အခန်း ၁၀၉။ ဒီသခင်ငယ်လေးက ဘယ်မိသားစုက လာတာများလဲ။

Background color
Font
Font size
Line height

အခန်း ၁၀၉။ ဒီသခင်ငယ်လေးက ဘယ်မိသားစုက လာတာများလဲ။

နောက်ဆုံးတော့ သူ၏ခန္ဓာကိုယ်အောက်ပိုင်းသည် စုကျစ်ယန်၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည့် တမူထူးသောအခြေအနေသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ ထိုတဏှာစိတ်လွန်ကဲနေသောသူက အချိန်တိုင်း၊ နေရာတိုင်း အပူလုံးကြွနေလေသည်။

"လင်ကျန်းရီ... ခင်ဗျား အရှက်မရှိတဲ့ခွေးကောင်။ ကျွန်တော့်ကိုလွှတ်..."

စုကျစ်ယန်တစ်ယောက် လွတ်မြောက်ရန် ရုန်းကန်သည်။

လင်ကျန်းရီနဲ့ ထိုင်ခုံတစ်ခုထဲ ထိုင်တာမကောင်းမှန်း သူသိခဲ့သင့်တာ။ ကြည့်စမ်း... ကြည့်လိုက်စမ်းပါဦး။ သူ့ရဲ့အရောင်မှန်ကို ပြနေပြီပဲ...။

လင်ကျန်းရီသည် ဆက်လက်၍သူ့ကိုဖက်ထားပြီး လွှတ်ပေးရန် ငြင်းဆိုသည်။ တစ်ခဏမျှရုန်းကန်နေပြီးနောက် နှစ်ယောက်စလုံး ထိုင်ခုံပေါ်မှ ကြမ်းပြင်ပေါ်သု့ိ ပြုတ်ကျသွားတော့သည်။

စုကျစ်ယန်သည် လင်ကျန်းရီ၏အပေါ်၌ ထပ်လျက်သားလေးရှိကာ လင်ကျန်းရီမှာတော့ နာကျင်မှုကြောင့် မျက်နှာမဲ့သွားရသည်။ ၎င်းသည် ပြုတ်ကျချိန်တွင် သူ့အနေဖြင့် ကူရှင်တစ်ခုဘ၀ရောက်သွားရကြောင်း ထင်ရှားစွာ ပြသနေတာပဲဖြစ်သည်။

စုကျစ်ယန်သည် ထိုအခွင့်အရေးကို အရယူကာ လင်ကျန်းရီဆီမှ လွတ်မြောက်အောင်ကြိုးစားလိုက်သည်။ လင်ကျန်းရီမှ တားဆီးရန် ကြိုးစားလိုက်ပါသော်လည်း သူခြေတစ်လှမ်း နောက်ကျသွားရသည်။

သူသည် ဆန့်ထုတ်လိုက်သော သူ့လက်ကို ရိုးရှင်းစွာပင်ပြန်ရုတ်လိုက်ပြီး ကော်ဇောပေါ်၌ ဆက်လက်လဲလျောင်းနေသည်။ နှုတ်မှညည်းညူရင်း နာကျင်နေဟန်ပင် ဆောင်နေသေးတော့သည်။

လင်ကျန်းရီ၏ အောက်မှအစားခံပေးမှုကြောင့် စုကျစ်ယန်အနေဖြင့် ခုံပေါ်မှပြုတ်ကျချိန်တွင် အများကြီးမနာကျင်လိုက်ပါချေ။ သူမတ်တပ်ရပ်လိုက်ချိန်တွင် လင်ကျန်းရီသည် ကော်ဇောပေါ်တွင်သာ လဲလျောင်းနေသေးကြောင်း မြင်လိုက်ရပြီး နှာမှုတ်ကာ ကျီစယ်လိုက်သည်။

"ခင်ဗျားနဲ့တန်တယ်...။ ဟမ့်...။ ခင်ဗျားနောက်တစ်ခါ အပူလုံးကြွရဲသေးလား စောင့်ကြည့်လိုက်ဦးမယ်"

"အ..."

လင်ကျန်းရီကတော့ ထရန်ငြင်းဆိုနေမြဲသာ။ သူသည် ထိုနေရာမှာပင် ဆက်၍လဲလျောင်းနေပြး နာကိင်စွာ ညည်းညူနေသည်။

ရယ်မောလိုက်ပြီးနောက် စုကျစ်ယန်သည် သူ့ခြေထောက်ကိုဆန့်ကာ သူ့ကိုကန်လိုက်သည်။

"မြန်မြန်ထစမ်းပါ။ ခြောက်နာရီခွဲနေပြီ။ ကျွန်တော်တို့ ပါတီမသွားတော့ဘူးလား"

လင်ကျန်းရီတစ်ယောက် "အာ့..." "အား..." ဟူသောအသံများထုတ်ရင်း တစာစာဖြင့် ငိုကြွေးဟန်ဆောင်နေတုန်းပင်။

စုကျစ်ယန်သည် မသင်္ကာဟန်ဖြင့် ကောဇောပေါ်တွင် လဲလျောင်းလျက်ရှိသော လင်ကျန်းရီကို ကြည့်လိုက်သည်။

အဲဒါက... အရမ်းများ ပြင်းထန်သွားတာလားမသိ...။

လင်ကျန်းရီသည် စုကျစ်ယန်ကို လေးတွဲ့စွာကြည့်လိုက်သည်။

"ဇနီးလေးရာ... မင်းက ရက်စက်လိုက်တာ။ ကိုယ်မင်းရဲ့ လူသားကူရှင်ဖြစ်ပေးတာတောင်မှ ထလို့ရအောင်လို့ မကူညီပေးဘူး။ မင်းကအဆင်ပြေပေမဲ့ ကိုယ်ကနှစ်ယောက်စာအလေးချိန်ကို သယ်လိုက်ရတာလေ"

စုကျစ်ယန် မရယ်ဘဲမနေနိုင်တော့ပါ။

"ကျွန်တော့်ကို လွှတ်ဖိုာငြင်းပြီး ဖမ်းဆွဲလိုက်ရမယ်လို့ ခင်ဗျားကို ဘယ်သူကပြောလို့လဲ။ ကျွန်တော့်ရဲ့လူသားကူရှင်ပါ ဖြစ်သွားတာကတော့... မဟုတ်ရင်... ခင်ဗျာကဘကျွန်တော့်ကို ခင်ဗျားရဲ့လူသားကူရှင် ဖြစ်စေချင်လို့လား"

လင်ကျန်းရီ ခေါင်းခါသည်။

"မဟုတ်တာ။ ကိုယ် မဝံ့ရဲပါဘူး"

"မဟုတ်ဘူးပေါ့လေ။ မြန်မြန်ထစမ်းပါ။ တင်းကျပ်လွန်းတဲ့ဥက္ကဌကြီးက ဘယ့်နှယ်လုပ် ကော်ဇောပေါ်လှဲပြီး ဇာတ်လမ်းရိုက်နေတာတုန်း"

စုကျစ်ယန်သည် သူ့အပေါ် အထင်အမြင်သေးဟန်ကိုပြသရင်း ဆက်ပြောဖို့ပင် ပျင်းရိနေတော့သည်။

"ပြုတ်ကျထားလို့ မူးနေတုန်းပဲ။ ကိုယ်မထနိုင်ဘူး"

လင်ကျန်းရီသည် သနားစဖွယ်ဟန်ဖြင့် မျက်တောင်ခတ်ပြသည်။

"ဟန်ဆောင်နေလိုက်... ဆက်ပြီးတော့သာ ဟန်ဆောင်နေလိုက်တော့..."

စုကျစ်ယန် သူ့ကိုထူ,မပေးရန် မလှုပ်ရှားပါချေ။ သူသည် စားပွဲဆီလျှောက်သွားကာ လင်မားမာဆီဖုန်းခေါ်ရန် သူ့ဖုန်းကို ကောက်ယူလိုက်သည်။ ထို့နောက် သူနှင့်လင်ကျန်းရီတို့ 'လင်ကျစ်ရွှမ်'နှင့် 'လင်ကျစ်ဟောင်'ဟူသော နာမည်နှစ်လုံးကို စဉ်းစားမိကြောင်း အကြောင်းကြားလိုက်သည်။

အကယ်၍ သူတို့၌ မည်သည့်ကန့်ကွက်မှုမျိုးမှမရှိလျှင် သူတို့ဟာ သည်နာမည်နှစ်မျိုးကို ရွေးချယ်ပေလိမ့်မည်။ သူတို့ကလေးများက တစ်လသားရှိပြီဆိုသော်လည်း နာမည်တောင်မရှိသေးပေ။

သူတို့က တစ်ကယ်ကို အရည်အချင်းမပြည့်တဲ့ မိဘတွေပါပဲလား။

ဖုန်းပြောပြီးနောက် စုကျစ်ယန်တစ်ဖက်သို့ ပြန်လှည့်လိုက်ရာ လင်ကျန်းရီတစ်ယောက် ကော်ဇောပေါ်၌ လဲလျောင်းကာ ထရန် ငြင်းဆိုနေဆဲဖြစ်ကြာင်း တွေ့လိုက်ရသည်။

"....."

စုကျစ်ယန်၏ နဖူး၌ အမည်းရောင်မျဉ်းကြောင်းများ စတင်ဖြစ်ပေါ်လာခဲ့လေပြီ။ သူအကူအညီမဲ့နေသလိုသာ ခံစားမိတော့သည်။

ဖုန်းချပြီးနောက် သူလျှောက်သွားလိုက်သည်။ သူ့ခါးကို ကုန်းလိုက်ပြီးနောက် လင်ကျန်ရီ၏လက်ကို ကိုင်လိုက်သည်။

"ဟုတ်ပါပြီ။ ကျွန်တော်ခင်ဗျားကို ထူပါ့မယ်။ အိုခေလား။ မြန်မြန်ထတော့။ ကြမ်းပြင်ပေါ်ထိုင်ပြီး အအေးခံမနေနဲ့။ နို၀င်ဘာလရောက်တော့မှာ။ ခင်ဗျား ဖျားရဲရင် ကျွန်တော်နဲ့အတူ ရင်းနှီးတဲ့ကိစ္စတွေ မလုပ်ဘဲ အပြစ်ပေးမှာနော်"

ထိုသို့ဆိုကာမှ လင်ကျန်းရီသည် ကြေကွဲ၀မ်းနည်းစွာဖြင့် သူ၏လက်ကိုဆန့်ထုတ်ကာ စုကျစ်ယန်၏လက်ကို ဆုပ်ကိုင်ကာ ထရန်ဟန်ပြင်လေသည်။

စုကျစ်ယန်မှာတော့ ခန္ဓာကိုယ်ထိန်းညှိနိုင်စွမ်းမဲ့သွားကာ ဥက္ကဌကြီး၏လက်မောင်းကြားသို့ အတိအကျလဲကျသွားချိန်၌ ဘာကြောင့်များ ဒီခွေးကောင်ရဲ့ခန္ဓာကိုယ်က လေးလံနေရသလဲဆိုတာ အံ့အားသင့်နေမိတုန်းပင်။ လင်ကျန်းရီက အောင်ပွဲခံလိုဟန်ဖြင့် ပြုံးသည်။

"ဇနီးလေး... မင်းဘာသာ ကိုယ့်လက်မောင်းထဲ ပစ်၀င်လာမှတော့ မင်းရဲ့ဆန္ဒပ့်အောင် ကိုယ်တစ်ခုခုလုပ်ပေးမှာပဲ။ မင်းကို မလွှတ်ပေးတော့ဘူး"

"ခင်ဗျား... ခွေး... အ..."

စုကျစ်ယန်သည် ကော်ဇောပေါ်သု့ လင်ကျန်းရီ၏ဖိချခြင်းကို ခံလိုက်ရပြီး အချိန်အတော်ကြာသည့်တိုင်အောင် ပြင်းထန်စွာအနမ်းခံလိုက်ရသည်။

မိနစ်၂၀ကြာပြီးနောက် ဓာတ်လှေကားထဲတွင် မောဟိုက်နေသောစုကျစ်ယန်သည် ပြုံးနေသောလင်ကျန်းရီကို စိုက်ကြည့်နေသည်။

ချီးပဲ။ နောက်တစ်ခါ သူ့ဆီ အစားအသောက် လာမပို့တော့ဘူး။ ဘယ်တော့မှပဲ...။

ကားထဲရောက်သည့်တိုင် စုကျစ်ယန်တစ်ယောက် စိတ်ဆိုးနေသေးတာကြောင့် လင်ကျန်းရီ၏ပခုံးကို နောက်ခုံမှခေါင်းအုံးဖြင့် ရိုက်နေသေးတော့သည်။

"ကျွန်တော့်ကို အိမ်ပြန်ပို့ပေး... ချီးလိုပါတီပွဲကို ခင်ဗျားနဲ့အတူတူ မသွားချင်ဘူး"

"စိတ်မဆိုးပါနဲ့တော့ ဇနီးလေးရာ... မင်းကပါတီပွဲမှာ ကျက်သရေအရှိဆုံးလူသားလေး ဖြစ်လိမ့်မယ်ဆိုတာ ကိုယ်တိပေးတယ်။ ဟုတ်ပြီလား"

လင်ကျန်းရီသည် လုံလောက်အောင် စားပြီး၊ သောက်ပြီးခဲ့လေပြီ။ ထို့ကြောင့် သူဘာကိုမျှ ထပ်ပြီးမစိုးရိမ်နေတော့ပေ။ သူသည် စုကျစ်ယန်ကို အနီးအနားရှိ ရှော့ပင်းမောလ်တစ်ခုဆီသို့ ခေါ်သွားကာ စုကျစ်ယန်အတွက် ၀တ်စုံပြည့်တစ်စုံ ၀ယ်လေသည်။

'ညီငယ်လေး၏တံတွေးများ'နှင့် စွန်းပေသွားသော သူ့၀တ်စုံကိုလည်း လဲလှယ်ကာ စုကျစ်ယန်ကို သူနှင့်အတူ ပါတီသု့ိလိုက်ရန် ချော့လေသည်။

ကျင်းပရာနေရာသို့သူတို့ရောက်ချိန်မှာ ၇နာရီ ၂၀မိနစ်ရှိပြီဖြစ်ကာ ပါတီပွဲမှာ စနေလေပြီ။ လင်ကျန်းရီသည် အကြာကြီးစိတ်မဆိုးခဲ့လေသော စုကျစ်ယန်ကို အထဲသို့ ခေါ်သွားသည်။

တစ်ကယ်တမ်းတော့ လင်ကျန်းရီသည် သူ့လုပ်ရပ်တွေကို သိပ်အများကြီးမဖြစ်စေဘဲ ကော်ဇောပေါ်တွင် တစ်ကြိမ်သာ လုပ်ခဲ့ပြီး တကယ်တမ်းမှာ ထိုကိစ္စပြည့်ပြည့်၀၀ မဖြစ်ခဲ့ပါချေ။

သူသည် သူ၏တောင့်တမှုကို သက်သာစေရန် သူ့ခြေထောက်များအကြား ပွတ်တိုက်ခဲ့ရုံသာ။

စုကျစ်ယန်သည် ဧည့်ခံပါတီများ မတက်ဖြစ်ခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။ ပွဲကျင်းပရာနေရာသို့ သူ၀င်သွားပြီးမကြာမီမှာပင် သူ့ယခင်ဘ၀တွင် နောက်ဆုံးတက်ခဲ့သော ပါတီပွဲကဲ့သို့ ခံစားလိုက်ရကာ အထဲသို့၀င်သွားလိုက်သည်နှင့် အခြားသောကမ္ဘာတစ်ခုဆီ ခြေချလိုက်သလို ခံစားမိသည်။

ကြိုဆိုလက်ခံရာနေရာ၏ ၀န်းကျင်မှာ အလွန်နွေးထွေးလှသည်။ အမျိုးသားများနှင့် အမျိုးသမီးများသည် အမျိုးမျိုးအစုံစုံသော အနောက်တိုင်း၀တ်စုံများကို ၀တ်ဆင်ထားကြပြီး အမျိုးသမီးအများစုသည် ညနေခင်းပွဲတက်၀တ်စုံများဆင်မြန်းထားကာ လူစုလူေ၀းကိုဖြတ်ပြီး ခေါက်တုံ့ခေါက်ပြန်သွားလာနေကြသည်။

များပြားစွာသော ကုမ္ပဏီီဦးဆောင်သူ CEOများ၊ လူသိများသည့်ဒါရိုက်တာများနှင့် ရုပ်ရှင်ကြယ်ပွင့်များလည်း ရောက်ရှိနေကြပြီဖြစ်သည်။

လင်ကျန်းရီအထဲသို့ ၀င်သွားပြီးနောက် အချို့သော စီးပွားရေးပါတနာများ၏ 'ဥက္ကဌလင်ရောက်ရှိသည်နှင့် စီးပွားရေးပူးပေါင်းမှုများ လုပ်ဆောင်နိုင်ရန်အတွက် သူတို့နှင့်တွေ့ဆုံပေးပါရန်' တောင်းဆိုခြင်းကို ခံနေရသော ကျန်းချင်၏ ခေါ်ဆောင်သွားခြင်းကိုခံရတော့သည်။

လင်ကျန်းရီသည် ခြေလှမ်းသုံးလှမ်းမျှလျှောက်ပြီးနောက် ပြန်လှည့်ကာ စုကျစ်ယန်ကိုကြည့်လိုက်သည်။ သို့သော် စုကျစ်ယန်သည် သူ့ကိုပြုံးပြကာ သူတစ်ယောက်တည်းနေနိုင်ကြောင်း အရိပ်အမြွက်ပြသည်။

သူသည် ထောင့်တစ်နေရာသို့ လှည့်ထွက်သွားလိုက်ပြီး လင်ကျန်းရီပြန်အလာကိုစောင့်ရင်း တစ်ခုခုစားနေလိုက်သည်။

------

စုယန် နောက်ကျမှရောက်လာခဲ့သည်။ ပွဲကျင်းပရာသို့ ၀င်လာပြီးနောက် သူငယ်ချင်းဟောင်းအချို့က လာရောက်နှုတ်ဆက်သည်။ ထို့နောက် 'စု'ကုမ္ပဏီ၏ ရှယ်ယာများကို ရောင်းနေသည့်အကြောင်းနှင့် မကြာသေးခင်က ဘာကြောင့် ဒီလောက်အများကြီး ဈေးကျသွားသလဲဆိုတာ မေးမြန်းကြသည်။

စုယန်သည် သူတို့ကိုပြန်ဖြေရင်း ပင်ပန်းလာခဲ့ပြီး သူတို့ ဝိုင်းထားသည့်နေရာမှ ရုန်းထွက်ဖို့ရာ အချိန်အတော်ကြာခဲ့သည်။

လင်ကျန်းရီအနေဖြင့် 'Su Group' ကို ဘာကြောင့် ပစ်မှတ်ထားလိုက်မှန်းတောင် မသိပါချေ။

သူ့သမီး၏ အရင်လုပ်ရပ်ကြောင့် မကျေမနပ်ဖြစ်တာသာဆိုလျှင် 'စု'ရဲ့လုပ်ငန်းတစ်ခု ပျက်ဆီးသွားခဲ့ပြီးပြီမို့ ဒီကိစ္စကို ချန်ထားခဲ့သင့်ပါပြီ။

သို့သော်လည်း ယခုမူ သူသည် 'စု'၏ အဓိက စီးပွားရေး လုပ်ငန်းကို စတင်ဖျက်ဆီးရန်ရည်ရွယ်နေခဲ့လေပြီ။ သူတို့ကို အသက်ရှင်ဖို့ အသက်ကယ်ကြိုးလေးတစ်ချောင်းတောင် မပေးချင်တာများလား။

မိသားစုနှစ်စုသည် မိတ်ဆွေကောင်းများ ဖြစ်ခဲ့ကြသည်မို့ ပေါ်တင်ထိခိုက်အောင်လုပ်တာမျိုး မဖြစ်သင့်ဘူးလေ။ ဟုတ်တယ်မလား။

ခိုးကြောင်ခိုး၀ှက်ဖြင့် ဘေး၀န်းကျင်ကိုကြည့်ကာ လင်ကျန်းရီ၏အရိပ်အယောင်ကို ရှာဖွေသည်။ အကယ်၍ လင်ကျန်းရီကို သူဒီနေ့မရှာနိုင်လျှင် ဒုတိယဥက္ကဌဖြစ်သော ကုဖုန်းကို အမြဲတစေရှာဖွေနေရလိမ့မည်။

ထို့နောက်မှာတော့ ထိုသူတို့ကိုရှာဖွေနေသော စုယန်သည် ဆာလောင်နေသော သူ့၀မ်းဗိုက်ကို ကိတ်မုန့်နှင့် ဖြည့်နေသော စုကျစ်ယန်နှင့် တိုက်မိလေတော့သည်။

"အာ... ကျွန်တော်တောင်းပန်ပါတယ်"

စုယန်၏မတော်တဆ ၀င်တိုက်မိခြင်းကြောင့် စုကျစ်ယန်ကိုင်ထားသော ကိတ်မုန့်ပေါ်မှခရင်မ်များမှာ ရင်ဘတ်ကို ပေကျံသွားစေလေသည်။ ထို့နောက် စုယန်သည် လျှင်မြန်စွာပင် တောင်းပန်လာ၏။

စုကျစ်ယန်သည် ခေါင်းကိုငုံ့လိုက်ရာ သူ့အ၀တ်များ၌ ခရင်မ်များပေကျံသွားကြောင်း သိလိုက်ရသည်။ သူသည် ဘေးနားရှိ တစ်ရှူးအချို့ကိုယူပြီး လျှင်မြန်စွာသုတ်လိုက်သည်။

တောင်းပန်သည်ကိုကြားပြီးနောက် မသိလိုက်မသိဘာသာပင် မော့ကြည့်ကာ သူ့ရှေ့ရှိ တောင်းပန်နေသော သက်လတ်ပိုင်းလူကြီးကို ပြုံးပြလိုက်သည်။

"ရပါတယ်။ ကျွန်တော် သန့်စင်ခန်းသွားပြီး ရေနဲ့ဆေးလိုက်ပါ့မယ်"

ထို့နောက် သူသည် ပေကျံနေသည်ကို ဆ်သုတ်နေလိုက်သည်။ စုယန်တစ်ယောက်မှာတော့ မိန်းမောတွေေ၀နေတုန်းပင်။

တစ်ဒင်္ဂအကြည့်လေးကပင် သူ့နှလုံးကို ဒိတ်ခနဲခုန်သွားစေသည်။ ဒီမျက်နှာက....

စုကျစ်ယန်သည် သူ့အ၀တ်များကို သုတ်နေရင်း သန့်စင်ခန်းဆီ လျှောက်သွားလိုက်သည်။ လမ်းတစ်၀က်၌ ပါတီပွဲလာတက်သော ယဲ့ရှော်နှင့် ဆုံမိလေသည်။ ယဲ့ရှော်သည် ၀မ်းသာအားရဖြင့် သူ့ကိုနှုတ်ဆက်လာသည်။

"အစ်ကိုကျစ်ယန်လည်း ဒီကိုရောက်နေတာ၀လား"

ကျစ်ယန်... ကျစ်ယန်လား...။

ကျစ်ယန်ဆိုတာ ဘယ်သူလဲ။

စုယန်သည် အလိုအလျောက်ပင် သူတို့အနားသို့ တိုးသွားလိုက်သည်။ သူ့မျက်နှာကို ထပ်ကြည့်မိလေလေ၊ ပိုပြီးရင်းနှီးနေလေလေဖြစ်သည်။

သူသည် နုနယ်ငယ်ရွယ်မှုတို့ နည်းပါးကာ ခန့်ငြားချောမောနေသည်။ သူ့အမူအရာများမှာလည်း ရင့်ကျက်သူတစ်ယောက်၏ ဟန်ပန်များပင်။

စုယန်သည် စုကျစ်ယန်ကို ဗလာဖြစ်နေသော မျက်လုံးများဖြင့်ကြည့်ကာ သူ့မိသားစုအမည်မှာ 'စု'ဖြစ်သလားဟု မေးချင်မိသည်။

သို့သော် သူ့ကိုစိတ်ဘ၀င်မကျဖြစ်စေသည့် မျှော်လင့်ထားသော အဖြေဖြစ်နေမှာလည်း စိုးရိမ်မိပြန်သည်။

သူတုံ့ဆိုင်းနေစဉ်မှာပင် ကျစ်ယန်နှင့် ချောမွေ့စွာစကားပြောဆိုနေသည့် ကောင်လေး၏မေးသံကို ၀ိုးတဝါးကြားလိုက်ရသည်။

"အစ်ကိုကျစ်ယန် နေကောင်းသွားပြီလား။ ကလေးလေးတွေရော နေကောင်းကြရဲ့လား"

-- ကလေးတွေလား။

စုယန်၏မျက်လုံးများ ကျယ်သွားရလေပြီ။ သူ့ခြေထောက်များမှာ သံမှိုစွဲနေသည့်သဖွယ် ဘယ်နေရာကိုမျှ မရွှေ့နိုင်ဘဲ ဆက်လက်ရပ်နေမိသည်။

အဲဒါသူပဲ။ အဲဒါက သူပဲဖြစ်ရမယ်။

သူ့မျက်လုံးအကြည့်များကို စုကျစ်ယန်၏လက်များပေါ်သု့ိ ကျရောက်စေလိုက်ာ လက်ချောင်းပေါ်၌ လက်စွပ်တစ်ကွင်းရှိနေကြောင်း မြင်လိုက်ရသည်။ စုယန်သည် ပို၍ပင် မယုံကြည်နိုင်ဖြစ်သွားရသည်။

သူက လက်ထပ်ပြီးသွားပြီလား။ ကလေးတွေတောင် ရနေပြီပေါ့။ တစ်ကယ်ပဲလား။ ဒီကမ္ဘာပေါ်မှာ ထူးဆန်းတဲ့ဟော်မုန်းတွေရှိနေတဲ့ ယောကျ်ားတစ်ယောက်ကို လက်ခံပေးနိုင်တဲ့သူ တစ်ကယ်ရှိတယ်တဲ့လား...။

စုကျစ်ယန်သည် အပြုံးလေးဖြင့် ပြန်ေုဖလိုက်သည်။

"အင်း... သူတို့နှစ်ယောက်လုံး နေကောင်းကြပါတယ်။ မကြာသေးခင်က ကျွန်တော်သူတို့ကို နာမည်တောင် ပေးပြီးပြီ။ ကျစ်ရွှမ်နဲ့ ကျစ်ဟောင်တဲ့။ ဘယ်လိုနေလဲ။ ကောင်းတယ်မလား"

ယဲ့ရှော်သည် သဘောတူကြောင်းဖော်ပြရန် စိတ်အားထက်သန်စွာဖြင့် သူ့ခေါင်းကိုညိတ်ရင်း လက်မထောင်ပြလိုက်သည်။

"အစ်ကိုကျစ်ယန်ကတော့ အမေးဇင်းပါပဲဗျာ။ ဒီနာမည်နှစ်ခုက အရမ်းကောင်းတယ်။ ကျွန်တော်ထင်တာတော့ လော့လော့လဲ ကြိုက်မယ်ထင်တယ်။ ကျွန်တော်ပြန်ရောက်ရင် သူ့ကိုပြောပြလိုက်မယ်။ ဒါနဲ့စကားမစပ် 'ကျစ်'ဆိုတာက အစ်ကို့နာမည်ကလာတဲ့စာလုံးဖြစ်ရမယ်"

"ဒါပေါ့။ ဟုတ်တယ်လေ။ ကလေးတွေက လင်မိသားစုရဲ့ မိသားစုနာမည်ကိုယူကြမှာဆိုတော့ အစ်ကို့ကိုယ်ပိုင်နာမည်နဲ့ ဆင်တူတာလေးပေးဖို့ ခွင့်မပြုသင့်ဘူးလားလို့"

စုကျစ်ယန်သည် ယဲ့ရှော်နှင့် အပြန်အလှန် နှုတ်ဆက်ပြီးနောက် သူ့ကော်လာကိုပြကာ တောင်းပန်လိုက်သည်။

"ဆောရီးပါ ရှောင်ရှော်ရာ။ အစ်ကို ဒါကိုသန့်ရှင်းဖို့ သန့်စင်ခန်းသွားလိုက်ဦးမယ်။ မဟုတ်ရင် အစွန်းကွက်ကို လျှော်မရဖြစ်သွားမှာ"

"အိုခေ... ကျွန်တော်နောက်ရက်မှပဲ အစ်ကိုတို့ဆီလာလည်ရင်း ကလေးတွေနဲ့တွေ့တော့မယ်နော်"

ယဲ့ရှော်သည် အပြုံးတစ်ပွင့်ကို ဆင်မြန်းထားရင်း ပြောလိုက်သည်။ စုကျစ်ယန်လည်း ပြန်လည်ပြုံးပြလိုက်သည်။

ယဲ့ရှော်သည် နှုတ်ခမ်းပေါ်တွင် အပြုံးကိုဆင်မြန်းထားလျက်နှင့် ဆက်လျှောက်လိုက်သော်လည်း ခြေနှစ်လှမ်းခန့်မှာပင် ရပ်လိုက်ရသည်။

စုယန် ပျော့ပြောင်းညင်သာစွာ မေးလိုက်သည်။

"ရှောင်ရှော်... မင်းနဲ့စောစောလေးက စကားပြောနေတဲ့ သခင်ငယ်လေးက ဘယ်သူလဲကွ"

သူ့ကိုလှမ်းခေါ်သည့် စုယန်ကို မြင်တာကြောင့် ယဲ့ရှော်လည်း ယဉ်ကျေးစွာနှုတ်ဆက်လိုက်သည်။

"အန်ကယ်လ်စုပါလား..."

ထို့နောက် သူဆက်ပြောသည်။

"အစ်ကိုကျစ်ယန်က ဘယ်အိမ်တော်က သခင်လေးမှ မဟုတ်ပါဘူး။ သူက ခေါင်းဆောင်ဓာတ်ပုံဆရာတစ်ယောက်လေ။ ငွေကြယ်ပွင့်တွေ၊ ဒါရိုက်တာတွေ၊ သူဌေးတွေအများကြီးနဲ့သိတယ်။ အဲဒါကြောင့် သူဒီနေ့ လာတာပေါ့"

ဒါက အလိမ်အညာတစ်ခုတော့ မဖြစ်သွားလောက်ဘူးမလား။ စောစောကပဲ ငွေကြယ်ပွင့်တစ်ချို့ အစ်ကိုကျစ်ယန်ကို ရင်းရင်းနှီးနှီး နှုတ်ဆက်နေတာ သူတွေ့လိုက်ရသည်လေ။

သည့်ပြင် လင်ကျန်းရီနှင့် စုကျစ်ယန်တို့ကလည်း လက်မထပ်ရသေးဘူးမို့ အပြင်လူတွေကိ ထိုအကြောင်း မပြောတာက ပိုကောင်းလိမ့်မည်။

ထို့ကြောင့် ယဲ့ရှော်သည် ဤမျောက်၀ိဉာဉ်ကို ခိုကဲ့သို့အဖေတစ်ခုသာ ပေးလိုက်ပါတော့သည်။

စုယန်အနေဖြင့် စုကျစ်ယန်ကို မည်သည့်မိသားစုကလာကြောင်း အမှန်တစ်ကယ်သိချင်တာတော့မဟုတ်ပေ။ သို့သော် စုကျစ်ယန်၏ မိသားစုအမည်ကိုတော့ တစ်ကယ်ကြီး ပို၍သိချင်နေမိသည်။

စကားနှိုက်ပြီးနောက်တော့ တစ်စုံတစ်ရာကို စစ်ဆေးချင်မိသည်။

"သူ့မိသားစုနာမည်က ဘာတဲ့လဲ"

စုယန် ဂရုတစိုက်ဖြင့် စူးစမ်းသလို ယဲ့ရှော် ကလည်း အားပါးတရဖြေသည်။

"သူ့မိသားစုနာမည်က 'စု'လေ။ အာ... ဟုတ်သား... အန်ကယ်လ်နဲ့ မိသားစုနာမည်တူတာပဲ။ အန်ကယ်လ်တို့က လွန်ခဲ့တဲ့ နှစ်ငါးရာလောက်က မိသားစုတစ်ခုတည်း ဖြစ်ခဲ့လောက်တယ်။ ဟားဟား..."

------------

Translated by Lay Pyay Yine (team Camomile).

ကဲကဲ ပြိတ်သတ်ကြီးရေ....

စုယန်နဲ့ စုကျစ်ယန် ဘာတော်မယ် ထင်ကြပါသလဲ။ ခန့်မှန်းကြပါဦး။


You are reading the story above: TeenFic.Net