အခန်း-၁၀၇။ မလုပ်နဲ့...ကျွန်တော်တို့ရုံးခန်းထဲမှာ...

Background color
Font
Font size
Line height

အခန်း-၁၀၇။ မလုပ်နဲ့...ကျွန်တော်တို့ရုံးခန်းထဲမှာ...

ကောင်းပြီ။
လင်ကျန်းရီတစ်ယောက် သူ့မှာ အပြစ်ရှိသလို ခံစားနေရတာကို ဝန်ခံရမှာပင်။ ဘာကြောင့်လဲ ဆိုတော့ ဒီဗွီဒီယိုအပိုင်းကို သူကြည့်လိုက်တိုင်း နည်းနည်းလေးတော့ စိတ်လှုပ်ရှားနေတတ်လို့ပင်...။

ဗွီဒီယိုကိုကြည့်ပြီး မိနစ်ပိုင်းအကြာတွင် စုကျစ်ယန်၏မျက်နှာသည် နီရဲတတ်လာပြီး ဗွီဒီယိုကိုပိတ်ရန် မောက်စ်ကို ရွှေ့လိုက်သည်။ သူပိတ်ခါနီးမှာ လင်ကျန်းရီက မောက်စ်ကို အလျင်အမြန် ဖမ်းဆွဲလိုက်ပြီး သူ့လက်ကို Deleteလုပ်ရန်အခြေအနေမှ တားဆီးလိုက်သည်။

"ဇနီးလေး၊ မင်းဘာလို့ ဖျက်ပစ်ဖို့လုပ်တာလဲ"

"ချီးပေကောင်... ဒီဗွီဒီယိုကိုရိုက်ဖို့ ကျွန်တော်ခွင့်ပြုချက်ကိုရော တောင်းခဲ့လို့လား"

စုကျစ်ယန်သည် လင်ကျန်းရီတစ်ယောက် recording လုပ်နေတာကိုပင် သတိမမှုမိသည့်အတွက် အတော်လေးကိုဒေါသထွက်မိသည်။

ပြီးတော့ ဒါကြီးကို ကွန်ပျူတာမှာ တင်ထားတာက အတော်လေးကို များသွားပြီပဲ။

"ကိုယ် ဒီဟာကို recording လုပ်ထားတာမဟုတ်ဘူး... ဇနီးလေး မေ့သွားပြီလား။ လော့ယန်တို့လာလည်တုန်းက ရိုက်ကူးပြီးတော့ အခန်းထဲကို ပြန်ဝင်လာချိန်မှာ ကင်မရာကိုပိတ်ဖို့ မေ့သွားခဲ့တာ ဖြစ်လိမ့်မယ်။ အဲ့ဒါကဘာကြောင့် အိပ်ယာနဲ့မျက်နှာချင်းဆိုင်ဖြစ်နေရသလဲဆိုတာပဲ ပြီးတော့ အဲဒီညက ကိုယ်အများကြီး​သောက်ခဲ့တာ။ ပြီးတော့ မင်းကကိုယ့်ကို အဟမ်း... အဲ့ဒါ ကူညီပေးခဲ့တယ်​လေ။ ကိုယ်တို့ကို ဒီဗွီဒီယို ရိုက်ကူးဖို့ အတွက်ကောင်းကင်ဘုံက စီစဉ်ပေးခဲ့ပဲတာဖြစ်မယ်။ ကိုယ်က ဒါကို တိတ်တိတ်လေး recording ယူထားတာ လုံးဝမဟုတ်ရပါဘူးနော်..."

လင်ကျန်းရီက ရှင်းပြသည်။ စုကျစ်ယန် သူ့ကို စိုက်ကြည့်လိုက်သည်။

"ဒါဆို ခင်ဗျားကဘာလို့ တမင်တကာ တည်းဖြတ်ပြီး ဒီမှာလာထားထားရတာလဲ"

လင်ကျန်းရီက အသာရယ်မောလိုက်သည်။

"ဒါက ဂန္တ၀င်မြောက်တဲ့ အထိမ်းအမှတ် ဗီဒီယိုတစ်ခုလေ၊ သေချာပေါက်၊ အဲဒါကို ကောင်းကောင်းထိန်းသိမ်းထားသင့်တာပေါ့"

လင်ကျန်းရီသည် သူ့ကိုယ်သူအယူခံဝင် ရှင်းပြနေရင်း ကျစ်ယန်ထိုင်နေသည့်နေရာသို့ တဖြည်းဖြည်းတိုးကပ်လာလိုက်သည်။ 

သူက သူ့ခြေထောက်ကို ​မြှောက်၍ စုကျစ်ယန်ရဲ့ပေါင်ပေါ်ကို ဖိချလိုက်ပြီး စုကျစ်ယန်ကို ကုလားထိုင်ပေါ်မှ မထ​နိုင်​​စေရန်​ ပြုလုပ်​လိုက်သည်။ သူ့နူတ်ခမ်းထောင့်၌ ထမင်းစေ့ကရှိနေသေးပြီး ခေါင်းငုံ့ကာ စုကျစ်ယန်ကို နမ်းလိုက်သည်။

စုကျစ်ဟန် - "ဟင့်...ဟမ့်...ဟမ်း..."

နှုတ်ခမ်းချင်း ထပ်ခါထပ်ခါ ပွတ်တိုက်မိနေသဖြင့် ထမင်းစေ့သည် သူတို့ပါးစပ်ထဲသို့ ဝင်သွားသည်။  လင်ကျန်းရီနှင့် စုကျစ်ယန် နှစ်ယောက်စလုံးက ၎င်းကို ခံတွင်းပတ်လည်၌ လျှာဖြင့် အဆက်မပြတ် တွန်းထုတ်နေကြသည်။

နောက်တော့ အဲဒါက သူတို့ နှစ်ယောက်ထဲက တစ်ယောက်ရဲ့ ဗိုက်ထဲကို ဝင်သွားသည်။ တိုတိုပြောရရင် သူတို့နှစ်ယောက်စလုံးရဲ့ ပါးစပ်ကနေ ထမင်းနံ့ဟင်းနံ့လို အနံ့တွေလှိုင်ထွက်နေပေသည်။

အပြင်းအထန်ရုန်းကန်ပြီးနောက် စုကျစ်ယန်သည် သူ့ကိုယ်သူလွတ်မြောက်နိုင်ခဲ့သည်။  လေကိုရှူထုတ်နေရင်း သူ့စိတ်ကတော့ ဗီဒီယိုအကြောင်း တွေးနေတုန်းပင်။ 

"အဲ့ဒါကိုဖျက်လိုက်..."

လင်ကျန်းရီ က ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

"မဖျက်ဘူး... မင်း ဖျက်လိုက်ရင်တောင် ကိုယ့်မှာ အရန်ကူးထားတာရှိသေးတယ်"

"ခင်ဗျား လူယုတ်မာကြီး... ဟမ့်...."

သေချာတာပေါ့၊ လူယုတ်မာကြီးလင်ကျန်းရီက ဒီလိုခေါင်းစဉ်ကို တကယ်မလုပ်ရဘဲ အလကားတော့အတပ်မခံပေ။ 

နောက်တစ်ကြိမ် စုကျစ်ယန်ကို ကုလားထိုင်ပေါ်ဖိချပြီး သူ့ကို တင်းတင်းကျပ်ကျပ် မက်မက်မောမော နမ်းပစ်လိုက်ပေသည်။

တဖြည်းဖြည်းနှင့် သူတို့၏ ငြင်းခုံနေမှုသည် စွဲလန်းရစ်မူးဖွယ်ကောင်းသော ပတ်ဝန်းကျင်အဖြစ်သို့ ပြောင်းလဲသွားပြီး စုကျစ်ယန်မှာ ညည်းသံလေးဖြင့်ကုလားထိုင် ​နောက်​မှီ​ပေါ် လဲကျသွားတော့သည်။

လင်ကျန်းရီသည် စုကျစ်ယန်၏ ခါးကို လက်တစ်ဖက်ဖြင့် အသာထိန်းကိုင်ထားပြီး အခြားတစ်ဖက်ကမူ ဘောင်းဘီရှည်ထဲသို့ နယ်ချဲ့ကျူးကျော်ရောက်ရှိသွားသည်။

"မလုပ်နဲ့...ကျွန်တော်တို့က ရုံးခန်းထဲမှာ..."

စုကျစ်ယန်သည် လင်ကျန်းရီ၏ စူးစမ်းနေသောလက်ကို ဖိထားလိုက်ပြီး လင်ကျန်းရီ၏ ပြင်းပြသောအကြည့်ကို ရှောင်ရှားရန်အတွက်ခေါင်းကို တစ်ဖက်သို့လှည့်လိုက်သည်။

သူ တိုးတိုးလေး စကားဆိုလိုက်သည်။

"အရင်သွားစားလိုက်နော်... ကျွန်တော် မဖျက်တော့ဘူးလေ...အိုကေ"

လင်ကျန်းရီသည် သူ့အား ထိတွေ့ပွတ်သတ်နေရင်း နှာဘူးဆန်ဆန်ပြုံးကာပြောလာသည်။

" စိတ်မပူပါနဲ့... ဒီမှာကိုယ်တို့နှစ်ယောက်ကလွဲရင် ကျန်တဲ့သူမရှိဘူး...ကိုယ် မင်းကိုစားပြီးရင် ကိုယ်ဗိုက်ပြည့်ပြီရယ်..."

"ကျွန်တော်အဝတ်တွေ ညစ်ပတ်သွားရင် အိမ်ပြန်လို့ရမှာ မဟုတ်တော့ဘူး..."

စုကျစ်ယန်သည် သူ့လက်ကိုဆန့်ထုတ်လိုက်ပြီး လင်ကျန်းရီကို အဝေးသို့ ကြိုးစားပြီး တွန်းထုတ်လိုက်သည်။

"ကောင်းပြီ။ ရှုပ်ပွအောင်လုပ်နေနဲ့တော့။ အရင် ထမင်းသွားစားလိုက်ဦး။ ခင်ဗျား ညနေကျရင် ကော့တေးပါတီတစ်ခု တက်ဖို့ရှိသေးတယ်လေ။ မြန်မြန်လွှတ်ပေး။ ပြီးရင် ထုတ်ပိုးပြီး ကျွန်တော် သားတွေကို တွေ့ဖို့ အိမ်ပြန်တော့မယ်…"

လင်ကျန်းရီသည် စုကျစ်ယန်ကို လွှတ်ရန် ငြင်းဆိုနေဆဲပင်။

မိမိတံခါးဝသို့ ကိုယ်တိုင်ကိုယ်ကျ သူ့ကိုယ်သူလာပို့သော ဇနီးလေးကိုသာမစားလိုက်ရလျှင် လုံးဝကို နှမျောစရာတွေဖြစ်ပြီပဲ။

"စိတ်မပူပါနဲ့ ကိုယ့်မှာ နားနေခန်းရှိတယ်... အထဲမှာ ကုတင်တောင်ရှိတယ်... အဲ့ဒီကို သွားရအောင်..."

လင်ကျန်းရီသည် ပြောရင်းဆိုရင်းဖြင့် စုကျစ်ယန်ကိုပွေ့ချီ၍ အခန်းထဲသို့သွားရန်ပြင်လိုက်သည်။

ထိုအချိန်မှာပဲ ရုံးခန်းတံခါးမှာ ရုတ်တရက်တွန်းဖွင့်ခံလိုက်ရပြီး အသံတစ်သံမှာဟိန်းထွက်လာချေသည်။

"ကျန်းရီ၊ ညနေခင်းဧည့်ခံပွဲကျင်းပမယ့်နေရာက ငါတို့ hotel မှာလား"

ကုဖုန်းသည် Fast-Foodနေ့လယ်စာဘူးနှင့်အတူ ဝင်လာခဲ့သည်။ သူ​မေးပြီးသည်နှင့် နှစ်ယောက်သားမှာ မောဟိုက်နေကြပြီး မျက်နှာများမှာလည်း နီမြန်းနေကြသည်ကို မြင်လိုက်ရသည်။

သူ့အကြည့်ကို အလျင်အမြန် လွှဲလိုက်ပြီး ရှင်းပြလိုက်သည်။

"အမ်… မင်းတို့နှစ်ယောက် အဲ့ဒါ...လုပ်နေကြမှန်း ငါတကယ်မသိဘူး… အောက်ထပ်မှာ မစ္စစ်​အဲလစ်​နဲ့တွေ့ပြီး သူမနဲ့မင်း နေ့လည်စာ ထမင်းမစားဖြစ်တာက မင်းအလုပ်များလွန်းလို့လို့ ထင်ခဲ့တာ။ ဒါ့အပြင် ကျင်းပမယ့်​နေရာကို အတည်ပြုချင်တာလည်းပါတယ်။ ပြီးတော့ နေ့လည်စာအတွက် fast-foodတွေပါ ဝယ်လာခဲ့သေးတယ်။ ဒါပေမယ့် အခု ငါယူလာတဲ့ အစားအစာကို မင်းစားဖို့ မလိုတော့ဘူးထင်တယ်..."

စုကျစ်ယန်သည် သူ့လက်နှစ်ဖက်တွင် အင်အားအနည်းငယ်သုံး၍ လင်ကျန်းရီကို တွန်းထုတ်ပစ်လိုက်ပြီး သူထိုင်နေသည့် ကုလားထိုင်သည်လည်း တွန်းကန်အားကြောင့် နှစ်​ဆယ်​စင်တီမီတာခန့် နောက်ပြန်ဆုတ်သွားသည်။

လင်ကျန်းရီက သူ ပြုတ်ကျတာကို မမြင်ဝံ့တာကြောင့် သူ့ကို အမြန်ဆုပ်ကိုင်ထားလိုက်သည်။ မဟုတ်ပါက သူ့နှလုံးသားလေးက နာကျင်သွားရလိမ့်မည်​ပင်​။

စုကျစ်ယန်လည်း အနည်းငယ်ရှက်သွားမိသည်။ သူသည် သူ့လေကာအင်္ကျီ၏ကော်လာကို ပြန်ချိန်ညှိကာ လင်ကျန်းရီဖြုတ်ထားသော ကြယ်သီးနှစ်လုံးကို ပြန်တပ်လိုက်သည်။

လင်ကျန်းရီသည် တစ်ဖက်သို့လှည့်လိုက်ပြီး သူ့လည်စည်းကို ပေါ့ပေါ့ပါးပါး ပြန်ညှိလိုက်သည်။ 

သူသည် လက်များကိုဖြန့်၍ ပခုံးတွန့်ပြနေသော အပြစ်ကင်းစင်ဟန်အပြည့်ဖြင့် ကုဖုန်းကို စိုက်ကြည့်ပြီး ဒီကောင်ဆိုလိုချင်တာကိုတိတ်တဆိတ် အဓိပ္ပာယ်ဖွင့်ဆိုလိုက်သည်။

မင်းရဲ့ချစ်သူ ဒီမှာ ရှိနေတယ်ဆိုတာ ငါဘယ်လိုလုပ်သိမလဲ။ အိုး... မဟုတ်သေးဘူး။ အဲဒါက မင်းဇနီးပဲ။

"ကျစ်ယန် မင်းရဲ့မျက်နှာက ပိုပြီးကြည့်ကောင်းဘလာတယ်။ မင်းအဆင်ပြေရဲ့လား"

ကုဖုန်းက စုကျစ်ယန်ကို နှုတ်ဆက်လိုက်သည်​။

"ငါကုမ္ပဏီနဲ့ အလုပ်ရှုပ်နေတာ လတွေအတော်ကြာခဲ့ပြီ။ မင်းနဲ့ ကလေးတွေဆီကိုလာလည်ဖို့ အချိန်မရှိဘူးဖြစ်နေတာ​လေ။ ငါသူတို့ဆီကို တစ်ရက်​ရက်​​တော့ ​ရောက်​​အောင် လာခဲ့ဦးမယ်။ ပြီးတော့ ကလေးတွေအတွက် လက်​​ဆောင်​​လေး​တွေလည်းပြင်​ဆင်​​ထားပြီးပြီ"

စုကျစ်ယန်ရှက်ရွံ့စွာ ပြုံးလိုက်သည်။

"ကောင်းပါပြီ ဒါဆို ကျွန်တော် ခင်ဗျားကို ကျေးဇူးအရင်တင်ထားပါရစေ။"

"ရပါတယ်။" 

စုကျစ်ယန်၏တစ်ကိုယ်လုံးကို မြိုချလုနီးပါးဖြစ်နေသည့် လင်ကျန်းရီ၏အကြည့်ကို သတိထားမိသော ကုဖုန်းသည် သဘောတကျရယ်လိုက်မိပြီး စကားစမြည်ပြောဆိုခြင်းကို ရပ်တန့်လိုက်ကာ Fast-Food ​နေ့လယ်စာဗူးကို သူနှင့်အတူယူ၍ ရုံးခန်းမှ ထွက်လာလိုက်သည်။

မထွက်သွားခင်မှာ သူတို့အတွက် တံခါးကို စေ့စပ်သေချာစွာ ပိတ်ပေးလိုက်ပြီး ခေါင်းကိုအသာငုံ့ကာ စကားဆိုလိုက်သည်။

"ငါအရင်သွားတော့မယ်။ မင်းတို့နှစ်ယောက် လုပ်လက်စကို ဆက်လုပ်ကြပါ..."

လင်ကျန်းရီမှာ​တော့ ဒီကောင့်ကို သူ့အကြိုက်ဆုံးဘောပင်နဲ့ပင်ပစ်ပေါက်ချင်သွားသည်။

မင်းအထဲ မဝင်ခင် တံခါးအရင်ခေါက်ရမယ်ဆိုတာကို မသိဘူးလားကွ...။

စုကျစ်ယန်သည် သူ့အနေနှင့်ဘေးဆိုးတစ်ခုမှ လွတ်မြောက်လာသူတစ်ယောက်ဟုပင် ခံစားလိုက်ရသည်။သူသည် ထိုင်ခုံမှထကာ ပြတင်းပေါက်ဆီသို့ ပြေးထွက်လာလိုက်သည်။

"မြန်မြန်စား... ခင်ဗျား စားလို့ပြီးရင် ကျွန်တော်အိမ်ပြန်တော့မယ်"

လင်ကျန်းရီသက်ပြင်းချလိုက်မိသည်။

မေ့လိုက်တော့။ သူ သူ့ထမင်းကိုပဲ နာနာခံခံစားလိုက်တော့မယ်။  အတော်လေးကို ခရီးရောက်လုနီးပါးဖြစ်နေပြီမို့ ဒီနေ့ညအထိ​စောင့်ပြီး အိမ်ရောက်မှပဲ ခရီးဆက်ဖို့ စောင့်လိုက်တော့မယ်...။

နေ့လယ်စာဗူးရှိ အစားအစာအားလုံးကိုစားပြီးရုံသာမက ကျန်သည့်​ကြက်စွပ်ပြုတ်အားလုံးကို သောက်ပြီးနောက် လင်ကျန်းရီသည်သက်ပြင်းရှည်ကြီးချလိုက်မိသည်။

"အိမ်ချက် ထမင်း၊ဟင်းက အကောင်းဆုံးဖြစ်နေတုန်းပဲ"

"ဒါဆို အခုကစပြီး ကျွန်တော် ခင်ဗျားအတွက် နေ့လယ်​စာ လာပို့ပေးမယ်လေ အိုကေလား"

လင်ကျန်းရီတစ်ယောက် ရှိသမျှအကုန်ကျိတ်ပစ်တာကို ကြည့်နေရသည်က သူ့အတွက်ထူးခြားသော ကျေနပ်မှုတစ်ခုကို ခံစားစေမိသည်။

လင်ကျန်းရီက စိတ်အားထက်သန်စွာ ခေါင်းညိတ်လိုက်သည်။

"ကောင်းတယ်... ​ကောင်းတယ်"

စုကျစ်ယန်က ထမင်းဗူးကို ရေဆေးဖို့အတွက် ဘေးနားက ရေချိုးခန်းထဲကို ယူသွားချင်ပေမယ့် လင်ကျန်းရီက သူ့ကို ထိုသို့လုပ်ခွင့်မပြုပေ။ စုကျစ်ယန်ဟာ ယခုအချိန်မှာ ရေအေးကို လုံးဝမထိသင့်သေးပေ။ ရေ​နွေးကိုပင် ရှောင်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။

ဒီလိုနဲ့ပဲ လင်ဥက္ကဌကြီးတစ်​​ယောက်​ စုကျစ်ယန်ကို သူ့အတွက် သူ့အင်္ကျီလက်တွေကို လိပ်တင်ခိုင်းလိုက်ပြီး နေ့လည်စာဗူးကိုယူကာ ဝမ်းသာအားရဖြင့် ဆေးကြောဖို့ သွားတော့သည်။

စုကျစ်ယန်သည် ရုံးခန်းကို လှည့်ပတ်ကြည့်ပြီးနောက် ကွန်ပျူတာကို မျက်နှာမူထားသည့်​ ဆုံလည်ကုလားထိုင်ပေါ်မှာ ပြန်ထိုင်လိုက်သည်။  ဗီဒွီယိုကို နောက်တစ်ကြိမ်ကြည့်လိုက်မိပြန်သည်။

သူဒါကိုဖျက်ပစ်လိုက်သင့်လား။ ခွေးကောင်လင်က သူ့မှာ အရန်ကူးယူထားတာ ရှိနေသေးတယ်လို့ပြောသဖြင့် ဖျက်ပစ်လိုက်လျှင်လည်း အချည်းနှီးဖြစ်သော ကြိုးပမ်းမှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။ 

အဲဒီလူယုတ်မာကြီးက လှည့်ကွက်တွေကို ကစားရတာကို သဘောကျပြီး သူ့ရဲ့ကွန်ပြူတာ ဒက်စတော့ပေါ်မှာ ဒီလိုမျိုး ပုဂ္ဂိုလ်ရေးဆန်ဆန်အရာတွေကို ထားရှိဖို့ကို သတ္တိရှိလွန်းတယ်။ တခြားသူတွေများမြင်သွားရင် ရှက်တယ်လို့ရော သူတကယ်ကြီးမခံစားရဘူးလားမသိ။

ဒါပေမယ့်... မေ့လိုက်ပါတော့၊ ဘယ်သူမှလဲ ဒီမှာထိုင်ပြီး သူ့ကွန်ပြူတာကို ပြောင်ပြောင်တင်းတင်း လာကြည့်ရဲမယ်လို့မထင်ပါဘူး။

ဒါကိုတွေးမိတော့ စုကျစ်ယန်၏ သူ့နူတ်ခမ်းထောင့်စွန်းလေးများမှာ အသာလေး​ကော့တတ်သွားရပြီး ​​ဂုဏ်ဆာနေသည့် သူ့အပြုံးကို မထိန်းနိုင်ဘဲ ပြုံးမိလေသည်။

ရုံးခန်းတံခါးမှာ တွန်းဖွင့်ခံလိုက်ရပြီး စုကျစ်ယန်က ပြုံးပြုံးရွှင်ရွှင်ဖြင့် မေးလိုက်သည်။

"ရီ... ဒီနေ့ နေ့လည်ကို မင်းနဲ့လိုက်ခဲ့မယ်ဆိုရင် မင်းရဲ့အလုပ်မှာအနှောင့်ယှက်ဖြစ်မှာလား"

စကားပြောနေရင်း စုကျစ်ယန်မော့ကြည့်လိုက်သည့်အခါ သူမြင်လိုက်ရသည်မှာ လင်ကျန်းရီလည်း မဟုတ်သလို ကုဖုန်း လည်းမဟုတ်ပေ။

အဲ့ဒါက ပေါ့ပါးသော မီးခိုးရောင် business suitဝတ်စုံကို ၀တ်ဆင်ထားသည့်​ ကောက်ကြောင်းခပ်မိုက်မိုက်နှင့် အမျိုးသမီးတစ်ဦးဖြစ်နေသည်။ 

လှပသောအရှေ့မျက်နှာစာနှင့် ချီနေသောအနောက်ဘက်ခြမ်း၊ သေးသွယ်ပါးလျသောခါး၊ ခြေတံရှည်ရှည်များကိုပိုင်ဆိုင်ထားသည့်အပြင် ဆံပင်ရှည်များကိုလည်း ခပ်မြင့်မြင့်ချည်နှောင်ထားသော သူမပုံစံသည် အတော်လေးကိုလှပပြီး အရမ်းကိုမှ စတိုင်ကျမိမိုက်လွန်းနေသည်။

ထိုသူမှာ လက်ကျန်းရီ၏အတွင်းရေးမှူး ကျန်းချင် ဖြစ်ပေသည်။

ကျန်းချင်သည် ဥက္ကဋ္ဌရုံးခန်းထဲတွင်ရှိနေသော သူစိမ်းကို ထိတ်လန့်စွာ စိုက်ကြည့်နေမိသည်။ အံ့အားသင့်ထိတ်လန့်နေရာမှ သတိဝင်လာပြီးနောက် ကျန်းချင်သည် တုန်လှုပ်​နေသည့်အသံဖြင့်မေးလိုက်သည်။

"ရှင်က ဘယ်သူလဲ။ ရှင် ဒီထဲကိုဘယ်လိုဝင်လာတာလဲ။ ရှင့်ရဲ့ရည်ရွယ်ချက်ကဘာလဲ"

စုကျစ်ယန်မှာအံ့သြသွားရသည်။ ကျန်းချင်သည် သူမ၏ လက်ကိုင်ဖုန်းကို ထုတ်ထားပြီးဖြစ်သည်။

"ရှင်က ဥက္ကဋ္ဌရဲ့ ကွန်ပြူတာကိုတောင် ဖွင့်ထားသေးတာလား။ ရှင်က အခကြေးငွေနဲ့ငှားထားတဲ့သူလျှိုလား။ ကျွန်မ ရဲခေါ်ပြီး ရှင့်ကို ဖမ်းလိုက်မှာနော်"

"ဟေး... ငါမဟုတ်ဘူး..."

စုကျစ်ယန်က မတ်တပ်ရပ်ချင်ပေမယ့် ကျန်းချင်က နောက်တစ်လှမ်းပြန်ဆုတ်လိုက်​သည်​။

"ရေ့တိုးမလာနဲ့။ ငါလုံခြုံရေးတွေကို ချက်ချင်း ခေါ်လိုက်မယ်"

"... "


စုကျစ်ယန် အတော်လေးကိုစကားမပြောနိုင်ဖြစ်သွားရသည်။

ကျန်းချင်သည် ခြေလှမ်းနှစ်လှမ်းဆုတ်ပြီးနောက် နေ့လည်စာဗူးကို ဆေးကြောပြီးနောက် ပြန်လာသော လင်ကျန်းရီထံသို့ ပြေးဝင်လုနီးပါးဖြစ်သွားသည်။ သူမသည် သူစိမ်း၏အပေါင်းအဖော်ဟုထင်ကာ ကြောက်လန့်တကြားဖြင့်အော်လိုက်သည်။

လင်ကျန်းရီက အံ့ဩသွားပြီး မေးလိုက်သည်။

"ရှောင်ချင်... ဘာကိစ္စရှိလို့လဲ။ ဘယ်တုန်းက ပြန်ရောက်တာလဲ။ ပြီးတော့ ဘာလို့ ဒီလောက်တောင်အော်နေရတာလဲ"

ကျန်းချင်သည် လင်ကျန်းရီကိုမြင်လိုက်မှသာ သူမ၏နှလုံးသားသည် နေရာမှန်သို့ ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။  သူမသည် စုကျစ်ယန်ကို ညွှန်ပြပြီး လင်ကျန်းရီ အား တိုင်ကြားလိုက်သည်။

"ဥက္ကဋ္ဌလင်​... ဒီလူက တစ်နေရာရာကနေ ရုတ်တရက်ကြီး ပေါ်လာတာ။ သူက တခြားကုမ္ပဏီတွေက ပိုက်ဆံယူထားတဲ့သူလျှို ဖြစ်နိုင်လား။ သူက အခုလေးတင် ဥက္ကဋ္ဌရဲ့ ကွန်ပြူတာကို မွှေနေတာ။ ကျွန်မတို့ သူ့ကိုရဲတိုင်ပြီး ဖမ်းပစ်လိုက်သင့်လား"

"..."

လင်ကျန်းရီသည်လည်း အနည်းငယ် စကားမပြောနိုင်ဖြစ်သွားရသည်။

သူ့မှာ ဒီလို အတွင်းရေးမှူးတစ်ယောက် ဘယ်လိုလုပ်ရှိနေရတာလဲ။

လင်ကျန်းရီသည် ကျန်းချင်၏ပုခုံးကို စိတ်လျှော့ရန် လက်ဖြင့်အသာပုတ်လိုက်ပြီးနောက် စုကျစ်ယန်ကိုကြည့်လိုက်သည့်အခါ ခပ်စူးစူးအကြည့်တစ်ချက်ဖြင့်ရင်ဆိုင်လိုက်ရသည်။

လင်ကျန်းရီသည် သူ့လက်ကို အမြန်ချလိုက်ပြီး ချက်ချင်းပင်ဖြေရှင်းချက်ပေးတော့သည်။

"ဒီကိုလာဉီး ရှောင်ချင်... မင်းရဲ့ အနာဂတ်ဥက္ကဋ္ဌကတော်နဲ့ မင်းကို မိတ်ဆက်ပေးပါရစေ။ ငါ့လက်ထပ်ပွဲကိုတတ်ဖို့ မမေ့နဲ့"

ကျန်းချင်သည် ဥက္ကဋ္ဌက​တော်​ဆိုသည့် စုကျစ်ယန်ကို သေချာကြည့်လိုက်သည်။  ဒါပေမယ့် သူမအနေဖြင့် သူ့ကို ဘယ်လိုရှုထောင့်ကနေပဲကြည့်ကြည့် ယောက်ျားတစ်ယောက်လို့ပဲ မြင်နေမိတယ်။ သူကဘယ်လိုကနေဘယ်လို ဥက္ကဋ္ဌရဲ့ ဇနီး ဖြစ်သွားတာလဲ။

လင်ကျန်းရီသည် သူမ၏ထိတ်လန့်တုနှ်ုပ်နေမှုကို လျစ်လျူရှုထားပြီး စုကျစ်ယန်ကို သူ၏ အတွင်းရေးမှုးဖြစ်သူနှင့် ဆက်၍ ​မိတ်ဆတ်ပေးနေလိုက်သည်။

"ကျစ်ယန် ဒါက ကိုယ့်ရဲ့ အတွင်းရေးမှုးပဲ၊ အိုး... သူက စောနကမင်းကို ပြောပြခဲ့တဲ့ လက်ထောက်ဆိုလည်းဟုတ်တယ်။ သူက ကျန်းချင်လို့ခေါ်တယ်။ သူမက ဘွဲ့ရပြီးကတည်းက ကိုယ်နဲ့ အလုပ်တွဲလုပ်လာတာ အခုဆို သုံးနှစ်ရှိပြီ"

စုကျစ်ယန်က မျက်တောင်တစ်ချက်ခတ်လိုက်ပြီးနောက် လူကြီးလူကောင်းဆန်ဆန် အပြုံးလေး ပြုံးပြလိုက်သည်။  သူက မတ်တပ်ထရပ်လိုက်ပြီး ကျန်းချင်ရှိရာသို့လျှောက်သွားကာ သူမထံသို့လက်ကို ဆန့်တန်းပေးလိုက်သည်။ 

"ဟယ်လို၊ ကျွန်တော့်နာမည်က စုကျစ်ယန်ပါ တွေ့ရတာဝမ်းသာပါတယ်"

ကျန်းချင်သည် သူမ၏ ထိတ်လန့်မှုထဲတွင် နှစ်မြုပ်နေဆဲဖြစ်သည်။  သူမသည် စုကျစ်ယန်နှင့် ထိတ်လန့်မှုအပြည့်ဖြင့် လက်ဆွဲနှုတ်ဆက်လိုက်ပြီးနောက် သူမ၏အမြင်အာရုံသည် သူ၏လက်သူကြွယ်ပေါ်ရှိ တောက်ပသောလက်စွပ်ပေါ်တွင် ကျရောက်သွားသည်။ သူမချက်ချင်းနားလည်သွားသည်။

ဒီလက်စွပ်က ဥက္ကဋ္ဌရဲ့လက်ကလက်စွပ်နဲ့ အတူတူပဲ။

"ဒါဆို ရှင်က ဥက္ကဋ္ဌကတော်ပဲ။ စောနက ကျွန်မအနေနဲ့ ရိုင်းရိုင်းစိုင်းစိုင်း ပြုမူမိလိုက်တာအတွက် ခွင့်လွှတ်ပါနော်" 

ကျန်းချင်သည် ဥက္ကဋ္ဌ၏ အတွင်းရေးမှုးဖြစ်ရန် အမှန်တကယ်ပင်ထိုက်တန်သူဖြစ်သည်။  သူမ၏ စိတ်ခံစားချက်တွေကို အလျှင်အမြန်ပင်ပြန်ပြင်ဆင်နိုင်ပြီး စုကျစ်ယန်ကို ချက်ချင်းပင်တောင်းပန်စကားဆိုလိုက်သည်။

စုကျစ်ယန်က နောက်သို့ပြန်လှည့်ပြီးနောက် အပြုံးလေးဖြင့်ပြောလိုက်သည်။

"ကိစ္စမရှိပါဘူး။ ကျွန်တော်တို့က လက်မထပ်ရသေးပါဘူး။ ကျွန်တော်ကို ကျစ်ယန်လို့ပဲခေါ်ပါ"

လင်ကျန်းရီသည် စုကျစ်ယန်ကို အလျင်အမြန်ပွေ့ဖက်လိုက်သည်။

"ဇနီးလေး။ ကိုယ်တို့က အခု၊ ဒါမှမဟုတ်သိပ်မကြာခင်ပဲ လက်ထပ်ကြတော့မှာ မဟုတ်ဘူးလား။ သူ့ကို မဒမ် လို့ပဲခေါ် "

[ ရော်/N- တကယ် မဒမ်ပါနော်🤧 ]

ကျန်းချင်က အသာပြုံးပြီးနောက် ပြောလိုက်သည်။

"ထိုင်ပါဉီး မဒမ်... ကျွန်မ မဒမ် အတွက် ကော်ဖီတစ်ခွက် ဖျော်လိုက်ပါ့မယ်"

"မဖျော်နဲ့​တော့။ ငါ့ဇနီး​လေးက ကော်ဖီမသောက်ဘူး"

လင်ကျန်းရီက တားလိုက်သည်။ စုကျစ်ယန်က သိပ်မကြာသေးမီကမှ ကလေးမွေးဖွားထားခဲ့ရတာလေ။ သူကဘယ်လိုလုပ်ကော်ဖီသောက်လို့ရမလဲ။

"ဟုတ်ကဲ့ပါ..."

ကျန်းချင်သည် တုံ့ဆိုင်းသွားပြီးနောက် ဥက္ကဋ္ဌရဲ့ အင်္ကျီလက်ကို လိပ်တင်ထားတာကို သတိပြုမိသွားပြီး သူ့လက်ထဲမှာ ထမင်းဗူးနဲ့ အပူပေးဓာတ်ဗူးတစ်လုံးပါရှိနေသေးသည်။

ထိုပစ္စည်းတွင်စိုစွတ်နေသေးသည့် ရေစက်တွေကိုကြည့်ခြင်းဖြင့် အခုလေးတင် ဆေးကြောသန့်စင်ပြီးသွားတာဖြစ်မှန်း ထင်ရှားသိသာလွန်းလှသည်။

ချက်ခြင်းပင် သူမ အံ့ဩထိတ်လန့်သွားမိသည်။

ထိပ်​တန်းဥက္ကဋ္ဌကြီးက နေ့လည်စာထမင်းဗူးကို ကိုယ်တိုင် ဆေးကြောဖို့အတွက် တကယ်ကြီးသွားခဲ့တာလား။ ဥက္ကဋ္ဌရဲ့ဇနီးကလည်း တကယ်ကြီးကို ရုံးခန်းထဲမှာ ကွန်ပျူတာနဲ့ ကစားနေခဲ့တာလား။ ဒါတင်မကသေးဘူး။ ဥက္ကဋ္ဌကြီးက သူ့ဇနီးလေးကို တအားကိုချစ်ပြ၊ တုန်ပြနေသေးတယ်...။

ပျော်ရွှင်ကြည်နူးစရာကောင်းပြီး ခွေးစာတွေကျဲချတော့မဲ့ အချိန်ကာလတစ်ခုကို ရောက်ရှိလာတော့မယ့်ပုံပဲ။

ဒါပေမယ့်လည်း ယောက်ျားလေးတွေကို သဘောကျတယ်ဆိုတဲ့ဥက္ကဋ္ဌရဲ့ ဘာသာရပ်ကြီးက သူမအား အတော်လေးကိုအကြီးအကျယ် ထိတ်လန့်တုန်လှုပ်စေတုန်းပဲ။

___________

ဘာသာပြန်သူမှာပြောစရာရှိတယ်-

Other Gong များ Shouလေးအားတစ်ခြားသူနဲ့မိတ်ဆတ်ပေးချိန်တွင်
"သူက ကျွန်တော်ညီလေးလိုခင်ရတဲ့သူပါ၊ သူကကျွန်တော် မိတ်ဆွေပါ ဘလာ ဘလာ!!!"

Shouလေးများ [ သူကငါနဲ့သူပတ်သတ်တာကိုလူမသိစေချင်ဘူးပဲ *အကြီးအကျယ်D၀င်လျက်* ]

IDWTBR! တွင်-

Shouလေးစု " သူနဲ့ကျွန်တော်ကလက်မထပ်ရသေးပါဘူး *with smile* "

Gongကြီးကျန်းရီ " ဘာတွေပြောနေတာလဲ ကိုယ်တို့ကမကြာခင်လက်ထပ်တော့မှာလေ၊ ကိုယ်တို့ကလင်လင်တွေလေ၊ လက်စွပ်တွေလည်းလှဲထားပြီးပြီလေ၊ အပိုစုဘူးလေး၂ဘူးလည်းရှိသေးတယ်လေ...ဘလာဘလာ"-with စွေ့စွေ့ခုန်လျက်

___________

Translated By L.Z_Velly ( Yaw_Ywet_Kway )
[ Team_Camomile ]

လေပြည်​ - ပြီးခဲ့တဲ့အပတ်​တုန်းက ​ရော်​​လေးမအားလို့ update မလုပ်​ဖြစ်​တာမို့ ဒီအပတ်​မှာပဲ ၄ပိုင်uးp ​ပေးမယ်​​နော်​။


You are reading the story above: TeenFic.Net