အခန်း ၁၁၁။ ကျစ်ယန်နဲ့ လက်ထပ်ထားတဲ့သူက လင်ကျန်းရီလို့တော့.... ငါ့ကိုမပြောလိုက်ပါနဲ့...။
ရိုက်ကွင်းတွင်မပါဝင်ဘဲ စုကျစ်ယန်နှင့် အလုပ်အတူ အလုပ်လုပ်ဖူးသည့် ကျော်ကြားသော ငွေကြယ်ပွင့်နှစ်ဦးရှိခဲ့သည်။
စုကျစ်ယန်သည် သူတို့၏လိုအပ်ချက်များအတိုင်း ဓာတ်ပုံရိုက်ပေးခဲ့သည်။ ထို့ကြောင့် ထိုသူတို့ သူ့ကိုမြင်သွားချိန်၌ နွေးထွေးစွာ ကြိုဆိုကြလေသည်။
"ကျစ်ယန်... မတွေ့ရတာကြာပြီနော်။ ရှင်နေကောင်းသွားပြီလား။ အရင်တုန်းက ကျွန်မရှင်နဲ့ပူးပေါင်းပြီး အလုပ်လုပ်ချင်ခဲ့တာ။ ဒါပေမဲ့ ရှင့်သူဌေးက ရှင်ခွင့်ယူသွားတယ်လို့ ပြောလိုက်တယ်လေ"
"ကျွန်တော် နေကောင်းသွားပါပြီ။ နောက်နှစ်ထဲကျရင် အလုပ်ပြန်ဝင်တော့မှာပါ။ ကျေးဇူးတင်ပါတယ်နော်။ အခွင့်အရေးရရင် အလုပ်အတူတူလုပ်ကြတာပေါ့ဗျာ"
စုကျစ်ယန်သည် ခန်းယွီကျောက်ကို လှည့်မကြည့်ခင် သူတို့ကိုပေါ့ပေါ့ပါးပါး နှုတ်ဆက်လိုက်သည်။ ခန်းယွီကျောက်သည် တစ်ခဏမျှ ဆွံ့အနေပါ၏။
သည်လူဟာ ဖျော်ဖြေရေးနယ်ပယ်၌ လူသိများကျော်ကြားပြီး ထင်ရှားသောငွေကြယ်ပွင့်များနှင့် သိကျွမ်းသူတစ်ယောက် ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားပါ။
ပိုပြီးပြောရလျှင် ထိုကျော်ကြားသောငွေကြယ်ပွင့်များက စုကျစ်ယန်ကို ကြီးကြီးမားမားကို လေးစားဟန်ပြနေကြတာပင်။
ဒီပြပွဲကိုကယ်တင်ဖို့ ဒီလိုလူတစ်ယောက်ကို လင်ခိုင် ဘယ်နားကရှာဖွေလာတာလဲ။
တစ်စုံတစ်ယောက်က စုကျစ်ယန်အကြောင်း ခန်းယွီကျောက်ကို ပြောပြလိုက်သည်။
"အဲဒီ့လူက လင်ခိုင်အလုပ်လုပ်တဲ့ကုမ္ပဏီက ဓာတ်ပုံဆရာခေါင်းဆောင်လေ။ ရက်ရှည်အားလပ်ရက်ခွင့်ယူထားတာ။ အဲဒါကြောင့် ဒီနေ့ဘာလို့ သူပေါ်လာတာလဲဆိုတဲ့အပေါ် တော်တော်လေး စိတ်ရှုပ်ထွေးနေမိတာပေါ့။ ကျွန်မကြားတာတော့ သူ့ရဲ့ဓာတ်ပုံပညာစွမ်းရည်က တအာကောင်းတာတဲ့။ စီနီယာအများစုတောင်မှ သူနဲ့ရိုက်ရတာကို တအားသဘောကျကြတယ်ဆိုပဲ။ ယွီကျောက်... မေ့လိုက်ပါဟယ်။ ရှင်လည်း ရှင့်ရဲ့အသက်မွေးဝမ်းကျောင်းအလုပ်ကို ပိုမြင့်တဲ့အဆင့်တစ်ခုဆီ ရောက်ချင်တယ်မလား။ ပြီးတော့ အဲဒီ့ 2 line တွေကလည်း ရှင့်အတွက် အနှောင့်အယှက်လေးတွေဖြစ်ရုံတင်ပါ။ အဆုံးမှာတော့ ရှင်ကသာ အဓိဇာတ်လိုက်ဖြစ်နေတုန်းပါပဲ"
ခန်းယွီကျောက် အနည်းငယ်လေးပင် မပူပန်ပါ။ ဓာတ်ပုံဆရာတစ်ယောက်ကို လဲထားရုံလေးပဲမဟုတ်လား။
မူလရည်ရွယ်ချက်သည် အခြားသူများအပေါ် သူမ၏ကျော်ကြားမှုများယူဆောင်သွားပြီး အာရုံစိုက်ခံရရန်သာ။ ထို့ကြောင့် သူမပူးပေါင်းဆောင်ရွက်တာမျိုး မလုပ်ချင်ပေ။
ဒီ့ပြင် အပြစ်တင်မှုအားလုံးကို ဓာတ်ပုံဆရာနှင့် ကုမ္ပဏီဆီသို့ ပုံချရမည့် အချိန်ကျရောက်လာလေပြီ။ ကုမ္ပဏီအနေဖြင့် ထိုကိစ္စကို သူမအပေါ်စွပ်စွဲနိုင်မည်မဟုတ်။
စုကျစ်ယန်သည် ခေါင်းညိတ်ပြပြီး နောက်လာမည့် ဓါတ်ပုံရိုက်ရာတွင် ပါဝင်သည့် ငွေကြယ်ပွင့်များကို ပြုံးပြလိုက်သည်။
စုကျစ်ယန်သည် ဘယ်လိုပို့စ်မျိုးလုပ်သင့်သည်၊ ဘယ်လိုအမူအရာမျိုးရှိသင့်သည်ဆိုတာမျိုး ဘာတစ်ခုကိုမျှ အကြံပြုတိုက်တွန်းခြင်း မရှိပေ။
လင်ခိုင်၏ ကင်မရာကိုယူကာ သူတို့ဆီကင်မရာမချိန်ခင် တစ်ခဏမျှ ဟိုဟိုသည်သည် ရွှေ့လိုက်သည်
ခန်းယွီကျောက်တစ်ယောက် ဒေါသတကြီးဖြစ်ကာ မျက်နှာဖြူဖျော့လာလေတော့သည်။
(*လေပြည် - ဒေါသထွက်ရင် မျက်နှာနီ၊ စိတ်တုန်လှုပ်ကြောက်ရင် မျက်နှာဖြူဖျော့တယ်လို့ ဖတ်ဖူးတာပဲ။ လေပြည်ကတော့ E-tran အတိုင်းပဲပြန်ပေးထားပါတယ်။)
တကယ့်ကိုပဲ ဓာတ်ပုံဆရာတစ်ယောက်က သူမကို အရေးပါတဲ့နေရာမှာမထားဘဲ နေရဲတယ်ပေါ့လေ။
စုကျစ်ယန်သည် အနည်းငယ်မျှပင် စိတ်အနှောင့်အယှက်မဖြစ်ပေ။ သူသည်ကင်မရာကို လူတိုင်း၏သေးငယ်သောအမူအရာများကို ရိုက်ယူရန် အမြန်လှည့်လိုက်သည်။
တစ်ဖက်လူက သူ့အကြောင်း ဘယ်လိုတွေးသလဲဆိုတာကို သူခေါင်းထဲမထားပါ။ တစ်ဖက်လူများ၏ အမူအရာနှင့် ကိုယ်နေဟန်ထားကိုလည်း ဂရုမစိုက်။
အတိုချုပ်ပြောရလျှင် သူသည်တစ်ချိန်လုံး မှန်ဘီလူးကိုသာ သေသေချာချာ အာရုံထားပြီးကြည့်နေကာ သူ၏ညာဘက်လက်က မှန်ဘီလူးအကွာအဝေးကို အဆက်မပြတ် ညှိယူနေသည်။
ဆယ်မိနစ်ကြာပြီးနောက်မှာတော့ ကျစ်ယန်သည် သူ့ပခုံးများကိုတွန့်လိုက်ပြီး အထဲမှ memory card ကို ဆွဲထုတ်လိုက်သည်။ သူ လင်ခိုင်ကိုပြောလိုက်၏။
"ခိုင်ကျစ်... ကျွန်တော်ဒီဟာကိုယူသွားပြီး ဒီညတည်းဖြတ်ခဲ့မယ်။ မနက်ဖြန်မနက် မင်းကုမ္ပဏီကို ရောက်ပြီးလောက်မဲ့အချိန်ကျရင် တစ်ယောက်ယောက်နဲ့ လာပို့ခိုင်းလိုက်မယ်နော်။
"ကျေးဇူးအများကြီးကွာ... ကျစ်ယန်... မင်းကတော့ ငါ့ရဲ့ကယ်တင်ရှင်ပါပဲ"
လင်ခိုင်တစ်ယောက် စုကျစ်ယန်၏လက်မောင်းများကြားသို့ သူ့ကိုယ်သူပစ်သွင်းကာ အနမ်းပေးလုနီးပါးပင်။ ကံကောင်းစွာဖြင့် သူတို့နှစ်ယောက်လုံး ယောက်ျားလေးများဖြစ်ပြီး အလွန်အကျူးစိတ်မလှုပ်ရှားသင့်ကြောင်း သတိရသွား၍သာ။
သူ့ကို လှမ်းမခေါ်ခင်မှာပင် စုကျစ်ယန်ပြုံးကာ လှည့်ပြန်လာသည်။
နောက်ဆုံးမှာတော့ ခန်းယွီကျောက်ဟာ စကားပြောရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။
"ရှင်ဓာတ်ပုံရိုက်တဲ့ပုံစံက ထူးဆန်းတယ်နော်။ ကျွန်မတို့တွေ ကင်မရာကိုကြည့်ဖို့ မလိုတော့ဘူးလား"
"ကျွန်တော်က မင်းတို့အားလုံး ကင်မရာကိုကြည့်ပါလို့ပြောရင် မင်းတို့အာလုံးကရော ပြောတဲ့အတိုင်းလုပ်မှာလား"
စုကျစ်ယန်ပြန်မေးလိုက်သည်။ ခန်းယွီကျောက် ပြောစရာမရှိဖြစ်သွားရပါ၏။ ထို့နောက် အင်တင်တင်ဖြင့် ၀ိုင်တစ်ခွက်ကိုကိုင်ထားရင်း ရှေ့တက်လာရင်း မရည်ရွယ်ဘဲ ပြုံးလိုက်သည်။
"ကျွန်မမှတ်မိသလောက် ရှင့်နာမည်ကို မမေးရသေးဘူးလားလို့"
"စုကျစ်ယန်"
စုကျစ်ယန်သည် ဖြေပြီးသည်နှင့် လှည့်ထွက်လာလိုက်၏။ သို့သော် ခန်းယွီကျောက်က သူ့စကားနောက်မှလိုက်ပြောရင်း ခြေလှမ်းများကို ရပ်တန့်စေသည်။
"ကျွန်မက သရုပ်ဆောင်အသစ်လေးဆိုတော့ ရှင့်နာမည်ကိုမကြားဖူးဘူး။ ဒါပေမဲ့... ပထမဆုံရင် သူစိမ်းတဲ့။ ဒုတိယအကြိမ် ဆုံရင်တော့ သူငယ်ချင်းတွေဖြစ်လာပြီး အပြန်အလှန် ဆက်ဆံကြရင် ခင်မင်ရင်းနှီးမှု တိုးပွားလာမှာပဲ။ ကျွန်မတို့ အသိအကျွမ်းတွေလို့ မှတ်ယူလို့ရတယ်နော်။ တခြားဘာမှမလုပ်ခင် ရှင့်ကိုပြောချင်လို့။ နောင်မှာ ကျွန်မကိုလမ်းညွှန်မှုပေးဖို့ မစ္စတာစုကို အားကိုးတယ်နော်"
"ကြင်နာလွန်းနေပါပြီ"
စုကျစ်ယန်သည် ခန်းယွီကျောက်ကမ်းပေးသော ၀ိုက်ခွက်ကိုမယူဘဲ တောင်းပန်လိုက်သည်။
"စိတ်မရှိပါနဲ့။ ကျွန်တော်သောက်လို့မရဘူး။ မင်းရဲ့စေတနာကိုပဲ လက်ခံလိုက်မယ်နော်။ နောက်တစ်ခါမှပေါ့။ ကျွန်တော်မင်းကို အဆင်မပြေဖြစ်စေမိပြီ။
"ရှင်ကကျွန်မကို မျက်နှာသာမပေးတော့ဘူးလား"
သူ မသောက်ချင်ကြောင်း အငြင်းစကားကို ခန်းယွီကျောက်ကြားပြီး မကြာမီပင် ယခင်ထက်ပို၍ စိတ်ပိုင်းဖြတ်လိုက်သည်။
မသောက်နိုင်ဘူးဆိုရင် ဘာလို့များ ပါတီပွဲကိုလာနေသေးလဲ။ ရှင်မသောက်ဘူးဆိုရင်တောင် အဲဒီ့ဖက်တီးကို ကူညီချင်နေတုန်းပဲမလား။ ရှင်ကကျွန်မကို တအားနှိမ့်ချချင်နေတာပဲ။
"သူကမင်းကို မျက်နှာသာမပေးချင်တာမဟုတ်ပါဘူး။ ကျစ်ယန်ကကျန်းမာရေးကြောင့် ခွင့်ယူထားရတာ။ လုံးလုံးလျားလျား ပြန်ကောင်းသေးတာမဟုတ်ဘူး။ သူ့အစား ကျွန်တော်ပဲသောက်ပါ့မယ်"
ခန်းယွီကျောက်၏မျက်လုံးထဲမှ စိတ်အနှောင့်အယှက်ဖြစ်မှုနှင့် ၀ိုင်ခွက်ကိုသူယူမည်အား ရှောင်ထွက်သွားကြောင်း လင်ခိုင်သတိပြုမိလိုက်သည်။
သူမ စုကျစ်ယန်ကို စူးစိုက်ကြည့်လိုက်သည်။
"ဒါက ၀ိုင်လေးတစ်ခွက်ပဲဟာ။ အဲဒီ့လောက် အလေးအနက်ဖြစ်နေဖို့လိုလား။ မစ္စတာစုအနေနဲ့ ကျွန်မကို မျက်နှာသာမပေးချင်ဘူးဆိုရင်လည်း ကျွန်မအနေနဲ့ ဘာမှမတတ်နိုင်ဘူးပေါ့လေ"
ထိုအချိန်မှာ စုကျစ်ယန်သည် ၀ိုင်ခွက်ကို အင်တင်တင်ဖြင့် ယူလိုက်သည်။ စိတ်ထဲမှာတော့ ၀ိုင်တစ်ငုံစာလေးက သူမကိုမျက်နှာသာပေးဖို့ ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။
မဟုတ်လျှင် သည်မိန်းမက သူ့ကိုဆက်လက်ပြီး မရပ်မနားအနှောင့်အယှက်ပးနေဦးမှာပင်။
လတ်တလောမှာ နာမည်ကြီးလာတဲ့ မင်းသမီးတွေက ဒီလိုပဲ မာနကြီးကြတာပဲလား။
ခန်းယွီကျောက်သည် နောက်ထပ်ဝိုင်တစ်ခွက်ကိုယူလိုက်ပြီး စုကျစ်ယန်လက်ထဲရှိခွက်နှင့်တိုက်လိုက်သည်။
"ဟုတ်တာပေါ့။ နောင်အနာဂတ်မှာ မစ္စတာစု ကျွန်မကိုပိုပြီးလမ်းညွှန်ပြသပေးဖို့ မျှော်လင့်ပါတယ်"
ထိုစကားနှင့်အတူ သူမသည် ၀ိုင်များကို တစ်လုတ်ထဲ မော့သောက်လိုက်သည်။ စုကျစ်ယန် လှောင်ပြုံးပြုံးလိုက်ပါ၏။
ဒီမိန်းမက ဒီအခြေအနေကနေ သူ့ကိုလွှတ်ပေးဖို့ အစီအစဉ်မရှိဘူးပဲ။ သူတစ်ကယ်ပဲ ၀ိုင်တစ်ခွက်လုံး သောက်ရမှာလား။
လင်ခိုင်သည် စုကျစ်ယန် ၀ိုင်သောက်မည်ပြုချိန်၌ စိုးရိမ်တကြီးဖြင့် ကြည့်လိုက်သည်။
နှစ်ငုံမျှသောက်ပြီးချိန်၌ သူ့လက်ကောက်ဝတ်သည် ရုတ်တရက်ပင် တစ်စုံတစ်ယောက်၏ ဆွဲကိုင်ခြင်းကို ခံလိုက်ရသည်။
လင်ကျန်းရီ သူ့ကိုဒေါသတကြီး ကြည့်လိုက်ပါ၏။
"မင်းကို ဘယ်သူကသောက်ခွင့်ပြုလို့လဲ။ ထွေးထုတ်လိုက်..."
စုကျစ်ယန်၏လက်ကောက်ဝတ် နာကျင်သွားကာ ၀ိုင်ခွက်ကိုလွှတ်ရန် တွန်းအားပေးခံလိုက်ရပြီး ၀ိုင်နှင့် ဖန်ကွဲစများ ကြမ်းပြင်ထက်၌ ပြန့်ကျဲသွားလေသည်။
လင်ကျန်းရီသည် ဒေါသထွက်ရုံတင်မက စိုးရိမ်စိတ်ပါဖြစ်သွားရကာ တစ်ပြိုင်နက်တည်းပင် စုကျစ်ယန်ကိုကြည့်လိုက်သည်။
သူ့လက်ကိုဆန့်ကာ စုကျစ်ယန်၏မေးစေ့ကို ညှစ်လိုက်၏။
"ပါးစပ်ထဲရှိနေသေးလား။ အခုချက်ချင်း ထွေးထုတ်လိုက်...."
မျိုမချရသေးသော ၀ိုင်များသည် စုကျစ်ယန်၏ နှုတ်ခမ်းထောင့်မှ စီးကျလာပြီး လင်ကျန်းရီက သူ့လည်ပင်းကို ဖွဖွညှစ်ကာတွန်းပေးသည်မို့ ရှောင်တိမ်းဖို့ရာ မတတ်နိုင်ပေ။
လင်ကျန်းရီသည် စုကျစ်ယန်၏ လည်ပင်းအနောက်ဘက်ကို ဖိပေးကာ အစာအိမ်ထဲမှဝိုင်များကို အန်ထွက်လာစေသည်။
စုကျစ်ယန်သည် လင်ကျန်းရီကို ရှက်ကိုးရှက်ကန်းဖြင့် ကြည့်လိုက်ပါ၏။ သူအန်ထုတ်လိုက်သော ၀ိုင်များသည် လင်ကျန်းရီ၏အင်္ကျီလက်ကို စိုစွတ်သွားစေပြီး ဤရုတ်တရက်လှုပ်ရှားမှုက သူ့ကိုအကြိမ်အနည်းငယ်ခန့် ချောင်းဆိုးစေသည်။ သူမကျေမနပ် တိုင်တန်းလိုက်ပါ၏။
"ခင်ဗျား ဘာလုပ်တာတုန်း"
လင်ကျန်းရီသည် စက္ကူတစ်ရှူးယူရန် စိတ်ကူးမရှိပေ။ ၎င်းအစား သူ့နက်ခ်တိုင်ကိုဖြည်ကာ စုကျစ်ယန်၏နှုတ်ခမ်းထောင့်စွန်းလေးများကို သုတ်ပေးရင်း စိုးရိမ်တကြီးမေးလိုက်သည်။
"ရှိသေးလား။ အကုန်အန်ပြီးပြီလား"
သူသည် လည်ပင်းအနောက်ဘက်ကို ထပ်မံ၍ ဖိနှိပ်ချင်ပါသေး၏။ သို့တိုင် စုကျစ်ယန်က သူ့ခေါင်းကိုဘေးသို့ စောင်းလိုက်သည်။
"တော်တော့။ ရပြီ။ အကုန်အန်လိုက်ပြီ"
"ဘာအကြောင်းပြချက်မှမရှိဘဲ ရုတ်တရက်ကြီး ဘာကိစ္စသောက်လိုက်ရတာလဲ"
လင်ကျန်းရီသညိ အကြင်နာမဲ့စွာပင် ခပ်တင်းတင်းမေးလိုက်ပါ၏။
"alcoholပါတဲ့ ဘယ်ဟာမဆို သောက်ခွင့်ပြုဘူးလို့ပြောထားတာ မေ့သွားပြီလား။ အဲဒါကမင်းရဲ့ဗိုက်ကို ဒုက္ခပေးပြီး နာကျင်စေလိမ့်မယ်။ နောက်တစ်ခါကျ မေ့ရဲရင်မေ့ကြည့်လိုက်"
"နည်းနည်းလေးသောက်မိတာပါ။ အဲ့လောက်ကြီး အလေးအနက်မဖြစ်ပါနဲ့"
သူမှားမှန်းသိတာကြောင့် စုကျစ်ယန်၏အသံသည် တိုးညှင်းနေသည်။
"နည်းနည်းဆိုတာက ဘာကိုဆိုလိုတာလဲ။ ဘာလဲ....။ တစ်ခွက်လုံးများ သောက်ချင်သေးလို့လား"
လင်ကျန်းရီတစ်ယောက် ဒေါသထွက်ပြီးသေတော့မလိုပင်။ စုကျစ်ယန်မှာ နာလန်ထနေပြီဖြစ်ပြီး ၀ိုင်သည် အားတိုးစေသောအရာပင်။
သို့သော် အစာအိမ်ရောဂါရှိသူမို့ ဒါက သူ့ကိုနာကျင်စေလိမ့်မည်။ ဒီအကောင်ပေါက်လေးကတော့ ခဏလေးတောင် တစ်ယောက်တည်း ထားခဲ့လို့မရ....။
စုကျစ်ယန်၏နှုတ်ခမ်းထောင့်လေးများ ကွေးညွတ်သွားကာပြောလိုက်သည်။
"အဲဒီ့လိုဖြစ်အောင် ခင်ဗျားပဲလုပ်တာကို"
လင်ကျန်းရီ စိတ်သက်သာသွားဟန်ဖြင့် သက်ပြင်းတစ်ချက်မှုတ်ထုတ်ကာ လေသံမှာပိုမို၍ နူးညံ့သွားလေသည်။
"ဒီတစ်ခွက်မတိုင်ခင်ကရော သောက်ထားသေးလား"
"ဟင့်အင်း...။ ဒါက ပထမဆုံးခွက်ပါ"
စုကျစ်ယန် နူးညံ့စွာတုံ့ပြန်သည်။
လင်ကျန်းရီ လက်ကိုမြှောက်ကာ စုကျစ်ယန်၏ နှုတ်ခမ်းထောင့်စွန်းလေးများကို ဂရုတစိုက်သုတ်ပေး၏။ သူကြင်နာစွာမေးလိုက်သည်။
"နေရတာရော အဆင်ပြေရဲ့လား"
စုကျစ်ယန်ခေါင်းခါပြပြီးနောက် လင်ကျန်းရီ တစ်ဖက်လှည့်ကာ အနားမှလူများကို စိုက်ကြည့်လိုက်သည်။ သူ့အကြည့်များမှာ တစ်ယောက်ပြီးတစ်ယောက် ဖြတ်ကျော်သွားပြီး နောက်ဆုံးတော့ ခန်းယွီကျောက်၏မျက်နှာ၌ ရပ်တန့်သွား၏။
"သူ့ကိုသောက်ဖို့တွန်းအားပေးတာ မင်းလား"
ခန်းယွီကျောက်၏ စိတ်ဝိဉာဉ်မှာ သူမ၏ခန္ဓာကိုယ်ဆီသို့ ပြန်လည်ရောက်ရှိလာလေပြီ။ အလားတူပင် သူမပတ်ဝန်းကျင်မှ လူများကလည်း အံ့သြထိတ်လန့်နေကြတော့သည်။
ပါတီရှိလူတိုင်းသည် လင်ကျန်းရီက ဘယ်သူဘယ်ဝါဆိုတာ သိနေကြပါ၏။ အတိအကျပြောရလျှင် သူသည် အချို့သောငွေကြယ်ပွင့်များ၏ ဘော့စ်ကြီးဖြစ်လေသည်။
ရုပ်ရှင်ဇာတ်ကား၊ တီဗွီပြဇာတ်၊ သီချင်းခွေ သို့မဟုတ် ကြော်ငြာ... ၎င်းတို့ထဲမှ မည်သည့်အရာ၌ ရင်းနှီးမြှုပ်နှံလိုက်သည်ဖြစ်စေ အဆုံး၌ အောင်မြင်သွားသည်ချည်းသာ။
လင်ကျန်းရီအနေဖြင့် ဒီဓာတ်ပုံဆရာလေးကိုတောင် သိနေလိမ့်မည်ဟု သူတို့ဘယ်တုန်းကမှ မတွေးမိခဲ့ပါ။ သူသည် စိုးရိမ်တကြီးဖြင့် စုကျစ်ယန်၏လည်ပင်းကိုပင် ဖွဖွလေးကူညီဖိနှိပ်ပေးပါသေး၏။
"မင်းသူ့ကို တိုက်လိုက်တာလား"
လင်ကျန်းရီ ဒေါသတကြီးမေးသည်။ ခန်းယွီကျောက် သတိပြန်ဝင်လာကာ အနူးအညွတ်တောင်းပန်၏။
"မဟုတ်ပါဘူး မစ္စတာလင်... ကျွန်မသူ့ကို တွန်းအားပေးခဲ့တာမဟုတ်ပါဘူး။ ဒါက ပုံမှန် လူထုဆက်ဆံရေး နည်းလမ်းတစ်ခုပဲလေ"
"လူထုထက်ဆံရေးနည်းလမ်း..."
လင်ကျန်းရီ၏မျက်လုံးများ အေးစက်လာလေပြီ။
"ဒါဆို ပိုကောင်းတာပေါ့။ အဟက်..."
ခန်းယွီကျောက်၏ အတွင်းစိတ်ထဲတွင် ဖိန့်ဖိန့်တုန်နေလေပြီ။ သူမသည် အသံနိမ့်လေးဖြင့် အနူးအညွတ်တောင်းပန်လိုက်ပါ၏။
"ဥက္ကဌလင်... ရှင်သူ့ကိုသိတယ်ဆိုတာ ကျွန်မမသိလို့ပါ။ ကျွန်မနောက်မလုပ်တော့ဘူးလို့ ကတိပေးပါတယ်။ မစ္စတာလင်... ဒေါသမထွက်ပါနဲ့"
လင်ကျန်းရီက သူမထက် သာလွန်ထူးကဲသူဖြစ်သည်။ သူဒေါသထွက်ကာ လမ်းကြောင်းတွေကို ပိတ်ဆို့ပစ်လိုက်ပါက သူမ၏အသက်မွေးဝမ်းကျောင်းလုပ်ငန်းမှာ တစ်ကယ်ကြီးကို သွားရှာပေလိမ့်မည်။
လတ်တလောတွင် သူမသည် အလွန်အမင်းထင်ရှားကျော်ကြားနေသည်မို့ ဒီလိုကိစ္စကြောင့် သူမ၏အလုပ်ကို မထိခိုက်စေချင်ပေ။ လင်ကျန်းရီ အေးစက်စွာ ပြောလိုက်သည်။
"နောက်သုံးလအတွင်း မင်းနဲ့ရုပ်ရှင်ရိုက်မဲ့ ဘယ်ဒါရိုက်တာမှ မရှိစေရဘူး။ ဒီအချိန်ကိုအသုံးချပြီး လူထုဆက်ဆံရေးစွမ်းရည်တွေ သင်နေလိုက်..."
"ဥက္ကဌလင်..."
ခန်းယွီကျောက်၏အသားအရေမှာ အလွန်အမင်းဆိုးရွားသွားရသည်။
သည်လိုစကားလုံးများကို လူတွေအများကြီးရှေ့မှာ ပြောလိုက်သည်တဲ့။ ဒါကသူမကို သေချာပေါက် အရှက်ရစေသည်။
သူကဓာတ်ပုံဆရာလေးတစ်ယောက်ပဲ မဟုတ်ဘူးလား။ သူငယ်ချင်းတွေဆိုရင်တောင် ဒီလောက်ထိဖြစ်ပျက်မသွားသင့်။
စုကျစ်ယန်သည် လင်ကျန်းရီ၏ အင်္ကျီလက်ကိုဆွဲကာ တီးတိုးဆိုလိုက်ပါ၏။
"ထားလိုက်ပါ။ ဒါအကုန်လုံး သူမအပြစ်တွေချည်း မဟုတ်ပါဘူး။ ကျွန်တော် သူမကိုငြင်းဖို့ မပြတ်သားခဲ့လို့ပါ။ ကျွန်တော့်ကိုသောက်ဖို့ တွန်းအားပေးခဲ့တာမဟုတ်ပါဘူး"
လင်ကျန်းရီ ထပ်ပြောချင်နေတုန်းပင်။ သို့သော် စုကျစ်ယန်၏အသံက အားနည်းလို့လာသည်။
"ကျွန်တော့်ကို ဆေးရုံခေါ်သွားပေး...။ အားလုံး ကျွန်တော့်အပြစ်တွေပါ။ ခင်ဗျားလုပ်လို့ အခုကျွန်တော်တစ်ကယ်ကြီး ဗိုက်အောင့်နေပြီ"
လင်ကျန်းရီသည် ရုတ်တရက်လှည့်လိုက်ရာ စုကျစ်ယန်တစ်ယောက် ဗိုက်ကိုညာလက်ဖြင့်ဖိထားကြောင်း မြင်လိုက်ရသည်။
စုကျစ်ယန်သည် မျက်ခုံးကြုံ့ထားပြီး မျက်နှာပေါ်ရှိအမူအရာသည် နေလို့မကောင်းကြောင်း ပြသနေသည်။
၎င်းမှာ လင်ကျန်းရီကို ချက်ချင်းလက်ငင်း ထိတ်လန့်သွားစေပါ၏။ သူစုကျစ်ယန်ကို ကူညီပေးလိုက်သည်။
"ဘယ်နားကအောင့်တာလဲ။ တော်တော်ခံရခက်နေလား"
"အင်း... တအားတော့မအောင့်ပါဘူး။ နေရတာ မကောင်းရုံပါ"
စုကျစ်ယန်သည် လင်ကျန်းရီ၏ပခုံးထက်သို့ ခေါင်းမှီကာ အနားယူလိုက်သည်။ သူ့အသံမှာ အနည်းငယ်မျှ ရှက်နေဟန်ပင် ပါဝင်နေသေးသည်။
လင်ကျန်းရီသည် သူ့ကိုပွေ့ချီကာ ခြေလှမ်းကျဲများဖြင့် လျှောက်ထွက်လိုက်သည်။ လုံးလုံးလျားလျား ထွက်မသွားခင် ခန်းယွီကျောက်ဆီသို့ သတိပေးအကြည့်တစ်ချက် ပစ်လွှတ်လိုက်ပါ၏။
ခန်းယွီကျောက်သည် ဒူးများပျော့သွားသလို ခံစားလိုက်ရပြီး ကြမ်းပြင်ပေါ်လဲကျလုလုပင်။ စားပွဲကိုကိုင်ထားလိုက်ရပြီး စိတ်ထဲမှာတော့ ဗလာကျင်းနေပြီဖြစ်သည်။
လင်ခိုင် မူးဝေစွာ မတ်တပ်ရပ်လိုက်သည်။ ကျစ်ယန်၏ဖျားနာမှုက မပြီးပျောက်သေးပုံပေါ်သည်။ ၀ိုင်နည်းနည်းလေးသောက်တာတောင်မှ တစ်ကယ်ကြီးဗိုက်အောင့်သွားသည်တဲ့လေ။
စုယန်သည်လည်း ထိတ်လန့်အံ့သြနေလေသည်။ သူသည် လင်ကျန်းရီတစ်ယောက် အပေါ်ထပ်သီးသန့်ခန်းမှထွက်ကာ စုကျစ်ယန်ထံသို့ ခြေလှမ်းကျဲများဖြင့် အပြေးအလွှားသွားပြီး သူ့ဝိုင်ကို ဖယ်ထုတ်ရင်း သူသောက်ထားသော ဝိုင်ကိုထွေးထုတ်ခိုင်းသည်ကို အကြာကြီးစောင့်ကြည့်နေလိုက်ရသည်။
အခုတော့ ထိုသူက အဲဒီ့ကောင်လေးကိုသယ်ပြီး ဆေးရုံတောင်သွားလေပြီ။
ဒီလိုထိတ်လန့်နေပြီး တုန်နေအောင် ချစ်တဲ့ပုံစံက ဟန်ဆောင်နေတာတော့ မဖြစ်နိုင်။
စုယန်သည် ပါးစပ်အဟောင်းသားဖြင့် အချိန်အတော်ကြာရှိနေခဲ့ပြီး ခန့်မှန်းချက်တစ်ခုက သူ့စိတ်ထဲတွင် ပုံပေါ်လာသည်။
ကျစ်ယန်နဲ့ လက်ထပ်ထားတဲ့သူက လင်ကျန်းရီလို့တော့.... ငါ့ကိုမပြောလိုက်ပါနဲ့...။
------------
TN - အားယိုးယိုး.....
စာလုံးရေ ခြောက်ထောင်ကျော်တောင်။
T.....T ညောင်းလို့သေပါပြီ။ ပခုံးတွေပါတောင့်နေတာ။ ရွှတ်~~~ လေပြည်လေးကို မနှိပ်ပေးချင်ကြဘူးလား။
TT.....TT
You are reading the story above: TeenFic.Net