အခန်း ၁၀၄။ အပြင်ထွက်မယ့် ခင်ပွန်းကို အနီးကပ်စောင့်ကြည့်ပါ။

Background color
Font
Font size
Line height

အခန်း ၁၀၄။ အပြင်ထွက်မယ့် ခင်ပွန်းကို အနီးကပ်စောင့်ကြည့်ပါ။

လင်ကျန်းရီ ပင့်သက်ရှိုက်ကာ သူ့လေသံကို နူးညံ့စေလိုက်သည်။

"ကိုယ့်ဇနီးလေးက အရမ်းကောင်းတာ။ သူက အစကတည်းက ကိုယ့်ဆန္ဒတွေကို လေ့ကျင့်ပေးခဲ့တယ်။ အခုတော့ ကိုယ့်မျက်စိထဲ ဘယ်သူမှ ၀င်မလာနိုင်တော့ဘူးပဲ"

"ဒါ ပိုကောင်းတယ်"

စုကျစ်ယန် နှာမှုတ်ကာ ထွက်ပေါ်လာသည့် အနည်းငယ်သော ဂုဏ်ယူစိတ်တို့မှာ လင်ကျန်းရီ၏နှလုံးသားကို ခင်မင်နှစ်သက်ခြင်းတို့ဖြင့် ကြီးထွားလာစေသည်။ သူ(ရီ)သည် သူ့(စု)ကိုခုန်အုပ်ကာ ပြန်လွှတ်မပေးခင် အချိန်အတော်ကြာ ကိုက်လျက်နေလိုက်သည်။

သည်လိုနှင့်ပဲ စုကျစ်ယန်၏ 'အလုပ်စောစောပြန်၀င်ရေးအကြံအစည်'မှာ ဆိုင်းငံ့ထားလိုက်ရတော့သည်။

နောက်တစ်နေ့နံနက်တွင် လင်ကျန်းရီတစ်ယောက် လန်းဆန်းတက်ကြွသောခံစားျက်များဖြင့် အိပ်ရာနိုးလာခဲ့သည်။ မျက်နှာသစ်ပြီးနောက် သင့်တော်သော၀တ်စုံကိုလဲလှယ်ကာ စုကျစ်ယန်ဆီသို့ ချစ်စိတ်ပြင်းပြသောအကြည့်ဖြင့် မကြည့်ခင် မှန်ရှေ့တွင် ကိုယ်ဟန်ပြနေတော့သည်။

"ဇနီးလေး... ကိုယ်ဒီ၀တ်စုံနဲ့ဆို ခန့်ငြားနေရဲ့လား"

"....."

စုကျစ်ယန်သည် မှေးစင်းနေသောမျက်လုံးများဖြင့် ပျင်းရိပျင်းတွဲကြည့်ပြီးနောက် ၎င်းတို့ကို ပြန်ပိတ်ထားလိုက်တော့သည်။ ထိုလူ့ကို အထင်သေးနေဟန် သူ့အမူအရာကို ရှင်းလင်းစွာ ပြသခဲ့ပြီးလေပြီ။

ဒီလိုတောက်ပြောင်နေတဲ့အ၀တ်အစားနဲ့မနက်အစောကြီး ဘယ်ကိုသွားမလို့ ပြင်နေတာများလဲ။ ဟမ်... နေပါဦး။

စုကျစ်ယန် သူ့မျက်လုံးများကိုချက်ချင်းဖွင့်ကာ လင်ကျန်းရီကို စိုက်ကြည့်လိုက်သည်။

"ခင်ဗျားဘယ်သွားမလို့လဲ"

သူ ဒိတ်လုပ်ဖို့ဖို့သွားမှာလား။

"ကိုယ်အလုပ်ပြန်လုပ်ရတော့မယ်လေ"

လင်ကျန်းရီသည် မှန်ကိုကြည့်ရင်း သူ့ကုတ်အကျႌကြယ်သီးကိုတပ်ကာ ဆံပင်ကိုပုံစံချလိုက်သည်။ သူအမှတ်မထင် သတိထားလိုက်မိသည်။

"ကိုယ်ကုမ္ပဏီကိစ္စတွေ သိပ်ပြီးမစီမံနိုင်တာ နှစ်၀က်နီးပါးရှိနေပြီလေ။ မင်းရဲ့ခန္ဓာကိုယ်က ကောင်းသေးတာမဟုတ်ဘူး။ မင်းကိုယ့်လက်ထောက်လပ်ဖို့ မလိုသေးပါဘူး။ အနာဂတ်မှာ ပျိုးထောင်နိုင်ဖို့ရာ ကိုယ့်မှာသားနှစ်ယောက်ရှိတယ်လေ။ ကိုယ်ဒီကိစ္စအပေါ် ပေါ့ဆလို့မရဘူး။ ကိုယ်ပိုက်ဆံတွေအများကြီးရဖို့ အလုပ်ကြိုးစားရမယ်လေကွာ"

စုကျစ်ယန်သည် လက်ထဲတွင် စောင်ကိုကိုင်ကာ ထလာသည်။

"ဒီတော့... ဒီနေ့ကုမ္ပဏီသွားမယ်ပေါ့"

လင်ကျန်းရီတစ်ယောက် သူနေကောင်းသည်အထိ ဘေးနားတွင်ရှိနေလိမ့်မည်ဟု သူတွေးထားခဲ့သည်။

"ဟုတ်တယ်။ အရေးကြီးတဲ့ဖောက်သည်တွေက ဒီနေ့ကုမ္ပဏီကို လာကြမှာလေ။ ကိုယ်သွားတွေ့ရမယ်"

လင်ကျန်းရီက အပြုံးလေးကိုပေါင်းထည့်ရင်းဖြေသည်။

"ကိုယ့်မျက်နှာကို သွားပြဖို့လိုသေးတယ်လေ။ ဟုတ်တယ်မလား"

စုကျစ်ယန်သည် သူ၏လျော့တိလျော့ရဲ ညအိပ်၀တ်စုံဖြင့် အိပ်ရာမှထလာသည်။ ကြမ်းပြင်သည် သူဆေးရုံကဆင်းပြီး သိပ်မကြာခင်မှာပဲ ထူထဲသောကော်ဇောဖြင့် ဖုံးအုပ်ထားခြင်းခံရပြီး ဖိနပ်စီးရန်ပင် မလိုပေ။

သူခြေဗလာဖြင့်လျှောက်သွားကာ အ၀တ်ဗီရိုထဲမှ နက်ခ်တိုင်တစ်ခုကို ရွေးချယ်လိုက်ပြီး လျှင်မြန်စွာဖြင့် လင်ကျန်းရီ၏ကော်လံတွင် မချည်နှောင်ခင် ပုံမှန်လိုပဲမေးလိုက်သည်။

"ယောကျ်ားလား... မိန်းမလား"

"အမ်..."

သူ့ဇနီးလေး၏ ကူညီပေးမှုအပေါ် ပျော်ရွှင်နေသော လင်ကျန်စရီတစ်ယောက် စုကျစ်ယန်၏မေးခွန်းကိုကြားချိန်တွင် ချက်ချင်းတုံ့ပြန်ဖို့ မတတ်နိုင်လိုက်ပေ။

သူ၏အာဏာရှင်ဇနီးလေးက ဖောက်သည်၏လိင်အမျိုးအစားအကြောင်းမေးနေမှန်း သဘောမပေါက်ခင် သူတစ်ခဏမျှ မင်သက်သွားသည်။

လင်ကျန်းရီသည် ပေါ့ပေါ့ပါးပါးပင် သူ့အကြည့်ကို အောက်သို့ပို့လိုက်ရာ စုကျစ်ယန်၏ဖျော့တော့နေသောမျက်လုံးများနှင့် တင်းမာသောမျက်နှာကို တွေ့လိုက်ရသည်။

သူသ၀န်တိုနေတာပဲ။ ဘာလို့လဲဆိုတော့ သူဂရုစိုက်လို့လေ။

လင်ကျန်းရီ အတွင်းကြိတ်ပြုံးလိုက်သည်။ သို့သော် သူ့မျက်နှာကတော့ လေးနက်သောဟန်ဖြင့်သာ။

"နှစ်မျိုးလုံးပဲ။ ဘာလု့ိလဲ"

"ဘာမှမဖြစ်ဘူး"

စုကျစ်ယန် မျက်မှောင်ကြုတ်ကာ ကွဲလွဲနေသလို ခံစားရသည်။ ဒီလူ့ကို သူထပ်ပြီး သတိပေးသင့်လား။ ဒီလိုကျော့မော့နေအောင်ပြင်ဆင်ပြီး အပြင်ထွက်ရင် တစ်ယောက်ယောက်က သူ့ကိုလာချိတ်လိမ့်မယ်။

ရုတ်တရက် စုကျစ်ယန်သည် အခုအချိန်မှာ ထိုနှစ်မျိုးစလုံးမှ သူကာကွယ်ရလိမ့်မည်ဆိုတာ နားလည်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ယေကျ်ားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် သူ့အချစ်ပြိုင်ဘက်ဖြစ်လာရန် သေချာသောစွမ်းရည်ရှိတာကြောင့်ဖြစ်သည်။

ထို့ကြောင့် တစ်ခါတစ်ရံတွင် လက်တွေ့ဘ၀က တစ်စုံတစ်ယောက်ကို အကူအညီမဲ့စေတယ်ဆိုတာ စုကျစ်ယန်သဘောပေါက်လိုက်သည်။ သို့သော်လည်း သည်လူ့ကို သူချစ်မိသွားပြီဆိုကတည်းက သူ့အနေဖြင့် သူတို့ရဲ့သံယောဇဉ်ကို ကောင်းစွာကာကွယ်သင့်သည်။

စုကျစ်ယန်သည် သူ့က်ခ်တိုင်ကိုဆတ်ခနဲဆွဲကာ လင်ကျန်းရီကို သူနှင့်နီးကပ်လာစေပြီး နှုတ်ခမ်းလွှာများအပေါ်သို့ နမ်းရှိုက်လိုက်သည်။

လင်ကျန်းရီအနေနှင့် စုကျစ်ယန်ဘက်မှ စတင်လာသောအနမ်းကိုရရှိချိန်၌ ဘာကိုမှမသင်္ကာမဖြစ်မိပါ။ သူ့ကိုနှုတ်ဆက်အနမ်းပေးတာဟုသာတွေးခဲ့ပြီး  ပျော်ရွှင်စွာတုံ့ပြန်လိုက်သည်။

တစ်စုံတစ်ယောက်၏လျှာဖြင့် ရစ်ပတ်သွားချိန်မှာတော့ စုကျစ်ယန်သည် ရုတ်တရက်ပြန်လည်ရုတ်သိမ်းလိုက်ပြီး သူ့နှုတ်ခမ်းလွှာများကို ကိုက်လိုက်သည်။ သူ့အောက်နှုတ်ခမ်းမှ အလယ်နေရာမှာ အကိုက်ခံလိုက်ရပြီး ဒဏ်ရာမှာသိသာထင်ရှားလှသည်။

လင်ကျန်းရီ နာကျင်စွာပင့်သက်ရှိုက်လိုက်သော်လည်း စုကျစ်ယန်က တခစ်ခစ်ယ်မောရင်း ဘ၀င်

"အိုး... ကျွန်တော်တောင်းပန်ပါတယ်ဗျာ။ မတ်တပ်ရပ်နေရင်း အကြာကြီးမနမ်းလိုက်နိုင်ဘူး။ ကျွန်တော် လိုက်မလုပ်နိုင်ဘူးဖြစ်သွားတယ်"

လင်ကျန်းရီ ငိုရမလို၊ ရယ်ရမလိုဖြစ်သွားသည်။ သူ့စိတ်ထဲမှာကြိတ်တွေးလိုက်သည်။

ကိုယ့်အပေါ် အမှတ်အသားချန်ချင်တယ်လို့မင်းလေးပြောရင် ကိုယ်နားလည်နိုင်တယ်လေ။ ဒါပေမဲ့ ပိုကောင်းတဲ့ဆင်ခြေကို မရှာသင့်ဘူးလား။

မတ်တပ်ရပ်ပြီးနမ်းတာနဲ့ လဲလျောင်းရင်းနမ်းတာ ဘာများကွာခြားသွားလို့လဲ။ ဒီအကြောင်းပြချက်က အရမ်းယုတ္တိမဲ့လွန်းတယ်။

မှန်ကိုကြည့်ပြီးနောက် လင်ကျန်းရီသည် သူ့လျှာကိုထုတ်ကာ သွေးစတို့ကိုလျက်လိုက်သည်။ တစ်ဘက်ကိုကြည့်လိုက်တော့ စုကျစ်ယန်က သူ့လက်မောင်းများကိုဖက်ထားကာ ပျော်ရွှင်တက်ကြွနေသော မြေခွေးငယ်လေးကဲ့သို ပြုံးနေလေသည်။ ထု့ကြောင့် လင်ကျန်းရီသည် သူ့ကိုစနောက်ရန် ဆုံးဖြတ်လိုက်သည်။

"ဇနီးလေး... ကိုယ်အရူးအမူး အနမ်းခံလိုက်ရသလိုပဲကွာ။ မင်းအဲဒါလုပ်နေတုန်း ဘာလို့အမှတ်အသားတစ်ချို့ မထားခဲ့ရတာလဲ"

လင်ကျန်းရီက စုကျစ်ယန်ချည်နှောင်ပြီးသော နက်ခ်တိုင်ကိုဆွဲရင်းပြောသည်။ ရှပ်အကျႌကော်လံ၏ ပထမဆုံးကြယ်သီးမှာ မတပ်ရသေးပေ။ ထို့ကြောင့် နက်ခ်တိုင်မှာ လျော့တိလျော့ရဲဖြစ်နေကာ လင်ကျန်းရီခေါင်းစောင်းလိုက်တိုင်း အတူလိုက်ပါနေသည်။

သွယ်လျသောလည်ပင်းက စုကျစ်ယန်၏ရှေ့တွင်ရှိနေကာ လင်ကျန်းရီ၏လည်ဇလုတ်က မြင့်ချည်နိမ့်ချည် လှုပ်ရှားနေကာ ဆွဲဆောင်မှုရှိလှသည်။ ဥက္ကဌကြီးလင်သည် မြေခွေးငယ်လေးစုကို မြူှဆွယ်နေသောမျက်လုံးများဖြင့် ကြည့်သည်။

"လာပါ... ဇနီးလေး... နှုတ်ခမ်းကိုကိုက်တာထက် အမှတ်အသားတွေပေးပြီး (ဆိုင်သူရှိကြောင်း) ပြောလိုက်စမ်းပါ"

– ဒဏ်ရာရနေသောနှုတ်ခမ်းလွှာများက သူ့၌ချစ်စိတ်ပြင်းပြသော ချစ်သူရှိနေပြီဟု အဓိပ္ပာယ်ဆောင်ချိန်တွင် အမှတ်အသားများက နှစ်ဘက်သောသူတို့မှာ အတူတကွအိပ်ပြီးကြပြီဟု ညွှန်ပြသည်။

လင်ကျန်းရီသည် အစောပိုင်းကတည်းက သူ့စကားလုံးများကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီးဖြစ်ကာ စုကျစ်ယန်၏မျက်နှာအမူအရာမှာ ချက်ချင်းကို ချစ်စိတ်များ ပြင်းပြသွားတော့သည်။

သို့သည့်တိုင် (တစ်ဘက်လူကို) ရည်ရွယ်ချက်တွေကို မြင်မိသွားစေတာက နည်းနည်းတော့ရှက်ကိုးရှက်ကန်းဖြစ်စေသည်။

သို့သော် ခွေးကောင်လင်၏ စိတ်ကြီး၀င်နေသော အပြုံးကို တဖန်မြင်ရသည့်အခါ စုကျစ်ယန်၏ရှက်ကိုးရှက်ကန်းဖြစ်နေခြင်းတို့ လျော့ပါးသွားတော့သည်။

ဒါဆို အမှတ်အသားလုပ်လိုက်ရမယ်။ ဘာလို့လုပ်ဖို့ ကြောက်နေရမှာလဲ။
 

ထို့နောက် စုကျစ်ယန်သည် သူ့သွားကိုကြိတ်ကာ သူ့လက်ကိုဆန့်ထုတ်ပြီး လင်ကျန်းရီကိုအ၀တ်ဗီရို၏အစွန်းသို့ တွန်းလိုက်သည်။ သူ့ပခုံးကိုကိုင်လိုက်ပြီးနောက် သားကောင်ကိုမြင်လိုက်သည့် တိရစ္ဆာန်ငယ်လေးကဲ့သို့ ခုန်တက်ကာ အရေးကြီးသောနေရာ 'လည်ချောင်း'ကို ကိုက်လိုက်သည်။

ဟုတ်ပါသည်။ လင်ကျန်းရီ၏လည်ပင်းကို သူတ်ကယ်ကြီးကိုက်လိုက်တာတော့မဟုတ်ပါ။ သူ့မှာထိုသို့စွမ်းရည်မရှိသလို လုပ်လည်းမလုပ်နိုင်ပါ။ ထို့နောက် စုကျစ်ယန်သည် သူ့ခင်ပွန်း(၏လည်ပင်း)အား ရက်စက်စွာပင် စုပ်လေတော့သည်။

လင်ကျန်းရီသည် သူ့ကိုရန်စရုံသာဆိုသော်လည်း စုကျစ်ယန်ထိုသို့ တစ်ကယ်လုပ်လိမ့်မည်ဟု မမျှော်လင့်ထားပါ။  စုကျစ်ယန်သည် သူ့လည်ဇလုတ်ကို စုပ်ယူပြီးနောက် သူ့အ၀တ်များကိုချွတ်ပစ်ကာ အိပ်ရာထက်တွင် အကြိမ်သုံးရာလောက် လူးလှိမ့်ချင်ပုံရသည်။ သို့သော်လည်း ဒါကဆန္ဒသက်သက်သာဖြစ်သည်။

လင်ကျန်းရီ၏လည်ပင်းပတ်လည်၊ ဂုတ်ပိုးနှင့် ညှပ်ရိုးတို့တွင် အမှတ်အသားများပေးပြီးနောက် စုကျစ်ယန်သူ့ကိုပြန်လွှတ်ပေးလိုက်သည်။

လင်ကျန်းရီကို ဂျစ်ကန်ကန်အမူအရာဖြင့်ကြည့်ရင်း စုကျစ်ယန်သည် suit ၀တ်ရန်ကူညီပေးကာ နက်ခ်တိုင်ကို ဖြည်းညင်းစွာ၀တ်ပေးသည်။ ဘယ်ညာကြည့်ပြီးနောက် သူ့ပါးစပ်ဖြင့် လုပ်လိုက်သောအမှတ်များက နက်ခ်တိုင်နှင့်ဖုံးကွယ်မသွားကြောင်း သိလိုက်သည်။

သူစိတ်ကျေနပ်စွာခေါင်းညိတ်ကာ လင်ကျန်းရီ၏ပခုံးကို ပုတ်လိုက်သည်။

"ရပြီ... သွားတော့..."

"....."

ရုတ်တရက်ပင် လင်ကျန်းရီသည် သူ့ကိုယ်သူ လာ်ပတ်၀တ်ထားသောခွေးကြီးတစ်ကောင်လို ခံစားလိုက်ရသည်။ ပိုင်ရှင်ဖြစ်သူမှ ခေါင်းပုတ်ပေးကာ အပြင်တွင် လွတ်လပ်စွာကစားရန် ခွင့်ပြုလိုက်သကဲ့သို့ပင်။

မည်သို့ပင်ဆိုစေ သူ့တွင်လည်ပတ်ရှိသောကြောင့် မည်သူမဆို သူ့တွင်သခင်တစ်ယောက်ရှိကြောင်း ိမြင်နိုင်ကြလိမ့်မည်။

စုကျစ်ယန်သည် တေးသွားတစ်ပုဒ်ကိုညည်းရင်း သူ့ရေချိုးဝတ်ရုံကိုယူကာ ရေချိုးခန်းဆီသို့ လှမ်းသွားလိုက်သည်။ သေချာတာကတော့ သူ သူ့ကို ဂရုမစိုက်တော့ဘဲ ရေချိုးတော့မှာဖြစ်သည်။

လင်ကျန်းရီသည် ညင်သာစွာ ချောင်းဆိုးလိုက်ပြီး လေတိုက်သွားသည်ကို ခံစားလိုက်ရသည်။ ထို့ကြောင့် သူထပ်ပြောလိုက်သည်။

"စကားမစပ်... ဇနီးလေး... ညနေကျ ကော့တေးပါတီ ရှိကောင်းရှိနိုင်တယ်။ ကိုယ်နောက်ကျမှပြန်လာမယ်နော်။ မင်းကိုယ့်ကိုစောင့်စရာမလိုဘူး စောစောအိပ်။ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ မတွေ့ရတာကြာပြီ။ ကုဖုန်းက ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်ပေမယ့် Ling Group ရဲ့ ဥက္ကဌအနေနဲ့ စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေရဲ့ ဘုတ်အဖွဲ့ဝင်တွေနဲ့ မှန်မှန်ကန်ကန် ပေါင်းစည်းနိုင်ဖို့က ကိုယ့်အတွက် လိုအပ်တယ်။ ဒီလိုမှမဟုတ်ရင် (ခြောက်လလောက်အလုပ်မသွားတာလိုမျိုး) ကိုယ်မကြာသေးခင်က လုပ်ခဲ့တဲ့အရာတွေက ကုမ္ပဏီရဲ့ဂုဏ်သိက္ခာကိုေ သေချာပေါက်ထိခိုက်စေလိမ့်မယ်"

စုကျစ်ယန်ပြုံးပြီး လက်ပြလိုက်သည်။

"ကောင်းပြီ၊ လျှော့သောက်ဖို့ မမေ့နဲ့။ ခင်ဗျားပြန်လာတာကိုစောင့်နေမယ်"

စုကျစ်ယန်သည် သူ့ကို fly kiss ပေးလိုက်ပြီး ရေချိုးခန်းထဲဝင်သွားသည် ။

"....."

လင်ကျန်းရီ ခံစားချက်များမှ ရုန်းထွက်လိုက်သည်။ ပထမတော့ သူက ဒီကောင်ငယ်လေး၏ပိုင်ဆိုင်လုစိတ်ကို လှုံ့ဆော်ပေးနိုင်လိမ့်မယ်လို့ ထင်ခဲ့သည်။ ၎င်းမှာ စုကျစ်ယန်မှသူ့ကို လည်ပတ်တစ်ခုနှင့် ချည်နှောင်ထားသည်ဟူသော အတွေးဆီသို့သာ ရောက်သွားခဲ့သည်။

အာ... ဘာလည်ပတ်လဲ။ အမှတ်တွေပဲကျန်ခဲ့တယ်လေ။ သူ့အပေါ် အမှတ်အသား ထားခဲ့မယ်ဆိုရင် စိတ်ချနိုင်လိမ့်မယ်လို့ စုကျစ်ယန်ထင်ခဲ့တာပဲ။ လင်ကျန်းရီပြောချင်မိသည်။

အာဏာရှင်ဇနီးလေးရေ... ကော့တေးပါတီလို အခါသမယတွေမှာ ယောက်ျားနဲ့ မိန်းမ တော်တော်များများက ဝံပုလွေတွေလို ပြုမူကြပြီး မင်းရဲ့ လည်ပင်းမှာ အမှတ်အသားတွေရှိနေတဲ့ ပါတနာရဲ့ကိစ္စနဲ့ ပတ်သက်ပြီး မငြင်းခုံကြဘူးဆိုတာ မင်းမသိဘူးလား။ သူတို့မှာ (ချဉ်းကပ်လိုတဲ့)ရည်မှန်းချက်တွေရှိရင် လှုပ်ရှားမှာ သေချာပေါက်ပဲလေ။

ဟုတ်ပါသည်။ ချိတ်မိသည်ဖြစ်စေ၊ မချိတ်မိသည်ဖြစ်စေ။ ချိတ်ကြတွဲကြမည့်သူတွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာသာ မူတည်ပါသည်။

လင်ကျန်းရီ ပခုံးတွန့်လိုက်သည်။

အိုး... ကောင်းပါပြီ။ သူ့ရင်ခွင်ထဲကို ပစ်၀င်ချင်နေတဲ့ အမျိုးသမီးတွေနဲ့ဆက်ဆံဖို့ သူ့မှာလုံလောက်တဲ့ ခွန်အားရှိတယ်လို့ စုကျစ်ယန်ယုံကြည်နေသည်ဆိုတာ သူတွေးလို့ရသည်။

သူ့လက်ကိုမြှောက်ကာ နာရီကြည့်လိုက်သည်။ လင်ကျန်းရီ ဆက်ပြီးနှောင့်နှေးမနေနိုင်တော့ပေ။ ကလေးများအိပ်ခန်းဆီပြေးသွားကာ သူ့သားလေးနှစ်ယောက်ကို ကြည့်လိုက်သည်။

သူတို့၏မျက်နှာလေးများကို ဖွဖွလေးညှစ်လိုက်ပြီးနောက် ရေချိုးခန်းတံခါးနားသို့ ပြန်လျှောက်လာခဲ့သည်။ သူပြုံးကာ ကျစ်ယန်ကိုပြောလိုက်သည်။

"ဇနီးလေး... ကိုယ်သွားပြီနော်..."

"အင်း... ဘိုင့်ဘိုင်... လမ်းမှာဂရုစိုက်"

သူ၏မြင့်တက်လာသောလေသံက လင်ကျန်းရီထွက်သွားသည့်အပေါ် ယုံကြည်စိတ်ချကြောင်း ညွှန်ပြနေသည်။

ဟမ်... ဘယ်လောက်တောင်မှ ရိုးစင်းလိုက်လဲ။

လင်ကျန်းရီ အသက်ပြင်းပြင်းရှူလိုက်ပြီး အမှတ်များပြည့်နေသောလည်ပင်းကို ထိလိုက်သည်။ သူနူးညံ့စွာပြုံးလိုက်သည်။ စိတ်ထဲမထားပါချေ။ များပြားလှစွာသော သတိပေးချက်များကိုပင် စိတကျေနပ်နေသေးတော့သည်။

စုကျစ်ယန်က ထိုသူတို့ကုမ္ပဏီကို ရောက်လာသည့်တိုင်အောင် သူ့ကိုတစ်ယောက်တည်း မထားခဲ့စေဘဲ စောင့်ကြည့်နေတာမျိုးနှင့်မတူဘူးမလား။

စုကျစ်ယန်၏ တွယ်ကပ်မှုကို သူ(ရီ)စိတ်ထဲမထားသော်လည်း သူ(စု)ကပြန်လည်နေကောင်းရန် ကြိုးစားနေရဆဲမို့ မပင်ပန်းအောင်နေခြင်းက သူ့(စု)အတွက် ပိုကောင်းသည် ။

ထိုအချိန်တွင် လင်ကျန်းရီသည် ပြုံးပြုံးရွှင်ရွှင်ဖြင့် ကားဂိုဒေါင်သို့သွား၊ ကားထုတ်ကာ ကုမ္ပဏီဆီသို့ မောင်းထွက်သွားသည် ။

စုကျစ်ယန်သည် ရိုးရိုးရှင်းရှင်း ရေချိုးပြီး သူ့ကိုယ်သူ အခြောက်ခံ၊ အမြန်သုတ်ကာ အဝတ်အစားလဲပြီး ဆံပင်ကိုလေမှုတ်လိုက်သည်။

အိမ်မှာ လင်ကျန်းရီမရှိလျှင် သူပျင်းရိနေတာပင်။ မနက်စာစားပြီးနောက် သူသည် သားတို့နှင့်အတူ အချိန်အတော်ကြာအောင်နေပေးပြီးသည်။ ထို့နောက် ပျင်းလာသဖြင့် ကင်မရာကိုထုတ်ကာ ကလေးတွေရှိနေသော ဗီလာရှိအခန်းအားလုံးကို အဓိကထားကာ ဓာတ်ပုံရိုက်တော့သည်။

သေချာတာကတော့ လင်ပါ့ပါနှင့်လင်မားမာတို့ ကလေးတွေကို ပြုစုစောင့်ရှောက်နေသည့် မြင်ကွင်းတွေ အများကြီးရိုက်မိခဲ့သည်။
 
စုကျစ်ယန်သည် ရိုက်ကူးပြီးသည်နှင့် ဘာမှလုပ်စရာမရှိတော့ပြန်ပေ။

သူကွန်ပြူတာကိုဖွင့်ပြီး လွန်ခဲ့သည့်လများအတွင်း ရိုက်ကူးခဲ့သော ဗီဒီယိုများကို တည်းဖြတ်ရန် ရည်ရွယ်ခဲ့သော်လည်း အချိန်အတော်ကြာ ပျင်းနေပြီးနောက် ၎င်းကို စိတ်ထဲမထားနိုင်တော့ပေ။

သူသည် web pageကို အချိန်အတော်ကြာ ကြည့်ရှုနေခဲ့ပြီး ပေါ်လာသော အွန်လိုင်းဈေးဝယ်ကြော်ငြာများကြောင့် ဆွဲဆောင်ခံခဲ့ရသည်။

အွန်လိုင်း၌ဈေးဝယ်ရန် ဖြားယောင်းခံခဲ့ရပြီး သူတို့၏မိဘများ၊ သားများနှင့် လင်ကျန်းရီအတွက် ပစ္စည်းများစွာကို ဝယ်ယူခဲ့သည်။ ငွေပေးချေတဲ့အခါမှာလည်း သူ့ဘဏ်ကတ်ကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုခဲ့ပါသည်။

ရံဖန်ရံခါတွင် သူသည် သူ၏စုဆောင်းငွေအားလုံးကို သုံးစွဲခဲ့ပြီးကြောင်း သတိရပြီး ခွေးကောင်လင်မှ သူ့ထံသို့ မုန့်ဖိုးအချို့ကို လွှဲပေးခဲ့ခြင်း ရှိ၊မရှိ မသေချာပါ။ သူ့အပြောသက်သက်ချည်းတော့ မဟုတ်လောက်ဘူးလား။

passwordကို ထည့်သွင်းပြီး submitကို နှိပ်ပြီးနောက် ငွေပေးချေမှု အောင်မြင်ကြောင်း အကြောင်းကြားစာကိုရခဲ့သည်။ စုကျစ်ယန်ပြုံးကာ အွန်လိုင်းဘဏ်အကောင့်ထဲသို့ ဝင်လိုက်သည်နှင့် လက်ကျန်ရှိ သုညအတန်းလိုက်ကြီးကို တွေ့လိုက်ရပြီး နှုတ်ခမ်းထောင့်ရှိအပြုံးသည် ပို၍နက်ရှိုင်းလာသည်။

ခွေးကောင်လင်က ဒီလိုဆိုတော့လဲ ဘယ်ဆိုးလို့လဲ။ အပြောသက်သက်မဟုတ်ဘဲ သူ့ကတိကိုတော့ တည်သားပဲ။

ကျန်းမားမာ သူ့ကို နေ့လည်စာစားဖို့ လာခေါ်တဲ့အခါမှ မနက်ခင်းတစ်ခု ကုန်ဆုံးသွားပြီဆိုတာ စုကျစ်ယန်သိလိုက်ရပြီး လန့်သွားသည်။

ဒီအချိန် ဟိုခွေးကောင်လင် ဘာလုပ်နေမလဲ သူသိချင်မိသည်။

ညကျလျှငိ သူ့မိတ်ဆွေများနှင့် ကော့တေးပါတီလုပ်ရန်ရှိသည်ဟူသော လင်ကျန်းရီ၏စကားကို ပြန်လည်ကြားယောင်မိပြီး နောက်ဆုံးတွင် စုကျစ်ယန်သည် အနည်းငယ်စိတ်ဘ၀င်မကျမှုကို ခံစားလိုက်ရသည်။

ခေါင်းဆောင်ဓာတ်ပုံဆရာအနေဖြင့် အထက်တန်းလွှာများ၏ ဂုဏ်ပြုစားသောက်ပွဲများနှင့် ကော့တေးပါတီများကဲ့သို့ ပွဲများကို သူတက်ရောက်ဖူးသည်။

ထိုကဲ့သောအချိန်ကာလက လိမ်လည်လှည့်ဖျားရန် ဘယ်လောက်တောင်မှ လွယ်ကူကြောင်း သူသိခဲ့သည်။ ခွေးကောင်လင်က ထိုကဲ့သို့ပွဲမျိုးကို မတက်ဖြစ်သည်မှာ အချိန်အတော်ကြာခဲ့လေပြီ။

သည်ကာလမှာ သူ့ကိုယ်ရံတော်တွေကို မထားခဲ့ဘဲ နတ်ဆိုးလေးများ၏ သူတို့ကိုယ်သူတို့ သူ့ဆီပစ်၀င်ကာ သွေးဆောင်ဖျားယောင်းခြင်းများမှ ရှောင်ကွင်းနေနိုင်လျှင် ပိုကောင်းမည်။ စုကျစ်ယန်သည် ချက်ချင်းပင် ရင်ထိတ်လာလေပြီ။

မဖြစ်တော့ဘူး။ သူ့ကုမ္ပဏီကိုလိုက်သွားပြီး ဘယ်နတ်ဆိုးလေးတွေ သူ့ကိုအမဲလိုက်ချင်နေလဲဆိုတာ တစ်ချက်လောက်တော့ကြည့်ရမယ်။

---------

Translated by Lay Pyay Yine (team Camomile).

ကဲ ကျစ်ယန်လေးက သူ့ဘဲဘဲကြီးကို စိတ်မချလို့ လိုက်ချောင်းတော့မယ်တဲ့။ ကျစ်ယန်လေးကို အဖောပြုရင်း အတူတူလိုက်ကြဦးမလားေ၀့။


You are reading the story above: TeenFic.Net