Chapter 97 (U)

Background color
Font
Font size
Line height

အခန်း ၉၇ - ကလေးမွေးဖွားရတာ တကယ်ကို နာကျင်ရတယ်

“အား—”

စုကျစ်ယန်နာကျင်စွာအော်လိုက်သည်။  ဝမ်းဗိုက်ကပြင်းထန်သည့်နာကျင်မှုက သူ့ကိုလွှမ်းခြုံသွားသည်။ နောက်ဆုံးအကြိမ်လောက်သာ ခံစားရလိမ့်မည်ဟု သူထင်ခဲ့သည့်တိုင် မမျှော်လင့်ဘဲ အဆတစ်ရာကျော် နာကျင်ခဲ့ရသည်။

လင်ကျန်းရီက မျက်မှောင်ကြုတ်လိုက်သည်။ ကျစ်ယန်၏တုန်ရီနေသည့်ကိုယ်လေးမှ ပြင်းထန်သည့်နာကျင်မှုကို ဘေးမှနေ၍ခံစားနိုင်သည့်တိုင် ကံဆိုးစွာဖြင့် သူ့မှာမျှဝေနိုင်ခြင်းမရှိချေ။

ဒေါက်တာနှင့် သူနာပြုများမှာ သူတို့နေရာနှင့်သူတို့ရှိနေပြီးဖြစ်သည့်တိုင် လင်ကျန်းရီ၏ ပြင်းပြသည့်ဟန်ပန်ကိုည့်ပြီး သူပါလူနာနှင့်အတူလိုက်ပါနိုင်ကြောင်း ပြောလာခဲ့သည်။ ဒေါက်တာကဘာမှမပြောဘဲ ထိုအစား လင်ကျန်းရီက ကူရှင်လေးဖြစ်ဖို့သင့်တော်သည်ဟုသာ တွေးခဲ့သည်။

စုကျစ်ယန်၏အသက်ရှူသံမှာ သူကြောက်ရွံ့လာသည်နှင့်အမျှ ပိုပြီးပြင်းထန်လာခဲ့သည်။ အရင်ဘဝ၌ ခွဲစိတ်ကုတင်ပေါ် သူအသက်ဆုံးရှုံးခဲ့ရသည်ကို အမှတ်ရသွားသည်အခါ ပို၍တုန်လှုပ်လာသည်။ ထို့အပြင် သူ့ဗိုက်ထဲကနာကျင်မှုကလည်း သူ့ကိုပို၍ညှင်းပန်းနေခဲ့ပြီး နာကျင်မှုကပို၍ပြင်းထန်လာကာ ဆိုးရွားသည် နာကျင်မှုစက်ဝန်းကို ဖန်တီးပေးနေသလိုပင်။

လင်ကျန်းရီက သူ့ကိုအမြဲနှစ်သိမ့်ပေးပြီး ချော့မော့နေစဉ် ဒေါက်တာကလည်း သူ့ကိုစိတ်လျော့ဖို့ပြောတာသည်။

"ဇနီးလေး၊ ဒေါက်တာပြောတာကိုနားထောင်၊ စိတ်မပူနဲ့နော် စိတ်လျော့ထား၊ စိတ်ကိုလျှော့နော်၊ အသက်ကိုပြင်းပြင်းရှူ ပြန်ထုတ် ၊ ဟုတ့တယ် မှန်တယ်၊ အသက်ကိုပြင်းပြင်းရှူ ရှူထုတ်.."

နောက်ဆုံးမှာတော့ စုကျစ်ယန်ကအသက်ကိုမှန်မှန်ရှူလာခဲ့သည်။ သို့ပေမယ့် ဒေါက်တာက စုကျစ်ယန်မှာ သွေးစထွက်ရုံမျှသာရှိသေးကြောင်း ဆက်လက်ပြီး သားအိမ်ကျုံ့သွားတာတွေ နာကျင်မှုတွေဆက်ဖြစ်လိမ့်မယ်ဆိုတာကို နားလည်ခဲ့သည်။ ရေမြွာကလည်းမပေါက်သေးရကား သူက စုကျစ်ယန်၏ဝမ်းဗိုက်အပေါ်ပိုင်းကို အကြိမ်များများဖိလိုက်သည်။ အထဲမှသန္ဓေသားလေးများမှာ သူမျှော်လင့်ထားသလို အောက်သို့မဆင်းဘဲရှိနေပြီး စုကျစ်ယန်မှာလည်း နာကျင်မှုဒဏ်ကိုမခံနိုင်တော့ချေ။ သူကခေါင်းကိုလှန်ချပြီး မျက်လုံးစုံမှိတ်ကာ နာကျင်မှုကို ခံနိုင်ရည်ရှိအောင်ကြိုးစားနေခဲ့သည်။

"လက်ရှိမှာ သန္ဓေသားတွေရဲ့အနေအထားက အထက်ပိုင်းမှာဖြစ်နေတယ်၊ လာပါ၊ သူတို့ကိုအောက်ရောက်သွားအောင် ထလိုက်နော်၊ ဒါဆို ကလေးတွေကို ပို့ဖို့ပိုပြီးလွယ်ကူလိမ့်မယ်" ဒေါက်တာက အကြံပြုလာသည်။

ဘာလဲ! လင်ကျန်းရီမှာ ဆရာဝန်ကိုစိုက်ကြည့်ရင်း ဒေါသကြောင့် မျက်လုံးများပြူးကျယ်နေသည်မှာ ပြုတ်ထွက်တော့မည့်အတိုင်းပင်။ ခင်များက ကျစ်ယန်ကို အောက်ဆင်းပြီး ပတ်လျှောက်စေချင်သေးတာလား။ ဒီအတိုင်းဆို ကျစ်ယန် နာလွန်းလို့သေမသွားလောက်ဘူးလား!။

"ဆရာ.. ပြော တာ..ကို နားထောင်လိုက်..."

စုကျစ်ယန်က စကားကိုခက်ခက်ခဲခဲပြောလာသည်။ ထိုနာကျင်မှုက ပေါက်ကွဲထွက်လာပြီး သူ့ခွန်အားအများစုကို ဆုံးရှုံးသွားစေခဲ့သည်။ သူအဆုံးထိ ထိန်းထားနိုင်ပါ့မလား မသေချာချေ။

လင်ကျန်းရီမှာ သူ့ဇနီးလေး၏အမိန့်ကို မနာခံပဲမနေဝံ့ပါချေ။ ထို့ကြောင့် သူက စုကျစ်ယန်ကိုကြမ်းခင်းပေါ်တွင် ထိန်းထားပေးရင်း ၊ စုကျစ်ယန်၏အလေးချိန်အားလုံးကို သူ့အပေါ်မှီတွယ်စေလိုက်သည်။ ထို့နောက်တွင် နောက်မှနေ၍ပွေ့ဖက်ထားသလို လက်မောင်းကိုထိန်းကိုင်ပြီး နောက်မှလိုက်သွားခဲ့သည်။ ဆရာဝန်၏အချက်ပြမှုအောက်တွင် လင်ကျန်းရီက စုကျစ်ယန်ကို တင်းကြပ်စွာဆုပ်ကိုင်ထားရင်း ၎င်းနည်းလမ်းဖြင့် သန္ဓေသားလေးများ အောက်ဘက်ကိုရောက်သွားစေရန် ကူညီနေခဲ့သည်။

စုကျစ်ယန်မှာ ထိုခြေထောက်များက သူ့အပိုင်မဟုတ်တော့သလို ခံစားလိုက်ရသည်။ သူလှမ်းသည့်ခြေလှမ်းတိုင်း ဓားဖျားမှာ လျှောက်နေရသလို တုန်ယင်နေခဲ့ပေမယ့် တကယ်တမ်းနာကျင်မှု ခြေဖဝါးမှာမဟုတ်ဘဲ ဝမ်းဗိုက်မှာဖြစ်နေ၏။

"အမ်း..."

စုကျစ်ယန်မှာ အသံထွက်ဖို့ပင်အားမရှိတော့ချေ။ သူကလမ်းလျှောက်တာကို ရုတ်တရက်ရပ်လိုက်ပြီး ဝမ်းဗိုက်ကိုအုပ်ကာ ပြိုလဲတော့မယောင်ဖြစ်သွားရှာသည်။

"နာတယ်..."

သူ့ဝမ်းဗိုက်က ရုတ်တရက်ကြီးကျုံ့သွားပြီး အရင်ကထက် ပို၍နာကျင်လာသည်။ စုကျစ်ယန် သူ့ဗိုက်ထဲက ကလေးလေးတွေက သားအိမ်ရဲ့ညှစ်အားနှင့်အတူ အောက်ဘက်ဆီဆင်းသွားတာကို ခံစားမိသည်။ ပြီးနောက် ပူနွေးသည့်အရည်တွေက သူ့ကိုယ်အပြင်ဘက်ကို စီးကျလာသည်။

သူ့အခြေအနေကိုဂရုစိုက်နေတဲ့ဆရာဝန်က လင်ကျန်းရီကို သူ့ကိုကူညီပေးပြီး နောက်တစ်ကြိမ် ကလေးထပ်မွေးဖို့ပြောလာခဲ့သည်။

လက်တစ်စုံက သူ့၏ပူဖောင်းနေသောဗိုက်ကို ဆက်၍ဖိချထားပြီး "အသက်ပြင်းပြင်းရှူ၊ ညှစ်" ဟူ၍ပြောနေသည်ကို နားထဲ၌ ကြားနေရသည်။ သူ၏အမြင်အာရုံကဝေဝါးနေပြီး စုကျစ်ယန်မှာ စိုးရိမ်နေသည့်မျက်နှာဖြင့် လင်ကျန်းရီကို မြင်လိုက်ရသည်။ သူကမျက်လုံးကိုမှိတ်လိုက်ပြီး ရှိသမျှအင်အားဖြင့် ငြီးငြူလိုက်သည်။
(ခြူးထင်တာ အင်း! ဆိုပြီးညှစ်တာလားမသိ)

သူ့တစ်ကိုယ်လုံး စုတ်ပြဲသွားပုံရပြီး သွေးတွေစိမ့်ထွက်ကာ ခွန်အားတွေအားလုံး ကုန်သွားပေမယ့် နောက်ဆုံးမှာ ကလေးငိုသံကိုကြားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ကပို၍ပေါ့ပါးလာသည်ကို စုကျစ်ယန်ခံစားလိုက်ရပြီး တင်းကြပ်နေမှာနှင့် နာကျင်မှုတွေမှာလည်း ပျောက်ကွယ်သွားသည်။ သူကခေါင်းကိုမကာဘေးဘက်ဆီစောင်စလိုက်ရင်း လင်ကျန်းရီ၏ပုခုံးပေါ်လှဲချလိုက်သည်။

လင်ကျန်းရီတစ်ယောက် အကြောင်းပြချက်မရှိဘဲ စိတ်ရှုပ်ထွေးသွားရသည်။ အရင်ဘဝက ခွဲခန်းထဲမှာ သူသေဆုံးခဲ့ရသည်ဟု စုကျစ်ယန်ပြောခဲ့ဖူးတာကိုတွေးမိပြီး သူကသူ့ကိုနမ်းလိုက်ကာ ခေါ်လိုက်သည်။

"ကျစ်ယန်?၊ ကျစ်ယန်၊ သတိလွတ်မသွားနဲ့၊ ကျစ်ယန်! ကိုယ့်ကိုမခြောက်ပါနဲ့ကွာနော်၊ ကျစ်ယန်!! "

"လူနာက သွေးအများကြီးဆုံးရှုံးထားရလို့ သတိလွတ်သွားတာ!၊ အခုချက်ချင်း သွေးသွင်းဖို့ပြင်ပါ!"

ဆရာဝန်က မွေးပြီးကာစကလေးငယ်က ချက်ကြိုးကိုဖြတ်ပြီး ဘေးမှသူနာပြုထံ အပ်နှံလိုက်သည်။

အလွန်လျင်မြန်စွာ သွေးအိတ်ကို တွန်းချလိုက်ပြီး အရေးပေါ်အစီအစဉ်များကို အကောင်အထည်ဖော်လိုက်သည်။  စုကျစ်ယန်မှာ လင်ကျန်းရီ၏ရင်ခွင်ထဲ၌ နစ်မြှုပ်နေဆဲဖြစ်ပြီး ကြေကွဲစရာကောင်းအောင် အားနည်းနေပုံပေါက်နေသည်။

"ကျစ်ယန်! ကျစ်ယန်ရေ!"

လင်ကျန်းရီနှစ်ကြိမ်တိုင်တိုင်ခေါ်ပေမယ့် စုကျစ်ယန်ကနိုးမလာသလို ဒေါက်တာကလည်း ဘာမှမလုပ်ပါချေ။ သူကစုကျစ်ယန်၏ဝမ်းဗိုက်ကိုဆက်ဖိထားပြီး တစ်ချိန်တည်းမှာပင် ဘေးရှိဆေးဘက်ဝန်ထမ်းတွေကိုကိုလည်း ပြောနေသည်။

"စိတ်မလျော့လိုက်နဲ့ဦး!၊ လူနာရဲ့ဗိုက်ထဲမှာ နောက်ကလေးတစ်ယောက်ရှိနေသေးတယ်၊ သူ့ကိုမွေးဖို့နည်းမြန်မြန်ရှာ၊ မဟုတ်ရင် ကလေးကမွန်းပြီးသေသွားလိမ့်မယ်"

ဆရာဝန်က ပြောနေရင်းဖြင့် ပြင်းထန်စွာဆက်လက်ဖိနေကာ  စုကျစ်ယန်အား နာကျင်မှုဝေဒနာကြောင့်နိုးထလာအောင်လုပ်နေခဲ့သည်။  သူ့အသိစိတ်ကဝေဝါးနေပြီး ဆရာဝန်ရဲ့ လမ်းညွှန်ချက်အတိုင်း အသက်မှန်နှန်ရှုနေခဲ့သည်။  သူမလုပ်နိုင်ရင်တောင် ကလေးကိုစောင့်ရှောက်ရမယ်ဟုပင် လင်ကျန်းရီကိုသူပြောခဲ့သည်။  အရင်ဘဝကရော ဒီဘဝမှာရော သူ၊ သူ့လက်ကနေမလွတ်မြောက်နိုင်ခဲ့ပေ။

"ဇနီးလေး၊ ကိုယ့်ဇနီးလေး၊ မင်းလုပ်နိုင်ပါတယ်၊ နောက်ထပ်နည်းနည်းလေးပဲကြိုးစားလိုက်ရင် ကိုယ်တို့ကလေးလေးထွက်လာတော့မယ်၊ ဒေါက်တာပြောတယ် ခေါင်းမြင်နေရပြီတဲ့၊ ဇနီးလေး မင်းလုပ်နိုင်ပါတယ်ကွာ နော်..."

လင်ကျန်းရီက သူစိတ်ကူးရသမျှကိုထုတ်ပြောရင်း စုကျစ်ယန်နောက်ဆုံးအဆင့်ကိုကျော်ဖြတ်နိုင်အောင် အားပေးနေခဲ့သည်။

ကလေးငိုသံကအခန်းတွင်း၌ ကျယ်လောင်စွာထွက်လာသည့်အခါ စုကျစ်ယန်ကနောက်ဆုံးမှာ စိတ်အေးလက်အေးဖြင့် ကျော်ဖြတ်သွားနိုင်ခဲ့သည်။

စုကျစ်ယန်၏မျက်လုံးထောင့်စွန်းရှိမျက်ရည်စလေးများကိုမြင်ရသည့်အခါ လင်ကျန်းရီမှာလည်း အလိုအလျောက်ပင် မျက်လုံးများနီရဲလာခဲ့သည်။

တကယ်တမ်းမှာ ကလေးမွေးတဲ့အခါနာကျင်တဲ့ဝေဒနာခံစားရတာကိုသူသိနေပြီး စိတ်ပိုင်းဆိုင်ရာကို ကြိုတင်ပြင်ဆင်ထားပေမယ့် သူ့မျက်လုံးနှင့်လက်တွေ့မြင်ရတဲ့အခါ နာကျင်နေရဆဲဖြစ်သည်။အထူးသဖြင့် စုကျစ်ယန်က သူ့လက်ကောက်ဝတ်ကိုဖမ်းကိုင်ထားပြီး အသံထွက်မလာအောင်နှုတ်ခမ်းကို ဖိကိုက်ထားတာကို မြင်ရသည့်အခါ၌ လင်ကျန်းရီမှာ ငိုချမိတော့မတတ် စိုးရိမ်ပူပန်နေရသည်။ ဒါကြောင့်လည်း လင်ကျန်းရီက စုကျစ်ယန်ကိုနောက်ထပ်ဒီလိုနာကျင်မှုမျိုး ခံစားခွင့်မပေးတော့ဟု သူ့ကိုယ်သူကျိန်ဆိုလိုက်သည်။

ဆရာဝန်ကသူ့ကိုကယ်ဖို့ကြိုးစားနေဆဲဖြစ်သည်။  စုကျစ်ယန်၏မျက်နှာက ထွင်းဖောက်မြင်ရလုနီးနီးဖြူဖျော့နေပြီး သူ့အသက်ရှူနှုန်းကလည်း အလွန်အားနည်းနေကာ လင်ကျန်းရီမှာ အနီရောင်ပြောင်းနေတဲ့အိပ်ယာခင်းကို မြင်လိုက်ရတဲ့အခါမှာတော့  သူကပို၍ပင်စိုးရိမ်လာသည်။

စုကျစ်ယန်... သူအဆင်ပြေသွားမှာပါနော်!

လင်ကျန်းရီမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် စုကျစ်ယန်၏လက်ကိုဆုပ်ကိုင်ထားပြီး သူ၏မွေးဖွားပြီးကာစ သားလေးတွေကိုပင် မကြည့်နိုင်ခဲ့ချေ။

လင်ရှောင်ထျန်းနှင့် ကျန့်ဟွားရှန်းမှာ သူတို့၏မြေးလေးတွေကိုမြင်ဖူးပြီးပြီဖြစ်သည့်တိုင် ဆရာဝန်က ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေကို သွေးပိုသွင်းဖို့ပြောနေတာကို ကြားလိုက်ချိန်တွင် နှစ်ယောက်လုံးက စုကျစ်ယန်အပေါ် အာရုံစိုက်ခဲ့ကြသည်။

အမျိုးသမီးအများစုက သွေးအလွန်အကျွံဆုံးရှုံးမှုကြောင့် ခွဲခန်းထဲကကုတင်ပေါ်မှာ သေဆုံးဖဲ့ကြဖူးသည်။ သူတို့သမက်လေး အဆင်ပြေပါ့မလားနော်။

"ယောက်ျားရေ၊ ကျစ်ယန်လေးက ကျွန်မတို့အတွက် အများကြီးအနစ်နာခံခဲ့ပြီးပြီ၊ သူကအနာဂတ်မှာ ကျွန်မတို့မိသားစုရဲ့အကြီးဆုံးအကြီးအကဲပဲ၊ ကျွန်မတို့ ကိုယ့်ကိုယ်ကို နှိမ့်ချပြီး သူ့အပေါ်ကောင်းရမယ်နော်..."

ကျန့်ဟွားရှန်းက  စိုးရိမ်မှုကြောင့် တွန့်လိမ်နေပြီလားထင်ရတဲ့နှလုံးသားနှင့်အတူ ဖြူဖျော့နေသည့်စုကျစ်ယန်ကို ပြတင်းပေါက်မှတစ်ဆင့် ကြည့်နေရှာသည်။

အဲဒီ့အချိန်က သူမလည်း သဘာဝအတိုင်း ရိုးရိုးမွေးခဲ့တာဖြစ်ပေမယ့် သူမကမိန်းကလေးလေ အာ၊ သူမတောင် သဘာဝအကျိုးကျေးဇူးကိုရခဲ့တာတောင် အရမ်းကိုနာကျင်ခဲ့ရတာ။ ဒါကြောင့် စုကျစ်ယန်ကနာနာကျင်ကျင် ညည်းညူလိုက်တာကို ကြားရတဲ့အခါ သူမသည်လည်း ၎င်းဖြစ်စဉ်ကို နောက်တစ်ကြိမ် ထပ်ဖြတ်သန်းလိုက်ရသလို ခံစားလိုက်ရသည်။

"အမ်း..၊ အဲလိုလုပ်ကိုလုပ်ရမှာ၊ ကိုယ်တို့သူ့ကိုရှင်ဘုရင်လိုဆက်ဆံရမယ်၊ တကယ်လို့ ကိုယ်တို့သားသာသူ့ကိုအနိုင်ကျင့်ရဲရင် ကိုယ်တ်ု့ဒင်း(LZY)ကို ထပ်ပြီးမလိုချင်တော့ဘူး..."

လင်ရှောင်ထျန်းက သူ့ဇနီးလေး၏စကားကို သဘာဝကျကျပင် ချွင်းချက်မရှိထောက်ခံသည်။ ဒါပေါ့ ကျန့်ဟွားရှန်းက ဘာမှပြန်မပြောရင်တောင် သူကစုကျစ်ယန်ကို တုန်နေအောင်ချစ်ပေးမှာပါပဲ။

"ဇနီးလေး၊ ထပါဦး၊ ဇနီးလေး.. မင်းကိုယ်တို့ကလေးတွေကို မတွေ့ရသေးဘူးလေ၊ မင်းသူတို့ကိုမကြည့်ချင်ဘူးလား၊ သူတို့ဘယ်သူနဲ့တူလဲဆိုတာ မသိချင်ဘူးလားဟင်၊ ဇနီးလေး.. ကိုယ်တို့သားလေးတွေက မင်းကိုဆယ်လလောက် ညှင်းပန်းလာတာ...၊ ကိုယ် သူတို့ကိုအဲ့အတွက် မရိုက်ရသေးဘူး၊ ကြားရဲ့လား ကိုယ်သူတို့တင်ပါးတွေကို တစ်ချက်ပြီးတစ်ချက် ရိုက်ပြီးအပြစ်ပေးပစ်မယ်....."

လင်ကျန်းရီက ခေါင်းကိုဖြည်းဖြည်းချင်းငုံကာ သူ့နားရွက်လေးကို နမ်းလိုက်သည်။

စုကျစ်ယန်၏မျက်တောင်များက တုန်ရီသွားပြီးနောက် သူကမျက်မှောင်ကြုတ်လိုက်သည်။  လင်ကျန်းရီရဲ့လုပ်ရပ်ကို သူသဘောမတူဘူး ။

သူ့သားလေးတွေက အခုမှ ဒီလောကထဲကို ရောက်လာတာ၊ သူတို့အပေါ်ကို လက်တင်ခွင့်ပြုစရာလား။  ဒီအဖေကမသင့်လျော်လိုက်တာ။

“လူနာရဲ့ သွေးပေါင်ချိန်က ပုံမှန်ပြန်ဖြစ်နေပြီ၊ သူ့ရဲ့သွေးခုန်နှုန်းလည်း တက်လာတယ်၊  မြန်မြန်..နောက်တစ်ဆင့်အတွက် ပြင်ဆင်တော့…”

အချိန်အတော်ကြာပြီးနောက် ဆရာဝန်မှာ စိတ်သက်သာရာရသွားပြီး အသက်ရှူချောင်သွားကာ   "အိုကေ! သူ့ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေက ပုံမှန်ပြန်ဖြစ်နေပါပြီ၊ သူအနားယူဖို့အတွက် wardထဲကိုပို့ပေးလိုက်ပါ!"

“ဒေါက်တာ သူအဆင်ပြေပါတယ်နော်?” လင်ကျန်းရီကမေးခဲ့သည်။

“အင်း သူအဆင်ပြေပါတယ်... ၊ သွေးထွက်တာရပ်သွားပြီ၊  ရက်နည်းနည်းလောက် အနားယူပြီးတာနဲ့ ဆေးရုံကဆင်းလို့ရပြီ...”

“တော်ပါသေးတယ်! ကျေးဇူးပါ ဒေါက်တာ၊ တကယ်ကျေးဇူးတင်လိုက်တာ ဒေါက်တာရေ!”

သုံးရက်မြောက်အထိ သတိလစ်မေ့မြောနေပြီးမှ စုကျစ်ယန်မှာ ပြန်သတိရလာခဲ့သည်။

ဝမ်းဗိုက်အောက်ပိုင်း၌ တစ်စစ်စစ်နာကျင်နေပြီး ယင်းကသူ၏အာရုံခံစားမှုများကိုဆွဲခေါ်နေပြီး သူ့ကိုယ်အောက်ပိုင်းကို မသက်မသာဖြစ်စေသည်။သို့ပေမယ်လည်း သူဒီနာကျင်မှုလောက်ကိုတော့ သည်းခံနိုင်ပါသေး၏။

ဖြစ်နိုင်တာက...သူဒီဘေးဆိုးကြီးကို အန္တရာယ်ကင်းကင်းဖြစ်ကျော်နိုင်ခဲ့တယ်လား။

စုကျစ်ယန်က မျက်လုံးတွတကို ဖွင့်ဖို့ကြိုးစားပြီး မသိစိတ်က သူ့လက်ကို ဗိုက်ထံ ဆန့်ထုတ်လိုက်သည်။  သို့သော်လည်း နောက်တစက္ကန့်တွင် သူ့လက်ကို ကြီးမားပြီး နွေးထွေးသောလက်ဖြင့် ဆုပ်ကိုင်ခြင်းခံလိုက်ရသည်။  သူ့ခေါင်းကိုလှည့်လိုက်သည့်အခါ လင်ကျန်းရီ၏ မျက်လုံးများနှင့်ဆုံ၏။

သူ့လက်ကိုရွှေ့လိုက်သည့်အခါ လင်ကျန်းရီနိုးလာသည်။  သူကအနီးကိုကပ်သွားသည့်အခါ စုကျစ်ယန်က မျက်လုံးဖွင့်ထားသည်ကို တွေ့လိုက်ရသည်။အရင်ကလောက် တောက်ပမနေပေမယ့် သူတကယ် နိုးနေခဲ့သည်ပင်။

"ဇနီးလေး၊ မင်းတကယ်ကြိုးစားပါတယ်၊ မင်းကို ဒီလိုနာကျင်မှုတွေ ထပ်မခံစားစေရဘူးလို့ ကိုယ်ကတိပေးတယ်"  လင်ကျန်းရီကချစ်မြတ်နိုးစွာဆို၏။  “ကိုယ်မင်းကိုချစ်တယ် ဇနီးလေး ၊ မင်းကို တစ်သက်လုံး မြတ်နိုးပြီး အလိုလိုက်ပေးပါ့မယ်၊ မင်းက ကိုယ့်နှလုံးသားထဲမှာ အမြဲတမ်း နံပါတ်တစ်ပဲဖြစ်နေစေရမယ်"

စုကျစ်ယန်ကသတိလစ်နေခဲ့သည်။ သုံးရက်ကြာအောင် အိပ်ပျော်သွားပြီးနော် သွေးများစွာလည်းဆုံးရှုံးသွားခဲ့သည်။  ယခုအချိန်တွင် သူ့ခန္ဓာကိုယ်က အလွန်အားနည်းနေ၏။  သူက အားတင်း၍ပြုံးပြပြီး ဘယ်လက်ကိုမြှောက်ကာ ဗိုက်ပေါ်တင်လိုက်သည်။  သူ့မျက်လုံးထဲတွင် အံ့အားသင့်မှုနှင့်အတူ အလင်းတန်းတစ်ခု လင်းလက်လာသည်။

သူတကယ်ပဲ ဘေးဆိုးကြီးကို အန္တရာယ်ကင်းကင်းဖြတ်ကျော်နိုင်ခဲ့တာလား။ သူတကယ်ပဲ ကလေးလေးနှစ်ယောက်ကို မွေးခဲ့တယ်လား။

သူ့ကိုယ်ပေါ်က ဝန်ထုပ်ဝန်ပိုးတွေ ရုတ်တရက်ပျောက်ဆုံးသွားခြင်းက သူ့ကို ကျင့်သားမရသလို ခံစားရစေခဲ့သည်။။

“ဇနီးလေး ဘာဖြစ်လို့လဲ ၊ ဗိုက်ကနာလို့လား” စုကျစ်ယန်က သူ့ဗိုက်သူကိုင်ထားတာတွေ့လိုက်ရသည့်အခါ လင်ကျန်းရီမှာ စိတ်ပူပြီး ဂနာမငြိမ်ဖြစ်လာသည်။

ကျစ်ယန်က ခေါင်းကိုအသာငြိမ့်ပြရင်း တိုးလျသည့်အသံဖြင့် ညင်သာစွာပြော၏ “အင်း… နည်းနည်း...."

Translated by chu chu (Team- Chamomile)

အမှန်အတိုင်းပြောရရင် ဒီအပိုင်းတွေက ကြိုဖတ်မထားခဲ့တော့ ကျစ်ယန်ကလည်း maleဆိုတော့ ခွဲမွေးမယ်ထင်ခဲ့တာရယ်။
၉၆မပြန်ခင်၉၇ကိုအရင်ပြန်တာဆိုတော့လေ။
ဘာပဲဖြစ်ဖြစ် အမေ့ကိုတကယ်သတိရစေတဲ့အပိုင်းလေးပဲ။

98ကိုတော့ ခဏစောင့်ပေးကြပါနော် ခြူး၁ရက်နေ့ကျ သင်တန်းမှာ စာဖြေရမှာမို့နည်းနည်းစီပဲပြန်ရမှာမို့ပါ။


You are reading the story above: TeenFic.Net