Chapter 96 (U)

Background color
Font
Font size
Line height

အခန်း ၉၆ : အင်း... သူဝေဒနာခံစားရတော့မယ်

"အဆင်ပြေပါတယ်၊ အဆင်ပြေတယ်နော်၊ မင်းနဲ့ ကိုယ်တို့ကလေးတွေ လုံခြုံနေသရွေ့..."

အဆောင်ခန်းတံခါးကိုတွန်းဖွင့်လိုက်တဲ့အခါ အပြင်ဘက်မှ စောင့်ကြည့်နေသော လင်ရှောင်ထျန်းနှင့် ကျန့်ဟွားရှန်းတို့က ပြေပြစ်သာယာသည့်မျက်နှာပေးများဖြင့် ဝင်လာကြသည်။ သူတို့က အတင်းပင်မေးလာ၏။

"ကျစ်ယန်၊ မင်းပိုပြီးနေကောင်းလာပြီလား"

စုကျစ်ယန်အနည်းငယ်ရှက်သွားသည်။  သူကလင်ကျန်းရီ၏ရင်ခွင်ထဲမှ ထွက်သွားချင်သည့်တိုင် လင်ကျန်းရီကသူ့ကို ပိုင်စိုးပိုင်နင်းပွေ့ဖက်ထားကာ နှိမ့်ချသလိုကြည့်ရင်းဖြင့်- မင်းဘာကိုကြောက်နေတာလဲ၊ ကိုယ်တို့ကသားသမီးတွေတောင်ရနေပြီ၊ ပါးနဲ့မားက ကိုယ်တို့ဖက်ထားတာလေးလောက်တော့ စိတ်ထဲထားနေမှာကိုမဟုတ်ဘူး ဟု ပြောနေသကဲ့သို့ပင်။

အိပ်ယာမှနိုးလာကာစ စုကျစ်ယန်အနေဖြင့်  လင်ကျန်းရီဆီက ဘယ်လိုလုပ်လွတ်မြောက်အောင် ရုန်းကန်နိုင်စွမ်းရှိမယ်တဲ့လဲ။ ဒါကြောင့် သူကအနီပြေပြလေးပြေးနေတဲ့ပါးမို့များဖြင့် လင်ပါပါးနှင့်လင်မာမားရဲ့မေးခွန်းတွေကိုသာ ဖြေကြားနိုင်ခဲ့သည်။ 

"သေချာပေါက်ကိုပိုကောင်းလာပါတယ်၊ ပါးနဲ့မားကို စိတ်ပူအောင်လုပ်မိလို့ စိတ်မကောင်းပါဘူး..."

"ဒီကလေးကတော့လေ... အရမ်းစဉ်းစားတတ်တာပဲ!  " ကျန့်ဟွားရှန်းက ပြုံးရင်းဖြင့် ချီးကျူးလာသည်။

"ဒီအချိန်မှာတောင် မင်းက ငါတို့အတွက်ပဲစဉ်းစားပေးနေတာ၊  မင်းနဲ့လက်ထပ်လိုက်ရတာက ကျန်းကျန်းအတွက်တော့ ကောင်းချီးပေးခံရသလိုပဲ!”

"မား..." စုကျစ်ယန်မှာ သူမထံမှ ချီးကျူးစကားကြောင့် ပို၍ပင် ရှက်သွားရသည်။

"မင်းအနေနဲ့ မင်းမိသားစုအပေါ် ယဉ်ကျေးနေဖို့မလိုဘူးဆိုတာသိရင် မားတို့အပေါ်လည်း ယဉ်ကျေးနေစရာမလိုဘူး၊ နောက်တစ်ကြိမ်တစ်ခုခုထပ်ဖြစ်ရင် အဲ့အချိန်ကျ မင်းကိုဂရုစိုက်ပေးဖို့ မင်းတို့အိမ်မှာပဲလာနေလိုက်တော့မယ်"

“အမ်း…” စုကျစ်ယန်နှင့်လင်ကျန်းရီတို့မှာ မွေးကင်းစကလေးလေးတွေကို ဘယ်လိုပြုစုရမလဲဆိုတာကို သေချာမသိတာကြောင့် ယင်းအဆိုကို ကန့်ကွက်ခြင်းမရှိကြချေ။

ဘာပဲဖြစ်ဖြစ် သူတို့ကအနာဂတ်မှာ သူတို့ရဲ့သားသမီးတွေကို ပြုစုစောင့်ရှောက်ဖို့ ကူညီပေးကြမှာပဲ။ အခုချိန်သူတို့ကိုအိမ်မှာခေါ်ထားတာကလည်း မကောင်းတာတော့မဟုတ်ပါဘူး။

လင်ရှောင်ထျန်းက စုကျစ်ယန်အတွက် စစ်ဆေးမှုပြီးစီးအောင်လုပ်ပေးဖို့အတွက် ဆရာဝန်တစ်ဦးသွားမရှာမှီ မိသားစုက ခဏတာမျှ ပျော်ရွှင်စွာ ထွေရာလေးပါးစကားပြောဆိုခဲ့ကြသည်။ လူလေးဦးက စုကျစ်ယန်နေကောင်းတာ သေချာအောင်လုပ်ပြီးမှ ဆေးရုံကဆင်းလာခဲ့ကြသည်။

ထိုမတော်တဆမှုပြီးကတည်းက လင်ကျန်းရီက စုကျစ်ယန်ကိုပို၍ပင် ငဲ့ညှာပေးလာခဲ့သည်။စုကျစ်ယန်က မျက်မှောင်လေးအနည်းငယ်ကြုတ်ပြီး သက်ပြင်းချလိုက်ရုံမျှဖြင့်ပင် သူ့ကိုအချိန်အတော်ကြာအောင် တုန်လှုပ်သွားစေနိုင်သည်။
(ပါးကျန်းရီ ထရော်မာတွေရကုန်ပါ့မယ် XD)

လင်ပါပါးနှင့်လင်မာမားကလည်း စုကျစ်ယန်ကို အလွန်တရာပင်စိတ်ပူနေခဲ့သည်။  သူသာတစ်ခုခုစားချင်လျှင် အစားအသောက်ကို ကြိုပြင်ထားပြီးသားဖြစ်နေပြီး ပျင်းနေလျှင်လည်းကစားစရာတွေက အများကြီးရှိနေသည်။  ကလေးတစ်ယောက်လိုပင် လက်တွေ့ကျကျ ဆက်ဆံခံနေရ၏။

သူ့ခင်ပွန်းနှင့်ယောက္ခမတွေက သူ့လိုအပ်ချက်တွေကိုချွင်းချက်မရှိ လုံလောက်စွာဖြည့်ဆည်းပေးခဲ့တာကြောင့် ကျန်တဲ့နှစ်လက အရင်ထက်ပိုခက်ခဲသည့်တိုင် စုကျစ်ယန်က သူ့အင်အားရှိသမျှဖြင့် ခံနိုင်ရည်ရှိအောင် ထိန်းနိုင်ခဲ့သည်။

ကျန့်ဟွားရှန်းက သူမ၏လက်ချောင်းများကိုသုံးကာ မွေးဖွားရမည့်ရက်ကို တွက်ချက်နေခဲ့သည်။

သူမက စုကျစ်ယန်၏ကြီးမားသသည့်ဗိုက်ကိုကြည့်ကာ မောပန်းနွမ်းနယ်နေလေသည်။  သူမလင်ကျန်းရီကိုကိုယ်ဝန်လွယ်ထားရစဉ်က ဘယ်လောက်တောင် ကြောက်နေခဲ့ရသလဲဆိုတာကို ပြန်တွေးမိပြီး သူမထက်ပင်အများကြီး ပိုကြီးသည့်ဝန်ကိုလွယ်ထားရသည့် စုကျစ်ယန်ဆိုလျှင် ဆိုဖွယ်ရာပင်ရှိမည်မထင်။

စုကျစ်ယန်အသက်ကိုခက်ခက်ခဲခဲရှူနေတာကိုတွေ့ရတိုင်း သူမမှာ စိတ်မကောင်းဖြစ်ရသည်။

အနည်းဆုံးတော့ သိပ်မကြာခင်မှာ သက်သာရာရသွားမှာပါလေ။

Dute dateမတိုင် ၇ရက်မကကျန်ပါသေးတယ်။

လင်ကျန်းရီမှာ အရင်တစ်ခေါက်ကလို အရေးပေါ်အခြေအနေဖြစ်လာမှာကို ကြောက်တာကြောင့် စုကျစ်ယန်ကို ဆေးရုံကိုအချိန်မှီအထူးပို့ပေးခဲ့သည်။ မွေးဖွားခါနီးမှာထိတ်လန့်ရတာထက် ဆေးရုံမှာနေပြီးစောင့်တာက ပိုကောင်းသည်။

စုကျစ်ယန်အနေဖြင့် သူ့ဘာသာလမ်းလျှောက်ဖို့ရာ ခက်ခဲတာကြောင့် လမ်းလျှောက်တိုင်း လင်ကျန်းရီရဲ့ဖေးမမှုကို အားကိုးရလေသည်။ လက်ရှိမှာသူတို့က ဆေးရုံကိုကားနှင့်သွားနေတာဖြစ်ပြီး လင်ကျန်းရီကသူ့ဘေးခုံမှာထိုင်ကာ နှိပ်နယ်ပေးနေသည့်တိုင် သည်အခြေအနေ၌ ဘာမှအသုံးမဝင်ပါချေ။

ကားပေါ်မှဆင်းပြီးနောက် လင်ကျန်းရီက သူ့ကိုဂရုတစိုက်ထောက်မပေးကာ ခြေလှမ်းတွေကို ခပ်စိပ်စိပ်သာလှမ်းခဲ့သည်။  သူ့ဗိုက်ပေါ်ကဖိအားတွေက အရမ်းပြင်းထန်တာကြောင့် စုကျစ်ယန်မှာ ခြေလှမ်းနည်းနည်းလှမ်းပြီးတိုင်း အနားယူခဲ့ရသည်။  လင်ကျန်းရီကသူ့ကို ပွေ့ချီပေးသွားချင်ပေမယ့် စုကျစ်ယန်က လက်မခံဘဲ ငြင်းပယ်လိုက်လေသည်။

သူကအဲတာနှင့်ပတ်သက်ပြီး လေ့လာမှုအနည်းငယ်လုပ်ခဲ့သလို ယင်းအဆိုအရဆိုလျှင် ကလေးမမွေးဖွားမှီလမ်းလျှောက်ပါက မွေးဖွားရာမှာအထောက်အကူဖြစ်စေသည်ဟု ရှာဖွေတွေ့ရှိခဲ့သည်။

နောက်ဆုံး၌ သူတို့သည် ခက်ခဲစွာပင် ဆေးရုံးwardထဲရောက်လာကြသည်။ လင်ကျနးရီက စုကျစ်ယန်ကိုထိုင်ဖို့ကူညီခဲ့သည့်တိုင် သူ့ခမျာအားမထုတ်နိုင်သဖြင့် တည့်မတ်စွာမထိုင်နိုင်ဘဲ အနည်းငယ်ယိုင်နေပြီး ပင့်သက်ရှိုက်လိုက်ရသည်။

နောက်ဆုံးတော့ သူအဲဒါကနေ လွတ်မြောက်တော့မှာပဲ...

လင်ကျန်းရီ၊ ကျန့်ဟွားရှန်းနှင့် လင်ရှောင်ထျန်းမှာ သူနေထိုင်နေစဉ်တစ်လျှောက်လုံး စုကျစ်ယန်ကိုနေ့တိုင်းနီးပါးစောင့်ပေးနေကြသည်။
ဗိုက်ဆာလား?၊ ရေဆာနေလား?၊ ရေချိုးချင်နေပြီလား?၊ ဗိုက်နာနေလား ? စသဖြင့်။

သတ်မှတ်ရက်ရောက်လာသည်အထိ စုကျစ်ယန်၏ဗိုက်အတွင်းရှိကလေးနှစ်ဦးမှာ လှုပ်ရှားမှုမရှိခဲ့ချေ။

လင်ကျန်းရီမှာ မစောင့်နိုင်တော့ဘဲ စုကျစ်ယန်ကို ခွဲမွေးမလားဟု ဆွေးနွေးတော့သည်။

စုကျစ်ယန်က တကယ်ကိုပင်ပန်းနေတာကြောင့် သဘောတူခဲ့ပေမယ့် ဆရာဝန်ကိုပြောတဲ့အခါမှာတော့ ခွဲမွေးမယ့်အကြောင်းကို ဆရာဝန်ကလက်မခံခဲ့ချေ။

"ဘာလို့လဲ!"  လင်ကျန်းရီမှာ သူ့ဇနီးလေးအတွက် စိတ်ပူနေလေသည်။  ခွဲစိတ်ကုသလို့ရတဲ့အပိုင်းတွေက အများကြီးဘဲ မဟုတ်ဘူးလား။  ဘာလို့ ကျစ်ယန်က ခွဲလို့မရတာလဲ။

စုကျစ်ယန်၏မွေးဖွားမှုစစ်ဆေးခြင်းအစီရင်ခံစာကိုကြည့်ပြီးဆရာဝန်က “သူ့မှာ ထူးခြားတဲ့doubleတည်ဆောက်ပုံရှိတယ်၊  အဲဒါကတရုတ်နိုင်ငံမှာရှိတဲ့ တစ်ခုတည်းသောcaseဖြစ်နိုင်တယ်၊  ဘာပဲဖြစ်ဖြစ် ဒါကလက်ရှိဆေးဘက်ဆိုင်ရာသမိုင်းမှာ ပထမဆုံးဖြစ်ရပ်ပါ။  ခွဲစိတ်ခန်းရဖို့ကမခက်ပါဘူး၊ အမျိုးသမီးတွေအတွက်တော့ သားအိမ်ကဘယ်မှာရှိလဲဆိုတာနဲ့ ဘယ်လိုဖြတ်ရမလဲဆိုတာက သေချာမှုရှိပေမယ့် သူ့သားအိမ်ကတော့သေးလွန်းပြီး  အမွှလည်းဖြစ်နေတော့ သူ့သားအိမ်က ပုံမှန်မဟုတ်တဲ့ကြီးထွားမှုကို ဖြစ်စေပါတယ်၊  ခွဲစိတ်တဲ့အနေအထားသား မသင့်လျော်တာမျိုးဖြစ်လာရင် တင်းမာမှုအကြီးစားကြောင့် သွေးထွက်လွန်ပြီး သန္ဓေသားကို ထိခိုက်စေလိမ့်မယ်၊  Color Doppler ultrasoundနဲ့ နေရာကိုအတိအကျသိရအောင် ကြည့်လို့ရပေမယ့်လည်း သီးခြားတည်နေရာနဲ့ တိကျတဲ့တည်နေရာက အတော်လေးကွာခြားပါတယ်၊  ဒါကြောင့် ကိုယ်ဝန်ဆောင်ခင်ပွန်းနဲ့ ကလေးငယ်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် သဘာဝအတိုင်းမွေးဖို့အတွက် စောင့်ဖို့ပဲ အကြံပေးချင်ပါတယ်"
(ဒီအပိုဒ်မှာ ၁နာရီလောက်ကုန်သွားလို့ နည်းနည်းခေါင်းကိုက်ပြီးနားလိုက်ရတာ UwU)

"ဒီဆေးရုံက ဘယ်လိုတောင်ဆိုးရွားတဲ့ဆေးရုံလဲ..." လင်ကျန်းရီ ဒေါသထွက်သွားသည်။  "ဘယ်လိုခွဲခန်းဝင်ရမလဲတောင်မသိကြဘူး!"

ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာသာသိရင် သူပြည်ပကဆရာဝန်တွေနှင့် ဆက်သွယ်ခဲ့မှာပင်။ သို့ပေမယ့် အခုအခြေအနေနှင့်တူတူဖြစ်နေတာလည်း ဖြစ်နိုင်တာပါပဲ။

"ခွဲစိတ်ချင်တယ်ဆိုရင် ဆေးရုံနဲ့စာချုပ်မှာလက်မှတ်ထိုးဖို့လိုတယ်၊ ခွဲစိတ်နေတဲ့အတောအတွင်း မတော်တဆတစ်ခုခုဖြစ်ပွားခဲ့ရင် နောက်ဆက်တွဲဘေးထွက်ဆိုးကျိုးတွေအတွက် မင်းတာဝန်ယူမယ်ဆိုပြီးတော့ပေါ့" ဒေါက်တာကဆိုလာသည်။

“ခင်များ...” လင်ကျန်းရီ အမျက်ဒေါသထွက်နေပေမယ့် စုကျစ်ယန်က သူ့ကို တားလိုက်သည်။  ဆရာဝန်၏ပါးစပ်မှထွက်လာသည့် “သွေးထွက်လွန်ခြင်း” ဟူသောစကားလုံးကြောင့် သူထိတ်လန့်သွားရသည်။  ခွဲစိတ်ကုသခြင်းမှာ အန္တရာယ်များတာကြောင့် သူတို့လည်း သဘာဝအတိုင်းမွေးဖို့သာ စောင့်ဆိုင်းသင့်သည်။

သူ့အတွက်တော့ လွယ်ကူစွာမွေးဖွားနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလို သေလောက်အောင်နာကျင်ရလိမ့်မည်။

"ရီ... ခဏလောက်စောင့်ရအောင်၊ ကလေးတွေကို သူတို့ကိုယ်သူတို့ ထွက်လာခိုင်းလိုက်ပါ..." စုကျစ်ယန်က တိုးညှင်းသောအသံဖြင့် နှစ်သိမ့်လိုက်သည်။

လင်ကျန်းရီကလှည့်ကြည့်လိုက်ပြီး မျက်လုံးထဲ၌နူးညံ့မှုများအပြည့်ဖြင့် သူ့ကိုပွေ့ဖက်လိုက်သည်။  "မင်းအရမ်းနာကျင်သွားမှာကို ကိုယ်ကြောက်တယ်.. သဘာဝအတိုင်းမွေးတာက အရမ်းနာကျင်ရလိမ့်မယ်..."

"ကိုယ်ပြီးခဲ့တဲ့ဆယ်လလုံး အလုပ်ကြိုးစားခဲ့တယ်၊ နောက်ထပ်၂ရက်လောက်ဆက်သည်းခံဖို့က ပြဿနာကြီးမဟုတ်ဘူး၊ အဲဒါကနာကျင်ရရင်... တစ်ကြိမ်တည်းပဲဖြစ်လိမ့်မယ်..၊ ပြီးရင် မင်းကိုနောက်ထပ် သန္ဓေတည်ခွင့်မပေးတော့ဘူး..."

စုကျစ်ယန်က လင်ကျန်းရီ၏လက်ကိုဆွဲလှည့်လိုက်ပြီး ညင်သာစွာပြောလိုက်သည်။

"ဒီမတိုင်ခင်က ကျွန်တော်စစ်ကြည့်ခဲ့တယ်၊ ခွဲစိတ်တာကတကယ်ကိုမကောင်းတာ၊ ခွဲမွေးဖူးတဲ့မိခင်တွေအများကြီးကပြောတယ် ဒဏ်ရာကိုချုပ်ပြီးတာနဲ့ အတွင်းပိုင်းကို ချုပ်ရိုးနဲ့မတွဲမိအောင် မတ်တပ်ရပ်ပြီး လမ်းလျှောက်ရတယ်တဲ့၊ အားလုံးက ချုပ်ပြီးတာနဲ့ လှဲအိပ်မရအောင်ကို နာကျင်ကြပုံပဲ..."

လင်ကျန်းရီက စုကျစ်ယန်ပြောပြတဲ့စကားလုံးတွေထံမှနာကျင်မှုကိုခံစားရပြီး စိတ်လျှော့လိုက်တော့သည်။

"အင်းပါ၊ ဒါဆိုလည်းထားလိုက်ပါတော့၊ ဘယ်လောက်ပဲနာကျင်နေပါစေ ကိုယ်မင်းနဲ့အတူရှိနေပေးမယ်၊ နာကျင်တာကိုသည်းမခံနိုင်တော့ရင် ကိုယ့်ကိုသာကိုက်ချလိုက်၊ ကိုယ်လည်းမင်းနဲ့အတူ အဲဒီ့ဆင်းရဲဒုက္ခဝေဒနာကို ခံစားမယ်"

ကျန့်ဟွားရှန်းနှင့်လင်ရှောင်ထျန်းတို့က ဘေးမှနေ၍ သူတို့အတွဲကိုအားပေးလာသည်။ "အားတင်းထား၊ ဒါပြီးရင် အားလုံးအဆင်ပြေသွားမှာပါ"

“အမ်း...”

Dute dateပြီးနောက်သုံးရက်မြောက်တွင် နာကျင်မှုကို ခံစားရသည်။ နေ့ခင်းဘက်၌ စုကျစ်ယန်က လင်ကျန်းရီ၏ပုခုံးပေါ်မှီတွယ်ထားရင်း သူ(LZY)က သူ့(SZY)ကို ချောကလက်များခွံ့ကျွေးနေ၏။

ကျန့်ဟွားရှန်းက ကလေးမမွေးခင် ချောကလက်စားတာက ကောင်းတယ်ဟုဆိုသည်။

ဗိုက်ထဲက ကလေးနှစ်ယောက်က နောက်ဆုံးမှာတော့ လှုပ်ရှားဖို့ဆန္ဒရှိလာပြီဖြစ်သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က ငြိမ်သက်အေးဆေးခဲ့သည့်တိုင် ယခုအချိန်တွင် မုန်တိုင်းတစ်ခု တိုက်ခတ်လာခဲ့သည်။

စုကျစ်ယန်က ညည်းညူရင်း သူ၏ဗိုက်ကိုထိကိုင်ကာ ပျော့ပျောင်းစွာပြောသည်။

"ဒီမှာ..."

"ဟင်?"  လင်ကျန်းရီက ပထမ၌ အံ့အားသင့်သွားပြီးနောက်တွင် စုကျစ်ယန်၏ ကျုံ့နေသောဗိုက်ကို မြင်လိုက်ရသည်။  သူကဝမ်းသာသွားပြီး ချက်ချင်းပင် အပြင်ဘက်ကို ထိတ်လန့်တကြား အော်ပြောလိုက်သည်။

"မား ကျစ်ယန်က နာကျင်မှုကိုခံစားရတော့မယ်၊  ဆရာဝန်ကိုခေါ်လိုက်တော့..."

ကျန့်ဟွားရှန်းကြည့်လိုက်ချိန်တွင် စုကျစ်ယန်က သူ၏ဝမ်းဗိုက်ကို ကိုင်ထားရင်းနာကျင်စွာဖြင့် ငိုကြွေးနေတာကို တွေ့လိုက်ရသည်။ သူမကချက်ချင်းပက်လှည့်ပြီး ဆရာဝန်ကို ခေါ်ခိုင်းလိုက်သည်။

ယခုအကြိမ်မှာ နောက်ဆုံးအချိန်တုန်းက ကလေးတွေလှည့်ပတ်နေတာထက် ပို၍နာကျင်ရသည်။ စုကျစ်ယန်က နာကျင်စွာအော်ဟစ်ပြီး သူ့အစာအိမ်က လှိုင်းထန်နေတဲ့ပင်လယ်ကဲ့သို့ခံစားနေရသည်။ ကောင်လေးနှစ်ယောက်က ပိုလို့တက်ကြွနေပုံရပြီး ပြင်းပြင်းထန်ထန် ကန်ကျောက်ကာ လှုပ်ရှားလိုက်တာကြောင့် စုကျစ်ယန်မှာ သေလုအောင်နာကျင်သွားရသည်။

"အား-"

စုကျစ်ယန်က သူ့ဗိုက်ကပွင့်နေပြီး အသက်ရှူခက်လာသလို ခံစားလိုက်ရသည်။ ပါးစပ်ကိုကျယ်ကျယ်ဖွင့်ပြီး ခက်ခက်ခဲခဲရှူသွင်းရုံမျှသာတတ်နိုင်၏။ သူ့ဗိုက်က တစ်ခါတစ်ရံ ကျုံ့သွားပြီး နာကျင်မှုကလည်းတိုးလာသည်။

"ဇနီးလေး !" 

လင်ကျန်းရီမှာ အလွန်အမင်း တုန်လှုပ်သွားသည်။  အချိန်တိုလေးအတွင်းမှာ စုကျစ်ယန်က အကြိမ်ပေါင်းများစွာ နာကျင်သွာအော်ဟစ်ခဲ့သည်။  ကလေးတွေဗိုက်ထဲမှာ လှည့်ပတ်နေတဲ့နောက်ဆုံးအကြိမ်က အများဆုံး ညည်းညူရုံမျှသာရှိပြီး  ဒီတခေါက်မှာဘာလို့ ဆိုးဆိုးရွားရွားအော်ဟစ်နေရတာလဲ။ အဲဒါက ဘယ်လောက်တောင်နာကျင်ရလို့လဲ။

စုကျစ်ယန်နာကျင်စွာ အော်ဟစ်လိုက်တိုင်း လင်ကျန်းရီမှာနှလုံးတုန်ရင်တုန်ဖြစ်နေရပြီး သူ့လက်ကမသိစိတ်ဖြင့် စုကျစ်ယန်၏ဗိုက်ကိုကိုင်ရန် လှမ်းလိုက်သည်။  စုကျစ်ယန်၏လက်နှစ်ဘက်စလုံးမှာ သူ၏ဗိုက်ပေါ်တွင်ရှိနေပြီဖြစ်ပြီး ဆေးရုံအဝတ်များကို တင်းကြပ်စွာဆုပ်ကိုင်ထားကာ ဗိုက်ကိုအလိုလိုဖိမိသွားသော်လည်း နာကျင်မှုမှာမသက်သာဘဲ ပို၍သာပြင်းထန်သွားစေသည်။

သူ့ဗိုက်ပေါ် ညင်သာစွာ ဖိထားရန် ချဉ်းကပ်လာသည့် လင်ကျန်းရီ၏ လက်ကို သတိထားမိလိုက်ရာ စုကျစ်ယန်သည်တောင့်တင်းသွားရသည်။ သို့သော် ပြင်းပြင်းထန်ထန် နာကျင်လာရသဖြင့် သူသည် လင်ကျန်းရီ၏လက်ကိုဘေးဖယ်သွားစေရန် ရိုက်ဖယ်လိုက်သည်။ သူ့ဗိုက်ကို ဆုပ်ကိုင်ရင်း ကွေးညွှတ်သွားသည်မှာ လင်ကျန်းရီ၏ ရင်ခွင်ထဲမှ လျှောကျလုနီးပါးပင်။ လင်ကျန်းရီသည် သူ့ဗိုက်ကို ထပ်မထိဝံ့တော့ဘဲ တံခါးအပြင်ဘက်သို့ မကြာခဏကြည့်ကာ အားနည်းနေသော ခန္ဓာကိုယ်ကို သူ့လက်မောင်းမှတစ်ဆင့်ထိန်းကိုင်ထားရင်း စိတ်တည်ငြိမ်အောင်သာ ကြိုးစားနိုင်ရှာတော့သည်- ဆရာဝန်က ဘာလို့ ဒီလောက်နှေးနေတာလဲ?!

တကယ်တော့၊ ဒါဟာ တစ်မိနစ် သို့မဟုတ် နှစ်မိနစ်သာကြာပေမယ့် လင်ကျန်းရီ အတွက်တော့ အချိန်က တစ်နာရီကျော်သွားသလို နှေးကွေးသွားပုံပင်။

စုကျစ်ယန်သည် နာကျင်မှုနောက်ထပ်လှိုင်းတစ်ခုရောက်လာသည်နှင့်အမျှ နှလုံးခုန်မြန်လာမိသည်။ ငြိမ်သက်သွားသော သူ့ဝမ်းဗိုက်ကို ထိတွေ့လိုက်ရင်း သူစိတ်ရှုပ်ထွေးသွားသည်။

နာကျင်မှုကပြင်းထန်လွန်းတာကြောင့် ထုံများသွားသလား? အခုနကနဲ့ယှဉ်ရင် ဘာ့ကြောင့် နာကျင်ရတာနည်းသွားရတာလဲ?

ကျန်းဟွားရှန်သည် စုကျစ်ယန်၏ အခြေအနေကို စစ်ဆေးပေးရန်အတွက် ဆရာဝန်ထံ အမြန်ရောက်သွားခဲ့သည်။

“အင်း၊ သူ ဖွားခါနီးနေပြီ”

ဆရာဝန်၏ စကားပင်မဆုံးသေးစီခင်မှာ စုကျစ်ယန် ဟာ သူ့ဗိုက်ထဲက စူးရှတဲ့ နာကျင်မှုကို ခံစားလိုက်ရသည်။

----

Lay Pyay's note-
စာလုံးပေါင်းသတ်ပုံတွေ ပြန်မစစ်ရသေးပါဘူးနော်။
ဒါလေးက ခြူးငယ်နဲ့ရော်တို့ ပြန်ပေးထားတာပါ။
ပျက်ကွက်မှုတွေကြောင့် အကြာကြီးဖြစ်သွားတာ သွေ့ပုချီပါ။ နေမကောင်းကြတာနဲ့ အလုပ်များနေကြတာမို့ရယ်။ သူတို့ပေးထားပေမဲ့ လေပြည်မတင်ဖြစ်သေးတာလည်းပါတယ်ရယ်။

စာဖတ်သူလေးတွေ စိတ်မဆိုးအောင် double update ပေးလိုက်တယ်လေနော်။
[^ 3 ^]


You are reading the story above: TeenFic.Net