(Unicode)
အခန်း ၈၅။ အာမခံဆေးပြား တစ်ပြားပေးဖို့ ဇနီးလေးဆီမှာ တောင်းမယ်။ လင်ကျန်းရီမှာ လှပတဲ့အိပ်မက်တစ်ခုရှိခဲ့တယ်။
စုကျစ်ယန်ကသူ့ကို 'ယောကျ်ား'လို့ နူးညံ့ညင်သာစွာခေါ်ကာ (ချစ်ကြောင်း)၀န်ခံခဲ့သည်ဟု သူအိပ်မက်မက်ခဲ့သည်။ ထို့ကြောင့် သူဟာသူ့မျက်နှာပေါ်တွင် အရူးတစ်ယောက်လို ပြုံးဖြဲဖြဲအမူအရာဖြင့် အသေကောင်တစ်ကောင်လို အိပ်ရာပေါ်မှာ ဆက်အိပ်နေခဲ့သည်။
လင်ကျန်းရီ သူ့အိပ်မက်မှနိုးလာချိန်မှာတော့ မနက်၁၀နာရီပင် ထိုးလေပြီ။
အိုး.... ချီးပဲလေ....။
ဘိုးဘေးလေးက ပုံမှန်ဆို ကိုးနာရီမှာအိပ်ရာထလေ့ရှိပြီး မနက်စာစားရင်း ကြေးများလိမ့်မည်။ သူကတစ်ညလုံးဗိုက်ထဲမှာ အစာမရှိဘဲနေခဲ့ရတာလေ။
သူ့ဗိုက်ထဲက ကောင်လေးသေးသေးလေးတွေကလည်း ပြုစုဖို့လွယ်ကူတဲ့ သခင်ငယ်လေးတွေမဟုတ်ကြဘူး။
အချိန်နှင့်တစ်ပြေးညီ မပြင်ဆင်ပေးနိုင်ပါက ဘိုးဘေးလေးက ထပ်ပြီးဒေါသထွက်ဦးမည်။
ဟုတ်တာပေါ့။ စိတ်ဆိုးတယ်ဆိုတာကကိစ္စသေးသေးလေးဆိုပေမဲ့ သူကတစ်ကယ်ကြီး ဗိုက်ဆာနေခဲ့မှာလေ။ လင်ကျန်းရီ သူ့ဘာသာ သောကရောက်သွားရသည်။
လင်ကျန်းရီ ကမန်းကတမ်းခုန်ထကာ ကြမ်းပြင်ပေါ်ခြေချပြီး တံခါးဆီပြေးတော့သည်။ ခြေနှစ်လှမ်းမျှသာရှိသေးချိန်မှာ သူရပ်တန့်သွားရသည်။ သူ့လှုပ်ရှားမှုကိုရပ်ကာ မရေမရာဟန်ဖြင့် ပြန်လှည့်ကြည့်လိုက်သည်။
အိပ်ရာပေါ်မှာတစ်၀က် အိပ်ရာဘေးမှာတစ်၀က် အနေအထားဖြင့်ရှိနေခဲ့သော အပြာရောင်စောင်ပါးလေးက သူ့လှုပ်ရှားမှုကြောင့် ယခုတော့ ကော်ဇောပေါ်ရောက်နေလေပြီ။
အမ်..။ စောင်က ဘယ်ကနေရောက်လာတာလဲ။
လင်ကျန်းရီ အိပ်ရာဆီပြန်ကြည့်လိုက်ရာ အိပ်ရာခေါင်းရင်းမှာ ခေါင်းဦးတစ်လုံးကို တွေ့လိုက်ရသည်မို့ သူ့မျက်လုံးတွေတောက်ပသွားရသည်။
ကျစ်ယန်လာပို့သွားခဲ့တာများလား။
"ကျွန်တော်လည်း ခင်ဗျားကိုချစ်ပါတယ် ယောကျ်ားရယ်"
ရုတ်တရက်ကြီး... သည်စာကြောင်းက ရုတ်တရက်ကြီး သူ့မှတ်ဉာဏ်ထဲမှာ ပေါ်ထွက်လာသည်။ လင်ကျန်းရီ၏မျက်လုံးများ ပို၍ပင် တောက်ပသွားရလေပြီ။
ဒါကအိပ်မက်တစ်ခု မဟုတ်ခဲ့ဘူးလား။
သည်ဖြစ်နိုင်ချေကိုတွေးတောရင်း တိကျသောဥက္ကဌကြီးဟာ ဖိနပ်ပါးစီးဖို့ပင် အနှောင့်အယှက်မဖြစ်တော့ပေ။ တစ်၀က်တစ်ပျက် ပွင့်ဟနေသော ရေချိုး၀တ်ရုံကို သေချာပြန်၀တ်ကာ အော်ဟစ်ရင်းပြေးသွားလေတော့သည်။
"ဇနီးလေး... ကိုယ်မင်းကိုချစ်တယ်"
သည်စာကြောင်းကိုအော်ဟစ်ပြီးနောက် သူ့အသံက ရုတ်တရက်ကြီးတန့်သွားကာ သူ့ခြေလှမ်းကို ပြန်နှေးလိုက်သည်။ သို့သော်လည်း သူအမူအရာကတော့ အလွန်အမင်း စိတ်လှုပ်ရှားနေဆဲပင်။
သူ အဓိကအိပ်ခန်းမကြီးဆီ ခြေသံဖော့ကာ လျှောက်သွားပြီး စုကျစ်ယန်နိုးနေပြီလားဆိုတာကြည့်ရန် တံခါးကိုညင်သာစွာဖွင့်လိုက်သည်။ သူအိပ်နေတုန်းဆိုလျှင် သူအသံကြောင့် နိုးသွားလောက်တယ်မဟုတ်လား။
ရလဒ်ကတော့ အိပ်ရာကြီးတစ်ခုလုံး အလွတ်ဖြစ်နေပြီး လင်ကျန်းရီ၏ခေါင်းထဲတွင် တ၀ီ၀ီအသံတွေ မြည်ဟည်းလာတာပင်။
ငါတော့သွားပြီ။ ဘိုးဘေးလေးက နိုးနေပြီ။
ဒါပေမဲ့ သူကဘယ်မှာလဲ။
သူဧည့်ခန်းကိုဖြတ်လျှောက်လာချိန်မှာ ဆိုဖာပေါ်မှာ သူ့ကိုမတွေ့ပါ။ လင်ကျန်းရီဟာ ရေချိုးခန်းဆီ ပြေးသွားလိုက်သော်လည်း ဘယ်သူ့ကိုမှမတွေ့ပေ။ သူ့နှလုံးသားလေး ရုတ်တရက်ကျယ်လောငစ်စွာ မြည်ဟည်းလာသည်။
သူထွက်သွားတာများ ဖြစ်နိုင်မလား။ ဒါကြောင့် သူထွက်မသွားခင် သူ့ကိုခေါင်းဦးပေး၊ စောင်ခြုံပေးခဲ့တာပဲ။
"ကျစ်ယန်... ကျစ်ယန်..."
လင်ကျန်းရီ အထိတ်တလန့်ဖြစ်သွားရလေပြီ။ သူ၏ထိတ်လန့်နေသောအသံက အခန်းထဲတွင် ပဲ့တင်ထပ်နေသည်။ သို့သော်လည်း သူလက်လျှော့လိုက်ဖို့ ဆန္ဒမရှိပေ။
အဓိကအိပ်ခန်းမကြီးဆီ ပြေးသွားကာ ဒုတိယတစ်ကြိမ် ထပ်ကြည့်လိုက်သည်။ မမျှော်လင့်ဘဲ သူ့နောက်မှ အသံတစ်သံထွ်လာခဲ့သည်။
"နိုးပြီလား။ လာစားတော့လေ"
လင်ကျန်းရီ၏ကျယ်လောင်စွာ မြည်ဟည်းနေသော နှလုံးခုန်သံက ရုတ်တရက် နှေးကွေးသွားသည်။ သူမယုံကြည်နိုင်စွာဖြင့် နောက်ပြန်လှည့်ကြည့်လိုက်တော့ စုကျစ်ယန်က ကြက်ဥခရမ်းချဉ်သီးကြော်ပန်းကန်ကိုကိုင်ကာ မီးဖိုခန်းထဲမှထွက်လာသည်။
သူ မျက်တောင်ခတ်လိုက်သည်။
"မင်း... ထွက်သွားတာမဟုတ်ဘူးလား"
"အမ်..."
စုကျစ်န်က သူညည်းတွားလိုက်တာကို မကြားပေ။ သူကဆိုဖာဆီတိုက်ရိုက်လျှောက်လာကာ ကိုယ်ကိုကွေးပြီး ကြက်ဥခရမ်းချဉ်သီးကြော်ကို စားပွဲပေါ်တင်လိုက်သည်။
လင်ကျန်းရီ အပြေးအလွှားသွားလိုက်သည်။
"ကိုယ်လုပ်ပေးမယ်။ ဗိုက်ဆာနေတာကို လို့ကို်ယ့်ကိုမနှိုးလိုက်တာလဲ။ ဘာလို့ကိုယ့်ဘာသာလုပ်ရတာလဲ။ ပင်ပန်းနေပြီလား။ ထိုင်ပြီးနားလိုက်ဦး"
စုကျစ်ယန်က သူ၏စိုးရိမ်နေသောသွင်ပြင်ကိုကြည့်ကာ သူ့ကိုကျီစားနေသလိုခံစားရသည်။ သူဆိုဖာပေါ်ဖြည်းဖြည်းထိုင်ကာ ပေါ့ပါးစွာပင် ပြန်ပြောလိုက်သည်။
"ကိုယ့်အတွက်ကိုယ် ဘယ်လိုဟင်းချက်ရမယ်ဆိုတာ မသိတာမျိုး မကြိုက်ဘူး။ ခင်ဗျားကအသေကောင်လိုအိပ်နေတာလေ။ မနှိုးချင်တော့တာနဲ့.."
တစ်ကယ်တမ်း စုကျစ်ယန်ဆိုလိုသည်က သူ့နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာကို မြင်တဲ့အခါ သူ့ကိုမနှိုးခဲ့ရခြင်းအကြောင်းရင်းက နည်းနည်းကြာအောင် ပိုအိပ်စေချင်တာကြောင့်ဖြစ်သည်။
ဒါပေမဲ့ လင်ကျန်းရီနားလည်သွားသည်က- ခင်ဗျားကအသေကောင်လို အိပ်နေတော့ ဘယ်လိုလုပ်နှိုးရမှာလဲ။ ကျွန်တော့်ဘာသာလည်း လုပ်နိုင်တယ်။ ခင်ဗျားမရှိလု့ိ အသက်မရှင်နိုင်တာမျိုး မဟုတ်ဘူး။
[Lay Pyay - Where our president's IQ? XD]
ထို့နောက် လက်ဖက်ရည်စားပွဲပေါ်မှ ဟင်းသုံးပွဲကိုငုံ့ကြည့်လိုက်ပြီး လင်ကျန်းရီတစ်ယောက် ချက်ချင်းပင်ချွေးများစို့လာကာ ထိတ်လန့်တကြားဖြစ်သွားသည်။
"ကျစ်ယန်... ကိုယ်ထမင်းသွားယူလိုက်မယ်... မင်းထိုင်နေဦး"
"ထမင်းပေါင်းအိုးကဒီမှာ ယူလာပြီးပြီ။ အင်း... စားပွဲအောက်မှာ"
စုကျစ်ယန်က အရိပ်အယောင်ပြသည့်အနေဖြင့် ခြေချောင်းများဖြင့် ညင်သာစွာ ကန်ပြလိုက်သည်။
"....."
လင်ကျန်းရီတစ်ယောက် သည်နေ့မှတမူထူးခြားနေသော စုကျစ်ယန်ကိုကြည့်ကာ တစ်စုံတစ်ရာဆုံးရှုံးသွားသလို ခံစားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် သူ၏မဟာဗျူဟာကျသောဦးနှောက်က မှိုင်းေ၀လာခဲ့လေပြီ။ အသံတစ်သံက သူ့စိတ်ထဲမှာ ပဲ့တင်ထပ်နေသည်။
- ငါသေပြီ။ ငါတော့သေပြီ။ သူ့ကိုပြုစုဖို့တောင် ငါ့ကိုမပြောတော့ဘူး။ အခုတော့ ငါတို့ကြားကအကွာအေ၀းက ပိုတောင်ေ၀းသွားပြီ။ ငါဘာလုပ်သင့်လဲ။ ငါဘာလုပ်သင့်လဲ။
"မြန်မြန်လေး သွားတိုက်၊ မျက်နှာသစ်လေ။ ပြီးရင်လာစားတော့။ ခင်ဗျားမှာ စားပြီးရင် ပစ္စည်းထည့်ရမှာတွေ ရှိသေးတယ်"
စုကျစ်ယန်က ကျောက်တုံးတစ်တုံးလိုဖြစ်နေသော လင်ကျန်းရီကို တွန်းထုတ်သည်။
"ဘာပစ္စည်းလဲ"
လင်ကျန်းရီ ခက်ခက်ခဲခဲမေးလိုက်သည်။
ခွဲပြီးနေဖို့များလား။
"စားပြီးရင် ပြောပြမယ်။ မြြန်မန်သွား"
စုကျစ်ယန်က လင်ကျန်းရီကို ဒေါသထွက်နေဟန် စိုက်ကြည့်လိုက်သည်။ လင်ကျန်းရီ ချက်ချင်းထကာ ရေချိုးခန်းဆီသွားတော့သည်။
"အင်းပါ။ ကိုယ်သန့်ရှင်းရေးလုပ်ပြီးတာနဲ့ ပြန်လာခဲ့မယ်"
သူမျက်နှာသစ်၊ သွားတိုက်ကာ ရေချိုးလိုက်သည်။ လင်ကျန်းရီဟာ အ၀တ်အစားလဲပြီးနောက် ဂရုတစိုက်ထွက်လာလိုက်သည်။ သူစုကျစ်ယန်၏မျက်နှာအနေအထားကို လေ့လာလိုက်သည်။
သူကတည်ငြိမ်ပြီး တိတ်ဆိတ်နေသည်ပဲ။ စိတ်လည်းမဆိုးသလို ပျော်လည်းပျော်မနေဘူး။ ဘယ်လိုဖြစ်နိုင်ချေအကြောင်းရင်းမှ သူရှာလု့ိမတွေ့နိုင်ပါ။
"ဒီ... ကျစ်ယန်က... ငါသိတဲ့..."
"အရင်စားလိုက်ဦး..."
စုကျစ်ယန်က အစားအစာအချို့ကို သူ့ဘက်ကိုပို့ပေးကာ သူကိုယ်တိုင်လည်း စတင်ကာစားသည်။ တစ်ခဏမျှစားပြီးနောက်မှာ လင်ကျန်းရီစတင်ကာ ရှုပ်ထွေးလာပြီး သူ၏'တူ'ကို မရွှေ့တော့ပေ။ စုကျစ်ယန် အကြာကြီးမထိန်းချုပ်ထားနိုင်တော့ပေ။
"အဆိပ်ခတ်ထားမှာ ကြောက်လို့လား"
ဒါကိုပြောပြီးနောက် သူဟာ ပျော်ရွှင်လာဟန်ရသည်။ လင်ကျန်းရီတစ်ယောက် သူ(စု) ဆိုးသွမ်းသောတစ်ခုခုကိုလုပ်ရင်း အောင်မြင်သွားသလိုမျိုး မျက်ခုံးပင့်ကာ ပြုံးနေသည်ကို မြင်လိုက်ရသည်။
သူ့ကို ခြောက်လှန့်ရန် ရည်ရွယ်ချက်ရှိရှိဖြင့် တစ်စုံတစ်ရာကို မျက်နှာတည့်တည့်မှာ ထားထားသလို ရုတ်တရက်ပင် ရှင်းလင်းသွားသည်။
စောင်နှင့် ခေါင်းအုံးကို ပြန်တွေးရင်း လင်ကျန်းရီ သက်ပြင်းချလိုက်သည်။ စုကျစ်ယန်ကသူ့ကို စောင်တစ်ထည်နှင့် ခေါင်းအုံးတစ်လုံး ပေးခဲ့တာပဲဟာ။ သူဘာလို့ စိတ်ဆိုးနေသေးတာများလဲ။ သေးငယ်တဲ့ အရာလေးက သူ့ရဲ့စေတနာကို ဖော်ပြဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်။
"မင်း စိတ်မဆိုးတော့ဘူးလား။"
လင်ကျန်းရီက စုကစ်ယန်အနားသို့ ချဉ်းကပ်ကာ မျှော်လင့်တကြီး မေးသည်။ စုကျစ်ယန်က သု့မျက်လုံးတွေကို ဖုံးကွယ်ထားရင်း တစ်စုံတစ်ရာကိုရှက်ရွံ့ဟန်ဖြင့်ပြောလိုက်သည်။
"အင်း… ကျွန်တော်လည်း မှားခဲ့တာပဲလေ… ခင်ဗျားကျွန်တော့်ကို စိတ်မဆိုးဘူးမလား။ စိတ်ဆိုးသွားလား"
လင်ကျန်းရီ နောက်ထပ် ဘာပြန်ပြောနိုင်ပါတော့မလဲ။ ဟုတ်ပါသည်။ သူထပ်ခါတလဲလဲ ငြင်းလိုက်ပြီးနောက် အဲဒီလူကို ပွေ့ဖက်ပြီး ပြင်းပြင်းထန်ထန် နမ်းလိုက်သည်။
"ဟုတ်တာပေါ့။ ကိုယ်မင်းကိုဘယ်လိုလုပ် ဒေါသထွက်ရက်မှာလဲကွာ။ မင်း ထပ်ပြီးဒေါသထွက်မှာကိုပဲ ကိုယ်ကြောက်နေတာ"
စုကျစ်ယန်က လင်ကျန်းရီ၏လက်မောင်းများအကြားပုန်းအောင်းရင်း တိုးတိုးလေးပြောလိုက်သည်။
"ကျွန်တော်အတွေးတွေလွန်ပြီး ဒေါသတွေအကုန် ခင်ဗျားဆီပုံချလိုက်မိတာ။ ကျွန်တော်အရမ်းလွန်သွားလားဟင်"
"မဟုတ်ဘူး၊ မင်းဒေါသပြေအောင် ကိုယ့်ဆီပုံချလိုက်တာ ကိုယ်ကြိုက်ပါတယ်။ ဒေါသမပြေဘူးဆိုရင် ကိုယ်ထူးထူးဆန်းဆန်းကြီး ခံစားရလိမ့်မယ်။ ဒေါသထွက်တဲ့အခါ ဘယ်တော့မှ ထိန်းချုပ်မထားပါနဲ့။ မနေ့ညကလို စကားတစ်ခွန်းမှမပြောဘဲ မင်းမျက်ရည်တွေကို တိတ်တိတ်လေး သုတ်နေတာမျိုးဆို ကိုယ်အရမ်းစိုးရိမ်ရတာ"
လင်ကျန်းရီက စုကျစ်ယန်၏ နောက်ကျောကို ညင်သာစွာ ပုတ်ပေးလိုက်သည်။
"ဒီနေ့ဘာလို့အစောကြီးထနေတာလဲ"
စုကျစ်ယန် အနည်းငယ် ရှက်သွားရသည်။
"တောင်းပန်ပါတယ်။ ခင်ဗျားအတွက်အထူးတလည်လုပ်နေတာ။ ကျွန်တော့်လက်ရာကို ခင်ဗျားကြိုက်မှာတော့ မဟုတ်လောက်ပါဘူး"
သည်စကားလုံးများကို လင်ကျန်းရီကြားလိုက်သည်နှင့် အလွန်အမင်းပျော်ရွှင်သွားကြောင်း ခံစားလိုက်မိပြီး သူ့ဦးတည်ချက်ကို ခက်ခက်ခဲခဲရှာဖွေလိုက်ရသည်။
{လေပြည်-ပျော်လွန်းအားကြီးလို့ ဘာလုပ်လို့လုပ်ရမှန်းမသိတော့ဘဲ လမ်းတောင်ပျောက်သွားရတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်မယ်ထင်ပါတယ်။}
သူစုကျစ်ယန်ကိုလွှတ်ပေးလိုက်ပြီး နှုတ်ခမ်းလွှာများပေါ်သို့ နမ်းရှိုက်လိုက်သည်။
"ကိုယ်ကဘာလို့ မကြိုက်ဘဲနေမှာလဲ။ မင်းက အလုပ်ကောင်းတစ်ခုက်ုလုပ်ခဲ့တာလေ။ မင်းဘာသာအဆိပ်ဖော်မိသွားတာဆိုရင်တောင် ကိုယ်ကတော့စားမှာပဲ"
စုကျစ်ယန် မျက်လုံးများကိုလှိမ့်(လှန်)လိုက်သည်။
"ပြောတာများပြီ။ မြန်မြန်စားတော့ အေးကုန်မယ်"
"အိုခေ"
နောက်ဆုံးမှာတော့ လင်ကျန်းရီတစ်ယောက် စိတ်သက်သာရာရသွားခဲ့လေပြီ။ သူ့ကိုယ်သူ '၀က်တစ်ကောင်'လို့ခံစားမိသည်အထိ အများကြီး စားပစ်လိုက်သည်။
သူတို့ ယခင်အတိုင်းကောင်းမွန်စွာ ဆက်ဆံကြပြီး တစ်ယောက်ကို တစ်ယောက်ကြည့်နေသော မျက်လုံးများက တောက်ပလာပြန်သည်။
ခင်ဗျားကျွန်တော့်ကိုကျွေးခဲ့သလောက် ပြန်ကျွေးမည်။ ဒီအစားအစာကို တစ်နာရီလောက် အချိန်ယူပြီးစားပါပေါ့။
_ _ _ _ _ _ _ _
ဟင်းပန်းကန်များကို ဆေးကြောနေစဉ်မှာ လင်ကျန်းရီတစ်ယောက် စားပြီးပါက စုကျစ်ယန်တစ်စုံတစ်ရာ လုပ်ချင်ခဲ့သည်ဆိုတာ ရုတ်တရက် သတိရသွားသည်။ ဘာများဖြစ်နိုင်မလဲ။
"ကျစ်ယန် အစာစားပြီးရင် တစ်ခခုလုပ်ဖို့ရှိတယ်လို့မပြောခဲ့ဘူးလား။ ဘာများလဲ"
လင်ကျန်းရီက မီးဖိုခန်းတံခါးကိုဖြတ်ကာ မေးလိုက်သည်။
ပြန်ဖြေသူမရှိပါ။
လင်ကျန်းရီ နောက်ဆုံးပန်းကန်ကိုဆေးပြီးနောက် ခြောက်သွေ့အောင်သုတ်ကာ မီးဖိုခန်းမှထွက်မလာခင် သူ့လက်များကို သန့်ရှင်းလိုက်သည်။ စုကျစ်ယန်က ဧည့်ခန်းထဲမှာ ရှိမနေခဲ့ပါ။
လင်ကျန်းရီ အိပ်ခန်းမကြီးဆီ သွားလိုက်သည်။ စုကျစ်ယန်က အ၀တ်ဗီရိုဘေးတွင် မတ်တပ်ရပ်နေကာ ပတ်ပတ်လည်ကြည့်နေသည်။
သူဘာကိုကြည့်နေသလဲ၊ သူ့အမူအရာက ဘာလို့ရှုပ်ထွေးနေလဲဆိုတာ သူမသိပါ။ သူကြည့်နေရသည့်အပေါ် အားရကျေနပ်မှု မရှိနေပုံပေါ်သည်။
ထင်ရှားစွာပဲ မီးဖိုခန်းထဲမှ သူမေးလိြက်သောစကားကို သူမကြားပါ။
"ဟန်နီရေ... ဘာကြည့်နေတာလဲ"
လင်ကျန်းရီ လျှောက်သွားလိုက်ကာ စူးစမ်းရင်းမေးလိုက်သည်။ စုကျစ်ယန်က လျှောက်ကြည့်နေဆဲပင်။
"ကျွန်တော်၀တ်နိုင်တဲ့အ၀တ်တွေ ရှာနေတာ"
"တစ်နေ့ကတုန်းက ကိုယ်၀ယ်ပေးထားတယ်မဟုတ်လား။ ထပ်၀တ်လု့မရတော့ဘူးလား"
လင်ကျန်းရီ စုကျစ်ယန်၏ခါးကို လှမ်းကြည့်သည်။ အဲဒါက နည်းနည်းပိုကြီးလာသော်လည်း အ၀တ်များ၏အကျယ်အနေအထားကို မကျော်လွန်သေးပါ။
ယခုက သူ့သားလေးများ အရူးအမူးဖွံ့ဖြိုးနေသောကာလဆိုတာ သူသိတာကြောင့် 'L'ဆိုဒ်ကို ၀ယ်ခဲ့ကြသည်လေ။ စုကျစ်ယန်က ခေါင်းခါပြသည်။
"မဟုတ်ဘူး။ ကျွန်တော်က ကျွန်တော့်ကို ယောကျ်ားတစ်ယောက်မဖြစ်နိုင်စေတဲ့ အ၀တ်ကိုရှာနေတာ"
"မင်းလိုချင်တာ အမျိုးသမီး၀တ်လား"
လင်ကျန်းရီ စုကျစ်ယန်ကို အနောက်မှပတ်လိုက်ကာ သူ့လက်များကို ၀မ်းဗိုက်လေးပေါ် အကြိမ်ရေအနည်းငယ်ခန့် ပွတ်သပ်လိုက်သည်။
"ဒါက အဆင်မပြေဘူးလား"
"ဒါပေမဲ့ ကျွန်တော်အပြင်သွားရင် လူတွေအများကြီးကြည့်ကြတာလေ"
"သူတို့အကြည့်တွေကို ကြောက်လို့လား"
"မကြောက်ပါဘူး"
စုကျစ်ယန် နှုတ်ခမ်းစူလိုက်ကာ နည်းနည်းလေး မပျော်မရွှင်ဖြစ်နေပုံရသည်။
"ဒါပေမဲ့ လူ့အသိုင်းအ၀ိုင်းက ကျွန်တော်တို့(ဘ၀)ခရီးကို နှောင့်ယှက်လိမ့်မယ်"
"အဆင်ပြေပါတယ်။ မကြောက်နဲ့။ ဘ၀တစ်လျှောက်လုံး ကိုယ်မင်းကိုကာကွယ်ပေးမှာ။ ဘယ်သူပဲချဉ်းကပ်လာရဲပါစေ ကိုယ့်မျက်လုံးတွေနဲ့ သတ်ပစ်လိုက်မယ်"
လင်ကျန်းရီက ဟာသနှောသည်။ စုကျစ်ယန်က တခစ်ခစ်ရယ်ကာ ခေါင်းညိတ်သည်။
"အင်းပါ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကလည်း အမျိုးသမီးအ၀တ်တွေ မ၀တ်ချင်ပါဘူး။ သူတို့ကြည့်ချင်သလို ကြည့်ပါစေ"
"မင်းအပြင်ထွက်ချင်လို့လား။ ဘယ်သွားချင်လဲ"
လင်ကျန်းရီ မေးလိုက်သည်။
"ကျောက်မြတ်ရတနာဆိုင်"
စုကျစ်ယန်က လင်ကျန်းရီကို မျက်ခုံးပင့်ကာကြည့်သည်။ အဲဒီ့နောက် လင်ကျန်းရီက လျှော့ပေးလိုက်ကာ လက်မောင်းအနေအထားကို သူ့အားကူညီပေးရန်အနေအထားဆီ ပြောင်းလဲလိုက်သည်။ သူက သူ့ကုကူညီရင်း ဘေးမှာရပ်လိုက်သည်။
"ဟုတ်ပြီ။ ကိုယ်လည်း ကျောက်မြတ်ရတနာဆိုင်သွားပြီး မင်းအတွက် အာမခံဆေးပြား တစ်ပြားလောက်၀ယ်မယ်"
စုကျစ်ယန် သူ့ဗိုက်ကိုနှိမ့်ကာ ထိုင်လိုက်သည်။ လင်ကျန်းရီ၏စကားလုံးများကို ကြားပြီးနောက် မော့ကြည့်ကာပြောလိုက်သည်။
"ဟုတ်သား... ရည်ရွယ်ချက်ကအတူတူပဲ။ ခင်ဗျားမှာ ကျွန်တော်လုပ်နိုင်တာထက်ကို အာမခံဆေးပြားတွေ အကြွေးတင်နေတယ်နော်။ မနက်မိုးလင်းရင် ခင်ဗျားဘယ်လောက် ကြောက်စရာကောင်းသလဲဆိုတာသာကြည့်တော့"
လင်ကျန်းရီ ပြုံးသည်။
"ညစာမစားခင် တစ်ခုခုလုပ်တာနဲ့ ပတ်သက်ပြီး မင်းကိုယ့်ကို အာမခံဆေးတစ်ပြားဝယ်ဖို့ပြောတာလား"
"မှန်တယ် ခင်ဗျားမလိုချင်ဘူးလား။ မလိုချင်လဲ မေ့လိုက်တော့"
စုကျစ်ယန်၏မျက်လုံးလေးများက ရန်ဆွပေးခြင်းဖြင့် ပြည့်နှက်နေလေသည်။ လင်ကျန်းရီက လျှြင်မန်စွာပင် အဖြေပေးသည်။
"ဒါပေါ့။ ကိုယ်လိုချင်တယ်လေ"
စကားပြောနေရင်း လင်ကျန်းရီက ဒူးတစ်ဖက်ထောက်လိုက်ပြီး စုကျစ်ယန်၏ခြေထောက်များကို သူ့ပါးပြင်ဖြင့်ပွတ်သပ်လိုက်ကာ သင်ခန်းစာရပါပြီဟူသောအကြည့်ကိုပေးရင်း စုကျစ်ယန်ထံသို့ သနားစရာကောင်းအောင် လုပ်ပြသည်။
"ကျေးဇူးပြုပြီးဇနီးလေးရာ... ကိုယ့်ကို အာမခံဆေးပြားတစ်ပြားပေးပါ"
စုကျစ်ယန်တစ်ယောက် သွားများပေါ်သည်အထိပြုံးကာ လင်ကျန်းရီ၏ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်လေသည်။
"ခွင့်ပြုတယ်"
_ _ _ _ _ _ _ _ _ _ _
Translated by Lay Pyay Yine (team camomile).
_ _ _ _ _ _ _ _ _ _
(Zawgyi)
အခန္း ၈၅။ အာမခံေဆးျပား တစ္ျပားေပးဖို႔ ဇနီးေလးဆီမွာ ေတာင္းမယ္။ လင္က်န္းရီမွာ လွပတဲ့အိပ္မက္တစ္ခုရိွခဲ့တယ္။
စုက်စ္ယန္ကသူ႔ကို 'ေယာက်္ား'လို႔ ႏူးညံ့ညင္သာစြာေခၚကာ (ခ်စ္ေၾကာင္း)၀န္ခံခဲ့သည္ဟု သူအိပ္မက္မက္ခဲ့သည္။ ထို႔ေၾကာင့္ သူဟာသူ႔မ်က္နွာေပၚတြင္ အရူးတစ္ေယာက္လို ၿပံဳးၿဖဲၿဖဲအမူအရာျဖင့္ အေသေကာင္တစ္ေကာင္လို အိပ္ရာေပၚမွာ ဆက္အိပ္ေနခဲ့သည္။
လင္က်န္းရီ သူ႔အိပ္မက္မွနိုးလာခ်ိန္မွာေတာ့ မနက္၁၀နာရီပင္ ထိုးေလၿပီ။
အိုး.... ခ်ီးပဲေလ....။
ဘိုးေဘးေလးက ပံုမွန္ဆို ကိုးနာရီမွာအိပ္ရာထေလ့ရွိၿပီး မနက္စာစားရင္း ေၾကးမ်ားလိမ့္မည္။ သူကတစ္ညလံုးဗိုက္ထဲမွာ အစာမရွိဘဲေနခဲ့ရတာေလ။
သူ႔ဗိုက္ထဲက ေကာင္ေလးေသးေသးေလးေတြကလည္း ျပဳစုဖို႔လြယ္ကူတဲ့ သခင္ငယ္ေလးေတြမဟုတ္ၾကဘူး။
အခ်ိန္နွင့္တစ္ေျပးညီ မျပင္ဆင္ေပးနိုင္ပါက ဘိုးေဘးေလးက ထပ္ၿပီးေဒါသထြက္ဦးမည္။
ဟုတ္တာေပါ့။ စိတ္ဆိုးတယ္ဆိုတာကကိစၥေသးေသးေလးဆိုေပမဲ့ သူကတစ္ကယ္ႀကီး ဗိုက္ဆာေနခဲ့မွာေလ။ လင္က်န္းရီ သူ႔ဘာသာ ေသာကေရာက္သြားရသည္။
လင္က်န္းရီ ကမန္းကတမ္းခုန္ထကာ ၾကမ္းျပင္ေပၚေျခခ်ၿပီး တံခါးဆီေျပးေတာ့သည္။ ေျခနွစ္လွမ္းမွ်သာရွိေသးခ်ိန္မွာ သူရပ္တန္႔သြားရသည္။ သူ႔လႈပ္ရွားမႈကိုရပ္ကာ မေရမရာဟန္ျဖင့္ ျပန္လွည့္ၾကည့္လိုက္သည္။
အိပ္ရာေပၚမွာတစ္၀က္ အိပ္ရာေဘးမွာတစ္၀က္ အေနအထားျဖင့္ရွိေနခဲ့ေသာ အျပာေရာင္ေစာင္ပါးေလးက သူ႔လႈပ္ရွားမႈေၾကာင့္ ယခုေတာ့ ေကာ္ေဇာေပၚေရာက္ေနေလၿပီ။
အမ္..။ ေစာင္က ဘယ္ကေနေရာက္လာတာလဲ။
လင္က်န္းရီ အိပ္ရာဆီျပန္ၾကည့္လိုက္ရာ အိပ္ရာေခါင္းရင္းမွာ ေခါင္းဦးတစ္လံုးကို ေတြ႕လိုက္ရသည္မို႔ သူ႔မ်က္လံုးေတြေတာက္ပသြားရသည္။
က်စ္ယန္လာပို႔သြားခဲ့တာမ်ားလား။
"ကြၽန္ေတာ္လည္း ခင္ဗ်ားကိုခ်စ္ပါတယ္ ေယာက်္ားရယ္"
ရုတ္တရက္ႀကီး... သည္စာေၾကာင္းက ရုတ္တရက္ႀကီး သူ႔မွတ္ဉာဏ္ထဲမွာ ေပၚထြက္လာသည္။ လင္က်န္းရီ၏မ်က္လံုးမ်ား ပို၍ပင္ ေတာက္ပသြားရေလၿပီ။
ဒါကအိပ္မက္တစ္ခု မဟုတ္ခဲ့ဘူးလား။
သည္ျဖစ္နိုင္ေခ်ကိုေတြးေတာရင္း တိက်ေသာဥကၠဌႀကီးဟာ ဖိနပ္ပါးစီးဖို႔ပင္ အေနွာင့္အယွက္မျဖစ္ေတာ့ေပ။ တစ္၀က္တစ္ပ်က္ ပြင့္ဟေနေသာ ေရခ်ိဳး၀တ္ရံုကို ေသခ်ာျပန္၀တ္ကာ ေအာ္ဟစ္ရင္းေျပးသြားေလေတာ့သည္။
"ဇနီးေလး... ကိုယ္မင္းကိုခ်စ္တယ္"
သည္စာေၾကာင္းကိုေအာ္ဟစ္ၿပီးေနာက္ သူ႔အသံက ရုတ္တရက္ႀကီးတန္႔သြားကာ သူ႔ေျခလွမ္းကို ျပန္ေနွးလိုက္သည္။ သို႔ေသာ္လည္း သူအမူအရာကေတာ့ အလြန္အမင္း စိတ္လႈပ္ရွားေနဆဲပင္။
သူ အဓိကအိပ္ခန္းမႀကီးဆီ ေျခသံေဖာ့ကာ ေလွ်ာက္သြားၿပီး စုက်စ္ယန္နိုးေနၿပီလားဆိုတာၾကည့္ရန္ တံခါးကိုညင္သာစြာဖြင့္လိုက္သည္။ သူအိပ္ေနတုန္းဆိုလွ်င္ သူအသံေၾကာင့္ နိုးသြားေလာက္တယ္မဟုတ္လား။
ရလဒ္ကေတာ့ အိပ္ရာႀကီးတစ္ခုလံုး အလြတ္ျဖစ္ေနၿပီး လင္က်န္းရီ၏ေခါင္းထဲတြင္ တ၀ီ၀ီအသံေတြ ျမည္ဟည္းလာတာပင္။
ငါေတာ့သြားၿပီ။ ဘိုးေဘးေလးက နိုးေနၿပီ။
ဒါေပမဲ့ သူကဘယ္မွာလဲ။
သူဧည့္ခန္းကိုျဖတ္ေလွ်ာက္လာခ်ိန္မွာ ဆိုဖာေပၚမွာ သူ႔ကိုမေတြ႕ပါ။ လင္က်န္းရီဟာ ေရခ်ိဳးခန္းဆီ ေျပးသြားလိုက္ေသာ္လည္း ဘယ္သူ႔ကိုမွမေတြ႕ေပ။ သူ႔နွလံုးသားေလး ရုတ္တရက္က်ယ္ေလာငစ္စြာ ျမည္ဟည္းလာသည္။
သူထြက္သြားတာမ်ား ျဖစ္နိုင္မလား။ ဒါေၾကာင့္ သူထြက္မသြားခင္ သူ႔ကိုေခါင္းဦးေပး၊ ေစာင္ၿခံဳေပးခဲ့တာပဲ။
"က်စ္ယန္... က်စ္ယန္..."
လင္က်န္းရီ အထိတ္တလန႔္ျဖစ္သြားရေလၿပီ။ သူ၏ထိတ္လန္႔ေနေသာအသံက အခန္းထဲတြင္ ပဲ့တင္ထပ္ေနသည္။ သို႔ေသာ္လည္း သူလက္ေလွ်ာ့လိုက္ဖို႔ ဆႏၵမရွိေပ။
အဓိကအိပ္ခန္းမႀကီးဆီ ေျပးသြားကာ ဒုတိယတစ္ႀကိမ္ ထပ္ၾကည့္လိုက္သည္။ မေမွ်ာ္လင့္ဘဲ သူ႔ေနာက္မွ အသံတစ္သံထြ္လာခဲ့သည္။
"နိုးၿပီလား။ လာစားေတာ့ေလ"
လင္က်န္းရီ၏က်ယ္ေလာင္စြာ ျမည္ဟည္းေနေသာ နွလံုးခုန္သံက ရုတ္တရက္ ေနွးေကြးသြားသည္။ သူမယံုၾကည္နိုင္စြာျဖင့္ ေနာက္ျပန္လွည့္ၾကည့္လိုက္ေတာ့ စုက်စ္ယန္က ၾကက္ဥခရမ္းခ်ဥ္သီးေၾကာ္ပန္းကန္ကိုကိုင္ကာ မီးဖိုခန္းထဲမွထြက္လာသည္။
သူ မ်က္ေတာင္ခတ္လိုက္သည္။
"မင္း... ထြက္သြားတာမဟုတ္ဘူးလား"
"အမ္..."
စုက်စ္န္က သူညည္းတြားလိုက္တာကို မၾကားေပ။ သူကဆိုဖာဆီတိုက္ရိုက္ေလွ်ာက္လာကာ ကုိယ္ကိုေကြးၿပီး ၾကက္ဥခရမ္းခ်ဥ္သီးေၾကာ္ကို စားပြဲေပၚတင္လိုက္သည္။
လင္က်န္းရီ အေျပးအလႊားသြားလိုက္သည္။
"ကိုယ္လုပ္ေပးမယ္။ ဗိုက္ဆာေနတာကို လို႔ကို္ယ့္ကိုမႏႈိးလိုက္တာလဲ။ ဘာလို႔ကိုယ့္ဘာသာလုပ္ရတာလဲ။ ပင္ပန္းေနၿပီလား။ ထိုင္ၿပီးနားလိုက္ဦး"
စုက်စ္ယန္က သူ၏စိုးရိမ္ေနေသာသြင္ျပင္ကိုၾကည့္ကာ သူ႔ကုိက်ီစားေနသလိုခံစားရသည္။ သူဆိုဖာေပၚျဖည္းျဖည္းထိုင္ကာ ေပါ့ပါးစြာပင္ ျပန္ေျပာလိုက္သည္။
"ကိုယ့္အတြက္ကိုယ္ ဘယ္လုိဟင္းခ်က္ရမယ္ဆိုတာ မသိတာမ်ိဳး မႀကိဳက္ဘူး။ ခင္ဗ်ားကအေသေကာင္လိုအိပ္ေနတာေလ။ မႏိႈးခ်င္ေတာ့တာနဲ႔.."
တစ္ကယ္တမ္း စုက်စ္ယန္ဆိုလိုသည္က သူ႔ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေနတာကို ျမင္တဲ့အခါ သူ႔ကိုမႏိႈးခဲ့ရျခင္းအေၾကာင္းရင္းက နည္းနည္းၾကာေအာင္ ပိုအိပ္ေစခ်င္တာေၾကာင့္ျဖစ္သည္။
ဒါေပမဲ့ လင္က်န္းရီနားလည္သြားသည္က- ခင္ဗ်ားကအေသေကာင္လို အိပ္ေနေတာ့ ဘယ္လိုလုပ္ႏႈိးရမွာလဲ။ ကြၽန္ေတာ့္ဘာသာလည္း လုပ္ႏိုင္တယ္။ ခင္ဗ်ားမရွိလု႔ိ အသက္မရွင္နိုင္တာမ်ိဳး မဟုတ္ဘူး။
[Lay Pyay - Where our president's IQ? XD]
ထို႔ေနာက္ လက္ဖက္ရည္စားပြဲေပၚမွ ဟင္းသံုးပြဲကိုငံု႔ၾကၫ့္လိုက္ၿပီး လင္က်န္းရီတစ္ေယာက္ ခ်က္ခ်င္းပင္ေခြၽးမ်ားစို႔လာကာ ထိတ္လန္႔တၾကားျဖစ္သြားသည္။
"က်စ္ယန္... ကိုယ္ထမင္းသြားယူလိုက္မယ္... မင္းထိုင္ေနဦး"
"ထမင္းေပါင္းအိုးကဒီမွာ ယူလာၿပီးၿပီ။ အင္း... စားပြဲေအာက္မွာ"
စုက်စ္ယန္က အရိပ္အေယာင္ျပသည့္အေနျဖင့္ ေျခေခ်ာင္းမ်ားျဖင့္ ညင္သာစြာ ကန္ျပလိုက္သည္။
"....."
လင္က်န္းရီတစ္ေယာက္ သည္ေန႔မွတမူထူးျခားေနေသာ စုက်စ္ယန္ကိုၾကည့္ကာ တစ္စံုတစ္ရာဆံုးရႈံးသြားသလို ခံစားလိုက္ရသည္။ တစ္ခ်ိန္တည္းမွာပင္ သူ၏မဟာဗ်ဴဟာက်ေသာဦးေနွာက္က မႈိင္းေ၀လာခဲ့ေလၿပီ။ အသံတစ္သံက သူ႔စိတ္ထဲမွာ ပဲ့တင္ထပ္ေနသည္။
- ငါေသၿပီ။ ငါေတာ့ေသၿပီ။ သူ႔ကိုျပဳစုဖို႔ေတာင္ ငါ့ကိုမေျပာေတာ့ဘူး။ အခုေတာ့ ငါတို႔ၾကားကအကြာအေ၀းက ပိုေတာင္ေ၀းသြားၿပီ။ ငါဘာလုပ္သင့္လဲ။ ငါဘာလုပ္သင့္လဲ။
"ျမန္ျမန္ေလး သြားတိုက္၊ မ်က္နွာသစ္ေလ။ ၿပီးရင္လာစားေတာ့။ ခင္ဗ်ားမွာ စားၿပီးရင္ ပစၥည္းထည့္ရမွာေတြ ရွိေသးတယ္"
စုက်စ္ယန္က ေက်ာက္တံုးတစ္တံုးလိုျဖစ္ေနေသာ လင္က်န္းရီကို တြန္းထုတ္သည္။
"ဘာပစၥည္းလဲ"
လင္က်န္းရီ ခက္ခက္ခဲခဲေမးလိုက္သည္။
ခြဲၿပီးေနဖို႔မ်ားလား။
"စားၿပီးရင္ ေျပာျပမယ္။ ျမနျ္မန္သြား"
စုက်စ္ယန္က လင္က်န္းရီကို ေဒါသထြက္ေနဟန္ စိုက္ၾကည့္လိုက္သည္။ လင္က်န္းရီ ခ်က္ခ်င္းထကာ ေရခ်ိဳးခန္းဆီသြားေတာ့သည္။
"အင္းပါ။ ကိုယ္သန္႔ရွင္းေရးလုပ္ၿပီးတာနဲ႔ ျပန္လာခဲ့မယ္"
သူမ်က္နွာသစ္၊ သြားတိုက္ကာ ေရခ်ိဳးလိုက္သည္။ လင္က်န္းရီဟာ အ၀တ္အစားလဲၿပီးေနာက္ ဂရုတစိုက္ထြက္လာလိုက္သည္။ သူစုက်စ္ယန္၏မ်က္နွာအေနအထားကို ေလ့လာလိုက္သည္။
သူကတည္ၿငိမ္ၿပီး တိတ္ဆိတ္ေနသည္ပဲ။ စိတ္လည္းမဆိုးသလို ေပ်ာ္လည္းေပ်ာ္မေနဘူး။ ဘယ္လိုျဖစ္နိုင္ေခ်အေၾကာင္းရင္းမွ သူရွာလု႔ိမေတြ႕နိုင္ပါ။
"ဒီ... က်စ္ယန္က... ငါသိတဲ့..."
"အရင္စားလိုက္ဦး..."
စုက်စ္ယန္က အစားအစာအခ်ိဳ႕ကို သူ႔ဘက္ကိုပို႔ေပးကာ သူကိုယ္တိုင္လည္း စတင္ကာစားသည္။ တစ္ခဏမွ်စားၿပီးေနာက္မွာ လင္က်န္းရီစတင္ကာ ရႈပ္ေထြးလာၿပီး သူ၏'တူ'ကို မေ႐ႊ႕ေတာ့ေပ။ စုက်စ္ယန္ အၾကာႀကီးမထိန္းခ်ဳပ္ထားနိုင္ေတာ့ေပ။
"အဆိပ္ခတ္ထားမွာ ေၾကာက္လို႔လား"
ဒါကိုေျပာၿပီးေနာက္ သူဟာ ေပ်ာ္႐ႊင္လာဟန္ရသည္။ လင္က်န္းရီတစ္ေယာက္ သူ(စု) ဆိုးသြမ္းေသာတစ္ခုခုကိုလုပ္ရင္း ေအာင္ျမင္သြားသလိုမ်ိဳး မ်က္ခုံးပင့္ကာ ၿပဳံးေနသည္ကို ျမင္လိုက္ရသည္။
သူ႔ကို ေျခာက္လွန႔္ရန္ ရည္႐ြယ္ခ်က္ရွိရွိျဖင့္
You are reading the story above: TeenFic.Net