(Unicode)
အခန်း ၉၃။ ဇနီးလေး... ကိုယ့်မီးငြိမ်းအောင် ကူညီပေးပါ။
[Warning-အစားအသောက်စားရင်း မဖတ်ပါရန်။]
"ကိုယ်အဆင်ပြေပါတယ်။ အဲဒီနိုင်ငံခြားသားက အရက်ကောင်းကောင်းသောက်နိုင်တယ်။ ကိုယ်သာသူနဲ့မသောက်ဘူးဆိုရင် ကိုယ်တို့ကို မရိုးသားဘူးလို့ထင်လိမ့်မယ်လေ။ ကိုယ်ကအရက်ကို ထိန်းသောက်နိုင်လို့တော်သေးတာ။ မဟုတ်ရင် ရင်းနှီးမြုှပ်နှံမှုတွေတော့ သွားပြီပဲ…"
လင်ကျန်းရီက စုကျစ်ယန်သူ့ကို ကူတွဲမှာကို ခွင့်မပြုပေ။ ထို့ကြောင့် ယဲ့ရှော်နှင့်လော့ယန်ကိုမခေါ်မီ သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားခဲ့သည်။
"တော်တော်လေးနောက်ကျနေပြီ မင်းတို့နှစ်ယောက် ဒီညဧည့်သည်ခန်းမှာအိပ်သင့်တယ်..."
"ရပါတယ်။ ကျွန်တော်တို့က ဒီလောက်အဝေးကြီးမှာနေတာမဟုတ်ဘူး။ သိပ်မကြာခင် အိမ်ပြန်ရောက်နိုင်တယ်။ မင်းတို့နှစ်ယောက် မြန်မြန်လေး အနားယူသင့်တယ်"
လော့ယန်က ယဲ့ရှော်ကို ခေါ်သွားရင်း နှုတ်ဆက်လိုက်သည်။
ဒါက ဟာသတစ်ခုလား။ စုံတွဲတစ်တွဲရဲ့ ချစ်ခင်ကြည်နူးကြမဲ့အချိန်ကိုအနှောင့်အယှက်ဖြစ်အောင် နောက်ကွယ်မှာဘယ်လိုနေနိုင်မှာတဲ့လဲ။
အထူးသဖြင့် ဘာမဆိုဖြစ်ရန်လွယ်ကူသော သည်လိုမျိုး အရက်ကြောင့်ထွေနေသည့် အခြေအနေအောက်မှာပေါ့။
ပတ်ဝန်းကျင်မှာ အပြင်လူရှိနေလျှင် ဘယ်လိုလုပ်ပြီး (ဆက်ဆံရေး)ဖွံ့ဖြိုးတိုးတက်လာပါ့လဲ။
စုကျစ်ယန်ကလည်း သူတို့ ထွက်ခွာသွားသည်ကိုကြည့်ကာ ဆက်ပြီးမတောင်းဆိုတော့ပေ။ ပြီးနောက် တံခါးကိုပိတ်ကာ လင်ကျန်းရီ အိပ်ခန်းထဲဝင်နိုင်ရန် ကူညီပေးသည်။
လင်ကျန်းရီဟာ တစ်ဝက်တစ်ပျက်သာ မူးနေသော်လည်း သူ့အတွက် လွန်စွာစိတ်မသက်မသာ ဖြစ်နေဆဲပင်။
"ဇနီးလေး… ကိုယ့်ခေါင်းနာတယ်…"
လင်ကျန်းရီက စုကျစ်ယန်ဆီသို့ ညင်သာစွာမှီလိုက်ပြီး ကလူလေသည်။
အမ်... ဘာကြောင့် ညင်သာခဲ့တာလဲဟုတ်စ။ အဓိပ္ပာယ်မရှိတာ။ သူကဘယ်လိုလုပ် အားအင်တွေ ထုတ်ရဲပါ့မလဲ။ သူ့ဘေးနားက ကိုယ်၀န်သည်လေးက ကာကွယ်စောင့်ရှောက်ရန် အရေးကြီးသူတစ်ယောက်ဖြစ်သည်။
"ဘယ်လောက်တောင်သောက်လာတာလဲ"
လင်ကျန်းရီ၏ နီရဲနေသောပါးပြင်များကို စုကျစ်ယန်မြင်လိုက်ရချိန်၊ အရက်နံ့ကိုရှူမိလိုက်ချိန်တွင် အကူအညီမဲ့စွာပင် သက်ပြင်းချလိုက်မိသည်။
"ခင်ဗျား ဒီလောက်အများကြီးသောက်လာတာ ရှားရှားပါးပါး အပြင်ထွက်ရတာမို့လို့လား။ ဖောက်သည်တွေက အတော်လေး ပြောရဆိုရ လက်ပေါက်ကပ်တယ်လား"
"အမှန်ပဲ။ အဲဒီ့ဖောက်သည်က အတော်လေးကို သောက်နိုင်တာ။ ကိုယ်က ကိုယ့်ကိုယ်ကိုထိန်းနိုင်အောင်လို့ တစ်ခွက်ပဲသောက်လာတာ။ သူဆို စကားတောင်ဖြောင့်အောင်မပြောနိုင်တော့ဘူး။ ပြီးတော့ သဘောတူစာချုပ်က လက်မှတ်ထိုးပြီးသွားပြီလေ။ ကိုယ်လည်း သူ့လောက်သောက်ခဲ့တာပေမဲ့ အိမ်ထိလိုက်ပို့မဲ့ အငှားယာဉ်မောင်းမခေါ်ခင် တစ်ယောက်ယောက်ကိုခေါ်ပြီး သူ့ကိုဟိုတယ်ဆီပို့ပေးဖို့ ပြောနိုင်သေးတယ်။ ကိုယ်က မတ်မတ်မရပ်နိုင်လောက်တော့တဲ့အထိ မသောက်ပါဘူး။ ဇနီးလေး.... ကိုယ်က ထူးထူးခြားခြားကို လုပ်နိုင်စွမ်းရှိတယ်မလား"
လင်ကျန်းရီဟာ ကြွားဝါရင်း စုကျစ်ယန်၏ပခုံးကို မှီလိုက်သည်။ တူညီသောမေးခွန်းကို ထပ်မမေးခင် သူ့ပါးစပ်ကိုဖွင့့်ကာ လည်ပင်းကိုနမ်းလိုက်သည်။
"ကိုယ်က ထူးထူးခြားခြားကို လုပ်နိုင်စွမ်းရှိတယ်မလား"
(မေးမြန်းပြီးနောက်) ထပ်မံကာ နမ်းရှိုက်ပြန်သည်။
"ဟုတ်တယ်။ ဟုတ်တယ်။ ခင်ဗျားက ထူးထူးခြားခြားကို လုပ်နိုင်စွမ်းရှိတယ်။ ဘယ်သူမှ ခင်ဗျားနဲ့မယှဉ်နိုင်ပါဘူး။ နောက်တစ်ခါဆို ဘယ်အရက်ဖြစ်ဖြစ် မသောက်ခင်မှာ နွားနို့နည်းနည်းအရင်သောက်ရမယ်နော်။ မဟုတ်ရင် အစာအိမ်ကိုဒုက္ခပေး...."
စုကျစ်ယန်၏စကားမဆုံးခင်မှာပင် လင်ကျန်းရီက သူ့ကိုလွှတ်ပေးကာ အိမ်သာရှိရာသို့ ဒယီးဒယိုင်ဖြင့် သွားလေပြီ။ စုကျစ်ယန်က သူ့နောက်မှနေ၍ ဖြည်းဖြည်းချင်းလိုက်သွားပြီးနောက် အော့အန်နေသံကိုကြားလိုက်ရလေသည်။
ကောင်းပြီ။ သူ့ဗိုက်ထဲထည့်လာခဲ့စော အရက်များ၏ညှဉ်းပန်းနှိပ်စက်မှုကြောင့် ပျို့အန်ကုန်တာ ကောင်းသည်။
စုကျစ်ယန်က မီးဖိုခန်းဆီလျှောက်သွားလိုက်ကာ နွားနို့ပုလင်းကိုရှာဖွေသည်။ ပုလင်းအဖုံးကိုဖွင့်ပြီးနောက် မိုက်ခရိုေ၀့ဗ်နှင့် မိနစ်အနည်းငယ်အပူမပေးခင် ပန်းကန်လုံးတစ်ခုထဲသို့ ဦးစွာလောင်းထည့်လိုက်သည်။
အပူဒဏ်ကိုတောင့်ခံကာ ခွက်ကိုထမင်းစားပွဲဆီသယ်သွားပြီးနောက် လင်ကျန်းရီဆီယူမသွားခင် စားပွဲပေါ်တွင် အအေးခံထားလိုက်သည်။
နွားနို့ကိုပြင်ဆင်(အပူပေး၊ အအေးခံ) နေသော နှစ်မိနစ်မျှကာလအတွင်း လင်ကျန်းရီဟာလည်း အိမ်သာထဲတွင် ပျို့အန်တာပြီးလုနီးပါးပင်။
စုကျစ်ယန်က နွားနို့ခွက်ကို ဧည့်ခန်းထဲရှိ လက်ဘက်ရည်စားပွဲပေါ် တင်ထားလိုက်ပြီးနောက် အိမ်သာဆီ လိုက်သွားလိုက်သည်။
သူ့ခါးကိုကုန်းကာ လင်ကျန်းရီထရပ်ရန်မကူညီခင် ပုဝါတစ်ထည်ကို ရေစွတ်လိုက်ပြီး သူ့ပါးစပ်ကိုသုတ်ပေးလိုက်သည်။
လင်ကျန်းရီမှာ အရက်ကြောင့်မူးေ၀နေပါသော်လည်း သူ့ဇနီးလေးက ကိုယ်၀န်လွယ်ထားရကြောင်းနှင့် ခါးကိုကုန်းလိုက်ခြင်းကြောင့် သူ့ဇနီးလေး သက်တောင့်သက်သာမရှိတာမျိုးမဖြစ်စေဖို့ ဆုံးဖြတ်ထားသည်။
ထို့ကြောင့် သူဟာလျှင်မြန်စွာပင် အိမ်သာကမုတ်ကို မြန်မြန်ပိတ်ကာ ၎င်းကိုကိုင်ပြီး သူ့ကိုယ်သူထိန်းရပ်လိုက်သည်။
"ဇနီးလေး... ကိုယ်အဆင်ပြေပါတယ်ကွ။ အန်ပစ်လိုက်တော့ နေရတာတော်တော်လေးပေါ့သွားတယ်"
"အမ်း... ခင်ဗျား အန်လို့ပြီးပြီလား။ မပြီးသေးရင် ဆက်အန်လိုက်ဦး။ ကျွန်တော်ခင်ဗျားအတွက် နွားနို့တစ်ခွက် အပူပေးထားတယ်။ သောက်ပြီးရင် ပိုပြီးနေလို့ကောင်းသွားမှာပါ"
စုကျစ်ယန်က လင်ကျန်းရီ၏လှုပ်ရှားမှုအတိုင်းလိုက်နေကာ ခါးပြန်မတ်လိုက်သည်နှင့် သူ့၀မ်းဗိုက်ပေါ်မှဖိအားက လျော့ကျသွားခဲ့သည်။
သူ့အမူအရာက ပိုပြီးသက်တောင့်သက်သာဖြစ်သွားသော်လည်း လင်ကျန်းရီ၏နှုတ်ခမ်းများကို သုတ်ပေးနေသော သူ့လက်ကတော့ မရပ်တန့်သွားခဲ့ပေ။
လင်ကျန်းရီက သ့ပါးစပ်ကို သုတ်ပေးနေသော သူ့ရှေ့မှလူကို ဇေ၀ဇဝါဖြစ်နေသောအကြည့်ဖြင့် ကြည့်လိုက်မိတော့သည်။ သူ့နှလုံးသားတစ်ခုလုံး ပျားရည်ထဲသို့ နစ်မြုပ်သွားသလိုခံစားလိုက်ရသည်မို့ ချိုမြိန်မှုများဟာလည်း ပူဖောင်းလေးများလို ပလုံစီကာ ထွက်လာပါတော့သည်။
သူ့ရဲ့ကျစ်ယန်က ဒေါသကြီးပြီးတော့ သူ့ကိုလည်း အမိန့်တွေပဲပေးတတ်တဲ့သူလို့ ဘယ်သူပြောတာလဲ။
သူသောက်လာတာကြောင့် သက်တောင့်သက်သာမဖြစ်ချိန်မှာ သူ့မိသားစု၀င်ဇနီးသည်လေးက ထောက်ထားညှာတာပေးခဲ့သည်။ သူ့ဗိုက်နာသည်ဟုလည်းမပြော၊ ဟိုဟာ သည်ဟာဆိုပြီးအမိန့်တွေလည်း မပေးပေ။ ထို့ပြင် တစ်ကယ်တမ်း စိတ်ပူပန်နေကာ သူ့ကိုဂရုတောင် စိုက်ပေးရှာသေးသည်။
"ဇနီးလေး..."
လင်ကျန်းရီက ဗလုံးဗထွေးရေရွတ်သလို စုကျစ်ယန်ကလည်း ချက်ချင်းပင် ကြင်နာစွာအဖြေပေးသည်။
"အင်း... ကျွန်တော်ဒီမှာရှိတယ်။ ခင်ဗျားဗိုက်ဆာနေပြီလား။ ခေါက်ဆွဲတစ်ပန်းကန်လောက် ပြုတ်ပေးရမလား"
လင်ကျန်းရီက ခေါင်းခါပြကာ စုကျစ်ယန်၏နောက်မှနေ၍ ဧည့်ခန်းထဲသို့လိုက်ရန်အတွက် သူ၏သတိကိုထိန်းသိမ်းရန် အကောင်းဆုံးကြိုးစားရှာသည်။
စုကျစ်ယန်မှာတော့ သူ့ကိုဆိုဖာပေါ်မထိုင်ခိုင်းရဲပါချေ။ တစ်ခါတည်းအိပ်ပျော်သွားပါက သူ့ကိုအိပ်ခန်းထဲရွှေ့ဖို့ဆိုတာ အတော်ကြီးကို ဒုက္ခရောက်စေသောကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။
သည်လူ သတိရှိနေသေးသည့် အကျိုးကျေးဇူးဖြင့် အိပ်စက်ရန်အတွက် အခန်းထဲသို့ခေါ်မသွားခင် ခပ်မြန်မြန်လေးနွားနို့တိုက်လိုက်သည်။
ထို့ကြောင့် စုကျစ်ယန်က လက်ဘက်ရည်စားပွဲပေါ်မှ နွားနို့ခွက်ကိုယူကာ လင်ကျန်းရီ၏ပါးစပ်နားသို့ ပို့ဆောင်ပေးလိုက်သည်။
"ကျွန်တော်တို့သွားမအိပ်ခင် ဒီနွားနို့ကို ကုန်အောင်သောက်လိုက်နော်"
"အိုခေ"
လင်ကျန်းရီက ကလေးတစ်ယောက်သဖွယ် ထူးထူးခြားခြားနာခံနေကာ စုကျစ်ယန်မှသူ့ကို နွားနို့တစ်လုတ်ပြီးတစ်လုတ် တိုက်ကျွေးသည်ကို ခွင့်ပြုလိုက်သည်။
နွားနို့ဟာ နည်းနည်းလေးပူနေသေးသော်ငြား သောက်လို့ရသည့်အနေလောက်တော့ အေးနေပြီဖြစ်သည်။ ဒါက သူ့ဗိုက်ကို နွေးထွေးကာသက်တောင့်သက်သာဖြစ်သွားစေသည်။
လင်ကျန်းရီက သူ့ကိုနွားနို့တိုက်နေသာစုကျစ်ယန်ကို ငေးကြည့်နေရင်း သူ၏ရီေ၀သောအကြည့်ထဲတွင် စိတ်ထက်သန်လာသောမီးတစ်ဖြာက ဖြည်းဖြည်းချင်းထွက်ပေါ်လို့လာသည်။
စုကျစ်ယန် သူ့ကိုခွံ့လို့ပြီးသွားသည့်နောက် ခွက်ပြန်ချလိုက်ကာ အိပ်ရာဆီတွဲသွားပေးလိုက်သည်။ လင်ကျန်းရီကလည်း အလွန်ကို ပူးပေါင်းဆောင်ရွက်ပေးရှာသည်။
လမ်းလျှောက်နေရင်း သူ့ခေါင်းကိုစောင်းကာ စုကျစ်ယန်ဘက်ကိုကြည့်သည်။ နောက်ဆုံး သူတို့နှစ်ဦးသား အိပ်ရာဆီရောက်ချိန်မှာ လင်ကျန်းရီကထိုင်ကာ မှီလိုက်ချင်ပါသော်လည်း စုကျစ်ယန်က သူ့ကော်လာကိုဆွဲကာပြောလိုက်သည်။
"ငြိမ်ငြိမ်ထိုင်နေ... ခင်ဗျားရဲ့ရှပ်အကျႌကိုမချွတ်ရသေးဘူး"
"အိုး...."
လင်ကျန်းရီဟာ အရက်မူးနေချိန်မှာ ပိုပြီးအပျင်းထူ၊ လေးကွေးလာပြီး စုကျစ်ယန်ဘာပဲပြောပါစေ သည်အတိုင်းနားထောင်နေလိုက်သည်။
သူဟာငြိမ်သက်စွာ ထိုင်နေနိုင်ရန်ကြိုးစားခဲ့ပြီး သူ့အကျႌကြယ်သီးများဖြုတ်နေသော စုကျစ်ယန်ကိုကြည့်သည်။ ဆန့်တန်းသွားသောသူ့လက်များကို မထိန်းချုပ်နိုင်လိုက်ဘဲ မရေရွတ်မိခင် စုကျစ်ယန်၏ခါးလေးကို ထိကိုင်လိုက်သည်။
"ရှပ်အကျႌချွတ်လေ... ဇနီးလေးနဲ့အတူတူအိပ်မယ်"
သူ့ခါးကိုကိုင်နေသောလက်များကြောင့် စုကျစ်ယန်အနေဖြင့် စိတ်အနှောင့်အယှက် မဖြစ်ပါချေ။ အမိန့်တစ်ရပ်မပေးခင်အထိ အနည်းမျှခါးကိုကိုင်းကာ ရှပ်အကျႌကြယ်သီးများကို စိတ်ရှည်လက်ရှည်ဖြုတ်ပေးနေခဲ့သည်။
"လက်တွေမြှောက်လိုက်..."
လင်ကျန်းရီတစ်ယောက် သူ့လက်များကိုမြှောက်လိုက်ပြီး စုကျစ်ယန်က ရှပ်အကျႌကိုမြန်မြန်ချွတ်ပစ်လိုက်သည်။ သူ့လက်များ လေထဲဘယ်လို၀ဲနေသည်ဆိုတာ မြင်ပြီးနောက် သူကပြုံးသည်။
"အိုခေ... ပြန်ချလု့ိရပြီ"
လင်ကျန်းရီက သူ့ကိုရီေ၀ေ၀ကြည့်ကာ လက်များကိုပြန်ချမည့်အစား စုကျစ်ယန်၏မျက်နှာကို ထိတွေ့ကာ နှုတ်ခမ်းများဟာလည်း 'မွ'ဟူသောအသံပင် ထွက်လာအောင် နမ်းရှိုက်လိုက်သည်။
"မဆော့နဲ့... အခုလှဲတော့"
စုကျစ်ယန်က လင်ကျန်းရီ၏ရင်ဘတ်ကိုတွန်းကာ သူ့ကိုလွှတ်ပေးရန် ဟန်ပြလိုက်သည်။ သူ့ခါးကို တစ်ချိန်လုံးကွေးထားရသည်မှာ ပင်ပန်းနေပြီဖြစ်သည်။
လင်ကျန်းရီမှာ သူ့ကိုလွှတ်ပေးလိုက်သော်လည်း ပြောသကဲ့သို့ မလှဲလိုက်ပေ။ ၎င်းအစား သူ့ဘောင်းဘီကို ညွှန်လိုက်သည်။
"ဇနီးလေး... ဘောင်းဘီ..."
ထိုအဓိပ္ပာယ်က... မင်း ကိုယ့်ဘောင်းဘီကို မချွတ်ပေးရသေးဘူးဟူ၍သာ။
ဒီခွေးကောင်က ငါ့ကိုပိုပြီးခိုင်းရဲတယ်ပေါ့လေ...။ ဒါပေမဲ့လည်း အရက်ကြောင့် ဆိုးဆိုးရွားရွားခံစားနေရတာကိုကြည့်ရတာ ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်ပါ့မယ်လေ။
ထို့ကြောင့် စုကျစ်ယန်ဟာ အကူအညီမဲ့စွာပင် ချော့ပြောရတော့သည်။
"ခင်ဗျားလှဲလိုက်မှ ကျွန်တော်ချွတ်ပေးလို့ရမှာပေါ့"
"အိုး... ဒါဆို... ကိုယ်လှဲလိုက်မယ်"
လင်ကျန်းရီ လဲလျောင်းလိုက်သော်လည်း စုကျစ်ယန်ကိုကြည့်နေဆဲပင်။
"ဇနီလေး... ကိုယ်လှဲပြီးပြီ။ လာတော့လေ"
စုကျစ်ယန် တခစ်ခစ်ရယ်မောလိုက်သည်။ ဘာကြောင့်များ ဒီအသံက မတော်တရော်ပုံပေါက်နေရတာလဲ။
[*လေပြည်တော့ ကျစ်ယန်ကို shou လို့မြင်ကြည့်ရင်း အော်ရယ်မိကုန်ပြီ။]
——ကိုယ်လှဲပြီးပြီ။ လာတော့လေ။
ဘာကြောင့်များဒီအသံက အသတ်ခံဖို့စောင့်နေတဲ့ သူရဲကောင်းတစ်ယောက်ရဲ့အသံနဲ့ တူနေတာပါလဲ။
ကောင်းပြီ။ သူကဆက်သွားချင်မှတော့ ဒီခွေးကောင်ကို ရိုက်နှက်ပေးရမည်။ သို့သော်လည်း သူ့အင်အားက သူ့ဆန္ဒနောက်မလိုက်နိုင်တာက သနားဖို့သာကောင်းတော့သည်။
စုကျစ်ယန် ဖြည်းဖြည်းချင်းထိုင်ချကာ လင်ကျန်းရီ၏ ခါးပတ်ဆီသွားလိုက်သည်။ သူ့ခါးပတ်ကိုဖြုတ်လိုက်ပြီးနောက် ဇစ်ဆွဲလိုက်သည်။ ထို့နောက်မှာတော့ ဖြည်းဖြည်းချင်း ဘောင်းဘီကို ဆွဲချွတ်လိုက်လေသည်။
"ခင်ဗျားတင်ပါးတွေကိုမြှောက်ထား"
စုကျစ်ယန်၏လှုပ်ရှားမှုများက သူ့ခန္ဓာကိုယ်ကြောင့် အကန့်အသတ်ရှိနေသည်။ ထို့ပြင် သူ့အားက လင်ကျန်းရီကို မယှဉ်နိုင်ပေ။ ထို့ကြောင့် အမိန့်ပေးဖို့သာ တတ်နိုင်တော့သည်။
"တော်တယ်...။ အခုခက်ဗျား ခြေထောက်တွေမြှောက်လိုက်ဦး။ ဘယ်ခြေထောက်... အဲဒါက ခင်ဗျားရဲ့ညာဘက်ခြေထောက်ကြီးလေ။ ကိစ္စမရှိဘူး။ ညာခြေထောက်ပဲ အရင်ဆုံး ချွတ်တာပေါ့။ အိုခေ... အခုနောက်တစ်ဖက်..."
သူနောက်ဆုံးမှာတော့ လင်ကျန်းရီ၏ဘောင်းဘီကို ခြေကုန်လက်ပန်းကျလောက်အောင် ချွတ်လိုက်နိုင်သည်။ ခါးကိုမတ်မတ်ပြန်ရပ်လိုက်ပြီးနောက် ချက်အောက်ဘက်၃လက်မလောက်နေရာမှ တစ်စုံတစ်ရာထကြွလာသည်ကို မြင်လိုက်ရသည်မို့ လင်ကျန်းရီအပေါ်သို့ စောင်ခြုံပေးလိုက်ရသည်။
သူက တစ်ခါဆို ဆိုသလောက် အံ့အားသင့်ဖို့ကောင်းလွန်းပါရဲ့နော်။
ကျွန်တော်က ခင်ဗျားရှပ်အကျႌကိုချွတ်ဖို့ကူညီရုံလေးဟာကို။ ဒီလောက်ကြီး တုံ့ပြန်ဖို့ လိုလို့လားလို့...။
လင်ကျန်းရီမှာတော့ ထိုနေရာမှာ လဲလျောင်းနေရင်း ညည်းတွားလို့နေသည်။
"ဇနီးလေး... ဇနီးလေး..."
စုကျစ်ယန်ပြန်မထူးသော်လည်း လင်ကျန်းရီမှာတော့ ညည်းတွားနေဆဲပင်။
"ကိုယ်အရမ်းပူတယ်။ နေလို့မကောင်းဘူး။ ဇနီးလေး... မင်းလက်တွေက အရမ်းအေးနေတယ်"
စုကျစ်ယန်က စောင်တစ်ထည်ကိုသူ့ဆီပစ်ကာ မျက်နှာကို ဖုံးအုပ်ပစ်လိုက်သည်။
"ခင်ဗျားမှာလက်တွေမရှိဘူးလား။ ကိုယ့်ဘာသာဖြေရှင်း...."
"ဇနီးလေး... မင်းအရမ်းရက်စက်တာပဲ"
လင်ကျန်းရီက နူးညံ့စွာဖြင့် တိုင်တန်းသည်။
"ကိုယ့်လက်တွေက အရမ်းပူနေတဲ့ဟာကို။ မယုံရင်ကိုင်ကြည့်ပါလား"
စောင်အောက်မှလာသော လင်ကျန်းရီ၏ မကျေနပ်ချက်များကိုကြားပြီးနောက် စုကျစ်ယန်၏နှလုံးသားလေး ပျော့ပျောင်းလာခဲ့လေပြီ။ သူ စောင်ကိုပြန်ဆွဲဖယ်ကာ အအေးမိခြင်းမှတားဆီးရန် လင်ကျန်းရီ၏ဗိုက်ပေါ် တင်ထားလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ့လက်ကိုဆန့်ကာ ဥက္ကဌကြီးလင်၏အတွင်းခံကို ဆွဲချွတ်လိုက်ပါတော့သည်။ သည်အချိန်မှာ လင်ကျ်းရီဟာ သူ့အတွင်းခံကိုချတ်နိုင်ရန်အတွက် အလွန်အမင်းကို ပူးပေါင်းပါ၀င်ရှာပေသည်။
အနည်းငယ်အေးနေသော လက်ဖျားထိပ်လေးများက လင်ကျန်းရီ၏ခြေထောက်အစွန်းကို ပွတ်တိုက်မိသွားသည်မို့ သက်တောင့်သက်သာရှိစွာဖြင့် ညည်းတွားလိုက်သည်။
လင်ကျန်းရီ၏ မပွင့်တပွင့်မျက်လုံးတို့ဖြင့် အကြည့်ခံနေရသော စုကျစ်ယန်၏မျက်နှာမှာ အနီရောင်ပြောင်းလာခဲ့သည်။ အကြောင်းပြချက်မရှိပါဘဲ ဒီလင်ကျန်းရီတစ်ယောက်ဟာ တစ်ကယ်ကို ဆွဲဆောင်မှုရှိသည်ဟု ထင်လိုက်မိသည်။
မေ့လိုက်တော့။ ဒီခွေးကောင်က သူ့ရဲ့ဆွဲဆောင်နိုင်တဲ့အရည်အချင်းနဲ့ ဖျားယောင်းသွေးဆောင်ပြီး အမှုကျူးလွန်ဖို့အတွက် သူကောင်းကောင်းဆက်ဆံပေးတာကို အသုံးချဖို့ကြိုးစားနေတာပဲ။
ဘာပဲဖြစ်ဖြစ်။ ဒါက သူ့ရဲ့မီးတောက်ကို ကူညီငြှိမ်းသတ်ပေးရုံသာဖြစ်သည်။ သူ့မှာကိုယ်၀န်ခုနစ်လ ရှိနေပြီဖြစ်သော်လည်း ကိုယ်၀န်လေးလရှိခဲ့စဉ်တုန်းကလည်း လင်ကျန်းရီကို တစ်ခါကူညီပေးခဲ့ဖူးသည်။
စံချိန်ပြည့်သော ယောကျ်ားတစ်ယောက်အတွက် ဆန္ဒရမ္မက်ကြီးပြီး သူ၏မီးတောက်များကို ထုတ်လွှတ်ချင်သည်ဆိုတာက ပုံမှန်ပဲဖြစ်သည်။
တစ်ကယ်တမ်း လင်ကျန်းရီဟာ ထိုအချိန်ကတည်းက စုကျစ်ယန်၏အခက်အခဲအပေါ် ထောက်ထားညှာတာခဲ့ပြီး သူ့ကိုလွှတ်ပေးရန် စိတ်အနှောင့်အယှက်မဖြစ်ခဲ့တာဖြစ်သည်။
ဒီလိုအချိန်မှာ နည်းနည်းလေးအလိုလိုက်ခံရလျှင်တောင်မှ စုကျစ်ယန်အနေဖြင့် ဘယ်လိုလုပ်ပြီး သူ့အပေါ် မကျေမနပ်ဖြစ်နိုင်မှာလဲလေ။
_ _ _ _ _ _ _ _ _
Translated by Lay Pyay Yine (team Camomile).
_ _ _ _ _ _ _ _ _ _
(Zawgyi)
အခန္း ၉၃။ ဇနီးေလး... ကိုယ့္မီးၿငိမ္းေအာင္ ကူညီေပးပါ။
[Warning-အစားအေသာက္စားရင္း မဖတ္ပါရန္။]
"ကိုယ္အဆင္ေျပပါတယ္။ အဲဒီနိုင္ငံျခားသားက အရက္ေကာင္းေကာင္းေသာက္နိုင္တယ္။ ကိုယ္သာသူနဲ႕မေသာက္ဘူးဆိုရင္ ကိုယ္တို႔ကို မရိုးသားဘူးလို႔ထင္လိမ့္မယ္ေလ။ ကိုယ္ကအရက္ကို ထိန္းေသာက္နိုင္လို႔ေတာ္ေသးတာ။ မဟုတ္ရင္ ရင္းႏွီးျမဳွပ္ႏွံမႈေတြေတာ့ သြားၿပီပဲ…"
လင္က်န္းရီက စုက်စ္ယန္သူ႔ကို ကူတြဲမွာကို ခြင့္မျပဳေပ။ ထို႔ေၾကာင့္ ယဲ့ေရွာ္နွင့္ေလာ့ယန္ကိုမေခၚမီ သူ႔ကိုယ္သူ တည္ၿငိမ္ေအာင္ ႀကိဳးစားခဲ့သည္။
"ေတာ္ေတာ္ေလးေနာက္က်ေနၿပီ မင္းတို႔ႏွစ္ေယာက္ ဒီညဧည့္သည္ခန္းမွာအိပ္သင့္တယ္..."
"ရပါတယ္။ ကြၽန္ေတာ္တို႔က ဒီေလာက္အေဝးႀကီးမွာေနတာမဟုတ္ဘူး။ သိပ္မၾကာခင္ အိမ္ျပန္ေရာက္နိုင္တယ္။ မင္းတို႔ႏွစ္ေယာက္ ျမန္ျမန္ေလး အနားယူသင့္တယ္"
ေလာ့ယန္က ယဲ့ေရွာ္ကို ေခၚသြားရင္း ႏႈတ္ဆက္လိုက္သည္။
ဒါက ဟာသတစ္ခုလား။ စံုတြဲတစ္တြဲရဲ႕ ခ်စ္ခင္ၾကည္ႏူးၾကမဲ့အခ်ိန္ကိုအေနွာင့္အယွက္ျဖစ္ေအာင္ ေနာက္ကြယ္မွာဘယ္လိုေနနိုင္မွာတဲ့လဲ။
အထူးသျဖင့္ ဘာမဆိုျဖစ္ရန္လြယ္ကူေသာ သည္လိုမ်ိဳး အရက္ေၾကာင့္ေထြေနသည့္ အေျခအေနေအာက္မွာေပါ့။
ပတ္ဝန္းက်င္မွာ အျပင္လူရွိေနလွ်င္ ဘယ္လိုလုပ္ၿပီး (ဆက္ဆံေရး)ဖြံ႕ၿဖိဳးတိုးတက္လာပါ့လဲ။
စုက်စ္ယန္ကလည္း သူတို႔ ထြက္ခြာသြားသည္ကိုၾကည့္ကာ ဆက္ၿပီးမေတာင္းဆိုေတာ့ေပ။ ၿပီးေနာက္ တံခါးကိုပိတ္ကာ လင္က်န္းရီ အိပ္ခန္းထဲဝင္နိုင္ရန္ ကူညီေပးသည္။
လင္က်န္းရီဟာ တစ္ဝက္တစ္ပ်က္သာ မူးေနေသာ္လည္း သူ႕အတြက္ လြန္စြာစိတ္မသက္မသာ ျဖစ္ေနဆဲပင္။
"ဇနီးေလး… ကိုယ့္ေခါင္းနာတယ္…"
လင္က်န္းရီက စုက်စ္ယန္ဆီသို႔ ညင္သာစြာမွီလိုက္ၿပီး ကလူေလသည္။
အမ္... ဘာေၾကာင့္ ညင္သာခဲ့တာလဲဟုတ္စ။ အဓိပၸာယ္မရွိတာ။ သူကဘယ္လိုလုပ္ အားအင္ေတြ ထုတ္ရဲပါ့မလဲ။ သူ႕ေဘးနားက ကိုယ္၀န္သည္ေလးက ကာကြယ္ေစာင့္ေရွာက္ရန္ အေရးႀကီးသူတစ္ေယာက္ျဖစ္သည္။
"ဘယ္ေလာက္ေတာင္ေသာက္လာတာလဲ"
လင္က်န္းရီ၏ နီရဲေနေသာပါးျပင္မ်ားကို စုက်စ္ယန္ျမင္လိုက္ရခ်ိန္၊ အရက္နံ႔ကိုရွဴမိလိုက္ခ်ိန္တြင္ အကူအညီမဲ့စြာပင္ သက္ျပင္းခ်လိုက္မိသည္။
"ခင္ဗ်ား ဒီေလာက္အမ်ားႀကီးေသာက္လာတာ ရွားရွားပါးပါး အျပင္ထြက္ရတာမို႔လို႔လား။ ေဖာက္သည္ေတြက အေတာ္ေလး ေျပာရဆိုရ လက္ေပါက္ကပ္တယ္လား"
"အမွန္ပဲ။ အဲဒီ့ေဖာက္သည္က အေတာ္ေလးကို ေသာက္နိုင္တာ။ ကိုယ္က ကိုယ့္ကိုယ္ကိုထိန္းနိုင္ေအာင္လို႔ တစ္ခြက္ပဲေသာက္လာတာ။ သူဆို စကားေတာင္ေျဖာင့္ေအာင္မေျပာနိုင္ေတာ့ဘူး။ ၿပီးေတာ့ သေဘာတူစာခ်ဳပ္က လက္မွတ္ထိုးၿပီးသြားၿပီေလ။ ကိုယ္လည္း သူ႔ေလာက္ေသာက္ခဲ့တာေပမဲ့ အိမ္ထိလိုက္ပို႔မဲ့ အငွားယာဥ္ေမာင္းမေခၚခင္ တစ္ေယာက္ေယာက္ကိုေခၚၿပီး သူ႔ကုိဟိုတယ္ဆီပို႔ေပးဖို႔ ေျပာနိုင္ေသးတယ္။ ကိုယ္က မတ္မတ္မရပ္နိုင္ေလာက္ေတာ့တဲ့အထိ မေသာက္ပါဘူး။ ဇနီးေလး.... ကိုယ္က ထူးထူးျခားျခားကို လုပ္နိုင္စြမ္းရွိတယ္မလား"
လင္က်န္းရီဟာ ႂကြား၀ါရင္း စုက်စ္ယန္၏ပခံုးကို မွီလိုက္သည္။ တူညီေသာေမးခြန္းကို ထပ္မေမးခင္ သူ႔ပါးစပ္ကိုဖြင့့္ကာ လည္ပင္းကိုနမ္းလိုက္သည္။
"ကိုယ္က ထူးထူးျခားျခားကို လုပ္နိုင္စြမ္းရွိတယ္မလား"
(ေမးျမန္းၿပီးေနာက္) ထပ္မံကာ နမ္းရႈိက္ျပန္သည္။
"ဟုတ္တယ္။ ဟုတ္တယ္။ ခင္ဗ်ားက ထူးထူးျခားျခားကို လုပ္နိုင္စြမ္းရွိတယ္။ ဘယ္သူမွ ခင္ဗ်ားနဲ႔မယွဥ္နိုင္ပါဘူး။ ေနာက္တစ္ခါဆို ဘယ္အရက္ျဖစ္ျဖစ္ မေသာက္ခင္မွာ ႏြားနို႔နည္းနည္းအရင္ေသာက္ရမယ္ေနာ္။ မဟုတ္ရင္ အစာအိမ္ကိုဒုကၡေပး...."
စုက်စ္ယန္၏စကားမဆံုးခင္မွာပင္ လင္က်န္းရီက သူ႔ကုိလႊတ္ေပးကာ အိမ္သာရွိရာသို႔ ဒယီးဒယိုင္ျဖင့္ သြားေလၿပီ။ စုက်စ္ယန္က သူ႔ေနာက္မွေန၍ ျဖည္းျဖည္းခ်င္းလိုက္သြားၿပီးေနာက္ ေအာ့အန္ေနသံကိုၾကားလိုက္ရေလသည္။
ေကာင္းၿပီ။ သူ႔ဗိုက္ထဲထည့္လာခဲ့ေစာ အရက္မ်ား၏ညႇဥ္းပန္းနွိပ္စက္မႈေၾကာင့္ ပ်ိဳ႕အန္ကုန္တာ ေကာင္းသည္။
စုက်စ္ယန္က မီးဖိုခန္းဆီေလွ်ာက္သြားလိုက္ကာ ႏြားနို႔ပုလင္းကိုရွာေဖြသည္။ ပုလင္းအဖံုးကိုဖြင့္ၿပီးေနာက္ မိုက္ခရိုေ၀့ဗ္နွင့္ မိနစ္အနည္းငယ္အပူမေပးခင္ ပန္းကန္လုံးတစ္ခုထဲသို႔ ဦးစြာေလာင္းထည့္လိုက္သည္။
အပူဒဏ္ကိုေတာင့္ခံကာ ခြက္ကိုထမင္းစားပြဲဆီသယ္သြားၿပီးေနာက္ လင္က်န္းရီဆီယူမသြားခင္ စားပြဲေပၚတြင္ အေအးခံထားလိုက္သည္။
ႏြားနို႔ကိုျပင္ဆင္(အပူေပး၊ အေအးခံ) ေနေသာ နွစ္မိနစ္မွ်ကာလအတြင္း လင္က်န္းရီဟာလည္း အိမ္သာထဲတြင္ ပ်ိဳ႕အန္တာၿပီးလုနီးပါးပင္။
စုက်စ္ယန္က ႏြားနို႔ခြက္ကို ဧည့္ခန္းထဲရွိ လက္ဘက္ရည္စားပြဲေပၚ တင္ထားလိုက္ၿပီးေနာက္ အိမ္သာဆီ လိုက္သြားလိုက္သည္။
သူ႔ခါးကိုကုန္းကာ လင္က်န္းရီထရပ္ရန္မကူညီခင္ ပု၀ါတစ္ထည္ကို ေရစြတ္လိုက္ၿပီး သူ႔ပါးစပ္ကိုသုတ္ေပးလိုက္သည္။
လင္က်န္းရီမွာ အရက္ေၾကာင့္မူးေ၀ေနပါေသာ္လည္း သူ႔ဇနီးေလးက ကိုယ္၀န္လြယ္ထားရေၾကာင္းနွင့္ ခါးကိုကုန္းလိုက္ျခင္းေၾကာင့္ သူ႔ဇနီးေလး သက္ေတာင့္သက္သာမရိွတာမ်ိဳးမျဖစ္ေစဖို႔ ဆံုးျဖတ္ထားသည္။
ထို႔ေၾကာင့္ သူဟာလွ်င္ျမန္စြာပင္ အိမ္သာကမုတ္ကို ျမန္ျမန္ပိတ္ကာ ၎ကိုကိုင္ၿပီး သူ႔ကိုယ္သူထိန္းရပ္လိုက္သည္။
"ဇနီးေလး... ကိုယ္အဆင္ေျပပါတယ္ကြ။ အန္ပစ္လိုက္ေတာ့ ေနရတာေတာ္ေတာ္ေလးေပါ့သြားတယ္"
"အမ္း... ခင္ဗ်ား အန္လို႔ၿပီးၿပီလား။ မၿပီးေသးရင္ ဆက္အန္လိုက္ဦး။ ကြၽန္ေတာ္ခင္ဗ်ားအတြက္ ႏြားနို႔တစ္ခြက္ အပူေပးထားတယ္။ ေသာက္ၿပီးရင္ ပိုၿပီးေနလို႔ေကာင္းသြားမွာပါ"
စုက်စ္ယန္က လင္က်န္းရီ၏လႈပ္ရွားမႈအတိုင္းလိုက္ေနကာ ခါးျပန္မတ္လိုက္သည္နွင့္ သူ႔၀မ္းဗိုက္ေပၚမွဖိအားက ေလ်ာ့က်သြားခဲ့သည္။
သူ႔အမူအရာက ပိုၿပီးသက္ေတာင့္သက္သာျဖစ္သြားေသာ္လည္း လင္က်န္းရီ၏ႏႈတ္ခမ္းမ်ားကို သုတ္ေပးေနေသာ သူ႔လက္ကေတာ့ မရပ္တန္႔သြားခဲ့ေပ။
လင္က်န္းရီက သ့ပါးစပ္ကို သုတ္ေပးေနေသာ သူ႔ေရွ႕မွလူကို ဇေ၀ဇ၀ါျဖစ္ေနေသာအၾကည့္ျဖင့္ ၾကည့္လိုက္မိေတာ့သည္။ သူ႔နွလံုးသားတစ္ခုလံုး ပ်ားရည္ထဲသို႔ နစ္ျမဳပ္သြားသလိုခံစားလိုက္ရသည္မို႔ ခ်ိဳၿမိန္မႈမ်ားဟာလည္း ပူေဖာင္းေလးမ်ားလို ပလံုစီကာ ထြက္လာပါေတာ့သည္။
သူ႔ရဲ႕က်စ္ယန္က ေဒါသႀကီးၿပီးေတာ့ သူ႔ကိုလည္း အမိန္႔ေတြပဲေပးတတ္တဲ့သူလို႔ ဘယ္သူေျပာတာလဲ။
သူေသာက္လာတာေၾကာင့္ သက္ေတာင့္သက္သာမျဖစ္ခ်ိန္မွာ သူ႔မိသားစု၀င္ဇနီးသည္ေလးက ေထာက္ထားညႇာတာေပးခဲ့သည္။ သူ႔ဗိုက္နာသည္ဟုလည္းမေျပာ၊ ဟိုဟာ သည္ဟာဆိုၿပီးအမိန္႔ေတြလည္း မေပးေပ။ ထို႔ျပင္ တစ္ကယ္တမ္း စိတ္ပူပန္ေနကာ သူ႔ကုိဂရုေတာင္ စိုက္ေပးရွာေသးသည္။
"ဇနီးေလး..."
လင္က်န္းရီက ဗလံုးဗေထြးေရ႐ြတ္သလို စုက်စ္ယန္ကလည္း ခ်က္ခ်င္းပင္ ၾကင္နာစြာအေျဖေပးသည္။
"အင္း... ကြၽန္ေတာ္ဒီမွာရွိတယ္။ ခင္ဗ်ားဗိုက္ဆာေနၿပီလား။ ေခါက္ဆြဲတစ္ပန္းကန္ေလာက္ ျပဳတ္ေပးရမလား"
လင္က်န္းရီက ေခါင္းခါျပကာ စုက်စ္ယန္၏ေနာက္မွေန၍ ဧည့္ခန္းထဲသို႔လိုက္ရန္အတြက္ သူ၏သတိကိုထိန္းသိမ္းရန္ အေကာင္းဆံုးႀကိဳးစားရွာသည္။
စုက်စ္ယန္မွာေတာ့ သူ႔ကိုဆိုဖာေပၚမထိုင္ခိုင္းရဲပါေခ်။ တစ္ခါတည္းအိပ္ေပ်ာ္သြားပါက သူ႔ကိုအိပ္ခန္းထဲေ႐ႊ႕ဖို႔ဆိုတာ အေတာ္ႀကီးကို ဒုကၡေရာက္ေစေသာကိစၥတစ္ခု ျဖစ္ေပလိမ့္မည္။
သည္လူ သတိရွိေနေသးသည့္ အက်ိဳးေက်းဇူးျဖင့္ အိပ္စက္ရန္အတြက္ အခန္းထဲသို႔ေခၚမသြားခင္ ခပ္ျမန္ျမန္ေလးႏြားနို႔တိုက္လိုက္သည္။
ထို႔ေၾကာင့္ စုက်စ္ယန္က လက္ဘက္ရည္စားပြဲေပၚမွ ႏြားနို႔ခြက္ကိုယူကာ လင္က်န္းရီ၏ပါးစပ္နားသို႔ ပို႔ေဆာင္ေပးလိုက္သည္။
"ကြၽန္ေတာ္တို႔သြားမအိပ္ခင္ ဒီႏြားနို႔ကို ကုန္ေအာင္ေသာက္လိုက္ေနာ္"
"အိုေခ"
လင္က်န္းရီက ကေလးတစ္ေယာက္သဖြယ္ ထူးထူးျခားျခားနာခံေနကာ စုက်စ္ယန္မွသူ႔ကို ႏြားနို႔တစ္လုတ္ၿပီးတစ္လုတ္ တိုက္ေကြၽးသည္ကို ခြင့္ျပဳလိုက္သည္။
ႏြားနို႔ဟာ နည္းနည္းေလးပူေနေသးေသာ္ျငား ေသာက္လို႔ရသည့္အေနေလာက္ေတာ့ ေအးေနၿပီျဖစ္သည္။ ဒါက သူ႔ဗိုက္ကို ေႏြးေထြးကာသက္ေတာင့္သက္သာျဖစ္သြားေစသည္။
လင္က်န္းရီက သူ႔ကိုႏြားနို႔တိုက္ေနသာစုက်စ္ယန္ကို ေငးၾကည့္ေနရင္း သူ၏ရီေ၀ေသာအၾကည့္ထဲတြင္ စိတ္ထက္သန္လာေသာမီးတစ္ျဖာက ျဖည္းျဖည္းခ်င္းထြက္ေပၚလို႔လာသည္။
စုက်စ္ယန္ သူ႔ကိုခြံ႕လို႔ၿပီးသြားသည့္ေနာက္ ခြက္ျပန္ခ်လိုက္ကာ အိပ္ရာဆီတြဲသြားေပးလိုက္သည္။ လင္က်န္းရီကလည္း အလြန္ကို ပူးေပါင္းေဆာင္႐ြက္ေပးရွာသည္။
လမ္းေလွ်ာက္ေနရင္း သူ႔ေခါင္းကိုေစာင္းကာ စုက်စ္ယန္ဘက္ကိုၾကည့္သည္။ ေနာက္ဆံုး သူတို႔နွစ္ဦးသား
You are reading the story above: TeenFic.Net