အခန်း ၁၀၀။ မမောမပန်းနိုင်လောက်အောင် အလုပ်အကျွေးပြုခြင်း။

Background color
Font
Font size
Line height

အခန်း ၁၀၀။ မမောမပန်းနိုင်လောက်အောင် အလုပ်အကျွေးပြုခြင်း။

တစ်ကယ်တမ်းမှာတော့ လင်ကျန်းရီကြားခဲ့ပြီး မကြားသယောင်ဟန်ဆောင်ကာ စုကျစ်ယန်၏ရှေ့သို့သွားလိုက်သည်။

"ဇနီးလေး ဘာလုပ်ချင်လို့လဲ။ ကိုယ်မင်းပြောတာ မကြားလိုက်လို့"

စုကျစ်ယန်၏မျက်နှာသည် အနီရောင်ဖြစ်လာပြီး လင်ကျန်းရီကို ခါးသီးသောခံစားချက်ဖြင့်၊ ပုတ်သိုးသိုးကြည့်လိုက်သည်။ သူ့သွားများကိုကြိတ်ကာ လေသံကိုမြှင့်လိုက်သည်။

"ကျွန်တော်ပြောတာ။ ကျွန်တော်---သေး---ပေါက်---ချင်---တယ်---လို့"

လင်ကျန်းရီသည် ယုတ်မာစွာပင်ရယ်မောကာ ပြန်ပြောလိုက်သည်။

"ကောင်းပါပြီ အာဏာရှင်ဇနီးလေးရယ်။ ကျေးဇူးပြုပြီး ကိုယ့်ကိုအချိန်ခဏလောက်ပေးပါဦး။ အခုချက်ချင်း ဆီးခွက်ယူလိုက်ပါ့မယ်ခင်ဗျာ"

ဆီးခွက်.... ဒီလောက်တောင် ရည်ရည်မွန်မွန်ပြောနေသေးတယ်။ ကျစ်....

လင်ကျန်းရီသည် အိပ်ရာအောက်မှဆီးခွက်ကိုယူလိုက်သည်။ စောင်ကိုဖယ်ရှားပြီးနောက် စုကျစ်ယန်ကိုမကူညီခင် လျော့တိလျော့ရဲ ညအိပ်ဘောင်းဘီကို ဦးစွာချွတ်ပေးလိုက်သည်။

"အိုခေ ဇနီးလေး အခုဆီးသွားလို့ရပါပြီဗျာ"

စုကျစ်ယန်သည် လင်ကျန်းရီ၏လောင်မြိုက်နေသောအကြည့်များကိုရှောင်ရန် တစ်ဖက်သို့ခေါင်းကိုစောင်းထားလိုက်သည်။ သူ့ကိုယ်သူ အဆင်သင့်ပြီးနောက် သူစတင်ကာ ဆီးသွားတော့သည်။

စင်ထွက်နေသောအသံများသည် သူ့ကိုမတားဆီးနိုင်လောက်အောင် ရှက်သွေးဖြာစေသည်။ ပြီးသွားသည့်နောက်မှာ သူ့မျက်နှာသည်လည်း အနီရောင်ကိုပင် ကျော်လွန်နေခဲ့ပြီဖြစ်သည်။ လင်ကျန်းရီ သူ့အနားသို့ ကပ်လာသည်။

"ဇနီးလေး ရှက်နေတာလား"

"ခင်ဗျားခေါင်းကြီးပဲရှက်...။ ဆီးခွက်ကို ေ၀းေ၀းယူသွားချည်..."

စုကျစ်ယန်သည် ဆီးခွက်နှင့်အတူ လူနာဆောင်အပြင်သို့ထွက်သွားရန် ဟန်ပြင်နေသော လင်ကျန်းရီကို တွန်းထုတ်လိုက်သည်။

drop ထဲမှ အားဖြည့်ရည်မှာ ကုန်ခါနီးပြီဖြစ်သည်။ လင်ကျန်းရီသည် သူမထွက်သွားခင် အထူးတလည် တစ်ချက်မျှကြည့်သွားလေသည်။ သူပြန်၀င်လာချိန်မှာတော့ အပ်ဖြုတ်ရန်နှင့် စုကျစ်ယန်ကိုစစ်ဆေးရန် ဆရာ၀န်ကို ခေါ်လိုက်သည်။

"သူကောင်းကောင်း နာလန်ထပါပြီ။ ဒါပေမဲ့ သူ့ဒဏ်ရာကတော်တော်လေးကြီးတာမို့ ပြန်ကောင်းဖို့ နှေးလိမ့်မယ်။ သူပြည့်ပြည့်၀၀မကောင်းသေးခင် ဘာမှမစားတာပိုကောင်းလိမ့်မယ်။ ဒဏ်ရာပွင့်တာကနေတားဆီးဖို့ သူအစာစားချင်လာရင်တော့ အရည်တစ်ခုခုတော့ သောက်ပေးလို့ရတယ်နော်။"

ဆရာ၀န်မှ အကြံပေးသည်။

"ထပ်ပေါင်းပြောရရင် လူနာ ကောင်းကောင်းပြန်မကောင်းသေးခင် နောက်သုံးလအတွင်း လိင်ပိုင်းဆိုင်ရာဆက်ဆံမှုကို အကြံမပြုပါဘူး"

စုကျစ်ယန်သည် ကိုးရို့ကားရားအမူအရာဖြင့် သူ့မျက်လုံးများကို ပိတ်ထားလိုက်သည်။ သူဟာ သည်လိုနည်းလမ်းဖြင့် ကလေးနှစ်ယောက်ကိုမွေးခဲ့သော လူထူးဆန်းအဖြစ် ခံစားနေမိဆဲဖြစ်သည်။

လင်ကျန်းရီသည် တည်ကြည်လေးနက်စွာ နားထောင်ခဲ့ပြီး လူနာ၏မီးဖွားစဉ်ကာလအတွင်း အားဆေးကဲ့သို့အရာမျိုးကို ဘယ်လိုပြင်ဆင်ရမည်ဆိုတာဆိုတာကအစ မည်သည့်အရာမဆို ချရေးထားသည်။

"သူဘယ်အချိန် အစာစားနိုင်ပြီလဲ။ ကျွန်တော်ဆိုလိုတာက အရည်တိုက်တာမဟုတ်တာမျိုးပေါ့"

"တစ်လဆိုရပါပြီ"

"အမ်"

လင်ကျန်းရီ အံ့အားသင့်သွားရသည်။

"ဒီလောက်ကြာတယ်လား"

"ဟုတ်တယ်။ သူ့ရဲ့ပြန်ကောင်းနှုန်းက ကြာတယ်လေ။ ဒီလေးလလုံး သူ့ကျန်းမာရေးကို မဖြစ်မနေဂရုစိုက်ရမယ်နော်။ ဘယ်လိုထိတ်လန့်စရာမျိုးမှ ဖြစ်လို့မရဘူး။ သူ့ဘာသာအ၀တ်အစား၀တ်တာရောပေါ့"

"အိုခေ။ ကျွန်တော်နားလည်ပါတယ်။ ကျေးဇူးပါဒေါက်တာ"

ဆရာ၀န်ကိုပြန်ပို့ပြီးနောက် စုကျစ်ယန်သည် လင်ကျန်းရီကို ခါးသီးသောအကြည့်ဖြင့် ကြည့်လိုက်သည်။

"ကျွန်တော်တစ်လလုံး ဘာမှမစားရတော့ဘူးလား။ ကျွန်တော်ငတ်တော့မှာပေါ့"

"မစိုးရိမ်ပါနဲ့။ ကိုယ်မင်းအတွက် ဆန်ပြုတ်လုပ်ပေးမယ်လေ။ ကိုယ်မင်းကို ဗိုက်ဆာအောင်မလုပ်ပါဘူး"

လင်ကျန်းရီ ချော့မြူှလိုက်သည်။

"ဒါဆို ကျွန်တော် ဘယ်တော့ ဆေးရုံဆင်းရမှာလဲ"

စုကျစ်ယန်သည် လဲလျောင်းနေရင်း စိတ်ကသိကအောင့်ဖြစ်နေမိသည်။ သူဘာကိုမျှမခံစားနိုင်ဘဲ သတိလစ်နေသည်ကမှ ကောင်းဦးမည်။ သို့သော်လည်းယခုတော့ သူနိုးနေပြီမို့ ကျဉ်းထဲကျပ်ထဲရောက်နေကာ လှည့်ပတ်နိုင်ရုံလေးသာဖြစ်ပြီး ဒါကပဲ သူ့ကိုယ်ကိုစေးကပ်ကာ သက်တောင့်သက်သာမဖြစ်စေပေ။

ယခုက ဆောင်းဦးရာသီအစောပိုင်းဆိုသော်လည်း အလွန်အမင်း ပူနေပါသေးသည်။

"နောက်တစ်ပတ်လောက်ဆို ဆင်းလို့ရနိုင်ပါတယ်"

လင်ကျန်းရီ ပြန်ဖြေသည်။ စုကျစ်ယန် သက်ပြင်းချသည်။

"ကျွန်တော် နောက်တစ်ပတ်လောက် တောင့်ခံရဦးမှာပေါ့။ ကျွန်တော့်ကိုယ်တော့ နံဟောင်သွားဖို့ သေချာနေပါပြီ"

"မင်း အဲဒီ့လိုမဖြစ်ပါဘူး။ လိမ်လိမ်မာမာလေးနေ။ အခုအချိန်မှာ မင်းရဲ့ခန္ဓာကိုယ်က ရေနဲ့ထိတွေ့နိုင်ဖို့ အားနည်းလွန်းတယ်။ သည်းခံလိုက်ပါဦးကွာ။ အိမ်ပြန်ရောက်ရင် မင်းကိုရေနွေးလေးနဲ့ချိုးပေးမယ်နော်"

"ဒီနည်းလမ်းပဲရှိတော့တာကိုး"

စုကျစ်ယန်သည် ဆေးရုံမှဆင်းခွင့်မရခင် နောက်ထပ်ကိုးရက်မျှ နေခဲ့ရသည်။ သည်အတောအတွင်း သကြားညိုရည်နှင့်နို့ကိုသာ သောက်ခဲ့ရသည်။ အားဆေးရည်နှင့် အာဟာရဖြည့်စွက်ရည်တို့ရောပေါ့။

အစာချေခြင်းနှင့် အူမကြီး၏လှုပ်ရှားမှုတို့က သက်တောင့်သက်သာမဖြစ်စေမှာကို ကြောက်ရတာကြောင့် မည်သည့်အစားအစာကိုမှ မစားနိုင်ပေ။ အနည်းဆုံးတော့ သူ့ဒဏ်ရာမှာ ပြန်ကောင်းလာခဲ့ပြီဖြစ်သည်။

စုကျစ်ယန်သည် အစာအများကြီးမစားရတာမို့ အားနည်းနေသေးသော်လည်း အနီးအနားလမ်းလျှောက်ရန်အတွက်တော့ ခွင့်ပြုချက်ရခဲ့ပြီဖြစ်သည်။

သူ့ဒဏ်ရာပြန်ပွင့်စေလောက်အောင် အကြာကြီးမလျှောက်ရသော်လည်း သူ့ကိုယ်ကိုထောက်ပံ့ပေးထားသော ခြေထောက်များမှာ အားအင်မရှိဘူးဟုခံစားနေရသည်။

လင်ကျန်းရီသည် ထိုတစ်ဒင်္ဂလေးတွင် သူ့ကိုကူညီကာတွဲပေးသည်။ စုကျစ်ယန်သည် အိပ်ရာပေါ်လဲလျောင်းနေရတာ ကြာမြင့်နေပြီဖြစ်ပြီး လမ်းဘယ်လိုလျှောက်ရတယ်ဆိုတာ မေ့တောင်နေပြီဟုခံစားရသည်။

"ကိုယ်မင်းကိုသယ်သွားပေးမယ်"

လင်ကျန်းရီသည် အစကတည်းက ကားဆီသို့သွားရာလှေကားတစ်လျှောက် သည်လူ့ကို သူ့လက်မောင်းများကြားတွင်ထည့်ထားရန် ရည်ရွယ်ခဲ့သည်။

သို့သော်လည်း စုကျစ်ယန်က မလိုက်လျောပေ။ သူ့ဘာသာ ခြေလှမ်းအချို့လှမ်းချင်ပြီး သူသာလမ်းမလျှောက်ရလျှင် ဘယ်လိုလျှောက်ရမည်ဆိုတာကိုပါ မေ့သွားလိမ့်မည်ဟု ပြောလိုက်သည်။

"မဟုတ်တာကွာ။ အဲ့ဒါက အခုလောလောဆယ် မင်းလမ်းလျှောက်နိုင်ဖို့ အရမ်းအားနည်းနေသေးတာကြောင့်လေ။ လမ်းလျှောက်(လေ့ကျင့်)တာက အမျိုးသမီးတွေရဲ့ဗီဇလေ။ မင်းအနေနဲ့ တစ်လလောက်လှဲနေရင်တောင် မေ့မသွားပါဘူး"

လင်ကျန်းရီသည် ကူကယ်ရာမဲ့ကာပြောနေရင်း ကိုယ်ကိုကိုင်းကာ ထိုသူ့ကိုပွေ့ချီလိုက်သည်။

"အမှန်ပဲ။ မင်းအိမ်မပြန်ချင်ဘူးလား။ ဆေးရုံမှာနေရတာ မလုံလောက်သေးလို့လား။ ကိုယ်တို့အတွက် အိမ်စောစောပြန်ရတာက မကောင်းဘူးလား။ မင်းရဲ့သားတွေကို မတွေ့ချင်ဘူးလား"

သည်အကြောင်းကိုပြောရလျှင် သူတို့(ရီ)၏မိဘများသည် လွန်ခဲ့သောခြောက်ရက်ကတည်းက ကလေးနှစ်ယောက်ကို လာရောက်ခေါ်ဆောင်သွားခဲ့ပြီဖြစ်သည်။

ကလေးများ၏ မိဘရင်းများဖြစ်ကြသော လင်ကျန်းရီနှင့် စုကျစ်ယန်တို့မှာတော့ သူတို့၏သားများကို တစ်ချက်ကလေးသာကြည့်ခွင့်ရခဲ့သည်။

သူတို့၏သားများဆီ ပြန်ရမည့်အချိန်ဆိုကာမှပင် ကြာကြာကန့်ကွက်မနေတော့ဘဲ လင်ကျန်းရီအား သူ့ကိုသယ်ဆောင်ခွင့်ပြုလိုက်တော့သည်။

လင်ကျန်းရီသည် အိမ်ပြန်ရောက်ပြီးသည့်တိုင်သူ့ကို ကားဂိုဒေါင်မှ ဧည့်ခန်းအထိ သယ်ဆောင်သွားသေးသည်။ သည်တစ်ကြိမ်မှာတော့ စုကျစ်ယန်တစ်ယောက် သူ့အိမ်သည် မူကြိုကျောင်းတစ်ခုနှင့်တူလာပြီဟု ခံစားလိုက်ရသည်။

ကလေးအိပ်ပုခက်၊ ကလေးလက်တွန်းလှည်း၊ ကလေးလမ်းလျှောက်ပုခက်နှင့် ကလေးအရုပ်အမျိုးမျိုးတို့သည် ကြမ်းပြင်ပေါ်တွင် တစ်ပုံတစ်ခေါင်းကြီးရှိနေလေသည်။

မိဘနှစ်ပါးသည် ကျော်ကြားသောပန်းချီလက်ရာများနှင့် ရှေးဟောင်းပစ္စည်းများထားရှိသည့် ကြော့ရှင်းသောအခန်းနေရာတွင် နွေးထွေးကာချစ်စဖွယ်ကောင်းသော ကလေးပုံများကို နံရံအပြည့် အစားထိုးလိုက်ပြီဖြစ်သည်။

စုကျစ်ယန်သည် တစ်ချိန်က လင်ကျန်းရီ၏ 'ကလေးပုံများစွာကပ်ထားခဲ့သော အိပ်ခန်းနှစ်ခန်းနှင့်ဧည့်ခန်းတစ်ခုပါသည့် ယခင်သူ့အိမ်ဟောင်း'ကို တွေးတောမနေနိုင်ပေ။

သူ့နှုတ်ခမ်းလွှာများသည် အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားပြီး လင်ကျန်းရီ၏နားအနားသို့ကပ်ကာ နူးညံ့စွာပြောလိုက်သည်။

"ခင်ဗျားက ခင်ဗျားမိဘတွေရဲ့သားဆိုတဲ့အတိုင်းပဲ။ ခင်ဗျားရဲ့အတွေးတွေကလည်း အတူတူပါပဲလားနော်"

လင်ကျန်းရီသည် စုကျစ်ယန်၏အိမ်တွင် သူလျှောက်ကပ်ခဲ့သော ဓာတ်ပုံများကိုပြန်တွေးကာ အပြုံးတစ်ပွင့်ဖြင့် ဖြေလိုက်သည်။

"မင်းမကြိုက်လို့လား"

စုကျစ်ယန်သည် သူ့မျက်လုံးများကို လှည့်လိုက်သည်။

"ကျွန်တော်ကြိုက်တာပေါ့"

ကြည့်လိုက်ရုံနှင့်ပင် နွေးထွေးနေသည်မို့ ဘယ်လိုလုပ်ပြီးတော့များ သဘောမကျဘဲ နေနိုင်မှာတဲ့လဲ။

သည်ခဏတွင် ကျန်းဟွားရှန်သည် လင်ရှောင်ထျန်းနှင့်အတူ သူမပြင်ဆင်ပြီးပြီဖြစ်သာ ဧည့်သည်ခန်းတွင် ကလေးနှစ်ယောက်ကို ဂရုတစိုက်စောင့်ရှောက်ပေးနေသည်။

ထိုအခန်းသည် ကလေးများရှင်သန်ကြီးထွားရန် အလွန်သင့်တင့်သောပတ်၀န်းကျင်အဖြစ် ပြောင်းလဲခံလိုက်ရပြီဖြစ်သည်။ နံရံသည် တောက်ပသောအပြာရောင်ဖြစ်ကာ လိုက်ကာတွေသည်လည်း တောက်ပသောအစိမ်းရောင်ပဲဖြစ်သည်။

ကော်ဇောများအတွက်မှာတော့ တောက်ပသောပန်းရောင်နှင့်အဝါရောင်တို့ဖြစ်သည်။

ကြမ်းပြင်၏အလယ်တွင် ကလေးကိုချီထားသည်ဖြစ်စေ၊ ချထားသည်ဖြစ်စေ သက်တော့သက်သာနေနိုင်စေရန် အစိမ်းရင့်ရောင်ထိုင်ဖုံတစ်ခုလည်းရှိသည်။

အရောင်တောက်သော ကလေးအရုပ်အချို့သည် ဖျာပေါ်တွင်ပြန့်ကျဲနေပြီး ဒါကကလေးများ၏ အနာဂတ်အမြင်ကြည်လင်မှုအတွက် လေ့ကျင့်ပေးခြင်းဖြစ်သည်။ ယခုအချိန်မှာတော့ သည်အရာက သူတို့အိပ်ပျော်စေရန် ချော့နေသကဲ့သို့ပင်။

ဧည့်ခန်းကိုဖြတ်ကျော်ကာ စုကျစ်ယန်ကိုသယ်ဆောင်လာသော လင်ကျန်းရီတစ်ယောက် ပြောင်းလဲထားသည်တို့ကိုကြည့်ကာ အံ့အားသင့်သွားရလေသည်။ သူတို့တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြပြီးနောက်မှာ စုကျစ်ယန် သက်ပြင်းချလိုက်သည်။

"ပါးနဲ့မားက ပိုပြီးအံ့သြဖို့ကောင်းတယ်။ ဒီအခန်းရဲ့ပြောင်းလဲထားပုံက ဧည့်ခန်းထက်ပိုကောင်းတယ်"

"အမ်း... ဒါကို တစ်စုံတစ်ယောက်ဆီက အကြံဉာဏ်ယူတယ်လို့ခေါ်တယ်"

လင်ကျန်းရီကလည်း ချီးမွမ်းလိုက်သည်။ စုကျစ်ယန် သူ့ကိုယ်ကိုလှုပ်ရှာလိုက်ပြီးနောက် အောက်ချပေးရန် လင်ကျန်းရီကိုအချက်ပြလိုက်သည်။

သို့သော်လည်း လင်ကျန်းရီသည် သူ့တောင်းဆိုမှုကို မလိုက်လျောပေ။ သူသည် စုကျစ်ယန်ကို အခန်းထဲသို့ ဆက်လက်သယ်ဆောင်သွားသည်။

"မား... သူတို့အိပ်နေကြပြီလား"

ကျန်းဟွားရှန်သည် သူမ၏လက်ချောင်းများကိုမြှောက်ကာ တိတ်တိတ်နေပါရန် အမူအရာပြသည်။ ပြောဖို့မလိုလောက်အောင်ပင် ကလေးနှစ်ယောက်သည် အိပ်နေကြပြီဖြစ်သည်။

စုကျစ်ယန်သည် သည်လိုအခြေအနေမိျုးဖြင့် သူတို့၏မိဘများကိုတွေ့ရန် ရှက်နေသည်။ သို့သော်လည်း လင်ကျန်းရီက သူ့ကိုချမပေးတာကြောင့် သူလည်းဘာမျှမလုပ်နိုင်ချေ။

လင်ကျန်းရီသည် သူ့ကိုမလွှတ်ပေးခင်တွင် ကလေးများ၏အိပ်ရာပေါ်သို့ သယ်သွားပေးသော်ငြား သူ့လက်များမှာတော့ ခါးထက်မှမလွှတ်ချေ။ သူတို့နှစ်ယောက်စလုံး အိပ်နေကြပြီဖြစ်သောကလေးများကို အတူတူကြည့်လိုက်ကြသည်။

ကလေးများသည် တူညီသောအစိမ်းရောင်၀တ်စုံလေးများ၀တ်ဆင်ထားကြသည်။ သူတို့၏အသားအရည်မှာလည်း မွေးကာစတုန်းကထက် ပိုကောင်းလာပုံရသည်။

သူတို့၏အသားအရည်သည် ကြည်လင်ချောမွေ့လာပြီး ထိတွေ့ကြည့်ရန် ဖိတ်ခေါ်နေသလိုပင်။ လင်ကျန်းရီသည် သူ့လက်ကိုဆန့်လိုက်ပြီး သူနှင့်ပိုနီးသည့်ကလေး၏မျက်နှာကို ပွတ်သပ်လိုက်သည်။ သူပြုံးကာ တီးတိုးပြောလိုက်သည်။

"သူတို့ချောမောလာကြပြီ။ သူတု့ိမွေးကာစလေးတုန်းက အရမ်းရုပ်ဆိုးတာပဲ။ ကျွန်
်တော်ကအရမ်းချောမောခန့်ငြားပြီးကြော့ရှင်းနေတဲ့အချိန်မှာ သူတို့ကကျွန်တော့်သားတွေဆိုတာကို တော်တော်အံ့အားသင့်သွားတာ"

ကျန်းဟွားရှန်သည် သူမသား၏ခေါင်းကို ရိုက်ထည့်လိုက်ပြီး အသံတိုးတိုးပြောလိုက်သည်။

"ပေါက်တတ်ကရတွေ။ သူတို့က မင်းရဲ့သားတွေမဟုတ်ရင် ဘယ်သူကမင်းရဲ့သားတွေလဲ။ ပေါက်ကရတွေလျှောက်ပြောနေတာမရပ်ရင် မား... မင်းကိုရိုက်တော့မှာနော်"

လင်ကျန်းရီသည် ပို၍ပင်ရယ်မောကာ တီးတိုးပြောသည်။

"မား... ကျွန်တော်ငယ်ငယ်တုန်းကရော ဒီလိုမျိုးလေးပဲလား။ ကျစ်ယန်... မင်းငယ်ငယ်တုန်းကရော ဒီလိုပုံစံလေးလား"

သူ့လက်ချောင်းများမှာတော့ ကလေးငယ်၏ ပန်းရောင်ပါးပြင်လေးကို ပွတ်သပ်နေဆဲဖြစ်သည်။ စုကျစ်ယန် ခေါင်းခါလိုက်သည်။

"ကျွန်တော်မသိဘူး။ ဒါပေမဲ့ သူတို့ရဲ့နဖူးလေးတွေကတော့ ခင်ဗျားနဲ့နည်းနည်းလေးဆင်တယ်"

ကျန်းဟွားရှန်သည် ကလေး၏ပါးစပ်ကိုညွှန်ပြကာပြောသည်။

"သူ့ပါးစပ်က ကျစ်ယန်နဲ့နည်းနည်းဆင်တယ်။ သူ့နှာခေါင်းကတော့ မားနဲ့တူတာ။ သူ့မျက်လုံးတွေကတော့ ကျန်းကျန်းနဲ့တူတယ်။ သူ့ပါးတွေကတော့ ကျစ်ယန်နဲ့တူတယ်"

"သူတို့မှာ ပါးနဲ့တူတဲ့ဘယ်အစိတ်အပိုင်းမှမရှိဘူးလား"

လင်ကျန်းရီ ရယ်မောသည်။ ကျန်းဟွားရှန်ကလည်း ပြုံးသည်။

"ဟုတ်တယ်။ သူတို့မေးစေ့လေးတွေကတော့ မင်းရဲ့ပါးနဲ့တူတာ"

"အာ... ပါးကိုကလေးအနှီးတွေ လျှော်ခိုင်းထားတာလား။ ကျွန်တော်တို့မှာ တစ်ခါသုံးတွေမရှိဘူးလား။ ဘာလို့မ၀ယ်ဘဲနေမှာလဲ"

လင်ကျန်းရီသည် အမှတ်တမဲ့ဖြင့် အသံကျယ်မိသွားကာ ကျန်းဟွားရှန်ဆီမှ စူးရှနေသောအကြည့်တစ်ချက်ကို ရလိုက်တော့သည်။ လင်ကျန်းရီသည် သူ့အသံကို မြန်မြန်တိုးလိုက်ရသည်။

"မင်း... မရင့်ကျက်သေးတဲ့ကလေး... တစ်ခါသုံးဒိုက်ပါတွေက မကောင်းဘူးဆိုတာ မသိဘူးပဲ။ အဲဒီ့ချည်သားအနှီးတွေက ပိုကောင်းတယ်။ ဒါမှကလေးရဲ့ပေါင်ကို မပွန်းစေမှာ။ ပြီးတော့ ရာသီဥတုကပူတုန်းပဲဆိုတော့ အနှီးကိုလဲပေးဖု့ိလိုအပ်တယ်။ ကလေးမှာ အပူဖုတွေထွက်လာရင် ဘယ်လိုလုပ်မလဲ။ ဒီိလိုဆိုမကောင်းဘူးနော်"

"အိုး... ကျွန်တော်သိပါပြီ"

လင်ကျန်းရီ သဘောပေါက်နားလည်သွားခဲ့လေပြီ။ သူ့လက်ညှိုးလေးဖြင့်ပွတ်သပ်နေသော ကလေးလေးသည် ခေါင်းလေးလှုပ်သွားကာ 'နိုးလာပြီ'ဟူသော သငေ်္ကတကိုပြသဟန်ရသည်။ ကျန်းဟွားရှန်သည် သူ့လက်ကို အမြန်ဆွဲဖယ်သည်။

"သွား.. . သွား... သွားစမ်း...။ ဒီနားမှာလာပြီးမနှောင့်ယှက်နေနဲ့။ သူတို့အိပ်နေတုန်းဟာကို လာနှိုးနေတာပဲ"

ထို့နောက် ကျန်းဟွားရှန်သည် စုကျစ်ယန်ကိုမေးလိုက်သည်။

"ကားစီးလာရတာပင်ပန်းနေပြီလား။ ကျန်းကျန်း... မြန်မြန်လေး ကျစ်ယန်ကို နားရအောင်ခေါ်သွားပေးလိုက်။ သူပင်ပန်းလို့မရဘူးလေ။ သူ့ခန္ဓာကိုယ်က ကောင်းသေးတာမဟုတ်ဘူး"


စုကျစ်ယန်သည် သူတို့၏ဘေးတွင်ထိုင်ကာ ကလေးများကို တိတ်ဆိတ်စွာကြည့်လိုက်သည်။ ကျန်းဟွားရှန်၏စကားလုံးများကိုကြားပြီးနောက် ထွက်သွားရန် ငြင်းဆိုလိုက်သည်။

"မား... ကျွန်တော်မပင်ပန်းပါဘူး။ ကျွန်တော် သူတို့ကိုမတွေ့ရတာ နည်းနည်းကြာနေပြီလေ"

"အိုင်းယိုး... ဟုတ်ပါပြီ။ နောက်ဆို အများကြီးပိုကြည့်လို့ရတယ်လေ။ ဒါကမားတို့အိမ်ပဲဟာ။ နောက်အချိန်မရွေးကြည့်လို့ရတယ်။ သားမပင်ပန်းဘူးလား။ သားမပင်ပန်းဘူးဆိုရင်တောင် အနားယူသင့်သေးတယ်နော်။ မဟုတ်ရင် မားရဲ့နှလုံးသားလေး နာကျင်နေရတော့မှာ"

လင်ကျန်းရီသည် မည်သည့်ရှင်းပြချက်မျှလုပ်မနေတော့ဘဲ သူ့ကိုကောက်ပွေ့ကာ အိပ်ခန်းဆီသို့ လျှောက်သွားတော့သည်။

"ကိုယ်သေချာတယ်။ အကြာကြီးကားစီးလာရတာ ပင်ပန်းနေပြီလေ။ သွားနားရအောင်"

စုကျစ်ယန် ကူကယ်ရာမဲ့သွားရလေပြီ။ ထို့ကြောင့် အေ၀းသို့သယ်ဆောင်ခေါ်ယူသွားသည်ကိုသာ လက်ခံလိုက်ရတော့သည်။ သူကြည့်လိုက်ချိန်တွင် ကျန်းဟွားရှန်သည် အပြုံးတစ်ပွင့်ဖြင့် ကလေးများကိုနောက်မှကြည့်ရန် လက်ကိုေ၀့ယမ်းကာ အမူအရာပြနေသည်ကို မြင်လိုက်ရသည်။

သူမ၏ အနည်းငယ်ကျီစယ်ဟန်စွက်နေသောအပြုံးသည် စုကျစ်ယန်ကို ရှက်သွေးဖြာစေသည်။

ဒီမိသားစုကတော့ သူ့ကိုအလွန်အမင်း အလိုလိုက်နေတော့တာပါပဲ။

-------------

Translated by Lay Pyay Yine (Team Camomile).

လင်ရှောင်ထျန်းနဲ့ ကျန်းဟွားရှန်တဲ့။ အနာဂတ်ယောကျ်ားရဲ့အဘိုး၊ အဘွားတွေနာမည် မှတ်ထားကြနော်။ XD

ဒါနဲ့ ကလေးအနှီးတွေလျှော်နေရတဲ့ ဘိုးဘိုးရှောင်ထျန်းကို တော်တော်ကြီး ပူးဝါးနေပါပြီ။

နောက်အပတ်အတွက်၂ပိုင်းက စန်းမေ့အလှည့်မို့ နည်းနည်းစောင့်ပေးကြပါဦးနော်။


You are reading the story above: TeenFic.Net