အခန်း ၁၁၂။ ငါ့ယောက်ျားက ၀မ်းတွင်းမည်းလွန်းသူကြီး...။

Background color
Font
Font size
Line height

အခန်း ၁၁၂။ ငါ့ယောက်ျားက ၀မ်းတွင်းမည်းလွန်းသူကြီး...။

လင်ကျန်းရီသည် စုကျစ်ယန်ကို ပါတီပွဲအပြင်ဘက်သို့ သယ်ဆောင်သွားပြီး ကားပါကင်ဆီသို့ တန်းတန်းမတ်မတ် အပြေးအလွှားသွားတော့သည်။

သူ့လက်မောင်းများကြားတွင် အနားယူနေသောစုကျစ်ယန်တစ်ယောက် ဒီအချိန်မှာ မရှက်နေနိုင်တော့ပေ။ ဒီလောက်၀ိုင်နည်းနည်းလေးသောက်လိုက်ရာမှ ဗိုက်အောင့်သွားလိမ့်မည်ဟု သူ့ကိုယ်သူလုံး၀ထင်မထားခဲ့ပါ။
 

ကားပါကင်ဆီ အပြေးအလွှားသွားနေစဉ် လင်ကျန်းရီသည် စုကျစ်ယန်ကို သူ့အိတ်ကပ်ထဲမှ ကားသော့ကိုယူပေးရန် စေခိုင်းလိုက်သည်။

ကားတံခါးဖွင့်ပြီးနောက် စုကျစ်ယန်ကိုနောက်ခန်းတွင် ငြိမ်ငြိမ်လေးနေစေကာ တံခါးပြန်ပိတ််သည်။ သူကတော့ မောင်းသူခုံတွင် အမြန်၀င်ထိုင်သည်။ ထို့နောက်မှာတော့ ကားလေးသည် ဒုံးပျံတစ်ခုသဖွယ် အလွန်လျှင်မြန်စွာ မောင်းနှင်ခံရပါတော့သည်။

"ဒေါက်တာက မင်းလုံး၀ကောင်းသွားပြီးတဲ့အထိ alcohol ပါတဲ့ဘယ်ဟာမဆို မသောက်ဖို့ ခဏခဏ ပြောထားတယ်မလား။ ငရုတ်ကောင်း၊ ၀ိုင်၊ အသားစိမ်းနဲ့ အအေးစာတွေ မစားရဘူး။ မင်းရဲ့ဦးနှောက်ကို တစ်ပါတည်းယူမလာဘူးလား။ သူများမြှောက်ပေးတိုင်း တစ်ကယ်သောက်ပစ်လိုက်တာပဲလား။ သူမကရော ဘာကိစ္စ အကြောင်းပြချက်မရှိဘဲ မင်းကိုသောက်ခိုင်းရတာလဲ။ မင်းသူမကို မသိတာတောင်မှလေ။ မင်း သောက်ဖို့ငြင်းလိုက်ရင်ရော သူမက ဘာလုပ်နိုင်မှာမို့လို့လဲ။ ဘာလို့ခံနိုင်ရည်ရှိတဲ့ပုံစံ လုပ်ပြလိုက်တာလဲ"

"ကံကောင်းလို့... ငါအချိန်မီရောက်ပြီး ထွေးထုတ်ခိုင်းခဲ့လို့သာပေါ့။ မဟုတ်ရင် အစောကြီးကတည်းက ဗိုက်အောင့်ပြီး သေနေလောက်ပြီ"

စုကျစ်ယန်သည် နောက်ခုံတွင် ကြုံ့ကြုံ့လေးထိုင်နေကာ လမ်းတစ်လျှောက်လုံး လင်ကျန်းရီ နားပူနားဆာလုပ်သည်ကို တစ်လုံးမျှပြန်မငြင်းဘဲ နားထောင်လာသည်။ သူ့ဗိုက်ကိုအသာနှိပ်နယ်ရင်း နှုတ်ခမ်းလွှာများကတော့ တွန့်ကွေးနေပါ၏။။

ဒီကိစ္စအတွက် သူ့ကိုယ်သူသာ အပြစ်တင်နိုင်တော့သည်။

လင်ကျန်းရီသည် ကားမောင်းရင်း တဗျစ်တောက်တောက် ပြောလာသည်။ သို့သော် နောက်ခုံတွင် ကြုံ့ကြုံ့လေးထိုင်နေကာ သနားစဖွယ် မျက်နှာလေးဖြင့်ရှိနေသော စုကျစ်ယန်ကို မြင်လိုက်ချိန်၌ သူ့ဒေါသများ ပျောက်ကွယ်သွားခဲ့ရသည်။

သူ့အသံကို တိုးကာမမေးခင် အကူအညီမဲ့စွာပင် သက်ပြင်းချလိုက်မိသည်။

"တော်တော်ကြီးနာနေတာလား"

စုကျစ်ယန် မျက်တောင်ခတ်ကာ ညင်သာစွာ ပြောလိုက်သည်။

"အင်း"

တစ်ကယ်တမ်း အများကြီးမနာတော့ပေ။ သို့သော် သူခေါင်းခါကာ မနာဘူးဟုပြောလိုက်လျှင် လင်ကျန်းရီထံမှ အပြစ်တင်မှုကို စီးရီးလိုက်ကြီး ရရှိတော့မှာပင်။ ဒီတော့ ရိုးရိုးရှင်းရှင်းပင် သရုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။

လင်ကျန်းရီတစ်ယောက် စုကျစ်ယန်အများကြီး နာကျင်နေကြောင်း ကြားရချိန်တွင် တစ်ကယ်ပင် စိုးရိမ်တကြီးဖြစ်သွားကာ ချော့လိုက်သည်။

"ခဏလေးပဲ သည်းခံလိုက်ဦးနော်။ ကိုယ်တို့ ဆေးရုံကိုရောက်တော့မှာပါ"

"အင်း..."

သူတို့ ဆေးရုံရောက်ချိန်၌ လင်ကျန်းရီသည် ဆရာ၀န်ကို စုကျစ်ယန်၏ အစာအိမ်၊ သရက်ရွက်၊ နှလုံး၊ အသည်း၊ အဆုတ် အစရှိသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများကို တစ်ကြိမ်မက မခြွင်းမချန်စစ်ဆေးစေသည်။

သူတို့ပြီးသွားချိန်မှာတော့ ညခုနစ်နာရီထိုးလုပြီ။ စုကျစ်ယန်သည် မူးေ၀မှုမရှိတော့သော်လည်း result စောင့်ရင်း သူ့ကိုယ်သူ လင်ကျန်းရီ၏လက်မောင်းများကြားတွင် သက်တောင့်သက်သာဖြစ်အောင်နေသည်။ အိပ်လို့တော့မပျော်ပါ။

လင်ကျန်းရီသည် သူ့ကိုပွေ့ဖက်ကာ suit ကို စောင်အဖြစ်ခြုံထားပေးပြီး သူ့လက်များကတော့ ၀မ်းဗိုက်လေးကို ပွတ်သပ်ပေးနေသည်။

result ထွက်လာချိန်မှာတော့ စုကျစ်ယန်တစ်ယောက် အိပ်ပျော်ပြီးနှင့်ချေပြီ။ လင်ကျန်းရီသည် သူ့ကိုအသာချကာ ဆရာ၀န်နှင့်အတူ ရုံးခန်းထဲသို့ လိုက်သွားသည်။

"ကြီးကြီးမားမားပြဿနာတော့မရှိပါဘူး။ ဒါပေမဲ့ အဓိကကိစ္စက သူကကလေးမွေးထားတာဆိုတော့ သားအိမ်က အမျိုးသမီးတစ်ယောက်ထက်ပိုပြီး မူလအတိုင်းဖြစ်လာဖို့အချိန်ကြာလိမ့်မယ်။ ကိုယ်၀န်ကြောင့် သားအိမ်အတွင်းမြှေးက ပါးပါးလေးဖြစ်အောင် ဆွဲဆန့်ခံထားရပြီး အဲဒါက သူ့ရဲ့အထိခိုက်မခံနိုင်မှုကို တိုးစေတယ်။ လုံးလုံးပြန်မကောင်းခင်အထိ alcohol ပါတဲ့အရာတွေက သူ့နာကျင်မှုကိုဖြစ်လာစေလိမ့်မယ်။ ကျွန်တော် သူ့အတွက် ဆေးပေးလိုက်ပါ့မယ်။ နောက်တစ်ခါ သူ့ကို alcohoပါတဲ့ ဘယ်အရာမဆို မသောက်မိပါစေနဲ့"

ဆရာ၀န်က အကြံပေးသည်။ လင်ကျန်းရီလည်း ခေါင်းညိတ်သည်။

"ကောင်းပါပြီ။ ကျွန်တော်နားလည်ပါတယ်။ ကျေးဇူးပါ doctor"

ဆေးယူ၊ ဆေးဖိုးပေးချေပြီးနောက် လင်ကျန်းရီက စုကျစ်ယန်ကို အသာလေးနှိုးသည်။

"ဇနီးလေး... ထတော့လေ။ အိမ်ပြန်ချိန်ရောက်ပြီ"

စုကျစ်ယန်သည် အိပ်မှုန်စုံမွှားဖြင့် မျက်လုံးများကိုဖွင့်ကာ လင်ကျန်းရီ၏ပွေ့ဖက်မှုကို ခံယူသည်။ သူ့လက်များကို လင်ကျန်းရီ၏လည်တိုင်တွင် တွဲခိုလိုက်ပြီး သူ့ခေါင်းကိုလည်း လည်ပင်းနှင့် ပွတ်သပ်လိုက်သည်။

"doctor က ဘာပြောလဲဟင်"

"doctor ကပြောတယ်။ မနက်ဖြန်ကျရင် gastroscopy လုပ်ဖို့ ပြန်လာရမယ်တဲ့"

လင်ကျန်းရီသည် စုကျစ်ယန်ကိုခြောက်လှန့်ရန် သူ့မျက်နှာပေါ်၌ ၀မ်းနည်းဟန်၊ စိတ်ညှိုးငယ်နေဟန်ကို တမင်သက်သက်ဖော်ပြထားလိုက်ပါ၏။

ရုတ်တရက် စုကျစ်ယန် နိုးနိုးကြားကြားဖြစ်သွားလေပြီ။

"ဘာကြီး... gastroscopy လား။ ဒါပေမဲ့ အခု ကျွန်တော် နေလို့ကောင်းသွားပြီလေ။ အများကြီးမှ မနာတော့တာကို။ ပြီးတော့ နာတာက ဗိုက်အလယ်နဲ့ အပေါ်နားကလေ"

"ဒီတော့ gastroscope လုပ်ရင်း colonoscopy ပါ တစ်ခါတည်း စစ်ဆေးရမယ်"

လင်ကျန်းရီသည် အမူအရာကင်းမဲ့စွာဖြင့် ဆက်လက်၍ ဟန်ဆောင်သည်။

"အာ..."

စုကျစ်ယန် ကြောက်လန့်သွားလေပြီ။ gastroscopy ရော colonoscopy စစ်ဆေးတာကပါ အလွန်နာကျင်စေသည်။ သူလုပ်မည်မဟုတ်။ သူပြတ်ပြတ်သားသားကို လာရောက်စစ်ဆေးမည်မဟုတ်။

"ရီ... ကျွန်တော်တို့ မလုပ်လို့ရမလားဟင်။ ကျွန်တော်ထပ်ပြီး မနာချင်တော့ဘူး။ ကျွန်တော်... နောက်ဘယ်တော့မှ ထပ်ပြီးမသောက်တော့ဘူးလေ... နော်..."

စုကျစ်ယန်သည် မနက်ဖြန်တွင် ထိုညှဉ်းပန်းနှိပ်စက်မှုများကို မည်သို့တွေ့ကြုံရမည်ဆိုတာ တွေးလိုက်တိုင်း တစ်ကိုယ်လုံး ကြက်သီးထသွားရသည်။

သူ့လက်မောင်းကို လင်ကျန်းရီ၏လည်တိုင်၌ ခိုတွဲထားရင်းမှ ပြောလိုက်ပါ၏။

"ယောကျ်ားရေ... ကျွန်တော်ထပ်ပြီး မနာနေတော့ဘူးလို့။ gastroscopy နဲ့  colonoscopy ကို မလုပ်လို့ရမလား။ တစ်ညလောက်နားလိုက်ရင် ကောင်းသွားမှာပါ။ နော်... ယောကျ်ားရေလို့...  ကျွန်တော်ထပ်ပြီး မသောက်တော့ဘူးလေ။ doctor ကို နောက်ထပ်စစ်ဆေးမှုတွေ မလုပ်တော့ဘူးလို့ ပြောပေးလို့ရမလား"

စုကျစ်ယန်ထံမှ 'ယောကျ်ား'ဟူသော ခေါ်သံကိုကြားရချိန်၌ လင်ကျန်းရီတစ်ယောက် လကမ္ဘာပေါ်ရောက်သွားသည့်နှယ် အူမြူးသွားရပါ၏။ သို့သည့်တိုင် သူ့အမူအရာကတော့ တည်ငြိမ်နေဆဲ။

"မရဘူး။ ဒါကမင်းကောင်းဖို့အတွက်ပဲ။ မစစ်ဆေးလို့မရဘူး"

"ဒါပေမဲ့ အဲဒီ့စစ်ဆေးမှုတွေက တအားနေရခက်တာ။ တအားလည်းနာသေးတာကို"

စုကျစ်ယန်သည် ခါးသီး၊ နာကျည်းနေဟန်ဖြင့်ဆို၏။

"အခုတော့ နာတယ်ဆိုတာက ဘာလဲလို့ သိပြီပေါ့လေ။ ဒီမတိုင်ခင်က မစဉ်းစားဘဲ သောက်နေခဲ့တယ်မလား"

လင်ကျန်းရီသည် ဒီအခွင့်အရေးကိုယူကာ သူ့ကိုဆူပူရန်ကြိုးစား၏။ စုကျစ်ယန်သည် တိတ်တိတ်ကလေး သူ့ခေါင်းကိုနှိမ့်ကာ အောက်ဘက်ကိုသာ ငုံ့ကြည့်နေလိုက်တော့သည်။

စိတ်ထိခိုက်နေသော ဇနီးငယ်လေးပမာ။

လင်ကျန်းရီတစ်ယောက် အသံထွက်ကာ ရယ်မိလုနီးပါးပင်။ သူသည် စုကျစ်ယန်၏ရှေ့တွင် ထိုင်လိုက်ပြီး နောက်ထပ်စိတ်မဆိုးတော့သည့်လေသံဖြင့် ပြောလိုက်၏။

"ဟုတ်ပါပြီ။ အချိန်မစောတော့ဘူး။ အိမ်အရင်ပြန်ရအောင်။ လာ... ကိုယ်မင်းကို ကုန်းပိုးသွားမယ်"

စုကျစ်ယန်နှုတ်ခမ်းစူလိုက်ကာ စကားလည်းပြန်မပြော၊ လှုပ်လည်းမလှုပ်ပေ။ လင်ကျန်းရီ၏လေသံ မာသွားရပြန်ပြီ။

"ပြောစကား နားမထောင်ပြန်ဘူးလား"

ထို့နောက်မှာတော့ စုကျစ်ယန်သည် လင်ကျန်းရီ၏ ကျောပေါ်သို့ အရှိန်ဖြင့် ခုန်တက်လိုက်ကာ ဒေါသကိုဖွင့်ထုတ်ပြသကဲ့သို့ လည်ပင်းညှစ်လေသည်။

လင်ကျန်းရီမှာတော့ ရုတ်တရက်ခုန်တက်မှုကြောင့် ကြမ်းပြင်ပေါ်လဲကျလုနီးပါးဖြစ်သွားရသည်။

ကံကောင်းစွာဖြင့် ခန္ဓာကိုယ်ကို အသင့်ဖြစ်အောင်၊ တည်ငြိမ်အောင် ပြင်ဆင်ထား၍သာ။

စုကျစ်ယန်၏ ဒူးခေါင်းအောက်ဘက်ကို ဆုပ်ကိုင်လိုက်ပြီးနောက် ဒေါသထွက်နေသောကောင်ငယ်လေးကို သယ်ဆောင်ကာ ဆေးရုံကော်ရစ်ဒါကိုဖြတ်၍ ဓာတ်လှေကားဆီသွား၊ မြေညီထပ်ဆီဆင်းပြီး ကားပါကင်ဆီ ဦးတည်လိုက်သည်။

လမ်းတစ်လျှောက်လုံး စုကျစ်ယန်၏စိတ်အခြေအနေမကောင်းမှုကို သူခံစားမိပါ၏။ ကားပါကင်ကိုရောက်သော် ကောင်လေးကိုခြောက်လှန့်တာ တော်သင့်ပြီဟု ခံစားမိသည်။

ထို့ကြောင့် ဟန်ဆောင်ပန်ဆောင်ချောင်းဆိုးကာ လေသံနိမ့်လေးဖြင့် ပြောလိုက်သည်။
 
"gastroscopy နဲ့ colonoscopy ကို တစ်ကယ်မလုပ်ချင်တာလား"

စုကျစ်ယန်သည် ထိုင်းမှိုင်းနေဟန်ဖြင့် 'အင်း' ဟုဖြေသည်။

"မင်းမလုပ်ချင်ဘူးဆိုရင်လည်း အရေးမကြီးပါဘူး"

လင်ကျန်းရီသည် ဒီကိစ္စအပေါ် ဂရုတစိုက် စဉ်းစားဆုံးဖြတ်နေသည့်ပုံစံ ဟန်ဆောင်ပြန်သည်။ စုကျစ်ယန်၏မျက်လုံးများ တောက်ပသွားကာ လည်ကျန်းရီ၏လည်ပင်းကို ထပ်မံ၍ ပွတ်သပ်သည်။

"ယောက်ျား... ကျွန်တော် နောက်ထပ်မသောက်တော့ဘူး ကတိပေးတယ်။ ကျန်းမာရေးကောင်းသွားပြီးရင်တောင် သောက်တာဖြတ်လိုက်တော့မယ်လေ။ မကောင်းဘူးလား"

လင်ကျန်းရီ မရယ်ဘဲမနေနိုင်တော့ပါ။ သူ ခေါင်းညိတ်လိုက်သည်။

"အင်း... ဒီတစ်ခါတော့ အလျှော့ပေးလိုက်မယ်။ ဒါပေမဲ့ အိမ်ပြန်ရောက်ရင် ကောင်းကောင်းနားရမယ်။ doctor က မင်းအတွက် ဆေးပေးလိုက်တယ်။ ပြန်ရောက်ရင် လိမ်လိမ်မာမာနဲ့ သောက်ဖို့သတိရ..."

"အွန်း... အွန်း..."

စုကျစ်ယန် ခေါင်းကိုမြန်မြန်ညိတ်လိုက်ပြီး လင်ကျန်းရီကတော့ ခေါင်းကို ဘယ်ဘက်သို့ စောင်းကာ အတတ်နိုင်ဆုံး မျက်နှာချင်းဆိုင်လိုက်သည်။

"ကိုယ့်ကိုနမ်းပြီး ယောကျ်ားလို့နှစ်ခါထပ်ခေါ်..."

gastroscopy နဲ့ colonoscopy  စစ်ဆေးမှုဆိုတာ ဒီလူဆိုးကောင် သူ့ကိုခြောက်ဖို့လုပ်ထားတဲ့ လိမ်ဆင်တစ်ခုလို့ စုကျစ်ယန် ဘယ်သိပါ့မလဲ။

သူ မလုပ်ချင်တဲ့၊ နာကျင်စေမဲ့ စစ်ဆေးမှုကို လိုက်လျောပေးတာကြောင့် 'လူကောင်းလေး'ဟုပင် တွေးလိုက်သေးသည်။

စစ်ဆေးမှုကြောင့် နာကျင်မှာနှင့် နှိုင်းယှဉ်ရလျှင် ယောကျ်ားဟု နှစ်ခါခေါ်လိုက်သည်က ပြဿနာမရှိ။

ထို့ကြောင့် စုကျစ်ယန်သည် တုံ့ဆိုင်းမနေတော့ဘဲ လင်ကျန်းရီကို အကြိမ်ရေအနည်းငယ်ခန့်နမ်းကာ ခေါ်လိုက်တော့သည်။

"ယောက်ျားရေ... ယောကျ်ား... ခင်ဗျားက အရမ်းကောင်းတာပဲ"

နောက်ဆုံးတော့ လင်ကျန်းရီ မျက်နှာတည်မနေနိုင်တော့ဘဲ နှလုံးသားတစ်ခုလုံး ဖုံးလွှမ်းသွားသော ပျော်ရွှင်မှုက သူ့နှုတ်ခမ်းလွှာများကို ကွေးညွတ်သွားစေသည်။

သူတို့ကားဆီရောက်ပြီးနောက် လင်ကျန်းရီသည် စုကျစ်ယန်ကို နောက်ခန်းတွင် နေရာချပေးသည်။ ရှေ့ခန်းဆီ ပြန်သွားပြီး မောင်းမထွက်ခင် သူ့suit ကို ခြုံပေးလိုက်သည်။

စုကျစ်ယန်သည် လက်မောင်းပေါ်၌ suit ကိုခြုံထားကာ ကားနောက်ခန်း၌ ပျော်ရွှင်စွာ လဲလျောင်းရင်း alcohol အနံ့ရလိုက်သည်။

သူ့နှုတ်ခမ်းလေး တွန့်မသွားဘဲ မနေနိုင်ပါ။ suit ကို ရှေ့ခြမ်းမှ passenger ခုံဆီ လှမ်းမပစ်ခင် လုံးချေပစ်လိုက်ပါ၏။

လင်ကျန်းရီ သူ့ကို မှုန်တေတေဖြင့်ကြည့်လိုက်သည်။

"ခုနက ငါ့ဝတ်စုံပေါ် ဘယ်သူအန်ခဲ့တာလဲ သိချင်လိုက်တာနော်။ အဲဒါက မင်းဆီကအနံ့ဆိုတော့လည်း ကိုယ်စိတ်ထဲမထားတော့ပါဘူး။ အိုကေ..."

"ခင်ဗျား ဒါနဲ့ထိုက်တန်တယ်။ ကျွန်တော့်လည်ချောင်းထဲကို ခင်ဗျားလက်ညှိုးကို ရုတ်တရက်ထိုးဖို့ ဘယ်သူပြောလို့လဲ"

စုကျစ်ယန်သည် ယခုအချိန်တွင် သူ၏စွမ်းအင်ကို ပြန်လည်ရရှိထားပြီးပြီမို့ ယခုတော့သူနှင့် ယုံကြည်မှုရှိရှိ ငြင်းခုံနေလေပြီ။

လင်ကျန်းရီသည် သူ့ကိုမျက်လုံးထောင့်မှ ကြည့်လိုက်၏။

"ကိုယ်က... အဲဒါနဲ့... ထိုက်တန်တယ်ပေါ့လေ"

စုကျစ်ယန်တစ်ယောက် ယခုလေးတင် ကပ်ဘေးဒုက္ခမှ လွတ်မြောက်လာတာဖြစ်ကြောင်း ရုတ်တရက်သတိရသွားမိသည်။ သည်တော့ကာ လင်ကျန်းရီကိုရန်စလို့ မဖြစ်သေး။

ထို့ကြောင့် သူ့လက်ကိုယမ်းကာ ရယ်မောလိုက်သည်။

"ကျွန်တော် နောက်နေတာ။ အိမ်ရောက်မှ ပြန်လျှော်ပေးမယ်နော်"

အိမ်ပြန်ရောက်ပြီးနောက် အဆုံးမှာတော့ suit ၏ အိပ်ကပ်ထဲမှ အမျိုးမျိုးသောပစ္စည်းများကို ဆွဲထုတ်ကာ ၎င်းကို ရေချိုးခန်းထဲ ပစ်ထားလိုက်သည်။

မည်သို့ပင်ဆိုစေ သူတို့မိသားစုက နာနီငှားထားတာမို့ သည်အတိုင်းထားပေးလိုက်ရုံသာ။ မနက်ကျမှ နာနီလျှော်ပါလိမ့်မည်။

စုကျစ်ယန်သည် ပထမဦးစွာ အိပ်ခန်းကိုပြန်သွားသည်။ ထို့ကြောင့် လင်ကျန်းရီတစ်ယောက် သူ့suit ကိုပြန်ယူလိုက်ရင်း အကောင်ပေါက်လေး အိပ်ခန်းပြန်ကာ အနားယူပြီဖြစ်ကြောင်း တွေးတောလိုက်သည်။

သို့သော် သူတံခါးဖွင့်လိုက်ပြီး မကြာမီပင် စုကျစ်ယန်တစ်ယောက် ကွန်ပျူတာဖွင့်ထားပြီး ၎င်းရှေ့၌ တစ်စုံတစ်ရာလုပ်နေကြောင်း မြင်လိုက်ရသည်။

"၁၂နာရီထိုးပြီးပြီ။ ဘာလို့မအိပ်သေးတာလဲ။ ကိုယ်မှတ်မိသလောက် အိမ်ရောက်တာနဲ့ နားပါ့မယ်လို့ တစ်ယောက်ယောက်ကတိပေးခဲ့သလိုပဲ"

လင်ကျန်းရီသည် ပြောရင်းဆိုရင်း စုကျစ်ယန်ဆီ လမ်းလျှောက်သွားလိုက်သည်။ စုကျစ်ယန်ကလည်း ခေါင်းလေးစောင်းကာ ဖော်ရွေစွာပြုံးပြသည်။

"ကျွန်တော့်ကိုနာရီ၀က်လောက်ပဲအချိန်ပေး...။ ပြီးကာနီးပြီ"

"မင်းဘာတွေလုပ်နေတာလဲ"

လင်ကျန်းရီသည် စုကျစ်ယန်၏ပခုံးကို မှီလိုက်ပြီး computer screen ပေါ်မှ မတူညီသောဓာတ်ပုံအမျိုးမျိုးကို ကြည့်လိုက်သည်။

၎င်းတို့သည် ဧည့်ခံပါတီတွင်ရိုက်ခဲ့သော ခန်းယွီကျောက်နှင့် အခြားသောငွေကြယ်ပွင့်အချို့၏ ပုံများဖြစ်သည်။ လင်ကျန်းရီ မျက်မှောင်မကြုတ်ဘဲ မနေနိုင်လိုက်ပေ။

"မင်းမအိပ်ချင်သေးတာ ဒါကိုလုပ်ချင်သေးလို့ပေါ့လေ"

"အင်း... ကျွန်တော် ဒီနာမည်ကျော်တွေရဲ့ ဓာတ်ပုံတွေကို တည်းဖြတ်ပေးမယ်လို့ လင်ခိုင်ကို ကတိပေးထားတယ်။ မနက်ဖြန်မနက်ကျ အန်ကယ်လ်လီကိုလေ ကျွန်တော့်ကုမ္ပဏီကိုလွှတ်ပြီး လင်ခိုင်ဆီကို ဒါပေးခိုင်းလို့ရမလား"

စုကျစ်ယန်တစ်ယောက် screen ပေါ်မှ တည်းဖြတ်နေဆဲ ဓာတ်ပုံများကိုကြည့်နေသည့် လင်ကျန်းရီ၏ ပြောင်းလဲသွားသော အမူအရာကို သတိမပြုမိပါ။

လင်ကျန်းရီ အံကြိတ်လိုက်သည်။

"လင်ခိုင်ဆိုတာ ဘယ်သူလဲ"

"သြော်... လင်ခိုင်ဆိုတာက ကျွန်တော့်အရင်က လုပ်ဖော်ကိုင်ဖက်လေ။ ကျွန်တော်သူနဲ့ ဧည့်ခံပါတီမှာဆုံတော့ အကူအညီတောင်းလို့။ အာ... ဟုတ်သား...။ သူက နည်းနည်း၀တဲ့ တစ်ယောက်လေ။ အဲဒီ့အချိန်တုန်းက ကျွန်တော့်နောက်မှာရပ်နေတဲ့ အတော်လေး ချစ်ဖို့ကောင်းတဲ့တစ်ယောက်။ ခင်ဗျားသူ့ကို တွေ့လိုက်တယ်မလား"

စုကျစ်ယန် ရှင်းပြသည်။

သူ မရှင်းပြခဲ့ခြင်းက ပိုကောင်းပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အကြောင်းပြချက်ကို ရှင်းပြစဉ်မှာပဲ လင်ကျန်းရီတစ်ယောက် မခံမရပ်နိုင် ဖြစ်ချေပြီ။

"မင်း... က... ခွင့်... တင်... ထား... တာ... နော်"

ဘယ်ကဖက်တီးကောင်လဲ။ အဲဒီ့တုန်းက သူကလုံး၀ကို စုကျစ်ယန်တစ်ယောက်တည်းအပေါ်ပဲ အာရုံစိုက်နေမိတဲ့ဟာ။ ဘယ်က ဖက်တီးကို သတိပြုမိမှာလဲ။

"ကျွန်တော်သိပါတယ်။ ဒါပေမဲ့ သူကကျွန်တော့် လုပ်ဖော်ကိုင်ဖက်လေ။ ပြီးတော့ ဒါက မျက်နှာသာပေးမှုသေးသေးလေးပဲ ဟာကို။ ကျွန်တော်ကူညီနိုင်သလောက်လေး ကူညီပေးရမှာပေါ့"

စုကျစ်ယန် ညင်သာစွာဆိုသည်။

"မင်းက အားလပ်ရက်ခွင့်တင်ထားတဲ့ဟာကို သူကအကူအညီတောင်းသေးတယ်ပေါ့လေ။ ဒီနေ့ကိစ္စကို ဘယ်သူလုပ်တယ်ဆိုတာ မင်းမေ့သွားပြီလား။ သူသာ မင်းကိုအကူအညီမတောင်းခဲ့ရင် မင်းလည်း ၀ိုင်သောက်ဖို့ တွန်းအားပေးခံရမှာမဟုတ်ဘူး"

လင်ကျန်းရီသည် mouse ပေါ်ရှိ စုကျစ်ယန်၏လက်ဆီ ရောက်ရှိသွားလေပြီ။

"ထပ်မလုပ်နဲ့တော့။ ခုချက်ချင်းသွားအိပ်"

လင်ကျန်းရီသည် mouse ကိုကိုင်ကာ ဗွီဒီယိုကို ဖျက်မည့်ဟန်ပြင်သည်။ ၎င်းက စုကျစ်ယန်ကို အထိတ်တလန့်ဖြစ်သွားစေပါ၏။

"မလုပ်နဲ့... ယောကျ်ား..."

'ယောကျ်ား' ဟူသော စကားလုံးကို စူးစူးဝါးဝါးအော်လိုက်သည့်အချိန်၌ လင်ကျန်းရီ တစ်စက္ကန့်မျှ တုံ့ဆိုင်းသွားသည်။ ကျစ်ယန်ကလည်း ထိုအခွင့်အရေးကို အရယူကာ mouseကို ပြန်လုယူလိုက်ပါ၏။

ထို့နောက် လင်ကျန်းရီ၏ လည်တိုင်ကိုခိုတွဲကာ ချော့မော့ရင်း နှုတ်ခမ်းလွှာများပေါ်သို့ နှစ်ကြိမ်တိုင် နမ်းရှိုက်လိုက်ပါ၏။

"ယောကျ်ား... ကျွန်တော့်ကို ဆယ်မိနစ်ပဲ အချိန်ပေးလေနော်...။ အရင်ဆုံး အိပ်ရာကိုနွေးအောင် သွားလုပ်ထားပေး...။ ဟုတ်ပြီလား။ ခင်ဗျားဒါကိုဖျက်လို်က်ရင်တောင် ကျွန်တော်က re-do ပြန်လုပ်ပြီး ဒါကို ပြီးအောင် လုပ်နေရဦးမှာ။ ဒါက လက်ငှားတဲ့သဘောပါပဲ။ အရမ်းကြီးတွန့်တိုမနေပါနဲ့... နော်... ယောကျ်ားကလည်း..."

---------

TN - အမယ်လေး ခွေးစာတွေများ နင့်သွားတာပဲ။

*အောက်ပါဖြေရှင်းချက်များက ဂလူးဂလူးဂဲလ်ကနေ တတောက်တောက်လုပ်လာပြီး ထွမ်ထားတာပါ။ အမှားပါ ပြောပြပေးနိုင်ပါတယ်။ သေချာတာကတော့ ဒယ်ဒီကြီးကျန်းက ဒယ်ဒီလေးစုကို အလကားလျှောက်ပြီး ခြောက်လှန့်နေတာပါပဲ။ XD

gastroscope - ၀မ်းဗိုက်အတွင်း မှန်ပြောင်းကြည့်ခြင်း။

colonoscopy - အူမကြီးအတွင်း မှန်ပြောင်းကြည့်ခြင်း။


You are reading the story above: TeenFic.Net