Surprise!!!!!!
ဒီတစ်ပတ်အတွက် ပုံမှန်၂ပိုင်းလို့ပြောထားပေမဲ့ လေပြည်လေးက ချစ်ဖို့ကောင်းတဲ့ စာဖတ်သူတွေအတွက် bonus chapter အဖြစ် တစ်ပိုင်းထပ်up ပေးလိုက်တယ်နော်။ လေပြည်လေးချစ်ဖို့ကောင်းတယ်မလား။
-------
အခန်း ၁၀၆။ computer desktop ပေါ်မှ ညစ်ညမ်းဗွီဒီယို
ပုံမှန်အားဖြင့် သြဇာပြည့်လျှမ်းနေတတ်သော ဥက္ကဌလင်သည် အမှန်တကယ်ပင် ကြောက်ရွံ့နေပြီး ထိတ်လန့်သွားရသည်။ သူ့ကိုယ်သူ ရှင်းပြခါနီးတွင် စုကျစ်ယန်သည် ဓာတ်လှေကားထဲမှ အဆောတလျင် ထွက်လာပြီး အမျိုးသမီးကို ပြုံးပြကာ အင်္ဂလိပ်လို သွက်လက်စွာ ပြောလိုက်သည်။
"ဟုတ်ပါတယ်။ ကျွန်တော်က delivery ပို့တဲ့သူပါ။ ဥက္ကဌလင်က မင်းကို ကျွန်တော်တို့ရဲ့ တရုတ်စာစစ်စစ်ဟင်းလျာတွေကို မြည်းစမ်းစေချင်လို့လေ။ ဒီလိုလှပတဲ့အမျိုးသမီးက ကျွန်တော်တို့ရဲ့တရုတ်ဟင်းလျာတွေကို စမ်းသပ်စားသောက် ဂုဏ်ပြုပေးမယ်ဆိုတော့ အံ့သြမဆုံးပါပဲဗျာ"
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ"
မျှော်လင့်ထားသည့်အတိုင်း နိုင်ငံခြားသူသည် စိတ်အားထက်သန်မှု လွန်ကဲနေ၏။ စုကျစ်ယန်၏ စကားကိုကြားတော့ သူမပြုံးကာ ရှေ့တိုးလာပြီး စုကျစ်ယန်ကို ပွေ့ဖက်လိုက်သည်။ သူမ ချီးမွမ်းလိုက်သည်။
"မင်းက အရမ်းချောမောပြီး စတိုင်ကျတာပဲ။ မင်းက ငါမြင်ဖူးသမျှထဲမှာ အချောဆုံး dlivery man ပါပဲ"
စုကျစ်ယန်မတ်တပ်ရပ်လိုက်ပြီး မလှုပ်ရှားနိုင်ဖြစ်နေသော လင်ကျန်းရီ၏မျက်လုံးများ နက်မှောင်သွားသည်။ သူသည် စုကျစ်ယန်၏လက်ကောက်ဝတ်ကို ဆွဲကိုင်လိုက်ပြီး နိုင်ငံခြားသူအမျိုးသမီး၏ စိတ်အားထက်သန်သောပွေ့ဖက်မှုကို အောင်မြင်စွာရှောင်ရှားစေနိုင်ခဲ့သည်။
"ဇနီးလေး ဘာလို့ဒီကိုရောက်နေတာလဲ"
လင်ကျန်းရီ အံသြစွာမေးလိုက်သည်။ စုကျစ်ယန်က သူ့လက်ထဲက ထမင်းဗူးကို ယမ်းခါပြလိုက်သည်။
"အဓိပ္ပာယ်မရှိတာတွေမပြောပါနဲ့ဗျာ။ ကျွန်တော်က deliver ပို့သူသက်သက်ပဲကို"
ထို့နောက် သူသည်ခေါင်းကို နောက်ပြန်လှည့်ပြီး အင်္ဂလိပ်လို ပြောလိုက်သည်။
"မိန်းမလှလေး.. ကျွန်တော်က ထမင်းလာပို့ရုံတင်မကဘူး။ ဟင်းတွေကိုလည်း ကိုယ်တိုင်ချက်ပြုတ်တတ်တယ်။ မင်းရဲ့အရသာနဲ့ ကိုက်ညီမှုရှိမရှိ စမ်းပြီးစားကြည့်မလား"
လင်ကျန်းရီ၏ မျက်ခုံးများမှာ အတူတကွစုကြုံ့သွားရပြီး သူ့ဖောက်သည်၏ ခံစားချက်ကိုပင် မေတ္တာရပ်ခံ တောင်းပန်မနေနိုင်တော့ပေ။
လက်ရှိအချိန်မှာ အရေးကြီးဆုံးက သူ့ဇနီးလေးကို စိတ်အေးချမ်းအောင်ထားဖို့ပဲဖြစ်သည်။ အာဃာတတွေ ဆုပ်ကိုင်ထားတဲ့အခါ ဒီကောင်ငယ်လေး လှုပ်ရှားတာဘယ်လောက်မြန်လဲဆိုတာသာ ကြည့်ပါတော့။ သူ့ရှေ့မှာတင် လက်စားချေနေပြီလေ။
နေ့လယ်စာဘူးထဲက အစားအစာတွေကို စုကျစ်ယန်ကိုယ်တိုင်လုပ်လာပြီး သူ့ဆီသို့အထူးတလည်လာပို့တာဆိုမှတော့ ဒီနိုင်ငံခြားသူကို အဲဒီ့အခွင့်အရေးမျိုး ဘယ်လိုလုပ်ပေးနိုင်မှာလဲ။
ထို့ကြောင့် လင်ကျန်းရီသည် သူ၏ အတွေးအမြင်များကို ဖော်ပြရန်အတွက် သူ့အပြုအမူများကို အသုံးပြုလိုက်သည်။ သူသည် စုကျစ်ယန်၏ခါးကိုကိုင်ပြီး သူ့ရင်ခွင်ထဲကို ဆွဲသွင်းလိုက်သည်။ ထို့နောက် နိုင်ငံခြားသူကို ပြောလိုက်သည်။
"အဲလစ်... ဒါက ငါ့ဇနီးလေ။ သူက ငါ့ဆီ နေ့လယ်စာပို့ဖို့လာတာ။ တောင်းပန်ပါတယ်။ ဒါပေမဲ့ နေ့လယ်စာစားဖို့ မင်းနဲ့အတူ မလိုက်နိုင်တော့ဘူး။ နောက်ရက်ကျမှ ထမင်းစားဖို့ ဖိတ်လိုက်မယ်နော်"
ဇနီးလား...။
အဲလစ်သည် ဒါကိုကြားလိုက်ချိန်၌ မယုံကြည်နိုင်ဟန်ဖြင့် သူမ၏အပြာရောင်မျက်လုံးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
"ဒါပေမဲ့ သူကယောက်ျားလေးတစ်ယောက်လေ"
"မစ္စစ်အဲလစ်... သူ့ရဲ့အဓိပ္ပာယ်မရှိတာတွေ နားမထောင်နဲ့။ ကျွန်တော်က delivery ပို့တဲ့သူပါဗျာ။ သွားရအောင်။ အစားစားဖို့ နေရာကောင်းရှာမယ်လေ"
စုကျစ်ယန်သည် လင်ကျန်းရီသူ့ကိုလွှတ်စေရန် ကြိုးစားလိုက်သည်။ သို့သော်လည်း ဘာလို့များ လင်ကျန်းရီက သူ့ကိုလွှတ်ပေးမှာတဲ့လဲ။ သူအလောတကြီးဖြင့် ချော့လိုက်သည်။
"ဇနီးလေးရာ... စိတ်မဆိုးပါနဲ့တော့။ လူမှုဆက်ဆံရေးမှာ ဒါက မရှိမဖြစ်လိုအပ်တယ်မဟုတ်ဘူးလားလို့။ ကိုယ့်မှာ သူ(မ)နဲ့ ဘာမှလုပ်စရာ မရှိပါဘူးကွာ"
စုကျစ်ယန်နှာမှုတ်ကာ သူ့ကိုကြည့်ရန်စိတ်မ၀င်စားဘဲ တခြားဘက်သို့ လှည့်လိုက်ဖို့ရာ စိတ်အနှောင့်အယှက်မဖြစ်ပေ။
လူမှုဆက်ဆံရေးမှာ ဘယ်လိုကြိုတင်လိုအပ်ချက်တွေရှိလဲ။ လူမှုဆက်ဆံရေးမှာ သူမက ခင်ဗျားရဲ့လက်မောင်းကို ဒီလောက်ရင်းရင်းနှီးနှီး ဆုပ်ကိုင်ထားဖို့ လိုအပ်လား။
ခင်ဗျားတို့ကြားမှာ ဘာမှပတ်သတ်မှုမရှိရင် ခင်ဗျားဘာလို့ သူ့ကိုမတွန်းထုတ်ခဲ့တာလဲ။ ပြီးတော့ ခင်ဗျားသူမကို အရမ်းပျော်ပျော်ရွှင်ရွှင်ပုံစံနဲ့တောင်မှ စကားပြောနေတာလေ။
အလွန်အမင်း အရေးကြီးနေသည့်အခိုက်အတန့်တွင် လင်ကျန်းရီသည် သူ့ခေါင်းကိုမော့လိုက်ပြီး အဲလစ်ကို သူ့လည်ပင်းပေါ်ရှိ အမှတ်များကို ပြသလိုက်သည်။
"အဲလစ် ဒီမနက်မှာ ငါ့အိမ်က ချစ်စိတ်ပြင်းပြတဲ့ ငရုပ်သီးလေးနဲ့ပတ်သတ်ပြီး မင်းငါ့ကို မနောက်ပြောင်ခဲ့ဘူးလား။ ငါ ငြင်းခဲ့လို့လား။ မငြင်းခဲ့ဘူးလေ။ ဒီအမှတ်တွေက သူပေးထားတာပဲ"
အဲလစ်က တောက်ပစွာပြုံးပြီး နားလည်မှုဖြင့် ခေါင်းညိတ်လိုက်သည်။ လင်ကျန်းရီနှင့် စုကျစ်ယန်အကြားတွင် သူမ၏မျက်လုံးများကို လှည့်လည်သွားလာစေလိုက်သည်။
"အိုး… ဒါဆို မင်းက ဂျီအေ၀ိုင်လား။ ကိစ္စမရှိပါဘူး။ ငါလက်ခံနိုင်ပါတယ်။ နှစ်ယောက်စလုံး ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးတယ်နော်"
သူမက ဒီလိုပြောရင်း စုကျစ်ယန်ကို ပြုံးပြီးရှင်းပြသည်။
"စိတ်မဆိုးပါနဲ့ ချစ်စရာမောင်ငယ်လေးရယ်။ အစ်မသူ့လက်မောင်းကို ဆုပ်ကိုင်ထားချိန်မှာ သူ့လက်က တွန့်တွန့်သွားတယ်ရော်။ သူက မင်းအပေါ် သိပ်ပြီးသစ္စာရှိတာပဲ"
စုကျစ်ယန်၏ မျက်လုံးများ လှုပ်ရှားသွားသော်လည်း မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
အဲလစ်က ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်ပြီး ဓာတ်လှေကားက ဒီအထပ်မှာပင် ရှိနေတာကြောင့် တံခါးက အမြန်ပွင့်သွားသည်။ အဲလစ်သည် သူမ၏တင်ပါးကို တလှုပ်လှုပ်ဖြစ်စေကာ အတွင်းသို့ လျှောက်သွားပြီး ဓာတ်လှေကားတံခါး ပိတ်ခါနီးတွင် သူမခေါင်းကို ထုတ်ကာ စုကျစ်ယန်ကို လက်ပြလိုက်သည်။
"ဘိုင့်ဘိုင် မောင်ငယ်လေး"
သင့်ကိုယ်သင် လိမ္မာပါးနပ်စွာ သုံးသပ်ပါ။
စုကျစ်ယန်၏ ဒေါသတစ်ဝက်သည် ငြိမ်းသွားပြီဖြစ်သော်လည်း သတိပေးချက်တော့ ပေးသင့်သေးသည်။ သူ့လက်ထဲတွင် ထမင်းဗူးကိုင်ထားရင်း လှည့်သွားကာ ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။
လင်ကျန်းရီသည် သူ့ကိုပွေ့ဖက်ခြင်းအားဖြင့် ရပ်တန့်စေကာ သူတို့ရဲ့ ခန္ဓာကိုယ်တွေ ဖက်ထားလျက်သားနှင့် စုကျစ်ယန်ကိုနမ်းရန်အတွက် ကိုယ်ကိုကိုင်းလိုက်သည်။ စုကျစ်ယန်က လှည့်ထွက်သွားရင်းပြောသည်။
"ခင်ဗျားမစားဘူးလား။ ဒါဆို အိမ်ပြန်တော့မယ်"
"မဟုတ်ဘူး... ဇနီးလေး... မင်းကကိုယ့်အတွက် စားစရာတွေ ယူလာတဲ့ဟာ နေ့လည်စာစားဖို့ အပြင်ထွက်စရာ မလိုတော့ဘူးလေ။ စိတ်မဆိုးပါနဲ့။ ဟုတ်ပြီလား။ ကိုယ့်ရုံးခန်းကို မင်းကိုလိုက်ပြမယ်။ သွားကြစို့ ဇနီးလေး"
လင်ကျန်းရီသည် စုကျစ်ယန်၏လက်ကိုလွှဲယမ်းလိုက်ပြီး သိသာစွာပင် သူသည်ရှက်ကိုးရှက်ကန်း ဖြစ်ဟန်ဆောင်နေတာပဲဖြစ်သည်။
စုကျစ်ယန် အဲဒါကိုတွေးပြီးနောက် သဘောတူလိုက်သည်။ အခု သူကဒီကို ရောက်နေပြီ။ သူမြန်မြန်ထွက်သွားလိုက်ရင် သူ ဘာမှအောင်မြင်မှာ မဟုတ်တော့ဘူးမလား။ သူ့ရုံးခန်းထဲမှာ လျှို့ဝှက်အန္တရာယ်တစ်ခုခုရှိနေရင် လင်ကျန်းရီအတွက် သိပ်ကောင်းမှာမဟုတ်ဘူးမလား။
ထို့ကြောင့် စုကျစ်ယန်သည် အနည်းငယ် ချောင်းဆိုးဟန်လုပ်လိုက်ပြီး လင်ကျန်းရီကို ကြည့်ကာ အမိန့်ပေးလိုက်သည်။
"လမ်းပြလေ"
လင်ကျန်းရီ ချက်ခြင်းပင် တုန်လှုပ်သွားသည်။ သူသည် စုကျစ်ယန်၏ခါးကို တရင်းတနှီး ပွေ့ကိုင်ထားပြီး အတွင်းထဲသို့ ဝင်လာခဲ့သည်။
ကြီးမားလှသော မှန်တံခါးဆီကို ရောက်သွားသောအခါ လင်ကျန်းရီသည် ၎င်းကိုဆွဲဖွင့်ပြီး စုကျစ်ယန်ကို ဦးစွာ ဝင်ခွင့်ပြုလိုက်သည်။
သူတို့ဝင်သွားပြီးနောက် လင်ကျန်းရီသည် စုကျစ်ယန်ဆီမှ နေ့လည်စာဘူးကို ကျိုးနွံစွာ ယူလိုက်သည်။
"ဇနီးလေး... ကိုယ့်ကိုကိုင်ထားခွင့်ပေးနော်။ မင်းတလမ်းလုံး ကိုင်လာရတာ မပင်ပန်းဘူးလား"
စုကျစ်ယန်သည် သူ့လက်မောင်း အနည်းငယ်နာနေသည်ဟု ခံစားလိုက်ရသောကြောင့် ထမင်းဗူးကို လင်ကျန်းရီအား သယ်သွားခွင့်ပြုလိုက်သည်။
"ဇနီးလေး စားပြီးပြီလား။ အတူတူစားရအောင်လေ"
လင်ကျန်းရီက ဆက်မေးသည်။
သူ့ဇနီးသည်သည် မျက်နှာကိုရှည်အောင်ဆွဲထားသဖြင့် အထူးသဖြင့် မသေချာသလို ခံစားရသည်။
[*မျက်နှာကိုရှည်အောင်ဆွဲသည် - ၀မ်းနည်းနေပုံ၊ မှုန်ကုပ်ကုပ်ဖြင့် မှိုင်တွေငေးငိုင်နေခြင်း၊ မနှစ်သက်မှု၊ စသဖြင့်ဖော်ပြလိုခြင်း။ {အမေရိကန်အင်္ဂလိပ်အသုံးစကား}]
"အင်း ကျွန်တော်စားပြီးပြီ။ ခင်ဗျားဘာသာပဲစားတော့"
စကားပြောလာရင်းဖြင့် သူတို့နှစ်ဦးသည် လင်ကျန်းရီ၏ရုံးခန်းသို့ ရောက်ရှိလာပြီဖြစ်သည်။ တံခါး၏နောက်တွင် မှန်ဖြင့်ပြုလုပ်ကာရံထားသော အခန်းရှိပြီး အထဲရှိကွန်ပြူတာမှာ ပွင့်နေသည့်တိုင် မည်သူမျှမရှိပေ။ စုကျစ်ယန်က သိချင်စွာဖြင့်မေးလိုက်သည်။
"အဲဒါက ဘယ်သူ့နေရာလဲ"
"အိုး… အဲဒါ ကိုယ့်လက်ထောက်ရဲ့နေရာလေ"
လင်ကျန်းရီ အမှန်အတိုင်းဖြေသည်။
"သူ(မ)က နေ့လည်စာစားဖို့သွားပြီ။ ကုဖုန်းနဲ့အတူတူ အနားယူရင်း ဖောက်သည်တွေကို ဧည်ခံနေတာ ဖြစ်နိုင်တယ်"
စုကျစ်ယန်တစ်ယောက် သူ့အကြည့်တွေကို ပြန်လည်ရုတ်သိမ်းလိုက်ချိန်တွင် လင်းကျန်းရီက သူ့ရုံးခန်းတံခါးကို တွန်းဖွင့်ပြီးသွားပြီဖြစ်သည်။ သူသည် သွေးနားထင်ရောက်နေဟန်ဖြင့် ပြုံးလိုက်သည်။
"ဇနီလေး... ကိုယ့်ရုံးခန်းကနေ ကြိုဆိုပါတယ်"
တစ်ထပ်လုံးသည် လက်ထောက်၏မှန်ခန်းမှလွဲ၍ လင်ကျန်းရီ၏ရုံးခန်းဖြစ်သောကြောင့် အလွန်ကျယ်သည်။ ရုံးခန်းကို ရုံးဧရိယာနှင့် ဧည့်ခန်းဟူ၍ ခွဲခြားထားသည်။
စုကျစ်ယန်သည် တံခါးထဲဝင်သွားပြီးနောက် အလွန်ပြင်းထန်သော ရေမွှေးနံ့ကို ရလိုက်သည်။ အဲလစ်၏ ခန္ဓာကိုယ်ပေါ်ရှိ ရေမွှေးနံ့ကဲ့သို့ အနံ့အသက်ရနေသဖြင့် မျက်မှောင်မကြုတ်ဘဲမနေနိုင်ပေ။
သူမျက်မှောင်ကြုတ်နေတာကိုမြင်ပြီး လင်ကျန်းရီသည် ပြတင်းပေါက်ဆီပြေးသွားပြီး ဖွင့်လိုက်ရင်း ရှင်းပြသည်။
"နိုင်ငံခြားသားတွေက ရနံ့ပြင်းတဲ့ ရေမွှေးကို ကြိုက်ကြတယ်။ ဒါကြောင့် သိပ်အများကြီး မစဉ်းစားပါနဲ့"
"လာစမ်းပါ။ ငါက အဲဒီ့လောက်အမြင်မကျဉ်းဘူး။ သွားစားတော့။ တော်ကြာ အေးသွားလိမ့်မယ်။ ကြက်စွပ်ပြုတ်လည်း ထည့်လာတယ်။ များများသောက်"
စုကျစ်ယန်သည် သူ့ဓာတ်ပုံကို လင်ကျန်းရီ၏ စားပွဲပေါ်တွင်မြင်လိုက်ရပြီး ကွန်ပျူတာမျက်နှာပြင်၌လည်း သူ့ပုံများအဆက်မပြတ် လင်းလက်နေသဖြင့် သူ့ဒေါသများမှာ လေထဲတွင်ပင် ပျောက်ကွယ်သွားခဲ့သည်။
လင်ကျန်းရီသည် သူ၏ဓာတ်ပုံများကို desktop screen saver အဖြစ် အသုံးပြုထားပြီး သူတို့၏ အဖွဲ့လိုက်ဓာတ်ပုံကိုလည်း ထင်ရှားသောနေရာထားရှိပြီး ၎င်းမှာ လင်ကျန်းရီသည် သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း တွေးတောနေကြောင်း ပြသလျက်ရှိသည်။
ဒီတော့ သူ(စု)က ဘယ်လိုလုပ်ပြီး တခြားသူ(အဲလစ်)အကြောင်း တွေးနေနိုင်သေးတာလဲ။
တကယ်တော့ စုကျစ်ယန်သည် ထိုမျှအမြင်ကျဉ်းမြောင်းသောလူမျိုး မဟုတ်ပေ။ညလင်ကျန်းရီကို အဲလစ်ပွေ့ဖက်ထားသည်ကို ပထမဆုံးမြင်လိုက်ရသောအခါတွင် သူ ဒေါသအမျက်ထွက်မိသော်လည်း သူ့ရှင်းပြချက်ကို နားထောင်ပြီးနောက်တွင် ဒေါသအများစု ပျောက်ဆုံးသွားခဲ့သည်။
*မျက်နှာရှည်ရှည်ဆွဲရခြင်းအကြောင်းရင်းမှာတော့ လင်ကျန်းရီကို ဖမ်းချင်သောကြောင့်ဖြစ်သည်။ ဒါပေမဲ့လို့ အခုသူ့ပုံတွေကို မြင်လိုက်ရေူချိန်မှာတော့ သူ့စိတ်ဆင်းရဲမှုတွေ သက်သာရာရသွားသည်။
[* ဒီနားကို လေပြည် အပေါ်မှာရှင်းပြထားတယ်နော်]
သူ မပြုံးသေးတာကို မြင်လိုက်ရတော့ လင်ကျန်းရီတစ်ယောက် ဘယ်လိုလုပ်ပြီး အစားစားဖို့ သတ္တိရှိပါ့မလဲ။ ထမင်းဘူးကို ချလိုက်ပြီး အနီးနားသို့ တိုးကပ်လာကာ ဂရုတစိုက်မေးသည်။
"ဇနီးလေး... မင်း စိတ်ဆိုးနေသေးလားဟင်"
"ကျွန်တော်က အဲဒီ့လောက်အမြင်မကျဉ်းဘူးလို့ ပြောထားပြီးသား။ မြန်မြန်သာသွားစားစမ်းပါ"
စုကျစ်ယန်၏ လေသံ ပျော့သွားသည်။ လင်ကျန်းရီသည် နေ့လည်စာဘူးကိုဖွင့်လိုက်ပြီး အရောင်အသွေးစုံကာ အရသာမျိုးစုံရှိသော အစားအစာများကို တွေ့လိုက်ရသဖြင့် စိတ်သက်သာရာရသွားသည်။
သူသည် ကောင်းမွန်နေသော စိတ်အခြေအနေဖြင့် ကြက်သားတစ်တုံးကိုယူကာ စုကျစ်ယန်၏ပါးစပ်အနီးတွင် ထားလိုက်သည်။
"ဇနီးလေး... မင်းလည်း ကိုယ်နဲ့အတူတူ စားပါလားဟင်"
စုကျစ်ယန်သည် ပါးစပ်ကိုဟကာ အသားကို စားလိုက်သည်။ ထို့နောက် သူသည် င်ကျန်းရီကိုတွန်းကာ ထိုင်လိုက်သည်။
"ဒီကိုမလာခင် အများကြီးစားခဲ့ပြီးပြီ။ အခု ဗိုက်မဆာတော့ဘူး။ မြန်မြန်စား။ နေ့လည်စာကို ကောင်းကောင်းစား"
"အိုး..."
လင်ကျန်းရီသည် တစ်ဖက်မှာ စားသောက်နေပြီး စုကျစ်ယန်က ဆန့်ကျင်ဘက်ရှိ လင်က်ျးရီ အလုပ်လုပ်နေတဲ့အချိန်တွင်သုံးမည့် ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။
မောက်စ်ကို ရွှေ့လိုက်ရာ screen saver ပေါ်က ပုံများလည်း ပျောက်သွားသည်။ ထို့နောက်မှာတော့ ကွန်ပြူတာ မျက်နှာပြင် ပေါ်လာပြီဖြစ်သည်။ နောက်ခံပုံသည် အမွှာလေးတို့၏ ပုံဖြစ်သည်။
ကလေးနှစ်ယောက်သည် နှာရည်ယိုနေသေးသည့်တိုင် ချစ်စဖွယ် ရယ်မောနေကြပြီး သူတို့သည် တစ်စုံတစ်ယောက်(စု)၏ ရင်ထဲတွင် နူးညံ့မှုတို့ကို ခံစားရစေသည်။
စုကျစ်ယန်၏မျက်နှာတွင် အပြုံးတစ်ပွင့်ပေါ်လာပြီး စူးစမ်းလိုဟန်ဖြင့် မေးသည်။
"ခင်ဗျား... ဒါကို ဘယ်တုန်းက ရိုက်လိုက်တာလဲ"
"အာ..."
လင်ကျန်းရီသည် သူ့ဇနီးယူဆောင်လာသော ချစ်ခြင်းမေတ္တာများဖြင့် နေ့လည်စာကိုစားသုံးရန် အလေးအနက်ဖြစ်နေကာ အလုပ်ရှုပ်လျက်ရှိသည်။
ထိုမေးခွန်းကို ကြားသောအခါ မော့ကြည့်လိုက်ရာ ပါးစပ်ထောင့်တွင် ထမင်းတစ်စေ့တစ်စေ့ကပ်နေပြီး အလွန်ရယ်စရာကောင်းနေလေသည်။ သို့သော်လည်း ဥက္ကဌလင်ကတော့ သတိမထားမိခဲ့ပေ။
စုကျစ်ယန် ကွန်ပျူတာမှန်သားပြင်ကို စိုက်ကြည့်နေကြောင်း မြင်လိုက်သည်နှင့် desktop ပေါ်ရှိ နောက်ခံပုံအကြောင်း မေးနေမှန်း ရုတ်တရက် သတိရသွားပြီး ရှင်းပြသည်
"အိုး... အဲဒါက...မင်းနေ့တိုင်းရိုက်ထားတဲ့ဆီကနေ ယူခဲ့တာလေ။ ဘယ်လိုလဲ။ ကြည့်လို့ မကောင်းဘူးလားပြော"
စုကျစ်ယန်သည် သူ့မြင်ကွင်းကို desktop နောက်ခံမှ ပြန်ဆွဲထုတ်လိုက်ပြီး လင်ကျန်းရီကိုကြည့်လိုက်သည်။ သူပြုံးပြီး ခေါင်းညိတ်သည်။
"အင်း..."
သူ့မျက်လုံးများသည် ပါးစပ်ထောင့်ရှိ ထမင်းစေ့ကို စိုက်ကြည့်လိုက်မိသောအခါ စုကျစ်ယန်သည် ကြီးမားသောအပြုံးဖြင့် တခစ်ခစ်ရယ်မောလိုက်သည်။ ၎င်းမှာ လင်ကျန်းရီကို နားမလည်နိုင်လောက်အောင် ခံစားရပြီး ရင်ဖိုစရာ ဖြစ်သွားစေသည်။
"ဇနီလေး... ဘာဖြစ်လို့လဲ"
လင်ကျန်းရီ လှမ်းကြည့်ကာမေးသည်။
"မင်းဘာတွေပြုံးနေတာလဲ"
"ဘာမှမဟုတ်ဘူး... ဘာမှမဟုတ်ပါဘူး ဟား... ဟား... သွားစားလိုက်ဦး။ ကျွန်တော် ကွန်ပျူတာသုံးလိုက်ဦးမယ်"
စုကျစ်ယန်သည် အကူညီမဲ့စွာဖြင့်ပင် တိုက်တွန်းလိုက်သည်။
"စွပ်ပြုတ်သောက်ဖို့လည်း မမေ့နဲ့ဦး"
"အင်း ကိုယ်အခုသောက်လိုက်မယ်"
လင်ကျန်းရီသည် ဓာတ်ဘူးကို ကောက်ကိုင်လိုက်ပြီး အဖုံးကိုလှည့်လိုက်သည်။ ကြက်စွပ်ပြုတ်၏ရနံ့သည် သင်းပျံ့နေပြီး အြရသာမြည်းမကြည့်ခင် ဦးစွာမှုတ်လိုက်သည်။
(သူသောက်လိုက်ပြီးနောက်မှာတော့) လေများကို ပါးစပ်အပြည့်သွင်းယူရင်း အော်လိုက်မိတော့သည်။
"ပူလိုက်တာ... ပူလိုက်တာ..."
"ဘူးထဲကနေ အပြင်ကခွက်တစ်ခုခုထဲကို အရင်လောင်းထည့်ရမယ်ဆိုတာ မသိဘူးလား။ ငတုံး...."
စုကျစ်ယန်တစ်ယောက် မျက်လုံးလှန်လိုက်ပြီးနောက် သူ့ဆီလျှောက်သွားသည်။ ဓာတ်ဘူးထဲမှကြက်စွပ်ပြုတ်ကို သူအြဖုံးထဲသို့လောင်းထည့်ကာ လင်ကျန်းရီဆီ ပြန်မပေးခင် တစ်ခဏမျှမှုတ်နေလိုက်သည်။
"ရော့... သောက်လို့ရပြီ"
လင်ကျန်းရီ၏မျက်လုံးများ တလက်လက်တောက်ပသွားကာ သူ၏ပျော်မြူးအားရနေသောအပြုံးကို ဖုံးကွယ်ထားလိုက်သည်။ သူသည် ၎င်းကိုယူ၍ တစ်ငုံသောက်ပြီးနောက် ပြောလိုက်သည်။
"အာဏာရှင်ဇနီးလေးရဲ့ ချစ်ခြင်းမေတ္တာ နေ့လည်စာက ရိုးရိုးလေးနဲ့ အရမ်းအရမ်းကိုအရသာရှိ..."
"အရမ်းအရသာရှိတယ်ဆို အကုန်ကုန်အောင်စား"
စုကျစ်ယန် ရယ်နေတုန်းပင်။ ထမင်းလုံးသည် လင်ကျန်းရီ၏ ပါးစပ်ထောင့်တွင် ကပ်နေသေးပြီး ရယ်စရာကောင်းလှသည်။
"အင်း"
လင်ကျန်းရီသည် တစ်ဝက်မျှသာ သောက်ရသေးသည်။ ကျန်တစ်ဝက်ကို သူသေချာပေါက် ကုန်အောင်သောက်ရမည်။
စုကျစ်ယန်သည် ကွန်ပြူတာနောက်ရှိ ဆုံလည်ကုလားထိုင်တွင် ပြန်ထိုင်ပြီး <*ဝေါ်သာပေါင်ပေ့> ဟူသော ခေါင်းစဉ်ဖြင့် desktop ပေါ်ရှိ ဖိုင်တစ်ခုကို ရုတ်တရက် တွေ့လိုက်ရသည်။
[*ဝေါ်သာပေါင်ပေ့ - My baby]
စုကျစ်ယန်သည် လင်ကျန်းရီတည်းဖြတ်ထားသော သူတို့၏အမြွှာလေးများပါဝင်သည့် video clipတစ်ခုဟု ယူဆသည့်အတွက် သူစိတ်ဝင်စားစွာ ဖွင့်ကြည့်လိုက်တာဖြစ်သည်။
ဗီဒီယိုကို ဖွင့်ပြီးသည်နှင့် စုကျစ်ယန်၏မျက်နှာသည် ချက်ချင်းပင်နီရဲလာခဲ့သည်။ လင်ကျန်းရီသည် ရင်းနှီးသောစကားများကို ကြားသောအခါ ကြက်စွပ်ပြုတ်ကို သောက်နေဆဲဖြစ်သည်။
သူသည် ကြက်စွပ်ပြုတ်များကို ထွေးထုတ်မိမတတ် ဖြစ်သွားသော်လည်း မထွေးနိုင်ဘဲ နင်သွားရသည်။ သူအမြန်ပြေးပြီး တားဖို့ ကြိုးစားလိုက်သည်။
"ဇနီးလေး အဟွတ်... အဟွတ်... ဒါကို မကြည့်နဲ့တော့…"
"ခင်ဗျားဘယ်တုန်းက ရိုက်ထားခဲ့တာလဲ။ လူယုတ်မာကြီး... ခင်ဗျားဘယ်လိုလုပ်ပြီး အားလုံးကိုမှတ်တမ်းတင်ခဲ့တာလဲ။ ခင်ဗျားဒီလိုရိုက်ထားတာကို ကျွန်တော်ဘာလို့မသိခဲ့တာလဲ။ ခင်ဗျား... ခင်ဗျား အဲဒါကို ခင်ဗျားရဲ့ desktopမှာတောင် ပြောင်ပြောင်တင်းတင်း ထားလိုက်သေးတယ်"
စုကျစ်ယန်သည် လင်ကျန်းရီကို စိုက်ကြည့်နေသည်။ လင်ကျန်းရီ ကွန်ပျူတာကို ပိတ်န်ကြိုးစားသော်လည်း ကျစ်ယန်က သူ့လက်ကို ဖိထားပြီး ထိုသို့ခွင့်မပြုပေ။
"ဖယ်စမ်းပါ။ ခင်ဗျားဘယ်လောက်အထိ ရိုက်ထားတာလဲဆိုတာ ကြည့်ချင်တယ်"
—— လင်ကျန်းရီအရက်မူးပြီး အိမ်ပြန်လာတာကြောင့် စုကျစ်ယန်ကူညီပေးခဲ့ရသ့်နေ့ကို သင်တို့မှတ်မိပါသလား။
နေ့လည်ဘက်တုန်းက လော့ယန်နှင့် ယဲ့ရှော်တို့ကို ရိုက်ကူးရာမှာ အသုံးပြုခဲ့သည့် ကင်မရာကို မေ့ပြီးမပိတ်ထားတာကြောင့် ၎င်းသည် သူတို့၏အိပ်ယာပေါ်မှ မြင်ကွင်းများကို အလိုအလျောက် ရိုက်ကူးပေးခဲ့တာဖြစ်သည်။
လင်ကျန်းရီသည် တည်းဖြတ်ပြီးသည်နှင့် သိမ်းထားချင်ပေမယ့်လည်း စုကျစ်ယန်ရုတ်တရက် ဗိုက်နာလာသည့်အတွက် ဆေးရုံကို အမြန်ပို့ခဲ့ရသည်။
သူတို့ပြန်လာသောအခါတွင် လင်ကျန်းရီသည် ထိုအရာရှိသည်မှာ မည်သည့်ကဒ်လဲဆိုတာကို မမှတ်မိတော့ပါ။ သူသည် များစွာသောကတ်များကြားမှ ထိုကတ်ကို ရှာတွေ့ရန် ရက်ပေါင်းများစွာ အထူးတလည်ရှာဖွေခဲ့ရသည်။
သူသည် သူ့အိမ်ရှိကွန်ပျူတာတွင် မိတ္တူတစ်ခုနှင့် ကုမ္ပဏီရှိ သူ၏ desktop တွင် အရန်မိတ္တူတစ်ခုကို ကူးထားခဲ့သည်။
သူအချိန်အားသည့်အခါ ၎င်းကိုတစ်ချက်မျှပြန်ကြည့်ပြီး သူ့ကိုယ်သူ အမြဲသတိပေးနေမိသည်။
'ကြည့်လိုက်စမ်း။ သူ့ဇနီးလေးက သူ့ကိုဘယ်လောက်တောင်မှ ကောင်းကောင်းဆက်ဆံလိုက်သလဲ။ သူ့မှာကိုယ်ဝန်ရှိနေတာတောင်မှ သူက သူ့ကိုဒီလိုပြုစုပေးတုန်းပဲ' လို့ပေါ့။
---------------
Translated by Lay Pyay Yine (team Camomile).
update တင်တာနဲ့ လာဖတ်ပေးကြ၊ vote တွေပေးကြလို့ပျော်ပါတယ်။ ဒါပေမဲ့ comment လေးတွေ တအားနည်းသွားသလိုပဲရော်။ ချစ်တယ်ဆိုရင် အားဆေးလေးများ တိုက်ကြပါဦးလို့။
ဒါဆို နောက်တစ်ပတ်မှာ ပြန်ဆုံမယ်နော်။ ဘိုင့်ဘိုင်.....
You are reading the story above: TeenFic.Net