Chapter 90 (U+Z)

Background color
Font
Font size
Line height

(Unicode)

ယဲ့ရှော်မှာကားတစ်စီးရှိပြီး ကားမောင်းလိုင်စင်သည်လည်းရပြီးဖြစ်၏။သူကကားကိုကျွမ်းကျင်စွာမမောင်းတတ်သလို၊ လော့ယန်သည်လည်း ကားမည်သို့မောင်းရမည်ကို မသိသဖြင့်  အမျိုးသားနှစ်ဦးမှာ ဆိုင်ကယ်ကိုသာစီးနေခဲ့ကြသည်။ ယဲ့ရှော်မှာရှေ့မှမောင်းပြီး လော့ယန်ငနောက်မှနေ၍ သူ့ခါးကိုကိုင်ကာစီးနင်း၏။

သူတို့ကအလျင်မလိုဘဲ အိမ်မှထွက်လာကာ ဆိုင်ကယ်ကို ဖြည်းဖြည်းချင်းသာမောင်းခဲ့ကြသည်။

မနက်ခင်း၈နာရီအချိန်၌ဖြစ်ပြီး နေရောင်ကတောက်ပနေသည့်တိုင် မပူလွန်းသည့်အခြေအနေမှာဖြစ်သည်။လေကအတားအဆီးမရှိ သူတို့ကိုဖြတ်တိုက်သ့်ားပြီး သက်တောင့်သက်သာဖြစ်နေခဲ့၏။

သူတို့က helmetကိုဆောင်းထားကြသည်။ ယဲ့ရှော်မှာလေအိုးလေးဖြစ်ပြီး သူကတစ်လမ်းလုံး လော့ယန်ကို ဟာသများစွာပြောနေခဲ့သည်။ထိုအရာနှင့်ပတ်သက်ပြီး သူ့ကိုယ်သူရပ်တန့်ဖို့တားဆီးမရနိုင်ခဲ့ချေ။

သူ့စကားတွေကိုနားထောင်နေသည့်လော့ယန်၏မျက်နှာထက်၌ နွေးထွေးသည့်အပြုံးတစ်ခုရှိနေပြီး သူကတစ်ခါတစ်ရံ၌ သူ့ရှေ့ရှိအနှောင့်အယှက်ပေးလွန်ူသည်ဟုထင်ရသည့် ကလေးကြီးအား စကားတစ်ခွန်းနှစ်ခွန်းမျှဝင်ပြောရင်းနှောင့်ယှက်နေခဲ့၏။

အတန်ကြာအောင်မောင်းပြီးနောက် မော်တော်ဆိုင်ကယ်လေးက သတ်မှတ်နေရာမှာရပ်သွားခဲ့သည်။ ယဲ့ရှော်က luxurious villaကြီးကိုကြည့်ကာ ချဲ့ကားစွာဖြင့် "ဝေါင်း!"ဟူ၍အော်လိုက်လေသည်။ထိုအခါ လော့ယန်မှ "အပိုတွေဘာလို့လုပ်နေတာလဲ၊ မင်းအိမ်ကချမးသာလွန်းလို့ဒီထက်တောင်ပိုဇိမ်ခံနိုင်သေးတာပဲ"ဟူသောအကြည့်ဖြင့် ကြည့်လာသည်။

ဒါပေါ့၊ လော့ယန်ကထုတ်တော့မပြောပါချေ။ ယဲ့လန်နှင့်အဖြစ်အပျက်ပြီးကတည်းက လူချမ်းသာများကိုရှောင်ရှားရန်အတွက် ဆုံးဖြတ်ပြီးဖြစ်၏။ ယဲ့ရှော်သာ ဒီနှစ်နှစ်လုံး သူ့အပေါ်စိတ်ရင်းဖြင့်မဆက်ဆံခဲ့လျှင် သူကလည်းသူ့ကိုအခွင့်အရေးပေးကာ dateဖို့ရာသဘောတူခဲ့မည်မဟုတ်ချေ။ ဆန့်ကျင်ဘက်အားဖြင့် ယဲ့ရှော်၏နှိမ့်ချချဉ်းကပ်မှုကို သူသဘောကျခဲ့ရသည်။

သူယဲ့လန်ဖြင့်ဒိတ်လုပ်ခဲ့စဉ်က သူ့တွင်အမြဲလိုလို ယုတ်ညံ့ပြီး မောက်မာတတ်သည့်အကျင့်များရှိနေခဲ့သည်။ ထိုထပ်တူမကျသည့်ခံစားချက်များက သူ့ကိုအမြဲလိုလိုနှိပ်စက်ညှင်းပန်ခဲ့ပြီး စိတ်ဖိစီးစေခဲ့သည်။ ယခုယဲ့ရှော်ကတော့ သူ့ကိုသက်တောင့်သက်ဖြင့် စိတ်သက်သာရာရစေ၏။ သူမပျော်ရွှင်လျှင် ယဲ့ရှော်ကို စကားတစ်ခွန်းနှစ်ခွန်းမျှဖြင့်ဆူပူပေလိမ့်မည်။ ထိုအတ္တကြီးသည့်မျက်နှာလေးဖြင့် သူ့ထက်ခြောက်နှစ်ငယ်သည့်လူငယ်လေးမှာ ချမ်းသာသောမိသားစုမှ သခင်လေးတစ်ယောက်ဆိုတာကို မကြာခဏဆိုသလို မေ့သွားလေ့ရှိသည်။

သူဆိုင်ကယ်ပေါ်မှဆင်းသည်နှင့် ဖုန်းထုတ်ကာဖုန်းခေါ်လိုက်သည်။ ယဲ့ရှော်ကဆိုင်ကယ်စက်သတ်လိုက်ပြီး ဘေး၌ရပ်လိုက်ကာ သူ့မျက်နှာကိုအပြုံးတစ်ခုဖြင့် စိုက်ကြည့်နေခဲ့သည်။

သူဖုန်းခေါ်နေစဉ်မှာပင် ဂိတ်တံခါးကပွင့်လာပြီး ဘယ်ကမှန်းမသိသည့်ကားတစ်စီးပေါ်လာပြီး တိုက်ရိုက်ကွေ့ဝင်သွားသည်။

ယဲ့ရှော်ကလက်ဆန့်ကာလော့ယန်ကိုဆွဲလိုက်ပြီးဆိုသည်။
"ကျွန်တော်တို့လည်းဝင်ရအောင်"

လော့ယန်က ဖုန်းခေါ်နေစဉ်မှာပင် ယဲ့ရှော်၏စကားကိုကြားလိုက်ပြီး အထဲကိုဝင်သွားခဲ့သည်။

ကားကရှေ့ကိုဆက်မသွားချေ။ထိုအစား ကားမှန်ကျလာပြီး ကုဖုန်းပေါ်လာပြီး ခေါင်းကိုထုတ်ကာယဲ့ရှော်ကို ဂရုတစိုက်ကြည့်နေ၏။သူကငုံ့ကြည့်ပြီးရယ်ကာ နှုတ်ဆက်သည်။
"ဒုတိယသခင်လေးယဲ့မလား၊ တကယ်မင်းလား၊ ငါကမှားမြင်တယ်ထင်နေတာ၊ မတွေ့ရတာကြာပြီနော်၊ မင်းကဒီကိုဘာလာလုပ်တာလဲ၊ မင်းကိုနောက်ဆုံးပါတီပွဲပြီးကတည်းကမမြင်တော့တာပဲ"

ယဲ့ရှော်မှာငြိမ်သက်သွားသည်။သူ့မသိစိတ်က လော့ယန်ကိုခိုးကြည့်လိုက်သည်။ လော့ယန်က သူတို့တစ်ယောက်နှင့်တစ်ယောက်သိနေတဲ့အတွက်စိတ်မပူခဲ့ပေ။သူက ကုဖုန်းကိုယဉ်ကျေးစွာပြုံးပြလိုက်ပြီး သူ့ဖုန်းကိုကောက်ကိုင်လိုက်သည်။

"ဟယ်လို? ကျစ်ယန်လား? ကိုယ်ရောက်ပြီ၊ အိုး မင်းကကိုယ့်အတွက်ဂိတ်တံခါးမှမဖွင့်ပေးတာ၊ ကားတစ်စီးဝင်လာတာနဲ့ အနောက်ကလိုက်လာခဲ့လိုက်တာ၊ အိုခေ.. ကိုယ်အတည့်အတိုင်းလာခဲ့လိုက်မယ်၊ မင်းကိုမတွေ့ရတာကြာနေပြီ၊ မင်းကိုနည်းနည်းတော့လွမ်းနေတာ၊ ha-ha.. ဒါပေါ့ ကိုယ့်ရဲ့မွေးစားသားလေးတွေကိုရောပဲလွမ်းနေတာ..."

ကုဖုန်းကိုယဉ်ကျေးစွာပြုံးပြပြီးနောက် ဖုန်းပြောရင်းပင် ခြံထဲဝင်သွားလိုက်သည်။

လော့ယန်၏မျက်နှာပေါ်မှအပြုံးက ကုဖုန်းကိုဆွဲဆောင်နိုင်လိုက်သည်။ သူ့အဓိပ္ပါယ်ပါပါဖြင့် မျက်လုံးများမှေးစင်းကာကြည့်လိုက်ရင်း မေးကိုထိကာတွေးနေသည်။'ဆိုတော့ သူက ကျစ်ယန်ရဲ့သူငယ်ချင်းပေါ့လေ အာ...'

ဒါပေမယ့် ဘာလို့သူကဒုတိယသခင်လေးယဲ့နဲ့အတူရှိနေရတာလဲ၊ ဖြစ်နိုင်တာက ...

“ဒုတိယသခင်လေးယဲ့ သိပ်မကြာခင်ကပဲ မင်းအဖေက မင်းအိမ်ကထွက်သွားပြီးကတည်းက သူတို့ပြန်လာမတွေ့ဘူးလို့ပြောနေတာ၊ သူတို့မင်းကိုလွမ်းနေကြတယ်!” သူကတံတောင်ဆစ်ဖြင့် ကားတံခါးပါေ်ထောက်ထားရင်းဖြင့်ပြောသည်။ အဝေးကလူ(လော့ယန်)ကိုလည်း တိတ်တဆိတ် အကဲသည့်အလားကြည့်လိုက်သေး၏။

"ကျွန်တော် သူတို့ကို ဖုန်းပုံမှန်ခေါ်ပါတယ်၊ သခင်လေးကု၊ ကျွန်တော် အရင်သွားတော့မယ်"
ယဲ့ရှော်က စိတ်မရှည်တော့ဘဲ ကုဖုန်းကိုနှုတ်ဆက်လိုက်ကာ လော့ယန်နောက်ကိုလိုက်ဖို့ဆိုင်ကယ်ကိုစီးလိုက်တော့သည်။

ခြံဝင်းကအတော်အတန်ကြီးမားပြီးကျယ်ဝန်း၏။ လှေကားထစ်တွေဆီမရောက်မှီ၌ ယဲ့ရှော်သူ့ကိုလိုက်မှီသွားသည်။ သူကလိုက်စီးဖို့ပြောပေမယ့် ခေါင်းခါပြလာသည်။

"ငါသိပ်မကြာခင်ရောက်မှာပဲ၊ မင်းဆိုင်ကယ်ကိုအရင်သွားပြီး ရပ်ထားလိုက်"

ယဲ့ရှော်ကပြုံးလိုက်ပြီး ကျော်မောင်းလိုက်သည်။ သူကအရိပ်ရတဲ့နေရာတစ်ခုကိုတွေ့ပြီးဆိုင်ကယ်ကိုရပ်လိုက်သည်။ပြီးနောက် သူကလှေကားထစ်တွေအနားရပ်ကာ သူ့ကိုစောင့်နေခဲ့သည်။

တံခါးကပွင့်နေတာကြာပြီဖြစ်၏။ လင်ကျန်းရီက တံခါးဝ၌စုကျစ်ယန်ကိုကူထောက်မပေးရင်း လှေကားအောက်ခြေရှိလော့ယန်ကို ကြည့်နေခဲ့သည်။သူကပြုံးရင်းဆိုသည်။

"ကြိုဆိုပါတယ်၊ မြန်မြန်ဝင်လာကြလေ၊ အပြင်မှာမပူကြဘူးလား"

လော့ယန်ကသူ့ခေါင်းကိုခါယမ်းရင်း "ဘာမှမဖြစ်ပါဘူး၊ ငါတို့ဆိုင်ကယ်နဲ့လာတာ၊ အတော်လေးအေးတယ်"
ပြောနေရင်းမှ သူကယဲ့ရှော်ကိုဆွဲခေါ်လိုက်ပြီး လင်ကျန်းရီနှင့်စုကျစ်ယန်ကို မိတ်ဆက်ပေးလိုက်သည်။

"ဒါက ကိုယ့်ကျောင်းသား၊ ယဲ့ရှော်တဲ့"

ယဲ့ရှော်မကျေမနပ်ဖြင့် နှုတ်ခမ်းစူလိုက်သည်။ ဘာလို့သူကအခုထိ အဲဒီလိုမိတ်ဆက်ပေးနေရတာလဲ။

သူတကယ်တမ်းကြားချင်တာက ထိုလူသူ့ကို 'သူက ငါ့ချစ်သူ ၊ ငါ့ကောင်လေး' ဒါမှမဟုတ် 'ငါ့တွဲဘက်ပါ' ဆိုပြီးတစ်ခုခုမိတ်ဆက်ပေးတာမျိုးပေါ့၊ 'ငါ့ကျောင်းသား'ဆိုတာကလွဲရင် ဘာပဲဖြစ်ဖြစ် အဆင်ပြေတယ်လေ အား.

အမှန်တော့ ဒီတစ်ကြိမ်မှာယဲ့ရှော်အနေဖြင့် လော့ယန်ကိုအထင်လွဲသွားခဲ့တာဖြစ်သည်။ ကုဖုန်းနှင့်မတွေ့မှီက သူကသူ့တွဲဖက်ဖြစ်ကြောင်း စုကျစ်ယန်နှင့်မိတ်ဆက်ပေးဖို့ရည်ရွယ်ခဲ့တာဖြစ်သည်။သို့ပေမယ့် ယဲ့ရှော်နှင့်ကုဖုန်းကအသိအကျွမ်းတွေဆိုတာကိုသိပြီးချိန်တွင်တော့ သူထိုသို့မလုပ်နိုင်တော့ပေ။အထက်တန်းစားမျိုးနွယ်များကြား၌ မိဘချင်းကကောင်းစွာသိကြသည်။ ထိုဇိမ်ခံကားဖြင့်လူသာ ပါးစပ်စည်းမရှိသူဖြစ်နေပါက ရုတ်တရက်ဖော်ထုတ်ခံလိုက်ရလျှင် သူနှင့်ယဲ့ရှော်မှာ ခက်ခဲသည့်စမ်းသပ်ချက်တစ်ခုနှင့်ကြုံရမှာအမှန်ပင်။

သူကစမ်းသပ်ခံရမည်ကိုမကြောက်ပါချေ။တကယ်တော့ သူသာလူတစ်ဦးကိုရွေးချယ်လိုက်ပြီဆိုတာနှင့် သူကထိုလူနှင့်တစ်သက်တာလုံး သတ္တိရှိရှိလျှောက်လှမ်းရဲသည်။သို့ပေမယ့် ပြောစရာရှိတာက တစ်ဖက်လူကရော သူ့လိုမျိုး သတ္တိရှိရှိလျှောက်လှမ်းရဲရဲ့လားဟူ၍ပင်။

လော့ယန်အတွက်တော့၊ သူတို့မိဘတွေနှင့်တွေ့ဖို့ဆိုတာ ကြောက်စရာကိစ္စကြီးမဟုတ်ချေ။သို့ပေမယ့်လည်း ထိုအရာက ပြင်ဆင်ထားသည့်အခြေအနေအောက်၌သာရှိရမည်။

ကုဖုန်းလည်းကားရပ်စရာနေရာတွေ့သည်နှင့် ကားကိုပါကင်ထိုးပြီး အနားယူရာနေရာကိုအမြန်ဆုံးလိုက်သွားလိုက်သည်။

"ရီ... ဘာလို့ငါကိုခေါ်တာလဲ၊ ကုမ္ပဏီမှာ ငါလုပ်စရာတစ်ခုခုရှိလို့လား"

"ငါမင်းကိုနားရက်ပေးတာ မပျော်လို့လား၊ ဒါဆိုရင်လည်း ကုမ္ပဏီကို ပြန်သွားလိုက်"
လင်ကျန်းရီကလှောင်လိုက်ရင်း စုကျစ်ယန်ကိုကူည်ိကာ အတွင်းဘက်ကိုလှည့်လိုက်သည်။

"လော့ယန်၊ ယဲ့ရှော်၊ ဝင်လာလေ"

ယဲ့ရှော်မှာပျော်မနေသည့်တိုင် သည်ကိစ္စကစိုးရိမ်စရာမဟုတ်တာကိုသိနေခဲ့၏။ သူ့ကိုအတူခေါ်လာခြင်းကပင် ကြီးမားတဲ့တိုးတက်မှုကြီးတစ်ခုဖြစ်နေပြီ။
စိတ်အေးအေးထား၊ စိတ်အေးအေးထား၊ အလျင်လိုတဲ့ယောက်ျားသားတွေက တိုဖူးပူပူလေးစားခွင့်ရမှာမဟုတ်ဘူး။

လော့ယန်က သူတို့ကို ယဲ့ရှော်နှင့်ပြန်မိတ်ဆက်ပေးသည်။

"ယဲ့ရှော်၊ မင်းသူတို့၂ယောက်နဲ့တွေ့ဖူးပါတယ်၊ တစ်ယောက်က ငါမင်းကိုပြောဖူးတဲ့ ငါ့အိမ်ပိုင်ရှင် စုကျစ်ယန်၊ အခြားတစ်ယောက်က စုကျစ်ယန်ရဲ့အမျိုးသား လင်ကျန်းရီတဲ့"

ယဲ့ရှော်က လင်ကျန်းရီနှင့်စုကျစ်ယန်ကို ယဉ်ကျေးစွာမိတ်ဆက်လာသည်။
"ဟယ်လို၊ ကျွန်တော်လိုက်လာတာ အနှောင့်အယှက်မဖြစ်ဘူးမလား"

"ကြိုဆိုပါတယ်" စုကျစ်ယန်မှာ လော့ယန်ကိုတွေ့ရသဖြင့် အလွန်ပျော်နေခဲ့သည်။ လူများစွာက အိမ်ထဲဝင်လာပြီး ထိုင်လိုက်ကြသည်။

လော့ယန်က စုကျစ်ယန်၏ ကြီးမားသည့်ဗိုက်ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။
"တကယ်ကို အမွှာလေးတွေပဲ၊ သူတို့တွေကြီးလာကြပြီ၊ ကိုယ်မှတ်မိတဲ့အတိုင်းဆို ၇လပဲမှန်တယ်မလား"

"အမ်း၊ သူတို့တွေကြီးလာတာအရမ်းမြန်တာပဲ၊ ကျွန်တော့်ဗိုက်က ပေါက်ထွက်တော့မလိုခံစားနေရတယ်"

စုကျစ်ယန်က လော့ယန်ကိုဆွဲပြီး သူ့ဘေးမှာထိုင်ခိုင်းလိုက်သည်။ ခဏလောက်တော့ သူ့ဗိုက်တွေရောင်ရမ်းကိုက်ခဲနေသည့်ပြဿနာမှ လွတ်ကင်းခဲ့သည်။
သူယဲ့ရှော်ကိုမကြည့်ပဲမနေနိုင်ခဲ့ချေ။ ထိုလူကောင်ကြီးကြီးနှင့်ကောင်လေးကြည့်ရတာ သပ်သပ်ရပ်ရပ်ဖြင့်၊ ပြုံးလိုက်လျှင်လည်း နေရောင်တွေဖြာထွက်လာသလိုပင်။ သူ့မျက်လုံးတွေက အနည်းငယ်မကြည်မလင်ဖြစ်နေပေမယ့် ထက်မြက်မှုကိုဖုံးကွယ်မထားနိုင်ချေ။ ကြည့်နေသူတွေကို လန်းဆန်းသွားစေသည့်ခံစားချက်ကိုပေး၏။

သူ(စုကျစ်ယန်)ကအသံကိုတိုးလိုက်ပြီး လော့ယန်၏နားအနားကိုကပ်ကာပြောသည်။ "ခင်များသူနဲ့ဆို ပျော်နေမှာလား"

လော့ယန်၏မျက်နှာထက်၌ အပြုံးတစ်ခုပေါ်လာပြီး "အင်း၊ စဉ်းစားကြည့်ရင် ငါအရမ်းကိုသက်တောင့်သက်သာဖြစ်ပြီးပျော်တယ်"

သူလည်းအသံကိုနှိမ့်လိုက်ပြီး " ဒီကိစ္စကိုအရင်မပြောနဲ့ဦး၊ ဟိုလူကရှောင်ရှဲ့နဲ့သိတယ်၊ သူထုတ်ပြောလိုက်မှာကိုကြောက်တယ်၊ သူသာရှောင်ရှဲ့ရဲ့မိဘတွေကိုပြောလိုက်ရင် ကိုယ်တို့တွေဖိအားပိုများသွားလိမ့်မယ်"

“အာ — မထူးဆန်းပါဘူး၊ ခင်များအခုပဲမိတ်ဆက်ပေးတာက…” ထိုအကြောင်းနှင့်ပတ်သက်ပြီး စုကျစ်ယန်က သူ့အနာဂတ်မိဘ(ယောက္ခမ)များနှင့်တွေ့ခဲ့ပုံကိုပြန်တွေးလိုက်သည်။ တွေးကြည့်ရုံနှင့်တင် လင်မာမားနှင့်လင်ပါပါးလိုမျိုး စိတ်ကိုဖွငွထားကြတဲ့မိဘတွေက အထက်တန်းစားမျိုးနွယ်ထဲမှာ ဘယ်လောက်များများရှိနိုင်မှာတဲ့လဲ။

ထိုအတွေးဖြင့် စုကျစ်ယန်မှာ  သူက ပို၍ပင် ပျော်ရွှင်နေရသေးသည်ဟု ခံစားမိသည်၊၊ ထိုမိဘများ၏ စမ်းသပ်မှုမှာ လုံးဝ မခက်ခဲပါချေ။ ဓလေ့ထုံးစံများကို တိုက်ရိုက်ကျော်ဖြတ်ပြီး သူတို့ထံမှ ချစ်ခြင်းမေတ္တာကိုပင် ရယူနိုင်ခဲ့သည်။

လင်ပါပါး နှင့် လင်မာမားတို့က သူ့အတွက် အရသာရှိသော အစားအသောက်များ၊ ပစ္စည်းမျဝယ်ယူပေးခဲ့သညွအပြင် အဝတ်အစားများ၊ ဖိနပ်များ၊ ခြေအိတ်များ၊ အရုပ်များ၊ ကလေးတွန်းလှည်းများ၊ ကလေးအိပ်ရာများနှင့် မမွေးသေးသောကလေးငယ်များအတွက် အသုံးမပြုရသေးသော အသုံးအဆောင်ပစ္စည်း အများအပြားကိုပင် ပို့ဆောင်ပေးခဲ့သည်။
ကံကောင်းစွာဖြင့် ဗီလာကကြီးနေခဲ့သည့်။ထိုသို့မဟုတ်ဘဲ သူ့ကိုယ်ပိုင်အခန်းသုံးခန်းပါတိုက်ခန်းသာဆိုလျှင်ဖြင့် ထိုအရာအားလုံးဆန့်မည်မဟုတ်ချေ။

လင်ကျန်းရီက ကုဖုန်းသူ့ကို ယဲ့ရှော်နှင့်သိသင့်တယ်ဟုပြောတာကို ကြားရပြီးကတည်းက တစ်ခါတစ်ရံ၌ ယဲ့ရှော်ကိုစိုက်မကြည့်ဘဲမနေနိုင်ခဲ့ချေ။

တကယ်တော့ လင်ကျန်းရီမှာ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ကော့တေးပါတီများကဲ့သို့ မည်သည့်လှုပ်ရှားမှုမျိုးတွင်မျှ မပါဝင်ခဲ့ပေ။ ထိုသို့သောအရာများရှိလာချိန်တိုင်း သူကနောက်ကွယ်၌သာနေပြီး ကုဖုန်းကိုသာကိုယ်စားတက်ရောက်ခိုင်းခဲ့သည်။ စုကျစ်ယန်နှင့်အတူရှိပြီးချိန်ကတည်းက သူဟာ ကုမ္ပဏီပွဲမှားပင်မတက်ရောက်တော့ပေ။

ယဲ့ရှော်မှာ လင်ကျန်းရီ နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့သော Ye Enterprise ၏ ဒုတိယသားဖြစ်သည်။
ကုဖုန်းက ဤပူးပေါင်းဆောင်ရွက်မှုကို တာဝန်ယူရသည့် အမြင့်ဆုံးစီမံခန့်ခွဲသူဖြစ်သောကြောင့် သူကောင်းကောင်းသိသည်။  ထို့အပြင်၊ ဤပူးပေါင်းဆောင်ရွက်မှုမတိုင်မီတွင်၊ လက်တွဲမှုအတွင်းဖြစ်ပျက်နေသည့်အခြေအနေအားလုံးကိုစုံစမ်းခြင်းမှာအမြဲတမ်း ကုဖုန်း၏ပုံစံဖြစ်သည်။

ယဲ့ရှော်က ထိုလူနှစ်ဦးမှာ Ye Enterpriseနှင့် ပူးပေါင်းထားသည့်လုပ်ဖော်ကိုင်ဖက်ဖြစ်ကြောင်း  သိရသောအခါ သူသည် သူ၏အင်အားများကိုစုစည်း၍ သူတို့နှင် အပြန်အလှန်ဆက်ဆံပြောဆိုခဲ့သည်။

တကယ်တော့ ယဲ့ရှော်မှာ လော့ယန်နှင့်အတူရှိမနေတဲ့အခါတွင် သူဘယ်လိုပြုမူရမယ်ဆိုတာ တကယ်သိသူဖြစ်သည်။  သူစကားပြောနေချိန်၌  လော့ယန်ရှေ့တွင်ရှိနေချိန်၌ဖြစ်နေတတ်သည့် ငယ်ရွယ်ပြီး အတွေ့အကြုံမရှိသော ရောင်ဝါသည် မှိန်ဖျော့သွားကာ ရင့်ကျက်သော၊ သဘောထားကြီးပြီး ကြင်နာတတ်သော လူကြီးလူကောင်းတစ်ဦးကဲ့သို့ဖြစ်လာသည်။သူ၏ပြောဆိုမှုပုံစံသည် စီးပွားရေးလောကရှိမြေခွေးနှစ်ကောင်ဖြစ်သည့် လင်ကျန်းရီနှင့်ကုဖုန်း တို့ကို မရှုံးချေ။

လော့ယန်သည် စုကျစ်ယန်နှင့် စကားစမြည်ပြောရင်း သတိလက်လွတ်ဖြင့် မျက်လုံးများကို မော့ကြည့်လိုက်ရာ ယဲ့ရှော်မှာ လင်ကျန်းရီး၊ ကုဖုန်းတို့နှင့် လွတ်လွတ်လပ်လပ် စကားပြောနေသည်ကို တွေ့လိုက်ရသည်။ သူထိုကဲ့သို့ယဲ့ရှော်ကိုတစ်ခါမှမမြင်ဖူးပေ။ သူကအနည်းငယ် မရင့်ကျက်သေးသည့်တိုင် ယုံကြည်မှုအပြည့်ဖြင့် လုံခြုံမှုကိုပေးစွမ်းနိုင်သည်။

တောက်ပနေသည့်ကောင်လေးကို တိတ်တဆိတ် စိုက်ကြည့်နေရင်း သူ့နှုတ်ခမ်းများ အနည်းငယ်မြင့်တက်သွာ။သည်ကို  လော့ယန်ကိုယ်တိုင်ပင် မသိလိုက်ချေ။  ထိုအပြုံးသည် သက်တောင့်သက်သာပင်ပေါ်လာပြီး ဂုဏ်ယူမှုအချို့လည်းကိန်းဝပ်နေ၏။

အဲဒါက သူ့ရဲ့ယဲ့ရှော်ပဲလေ.. အာ...

Translated by chu chu (Team- Camomile)

_ _ _ _ _ _ _ _ _ _

(Zawgyi)

ယဲ့ေရွာ္မွာကားတစ္စီးရွိၿပီး ကားေမာင္းလိုင္စင္သည္လည္းရၿပီးျဖစ္၏။သူကကားကိုကၽြမ္းက်င္စြာမေမာင္းတတ္သလို၊ ေလာ့ယန္သည္လည္း ကားမည္သို့ေမာင္းရမည္ကို မသိသျဖင့္  အမ်ိဳးသားႏွစ္ဦးမွာ ဆိုင္ကယ္ကိုသာစီးေနခဲ့ၾကသည္။ ယဲ့ေရွာ္မွာေရွ႕မွေမာင္းၿပီး ေလာ့ယန္ငေနာက္မွေန၍ သူ႔ခါးကိုကိုင္ကာစီးနင္း၏။

သူတို့ကအလ်င္မလိုဘဲ အိမ္မွထြက္လာကာ ဆိုင္ကယ္ကို ျဖည္းျဖည္းခ်င္းသာေမာင္းခဲ့ၾကသည္။

မနက္ခင္း၈နာရီအခ်ိန္၌ျဖစ္ၿပီး ေနေရာင္ကေတာက္ပေနသည့္တိုင္ မပူလြန္းသည့္အေျခအေနမွာျဖစ္သည္။ေလကအတားအဆီးမရွိ သူတို့ကိုျဖတ္တိုက္သ့္ားၿပီး သက္ေတာင့္သက္သာျဖစ္ေနခဲ့၏။

သူတို့က helmetကိုေဆာင္းထားၾကသည္။ ယဲ့ေရွာ္မွာေလအိုးေလးျဖစ္ၿပီး သူကတစ္လမ္းလုံး ေလာ့ယန္ကို ဟာသမ်ားစြာေျပာေနခဲ့သည္။ထိုအရာႏွင့္ပတ္သက္ၿပီး သူ႔ကိုယ္သူရပ္တန္႔ဖို့တားဆီးမရနိုင္ခဲ့ေခ်။

သူ႔စကားေတြကိုနားေထာင္ေနသည့္ေလာ့ယန္၏မ်က္ႏွာထက္၌ ေႏြးေထြးသည့္အျပဳံးတစ္ခုရွိေနၿပီး သူကတစ္ခါတစ္ရံ၌ သူ႔ေရွ႕ရွိအေႏွာင့္အယွက္ေပးလြန္ူသည္ဟုထင္ရသည့္ ကေလးႀကီးအား စကားတစ္ခြန္းႏွစ္ခြန္းမၽွဝင္ေျပာရင္းေႏွာင့္ယွက္ေနခဲ့၏။

အတန္ၾကာေအာင္ေမာင္းၿပီးေနာက္ ေမာ္ေတာ္ဆိုင္ကယ္ေလးက သတ္မွတ္ေနရာမွာရပ္သြားခဲ့သည္။ ယဲ့ေရွာ္က luxurious villaႀကီးကိုၾကည့္ကာ ခ်ဲ႕ကားစြာျဖင့္ "ေဝါင္း!"ဟူ၍ေအာ္လိုက္ေလသည္။ထိုအခါ ေလာ့ယန္မွ "အပိုေတြဘာလို့လုပ္ေနတာလဲ၊ မင္းအိမ္ကခ်မးသာလြန္းလို့ဒီထက္ေတာင္ပိုဇိမ္ခံနိုင္ေသးတာပဲ"ဟူေသာအၾကည့္ျဖင့္ ၾကည့္လာသည္။

ဒါေပါ့၊ ေလာ့ယန္ကထုတ္ေတာ့မေျပာပါေခ်။ ယဲ့လန္ႏွင့္အျဖစ္အပ်က္ၿပီးကတည္းက လူခ်မ္းသာမ်ားကိုေရွာင္ရွားရန္အတြက္ ဆုံးျဖတ္ၿပီးျဖစ္၏။ ယဲ့ေရွာ္သာ ဒီႏွစ္ႏွစ္လုံး သူ႔အေပၚစိတ္ရင္းျဖင့္မဆက္ဆံခဲ့လၽွင္ သူကလည္းသူ႔ကိုအခြင့္အေရးေပးကာ dateဖို့ရာသေဘာတူခဲ့မည္မဟုတ္ေခ်။ ဆန္႔က်င္ဘက္အားျဖင့္ ယဲ့ေရွာ္၏ႏွိမ့္ခ်ခ်ဥ္းကပ္မွုကို သူသေဘာက်ခဲ့ရသည္။

သူယဲ့လန္ျဖင့္ဒိတ္လုပ္ခဲ့စဥ္က သူ႔တြင္အျမဲလိုလို ယုတ္ညံ့ၿပီး ေမာက္မာတတ္သည့္အက်င့္မ်ားရွိေနခဲ့သည္။ ထိုထပ္တူမက်သည့္ခံစားခ်က္မ်ားက သူ႔ကိုအျမဲလိုလိုႏွိပ္စက္ညႇင္းပန္ခဲ့ၿပီး စိတ္ဖိစီးေစခဲ့သည္။ ယခုယဲ့ေရွာ္ကေတာ့ သူ႔ကိုသက္ေတာင့္သက္ျဖင့္ စိတ္သက္သာရာရေစ၏။ သူမေပ်ာ္ရႊင္လၽွင္ ယဲ့ေရွာ္ကို စကားတစ္ခြန္းႏွစ္ခြန္းမၽွျဖင့္ဆူပူေပလိမ့္မည္။ ထိုအတၱႀကီးသည့္မ်က္ႏွာေလးျဖင့္ သူ႔ထက္ေျခာက္ႏွစ္ငယ္သည့္လူငယ္ေလးမွာ ခ်မ္းသာေသာမိသားစုမွ သခင္ေလးတစ္ေယာက္ဆိုတာကို မၾကာခဏဆိုသလို ေမ့သြားေလ့ရွိသည္။

သူဆိုင္ကယ္ေပၚမွဆင္းသည္ႏွင့္ ဖုန္းထုတ္ကာဖုန္းေခၚလိုက္သည္။ ယဲ့ေရွာ္ကဆိုင္ကယ္စက္သတ္လိုက္ၿပီး ေဘး၌ရပ္လိုက္ကာ သူ႔မ်က္ႏွာကိုအျပဳံးတစ္ခုျဖင့္ စိုက္ၾကည့္ေနခဲ့သည္။

သူဖုန္းေခၚေနစဥ္မွာပင္ ဂိတ္တံခါးကပြင့္လာၿပီး ဘယ္ကမွန္းမသိသည့္ကားတစ္စီးေပၚလာၿပီး တိုက္ရိုက္ေကြ႕ဝင္သြားသည္။

ယဲ့ေရွာ္ကလက္ဆန္႔ကာေလာ့ယန္ကိုဆြဲလိုက္ၿပီးဆိုသည္။
"ကၽြန္ေတာ္တို့လည္းဝင္ရေအာင္"

ေလာ့ယန္က ဖုန္းေခၚေနစဥ္မွာပင္ ယဲ့ေရွာ္၏စကားကိုၾကားလိုက္ၿပီး အထဲကိုဝင္သြားခဲ့သည္။

ကားကေရွ႕ကိုဆက္မသြားေခ်။ထိုအစား ကားမွန္က်လာၿပီး ကုဖုန္းေပၚလာၿပီး ေခါင္းကိုထုတ္ကာယဲ့ေရွာ္ကို ဂ႐ုတစိုက္ၾကည့္ေန၏။သူကငုံ႔ၾကည့္ၿပီးရယ္ကာ ႏွုတ္ဆက္သည္။
"ဒုတိယသခင္ေလးယဲ့မလား၊ တကယ္မင္းလား၊ ငါကမွားျမင္တယ္ထင္ေနတာ၊ မေတြ႕ရတာၾကာၿပီေနာ္၊ မင္းကဒီကိုဘာလာလုပ္တာလဲ၊ မင္းကိုေနာက္ဆုံးပါတီပြဲၿပီးကတည္းကမျမင္ေတာ့တာပဲ"

ယဲ့ေရွာ္မွာၿငိမ္သက္သြားသည္။သူ႔မသိစိတ္က ေလာ့ယန္ကိုခိုးၾကည့္လိုက္သည္။ ေလာ့ယန္က သူတို့တစ္ေယာက္ႏွင့္တစ္ေယာက္သိေနတဲ့အတြက္စိတ္မပူခဲ့ေပ။သူက ကုဖုန္းကိုယဥ္ေက်းစြာျပဳံးျပလိုက္ၿပီး သူ႔ဖုန္းကိုေကာက္ကိုင္လိုက္သည္။

"ဟယ္လို? က်စ္ယန္လား? ကိုယ္ေရာက္ၿပီ၊ အိုး မင္းကကိုယ့္အတြက္ဂိတ္တံခါးမွမဖြင့္ေပးတာ၊ ကားတစ္စီးဝင္လာတာနဲ႔ အေနာက္ကလိုက္လာခဲ့လိုက္တာ၊ အိုေခ.. ကိုယ္အတည့္အတိုင္းလာခဲ့လိုက္မယ္၊ မင္းကိုမေတြ႕ရတာၾကာေနၿပီ၊ မင္းကိုနည္းနည္းေတာ့လြမ္းေနတာ၊ ha-ha.. ဒါေပါ့ ကိုယ့္ရဲ့ေမြးစားသားေလးေတြကိုေရာပဲလြမ္းေနတာ..."

ကုဖုန္းကိုယဥ္ေက်းစြာျပဳံးျပၿပီးေနာက္ ဖုန္းေျပာရင္းပင္ ၿခံထဲဝင္သြားလိုက္သည္။

ေလာ့ယန္၏မ်က္ႏွာေပၚမွအျပဳံးက ကုဖုန္းကိုဆြဲေဆာင္နိုင္လိုက္သည္။ သူ႔အဓိပၸါယ္ပါပါျဖင့္ မ်က္လုံးမ်ားေမွးစင္းကာၾကည့္လိုက္ရင္း ေမးကိုထိကာေတြးေနသည္။'ဆိုေတာ့ သူက က်စ္ယန္ရဲ့သူငယ္ခ်င္းေပါ့ေလ အာ...'

ဒါေပမယ့္ ဘာလို့သူကဒုတိယသခင္ေလးယဲ့နဲ႔အတူရွိေနရတာလဲ၊ ျဖစ္နိုင္တာက ...

“ဒုတိယသခင္ေလးယဲ့ သိပ္မၾကာခင္ကပဲ မင္းအေဖက မင္းအိမ္ကထြက္သြားၿပီးကတည္းက သူတို့ျပန္လာမေတြ႕ဘူးလို့ေျပာေနတာ၊ သူတို့မင္းကိုလြမ္းေနၾကတယ္!” သူကတံေတာင္ဆစ္ျဖင့္ ကားတံခါးပါေ္ေထာက္ထားရင္းျဖင့္ေျပာသည္။ အေဝးကလူ(ေလာ့ယန္)ကိုလည္း တိတ္တဆိတ္ အကဲသည့္အလားၾကည့္လိုက္ေသး၏။

"ကၽြန္ေတာ္ သူတို့ကို ဖုန္းပုံမွန္ေခၚပါတယ္၊ သခင္ေလးကု၊ ကၽြန္ေတာ္ အရင္သြားေတာ့မယ္"
ယဲ့ေရွာ္က စိတ္မရွည္ေတာ့ဘဲ ကုဖုန္းကိုႏွုတ္ဆက္လိုက္ကာ ေလာ့ယန္ေနာက္ကိုလိုက္ဖို့ဆိုင္ကယ္ကိုစီးလိုက္ေတာ့သည္။

ၿခံဝင္းကအေတာ္အတန္ႀကီးမားၿပီးက်ယ္ဝန္း၏။ ေလွကားထစ္ေတြဆီမေရာက္မွီ၌ ယဲ့ေရွာ္သူ႔ကိုလိုက္မွီသြားသည္။ သူကလိုက္စီးဖို့ေျပာေပမယ့္ ေခါင္းခါျပလာသည္။

"ငါသိပ္မၾကာခင္ေရာက္မွာပဲ၊ မင္းဆိုင္ကယ္ကိုအရင္သြားၿပီး ရပ္ထားလိုက္"

ယဲ့ေရွာ္ကျပဳံးလိုက္ၿပီး ေက်ာ္ေမာင္းလိုက္သည္။ သူကအရိပ္ရတဲ့ေနရာတစ္ခုကိုေတြ႕ၿပီးဆိုင္ကယ္ကိုရပ္လိုက္သည္။ၿပီးေနာက္ သူကေလွကားထစ္ေတြအနားရပ္ကာ သူ႔ကိုေစာင့္ေနခဲ့သည္။

တံခါးကပြင့္ေနတာၾကာၿပီျဖစ္၏။ လင္က်န္းရီက တံခါးဝ၌စုက်စ္ယန္ကိုကူေထာက္မေပးရင္း ေလွကားေအာက္ေျခရွိေလာ့ယန္ကို ၾကည့္ေနခဲ့သည္။သူကျပဳံးရင္းဆိုသည္။

"ႀကိဳဆိုပါတယ္၊ ျမန္ျမန္ဝင္လာၾကေလ၊ အျပင္မွာမပူၾကဘူးလား"

ေလာ့ယန္ကသူ႔ေခါင္းကိုခါယမ္းရင္း "ဘာမွမျဖစ္ပါဘူး၊ ငါတို့ဆိုင္ကယ္နဲ႔လာတာ၊ အေတာ္ေလးေအးတယ္"
ေျပာေနရင္းမွ သူကယဲ့ေရွာ္ကိုဆြဲေခၚလိုက္ၿပီး လင္က်န္းရီႏွင့္စုက်စ္ယန္ကို မိတ္ဆက္ေပးလိုက္သည္။

"ဒါက ကိုယ့္ေက်ာင္းသား၊ ယဲ့ေရွာ္တဲ့"

ယဲ့ေရွာ္မေက်မနပ္ျဖင့္ ႏွုတ္ခမ္းစူလိုက္သည္။ ဘာလို့သူကအခုထိ အဲဒီလိုမိတ္ဆက္ေပးေနရတာလဲ။

သူတကယ္တမ္းၾကားခ်င္တာက ထိုလူသူ႔ကို 'သူက ငါ့ခ်စ္သူ ၊ ငါ့ေကာင္ေလး' ဒါမွမဟုတ္ 'ငါ့တြဲဘက္ပါ' ဆိုၿပီးတစ္ခုခုမိတ္ဆက္ေပးတာမ်ိဳးေပါ့၊ 'ငါ့ေက်ာင္းသား'ဆိုတာကလြဲရင္ ဘာပဲျဖစ္ျဖစ္ အဆင္ေျပတယ္ေလ အား.

အမွန္ေတာ့ ဒီတစ္ႀကိမ္မွာယဲ့ေရွာ္အေနျဖင့္ ေလာ့ယန္ကိုအထင္လြဲသြားခဲ့တာျဖစ္သည္။ ကုဖုန္းႏွင့္မေတြ႕မွီက သူကသူ႔တြဲဖက္ျဖစ္ေၾကာင္း စုက်စ္ယန္ႏွင့္မိတ္ဆက္ေပးဖို့ရည္ရြယ္ခဲ့တာျဖစ္သည္။သို့ေပမယ့္ ယဲ့ေရွာ္ႏွင့္ကုဖုန္းကအသိအကၽြမ္းေတြဆိုတာကိုသိၿပီးခ်ိန္တြင္ေတာ့ သူထိုသို့မလုပ္နိုင္ေတာ့ေပ။အထက္တန္းစားမ်ိဳးႏြယ္မ်ားၾကား၌ မိဘခ်င္းကေကာင္းစြာသိၾကသည္။ ထိုဇိမ္ခံကားျဖင့္လူသာ ပါးစပ္စည္းမရွိသူျဖစ္ေနပါက ႐ုတ္တရက္ေဖာ္ထုတ္ခံလိုက္ရလၽွင္ သူႏွင့္ယဲ့ေရွာ္မွာ ခက္ခဲသည့္စမ္းသပ္ခ်က္တစ္ခုႏွင့္ၾကဳံရမွာအမွန္ပင္။

သူကစမ္းသပ္ခံရမည္ကိုမေၾကာက္ပါေခ်။တကယ္ေတာ့ သူသာလူတစ္ဦးကိုေရြးခ်ယ္လိုက္ၿပီဆိုတာႏွင့္ သူကထိုလူႏွင့္တစ္သက္တာလုံး သတၱိရွိရွိေလၽွာက္လွမ္းရဲသည္။သို့ေပမယ့္ ေျပာစရာရွိတာက တစ္ဖက္လူကေရာ သူ႔လိုမ်ိဳး သတၱိရွိရွိေလၽွာက္လွမ္းရဲရဲ့လားဟူ၍ပင္။

ေလာ့ယန္အတြက္ေတာ့၊ သူတို့မိဘေတြႏွင့္ေတြ႕ဖို့ဆိုတာ ေၾကာက္စရာကိစၥႀကီးမဟုတ္ေခ်။သို့ေပမယ့္လည္း ထိုအရာက ျပင္ဆင္ထားသည့္အေျခအေနေအာက္၌သာရွိရမည္။

ကုဖုန္းလည္းကားရပ္စရာေနရာေတြ႕သည္ႏွင့္ ကားကိုပါကင္ထိုးၿပီး အနားယူရာေနရာကိုအျမန္ဆုံးလိုက္သြားလိုက္သည္။

"ရီ... ဘာလို့ငါကိုေခၚတာလဲ၊ ကုမၸဏီမွာ ငါလုပ္စရာတစ္ခုခုရွိလို့လား"

"ငါမင္းကိုနားရက္ေပးတာ မေပ်ာ္လို့လား၊ ဒါဆိုရင္လည္း ကုမၸဏီကို ျပန္သြားလိုက္"
လင္က်န္းရီကေလွာင္လိုက္ရင္း စုက်စ္ယန္ကိုကူည္ိကာ အတြင္းဘက္ကိုလွည့္လိုက္သည္။

"ေလာ့ယန္၊ ယဲ့ေရွာ္၊ ဝင္လာေလ"

ယဲ့ေရွာ္မွာေပ်ာ္မေနသည့္တိုင္ သည္ကိစၥကစိုးရိမ္စရာမဟုတ္တာကိုသိေနခဲ့၏။ သူ႔ကိုအတူေခၚလာျခင္းကပင္ ႀကီးမားတဲ့တိုးတက္မွုႀကီးတစ္ခုျဖစ္ေနၿပီ။
စိတ္ေအးေအးထား၊ စိတ္ေအးေအးထား၊ အလ်င္လိုတဲ့ေယာက္်ားသားေတြက တိုဖူးပူပူေလးစားခြင့္ရမွာမဟုတ္ဘူး။

ေလာ့ယန္က သူတို့ကို ယဲ့ေရွာ္ႏွင့္ျပန္မိတ္ဆက္ေပးသည္။

"ယဲ့ေရွာ္၊ မင္းသူတို့၂ေယာက္နဲ႔ေတြ႕ဖူးပါတယ္၊ တစ္ေယာက္က ငါမင္းကိုေျပာဖူးတဲ့ ငါ့အိမ္ပိုင္ရွင္ စုက်စ္ယန္၊ အျခားတစ္ေယာက္က စုက်စ္ယန္ရဲ့အမ်ိဳးသား လင္က်န္းရီတဲ့"

ယဲ့ေရွာ္က လင္က်န္းရီႏွင့္စုက်စ္ယန္ကို ယဥ္ေက်းစြာမိတ္ဆက္လာသည္။
"ဟယ္လို၊ ကၽြန္ေတာ္လိုက္လာတာ အေႏွာင့္အယွက္မျဖစ္ဘူးမလား"

"ႀကိဳဆိုပါတယ္" စုက်စ္ယန္မွာ ေလာ့ယန္ကိုေတြ႕ရသျဖင့္ အလြန္ေပ်ာ္ေနခဲ့သည္။ လူမ်ားစြာက အိမ္ထဲဝင္လာၿပီး ထိုင္လိုက္ၾကသည္။

ေလာ့ယန္က စုက်စ္ယန္၏ ႀကီးမားသည့္ဗိုက္ကိုၾကည့္ၿပီး သက္ျပင္းခ်လိုက္သည္။
"တကယ္ကို အမႊာေလးေတြပဲ၊ သူတို့ေတြႀကီးလာၾကၿပီ၊ ကိုယ္မွတ္မိတဲ့အတိုင္းဆို ၇လပဲမွန္တယ္မလား"

"အမ္း၊ သူတို့ေတြႀကီးလာတာအရမ္းျမန္တာပဲ၊ ကၽြန္ေတာ့္ဗိုက္က ေပါက္ထြက္ေတာ့မလိုခံစားေနရတယ္"

စုက်စ္ယန္က ေလာ့ယန္ကိုဆြဲၿပီး သူ႔ေဘးမွာထိုင္ခိုင္းလိုက္သည္။ ခဏေလာက္ေတာ့ သူ႔ဗိုက္ေတြေရာင္ရမ္းကိုက္ခဲေနသည့္ျပႆနာမွ လြတ္ကင္းခဲ့သည္။
သူယဲ့ေရွာ္ကိုမၾကည့္ပဲမေနနိုင္ခဲ့ေခ်။ ထိုလူေကာင္ႀကီးႀကီးႏွင့္ေကာင္ေလးၾကည့္ရတာ သပ္သပ္ရပ္ရပ္ျဖင့္၊ ျပဳံးလိုက္လၽွင္လည္း ေနေရာင္ေတြျဖာထြက္လာသလိုပင္။ သူ႔မ်က္လုံးေတြက အနည္းငယ္မၾကည္မလင္ျဖစ္ေနေပမယ့္ ထက္ျမက္မွုကိုဖုံးကြယ္မထားနိုင္ေခ်။ ၾကည့္ေနသူေတြကို လန္းဆန္းသြားေစသည့္ခံစားခ်က္ကိုေပး၏။

သူ(စုက်စ္ယန္)ကအသံကိုတိုးလိုက္ၿပီး ေလာ့ယန္၏နားအနားကိုကပ္ကာေျပာသည္။ "ခင္မ်ားသူနဲ႔ဆို ေပ်ာ္ေနမွာလား"

ေလာ့ယန္၏မ်က္ႏွာထက္၌ အျပဳံးတစ္ခုေပၚလာၿပီး "အင္း၊ စဥ္းစားၾကည့္ရင္ ငါအရမ္းကိုသက္ေတာင့္သက္သာျဖစ္ၿပီးေပ်ာ္တယ္"

သူလည္းအသံကိုႏွိမ့္လိုက္ၿပီး " ဒီကိစၥကိုအရင္မေျပာနဲ႔ဦး၊ ဟိုလူကေရွာင္ရွဲ႕နဲ႔သိတယ္၊ သူထုတ္ေျပာလိုက္မွာကိုေၾကာက္တယ္၊ သူသာေရွာင္ရွဲ႕ရဲ့မိဘေတြကိုေျပာလိုက္ရင္ ကိုယ္တို့ေတြဖိအားပိုမ်ားသြားလိမ့္မယ္"

“အာ — မထူးဆန္းပါဘူး၊ ခင္မ်ားအခုပဲမိတ္ဆက္ေပးတာက…” ထိုအေၾကာင္းႏွင့္ပတ္သက္ၿပီး စုက်စ္ယန္က သူ႔အနာဂတ္မိဘ(ေယာကၡမ)မ်ားႏွင့္ေတြ႕ခဲ့ပုံကိုျပန္ေတြးလိုက္သည္။ ေတြးၾကည့္႐ုံႏွင့္တင္ လင္မာမားႏွင့္လင္ပါပါးလိုမ်ိဳး စိတ္ကိုဖြငြထားၾကတဲ့မိဘေတြက အထက္တန္းစားမ်ိဳးႏြယ္ထဲမွာ ဘယ္ေလာက္မ်ားမ်ားရွိနိုင္မွာတဲ့လဲ။

ထိုအေတြးျဖင့္ စုက်စ္ယန္မွာ  သူက ပို၍ပင္ ေပ်ာ္ရႊင္ေနရေသးသည္ဟု ခံစားမိသည္၊၊ ထိုမိဘမ်ား၏ စမ္းသပ္မွုမွာ လုံးဝ မခက္ခဲပါေခ်။ ဓေလ့ထုံးစံမ်ားကို တိုက္ရိုက္ေက်ာ္ျဖတ္ၿပီး သူတို့ထံမွ ခ်စ္ျခင္းေမတၱာကိုပင္ ရယူနိုင္ခဲ့သည္။

လင္ပါပါး ႏွင့္ လင္မာမားတို့က သူ႔အတြက္ အရသာရွိေသာ အစားအေသာက္မ်ား၊ ပစၥည္းမ်ဝယ္ယူေပးခဲ့သညြအျပင္ အဝတ္အစားမ်ား၊ ဖိနပ္မ်ား၊

You are reading the story above: TeenFic.Net