Chapter 84 ( U+Z)
Background color
Font
Font size
Line height
(Unicode)
အခန်း ၈၄။ 'ယောကျ်ား'ဆိုတဲ့ခေါ်သံက အရမ်းကိုစိတ်ကျေနပ်ဖို့ကောင်းတယ်။
သူနှင့် rs ဖြစ်နေစဉ်တစ်လျှောက်လုံး အစားထိုးတစ်ယောက်ဖြစ်ရလျှင်တောင် ငြင်းပယ်ရန်မရှိဘူးဆိုတာ ဖော်ပြရန်အတွက် ယဲ့ရှော်တစ်ယောက် လော့ယန်၏အိပ်ဆောင်ကိုသွားခဲ့ချိန်မှာ ထိုအခန်းဟာ ကြင်စဦးဇနီးမောင်နှံစုံတွဲတစ်တွဲထံမှ သိမ်းပိုက်ခံထားရပြီးဖြစ်သည်။
ကျောင်းက စည်းမျဉ်းတွေကို အပြောင်းအလဲလုပ်ထားမှန်းမသိသည့် ယဲ့ရှော်ဟာ လော့ယန်က သူ့ကိုရှောင်ဖို့ရာ ထွက်သွားသည်ဟုတွေးလိုက်သည်။
သူ့အချစ်ကို ဆုံးရှုံးသွားသလို ခံစားလိုက်ရပြီး မြက်ခင်းပြင်ပေါ် မလဲလျောင်းခင် ကွင်းပြင်၌ အကြိမ်နှစ်ဆယ်တိတိ ပတ်ပြေးခဲ့ပြီးနောက် သူမထချင်တော့ပေ။
တကယ်တော့ အစပိုင်းမှာ လော့ယန် သူ့ကိုပြောခဲ့တာက သူ့အတွေ့အကြုံကနေရခဲ့သည့် ရိုးရိုးသားသားအကြံဉာဏ်ပဲဖြစ်သည်။
ယဲ့ရှော်ကိုလှုံ့ဆော်ရန် အဘယ်ကြောင့် သည်လိုရက်စက်ကြမ်းကြုတ်သော စကားလုံးများကို သုံးရလောက်သည်အထိ အကြင်နာကင်းမဲ့ရသနည်း။ ဒါက... ဒီကလေးကြီးကို မကြိုက်သောကြောင့် မဟုတ်ပါချေ။
ဆန့်ကျင်ဘက်အနေဖြင့် သူ့အပေါ် ချစ်ခင်ကြင်နာမှုအချို့ကို ခံစားခဲ့ရပေမယ့် တူညီသောအခြေအနေမျိုးကြုံရမှာကို ကြောက်သည့်အတွက်ကြောင့် သူ့ကို တွန်းထုတ်လိုက်တာက ပိုကောင်းပါသည်။
အရာအားလုံးကို spouting stageတွင် ရပ်တန့်ပါက ကိစ္စတွေ ကောင်းမွန်သင့်သည် မဟုတ်လား။
သူ့အတွက်ပဲဖြစ်ဖြစ်၊ ယဲ့ရှော်အတွက်ပဲဖြစ်ဖြစ် ဒါက ပညာရှိဆုံးရွေးချယ်မှုဖြစ်သည်။
သို့သော်လည်း လော့ယန်မသိပါ။ စုကစ်ယန်၏အိမ်တွင် ရက်အနည်းငယ်ကြာ အခြေချနေထိုင်ကာ ကျောင်းပြန်တက်ပြီးနောက် ယဲ့ရှော်၏ပုံပန်းသွင်ပြင်ဟာ သူ့ရှေ့တွင် ပေါ်လာဆဲဖြစ်သည်။
ထိုနေ့က နာကျင်ခဲ့ရသူမှာ သူမဟုတ်သလိုပင်။ သူဟာ ဟိုယခင်တုန်းကလိုပဲ ရွှင်လန်းနေခဲ့သည်။
"ပါမောက္ခလော့... ကျွန်တော် အစားထိုးတစ်ယောက်ဖြစ်ဖို့ အဆင်ပြေပါတယ်။ ခင်ဗျားကြိုက်တဲ့လူအတွက် ကျွန်တော်အစားထိုးတစ်ယောက် ဖြစ်ပေးနိုင်တယ်။ တစ်နေ့ကျရင် ဒီရေ(အခက်အခဲ)တွေကို ကျော်ဖြတ်ပြီး ခင်ဗျားရဲ့ချစ်သူအစစ်ဖြစ်လာမှာပါ"
ယဲ့ရှော်၏ မျက်လုံးများဟာ မှိတ်တုတ်မှိတ်တုတ်ကြယ်လေးများသဖွယ် တောက်ပနေသည်။
"…"
လော့ယန်ဟာ သူ၏ ကြမ်းတမ်းသော အခြေအနေများကို ယဲ့ရှော်လက်ခံလိမ့်မည်ဟု မမျှော်လင့်ထားပါ။ သူအပြစ်ရှိသလို ခံစားခဲ့ရသည်။ သို့သော်လည်း သူသဘောမတူဘဲလျစ်လျူရှုကာ သူ့ကိုမမြင်သလိုသာ ဆက်ဆံခဲ့သည်။
ဆိုလိုသည်ကတော့ - မင်းနဲ့ချိန်းတွေ့ဖို့ ငါသဘောတူမှာမဟုတ်ဘူး။ လက်လျှော့လိုက်တော့။
အခြေခံအားဖြင့် ယဲ့ရှော်ဟာ ခုနစ်နှစ်တာမျှ တစ်ဖက်သတ်နာကျင်မှုကို တောင့်ခံနေခဲ့တာဖြစ်သည်။  နောက်ထပ်နှစ်နှစ်လောက်ကို သူကြောက်နေမှာတဲ့လား။
သေချာပေါက်မဟုတ်ဘူးပေါ့။ သည်တော့  ယဲ့ရှော်၏ဝန်ခံခြင်းမပြုမီ သူတို့နှစ်ဦးကြားရှိဆက်ဆံရေးက အခြေခံအားဖြင့် မူလအစအနေအထားသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။
သူက အတန်း၏ပထမဆုံးတန်းတွင်ထိုင်ပြီး သူ့ဟောပြောချက်ကို သေချာနားထောင်သည်။ သူ့မှာ ဘာမှလုပ်စရာမရှိတဲ့အခါ လော့ယန်အတွက် လက်ဆောင်သေးသေးလေးတွေဝယ်သည်။ အဲဒီ့နောက် လော့ယန်ဆီက စားစရာကို အရှက်မရှိိလိုက်တောင်းသည်။
ဟုတ်တာပေါ့။ လော့ယန်ကစုကျစ်ယန်၏အိမ်မှာ နေရာတစ်ခုငှားထားတာကြောင့် သူခေါ်သော'အစားအစာ'ဟူသည်က လော့ယန်တစ်ယောက် အိမ်တွင်လုပ်ကာ ကျောင်းသို့ယူလာတတ်သော အစားအစာဖြစ်သည်။
လော့ယန်တစ်ယောက် မပျော်ရွှင်သောမျက်နှာရှိနေပြီး ယဲ့ရှော်ကတော့ သူ၏ကရုဏာသက်မှုကိုရရှိရန် 'အ၀တ်နည်းနည်းလေးသာ၀တ်ဆင်ခြင်း' သို့မဟုတ် 'သည်နေရာမှာ၊ ဟိုနေရမှာ သက်တောင့်သက်သာမဖြစ်ဘူး' ဟုပြောခြင်းမျိုးဖြင့် မတူညီသောဆောင်ရွက်ချက်များကို အသုံးပြုလေသည်။
လော့ယန်က အတော်ကိုနူးညံ့သိမ်မွေ့နေသေးသည်။ သူဟာ ယဲ့ရှော်အပေါ် အလွန်အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သော ပထမဆုံးအကြိမ်မှလွဲ၍ ပုံမှန်အားဖြင့် အလွန်နူးညံ့သိမ်မွေ့သည်။
ထို့ကြောင့် အချိန်အများစုဟာ ယဲ့ရှော်ဟန်ဆောင်နေတာဖြစ်မှန်း သူသိသော်ငြား   သူ့ကိုယ်သူ လှည့်စားမိသေးသည်။
ဒါကြောင့် သူတို့နှစ်ယောက်လုံး ဒီယိုင်နဲ့နေသော အခြေအနေမှာ ရှိနေကြပြီး ဘယ်သူကမှ ပြတင်းပေါက်ရဲ့စာရွက်ကို မဆုတ်ဖြဲကြပါဘူး။
{*ရှင်းလင်းချက် = အခြေအနေကယိုင်နဲ့နေပေမဲ့ အလိုက်သင့်လေးသာနေနေကြပြီး ဘယ်သူကမှဒီအခြေအနေကို မဖျက်စီးကြဘူး။}
လော့ယန် ကို တကယ်ထိခတ်မိတာကတော့ စုကျစ်ယန်က ဆေးရုံရဲ့အခကြေးငွေကို ပေးချေပေးဖို့ တောင်းဆိုတဲ့ အဖြစ်အပျက်ပဲဖြစ်သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ်က သူ့ကိုယ်သူ ကောင်းမွန်စွာ ပြုစုပျိုးထောင်ခဲ့သောကြောင့် စုဆောင်းငွေ များများစားစား မရှိခဲ့ပေ။ ဒါပေမယ့် စုကျစ်ယန်က သူ့သူငယ်ချင်းအသစ်ဖြစ်ပြီး ယဲ့ရှော်က ပိုက်ဆံအနည်းငယ်ရှိတယ်ဆိုတာ သူသိခဲ့တာမို့ ဒီသူငယ်ချင်းအတွက် မျက်မှောင်တစ်ချက်ပင်မကြုတ်ဘဲ သူ့ဆီကအကူအညီတောင်းခဲ့သည်။
ယဲ့ရှော်ကလော့ယန်ကို စိတ်မပျက်ခဲ့ပါ။ သူ့ဆီတိုက်ရိုက်လာပြီး ဘဏ်ကတ်ကိုပေးခဲ့သည်။ ကတ်ထဲကပိုက်ဆံက စုကျစ်ယန်ရဲ့ ဆေးရုံခကို အဆတစ်ရာပြန်လောက် ပေးချေဖို့ပင် လုံလောက်ပါသည်။
လင်ကျန်းရီဟုခေါ်သော ထိုလူက ဆေးရံ
ုစရိတ်အတွက် ပေးချေပြီးဖြစ်တာကြောင့် နောက်ဆုံးတွင် အခကြေးငွေကို ပေးဆောင်ရန် မလိုတော့သော်လည်း သူကသူ၏ အားကောင်းလှသောရန်လိုမှုကို ပြသခဲ့သည်။
လော့ယန်က သူ၏ပြင်းထန်သော မနာလိုမှုကို ဘယ်လိုလုပ်နားမလည်ဘဲ နေမှာတဲ့လဲ။
သိပ်မကြာခင်မှာပဲ လင်ကျန်းရီဟာ စိတ်ကူးယဉ် အချစ်ပြိုင်ဖက်အဖြစ် သူ့ကိုရွေးချယ်(ယူဆ)ခဲ့သည်။ ဟုတ်ပါသည်။ ဒါဟာ လင်ကျန်းရီက စုကျစ်ယန်ကို အချစ်စစ်နဲ့ချစ်တာကြောင့်ဆိုတာ သူပြောနိုင်သည်။
သူနှစ်၀က်မျှပင်မနေခဲ့ရဘဲ ထွက်ခွာခဲ့ရသည်။ ထို့ကြောင့် အနည်းငယ် တုံ့ဆိုင်းနေသော်လည်း ယဲ့ရှော်က အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူ့အိတ်နှစ်လုံးကို ကူသယ်ပေးပြီး သူ့နေထိုင်ရာနေရာကို တက္ကစီတစ်စီးဖြင့် ခေါ်သွားသည်။
ယဲ့ရှော်က အထက်တန်းကျောင်း ဒုတိယနှစ်ကျောင်းသားဘဝကတည်းက သူ့အိမ်မှ ထွက်ခွာလာခဲ့သည်။ သူတစ်ယောက်တည်း လေးနှစ်နေခဲ့သည်။
ဆေးရုံမှာတုန်းက သူအမှတ်မထင်အကြံပြုလိုက်ချိန်မှာ လော့ယန်က သူနဲ့အတူနေဖို့ သဘောတူလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။
ဘွဲ့ရချိန်အထိတောင်မှ 'မျှော်လင့်ချက်မရှိဘူး'ဟုသိထားတဲ့ ယဲ့ရှော်ဟာ မျှော်လင့်မထားသာအသီးတစ်လုံး (အခွင့်အရေးတစ်ခု)က ကောင်းကင်မှနေ၍ သူ့ခေါင်းဆီ တိုက်ရိုက်ကြွေကျလာသကဲ့သို့ ယခင်ကထက် ပိုမိုပျော်ရွှင်စေခဲ့သည်။
အတူနေထိုင်ပြီးနောက် ယဲ့ရှော်ဟာ ပို၍ပင်ပျော်ရွှင်လာခဲ့သည်။ သူက လော့ယန်၏အစားအစာကို နေ့တိုင်းစားနိုင်သည်။
သူဟာကမ္ဘာပေါ်ရှိ ကောင်းချီးပေးအခံရဆုံးသူကဲ့သို့ပင် cloud 9 ပေါ်တွင် ရှိနေခဲ့သည်။
{*cloud 9 ဆိုတာက အလွန်အကြူးပျော်ရွှင်တာ၊ အူမြူးတာကို ဖော်ပြတဲ့စကားလုံးပါ။}
ထို့ကြောင့် သူတို့နှစ်လတာမျှအတူနေပြီးနောက် ယဲ့ရှော်က သူတို့ကြားမှပတ်သတ်မှုကို အတည်ပြုရန်ကြိုးစားခဲ့သည်။ ပိုပြီးအံ့အားသင့်ဖွယ်ကောင်းသည်က လော့ယန်က တစ်ကယ်ကြီး သဘောတူတာပင်။
သူ၏စစ်မှန်သောသဘောထားက သူ့(နှလုံးသား)ကို ထိခတ်သွားခဲ့တာဖြစ်နိုင်ပါသည်။ လော့ယန်က နူးညံ့သောနှလုံးသားရှိသူတစ်ယောက်ဖြစ်သည်။ ယဲ့လန်၏ဖြစ်ရပ်အပြီး ခုနစ်နှစ်တာကာလကိုဖြတ်သန်းပြီးနောက်မှာ ထိုအကြောင်းကိုထပ်တွေးရန်မလိုတော့ပါချေ။
ယဲ့ရှော်က သူ့အနားတွင် နှစ်နှစ်တာမျှ တရစ်၀ဲ၀ဲရှိနေခဲ့ပြီး 'ယဲ့လန်နှင့်ပတ်သတ်သည်'ဟူသောကိစ္စကို ဖွင့်ပြခဲ့သည်မှာ ကြာမြင့်ခဲ့လေပြီ။
သူနှင့်ယဲ့လန်တို့ တစ်ကယ်တမ်း တစ်စုံတစ်ရာလုပ်ဆောင်လိုလျှင်ပင် ဘာဖြစ်မည်တဲ့လဲ။ ယဲ့ရှော်က ယဲ့လန်မဟုတ်ပေ။ သူကယဲ့ရှော်သာဖြစ်သည်။ ယဲ့ရှော်က သူ့ကိုတိတ်ဆိတ်ငြိမ်သက်စွာ ငေးကြည့်နေတတ်သူသာဖြစ်သည်။
လော့ယန်က အချစ်ကြောင့် သူ့နှလုံးသားလေးထုံထိုင်းသွားခဲ့သည်ဆိုပေမဲ့လည်း သည်အဓိပ္ပာယ်က သူနောက်ထပ် ချစ်သူအသစ်တစ်ယောက် မထားတော့ဘူးလို့ဆိုလိုတာမဟုတ်ပေ။
သည်အချိန်မှာ လော့ယန်ဟာ လွန်ခဲ့သော ခုနစ်နှစ်ကလို မိုက်ရူးရဲဆန်တော့မှာမဟုတ်ပေ။ သူသွန်ချ(ဖွင့်ဟ)လိုက်သောခံစားျက်များက ယဲ့ရှော်နှင့်ယှဉ်လျှင် ပိုနည်းသည်။ သို့သော်ငြားလည်း သူတို့က ချစ်ခြင်းလမ်းကြောင်းပေါ်မှာ လျှောက်နေကြတုန်းပင်။
လော့ယန်က သူနှင့်အတူဆက်ဆံရေးတစ်ခုကိုတည်ဆောက်ရန် လိုလိုလားလားရှိသည်ဟု ယဲ့ရှော်ခိုင်မာစွာ ယုံကြည်ထားသည်။ ဒါမှ ဒီအချစ်ကို အဆုံးမသတ်နိုင်စေမယ့် အရည်အချင်းရှိမှာပင်။
ယဲ့ရှော်ဟာ လော့ယန်၏ငြိမ်သက်စွာအိပ်စက်နေသောမျက်နှာကိုငုံ့ကြည့်ရင်း သူ့ခန္ဓာကိုယ်ကို ဖြည်းညင်းစွာ ကွေးလိုက်သည်။ ပြီးနောက် သူ၏မျက်ခုံးပေါ်သို့ နူးညံ့ညင်သာသော အနမ်းတစ်ပွင့်ကို ပေးအပ်လိုက်သည်။
_ _ _ _ _ _
စုကျစ်ယန်အကြောင်း ပြန်ပြောရလျှင် လော့ယန်နှင့်ဖုန်းပြောပြီးနောက်မှာ ဖုန်းကော်လ်ကို ပြန်ချပြီး သူ့ဖုန်းကို တစ်ဖက်မှ ဗီရိုပုလေးအပေါ် တင်ထားလိုက်သည်။
ထို့နောက် တစ်ဖက်မှာလဲလျောင်းကာ လော့ယန်သူ့ကိုဘာပြောခဲ့တယ်ဆိုတာ ပြန်လည်စဉ်းစားတွေးတောလိုက်သည်။
တစ်ကယ်တမ်း သူကပဲအတွေးလွန်နေခဲ့တာလား။ ဒါပေမဲ့ သူထင်ထားတာတွေ ဖြစ်လာဖို့ ဖြစ်နိုင်ခြေက အမြဲရှိနေတယ် မဟုတ်လား။
ခဏလောက် ဘေးချင်းကပ်နေပြီးနောက် စုကျစ်ယန်ဟာ သူ့ဝမ်းဗိုက်မှာ မသက်မသာဖြစ်နေကြောင်း ခံစားလိုက်ရသည်။ သူက နောက်ပြန်လှည့်ပြီး ညာဘက်လက်ကိုအသုံးပြုကာ ကူရှင်ကိုထိပြီးနောက် ပိုမိုသင့်လျော်သော အနေအထားသို့ ဆွဲတင်လိုက်သည်။
သူအရင်ကထက်စာရင် ပိုသက်တောင့်သက်သာရှိသွားတာမို့ စုကျစ်ယန်ဟာ သူ့လက်ကို ပြန်မဖယ်တော့ဘဲ သူ့ဝမ်းဗိုက်ကို ဖိကပ်ထားသောကူရှင်ကို ညင်သာစွာပွတ်သပ်ရင်း စိတ်ထဲမှာတော့ သူလင်ကျန်းရီကို အခန်းအပြင်သို့ နှင်ထုတ်လိုက်သည့်ပုံရိပ်များဖြင့် လင်းလက်တောက်ပနေခဲ့သည်။
လင်ကျန်းရီဟာ အမှားလုပ်မိသော်လည်း သူ့အမိန့်ကို မဖီဆန်ခဲ့ပေ။ အပြင်မထွက်ခင်မှာ သူ့အတွက်ဂရုတစိုက်ဖြင့် ကူရှင်ကိုခုပေး၊ သူ့ကိုစောင်ခြုံပေး၊ ခေါင်းအုံးပြင်ပေးပြီး နောက်ဆုံးမှာမှ ဧည့်သည်ခန်းထဲကို ခြေလှမ်းအနည်းငယ်လှမ်းသွားတိုင်း ခေါင်းကို နောက်ပြန်လှည့်ကြည့်နေသည်။ တစ်ချိန်တည်းမှာပင် သူ့ကိုပြောဖို့လည်းမမေ့ပေ။
"တစ်ခုခုဖြစ်ရင် ကိုယ့်ကိုခေါ်လိုက်နော်။ မင်းအသံကြားရအောင် ကိုယ်တံခါးဖွင့်ထားမယ်"
စုကျစ်ယန် သက်ပြင်းချလိုက်သည်။ စိတ်ကူးယဉ်ရတာကို အရမ်းနှစ်သက်တာကြောင့်များလား။
လင်ကျန်းရီက သူ့နဲ့စိတ်ဆိုးနေပေမဲ့ နာခံမှုဖြင့် ထွက်သွားသေးသည်။
ထို့အပြင် ထွက်ခွာမသွားမီတွင် ကဏ္ဍပေါင်းစုံ၌ သက်တောင့်သက်သာရှိစေရန် သူ့ကိုယ်သူပြုလုပ်ကာ ပထမအခိုက်အတန့်တွင် သူ့ကိုယ်သူ တွေးတောရန် မမေ့ခဲ့ပါ။
သူ့ကိုယ်သူ ဒေါသထွက်ရမှာလား။ ဒီတစ်ခါတော့ ဆင်ခြင်တုံတရားမဲ့နေတဲ့သူက သူပဲ ဖြစ်သင့်တယ်မဟုတ်လား ။
လင်ကျန်းရီ ဘာမှမယူဘဲ ဒီအတိုင်းထွက်သွားတာကို သူသတိရလိုက်သည်။ ခေါင်းအုံး၊ စောင်နှင့် အခြားအရာအားလုံးက သည်အခန်း၏ ဗီရိုထဲတွင် ရှိနေသည်။
သူတို့နှစ်ယောက်စလုံး အရင်က ကုတင်တစ်လုံးတည်းမှာ အိပ်တဲ့အခါ လင်ကျန်းရီက ခေါင်းအုံး ဒါမှမဟုတ် စောင်တွေယူဖို့ ဗီရိုဆီ တစ်ခါမှမသွားဖူးဘဲ သူ့ကိုသာ ခေါင်းအုံးတစ်လုံးလို ပွေ့ဖက်ပြီး စောင်ကို အတူတူ မျှဝေခဲ့သည်။ သူက သူ့ရင်ဘတ်ပေါ်မှာ လဲလျောင်းလေ့ရှိတာမို့ ခေါင်းအုံးတွေလည်း မလိုအပ်နေပါချေ။
ယခုတော့ သူကဧည့်သည်ခန်းထဲတွင် အိပ်နေသည်။ ဧည့်သည်ခန်းထဲမှာ ခေါင်းအုံးတွေ၊ စောင်တွေ ဒါမှမဟုတ် ဧည့်ခန်းထဲမှာ ဆင်တူတဲ့ တစ်စုံတစ်ခု ရှိမရှိ သူမသိပါ။
လင်ကျန်းရီဟာ သူ၏အကျိုးအကြောင်းမသင့်သောလုပ်ရပ်ကြောင့် အတော်ကြီးဒေါသထွက်ပြီး ကြမ်းတမ်းသောအိပ်ရာ၌ သွားအိပ်နေလေပြီလား။
အပြန်ပြန်အလှန်လှန်စဉ်းစားပြီးနောက် စုကျစ်ယန်က မီးကိုဂရုတစိုက်ဖွင့်လိုက်သည်။ လက်တစ်ဖက်ကို ကုတင်ပေါ်ထောက်ကာ၊ အခြားလက်တစ်ဖက်ကို ခါးနောက်ပိုင်းကိုထိန်းကိုင်ကာ အိပ်ရာပေါ်မှဖြည်းညင်းစွာထလိုက်သည်။
အခန်းကို ကော်ဇောထူထူများဖြင့် ဖုံးအုပ်ထားသောကြောင့် ဖိနပ်ပါးမစီးထားလျှင်တောင် မအေးပါချေ။  ဒါတင်မကသေး။ ယခုက နွေရာသီဖြစ်သည်။ စုကျစ်ယန် ခြေဗလာဖြင့် ဧည့်သည်ခန်းဆီသို့ လျှောက်သွားလိုက်သည်။
သေချာပေါက် စုကျစ်ယန်က သူသွားရတဲ့ ရည်ရွယ်ချက်ကို မမေ့ခဲ့ပါဘူး။ သူ့ခါးကို ကိုင်ထားတဲ့ လက်မောင်းအပြင် အခြားလက်တစ်ဖက်မှာ စောင်အပါးလေးတစ်ထည်နှင့် အဲဒီလက်မောင်းအောက်မှာ ခေါင်းအုံးတစ်လုံးကို ပွေ့လာသည်။
သည်လိုအသွင်အပြင်ဖြင့် စုကျစ်ယန်ဟာ  သူ၏ဇနီးကောင်းတစ်ယောက်နှင့် မိခင်တစ်ယောက်ကဲ့သို့ လင်ကျန်းရီ၏ဧည့်သည်ခန်းသို့ ဖြည်းညှင်းစွာရောက်ရှိလာသည်။ ဧည့်သည်ခန်းတံခါးက တကယ်ပွင့်သွားခဲ့ပြီ။
လင်ကျန်းရီ နှင်ထုတ်ခြင်းမခံရမီ စာကြောင်းကို သတိရမိရင်း စုကျစ်ယန်ဟာ သူအနည်းငယ်လွန်သွားသည်ဟု ခံစားမိသည်။
လင်ကျန်းရီက သူ့အကြောင်းကို အလွန်အမင်းတွေးတောရင်း ပထမဆုံးအကြိမ်မှာပင် သူ့ရဲ့ခေါ်သံကို ကြားနိုင်စေရန် တံခါးကိုဖွင့်ထားခဲ့သည်။
သို့သော်လည်း သူကတော့ အမြဲတမ်း ဆန့်ကျင်ဘက်တွေး၊ ပြဿနာရှာပြီး အရေးမပါတာလေးအတွက်နှင့် ဒေါသထွက်ခဲ့သည်။
သူတကယ်ရှက်သင့်တာပဲ။
စုကျစ်ယန်က တံခါးဝတွင်ရပ်ကာ မီးဖွင့်သင့်၊ မဖွင့်သင့်ကို တခဏတာ တုံ့ဆိုင်းနေခဲ့သည်။
မီးမဖွင့်လျှင် တစ်စုံတစ်ရာ အမှားဖြစ်သွားမှာကို ကြောက်သည်။ သူမီးဖွင့်လိုက်လျှင်လည်း လင်ကျန်းရီနိုးသွားမှာကို ကြောက်သည်။
အချိန်အတော်ကြာစဉ်းစားပြီးနောက်ဆုံးမှာတော့ မီးဖွင့်ရန် ဆုံးဖြတ်လိုက်သည်။
သူနိုးလာလျှင် တောင်းပန်ပြီး အိပ်ခန်းမကြီးထဲ ပြန်ခေါ်သွားမည်။ သူ မနိုးလာလျှင်တော့ ခေါင်းအုံး၊ စောင်နဲ့ အိပ်ရာခင်းတို့ကို ယူသွားပေးပြီး သူ(စု)ပြန်မအိပ်ခင် သူ့(ရီ)ကို ခြုံပေး၊ ပြင်ဆင်ပေးခဲ့မည်။
သည်ရည်ရွယ်ချက်ဖြင့် စုကျစ်ယန်က လင်ကျန်းရီ၏ အိပ်ရာဆီသို့ ဖြည်းညှင်းစွာ လျှောက်သွားလိုက်သည်။ သေချာပေါက်ပဲ ဒီလူ့မှာ ခေါင်းအုံးတစ်လုံးမပြောနှင့် စောင်တစ်ထည်ပင်ခြုံစရာမရှိပေ။
သူကအဲဒီ့မှာလဲလျောင်းအိပ်စက်နေပြီး  ကျယ်ပြန့်သောရင်ဘတ်ဧရိယာမှာတော့ ရေချိုး၀တ်ရုံတစ်ထည်ကိုသာ ၀တ်ဆင်ထားသည်။
ရုတ်တရက်လင်းလာသောမီးရောင်က လင်ကျန်းရီ၏အိပ်စက်မှုကို သက်ရောက်မှုမရှိပါချေ။ သူကတစ်ဖက်လှည့်၍ပင် ဆက်အိပ်နေသည်။
"ဇနီးလေး... စိတ်မဆိုးပါနဲ့... ဇနီးလေး... ကိုယ်မှားသွားပါတယ်... ကျစ်ယန်... ယန်ယန်... ဇနီးလေး... ကိုယ်မကောင်းတာပါ..."
တစ်ပိုင်းတစ်စီ လင်ကျန်းရီ၏ပါးစပ်မှထွက်လာသော စကားလုံးများက အိပ်ရာဘေးတွင်ရပ်နေသောစုကျစ်ယန်ကို အံ့သြထိတ်လန့်စေသည်။
သူ့အိပ်မက်ထဲမှာတောင်မှ သူကသူ့ကိုခေါ်နေသည်။ သူ့အတွက်သူက ပထမဆုံးနေရာမှာရှိနေတာပဲမဟုတ်လား။ ဒီလိုလူမျိုးတစ်ယောက်က ဘာလု့ိသူ့အပေါ်ကျရှုံးနေနိုင်တာများလဲ။
စုကျစ်ယန် တစ်ခဏလောက် စိတ်သက်သာရာရသွားခဲ့သည်။ သူ့နှုတ်ခမ်းလွှာလေးများ အထက်သို့ကော့ညွတ်သွားကာ အိပ်ရာဘေးတွင် ထိုင်လိုက်သည်။
ကြီးမားသောရေချိုး၀တ်ရုံကို လင်ကျန်းရီအတွက် ကူဆွဲကာ စောင်တစ်ထည်ခြုံပေးလိုက်သည်။ နောက်ဆုံးမှာတော့ လင်ကျန်းရီ၏ခေါင်းကိုမကာ ခေါင်းအောက်သို့ ခေါင်းအုံးကိုထည့်လိုက်သည်။
"ဇနီးလေး... ကိုယ်မှားသွားပါတယ်... စိတ်မဆိုးပါနဲ့.."
လင်ကျန်းရီ ညည်းညူသည်။
စုကျစ်ယန်က သူ့ပါးပြင်ကိုအုပ်ကိုင်ကာ သူ၏နှုတ်ခမ်းလွှာများပေါ်သို့ နူးညံ့ညင်သာစွာ နမ်းလိုက်သည်။
"ကျွန်တော်ခင်ဗျားကိစိတ်မဆိုးပါဘူး။ လိမ္မာတယ်... ကောင်းကောင်းအိပ်ပါ... ယောကျ်ား..."
အိပ်ပျော်နေစဉ်မှာပင် 'ယောကျ်ား'ဟူသောအသံလေးကို ကြားပုံပေါ်သည်။ လင်ကျန်းရီ၏တွန့်ရှုံ့နေသောမျက်ခုံးများက ပြေလျော့သွားကာ အရူးတစ်ယောက်လိုပင် တဟီးဟီးရယ်ကာ ညည်းတွားသည်။
"ဇနီးလေး... ကိုယ်မင်းကိုချစ်တယ်"
"....."
သူ့ဘာသာပြောလိုက်သော စကားလုံးလေးတစ်လုံးက လင်ကျန်းရီကို ပျော်ရွှင်စေနိုင်လိမ့်မည်ဟု စုကျစ်ယန်မထင်ထားခဲ့ပါ။
သူလင်ကျန်းရီကို ဘယ်လိုအမိန့်ပေးခဲ့ပြီး ထိုသူကမကျေနပ်သော စကားတစ်လုံးပင် ပြန်မပြောခဲ့သည်ကို တွေးတောလိုက်သည်။
သူ့ဘာသာပြောလိုက်သောစကားတစ်ခွန်းက လင်ကျန်းရီအတွက် ကောင်းကင်ဘုံမှ လက်ဆောင်တစ်ခုဖြစ်သွားပုံရသည်။ အပြုံးတစ်ပွင့်ကပင် သူ့ကိုနေ့တစ်၀က်လောက် ပျော်ရွှင်အောင် လုပ်နိုင်သည်။
သူ့နှလုံးသားလေး တဆစ်ဆစ်နာကျင်လာသည်ဟု စုကျစ်ယန်ခံစားလိုက်မိပြီး သူ့လက်များကို သူ၏ထင်ရှားပြတ်သားသောမျက်နှာပေါ် ထိတွေ့ပွတ်သပ်ကာ ပြန်လည်ကာတိုးတိုးလေးပြောလိုက်သည်။
"ကျွန်တော်လည်း ခင်ဗျားကိုချစ်ပါတယ် ယောကျ်ားရယ်"
_ _ _ _ _ _ _ _
Translated by Lay Pyay Yhine (team camomile).
ဟေးဟေး ချိုမှချိုရဲ့လား။ နောက်ဆုံးတော့ ခံစားချက်တွေ ပွင့်အံထွက်သွားပြီပေါ့ စုကျစ်ယန်ရေ။
_ _ _ _ _ _ _ _ _ _
(Zawgyi)
အခန်း ၈၄။ '​ယောက်ျား'ဆိုတဲ့​ခေါ်သံက အရမ်းကိုစိတ်​​ကျေနပ်​​ဖို့​ကောင်းတယ်​။
တကယ်တော့ အစပိုင်းမှာ ​လော့ယန်​ သူ့ကို​ပြောခဲ့တာက သူ့အတွေ့အကြုံကနေရခဲ့သည့်​ ရိုးရိုးသားသားအကြံဥာဏ်ပဲဖြစ်​သည်​။
"…"
You are reading the story above: TeenFic.Net