Chapter 81 (U+Z)

Background color
Font
Font size
Line height

(Unicode)

အခန်း-၈၁။ မင်းမသိနိုင်တဲ့ တစ်နေရာရာကနေ တစ်စုံတစ်ယောက်က မင်းကို ကာကွယ်ပေးနေတတ်တယ်။

မင်းရဲ့ချစ်ခြင်းမေတ္တာနဲ့မိခင်ကို တစ်ချိန်တည်းမှာ ဆုံးရှုံးလိုက်ရတဲ့ ဒဏ်ချက်မျိုးကို ခံယူလိုက်ရတာက ဘ၀ကြီးအားစိတ်ပျက်ပြီး ထွက်ပြေးပစ်ချင်လောက်သည်အထိကို ခံစားရစေတာပင်။

လော့ယန်ကိုယ်တိုင်ပင် ထိုကာလကို မည်သို့ရှင်သန်ဖြတ်သန်းရမည်ကို မသိနိုင်ခဲ့ပေ။ တစ်ချိန်လုံး သူ့စိတ်တွေကရှုပ်ထွေးနေခဲ့ပြီး လုံး၀ကို အာရုံမစိုက်နိုင်ခဲ့ချေ။  ထူးချွန်ထက်မြက်သူအဖြစ်မှ အရှုံးသမားဘ၀သို့ သိသိသာသာ နိမ့်ကျသွားပြီး သူ၏ ဘာသာရပ်အချို့ကိုပင် ကျရှုံးခဲ့လေသည်။

သူ့ကို အားအင်တစ်လက်လို ထောက်ကန်ပေးထားခဲ့သည့် သူ့ရဲ့မုန်းတီးနာကျည်းမှုတွေသာ မရှိတော့ပါလျှင် သူအနေနဲ့ ဆက်ပြီးတောင့်ခံနိုင်ထားတော့မှာ မဟုတ်ပါဘူး။

ယဲ့ရှော်ဟာ နောက်ပိုင်းမှာ လော့ယန်တစ်ယောက် ဘာတွေဖြစ်ပျက်သွားခဲ့လဲဆိုတာ သိချင်မိပါသော်လည်း သူကအလွန်တရာမှငယ်ရွယ်သေးပြီး ကျောင်းဆက်တက်ခဲ့နေရသည်။

သူ့ကျောင်းက ဘော်ဒါကျောင်းမို့ ကျန်နေသေးသည့် နောက်ထပ်တစ်လ ကျောင်းဆက်တက်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့ဘူး။ နောက်ထပ်အားလပ်ရက်ရောက်သောအခါ လော့ယန်နှင့်ပတ်သက်သော အကြောင်းကို ဆေးရုံတွင် ဘယ်လိုမှရှာလို့မတွေ့ပေ။

လော့ယန်၏မိခင်က လွန်ခဲ့သောတစ်လခွဲခန့်က သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ယဲ့ရှော် သိခဲ့ရသည်။  အသက်၂၀အရွယ်သာရှိသေးသော သူမ၏သားဖြစ်သူက ဈာပနကို ဦးစီးဆောင်ရွက်ပေးခဲ့လေသည်။

ယဲ့ရှော်ဟာ အိမ်ပြန်သွားပြီးနောက် ယဲ့လန်၏အခန်းတံခါးကိုခေါက်လိုက်သည်။ သူ့အစ်ကိုကိုတောင် ယဉ်ကျေးစွာ နှုတ်ဆက်မနေတော့ပေ။ တကယ်တော့ သူ့အစ်ကိုကြီးတစ်ယောက် လော့ယန်ကို စွန့်ပစ်ခဲ့တာ မြင်ပြီးကတည်းက သူ့ကိုအစ်ကိုကြီးဟု တစ်ခါမှခေါ်ဆိုခြင်းမရှိတော့တာပင်။

"ယဲ့လန်... ယဲ့လန်...  တံခါးဖွင့်စမ်း"

ယဲ့လန်က သူနှင့်စေ့စပ်ထားသူအား သူ့အခန်းထဲ၌ နူးညံ့စွာဖြင့်ပွေ့ဖက်ဆုပ်ကိုင်ထားပေသည်။  သူ့ညီလေးရဲ့အသံကိုကြားတော့ သူအံ့သြသွားမိသည်။ သူ့ရင်ခွင်ထဲက အမျိုးသမီးကို လွှတ်ပေးလိုက်ပြီးနောက် စိတ်မရှည်စွာဖြင့် တံခါးကိုဖွင့်ပေးလိုက်သည်။

ဒီကောင်စုတ်ကလေး ဒီရက်ပိုင်းအတွင်း သူဘာတွေဖြစ်နေတာလဲ။ သူ့ကို "ယဲ့လန်" "ယဲ့လန်" လို့ပဲခေါ်နေတော့တာ။ လုံး၀ကို စိတ်ရှုပ်စရာကောင်းတာပဲ။

တံခါးကို နည်းနည်းလေးဖွင့်ဟပေးပြီးနောက် သူ့ထက်ဆယ်နှစ်နီးပါးငယ်တဲ့ သူ့ညီလေးဖြစ်သူကို ငုံ့ကြည့်လိုက်သည်။

သူစိတ်မရှည်စွာဖြင့်မေးလိုက်သည်။

"ရှောင်ရှော် မင်းကိုဒီလောက်အထိစိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ပြသနာကဘာများတုန်း"

ယဲ့ရှော်က သူ့နှုတ်ခမ်းတွေကို အသာဖိကိုက်လိုက်ပြီး စိတ်အလိုကျမှုမရှိသည့်ပုံစံကို ဖော်ပြလိုက်သည်။

"မင်း အထဲမှာ ဘာလုပ်နေတာလဲ။ ငါမင်းကို တံခါးဖွင့်ပေးဖို့ ပြောနေတာ"

"ကလေးတွေဆိုတာ မျက်ကန်းတစ္ဆေတွေလိုလျှောက်မေးမနေသင့်ဘူး။ မင်းငါ့ကိုဘာကိစ္စအတွက်ရှာနေတာလဲ။ မင်းငါ့ကို 'အစ်ကို' လို့တောင် မခေါ်တော့ဘူး။ မင်းကအသားနာချင်လို့လက်ဝါးတောင်းနေတာလား"

ယဲ့ရှော်က ရေမွှေးနံ့ကို အနံ့ခံလိုက်မိပြီးနောက် မေးလိုက်သည်။

"အဲဒီမိန်းမက ဒီထဲမှာလား"

"အဲဒါ မင်းရဲ့မရီး။  'အဲဒီမိန်းမ' ဆိုတာက ဘယ်လိုခေါ်လိုက်တာလဲ"

ယဲ့လန်တံခါးကိုပိတ်ပစ်ခါနီးတွင်-

"မင်းမှာပြောစရာမရှိရင် သွားသာကစားနေလိုက်။ အိမ်စာတွေ ပြီးပြီလား။ မကစားခင် အိမ်စာတွေကို ပြီးအောင်လုပ်ဦး"

ဒီလို သေသင့်တဲ့တတိယလူကို သူ့မရီးလို့ခေါ်စရာလား။

"တစ်ခုလောက်မေးပါရစေ"

ယဲ့ရှော်က သူ့စကားအသွားအလာလေသံကို အသာချိန်ညှိလိုက်ပြီး ဂရုတစိုက်မေးလိုက်သည်။

ယဲ့လန်က မျက်မှောင်ကြုတ်ကာ-

"ဘာကိစ္စရှိလို့လဲ"

"အဲဒီနေ့က မူးလဲလို့ မင်းနာမည်ကို ဆက်တိုက်ခေါ်နေတဲ့ အကိုကြီးက တကယ်ပဲ ဘယ်သူများလဲ"

တကယ်တော့ ယဲ့ရှော်အနေဖြင့် သူဘယ်သူလဲဆိုတာကို သိပြီးသားပင်။ အခန်းထဲရှိ မိန်းမကို ကြားစေရန်အတွက် တမင်တကာရည်ရွယ်ပြီး ပြောလိုက်ခြင်းသာ။

သူကပို၍မေးလိုက်သေးသည်။

"သူ့ပုံပန်းသွင်ပြင်က ဒီအခန်းထဲကမိန်းမထက်ကို ပိုပြီးကြည့်လို့ကောင်းတာကို ငါမြင်လိုက်တယ်။ ဆေးရုံတင်ထားတာအတော်ကြာပြီ။ မင်းသူ့ဆီကိုသွားလည်ဖူးလား။ သူက မင်းရဲ့တက္ကသိုလ်က အတန်းဖော်မလား"

ယဲ့လန်၏မျက်နှာအမူအရာမှာ အတော်လေးအရုပ်ဆိုးသွားသည်။ သူက ယဲ့ရှော်ကို တွန်းထုတ်လိုက်ပြီး နောက်ကိုပြန်လှည့်ကြည့်လိုက်သည်။

"ကလေးတစ်ယောက်ရဲ့စိတ်ထဲမှာ ဘာလို့ အဓိပ္ပါယ်မရှိတာတွေနဲ့ပြည့်နေရတာလဲ။ မင်းအိမ်စာကိုသာသွားလုပ်ချေ။  ငါက သူနဲ့ ဘာမှမဆိုင်ဘူး။ အဲ့တော့ ငါက သူ့ကို ဘာကိစ္စသွားကြည့်ဖို့ လိုမှာလဲ။ သူက ငါ့ကို သူ့ရှေ့မှာ ဘယ်တော့မှ ပေါ်မလာစေချင်ဘူး"

[ရော်ရွက်-'ရှေ့ဆောင်နွားလားဖြောင့်ဖြောင့်သွားမှ နောက်နွားတစ်သိုက်ဖြောင့်ဖြောင့်လိုက်၏´တဲ့ မကြားဖူးလားလား ငုံးမှနွားရဲ့! ]

ယဲ့ရှော်ဟာ လော့ယန်အပေါ်စာနမှုကြောင့် ယဲ့လန်ကို စိတ်နှလုံးထဲတွင် မထီမဲ့မြင်ပြုဟန် မဲ့ပြလိုက်မိပါသော်လည်း မျက်နှာပေါ်တွင်တော့ သူတို့၏ဆက်ဆံရေးကို မသိဟန်ဆောင်ထားလိုက်သည်။

သူက အသာတိုးတိုးရေရွတ်၍စကားဆိုလိုက်သည်။

"ငါကဒီအတိုင်းမေးကြည့်ရုံပါ။  မင်းကဘာလို့ဒီလောက်တောင်လောင်နေရတာလဲ။ မင်းကသူနဲ့ ဆက်ဆံရေးကောင်းတယ်လို့ ငါကထင်မိရုံတင်ပါ။  သူကတော့ နေမကောင်းဖြစ်နေပေမယ့် မင်းကတော့ သူ့ဆီကို သွားတောင်မလည်ဘူး။  မင်းက ဘယ်လိုသူငယ်ချင်းမျိုးလဲ…"

ယဲ့လန်ဟာ ထိုနေ့က လော့ယန်၏ ကြမ်းတမ်းခက်ရော်မှုကို သတိရမိသွားသည်။  သူက သွားတွေကိုဖိကြိတ်၍ အံတင်းတင်းကြိတ်ကာ လိုက်ပြောလိုက်သည်။

"ငါက သူနဲ့ သူငယ်ချင်း မဟုတ်ဘူး"

"မင်းတို့နှစ်ယောက် ရန်ဖြစ်ထားကြတာလား။ သူက မင်းရဲ့ကျောင်းမှာ ဘယ်မေဂျာကလဲ။ ငါ့အထင် သူက မင်းထက်အများကြီးငယ်တဲ့ပုံပဲ"

ယဲ့ရှော်က ယဲ့လန်၏ဒေါသကို အခွင့်ကောင်းယူပြီး သူ့ထံမှစကားလုံးများရအောင် အပြေးအလွှား လှည့်ဖြားအစ်အောက်ထုတ်မေးနေလိုက်သည်။

"ရန်ဖြစ်ထားတယ်ဆိုရင်တောင် မင်း သူ့ကို ဒီအတိုင်းပစ်ထားတော့မလို့လား။ သူ့ခမျာ ဖျားနာနေတာ ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ…"

"အဲဒါ မင်းနဲ့ ဘာဆိုင်လို့လဲ ဘာလို့ဒီလောက်တောင်မေးခွန်းတွေမေးနေတာလဲ"

ယဲ့လန် နောက်ဆုံးမှာတော့ သူ့ညီဖြစ်သူ၏ ထူးခြားမှုကို သတိပြုမိသွားပြီး သူ့မျက်လုံးများတွင် အန္တရာယ်ရှိသော အလင်းရောင်တစ်ခု ဖျတ်ခနဲလက်သွားသည်။

"ဘာမှမဟုတ်ပါဘူး၊။ ငါ့စိတ်ထဲ သူက နည်းနည်းသနားစရာကောင်းတယ်လို့ တွေးမိရုံတင်ပါ"

ယဲ့ရှော်က တွေးတွေးဆဆဟန်ကိုလုပ်လိုက်သည်။

"သူက ဘယ်မေဂျာနဲ့ ဘယ်အတန်းတက်နေတာလဲဆိုတာသာ ငါ့ကို ပြောပြစမ်းပါ... သူ့ကိုမင်းအစားသွားတောင်းပန်ပေးမယ်လေ"

"မလိုဘူး။ အရေးကြီးတဲ့ကိစ္စလည်းမဟုတ်တာကြောင့် လာရောထွေးပစ်မနေနဲ့။ လုပ်စရာရှိတာကိုသာ သွားလုပ်ချည်"
 
ယဲ့လန်က သူ့ကို မောင်းထုတ်ပစ်လိုက်သည်။ သို့သော် ယဲ့ရှော်က ဒီအခက်အခဲများလောက်ကတော့ မှုမနေပေ။ ယဲ့လန်တစ်ယောက် ရေချိုးခန်းသို့သွားသည့်အခါတိုင်းမှာ ယဲ့လန်၏မိုဘိုင်းဖုန်း၊ မှတ်စုစာအုပ်၊ ပိုက်ဆံအိတ်စသည်တို့တွင်  သဲလွန်စအချို့ကို ရှာဖွေနိုင်ရန် ကြိုးစားခဲ့သည်။

ထို့နောက် သဲလွန်စတို့ကို ပေါင်းစပ်ကာ နောက်ဆုံးတွင် လော့ယန်က မင်းယန်တက္ကသိုလ်ရှိ ဇီဝအင်ဂျင်နီယာဌာနမှဖြစ်ကြောင်း သိလိုက်ရပေသည်။ သူဘယ်အခန်းမှာတတက်နေသလဲဆိုတာသာ သူမသိတာပင်။

သေချာတာပေါ့။ ဒါကပြသနာကြီးကြီးမားမားတော့မဟုတ်ဘူး။ သူ့အနေနဲ့လော့ယန်အကြောင်းကို နည်းနည်းချင်းရှာလို့ရတာပဲလေ။ 

ထို့ကြောင့် ယဲ့ရှော်ဟာ လစဉ်အားလပ်ရက်တိုင်းတွင် မင်းယန်တက္ကသိုလ်သို့ ရှာဖွေရေးသွားလုပ်လေ့ရှိသည်။  လော့ယန်အကြောင်း ဘယ်သူ့ကိုမှ မေးမြန်းစူးစမ်းခြင်းမရှိခဲ့ပေ။

ဘာကြောင့်ဆို လော့ယန်သာ သိသွားခဲ့ပါလျှင် သူ့ကိုဒုက္ခဖြစ်သွားစေမှာ ကြောက်တာပင်။  အဲဒီအစား၊ သူ့မျက်လုံးရွဲကြီးတစ်စုံနဲ့သာနေရာတိုင်းကို စိုက်ကြည့်ပေးနေလိုက်သည်။

စိတ်ကောင်း စေတနာရှိတဲ့သူတွေ အတွက် ဘယ်အရာမှ မဖြစ်နိုင်ဘူးဆိုတာမရှိဘူး။

နောက်ဆုံးမှာတော့ တစ်နှစ်နီးပါးကြာသွားချိန်ပြီးနောက် သူဟာ သူ့ကိုရှာတွေ့ခဲ့ချေပြီ။

ထိုအချိန်တွင် ယဲ့ရှော်က ဂျူနီယာအထက်တန်း တတိယနှစ်သို့ရောက်နေပြီဖြစ်ပါသော်လည်း သိပ်ပြီးပြောင်းလဲတာမရှိဘဲ အရင်အရွယ်အစားအတိုင်းဖြစ်နေဆဲပင်။ ပြောင်းလဲသွားသောသူက လော့ယန်သာ ဖြစ်ပေသည်။ 

သူ့ကြည့်ရတာ အရပ်ပို၍ရှည်လာပြီး ပို၍လည်း ပိန်ပါးလာပုံရသည်။  သူ့ရဲ့ဆံပင်မှာလည်း အနည်းငယ်ရှည်နေပြီး သူ့ဆံပင်အစွန်းအနားတစ်ပိုင်းတစ်စက သူ၏မျက်ခုံးမွှေးလေးများကို ဖုံးအုပ်ထားလေသည်။

သူက မျက်မှန်လည်းတပ်ထားတော့ သူ့မျက်နှာအမူအရာကို မြင်ရတာကအတော်လေးခက်ခဲစေသည်။  ဒီလူက သူ့ကို နောက်ဆုံးတွေ့တုန်းကအချိန်ထက်တောင် ပိုပြီးထူးချွန်ထက်မြက်လာတာကို ယဲ့ရှော်တစ်ယောက်ကသာ သိပေသည်။

သူ့တစ်ကိုယ်လုံးက အခြားလူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ သူနဲ့အတူတူလျှောက်လာသည့် သူ့သူငယ်ချင်းတွေကို ပြုံးပြုံးရွှင်ရွှင်ဖြင့် စကားပြောကာပြုံးပြနေပေမယ့် ယဲ့ရှော်အနေနဲ့ ဒီအပြုံးတွေဟာ အတုအယောင်တွေသာဖြစ်ပြီး အဲဒီလူရဲ့ နှလုံးသားကတော့ ရေခဲလိုအေးစက်နေခဲ့ပြီဆိုတာ ခံစားနေခဲ့မိသည်။

သူ လော့ယန်၏အနောက်သို့ တစ်လမ်းလုံးလိုက်သွားပြီးနောက် လော့ယန်၏ အတန်းနဲ့ အိပ်ဆောင်တို့ကိုရှာတွေ့သွားသည်။  နောက်ဆုံး သူထွက်ခွာမသွားမီ လက်ထဲတွင် စာအုပ်တစ်အုပ်ကိုင်ကာ မြက်ခင်းပြင်ပေါ်တွင် လဲလျောင်းနေသော လော့ယန်ကို လေးလေးနက်နက် စိုက်ကြည့်နေလိုက်မိသည်။

အဲဒီနောက် လတိုင်းလိုလို ယဲ့ရှော်ဟာ လော့ယန်ကို ချောင်းကြည့်ဖို့လာလေ့ရှိပြီး လော့ယန်ရဲ့ မျက်လုံးထဲမှအပြောင်းအလဲလေးတွေကို သူမြင်နိုင်လာသည်။

— သူ့မျက်လုံးထဲက ရေခဲတွေဟာ မြင်နိုင်ခြင်းငှာ မစွမ်းနိုင်လောက်တော့တဲ့အထိ တဖြည်းဖြည်း အရည်ပျော်သွားချေပြီ။  သူ့အပြုံးများမှာလည်းနူးညံ့သိမ်မွေ့လာပြီး သူ့မျက်လုံးမှအကြည့်များမှာလည်း နွေဦးလေပြည်လေးကဲ့သို့ တဖြည်းဖြည်းနွေးထွေးလာလေတော့သည်။

ဒီလူဟာ တဖြည်းဖြည်း သူ့အတိတ်ကို နှုတ်ဆက်ပြီး တောက်ပတဲ့ အနာဂတ်အသစ်ကို ကြိုဆိုနေပြီပဲ။

လော့ယန်... ငါ့ကိုစောင့်နေပါ။ မင်းရဲ့အနာဂတ်မှာ ငါသေချာပေါက် မင်းနဲ့အတူ ရှိနေမယ်။

ယဲ့ရှော် ဂျူနီယာ အထက်တန်းကျောင်းပြီးသောအခါ လော့ယန်က တိုက်ရိုက်ပင် သုတေသန ကျောင်းသားတစ်ယောက် ဖြစ်လာခဲ့သည်။ သူက သူ၏အတန်းများတွင် ကောင်းမွန်စွာသင်ယူခဲ့ပြီးနောက် စိတ်ကူးသစ်များနှင့် အသစ်အသစ်သော စမ်းသပ်မှုများကို အဆက်မပြတ်ဖော်ထုတ်စမ်းသပ်လာနိုင်ခဲ့သည်။

ဌာနအတွင်းရှိ ပါမောက္ခဟောင်းများက သူ့ကို အလွန်လေးစားသဘောကျလာကြသည်။ အခြေခံအားဖြင့် သူဘွဲ့လွန်အတန်းများပြီးဆုံးပြီးနောက် ပညာဆက်လတ် သင်ကြားပေးရန်အတွက် ကျောင်းတွင်ဆက်နေရန် စီစဉ်လိုက်တော့သည်။

ဟုတ်ပါသည်။ လော့ယန်ဟာ အစပိုင်းမှာတော့ အတော်လေးကိုချီတုံချတုံဖြစ်နေခဲ့မိသည်။ ဒီတက္ကသိုလ်မှာ လှပလွန်းတဲ့အတိတ်တွေ အများကြီးရှိခဲ့သလို နာကျင်စရာ အမှတ်တရတွေလည်း အတော်လေးရှိနေခဲ့သည်မဟုတ်ပါလား။

သူတကယ်ပဲ ဒီမှာနေချင်ခဲ့တာလား။

တွန့်ဆုတ်မှုများနှင့်အတော်လေးရုန်းကန်တွေးတောပြီးနောက် လော့ယန်ဟာ သူ၏ဘဝကို ပြန်လည်သုံးသပ်ခဲ့ပြီး ကျောင်း၏ဌာနသို့သာဝင်ရောက်ရန် ဆုံးဖြတ်ချက်ချလိုက်တော့သည်။

ဘဝမှာ ကြုံတွေ့ရတဲ့ ကောင်းမွန်သည့် အရာတွေအားလုံးကို မငြင်းသင့်ပါဘူးလေ။ နေ့ရက်တွေက တရွေ့ရွေ့ ကုန်ဆုံးသွားသလို ဘဝတွေကလည်း တဖြည်းဖြည်းဆက်သွားနေဦးမှာပင်။

တစ်ချိန်က သရုပ်ပျက်သလိုယိုယွင်းပျက်စီးစေခဲ့တဲ့ နေ့ရက်တွေက သူ့ကို ဘယ်ဟာက အမှား၊ ဘယ်ဟာက အမှန်ဆိုတာကို အားလုံးရှင်းရှင်းလင်းလင်းမြင်နိုင်စေခဲ့သည်လေ။

အရေးကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုသာ အကောင်းမွန်ဆုံးဖြစ်အောင် နေထိုင်နိုင်ဖို့ပါပဲ။

ထို့ကြောင့် လော့ယန်ဟာ လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ငွေကြေးများစွာ စုဆောင်းထားခြင်းမရှိခဲ့ပေ။ သူလိုချင်တာမှန်သမျှဝယ်ပြီး သူသွားချင်သည့်နေရာမှန်သမျှကိုသွားလိုက်တာပင်။

သူကအသုံးစရိတ်ကြီးသူဟု မယူဆနိုင်ပါသော်လည်း သုံးစွဲရန်လည်း တွန့်ဆုတ်နေတတ်သူမဟုတ်ပေ။ ပြောရမည်ဆိုလျှင် သူကတန်ဖိုးကြီးလွန်းသည့်အရာများကို မ၀ယ်ယူဘဲ လစဉ်ငွေပြန်ချေရမည့် တိုက်ခန်းမျိုးကိုသာ ဝယ်ခဲ့သည်။

ဘာကြောင့်လဲဆိုတော့ သူ့အတွက်၊ ဒီလို အိမ်ကြီးကြီးမှာ တစ်ယောက်တည်း နေနေရတာက အထီးကျန်ဆန်ပြီး အေးစက်လွန်းတာကြောင့်ပင်။

ကျောင်းက ဆရာ၊ဆရာမတွေအတွက် တိုက်ခန်းတစ်ခန်း ပေးထားတော့ အဲဒီမှာနေရတာက တော်တော်လေးတော့အဆင်ပြေပါသည်။

လော့ယန်ဟာ အိမ်ထောင်ရှင်ဆရာမများထံ ပေးဆောင်ရန် ကျောင်းမှတိုက်ခန်းများကို ပြန်လည်မွမ်းမံချိန်ကျမှသာ လော့ယန်ဟာ ကျောင်း၏တိုက်ခန်းမှ ပြောင်းရွှေ့သွားခဲ့သည်။

ကျောင်းက ဆရာတစ်ယောက်ချင်းစီကို အနီးအနားတွင် အိမ်နေရာငှားဖို့အတွက် လစဉ် ယွမ် ၅၀၀ အပိုပေးသည်။

ထိုအချိန်တွင် လော့ယန်တစ်ယောက် စုကျစ်ယန်၏ အိမ်ခန်းအငှားခေါ်သည့်ပို့စ်ကို အင်တာနက်ပေါ်တွင် တွေ့ရှိခဲ့သည်။ သူကိုယ်တိုင်က လိင်တူချစ်သူဖြစ်သောကြောင့် လော့ယန်ဟာ ကိုယ်ဝန်ရနိုင်သည့် ဖုံးကွယ်ထားသော အထူးဖွဲ့စည်းပုံပါရှိသည့် စုကျစ်ယန်ကို အထင်အမြင်သေးခြင်းမျိုးမရှိခဲ့ပေ။

သည်"ကိုယ်ဝန်ဆောင်အမျိုးသားလေး"ကို ပြုစုစောင့်ရှောက်ရန်အတွက်ပင် သူတာဝန်ယူခဲ့ပါသေးသည်။

ထိုမှသာလျှင် လော့ယန်တစ်ယောက် ပုံသေကဲ့သို့ဖြစ်နေသော၊ သင်ကြားရေးဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသော သူ၏သာမန်ဘဝဟာ အရောင်အသွေး စုံလင်လာသလို ခံစားခဲ့ရသည်။

တကယ်တော့ လော့ယန်က စုကျစ်ယန်နှင့် လင်ကျန်းရီ အတူတူရှိနေကြတာကို အနည်းငယ်မနာလိုမိသည်။  တစ်ချိန်တည်းမှာပင် 'ကျစ်ယန်၊ မင်းပျော်ရွှင်နေရမယ်´ဟု သူ့နှလုံးသားထဲမှဆုတောင်းပေးနေမိသည်။

လော့ယန်ဟာ သူအလွန်အမင်း အတွေးလွန်နေပြီမှန်း သတိထားမိလိုက်သည့်အခ သူ့ရဲ့ အတွေးယာဉ်ကြောအား ရပ်တန့်ပစ်လိုက်သည်။ အခန်းထဲသို့ပြန်၀င်မည်အလုပ် တံခါးပွင့်လာတာကို တွေ့လိုက်ရသည်။

ယဲ့ရှော်က ခြေဗလာနှင့် အခန်းထဲကထွက်လာပြီး မျက်လုံးတွေကို ပွတ်သပ်နေသည်။ လော့ယန်တစ်ယောက် တံခါးဘေးတွင် ရှိနေသည်ကို သူမြင်သောအခါတွင် သူက တိုက်ရိုက်ပင် သူ့အားပွေ့ဖက်လိုက်သည်။

သူ့ရဲ့လက်တွေက လော့ယန်၏ခါးထက်တွင် ညင်သာစွာ ပွေ့ဖက်ထားပြီး စကားဆိုလိုက်သည့်အခါ သူ့အသံမှာ အိပ်ငိုက်ခြင်းများဖြင့် ဖုံးလွှမ်းနေသေးသည်။

"ဒီလောက်ညဥ့်နက်နေတာကို ဘာလို့မအိပ်သေးတာလဲ။ ပြီးတော့ ဒီမှာဘာရပ်လုပ်နေတာလဲ။ ထားလိုက်တော့... ကျွန်တော်သန့်စင်ခန်းသွားချင်လို့... ခင်ဗျားရော သွားမလား"

လော့ယန်က သူ့လက်ကိုဆန့်ထုတ်ပြီး ယဲ့ရှော်၏ဆံပင်တွေကို ပွတ်သပ်လိုက်သည်။

"မင်းသွားချင်ရင် မြန်မြန်သွားလေ... ငါမင်းကိုစောင့်နေမယ်"

ယဲ့ရှော်က သူ့ခေါင်းကိုခါယမ်းလိုက်သည်။

"မသွားတော့ဘူး။ အခု ခင်ဗျားကိုတွေ့သွားပြီဆိုတော့ မသွားချင်တော့ဘူး...အခန်းထဲပြန်သွားရအောင်"

လော့ယန်က ခေါင်းညိတ်ပြပြီး ခြေတစ်လှမ်း လှမ်းလိုက်ချင်ပါသော်လည်း ယဲ့ရှော်က သူ့ရင်ခွင်ထဲတွင် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ဖက်တွယ်ထားဆဲဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။

သူအနည်းငယ်စိတ်အနှောင့်အယှက်ဖြစ်မိပေမယ့် တစ်ချိန်တည်းမှာပင် ဒါကအတော်လေးရယ်စရာကောင်းနေတယ်လို့ ခံစားမိရသည်။

"မင်း သွားမှာလား မသွားဘူးလား။ မဟုတ်ရင်လည်း မင်းလက်ကိုအရင်လွှတ်လိုက် ငါအရမ်းပင်ပန်းနေပြီ"

ယဲ့ရှော်က သူ့ကို ပိုတိုး၍ပွေ့ဖက်လိုက်ပြီး လွှတ်ပေးဖို့ရာအတွက် ငြင်းဆိုပစ်လိုက်သည်။ ပါးစပ်ဟလိုက်သည့်အခါ အရှက်မဲ့သည့်စကားတွေပင် ထွက်လာသေးသည်။ 

"ကျွန်တော်ကို အနမ်းတစ်ပွင့်ပေး... ဒါဆို ကျွန်တော်ပြန်သွားအိပ်မယ်"

လော့ယန်က မျက်လုံးကိုလည်ပြလိုက်သည်။ သူ့ကြည့်ရတာ သူနဲ့ငြင်းခုန်ရန်အတွက် အတော်လေး ပျင်းရိနေပုံပေါ်နေလေသည်။ သူနဲ့ ငြင်းခုန်ရန် အလွန်ပျင်းနေပုံပေါ်သော လော့ယန်ကို ကြည့်ပြီးနောက် ယဲ့ရှော်မှာအနည်းငယ် ရှက်သွားမိပြီး လော့ယန်၏ မျက်နှာကိုပဲ တိုက်ရိုက် နမ်းချပစ်လိုက်သည်။

"ဒါဆိုလည်း ကျွန်တော်ပဲ ခင်ဗျားကို နမ်းမယ်...သွားကြရအောင်"

လော့ယန် အသာပြုံးလိုက်မိပြီးနောက် ချက်ချင်းပင် သူ့အခန်းတံခါးကို ပြန်ဆွဲပိတ်၍ ထိုးအိပ်ပစ်လိုက်တော့သည်။

သူ့ရဲ့စိုးရိမ်ပူပန်စိတ်တွေက သက်သာရာရသွားသလိုပင်။ လော့ယန်ဟာ မမျှော်လင့်ပါဘဲ တော်တော်လေးကိုအိပ်မောကျသွားမိသည်။

သူ့ဘေးနားရှိ ယဲ့ရှော်မှာတော့ အိပ်မပျော်နိုင်ပေ။ သူဟာ ဘေးတစ်ဖက်သို့လှည့်ကာ လော့ယန်၏ အိပ်နေသောမျက်နှာလေးကို ကြည့်ပြီးနောက် စိတ်ခံစားမှုမျိုးစုံကို ခံစားလိုက်ရသည်။

သည်နှစ်ပေါင်းများစွာအတွင်း ကြိုးစားအားထုတ်ခဲ့ရသမျှအရာအားလုံးက အလဟသ မဖြစ်စေခဲ့ပေ။ သူအမြဲတမ်း တွေးနေ၊ စိတ်ကူးယဉ်နေခဲ့ရသည့်လူက အခုတော့ သူ့ဘေးမှာ အိပ်နေချေပြီ။

ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးကြည့်နေရရင်တောင် နေ့ရက်တိုင်းက အဖိုးထိုက်တန်တယ်လို့ ခံစားနေရပေသည်။

ကံကောင်းထောက်မစွာဖြင့် လွန်ခဲ့သော နှစ်နှစ်ခန့်က လော့ယန်တစ်ယောက် သူ့ကို ထိုမေးခွန်းကို မေးသည့်အခါတုန်းက သူ လက်မလျှော့မိခဲ့လို့သာ။  မဟုတ်ပါလျှင်၊ ယခုလို အခြေအနေမျိုးကို သူ့အနေနဲ့ ရိတ်သိမ်းနိုင်ခဲ့ပါ့မလား။

အစကနဦးတုန်းက…

___________________________________________

အခုလိုအချိန်ကြာနေခဲ့တာ Velly ကြောင့်ပါ...
အားလုံးကို orz ပါတယ်နော်

•Translated By LZ_Velly [ Team-Camomile ]

လေပြည်-Velly ဆိုတာ ကိုယ်တို့team ရဲ့ အငယ်ဆုံးလေးရော်ရွက်ကြွေပါနော်။ သူနေမကောင်းလို့ update တွေကြာသွားတာရယ်။ နာလန်ထပြီဆိုပေမဲ့ ပိုပြီးကောင်းသွားအောင် လေပြည်နဲ့အတူတူ ဆုတောင်းပေးကြပါဦးနော်။
_ _ _ _ _ _ _ _

(Zawgyi)

အခန္း-၈၁။ မင္းမသိနိုင္တဲ့ တစ္ေနရာရာကေန တစ္စုံတစ္ေယာက္က မင္းကို ကာကြယ္ေပးေနတတ္တယ္။

မင္းရဲ့ခ်စ္ျခင္းေမတၱာနဲ႔မိခင္ကို တစ္ခ်ိန္တည္းမွာ ဆုံးရွုံးလိုက္ရတဲ့ ဒဏ္ခ်က္မ်ိဳးကို ခံယူလိုက္ရတာက ဘ၀ႀကီးအားစိတ္ပ်က္ၿပီး ထြက္ေျပးပစ္ခ်င္ေလာက္သည္အထိကို ခံစားရေစတာပင္။

ေလာ့ယန္ကိုယ္တိုင္ပင္ ထိုကာလကို မည္သို႔ရွင္သန္ျဖတ္သန္းရမည္ကို မသိနိုင္ခဲ့ေပ။ တစ္ခ်ိန္လုံး သူ႔စိတ္ေတြကရႈပ္ေထြးေနခဲ့ၿပီး လုံး၀ကို အာ႐ုံမစိုက္နိုင္ခဲ့ေခ်။  ထူးခြၽန္ထက္ျမက္​သူအျဖစ္မွ အရံႈးသမားဘ၀သို႔ သိသိသာသာ နိမ့္က်သြားၿပီး သူ၏ ဘာသာရပ္အခ်ိဳ႕ကိုပင္ က်ရႈံးခဲ့ေလသည္။

သူ႔ကို အားအင္တစ္လက္​လို ေထာက္ကန္ေပးထားခဲ့သည့္ သူ႔ရဲ့မုန္းတီးနာက်ည္​းမႈ​ေတြသာ မရွိေတာ့ပါလွ်င္ သူအေနနဲ႔ ဆက္ၿပီးေတာင့္ခံနိုင္ထားေတာ့မွာ မဟုတ္ပါဘူး။

ယဲ့ေရွာ္ဟာ ေနာက္ပိုင္းမွာ ေလာ့ယန္တစ္ေယာက္ ဘာေတြျဖစ္ပ်က္သြားခဲ့လဲဆိုတာ သိခ်င္မိပါေသာ္လည္း သူကအလြန္တရာမွငယ္ရြယ္ေသးၿပီး ေက်ာင္းဆက္တက္ခဲ့ေနရသည္။

သူ႔ေက်ာင္းက ေဘာ္ဒါေက်ာင္းမို႔ က်န္ေနေသးသည့္ ေနာက္ထပ္တစ္လ ေက်ာင္းဆက္တက္ဖို႔ကလြဲလို႔ တျခားေရြးခ်ယ္စရာ မရွိေတာ့ဘူး။ ေနာက္ထပ္အားလပ္ရက္ေရာက္​ေသာအခါ ေလာ့ယန္ႏွင့္ပတ္သက္ေသာ အေၾကာင္းကို ေဆး႐ုံတြင္ ဘယ္လိုမွရွာလို႔မေတြ႕ေပ။

ေလာ့ယန္၏မိခင္က လြန္ခဲ့​ေသာတစ္လခြဲခန႔္က ေသဆုံးသြားခဲ့ၿပီျဖစ္ေၾကာင္း ယဲ့ေရွာ္ သိခဲ့ရသည္။  အသက္၂၀အရြယ္သာရွိေသးေသာ သူမ၏သားျဖစ္သူက ဈာပနကို ဦးစီးေဆာင္ရြက္ေပးခဲ့​ေလသည္။

ယဲ့ေရွာ္ဟာ အိမ္ျပန္သြားၿပီးေနာက္ ယဲ့လန္၏အခန္းတံခါးကိုေခါက္လိုက္သည္။ သူ႔အစ္ကိုကိုေတာင္ ယဥ္ေက်းစြာ ႏွုတ္ဆက္မေနေတာ့ေပ။ တကယ္ေတာ့ သူ႔အစ္ကိုႀကီးတစ္ေယာက္ ေလာ့ယန္​ကို စြန႔္ပစ္ခဲ့တာ ျမင္ၿပီးကတည္းက သူ႔ကိုအစ္ကိုႀကီးဟု တစ္ခါမွ​ေခၚဆိုျခင္းမရွိေတာ့တာပင္။

"ယဲ့လန္... ယဲ့လန္...  တံခါးဖြင့္စမ္း"

ယဲ့လန္က သူႏွင့္ေစ့စပ္ထားသူအား သူ႔အခန္းထဲ၌ ႏူးညံ့စြာျဖင့္ေပြ႕ဖက္​ဆုပ္ကိုင္ထားေပသည္။  သူ႔ညီေလးရဲ့အသံကိုၾကားေတာ့ သူအံ့ၾသသြားမိသည္။ သူ႔ရင္ခြင္ထဲက အမ်ိဳးသမီးကို လႊတ္ေပးလိုက္ၿပီးေနာက္ စိတ္မရွည္စြာျဖင့္ တံခါးကိုဖြင့္ေပးလိုက္သည္။

ဒီေကာင္စုတ္ကေလး ဒီရက္ပိုင္းအတြင္း သူဘာေတြျဖစ္ေနတာလဲ။ သူ႔ကို "ယဲ့လန္" "ယဲ့လန္" လို႔ပဲေခၚေနေတာ့တာ။ လုံး၀ကို စိတ္ရွုပ္စရာေကာင္းတာပဲ။

တံခါးကို နည္းနည္းေလးဖြင့္ဟေပးၿပီးေနာက္ သူ႔ထက္ဆယ္ႏွစ္နီးပါးငယ္တဲ့ သူ႔ညီေလးျဖစ္သူကို ငုံ႔ၾကည့္လိုက္သည္။

သူစိတ္မရွည္စြာျဖင့္ေမးလိုက္သည္။

"ေရွာင္ေရွာ္ မင္းကိုဒီေလာက္အထိစိတ္အေႏွာင့္အယွက္ျဖစ္ေစတဲ့ ျပသနာကဘာမ်ားတုန္း"

ယဲ့ေရွာ္က သူ႔ႏွုတ္ခမ္းေတြကို အသာဖိကိုက္လိုက္ၿပီး စိတ္အလိုက်မွုမရွိသည့္ပုံစံကို ​ေဖာ္ျပလိုက္သည္​။

"မင္း အထဲမွာ ဘာလုပ္ေနတာလဲ။ ငါမင္းကို တံခါးဖြင့္ေပးဖို႔ ေျပာေနတာ"

"ကေလးေတြဆိုတာ မ်က္ကန္းတေစၧေတြလိုေလၽွာက္ေမးမေနသင့္ဘူး။ မင္းငါ့ကိုဘာကိစၥအတြက္ရွာေနတာလဲ။ မင္းငါ့ကို 'အစ္ကို' လို႔​ေတာင္ မေခၚေတာ့ဘူး။ မင္းကအသားနာခ်င္လို႔လက္၀ါးေတာင္းေနတာလား"

ယဲ့ေရွာ္က ေရေမႊးနံ႔ကို အနံ႔ခံလိုက္မိၿပီးေနာက္ ေမးလိုက္သည္။

"အဲဒီမိန္းမက ဒီထဲမွာလား"

"အဲဒါ မင္းရဲ့မရီး။  'အဲဒီမိန္းမ' ဆိုတာက ဘယ္လိုေခၚလိုက္တာလဲ"

ယဲ့လန္တံခါးကိုပိတ္ပစ္ခါနီးတြင္-

"မင္းမွာေျပာစရာမရွိရင္ သြားသာကစားေနလိုက္။ အိမ္စာေတြ ၿပီးၿပီလား။ မကစားခင္ အိမ္စာေတြကို ၿပီးေအာင္လုပ္ဦး"

ဒီလို ေသသင့္တဲ့တတိယလူကို သူ႔မရီးလို႔​ေခၚစရာလား။

"တစ္ခုေလာက္ေမးပါရေစ"

ယဲ့ေရွာ္က သူ႔စကားအသြားအလာေလသံကို အသာခ်ိန္ညႇိလိုက္ၿပီး ဂ႐ုတစိုက္ေမးလိုက္သည္။

ယဲ့လန္က မ်က္ေမွာင္ၾကဳတ္ကာ-

"ဘာကိစၥရွိလို႔လဲ"

"အဲဒီေန႔က မူးလဲလို႔ မင္းနာမည္ကို ဆက္တိုက္ေခၚေနတဲ့ အကိုႀကီးက တကယ္ပဲ ဘယ္သူမ်ားလဲ"

တကယ္ေတာ့ ယဲ့ေရွာ္အေနျဖင့္ သူဘယ္သူလဲဆိုတာကို သိၿပီးသားပင္။ အခန္းထဲရွိ မိန္းမကို ၾကားေစရန္အတြက္ တမင္တကာရည္ရြယ္ၿပီး ေျပာလိုက္ျခင္းသာ။

သူကပို၍ေမးလိုက္ေသးသည္။

"သူ႔ပုံပန္းသြင္ျပင္က ဒီအခန္းထဲကမိန္းမထက္ကို ပိုၿပီးၾကည့္လို႔​ေကာင္းတာကို ငါျမင္လိုက္တယ္။ ေဆး႐ုံတင္ထားတာအေတာ္ၾကာၿပီ။ မင္းသူ႔ဆီကိုသြားလည္ဖူးလား။ သူက မင္းရဲ႕တကၠသိုလ္က အတန္းေဖာ္မလား"

ယဲ့လန္၏မ်က္ႏွာအမူအရာမွာ အေတာ္ေလးအ႐ုပ္ဆိုးသြားသည္။ သူက ယဲ့ေရွာ္ကို တြန္းထုတ္လိုက္ၿပီး ေနာက္ကိုျပန္လွည့္ၾကည့္လိုက္သည္​။

"ကေလးတစ္ေယာက္ရဲ့စိတ္ထဲမွာ ဘာလို႔ အဓိပၸါယ္မရွိတာေတြနဲ႔ျပည့္ေနရတာလဲ။ မင္းအိမ္စာကိုသာသြားလုပ္​ေခ်။  ငါက သူနဲ႔ ဘာမွမဆိုင္ဘူး။ အဲ့ေတာ့ ငါက သူ႔ကို ဘာကိစၥသြားၾကည့္ဖို႔ လိုမွာလဲ။ သူက ငါ့ကို သူ႔ေရွ႕မွာ ဘယ္ေတာ့မွ ေပၚမလာေစခ်င္ဘူး"

[​ေရာ္​႐ြက္​-'ေရွ႕ေဆာင္ႏြားလားေျဖာင့္ေျဖာင့္သြားမွ ​ေနာက္ႏြားတစ္သိုက္ေျဖာင့္ေျဖာင့္လိုက္၏´တဲ့ မၾကားဖူးလားလား ငုံးမွႏြားရဲ့! ]

ယဲ့ေရွာ္ဟာ ေလာ့ယန္အ​ေပၚစာနမႈ​ေၾကာင့္ ယဲ့လန္ကို စိတ္ႏွလုံးထဲတြင္ မထီမဲ့ျမင္ျပဳဟန္ မဲ့ျပလိုက္မိပါေသာ္လည္း မ်က္ႏွာေပၚတြင္ေတာ့ သူတို႔၏ဆက္ဆံေရးကို မသိဟန္ေဆာင္ထားလိုက္သည္။

သူက အသာတိုးတိုးေရရြတ္၍စကားဆိုလိုက္သည္။

"ငါကဒီအတိုင္းေမးၾကည့္႐ုံပါ။  မင္းကဘာလို႔ဒီေလာက္ေတာင္ေလာင္ေနရတာလဲ။ မင္းကသူနဲ႔ ဆက္ဆံေရးေကာင္းတယ္လို႔ ငါကထင္မိ႐ုံတင္ပါ။  သူကေတာ့ ေနမေကာင္းျဖစ္ေနေပမယ့္ မင္းကေတာ့ သူ႔ဆီကို သြားေတာင္မလည္ဘူး။  မင္းက ဘယ္လိုသူငယ္ခ်င္းမ်ိဳးလဲ…"

ယဲ့လန္ဟာ ထိုေန႔က ေလာ့ယန္၏ ၾကမ္းတမ္းခက္ေရာ္မႈကို သတိရမိသြားသည္။  သူက သြားေတြကိုဖိႀကိတ္၍ အံတင္းတင္းႀကိတ္ကာ လိုက္ေျပာလိုက္သည္။

"ငါက သူနဲ႔ သူငယ္ခ်င္း မဟုတ္ဘူး"

"မင္းတို့ႏွစ္ေယာက္ ရန္ျဖစ္ထားၾကတာလား။ သူက မင္းရဲ့ေက်ာင္းမွာ ဘယ္ေမဂ်ာကလဲ။ ငါ့အထင္ သူက မင္းထက္အမ်ားႀကီးငယ္တဲ့ပုံပဲ"

ယဲ့ေရွာ္က ယဲ့လန္၏​ေဒါသကို အခြင့္ေကာင္းယူၿပီး သူ႔ထံမွစကားလုံးမ်ားရေအာင္ အေျပးအလႊား လွည့္ျဖားအစ္ေအာက္ထုတ္ေမးေနလိုက္​သည္။

"ရန္ျဖစ္ထားတယ္ဆိုရင္ေတာင္ မင္း သူ႔ကို ဒီအတိုင္းပစ္ထားေတာ့မလို႔လား။ သူ႔ခမ်ာ ဖ်ားနာေနတာ ဘယ္ေလာက္ေတာင္ သနားစရာေကာင္းလိုက္လဲ…"

"အဲဒါ မင္းနဲ႔ ဘာဆိုင္လို႔လဲ ဘာလို႔ဒီေလာက္ေတာင္ေမးခြန္းေတြေမးေနတာလဲ"

ယဲ့လန္ ေနာက္ဆုံးမွာ​ေတာ့ သူ႔ညီျဖစ္သူ၏ ထူးျခားမႈကို သတိျပဳမိသြားၿပီး သူ႔မ်က္လုံးမ်ားတြင္ အႏၲရာယ္ရွိေသာ အလင္းေရာင္တစ္ခု ဖ်တ္ခနဲလက္​သြားသည္။

"ဘာမွမဟုတ္ပါဘူး၊။ ငါ့စိတ္ထဲ သူက နည္းနည္းသနားစရာေကာင္းတယ္လို႔ ေတြးမိ႐ုံတင္ပါ"

ယဲ့ေရွာ္က ​ေတြးေတြးဆဆဟန္ကိုလုပ္လိုက္သည္​။

"သူက ဘယ္ေမဂ်ာနဲ႔ ဘယ္အတန္းတက္ေနတာလဲဆိုတာသာ ငါ့ကို ေျပာျပစမ္းပါ... သူ႔ကိုမင္းအစားသြားေတာင္းပန္ေပးမယ္ေလ"

"မလိုဘူး။ အေရးႀကီးတဲ့ကိစၥလည္းမဟုတ္တာေၾကာင့္ လာေရာေထြးပစ္မေနနဲ႔။ လုပ္စရာရွိတာကိုသာ သြားလုပ္ခ်ည္​"
 
ယဲ့လန္က သူ႔ကို ေမာင္းထုတ္ပစ္လိုက္သည္။ သို႔​ေသာ္ ယဲ့ေရွာ္က ဒီအခက္အခဲမ်ားေလာက္ကေတာ့ မႈမေနေပ။ ယဲ့လန္တစ္ေယာက္ ေရခ်ိဳးခန္းသို႔သြားသည့္အခါတိုင္းမွာ ယဲ့လန္၏မိုဘိုင္းဖုန္း၊ မွတ္စုစာအုပ္၊ ပိုက္ဆံအိတ္စသည္တို႔တြင္  သဲလြန္စအခ်ိဳ႕ကို ရွာေဖြနိုင္ရန္ ႀကိဳးစားခဲ့သည္။

ထို႔​ေနာက္​ သဲလြန္စတို႔ကို ေပါင္းစပ္ကာ ေနာက္ဆုံးတြင္ ေလာ့ယန္က မင္းယန္တကၠသိုလ္ရွိ ဇီဝအင္ဂ်င္နီယာဌာနမွျဖစ္ေၾကာင္း

You are reading the story above: TeenFic.Net