(Unicode)
အခန်း ၉၂။ အရက်မူးပြီး ပြန်လာသည်။
Chapter 92: Come back drunk
လင်ကျန်းရီဟာ ယခင်တုန်းက စုကျစ်ယန်၏နောက်ခံကို စုံစမ်းခဲ့ဖူးသည်။ မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့တာ အမှန်ပင်။ သို့သော်လည်း ဘာကြာင့် သူအဲဒီ့မှာရှိနေရတယ်ဆိုတဲ့အကြောင်းရင်းကိုတော့ လင်ကျန်းရီမရှာနိုင်ခဲ့ပေ။
ယခင်တုန်းက စုကျစ်ယန်ဟာ သူအစွန့်ပစ်ခံခဲ့ရသည်ဟု ဖော်ပြခဲ့ဖူးသည်။
- စုကျစ်ယန်က သူ့မိဘတွေသူ့ကို စက်ဆုပ်ရွံရှာသည်၊ လူထူးဆန်းဟုမြင်ကြပြီး မိဘမဲ့ဂေဟာ၏ တံခါး၀မှာ စွန့်ပစ်လိုက်တာဟု ထင်မြင်ခဲ့သည်။
လင်ကျန်းရီအနေဖြင့် ဒါကဖြစ်နိုင်ချေမရှိဘူးဟု ခံစားရသည်။ ရောဂါကျွမ်းနေသူလည်းမဟုတ်၊ မသန်မစွမ်းဖြစ်နေတာလည်းမဟုတ်ပါဘဲ ဘာကြောင့်များ သူတို့က သူတို့ရဲ့ကလေးကို စွန့်ပစ်ခဲ့ကြပါသလဲ။
စုကျစ်ယန်၏အနေအထားကို စက်ဆုပ်ရွံရှာသည်ဆိုလျှင်တောင်မှ စွန့်ပစ်ဖို့လောက်အထိ မလိုအပ်ဘူးမလား။ သူတို့ရဲ့ကလေးကို သင့်တင့်လျောက်ပတ်တဲ့အနေအထားနဲ့ လမ်းညွှန်ပြသပြီး အမျိုးသမီးတစ်ယောက်နဲ့ မိသားစုတစ်ခုထူထောင်နိုင်ဖို့ လုပ်ဆောင်ပေးတာက အဆင်မပြေနိုင်လု့ိလား။
ဟုတ်ပါရဲ့။ ဒါကတစ်ကယ်တမ်း လင်ကျန်းရီတွေးနေတဲ့အရာမဟုတ်ပေ။ စုကိစ်ယန်သာမိန်းမယူပြီး ကလေးတွေမွေးခဲ့ပါလှိင် သူကရော ဘာလုပ်ရတော့မည်နည်း။
သည်တော့ပြောရလျှင် သူ့အခြေအနေက ကံကောင်းသည်ဖြစ်စေ၊ ကံဆိုးသည်ဖြစ်စေ။ စုကျစ်ယန်ဘ၀၏ပထမဆုံး ၂၄နှစ်တာကာလကတော့ ခါးသီးနာကျည်းဖို့ကောင်းခဲ့ပါသည်။
သို့သော်လည်း ယခုတော့ သူဟာလင်ကျန်းရီနှင့် ဆုံတွေ့ခဲ့ရသည်။ ဒါကသေချာပေါက်ကို ကိုယ်ရောစိတ်ပါ သက်တောင့်သက်သာ ရှိနေနိုင်စေလိမ့်မည်။
လင်ကျန်းရီအနေဖြင့် သူ့ဇနီးလေးကို သေချာပေါက် ချစ်ခင်မြတ်နိုးကာ သူ့ဘ၀တစ်လျှောက်လုံး ကောင်းမွန်စွာ ဂရုစိုက်ပေးရင်း ဒဏ်ရာရခဲ့သာနှလုံးသားလေးကို ကုသပေးမှာဖြစ်သည်။
ထို့ပြင် ဘယ်စုမိသားစုမဆို လွန်ခဲ့သော ၂၄နှစ်က ကလေးစွန့်ပစ်ဖူးတာရှိသလားဆိုတာ စုံစမ်းရမည့်အချက်က မဖြစ်မနေလိုအပ်သည်။
ဒုတိယအကြိမ်တွေးပြီးနောက် လင်ကျန်းရီဟာ မလိုအပ်ဘူးဟုခံစားလိုက်ရသည်။ သူ့အတွက် သည်လ်ုလုပ်ဖို့ လိုအပ်ပါသလား။ ယခုဆို စုကျစ်ယန်က သူနှင့့်အတူပျော်ရွှင်စွာနေထိုင်နေပြီဖြစ်သည်။
သူတို့၏မမွေးဖွားသေးသော ကလေးတွေကလည်း သူတို့ကိုစောင့်နေကြပြီ။ သည်တော့ စုကျစ်ယန်၏ သွေးသားတော်စပ်သောမိဘများကို ရှာဖွေခြင်းက မလိုအပ်ပေ။
လွန်ခဲ့သောနှစ်ပေါင်း နှစ်ဆယ်ကျော်ကတည်းက သူတို့ဟာ ကျ်ယန်ကို ငြင်းဆန်ခဲ့ကြပြီးလေပြီ။ နှစ်နှစ်ဆယ်ကျော်ပြီးကာမှ ဘာကြောင့်များ လက်ခံမှာပါလိမ့်။
သည်စစ်ဆေးခြင်းက စုကျစ်ယန်၏ ဒဏာရာရနေသောနှလုံးသားကို ဆားခတ်သလိုသာ ဖြစ်သွားစေလိမ့်မည်။ သည်အကြောင်းကိုတွေးတောရင်း လင်ကျန်းရီဟာ သူ့မှာရှိနေသောအတွေးကို လွင့်ပြယ်စေလိုက်သည်။
မေ့လိုက်ပါတော့လေ။ စုမိသားစုက စုကျစ်ယန်နှင့် တစ်စုံတစ်ခု လုပ်စရာရှိလား၊ မရှိဘူးလားဆိုတာ ဘယ်သူကဂရုစိုက်နေမှာတဲ့လဲ။ ဒီကိစ္စက လွန်ခဲ့တဲ့၂၄နှစ်ကတည်းက ဖြစ်ပြီးသွားခဲ့လေပြီ။
ဘာပဲဖြစ်ဖြစ် ယခုတော့ စုကျစ်ယန်က သူနှင့်ရှိနေခဲ့ပြီဖြစ်သည်။ မည်သူတစ်ဦးတစ်ယောက်ကမှျှ သည်အချက်ကို ပြင်ဆင်နိုင်မည်မဟုတ်ပေ။
သူ့မှာ စုကျစ်ယန်ကို ဂရုစိုက်ပေးကာ သူ့ဘ၀တစ်လျှောက်လုံး စိုးရိမ်သောကတွေ မရှိအောင်ထားနိုင်သည့် အရည်အချင်းရှိသည်။
ဒါဆို သူကလုပ်စရာတစ်ခုခုရှာဖို့ ကြိုးစားနေတာလား။
မကြာမီ မွန်းတည့်ချိန်ရောက်တော့မည်ကို မြင်လိုက်ရသဖြင့် လင်ကျန်းရီက ဧည့်ခန်းရှိ လူသုံးယောက်ကို အကြောင်းကြားကာ ချက်ပြုတ်ရန် မီးဖိုချောင်သို့ သွားလေသည်။
သို့သော်လည်း အိမ်ဖုန်းက ရုတ်တရက်မြည်လာပြီး လင်ကျန်းရီက ဖုန်းဖြေရန်သွားလိုက်သည်။ ဖုန်းခေါ်တာက ကုဖုန်းဖြစ်သည်။
"ကျန်းရီ... US က ဖောက်သည်က တ်ကယ်ပဲ ဒီနေ့ရောက်လာပြီကွ။ ကုမ္ပဏီလာဖို့ အချိန်ပေးနိုင်မလား။ ခဏလောက်ပါပဲကွာ။ နောက်တစ်ပတ် သူတို့နဲ့တစ်နေ့လုံးရှိနေပေးဖို့ထက် ဒါကပိုကောင်းတယ်လေ။ ပြီးတော့ ကျစ်ယန်ရဲ့သူငယ်ချင်းတွေကလည်း ဒီနေ့သူနဲ့အတူတူရှိနေတာပဲဟာ။ ခဏလောက်တော့ မင်းထွက်လာခဲ့သင့်တယ်။ ဒါမှမဟုတ် နောက်အပတ်မှပဲတွေ့လိုက်မလား"
ကုဖုန်းက သူ့ကိုအသနားခံသည်။
"မင်းဖုန်းနံပါတ်အသစ်ကို ငါ့ဆီပို့ပေးဖို့လည်း သတိရဦး။ အခုနေသာ ငါဖုန်းမခေါ်လို့မရရင် မင်းနံပတ်ပြောင်းလိုက်ပြီးပြိထင်မိမှာပဲ"
မင်းဖုန်းနံပါတ်ကို ဘာလို့ရုတ်တရက်ကြီး ပြောင်းပစ်လိုက်တာများလဲ။ ကုဖုန်းဟာ သူ့နှလုံးသားထဲမှနေ၍ အတင်းပြောလိုက်သည်။
"အမ်း... မှတ်ထားလိုက်...နံပါတ်က..."
လင်ကျန်းရီ သက်ပြင်းချသည်။ အမေရိကန်သားတွေနှင့်ဆက်ဆံရေးကို သူတားဆီးဖို့မဖြစ်နိုင်တော့ပုံပေါ်သည်။ စောသည်ဖြစ်စေ နောက်ကျသည်ဖြစ်စေ သည်ကိစ္စနှင့်ပတ်သတ်ပြီး စီးပွားရေးသဘောတူညီမှုကတော့ ရှိနေဦးမှာပင်။
အဲဒါက ဒီနေ့ဆိုမှတော့ ဒီနေ့ပဲသွားလိုက်တပေါ့ တစ်ကယ်တမ်း ကုဖုန်းမှန်ပါသည်။ နောက်အပတ်မှာ တရွတ်တိုက်ဆွဲခေါ်ခံရချင်ပါက ယခု မသွားလို့ရသည်။
"ဇနီးလေး... ကုမ္ပဏီမှာ ကိစ္စတစ်ခုဖြစ်လို့ ကိုယ်မင်းနဲ့အိမ်မှာ မနေပေးနိုင်တော့ဘူးကွာ။ အမေ့ဆီဖုန်းဆက်ပြီး မင်းအတွက်လာပြီးချက်ပြုတ်ခိုင်းလိုက်မယ်နော်။ လော့ယန်နဲ့ယဲ့ရှော်ကိုလည်း ကျွန်တော်တောင်းပန်ပါတယ်ဗျာ။ နောက်တစ်ခါကျမှပဲ စိတ်ကြိုက်ပြုစုပါ့မယ်။ အမေဒီကိုလာပြီး ချက်ပြုတ်ပေးတဲ့အထိ သည်းခံပြီးစောင့်ပေးပါဦး"
လင်ကျန်းရီ စိတ်ရင်းဖြင့်ပြောလိုက်သည်။ လော့ယနကမတ်တပ်ရပ်လိုက်ကာ အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သည်။
"အဆင်ပြေပါတယ်ဗျာ။ အရမ်းကြီးယဉ်ကျေးနေဖို့မလိုပါဘူး။ ဘယ်လ်ုချက်ပြုတ်ရမယ်ဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော်တို့အတူတူနေတုန်းက ကျွန်တော်ပဲ ချက်ပြုတ်ရတာလေ။ မင်းမှာ ကိစ္စရှိရင်သွားပါ။ အန်တီ့ကိုခေါ်မနေပါနဲ့။ ကျွန်တော်ချက်ပေးနိုင်ပါတယ်"
"ဒါ... မကောင်းဘူးထင်တယ်။ အမေ့ကုခေါ်လိုက်တာက ပိုကောင်းပါတယ်"
လင်ကျန်းရီက ဖုန်းကိုထုတ်ယူလိုက်သည်။ လော့ယန်က နူးညံ့စွာဖြင့် ထပ်မေးသည်။
"ကျွန်တော့်ကိုမယုံဘူးလား"
စုကျစ်ယန်ကလည်း မေးသည်။
"လာစမ်းပါ... ရီ... လော့ယန်ကို လုပ်ခိုင်းလိုက်ပါ။ သူ့ရဲ့အချက်အပြုတ်စွမ်းရည်က ကောင်းတယ်။ ကျွန်တော်သူ့လက်ရာကို မစားရတာကြာပြီ။ ခင်ဗျားလည်း ကြိုးစားကြည့်နိုက်ပါတယ်။ ခင်ဗျားလိုအပ်တာသွားလုပ်တော့လေ။ ကားကိုဖြည်းဖြည်းမောင်း။ သောက်လာမှာဆိုရင် အငှားယာဉ်မောင်းနဲ့ အိမ်ပြန်လာခဲ့နော်"
အစပိုင်းတုန်းက လော့ယန်ကို စုကျစ်ယန်ချီးမွမ်းနေစဉ်မှာ လင်ကျန်းရီ၏နှလုံးသားလေးနာကျင်သွားခဲ့သည်။ သို့သော်လည်း မကြာမီမှာ ဒုတိယစာကြောင်းကို သူကြားလိုက်ရပြီး ချက်ချင်းပင် ပြုံးမိသွားတော့သည်။
"အိုခေ... ဇနီးလေးပြောစကားကို နားထောင်ပါ့မယ်ခင်ဗျာ။ လော့ယန်ရေ... ကျွန်တေ်တစ်ကယ်ကို အားနာပါရဲ့ဗျာ။ ရေခဲသေတ္တာထဲမှာ ခင်ဗျားချက်ချင်တာရှိရင် ယူသာချက်လိုက်ပါ။ နောက်တစ်ခါကျမှပဲ ခင်ဗျားတို့ကို နေ့လည်စာကောင်းကောင်းနဲ့ ဧည့်ခံပါ့မယ်"
"ပြောနေဖို့မလိုပါဘူး။ ကျွန်တော်က ကလေးတွေရဲ့မွေးစားအဖေပဲကို"
လော့ယန်၏အပြုံးတို့က နွေးထွေးလို့နေသည်။ လင်ကျန်းရီဟာ ခေါင်းညိတ်ပြုပီးနောက် မည်သည့်အလာပသလ္လာပများမှ မပြောနေတော့ဘဲ စုကျစ်ယန်၏ဘေးသို့သွားပြီး ဆောင့်ကြောင့်ထိုင်ကာ ၀မ်းဗိုက်ပူပူလေးကို ပွတ်သပ်လိုက်သည်။
ကားသော့ယူကာ အိမ်ထဲမှထွက်မသွားခင် စုကျစ်ယန်ကို နူးညံ့စွာဖြင့် စကားအချို့မှာကြားခဲ့သည်။
အိမ်ထဲမှာ သုံးယောက်ထဲသာကျန်တော့မှ ယဲ့ရှော်၏ပါးစပ်ရွဲ့နေသည်ကို လော့ယန်သတိထားမိသည်။ သူ့အမူအရာက ပျော်ရွှင်နေဟန်မရဘဲ နည်းနည်းလေး သ၀န်တိုနေတာဖြစ်ကောင်းဖြစ်နိုင်ပါသည်။
သူ အကူအညီမဲ့စွာဖြင့် တခစ်ခစ်ရယ်ကာ သူ့(ယဲ့) ကို စုကျစ်ယန်အနား ဆွဲခေါ်လိုက်သည်။
"ကျစ်ယန်... ဒါငါ့ချစ်သူ ယဲ့ရှော်လေ။ သူကမင်းယန်တက္ကသိုလ်မှာတက်နေတာ။ ဇီ၀ဗေဒမေဂျာ တတိယနှစ်ကျောင်းသားပေါ့"
"ယဲ့ရှော်... သူကကိုယ့်ရဲ့မိတ်ဆွေကောင်းပဲ စုကျစ်ယန်တဲ့။ လောလောဆယ်အားလပ်ရက်ယူထားတဲ့ နာမည်ကျော်ဓာတ်ပုံဆရာတစ်ယောက်လေ။ သူ့ဗိုက်ထဲက ကလေးနှစ်ယောက်က ကိုယ့်ရဲ့အနာဂတ် မွေးစားသားလေးတွေပေါ့။ ဒီတော့ မျက်နှာကြီး သုန်မှုန်မနေနဲ့တော့။ ကိုယ့်အတွက် အသီးအနှံတစ်ချို့ သွားဆေးပေးထားချည်"
သည်လိုမိတ်ဆက်ခြင်းက ယဲ့ရှော်(၏သ၀န်တိုနေခြင်း)ကို ကုသပေးနိုင်ခဲ့သည်။ သူဟာ စုကျစ်ယန်ကိုပြုံးပြပြီးနောက် ချီးမွမ်းလိုက်သည်။
"ဒီတော့ အစ်ကိုကျစ်ယန်က ဓာတ်ပုံဆရာတစ်ယောက်ပေါ့။ ဒါက အံသြစရာကြီးပဲ။ အစ်က်ုအားတဲ့အခါကျရင် လော့လော့နဲ့ကျွန်တော်တို့ရဲ့ နှစ်ယောက်တွဲပုံ ရိုက်ပေးနိုင်မလား။ ဓာတ်ပုံဆိုအဆင်ပြေပါပြီ။ ပရင့်ထုတ်ထားပြီး ကျွန်တော်တို့အသက်ကြီးတဲ့အခါ ပြန်ကြည့်ချင်လို့ရယ်။ အဲဒါက အရမ်းကုအံ့သြဖို့ကောင်းတဲ့ မှတ်ဉာဏ်တစ်ခုဖြစ်မှာ အသေအချာပဲလေ"
စုကျစ်ယန်မှ လျှင်မြန်စွာ သဘောတူလိုက်ချိန်တွင် လော့ယန်၏မျက်နှာမှာ အနီရောင်ပြေးသွားတော့သည်။
"ပြဿနာမရှိပါဘူး။ ဒီနေ့မင်းတို့နှစ်ယောက်အတွက် ကျွန်တော်ရိုက်ပေးလို့ရတယ််။ အတူတူချက်ပြုတ်နေတဲ့ ဗွီဒီယိုရော ရိုက်ထားချင်လား"
ယဲ့ရှော်အလွန်အမင်းပျော်ရွှင်သွားကာ ခုန်ပေါက်ရင်း အူမြူးနေတော့သည်။
"ရိုက်မယ်။ ရိုက်မယ်။ အစ်ကိုကျစ်ယန်။ ကျွန်တော်အစ်က်ု့က်ု အရမ်းသဘောကျတာပဲ"
အဲဒီ့နောက် သူက လော့ယန်ကိုရှင်းပြသည်။
"လော့လော့... သ၀န်မတိုပါနဲ့နော်။ အစ်ကိုကျစ်ယန်အပေါ်ထားတဲ့ ကျွန်တော့်အချစ်က ခင်ဗျားနဲ့မတူဘူးရယ်။ မစိုးရိမ်ပါနဲ့။ ကျွန်တော်က အပြည့်အ၀ ခင်ဗျားတစ်ယောက်တည်းကိုပဲ ချစ်တာပါ"
[*သူပြောချင်တာကကွာ ကျစ်ယန်ကို အစ်ကိုတစ်ယောက်လို ချစ်မိသွားပေမဲ့ နှလုံးသားထဲမှာတော့ လော့လာ့သာလျှင် အရှင်သခင်ပါပေါ့။ အထင်လွဲမှာကြောက််လု့ိ သူ့ခမျာအသည်းအသန်တွေရှင်းပြနေရှာတာ။]
"ကလေးဆိုးလေးက အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတယ်။ အသီးအရွက်တွေသွားဆေးချည်... သွား... အခု... "
လော့ယန်က ဒေါသထွက်နေသောအမူအရာဖြင့် သူ့ကိုဆူပူလိုက်ပြီးနောက် သူ့နောက်တွင်ထိုင်နေသောလူဆီ အကြည့်တို့ကို ပြန်ပို့လိုက်သည်။
စိတ်အားထက်သန်ကာ မတ်တပ်ရပ်လိုက်သော စုကျစ်ယန်တစ်ယောက်မှာတော့ လော့ယန်၏ ပြန်လည်ဖိချခြင်းကို ခံလိုက်ရသည်။
"ကောင်းပြီ ကျစ်ယန်... ငါကဓာတ်ပုံရိုက်ဖို့အလျင်မလိုဘူး။ မင်းက ဒီဗိုက်ကြီးနဲ့ အတော်ပင်ပန်းနေတာလေ။ ကလေးတွေမွေးပြီးမှ ငါတို့ကို ဗွီဒီယိုရိုက်ပေးပေါ့။ မင်းကို ငါတို့အတွက် ဗွီဒီယိုရိုက်ခိုင်းတယ်ဆိုတာ မင်းရဲ့မိသားစုသာပြန်သိသွားရင် ငါတို့သေတဲ့အထိ အရိုက်ခံရမှာမဟုတ်ဘူးလား။ ဒီတော့ လာထိုင်စမ်းပါ"
"အိုက်ယား.... ကျွန်တော် ဖျက်လိုဖျက်ဆီးမလုပ်ချင်ပါဘူးဗျာ။ ခင်ဗျားမှာ တောင်းဆိုချင်တာတစ်ခုခုရှိရင် ကျွန်တော်သေချာပေါက် သူတို့နဲ့တွေ့ပစ်လိုက်မှာပေါ့။ ရိုက်ကူးရုံလေးပဲမလား။ ကျွန်တော့်အတွက်တော့ ဒါကဘကလေးကစားသလောက်ပဲရှိတာပါဗျာ။ သုံးချောင်းထောက်ခုံလည်းရှိတာပဲဟာ။ ကျွန်တော်က ဆုံမှတ်အကွာအေ၀းညှိဖို့နဲ့ မှန်ဘီလူးကို မီးဖိုခန်းနဲ့မျက်နှာချင်းဆိုင် ထားလိုက်ဖို့ပဲ လိုတာပါ။ ဒါကမပင်ပန်းပါဘူး။ ကျွန်တော်က ဦးနှောက်မရှိတဲ့သူမှမဟုတ်တာ။ ပင်ပန်းလာရင်နားမှာပါဗျာ"
စုကျစ်ယန်၏ စိတ်၀င်စားမှုက စုဆောင်းရတာဖြစ်သည်။ သူက သူ့မိတ်ဆွေကို ကောင်းမွန်စွာ ဆက်ဆံတတ်သူမျိုးမို့ နာခံစွာထိုငိနေရန် ငြင်းဆန်လိုက်သည်။
လော့ယန်က ခပ်မြန်မြန်ပဲ ကူညီလိုက်သည်။ ပူဖောင်းနေသောဗိုက်ကိုကြည့်ကာ သူပင်မောလာသည်ဟု ခံစားလိုက်ရရှာသည်။
"ကင်မရာကဘယ်မှာလဲ။ ယဲ့ရှော်ကို မင်းအစား ယူခိုင်းလိုက်လေ"
စုကျစ်ယန်က အိပ်ခန်းဘက်ကို ညွှန်ပြသည်။
"အဲဒါက အထဲမှာ။ အထဲကို၀င်သွားပြီးတာနဲ့ တွေ့ရလိမ့်မယ်"
ဲ့ယဲ့ရှော်က သိမြင်နားလည်လွယ်သူဖြစ်သည်။ ဒါကိုကြားပြီးနောက် အိပ်ခန်းဆီ မြန်မြန်သွားလိုက်သည်။ မျှော်လင့်ထားသလိုပဲ တံခါးမှ၀င်သွားပြီးမကြာခင်မှာ ကင်မရာကိုတွေ့လိုက်ရသည်။
သူဟာကင်မရာကို အပြင်သို့ ယူလာပြီးနောက် စုကျစ်ယန်၏ညွှန်ကြားမှုအောက်မှာ နေရာချလိုက်သည်။
လော့ယန်က စုကျစ်ယန် ကင်မရာဆီသွားနိုင်ဖို့ကူညီပေးပြီးနောက် ကင်မရာကို မီးဖိုခန်းဆီ မချိန်ခင်ဟိုဟိုသည်သည် ရွှေ့နေတာကို မြင်လိုက်ရသည်။
စုကျစ်ယန် ပြုံးသည်။
"ပြီးသွားပြီ။ ခင်ဗျားလုပ်ချင်တာသွားလုပ်လေ။ ကျွန်တော့်ကင်မရာက အရမ်းကောင်းတယ်။ ချိန်ထားပြီးရင် သူ့ဘာရိုက်ကူးနေရောပဲ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က အမှတ်တရရိုက်တာဆိုတော့ အလုပ်မှာလို မှန််ဘီလူးကို ခဏခဏညှိပေးနေစရမလိုဘူးလေ။ သဘာ၀ကျလေ ပိုကောင်းလေပေါ့"
ယဲ့ရှော်ကတော့ 'ရှက်ကိုးရှက်ကန်းဖြစ်သည်'ဟူသောစာလုံးကို မပေါင်းတတ်သူမို့ စုကျစ်ယန်မှ ဆုံမှတ်ကိုချိန်ညှိပြီးသည်နှင့် ကင်မရာဆီပြေးသွားကာ လက်ဖျားခါလောက်သောအပြုံးကြီးဖြင့် ရယ်စရာမျက်နှာတစ်ခုကို လုပ်လေသည်။
"ကျွန်တော်က ယဲ့ရှော်ပါ။ ကျွန်တော် လော့ယန်ကိုချစ်တယ်။ ကျွန်တော်က အမြဲတမ်း သူ့က်ုလော့လော့လို့ခေါ်ပြီး သူကတော့ကျွန်တော့်ကို ညစ်ပေကောင်လေးလို့ခေါ်တတ်တယ်ဗျ။ ဒီနေ့မှာတော့ ကျွန်တော်တို့ ကျစ်ယန်ရဲ့အိမ်ကိုရောက်နေကြတာပါ။ နောက်ပြီးကျ လော့လော့ကချက်ပြုတ်တော့မှာ။ ကျွန်တော်ကတော့ကူညီမယ်ပေါ့နော်။ လော့လော့ချက်တဲ့အစားအစာတွေက အရသာရှိတယ်ဗျ။ ကျွန်တော်က သူ့လက်ရာကို အကြိုက်ဆုံးပဲ။ လော့လော့ချက်သမျှကို ကျွန်တော့်တစ်ဘ၀လုံး စားသွားမှာ"
ဒါကိုကြားပြီးနောက် လော့ယန်ရှက်သွားသော်လည်း စုကစ်ယန်ကတော့ ၀မ်းသာအားရရယ်မောသည်။
"လော့ယန်... သူ့ကိုကြည့်ဦး။ သူက ခင်ဗျားကိုတောင် ၀န်ခံပြီးပြီနော်"
"လော့လော့ ကျွန်တော်ခင်ဗျားအတွက် အသီးအရွက်တွေဆေးပေးမယ်"
ယဲ့ရှော်က ကင်မရာဆီသို့ fly kiss တစ်ချက်ပေးကာ မီးဖိုခန်းဆီသို့ ပြေးလေတော့သည်။ လော့ယန်က စုကျစ်ယန် ဆိုဖာပေါ်ပြန်ထိုင်နိုင်ရန် ကူညီပေးလိုက်သည်။ လော့ယန် မီးဖိုခန်းဆီသွားကာ မချက်ပြုတ်ခင် တစ်ခဏမျှ စကားစမြည်ပြောနေခဲ့ကြသည်။
အစတုန်းကတော့ သူဟာ ယဲ့ရှော်က်ု စုကျစ်ယန်နှင့်အတူ ဧည့်ခန်းတွင်နေစေချင်သော်လည်း စုကျစ်ယန်က ငြင်းခဲ့သည်။ သည်စုံတွဲကိုနှောင့်ယှက်မည့်အစား TV သာ ကြည့်နေလိုက်မည်လေ။
လော့ယန်ဟာ စုကျစ်ယန်၏အိမ်တွင် တစ်ကယ်ကို သက်တောင့်သက်သာရှိလှသည်။ စုကျစ်ယန်က အဖော်လုပ်ပေးသည်က်ု မလ်ုအက်ဘူးဆိုတာကြောင့် မီးဖိုခန်းဆီလာကာ ချက်ပြုတ်လိုက်သည်။
မိတ်ဆွေဟူသည်မှာ ထိုကဲ့သို့ပင်။ သူတို့ရှေ့မှာ ယဉ်ကျေးနေဖို့မလိုဘဲ ဆန္ဒရှိသလို သက်တောင့်သက်သာဖြင့်နေနိုင်သည်။
နေ့လယ်စာက အရသာရှိလှသည်။ လော့ယန်က သူနှင့်အတူမှတ်တမ်းရိုက်ရန် မငြင်းဆန်တာကြောင့် ယဲ့ရှော်အတော်လေးပျော်ရွှင်နေသည်။
ကင်မရာက မီးဖိုခန်းနှင့်မျက်နှာချင်းဆိုင်ဖြစ်ကာ သူတို့က (သူတို့)အိမ်မှာလိုပင် သရုပ်ဆောင်ကြသည်။
မင်းကအသီးအရွက်တွေကို ဆေးကြောပြီးစစ်ထားရင် ငါကဖြတ်တောက်ပြီးမွှေကြော်မှာပေါ့။
[*ဒါက သူတို့ အပေးအယူမျှမျှ လုပ်ကိုင်နေပုံကို ဖော်ပြထားတာပါ။]
တစ်ခါတစ်ရံမှာတော့ သူတို့စကားပြောတတ်ကြပြီးနောက် မျှော်လင့်ထားသလိုပင် ချိုမြိန်သောနွေးထွေးမှုလေးကို ပြသကြမည်ဖြစ်သည်။
ယဲ့ရှော်ပျော်နေတာကြောင့် လော့ယန်လည်းပျော်နေသည်။ သည်ကလေးက သူနှင့်အတူနေစဉ်ကတည်းက အမြဲနမ်းပျော်နေခဲ့ပြီး သည်ပျော်ရွှင်နေပုံကတော့မတူပေ။
သည်အကြောင်းကိုတွေးမိပြီးနောက် ဒါဟာ သူ့မိတ်ဆွေများနှင့် မိတ်ဆက်ပေးခဲ့တာကြောင့်အပြင် နောင်အခါမှာပြန်ကြည့်နိုင်ရန် အတူတူမှတ်တမ်းရိုက်ထားဖို့ရာသဘောတူခဲ့တာကြောင့်ဆိုတာ လော့ယန်သိလိုက်သည်။
မသိမသာနဲ့မရည်ရွယ်ပါပဲ ငါ့နှလုံးသားထဲမှာ မင်းကိုထည့်ထားမိခဲ့ပြီပဲလေ။ မင်းပျော်ရွှင်တယ်ဆိုရင် ငါလည်းပျော်ရွှင်ရလိမ့်မယ်။
ဒါက ဘကြောင့်လော့ယန်ပျော်ရွှင်ရသည်ဆိုတဲ့ အကြောင်းပြချက်ပဲဖြစ်သည်။
သူ့အဖော်ပျော်ရွှင်နေသည်ကို မြင်ရခြင်းက သူ့ကိုပိုပြီးပျော်ရွှင်စေရန် ပြုလုပ်လို့နေသည်။ ထို့အပြင သူ့အဖော်၏လက်ရာကိုလည်း စားခဲ့ရသေးသည်လေ။
ယဲ့ရှော်နှင့်လော့ယန်တို့က လင်ကျန်းရီ ပြန်မလာသေးခင်အထိ မပြန်ကြပေ။ သူတို့ပြောသည်က လင်ကျန်းရီပြန်လာသည်အထိ စုကျစ်ယန်ကိုအဖော်လုပ်ပေးချင်တာကြောင့်ဖြစ်ပြီး မဟုတ်လျှင် သူတို့မပြန်တော့ဘူး'ဟုဖြစ်သည်။
ည၁၁နာရီတိုင်အောင် လင်ကျန်းရီ ပြန်မလာခဲ့ပါ။
သူမူးနေခဲ့ပြီး ကိုယ်ပေါ်မှာလည်း အရက်နံ့များစွဲနေခဲ့ပြီဖြစ်သည်။ သူ့ဖောက်သည်နှင့်အတူ မဖြစ်မနေသောက်ပေးခဲ့ရတာဖြစ်သည်။ သို့သော်လည်း သူ့ခေါင်းထဲရှင်းလင်းနေပါသည်။
သူအိမ်ထဲ၀င်လာတော့ လော့ယန်နှင့် ယဲ့ရှော်တို့ရှိနေသေးတာမို့ စိတ်သက်သာရာရသွားမိသည်။
"တောင်းပန်ပါတယ်ဗျာ။ ဒီလောက်တအားနောက်ကျတဲ့အထိ ခင်ဗျားတို့နှစ်ယောက်ကို စောင့်နေရအောင် လုပ်မိသွားတယ်"
လော့ယန်နှင့်ယ့ရှော်တို့က အင်ပေပါသည်ဟူသော အပြုံးလေးဖြင့် တုံ့ပြန်လိုက်ကြသည်။ စုကျစ်ယန်က ၀မ်းဗိုက်လေးကိုထိန်းကိုင်ရင်း သူ့ဆီလျှောက်လာသည်။
"ရီ... ခင်ဗျားအဆင်ပြေရဲ့လား။ ဘာလို့ ဒီလောက်အများကြီးသာက်လာရတာလဲ"
_ _ _ _ _ _ _ _ _ _
Happy New Year ပါရှင်။ နှစ်သစ်မှာကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ဆန္ဒရှိတဲ့အရာတွေမှန်သမျှ လုပ်နိုင်ကြပါစေ။
နှစ်သစ်မှာ update ပေးချင်လွန်းလို့ အပြီးတစ်ထိုင်တည်းရေးနေတာရယ်။ အဆုံးလဲရောက်ရော ပျက်သွားလို့ရှင်တို့ရေ။ save ထားလက်စ တစ်၀က်ကနေ နောက်တစ်ကျော့ထပ်ပြန်ရပါရောလား။ အဟင့် ညောင်းသွားတာပဲ။
_ _ _ _ _ _ _
(Zawyi)
အခန္း ၉၂။ အရက္မူးၿပီး ျပန္လာသည္။
Chapter 92: Come back drunk
လင္က်န္းရီဟာ ယခင္တုန္းက စုက်စ္ယန္၏ေနာက္ခံကို စံုစမ္းခဲ့ဖူးသည္။ မိဘမဲ့ေဂဟာမွာ ႀကီးျပင္းလာခဲ့တာ အမွန္ပင္။ သို႔ေသာ္လည္း ဘာၾကာင့္ သူအဲဒီ့မွာရွိေနရတယ္ဆိုတဲ့အေၾကာင္းရင္းကိုေတာ့ လင္က်န္းရီမရွာနိုင္ခဲ့ေပ။
ယခင္တုန္းက စုက်စ္ယန္ဟာ သူအစြန္႔ပစ္ခံခဲ့ရသည္ဟု ေဖာ္ျပခဲ့ဖူးသည္။
- စုက်စ္ယန္က သူ႔မိဘေတြသူ႔ကို စက္ဆုပ္႐ြံရွာသည္၊ လူထူးဆန္းဟုျမင္ၾကၿပီး မိဘမဲ့ေဂဟာ၏ တံခါး၀မွာ စြန္႔ပစ္လိုက္တာဟု ထင္ျမင္ခဲ့သည္။
လင္က်န္းရီအေနျဖင့္ ဒါကျဖစ္နိုင္ေခ်မရွိဘူးဟု ခံစားရသည္။ ေရာဂါကြၽမ္းေနသူလည္းမဟုတ္၊ မသန္မစြမ္းျဖစ္ေနတာလည္းမဟုတ္ပါဘဲ ဘာေၾကာင့္မ်ား သူတို႔က သူတို႔ရဲ႕ကေလးကို စြန္႔ပစ္ခဲ့ၾကပါသလဲ။
စုက်စ္ယန္၏အေနအထားကို စက္ဆုပ္႐ြံရွာသည္ဆိုလွ်င္ေတာင္မွ စြန္႔ပစ္ဖို႔ေလာက္အထိ မလိုအပ္ဘူးမလား။ သူတို႔ရဲ႕ကေလးကို သင့္တင့္ေလ်ာက္ပတ္တဲ့အေနအထားနဲ႔ လမ္းၫႊန္ျပသၿပီး အမ်ိဳးသမီးတစ္ေယာက္နဲ႔ မိသားစုတစ္ခုထူေထာင္နိုင္ဖို႔ လုပ္ေဆာင္ေပးတာက အဆင္မေျပနိုင္လု႔ိလား။
ဟုတ္ပါရဲ႕။ ဒါကတစ္ကယ္တမ္း လင္က်န္းရီေတြးေနတဲ့အရာမဟုတ္ေပ။ စုကိစ္ယန္သာမိန္းမယူၿပီး ကေလးေတြေမြးခဲ့ပါလွိင္ သူကေရာ ဘာလုပ္ရေတာ့မည္နည္း။
သည္ေတာ့ေျပာရလွ်င္ သူ႔အေျခအေနက ကံေကာင္းသည္ျဖစ္ေစ၊ ကံဆိုးသည္ျဖစ္ေစ။ စုက်စ္ယန္ဘ၀၏ပထမဆံုး ၂၄နွစ္တာကာလကေတာ့ ခါးသီးနာက်ည္းဖို႔ေကာင္းခဲ့ပါသည္။
သို႔ေသာ္လည္း ယခုေတာ့ သူဟာလင္က်န္းရီနွင့္ ဆံုေတြ႕ခဲ့ရသည္။ ဒါကေသခ်ာေပါက္ကို ကိုယ္ေရာစိတ္ပါ သက္ေတာင့္သက္သာ ရွိေနနိုင္ေစလိမ့္မည္။
လင္က်န္းရီအေနျဖင့္ သူ႔ဇနီးေလးကို ေသခ်ာေပါက္ ခ်စ္ခင္ျမတ္နိုးကာ သူ႔ဘ၀တစ္ေလွ်ာက္လံုး ေကာင္းမြန္စြာ ဂရုစိုက္ေပးရင္း ဒဏ္ရာရခဲ့သာနွလံုးသားေလးကို ကုသေပးမွာျဖစ္သည္။
ထို႔ျပင္ ဘယ္စုမိသားစုမဆို လြန္ခဲ့ေသာ ၂၄နွစ္က ကေလးစြန္႔ပစ္ဖူးတာရွိသလားဆိုတာ စံုစမ္းရမည့္အခ်က္က မျဖစ္မေနလိုအပ္သည္။
ဒုတိယအႀကိမ္ေတြးၿပီးေနာက္ လင္က်န္းရီဟာ မလိုအပ္ဘူးဟုခံစားလိုက္ရသည္။ သူ႔အတြက္ သည္လ္ုလုပ္ဖို႔ လိုအပ္ပါသလား။ ယခုဆို စုက်စ္ယန္က သူနွင့့္အတူေပ်ာ္႐ႊင္စြာေနထိုင္ေနၿပီျဖစ္သည္။
သူတို႔၏မေမြးဖြားေသးေသာ ကေလးေတြကလည္း သူတို႔ကိုေစာင့္ေနၾကၿပီ။ သည္ေတာ့ စုက်စ္ယန္၏ ေသြးသားေတာ္စပ္ေသာမိဘမ်ားကို ရွာေဖြျခင္းက မလိုအပ္ေပ။
လြန္ခဲ့ေသာနွစ္ေပါင္း နွစ္ဆယ္ေက်ာ္ကတည္းက သူတို႔ဟာ က်္ယန္ကို ျငင္းဆန္ခဲ့ၾကၿပီးေလၿပီ။ နွစ္နွစ္ဆယ္ေက်ာ္ၿပီးကာမွ ဘာေၾကာင့္မ်ား လက္ခံမွာပါလိမ့္။
သည္စစ္ေဆးျခင္းက စုက်စ္ယန္၏ ဒဏာရာရေနေသာနွလံုးသားကို ဆားခတ္သလိုသာ ျဖစ္သြားေစလိမ့္မည္။ သည္အေၾကာင္းကုိေတြးေတာရင္း လင္က်န္းရီဟာ သူ႔မွာရွိေနေသာအေတြးကို လြင့္ျပယ္ေစလိုက္သည္။
ေမ့လိုက္ပါေတာ့ေလ။ စုမိသားစုက စုက်စ္ယန္နွင့္ တစ္စံုတစ္ခု လုပ္စရာရွိလား၊ မရွိဘူးလားဆိုတာ ဘယ္သူကဂရုစိုက္ေနမွာတဲ့လဲ။ ဒီကိစၥက လြန္ခဲ့တဲ့၂၄နွစ္ကတည္းက ျဖစ္ၿပီးသြားခဲ့ေလၿပီ။
ဘာပဲျဖစ္ျဖစ္ ယခုေတာ့ စုက်စ္ယန္က သူနွင့္ရွိေနခဲ့ၿပီျဖစ္သည္။ မည္သူတစ္ဦးတစ္ေယာက္ကမွွ် သည္အခ်က္ကုိ ျပင္ဆင္နိုင္မည္မဟုတ္ေပ။
သူ႔မွာ စုက်စ္ယန္ကုိ ဂရုစိုက္ေပးကာ သူ႔ဘ၀တစ္ေလွ်ာက္လံုး စိုးရိမ္ေသာကေတြ မရွိေအာင္ထားနိုင္သည့္ အရည္အခ်င္းရွိသည္။
ဒါဆို သူကလုပ္စရာတစ္ခုခုရွာဖို႔ ႀကိဳးစားေနတာလား။
မၾကာမီ မြန္းတည့္ခ်ိန္ေရာက္ေတာ့မည္ကို ျမင္လိုက္ရသျဖင့္ လင္က်န္းရီက ဧည့္ခန္းရွိ လူသုံးေယာက္ကို အေၾကာင္းၾကားကာ ခ်က္ျပဳတ္ရန္ မီးဖိုေခ်ာင္သို႔ သြားေလသည္။
သို႔ေသာ္လည္း အိမ္ဖုန္းက ရုတ္တရက္ျမည္လာၿပီး လင္က်န္းရီက ဖုန္းေျဖရန္သြားလုိက္သည္။ ဖုန္းေခၚတာက ကုဖုန္းျဖစ္သည္။
"က်န္းရီ... US က ေဖာက္သည္က တ္ကယ္ပဲ ဒီေန႔ေရာက္လာၿပီကြ။ ကုမၸဏီလာဖို႔ အခ်ိန္ေပးနိုင္မလား။ ခဏေလာက္ပါပဲကြာ။ ေနာက္တစ္ပတ္ သူတို႔နဲ႔တစ္ေန႔လံုးရွိေနေပးဖို႔ထက္ ဒါကပိုေကာင္းတယ္ေလ။ ၿပီးေတာ့ က်စ္ယန္ရဲ႕သူငယ္ခ်င္းေတြကလည္း ဒီေန႔သူနဲ႔အတူတူရွိေနတာပဲဟာ။ ခဏေလာက္ေတာ့ မင္းထြက္လာခဲ့သင့္တယ္။ ဒါမွမဟုတ္ ေနာက္အပတ္မွပဲေတြ႕လိုက္မလား"
ကုဖုန္းက သူ႔ကိုအသနားခံသည္။
"မင္းဖုန္းနံပါတ္အသစ္ကို ငါ့ဆီပို႔ေပးဖို႔လည္း သတိရဦး။ အခုေနသာ ငါဖုန္းမေခၚလို႔မရရင္ မင္းနံပတ္ေျပာင္းလိုက္ၿပီးၿပိထင္မိမွာပဲ"
မင္းဖုန္းနံပါတ္ကို ဘာလို႔ရုတ္တရက္ႀကီး ေျပာင္းပစ္လိုက္တာမ်ားလဲ။ ကုဖုန္းဟာ သူ႔နွလံုးသားထဲမွေန၍ အတင္းေျပာလိုက္သည္။
"အမ္း... မွတ္ထားလိုက္...နံပါတ္က..."
လင္က်န္းရီ သက္ျပင္းခ်သည္။ အေမရိကန္သားေတြနွင့္ဆက္ဆံေရးကို သူတားဆီးဖို႔မျဖစ္နိုင္ေတာ့ပံုေပၚသည္။ ေစာသည္ျဖစ္ေစ ေနာက္က်သည္ျဖစ္ေစ သည္ကိစၥနွင့္ပတ္သတ္ၿပီး စီးပြားေရးသေဘာတူညီမႈကေတာ့ ရွိေနဦးမွာပင္။
အဲဒါက ဒီေန႔ဆိုမွေတာ့ ဒီေန႔ပဲသြားလိုက္တေပါ့ တစ္ကယ္တမ္း ကုဖုန္းမွန္ပါသည္။ ေနာက္အပတ္မွာ တ႐ြတ္တိုက္ဆြဲေခၚခံရခ်င္ပါက ယခု မသြားလို႔ရသည္။
"ဇနီးေလး... ကုမၸဏီမွာ ကိစၥတစ္ခုျဖစ္လို႔ ကိုယ္မင္းနဲ႔အိမ္မွာ မေနေပးနိုင္ေတာ့ဘူးကြာ။ အေမ့ဆီဖုန္းဆက္ၿပီး မင္းအတြက္လာၿပီးခ်က္ျပဳတ္ခိုင္းလိုက္မယ္ေနာ္။ ေလာ့ယန္နဲ႔ယဲ့ေရွာ္ကိုလည္း ကြၽန္ေတာ္ေတာင္းပန္ပါတယ္ဗ်ာ။ ေနာက္တစ္ခါက်မွပဲ စိတ္ႀကိဳက္ျပဳစုပါ့မယ္။ အေမဒီကိုလာၿပီး ခ်က္ျပဳတ္ေပးတဲ့အထိ သည္းခံၿပီးေစာင့္ေပးပါဦး"
လင္က်န္းရီ စိတ္ရင္းျဖင့္ေျပာလိုက္သည္။ ေလာ့ယနကမတ္တပ္ရပ္လိုက္ကာ အၿပံဳးတစ္ပြင့္ျဖင့္ေျပာလိုက္သည္။
"အဆင္ေျပပါတယ္ဗ်ာ။ အရမ္းႀကီးယဥ္ေက်းေနဖို႔မလိုပါဘူး။ ဘယ္လ္ုခ်က္ျပဳတ္ရမယ္ဆိုတာ ကြၽန္ေတာ္သိတယ္။ ကြၽန္ေတာ္တို႔အတူတူေနတုန္းက ကြၽန္ေတာ္ပဲ ခ်က္ျပဳတ္ရတာေလ။ မင္းမွာ ကိစၥရွိရင္သြားပါ။ အန္တီ့ကိုေခၚမေနပါနဲ႔။ ကြၽန္ေတာ္ခ်က္ေပးနိုင္ပါတယ္"
"ဒါ... မေကာင္းဘူးထင္တယ္။ အေမ့ကုေခၚလိုက္တာက ပိုေကာင္းပါတယ္"
လင္က်န္းရီက ဖုန္းကိုထုတ္ယူလိုက္သည္။ ေလာ့ယန္က ႏူးညံ့စြာျဖင့္ ထပ္ေမးသည္။
"ကြၽန္ေတာ့္ကိုမယံုဘူးလား"
စုက်စ္ယန္ကလည္း ေမးသည္။
"လာစမ္းပါ... ရီ... ေလာ့ယန္ကို လုပ္ခိုင္းလိုက္ပါ။ သူ႔ရဲ႕အခ်က္အျပဳတ္စြမ္းရည္က ေကာင္းတယ္။ ကြၽန္ေတာ္သူ႔လက္ရာကို မစားရတာၾကာၿပီ။ ခင္ဗ်ားလည္း ႀကိဳးစားၾကည့္နိုက္ပါတယ္။ ခင္ဗ်ားလိုအပ္တာသြားလုပ္ေတာ့ေလ။ ကားကုိျဖည္းျဖည္းေမာင္း။ ေသာက္လာမွာဆုိရင္ အငွားယာဥ္ေမာင္းနဲ႔ အိမ္ျပန္လာခဲ့ေနာ္"
အစပိုင္းတုန္းက ေလာ့ယန္ကုိ စုက်စ္ယန္ခ်ီးမြမ္းေနစဥ္မွာ လင္က်န္းရီ၏နွလံုးသားေလးနာက်င္သြားခဲ့သည္။ သို႔ေသာ္လည္း မၾကာမီမွာ ဒုတိယစာေၾကာင္းကို သူၾကားလိုက္ရၿပီး ခ်က္ခ်င္းပင္ ၿပံဳးမိသြားေတာ့သည္။
"အိုေခ... ဇနီးေလးေျပာစကားကို နားေထာင္ပါ့မယ္ခင္ဗ်ာ။ ေလာ့ယန္ေရ... ကြၽန္ေတ္တစ္ကယ္ကို အားနာပါရဲ႕ဗ်ာ။ ေရခဲေသတၲာထဲမွာ ခင္ဗ်ားခ်က္ခ်င္တာရိွရင္ ယူသာခ်က္လိုက္ပါ။
You are reading the story above: TeenFic.Net