမထားခင် အံ့အားသင့်နေဟန်ဖြင့် စုကျစ်ယန်ကို စက္ကန့်အနည်းငယ်မျှ စူးစိုက်ကြည့်နေမိသည်။
ထို့နောက် အခန်းမီးကိုပိတ်ကာ သူ့အ၀တ်များကိုချွတ်ပြီး အိပ်ရာ၏အနွေးဓာတ်ထဲ သူ့ကိုယ်သူမနှစ်မြှုပ်ခင် အိပ်ရာ၏ဘယ်ဘက်မှ စားပွဲတင်မီးအိမ်လေးကိုဖွင့်လိုက်သည်။
သူသာ် စုကျစ်ယန်ကို လက်မောင်းများအကြား ထွေးပွေ့လိုက်ပြီး နဖူးပြင်ထက် နမ်းရှိုက်သည်။ သူ့မျက်လုံးများကို မပိတ်လိုက်ခင် ဆံပင်များကိုလည်း ဖွပစ်လိုက်သည်။
အိပ်တော့...။ တအားနောက်ကျနေပြီ။ သူ ဘာတို့ဖူးမှ စားနိုင်တော့မှာ မဟုတ်ဘူး။ သူ(ယန်)က ဒီလိုပဲ အိပ်သွားပြီ။
စုကျစ်ယန်သည်လည်း မသိစိတ်မှ လင်ကျန်းရီ၏ရင်ဘတ်ဆီ တိုးကပ်လာသည်။ ရာသီဥတုက အေးလာပြီမို့ သူ(ရီ)နှင့်ပွေ့ဖက်ထားပါက အနွေးဓာတ်ကို ခံစားနိုင်သည်လေ။
နောက်တစ်နေ့ နံနက်တွင် လင်ကျန်းရီက ဦးစွာနိုးလာသည်။ သူသည် အိပ်ရာမှ တိတ်တဆိတ်ထကာ အ၀တ်များဝတ်လိုက်သည်။
စားပွဲပေါ်မှ
cassette tape နှင့် flash drive တို့ကို မြင်ပြီး အကူအညီမဲ့စွာပင် သက်ပြင်းချလိုက်သည်။
သူမ၏သုံးလစာ လုပ်ငန်းများကို တမင်သက်သက် ကန့်သတ်လိုက်ခြင်းသည် အသက်ညှာဆုံးသော ပြစ်ဒဏ်ဖြစ်သည်။ ကျစ်ယန်က ဘာလို့များ သူမရဲ့လူသိရှင်ကြား ထင်ပေါ်မှုအတွက် ကူညီပေးနေသေးတာလဲ။
မည်သို့ပင်ဆိုစေ။ ၎င်းသည် လင်ကျန်းရီအတွက် စုကျစ်ယန်အလုပ်၌ အာရုံစူးစိုက်ကာ လုပ်နေသည်ကို မြင်ရသည့် ရှားပါးအခွင့်အရေးတစ်ခုပင်။ ထို့ကြောင့် မပြောရက်တော့ပေ။
မေ့လိုက်ပါတော့။ ဒီ့ပြင်... မူလစိတ်ကူးက ခန်းယွီကျောက်ကို ကြယ်ပွင့်တစ်ချို့ရဲ့ attention ရဖို့အတွက် အသုံးချဖို့ပဲဖြစ်သည်။ ကျစ်ယန်က ဗွီဒီယိုကိုတည်းဖြတ်ပြီးပြီဆိုမှတော့ သူ့ကုမ္ပဏီဆီကိုပဲ ပို့ပေးလိုက်ပါတော့မည်လေ။
တစ်ခါတစ်ရံတွင် မြင့်တက်မလာသေးခင်မှာ တစ်စုံတစ်ယောက်ကို ဖိနှိပ်ခြင်းက နည်းလမ်းတစ်မျိုးပဲဖြစ်သည်။
ခန်းယွီကျောက်သာ သည်ကိစ္စမှ သင်ခန်းစာယူပြီး သုံးလကြာချိန်၌ တိုးတက်မှုနှင့်အတူ ပြန်လည်ပေါ်ထွက်လာနိုင်မည်ဆိုလျှင် လက်ဖျားခါစရာ မဖြစ်နိုင်လောက်ဘူးလား။
လင်ကျန်းရီသည် cassette tape ရယ် flash drive ရယ်နှင့်အတူ အလုပ်ကိုမသွားခင် စုကျစ်ယန်အတွက် မှတ်စုတစ်ခုရေး၊ အဆာပြေ နံနက်စာစား၊ သားများကိုသွားကြည့်၊ မိဘများကို နှုတ်ဆက်လေသည်။
ဟုတ်တာပေါ့။ အလုပ်ကိုမသွားခင် စုကျစ်ယန်၏ကုမ္ပဏီကို ဦးစွာသွားရပါဦးမည်။
လင်ကျန်းရီသည် ခြံဝင်းထဲမှမောင်းထွက်လာချိန်၌ ဂိတ်ဝတွင်စောင့်နေသော စုယန်ကိုမြင်လိုက်ရသည်။
စုယန်သည် လေကာအင်္ကျီတစ်ထည်ကို ၀တ်ဆင်ထားပြီး သူ့မျက်နှာသည် အေးစက်မှုကြောင့် အပြာရောင်ဘက်သို့ သမ်း၍ပင်နေလေပြီ။
ထိုအခြင်းအရာမှာ မနက်အစောကြီးကတည်းက သူလာပြီးစောင့်နေကြောင်း သိသာထင်ရှားစေသည်။
လင်ကျန်းရီ ဘရိတ်နင်းလိုက်ပြီး ကား၏မှန်တံခါးကိုဖွင့်လိုက်သည်။ သူ့ခေါင်းကို အနည်းငယ်ထုတ်ကာ မေးလိုက်သည်။
"အန်ကယ်လ်စု... ဘယ်အချိန်ကတည်းက ဒီကိုရောက်နေတာလဲ။ ဘာလို့ တံခါးဘဲလ်ကို မနှိပ်တာလဲ"
စုယန်သည် သူ့လက်များကို ပွတ်လိုက်ပြီး ကိုးရို့ကားယားဟန်ဖြင့် ရယ်သည်။
"မင်းမနိုးသေးမှာ အန်ကယ်လ်စိုးရိမ်လို့ပါ။ ရပါတယ်။ အန်ကယ်လ်မအေးပါဘူး။ တစ်ချိန်လုံး ကားထဲမှာပဲနေနေတာပါ။ မင်းမောင်းထွက်လာတာတွေ့လို့ ကားထဲက ထွက်လာလိုက်တာ"
လင်ကျန်းရီ ခေါင်းညိတ်ကာ မျက်လုံးထဲ၌ အလင်းတစ်ချက်လက်သွားသည်။
စုအုပ်စု၏ရှယ်ယာများ ရုတ်တရက်ထိုးကျမှုကြောင့် စုယန်သူ့ကိုရှာတာဖြစ်ကြောင်း သူမသိဘဲ ဘယ်လိုလုပ်နေပါ့မည်လဲ။
လွန်ခဲ့သောညက ဧည့်ခံပါတီတွင် စုကျစ်ယန်ကို အလွန်စိုးရိမ်နေခဲ့သောကြောင့် စုယန်ကို လျစ်လျူရှုမိခဲ့သည်။ အခုတော့ စုယန်ကိုကြည့်ရသလောက် အတော်လေးဇွဲကောင်းနေပုံပင်။
မနက်အစောကြီးလာကာ သူ့ကိုစောင့်နေသည်တဲ့လေ။ သူ့အတွက်အချိန်အနည်းမျှမပေးလျှင် သူမကြင်နာတတ်ဘူးဖြစ်ပေလိမ့်မည်။
အိုး... ကောင်းပြီလေ။ ဒါဆိုလည်း အဲဒီ့အကြောင်း ပြောကြတာပေါ့။
မည်သို့ပင်ဆိုစေ။ ကျစ်ယန် သူ့ကိုအပ်နှင်းလိုက်သည့်တာဝန်ကို ပြီးဆုံးအောင်လုပ်ရန် အလျင်လိုနေသည်။ ထို့ကြောင့် လင်ကျန်းရီသည် အပြုံးတစ်ပွင့်ဖြင့် ငြင်းဆိုကာရှင်းပြလိုက်သည်။
"တောင်းပန်ပါတယ် အန်ကယ်လ်စုရယ်။ ကျွန်တော်ကိစ္စတစ်ခု အရင်သွားလုပ်မှဖြစ်မှာမို့လို့ပါ။ စုအုပ်စုရဲ့ရှယ်ယာတွေအကြောင်း ကျွန်တော်နဲ့ပြောချင်တာဆိုရင် ကုမ္ပဏီကိုသွားပြီး စောင့်နေပေးပါလား"
စုယန်သည် စိတ်လှုပ်ရှား(ထိတ်လန့်)ပြီး သူ့ပါးစပ်ကို ဟလိုက်သည်။ လင်ကျန်းရီ ကားတံခါးကို ပြန်တင်လိုက်ချိန်မှာတော့ သည်မနက်ကတည်းက ပြောရန်ကြံထားသည့် စကားလုံးများကို သူပြောချလိုက်တော့သည်။
"ကျန်းရီ... အန်ကယ်လ်ဒီကိုရောက်နေတာ စုအုပ်စုရဲ့ရှယ်ယာတွေကြောင့် မဟုတ်ဘူး"
လင်ကျန်းရီ တစ်ခဏမျှ ကြက်သေသေသွားရသည်။ စုအုပ်စုရဲ့ရှယ်ယာတွေကြောင့် လာတာမဟုတ်ဘူးတဲ့လား။
ဒါဆို ဘာလို့ပထမဆုံး ဆုံနိုင်မဲ့နေရာ (အိမ်ရှေ့)မှာ လာစောင့်နေရတာလဲ။ စုကျစ်ချီရဲ့မရပ်မနား အနှောင့်အယှက်ပေးတဲ့ကိစ္စကြောင့် လာတာလား။
စုယန်သည် အလိုအလျောက်ပင် စတီယာ င်ဘီးကိုကိုင်ထားသော လင်ကျန်းရီ၏လက်မှ ငွေရောင်လက်စွပ်ကို လှမ်းကြည့်လိုက်သည်။
လက်စွပ်သည် မနေ့က ပါတီတွင်တွေ့ခဲ့သော စုကျစ်ယန်၏လက်မှ လက်စွပ်နှင့် style တစ်မျိုးတည်းဖြစ်သည်။
သူမေးချင်တာက...
"အန်ကယ်လ်စု... ကျွန်တော့မှာ တစ်ကယ်ကို အပြေးအလွှားလုပ်စရာ ကိစ္စတစ်ခုရှိသေးတယ်။ တခြားကိစ္စမရှိတော့ရင် နောက်ရက်မှပြောတာပေါ့"
လင်ကျန်းရီသည် လက်ကောက်ဝတ်ကိုမြှောက်ကာ လက်မှနာရီကိုကြည့်သည်။
cassette tape နှင့် flash drive ကို ဖက်တီးလင်ဆီသို့ မပို့ဖြစ်လျှင် စုကျစ်ယန်က သူ့ကို သေချာပေါက် ရှငိးပြခွင့်ပေးနေမှာမဟုတ်ပေ။
စုယန်ကိုတော့... အရင်ဆုံး ရက်နည်းနည်းလောက် လျစ်လျူရှုထားလိုက်တာပေါ့။
စုယန် ဘာများပြောနိုင်ဦးမည်လဲ။ လင်ကျန်းရီ ထွက်ခွာသွားသည်ကို တားနိုင်မှာတဲ့လား။ သူမလုပ်နိုင်ပေ။ အပြုံးလေးသာ ပေးနိုင်တော့သည်။
"ကောင်းပါပြီ... ကျန်းရီ။ မင်းရဲ့ကိစ္စကိုပဲ အရင်ဆုံးလုပ်လိုက်ပါ။ နောက်ရက်မှ မင်းနဲ့ဆုံဖို့ ရက်ချိန်းယူထားလိုက်မယ်။ ကော်ဖီဆိုင်တစ်ဆိုင်ရှာပြီး စကားကောင်းကောင်းပြောကြတာပေါ့"
လင်ကျန်းရီညင်သာစွာပြုံးကာ ပြောလိုက်သည်။
"ဒါဆို... နှုတ်ဆက်ခဲ့တယ်နော်... အန်ကယ်လ်စု..."
"နှုတ်ဆက်ပါတယ်"
အဝေးသို့ မောင်းထွက်လာပြီးနောက် လင်ကျန်းရီသည် နောက်ကြည့်မှန်မှတစ်ဆင့် စုယန်ကိုမြင်နိုင်သည်။
သူသည် အိမ်ဝင်းတံခါးရှေ့တွင်ရပ်နေကာ ခိုးကြောင်ခိုးဝှက်ဖြင့် အိမ်ထဲသို့ လှမ်းချောင်းနေသည်။ သူ့အမူအရာသည် အလွန်တက်ကြွနေသည်။
ကျစ်ယန်နဲ့တွေ့နိုင်မဲ့ အခွင့်အရေးရဖို့ မျှော်လင့်နေတာ ဖြစ်နိုင်လား။
အရှေ့တည့်တည့်ဆီရောက်နေသောယလက်ကျန်းရီ၏အာရုံသည် သူ့လက်ပေါ်မှ လက်စွပ်ဆီသို့ ရောက်ရှိသွားကာ သူ့နှုတ်ခမ်းထောင့်စွန်းလေးများက အထင်အမြင်သေးဟန်ဖြင့် ကွေးညွတ်သွားရသည်။
လွန်ခဲ့သောညက သူသည် စုကျစ်ယန်ကို စိုးရိမ်တကြီးဖြင့် သယ်ဆောင်သွားခဲ့ရသည်။ ဒါ့ပြင် သူသည် ကျစ်ယန်နှင့် တူညီသောလက်စွပ်ကို ၀တ်ထားသည်။
ထို့ကြောင့် နက်နက်ရှိုင်းရှိုင်းတွေးယူမည့် မည်သူမဆို ပြည့်စုံသော ခန့်မှန်းချက်တစ်ခုကို ရရှိနိုင်လိမ့်မည်။
အာ.... သူ့မှာ သူ့ကိုမေးစရာကိစ္စရှိနေတာပဲ။ ဒီအန်ကယ်လ်စုက သူ့နှလုံးသားထဲမှာ ဘယ်သူရှိကြောင်း အစောကြီးကတည်းက သိနေတာဖြစ်နိုင်လား။
ဟမ့်...။ အစောကတည်းကသိနေတာဆိုရင် ဘာလို့များ ပထမဆုံးဆုံမဲ့နေရာ (အိမ်ရှေ့)မှာ အဲဒီ့ကိစ္စလာလုပ်(လာပြော) ရတာလဲ။
----------
TN- ဒီအပိုင်းက နိုင်ငံရဲ့ရှေ့ရေးအတွက် တက်တက်ကြွကြွပါဝင်ပေးနေတဲ့ ကလေးတွေအတွက်ပါ။ ခုအပတ်ကစပြီး တစ်ပတ်ကို တစ်ပိုင်းလောက်ပဲ update နိုင်မှာမို့ ဒီတစ်ခုအတွက် challenge တော့ မလုပ်တော့ဘူးနော်။ အများကြီး ဆက်ပြီးပံ့ပိုးရင်း၊ တခြားအော်သာတွေဆီ ss တွေပြပြီး update တွေတောင်းရင်း ဆက်ပြီးပါဝင်ပေးကြဦးနော်။
ထိရှန်းလေးကိုတော့ challenge လုပ်ထားပါတယ်။ လေပြည့် cb မှာ ss ပြပြီး update တောင်းလို့ရပါတယ်။ fb acc မသိရင် wp mb ကိုလာခဲ့နော်။
You are reading the story above: TeenFic.Net