(Unicode)
Mature အနည်းငယ်သတိပေးပါတယ်။ *******
အခန်း ၉၄။ ရုတ်တရက်ဗိုက်နာလာ...။
အနည်းငယ်အေးစက်နေသောလက်ချောင်းများသည် လင်ကျန်းရီ၏ညီငယ်လေးအပေါ်သို့ ရောက်ရှိလာခဲ့လေပြီ။ လင်ကျန်းရီသည် ခပ်တိုးတိုးမညည်းတွားခင် အင့်ခနဲအသံပြုလုပ်လိုက်ပြီး ၎င်းမှာ သည်အမူးသမား၏လိုအင်ဆန္ဒကို ရှင်းလင်းစွာ လက်တွေ့ပြသနေသည်။
"ကျစ်ယန်"
လင်ကျန်းရီသည် သူ့အမည်ကို အက်ကွဲနေသောအသံဖြင့် ညင်သာစွာခေါ်နေပြီး ၎င်းမှာ ညို့ငင်နေသလိုပင်။
ကျစ်ယန်သည် 'ဟမ်'ဟူသော စကားတစ်ခွန်းတည်းသာ တုန့်ပြန်ပြီး သူ့လက်ကို လျှင်မြန်စွာလှုပ်ရှားလိုက်သည်။
လင်ကျန်းရီ၏ခန္ဓာကိုယ်သည် မကြာမီမှာပင် ပြေလျော့သွားပြီး တမင်လုပ်နေသော အော်ဟစ်ညည်းတွားသံများဖြင့် စိတ်ကျေနပ်မှုကို ပြသလေသည်။ ထို "အင်း.. အင်း.. အ... အ" အသံများမှာ စုကျစ်ယန်ကို ရှက်သွေးဖြာစေသည်။
ဒီခွေးကောင်ကတော့...
ဒီလိုညစ်ညမ်းတဲ့အသံတွေကို မလုပ်လို့မရဘူးလား။
"အား.... ဟာ့... ဇနီးလေးက အတော်ဆုံးပဲ"
လင်ကျန်းရီ၏ အသက်ရှူရှိုက်ခြင်းသည် အနည်းငယ်တိုတောင်းပြီး စုကျစ်ယန်ကိုချီးမွမ်းပြီးနောက် ပို၍ပင်ပြတ်တောင်းပြတ်တောင်း ဖြစ်လာသည်။ ထို့နောက် စုကျစ်ယန်၏လက်ထဲသို့ အရည်ပူတစ်ချို့ ပန်းထွက်လာသည်။
လင်ကျန်းရီသည် သက်ပြင်းရှည်ကြီးဆွဲလိုက်ပြီးနောက် ပိုမို၍ လိုချင်လာတော့သည်။
"ဇနီးလေး... ကိုယ်... လိုချင်သေးတယ်"
"....."
ပြောစရာစကားတို့ ကင်းမဲ့သွားရပါလေပြီ။ ယနေ့အတွက် စုကျစ်ယန်၏ခံစားချက်များမှာ အတော်လေးကောင်းမွန်နေသည်။ ထို့ကြောင့် လင်ကျန်းရီ၏မလျော်ကန်သော တောင်းဆိုမှုကို လက်ခံလိုက်သည်။
သို့သော်လည်း ပုံမှန်နေ့မျိုးသာဆိုလျှင် သေချာပေါက်ကို ဒုတိယတစ်ကြိမ်ကူညီမည်မဟုတ်ပေ။ သူသက်ပြင်းချကာ လင်ကျန်းရီ၏ခွန်အားပြည့်၀နေသော ညီငယ်လေးကို ထပ်မံ၍ဆုပ်ကိုင်လိုက်သည်။
လင်ကျန်းရီသည် နောက်တစ်ကြိမ်မျှကျေနပ်အားရသွားပြီးနောက် အိပ်ပျော်သွားတော့သည်။ ထိုအခါမှ စုကျစ်ယန်လည်း ခါးကိုပြန်မတ်နိုင်တော့သည်။
ဒါက တစ်ကယ့်ကိုပင်ပန်းလွန်းသည်။ သူ့ခန္ဓာကိုယ်ထက် 'ခွေးကောင်လင်'ကို ကူညီရတာ ပိုပင်ပန်းသည်။
ခန္ဓာကိုယ်ကို ကွေးထားခဲ့ရတာကြောင့် သူ့ခါးတောင်မှ နှစ်ပိုင်းပြတ်တော့မလိုပင်။
ဗိုက်ထဲမှကလေးလေးနှစ်ယောက် အနည်းငယ်လှုပ်ရှားသွားတာကြောင့် သူတို့လေးတွေကို နှစ်သိမ့်ရန် ၀မ်းဗိုက်ကိုမပွတ်ပေးခင် စုကျစ်ယန်သည် လက်ဆေးရန်အတွက် သူ့အင်အားများကိုစုစည်းပြီး toilet ဆီသို့ဦးတည်ခဲ့သည်။
သူပြန်ရောက်ချိန်မှာတော့ လင်ကျန်းရီသည် တစ်ဖက်သို့လှည့်ကာ သူ့စောင်ကို ဘေးသို့ ပြန်လည်ကန်ထုတ်ထားခဲ့လေပြီ။
တစ်စုံတစ်ယောက်ကို ဂရုစိုက်ပေးရတာက ခြေကုန်လက်ပန်းကျရပါသည်။
စုကျစ်ယန်သည် အိပ်ရာပေါ် ဖြည်းညင်းစွာ မထိုင်ခင် သက်ပြင်းချလိုက်ပြီး လင်ကျန်းရီကို စောင်ပြန်ခြုံပေးလိုက်သည်။ ကံကောင်းစွာပင် အိပ်ရာသည် လုံလောက်အောင် ကြီးမားနေသည်မို့သာ။ ထို့ကြောင့် လင်ကျန်းရီ သူ့ကိုကန်မိမှာ၊ တွန်းမိမှာ မစိုးရိမ်ရပေ။
လင်ကျန်းရီ၏ အရက်သောက်ပြီးနောက်အခြေအနေက အတော်လေးကောင်းမွန်သည်။ အနည်းဆုံးတော့ နာခံစွာဖြင့်အိပ်စက်ကာ မည်သူ့ကိုမှလည်း အနှောင့်အယှက်မပေးပေ။
ယခု သူ(ဟိုကိစ္စ)ပြေလျော့သွားပြီးပြီမို့ စုကျစ်ယန်မှာသာ သူ၏ခါးမှ သည်းမခံနိုင်လောက်ဖွယ်ရာ သက်တောင့်သက်သာမဖြစ်မှုကို ခံစားလိုက်ရသည်။ ထို့ကြောင့် ခါးနေရာကို သူ့လက်ဖြင့် ဖိနှိပ်လိုက်သည်။
အိပ်ပျော်ရန်ကြိုးစားနေရင်း စုကျစ်ယန်သူ့ကိုယ်သူပြောလိုက်သည်။
-- သူလင်ကျန်းရီကို နောက်တစ်ခါသောက်ခွင့်မပြုတော့ဘူး။ ဘာလို့လဲဆိုတော့ သူ့ကိုဂရုစိုက်ရတာပင်ပန်းလွန်းသည်။ သူသောက်ချင်လျှင်တောင်မှ ကလေးလေးတွေ မွေးဖွားပြီးသွားမှ ဖြစ်ရမည်။
မဟုတ်လျှင် သူကိုယ်၀န်လွယ်ထားစဉ် လင်ကျန်းရီကိုဂရုစိုက်ပေးရသည်မှာ အကြီးအကျယ်ဒုက္ခရောက်သလိုပင်။
နှစ်ယောက်စလုံး နှစ်ခြိုက်စွာ အိပ်မောကျပြီးနောက် လင်ကျန်းရီမှ ဦးစွာနိုးလာကာ အိပ်စက်နေသောမျက်နှာလေးကို အနီးကပ်မြင်လိုက်ရသည်။
--ဒီတော့ သူက အိပ်ပျော်နေချိန်တောင်မှ မသိစိတ်ကနေ သူ့အနားကိုတိုးေ၀့ှပူးကပ်နေတတ်တာပေါ့လေ။
လင်ကျန်းရီသည် စုကျစ်ယန်၏ ၀မ်းဗိုက်နှင့် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပြီး သူ၏ အသက်ရှူလမ်းကြောင်းကို ချောမွေ့စေရန် ရင်ဘတ်ပေါ်တွင် တင်ထားရန် သတိရသေးသည်။
စုကျစ်ယန်မှာတော့ သူ(ရီ)၏ရင်ဘတ်ပေါ်တွင် အနားယူနေသည့်တိုင် နောက်ဆုံးအဖြစ် တစ်ဖက်သို့မလှည့်သေးခင် ပို၍နီးကပ်အောင် ရွှေ့လိုက်သည်။
လင်ကျန်းရီ၏မျက်လုံးများ ကွေးညွတ်သွားခဲ့ပြီး သူ့အကြည့်ထဲတွင် နူးညံ့ညင်သာမှုများ ကိန်း၀ပ်နေသည်။
သူလုံး၀ အ၀တ်မဲ့နေသည်ဆိုတာ သတိမပြုမိခင်မှာပင် ညင်သာသောအနမ်းတစ်ပွင့်ကို စုကျစ်ယန်၏နှုတ်ခမ်းပါးပေါ်သို့ သက်ဆင်းစေလိုက်သည်။
သူ့ခေါင်းထဲမှ တဒုတ်ဒုတ်မြည်ကာ အနည်းငယ်နာကျင်နေသော်လည်း အရမ်းမပြင်းထန်ပေ။ လွန်ခဲ့သောညက အရက်သောက်ပြီးနောက် သူ့ဗိုက်မှာ ပူလောင်နေသည်။
ပုံရိပ်အချို့ သူ့စိတ်ထဲတွင် ထင်ဟပ်လာပြီး လင်ကျန်းရီသည် လွန်ခဲ့သောညက ဘာတွေဖြစ်ခဲ့သည်ဆိုတာ တဖြည်းဖြည်းသတိရလာသည်။ ၎င်းင်းမှာ တစ်ပိုင်းတစ်စများဖြစ်သော်လည်း သူ့ကိုအံ့အားသင့်စေဖို့လုံလောက်သည်။
"ကျစ်ယန်... ကိုယ်မင်းကိုအရမ်းချစ်တယ်"
လင်ကျန်းရီသည် နိုးလာပြီဖြစ်သော စုကျစ်ယန်နှုတ်ခမ်းများပေါ် တစ်ခါထပ်နမ်းလိုက်သည်။
လွန်ခဲ့သောညက သူ(စု) အတော်ကြီးကို ပင်ပန်းနေခဲ့တာဖြစ်သည်။ တစ်နေ့လုံး လော့ယန်နှင့်အတူရှိနေခဲ့တာမို့ တစ်မှေးမှ မအိပ်လိုက်ရပေ။ ညရောက်တော့လည်း လင်ကျန်းရီပြန်လာမှာကိုစောင့်နေရသည်။
သူ၏လိုအပ်နေမှုကိုပင် ဂရုတစိုက်ဖြင့် အကြိမ်ရေအနည်းငယ်ခန့် ကူညီကာဖြေရှင်းပေးလိုက်ရသေးသည်။ ထိုအရာက ပင်ပန်းတာကြောင့် အကြိမ်ရေအနည်းင်ခန့်ပြီးသည်နှင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့တာဖြစ်သည်။
လင်ကျန်းရီသည် အိပ်ရာမှလျင်မြန်စွာမထခင် စုကျစ်ယန်ကို အချိန်အတော်ကြာ ထွေးပွေ့ထားလိုက်သည်။
အချိန်မှာ နေ့လယ်ပင် ရောက်လုပြီ။ ပုံမှန်အတိုင်း စုကျစ်ယန်သည် 'သူဘယ်လောက်တောင်ဗိုက်ဆာနေပြီ'နှင့် 'တစ်ခုခုစားချင်ကြောင်း' ဇီဇာချဲ့ပေတော့မည်။
သူဂရုတစိုက်ဖြင့် စုကျစ်ယန်ကိုထူမကာ သင့်တင့်စွာဖြင့် နောက်ကိုမှီပေးလိုက်သည်။ သူအိပ်ယာမှ ထမသွားသေးခင် ခေါင်းဦးကိုကျောနောက်မှာထည့်ပေးကာ စေင်တစ်ထည်ခြုံပေးခဲ့သည်။
သူ့မြင်ကွင်း၏အစွန်အဖျားနားတွင် အိပ်ရာဘက်သို့ မျက်နှာမူထားသေ ကင်မရာတစ်လုံးကို မြင်လိုက်ရသည်။ အလင်းရောင် လင်းလက်နေဆဲမို့ လင်ကျန်းရီ မင်သက်သွားပါသည်။
ကင်မရာက တစ်ချိန်လုံး ရိုက်ကူးနေခဲ့တာလား။
လင်ကျန်းရီသည် သူ့အ၀တ်တွေကိစ္စနှင့်ပတ်သတ်ပြီး စိတ်အနှောင့်အယှက်မဖြစ်ဘဲ ထိုနေရာသို့ လျှောက်သွားလိုက်သည်။ မနေ့ကရိုကိကူးခဲ့သာအကြောင်းအရာကို သူတွေ့ရှိပြီး အထဲတွင် လော့ယန်နှင့်ယဲ့ရှော်တို့်ပါ၀င်သည်။
သူ ထိုအဓိပ္ပာယ်ကိုနားလည်သွားပြီး အလုပ်များနေတာကြောင့် မေ့သွားနိုင်ပုံပေါ်သည်။
နောက်ထပ်နာရီအနည်းငယ်မှာ ဘာမျှမရှိဘဲ လင်ကျန်းရီသည် တစ်စုံတစ်ရာပုံရိပ်ကိုထပ်မြင်ရသာ ည၁၁နာရီဆီရောက်အောင် လုပ်လိုက်သည်။
စုကျစ်ယန် သူ့ကိုမည်သို့ ဂရုစိုက်ပေးသည်ဆိုတာကို မြင်လိုက်ချိန်မှာတော့ လင်ကျန်းရီ၏အပြုံးများမှာ နားရွက်ကို တက်ချိတ်တော့မတတ်ပင်။
တစ်ချိန်တည်းမှာပင် စုကစ်ယန်သည်နာကျင်မှုကြောင့် သ့ဗိုက်ကိုကိုင်ကာ ထိုင်ချလိုက်သည်ကိုမြင်ကာ လင်ကျန်းရီ၏အပြုံးများအေးခဲသွားကာ စိတ်နှလုံးပူဆွေးသွားရသည်။
မနေ့ကအလွန်အမင်းပင်ပန်းသွားတာကြောင့် ဒီနေ့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာ အံ့သြစရာမရှိတော့ပါဘူး။
လင်ကျန်းရီသည် ကင်မရာကိုပိတ်လိုက်ကာ အိပ်ယာဆီပြန်လျှောက်လာပြီး စုကျစ်ယန်၏နဖူးကိုနမ်းကာ ညည်းတွားလိုက်သည်။
"မင်းအလုပ်ကြိုးစားခဲ့တာပဲ ဘေဘီ...။ နောက်တစ်ခါဆို ကိုယ်အများကြီးမသောက်တော့ဘူးလို့ ကတိပေးတယ်နော်"
"အင်း..."
စုကိစ်ယန်သည် ညည်းကာသက်တောင့်သက်သာမဖြစ်တာကြောင့် တစ်ဖက်လှည့်လိုက်သည်။ သူ့လက်သည် ဗိုက်ပေါ်တွင်ရှိနေပြီး နာကျင်နေပုံပေါ်သည်။
လင်ကျန်းရီသည် မနက်စလုပ်ရန် အလျင်မလိုတာကြောင့် ဘေးမှာထိုင်ကာ စုကိစ်ယန်ကို နှိပ်ပေးလိုက်သည်။
နှိပ်နယ်ပေးခြင်းမှာ စုကျစ်ယန်၏အသက်ရှူသံတည်ငြိမ်သွားပြီး သက်တောင့်သက်သာဖြစ်မှုကြောင့် မျက်ခုံးများပြေလျော့သွားချိန်အထိဖြစ်သည်။ ထိုအခါမှသာ လင်ကျန်းရီသည် အစားအသောက်များ သွားရောက်ပြင်ဆင်လေသည်။
လင်ကျန်းရီ ချက်ပြုတ်ပြီးစီးချိန်တွင် နေ့လည်ပင်ရောက်သွားလေပြီ။ သူအိပ်ယာဆီလျှောက်သွားလိုက်ပြီး စုကျစ်ယန်မှာ နှစ်ခြိုက်စွာအိပ်နေဆဲမို့ မနှိုးရက်တော့ပေ။ ထို့ကြောင့် နောက်တစ်နာရီလေက် ဆက်အိပ်ခွင့်ပြုလိုက်သည်။
နှစ်နာရီခန့်ပြီးနောက် သည်အတိုင်းဆက်သွားလျှင် သူ၏သားလေးနှစ်ယောက်မှာ ဆာလောင်မှုကို သည်းခံနိုင်တော့မည်မဟုတ်ဟု ခံစားလိုက်ရသည်။
ထို့ကြောင့် စုကျစ်ယန်ကို နှိုးလိုက်သည်။ စုကျစ်ယန်သည် အိပ်ချင်မူးတူးနှင့်ပင် လင်ကျန်းရီ၏ကူညီမှုဖြင့် အိပ်ယာထလိုက်သည်။
"ခင်ဗျားအမူးပြေသွားပြီလား။ ခေါင်းကိုက်နေသေးလား။ ဗိုက်ကရော ဘယ်လိုလဲ။ နေရခက်နေလား"
ဒါကိုကြားပြီးနောက် လင်ကျန်းရီသည် ထူးထူးခြားခြားကို စိတ်ကျေနပ်သွားတော့သည်။ သူသည် ပို၍နီးကပ်အောင် ရွှေ့သွားလိုက်ကာ စုကျစ်ယန်၏ပါးပြင်ပေါ်သို့ အကြိမ်ရေအနည်းငယ်ခန့် နမ်းရှိုက်လိုက်သည်။
"ဇနီးလေး... ကိုယ်မင်းကို သေလောက်အောင်ချစ်လိုက်တာ"
သည်စကားလုံးများက စုကျစ်ယန်ကို အိပ်ချင်မူးတူးဖြစ်နေခြင်းမှ နိုးသွားစေပြီး လင်ကျန်းရီကို မျက်လုံးေ၀့ကြည့်လိုက်သည်။
"မနက် အစောကြီးရှိသေးတာကို ခင်ဗျားက ပရောပရည်လုပ်နေပြီ။ ကျွန်တော်ဗိုက်ဆာနေပြီလို့..."
"အစားအစာတွေက အသင့်ပဲ။ ကိုယ်ယူလာခဲ့မယ်နော်။ ဒီမှာပဲထိုင်နေ။ မလှုပ်လိုက်နဲ့။ ကိုယ်ခွံ့ကျွေးမယ်"
လင်ကျန်းရီသည် စုကျစ်ယန်၏နောက်ကျောတွင် ခေါင်းဦးတစ်လုံးခုပေးလိုက်တာကြောင့် သက်တောင့်သက်သာဖြစ်သွားသည်။ ထို့နောက် သူထသွားကာ အစားအသောက်များကို တစ်ခုပြီးတစ်ခု ယူဆောင်လာပြီး အထူးသဖြင့် 'ဇနီးလေး'ဟု ချိုမြိန်စွာခေါ်ရင်း တစ်ဇွန်းပြီးတစ်ဇွန်း ခွံ့ကျွေးလေသည်။
စုကျစ်ယန်သည် လင်ကျန်းရီသူ့ကိုအလိုလိုက်သည့်အပေါ် စိတ်အနှောင့်အယှက်မဖြစ်သော်လည်း ဒါကရုတ်တရက်ဆန်လွန်းမနေဘူးလား။
ဘာကြောင့်များ ညတုန်းကထက်တောင် သူ့ကိုတွယ်ကပ်ကာ အလိုလိုက်နေပါလိမ့်။
"ညတုန်းက ခင်ဗျားတစ်ခုခု အမှားလုပ်ခဲ့လို့လား"
စုကျစ်ယန်သည် လင်ကျန်းရီကို မသင်္ကာဟန်ဖြင့်ကြည့်သည်။ ဟုတ်သည်။ လွန်ခဲ့သောညက သူ(စု)သည် သူ(ရီ)၏ရှပ်အကျႌကို ကူညီချွတ်ပေးခဲ့ပြီး ထို့ကြောင့်ပင် သက်တောင့်သက်သာဖြစ်သွားလိမ့်မည်။
မနေ့ညက ပိုသက်တောင့်သက်သာရှိစေဖို့အတွက် သူ့အကျႌကို ဖယ်ပေးရင်း မသန့်ရှင်းတဲ့ အရာတစ်ခုခု ယူလာသလားဆိုတာ ဘာကြောင့် မစစ်ဆေးမိခဲ့တာလဲ။
ဒါပေမဲ့လည်း သတ္တိတွေအများကြီးပေးရင်တောင် သူလုပ်ရဲလား။
လင်ကျန်းရီက ကျီစယ်လိုဟန်ဖြင့်ပြုံးသည်။
"ညတုန်းက ကိုယ်ဘာတွေလုပ်ခဲ့တယ်ဆိုတာ ဇနီလေးကမေ့နှင့်ပြီလား။ ညလယ်လာက်က ကိုယ်နဲ့ကစားနေတာမဟုတ်ဘူးလား"
စုကျစ်ယန်၏မျက်နှာသည် ချက်ချင်းနီရဲသွားလေပြီ။
ချီးပဲ...။ ဒီလူယုတ်မာကောင်က ညတုန်းကသောက်ခဲ့တာတောင် လုံး၀ကိုအမူးပြေနေခဲ့တာပဲ။ ညတုန်းကဘာတွေဖြစ်ခဲ့တယ်ဆိုတာ သိသွားပြီိဆိုရင် သူ့(စု)နှလုံးသားက ပျော့ပြောင်းနေမှာမဟုတ်ဘူး။ ဘ၀င်ခိုက်နေတဲ့ရုပ်ကို ကြည့်စမ်းပါဦး။ ဒါသူ့ကိုစိတ်တိုအောင်လုပ်နေတာပဲ။
"သွားစမ်းပါ။ ဘယ်သူက ဘယ်သူ့ကိုကစားတာလဲ။ အဲဒါကခင်ဗျားပဲ ခင်ဗျားကို ထိတွေ့ခိုင်းတာလေ..."
စုကျစ်ယန်သည် နီရဲနေသောပါးများဖြင့်၊ သူ၏ဆွဲဆောင်မှုရှိသောမျက်လုံးများဖြင့် ေ၀့ကြည့်သည်။ လင်ကျန်းရီသည် စုကျစ်ယန်ကို ထပ်ပြီးနမ်းရန်အတွက် အနားကပ်လာခဲ့သည်။
"ဟုတ်ပါတယ် ဟုတ်ပါတယ်။ အရှင်သခင်လေးကို ထိတွေ့ခိုင်းမိတာ၊ ကျွန်တော်မျိုးကြီးရဲ့ညီငယ်လေးနဲ့ အချစ်တွေလုပ်ခိုင်းမိတာက ကျွန်တော်မျိုးကြီးကိုယ်တိုင်ပါခင်ဗျာ။ ကိုယ်တို့ကလေးတွေ မွေးပြီးတဲ့အထိစောင့်ပြီးရင် ဇနီးလေးဆက်ပြီး ကစားလို့ရတယ်နော်။ မင်းရဲ့နှလုံးသားလေးအားတဲ့အထိ ကိုယ်ကစားပေးမယ်"
စုကျစ်ယန်၏နှလုံးသားလေးမှာ သည့်ထက်ပိုပြီး မရဲနိုင်တော့ပါချေ။ နှလုံးသားလေးအားတဲ့အထိ ကစားပေးမယ်ပေါ့လေ။ လင်ကျန်းရီ....။ ဒီအယုတ်တမာရဲ့မျက်နှာက ပိုပိုပြီးအရည်ထူလာတာပဲ။
ဟမ့်...။ ဒီလူ သူ့ထိန်းချုပ်မှုအောက်ကလွတ်သွားရင် သူ့ကိုထိန်းချုပ်ဖု့ိနည်းလမ်တွေ စဉ်းစားရမှာပေါ့။
"ကျွန်တော် ဗိုက်ဆာနေပြီ....."
စုကျစ်ယန် စူးစူးဝါးဝါးအော်ဟစ်လိုက်သည်မို့ လင်ကျန်းရီသည် သူ၏စနောက်နေမှုကို အမြန်ရပ်တန့်ပြီး အရှင်သခင်လေးကို ကျွေးမွေးရန် အာရုံစိုက်လိုက်တော့သည်။
စားသောက်ပြီးနောက်နှစ်ယောက်စလုံး ဘမျှလုပ်စရာမရှိပေ။ ထို့ကြောင့် လင်ကျန်းရီသည် ကင်မရာဖြင့် ကစားလေတော့သည်။ လအတော်ကြာ စုကျစ်ယန်သုံးခဲ့သည်ကိုမြင်ဖူးထားတာကြောင့် ဘယ်လိုတပ်ဆင်ရမည်၊ သူတို့၏နေ့စဉ်ဘ၀ကို ဘယ်လိုရိုက်ကူးရမည်ဆိုတာ သူလည်းသိနေလေပြီ။
စုကျစ်ယန်သည် အိပ်ယာပေါ်မှီလိုက်ပြီး ပြောသည်။
"ကတ်ကိုယူလိုက်ဦး။ အဲဒီ့အထဲမှာ လော့ယန်နဲ့ယဲ့ရှော်တို့ကိုရိုက်ထားတာ။ အချိန်နည်းနည်းပေးပြီး သူတို့ရဲ့ဗွီဒီယိုကို တည်းဖြတ်ရမယ်"
"ဗွီဒီယိုကိုတည်းဖြတ်ဖို့ ဘာလို့အလျင်လိုတာလဲ။ မင်းမပင်ပန်းဘူးလား။ အရင်ဆုံးကလေတွေ မွေးပြီးတဲ့အထိ စောင့်ပါဦး။ ဒီကတ်ကို ကိုယ်သိမ်းထားပေးမယ်။ ဒါကြောင်မစိုးရိမ်နဲ့နော်။ ကိုယ်တခြားဟာတွေနဲ့ မရောထွေးပစ်ပါဘူး။
လင်ကျန်းရီသည် ပျော်ရွှင်စွာဖြင့်ပြုံးသည်။ သည်ကတ်တွင် သူ့ဇနီးလေးမှ သူ့ကိုကူညီထားသည့် မှတ်တမ်းလည်းပါ၀င်သည်။ သူက တခြားဟာတွေနဲ့ ရောထွေးပစ်ပါ့မလား။ သေချာပေါက်မဟုတ်ဘူးပေါ့။ သည်ကတ်ကို ဂရုတစိုက်ထိန်းသိမ်းရမည်။
လင်ကျန်းရီ ကင်မရာနှင့် ဆော့နေချိန်တွင် စုကျစ်ယန်၏အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး ဗိုက်ကိုကိုင်ကာ တိုးတိုးလေးညည်းလိုက်သည်။
ဒါက ရုတ်တရက်နာကျင်လာတာဖြစ်ပြီး ခဏမျှရပ်တန့်သွားပြီးနောက် ဆက်လက်၍နာကျင်မှုလှိုင်းလုံးကြီးက ထိုးဆောင့်လာတော့သည်။ စုကျစ်ယန် လျှင်မြန်စွာခေါ်လိုက်သည်။
"ရီ... ကျွန်တော့်ဗိုက်က နာလာတယ်"
သည်စကားကိုကြားသည်နှင့် လင်ကျန်းရီ၏မျက်လုံးများ ပြူးကျယ်သွားရသည်။ ၀မ်းဗိုက်ကိုကိုင်ထားရင်းလဲကျတော့မယောင်ဖြစ်နေသည့် စုကျစ်ယန်ကိုတွေ့လိုက်ရချိန်မှာ နံဘေးသို့အမြန်ပြေးသွားလိုက်ပြီး ပခုံးများမှ ကူညီကာထိန်းပေးလိုက်သည်။ သူစိုးရိမ်တကြီးဖြင့်မေးလိုက်သည်။
"ဘာဖြစ်တာလဲ။ ကလေးတွေအရမ်းကန်လို့လား"
"ကျွန်တော်မသိဘူး။ ရုတ်တရက်ကြီးနာလာတာ...။ ၀ူး....."
"မင်းမီးဖွားချင်လာတာလို့ ကိုယ့်ကိုမပြောနဲ့နော်။ အခုမှခုနစ်လပဲရှိသေးတာ။ အရမ်းစောနေသေးတယ်"
လင်ကျန်းရီသည် ထိတ်လန့်သွားသော်လည်း မကြာခင်မှာ တည်ငြိမ်သွားပြီး စုကျစ်ယန်ကိုမမေးမီ ကူညီပေးလိုက်သည် ။
"ဘယ်လိုမျိုးနာတာလဲ"
"လက်နဲ့ဆိတ်နေ၊ ညှစ်နေသလိုမိျုး... နာတာ..."
စုကျစ်ယန်သည် ချွေးစေးများထွက်လာကာ သူ့ခန္ဓာကိုယ်မှာလည်း လင်ကျန်းရီ၏လက်မောင်းပေါ်သို့ လုံးလုံးလျားလျားမှီခိုထားတော့သည်။ ဒါဟာ သူ့ကိုကြောက်လန့်စေပြီး သူ့အသံမှာတုန်ရီနေသည်။
"ရီ... ကျွန်တော်ကြောက်တယ်"
"မကြောက်ပါနဲ့။ အဆင်ပြေသွားမှာ။ ကိုယ်ဒီမှာရှိတယ်။ ကို်ယ်မင်းနဲ့ရှိတယ်နော်။ ကိုယ်တို့အခုဆေးရုံသွားကြမယ်လေ။ နံပါတ် ၁၂၀ကိုခေါ်လိုက်မယ်။ ခဏလေးသည်းခံထားပါဦး။ အဆင်ပြေသွားမှာပါ။ မကြောက်ပါနဲ့"
လင်ကျန်းရီပြောလိုက်ရင်း စုကျစ်ယန်ကိုအားပေးကာ သူ့လက်ကဖုန်းဆီသို့ ရောက်ရှိသွားသည်။ သူ့မိဘတွေဆီဖုန်းမခေါ် သူသည်လျှင်မြန်စွာဖြင့် နံပါတ် ၁၂၀ကိုခေါ်ဆိုကာ လက်ရှိအခြေအနေနှင့်လိပ်စာကိုပြောလိုက်သည်။
"ပါး... မား... ကျစ်ယန် ဗိုက်နာလာလို့။ ဒီအခြေအနေကို ကျွန်တော်မထိန်းချုပ်နိုင်မှာကြောက်တယ်။ ပါးတို့နှစ်ယောက်လုံး ကျေးဇူးပြုပြီး လာပေးလို့ရမလား။ မစိုးရိမ်ပါနဲ့။ ပါး... ဂရုတစိုက်မောင်းနော်။ ကျွန်တော် အရေးပေါ်လူနာတင်ကားကို ခေါ်ထားပြီးပြီ"
******
Translated by Lay Pyay Yine (Team Camomile).
ကလေးလေးတွေ မွေးတော့မှာလား။ ဒါမှမဟုတ် တခြားတစ်ခုခုများလား။ ဘယ်လိုထင်ကြပါလိမ့်ရှင်။
-----------
(Zawgyi)
အခန်း ၉၄။ ရုတ်တရက်ဗိုက်နာလာ...။
"ကျစ်ယန်"
ဒီခွေးကောင်ကတော့...
"....."
--ဒီတော့ သူက အိပ်ပျော်နေချိန်တောင်မှ မသိစိတ်ကနေ သူ့အနားကိုတိုးဝှေ့ပူးကပ်နေတတ်တာပေါ့လေ။
You are reading the story above: TeenFic.Net