Chapter 75 (U+Z)

Background color
Font
Font size
Line height

(Unicode)

အခန်း-၇၅။ နွားချိုထဲသို့ ၀င်သွားမိခြင်း၊ သူနှင့် မမျှော်လင့်ပဲဖြစ်သည့် စစ်အေးတိုက်ပွဲ!

စုကျစ်ယန်က လင်ကျန်းရီကို မျက်နှာပေးသည့်အနေဖြင့် ငိုနေတာကို ရပ်လိုက်ပေမယ့် သူ့မှာ ပုံမှန်အထက်လူကြီးနှင့်အလုပ်သမားကဲ့သို့သော ကွာဝေးနေသည့် အတွေးတွေကျန်ရှိနေခဲ့သေးသည်။

သူကဘာကိုပဲလုပ်နေပါစေ တည်ငြိမ်အေးဆေးတဲ့မျက်နှာနဲ့သာ သူနေလေသည်။လင်ကျန်းရီက သူ့ဆီ တစ်ခုခု ယူလာတိုင်း စားသင့်တဲ့အရာဆိုရင် သူစားပစ်လိုက်ပြီး သောက်သင့်သည့်အရာဆိုရင်သောက်ပစ်လိုက်သည်သာ။

သို့သော် သူသည် သူ၏ဆင်ခြင်တုံတရား ပြန်လည်ရရှိလာသကဲ့သို့ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပေါ်လာသည့် ညုတုတုအမူအရာများ ပျောက်ကွယ်သွားပြီး ထိုသူ့အား ရင်းနှီးကျွမ်း၀င်သောအပြုံးမျိုးကို ဘယ်တော့မှ မပေးတော့ချေ။

လင်ကျန်းရီသည် စုကျစ်ယန်၏ပြောင်းလဲမှုကို အတိအကျပင် သတိပြုမိခဲ့သည်။  တစ်ချိန်တည်းမှာပဲ သူသည် တုန်လှုပ်ချောက်ချားသွားသလို ခံစားလိုက်ရသည်။

သူသာကြိုသိခဲ့ပါလျှင် သူ့ကို စနောက်ခဲ့မှာ မဟုတ်ဘူး။ ဒါက တကယ့်ကို ဆိုးရွားလွန်းတယ်၊ သူ တကယ်ကြီးကိုစိတ်ဆိုးနေတာပဲ။  ဒီကိစ္စကို သူ့နှလုံးသားအောက်ချေထဲမှာ ချမှတ်ထားရင် ဘယ်လိုလုပ်မလဲ?

လင်ကျန်းရီသည် စိတ်လှုပ်ရှားစွာဖြင့် နားရွက်ကိုကုတ်လိုက်ပြီးနောက် ဤဘိုးဘေးငယ်လေးကို အိမ်သို့မပင့်ဆောင်မီအတော်အတွင်း သူတတ်နိုင်သလောက်၊လုပ်နိုင်စွမ်းရှိသလောက် ကြိုးစားအားထုတ်မှုများစွာကို လုပ်ခဲ့ပြီးပြီဟု သူ့ရင်တွင်းထဲမှတွေးလိုက်မိသည်။

သူ့မိဘတွေနဲ့လည်း သူ့ကို ပေးတွေ့ပြီးပြီ ကလေးတွေမွေးပြီးရင် လက်ထပ်ကြမယ့်အကြောင်းတောင် ဆွေးနွေးပြောဆိုပြီးကြပြီလေ။

သူက စတော်ဘယ်ရီသီးနှစ်လုံးကိုတော့ မရှုံးသွားသင့်ဘူးလေ...အား!

ဒါက မတရားသဖြင့်နဲ့ သေခိုင်းတာမှမဟုတ်တာကို။

တကယ်တော့ စုကျစ်ယန်သည် သူ့စိတ်ကူးအတွေးတွေက အထိန်းအချုပ်မရှိ ရိုင်းရိုင်းစိုင်းစိုင်းပြေးလွှားနေမိတယ်ဆိုတာကို သူသိသည်။ ဒီကိစ္စမှာ သူက နည်းနည်းလေး စိတ်ထားသေးသိမ်နေမှန်းလည်း သူသိသည်...

ဒါပေမယ့် သူ့အမြင်အရတော့ ဒီကိစ္စက စတော်ဘယ်ရီသီးနှစ်လုံးနဲ့ လုံးဝမပတ်သက်ပါချေ။

မကြာသေးမီက လင်ကျန်းရီက သူ့အား ဘိုးဘေးလေးလို ပြောဆိုဆက်ဆံခဲ့သည်။ သူ့ကို နည်းမျိုးစုံနဲ့စနှောက်တတ်သည်။ သူနည်းနည်းပါးပါး မပျော်ဘူးဆိုရင် လင်ကျန်းရီက သူပျော်ရွှင်လာတဲ့အထိ ချော့ပေးလိမ့်မည်။

ထို့ကြောင့်၊ စုကျစ်ယန်သည် သူ့လက်တွေထဲ ပွေ့ပိုက်ခံထားရစဉ် ကာကွယ်ထားခြင်းခံရသည့်ခံစားချက်ကို တဖြည်းဖြည်း ကျင့်သားရလာခဲ့သည်။

တစ်ခါတစ်ရံတွင် သူသည် ကလူ၏မြူ၏ကဲ့သို့ ပြုမူတတ်သေးသည်၊ သူက အနည်းငယ် ခေါင်းမာကာ ဝုန်းဒိုင်းကြဲတတ်ပါသော်လည်း သူကသတိနဲ့ ပြုမူသင့်သည့်ပုံကိုလည်း သူသိနေသေးသည်။

ဒါက ဘဝရဲ့အရသာရှိလှတဲ့ ဖြစ်စဉ်တစ်ချို့ဆိုတာကို သူနားလည်ပေသည်။

အချစ်ခံရတဲ့သူကပျော်ရွှင်သလို ချစ်ရတဲ့သူကလည်းပျော်ရွှင်ရသည်။

ဒါပေမယ့် ဒီညီမျှနေတဲ့ချိန်ခွင်လျှာက ပြိုပျက်သွားခဲ့ရင်ကော?

ယနေ့တွင် လင်ပါပါးနှင့်လင်မာမား တို့နှစ်ဦးသည် ဒီနေရာသို့ ရောက်လာကြပြီး အခြေခံအားဖြင့် သူတို့၏ ကိစ္စများကို ဆုံးဖြတ်ပေးခဲ့ကြကာ စုကျစ်ယန်သည်လည်း လင်ကျန်းရီနဲ့ လက်မထပ်မီ ကလေးအရင်မွေးရန်အတွက် စောင့်နေရန် အသင့်ဖြစ်နေခဲ့သည်။

သို့သော် သူခြေလှမ်းကျယ်ကျယ်လှမ်းရန် ဆုံးဖြတ်လိုက်သောအချိန်တွင် လင်ကျန်းရီသည် ရုတ်တရက် သူ့ကို ချော့မော့နေခြင်းမှ ရပ်တန့်ကာ သူဒေါသထွက်အောင်လုပ်သွားပြီးနောက် လှည့်ထွက်သွားခဲ့သည်။

ဟုတ်ပါတယ်၊ ဒါတွေအားလုံးက စုကျစ်ယန်ရဲ့ အမြင်ကနေ လာတာပင်။ လင်ကျန်းရီက သူ့အတွက် စတော်ဘယ်ရီသီးများ ထပ်ယူဖို့ရန်အတွက် သူ့ကို ထားခဲ့ခြင်းပင်။

ဒါပေမယ့် လင်ကျန်းရီက သူ့အတွက် စတော်ဘယ်ရီသီးတွေ ထပ်ယူဖို့ ထွက်သွားမှန်း၊ ရေခဲသေတ္တာထဲမှာ စတော်ဘယ်ရီသီးတွေ ထပ်ရှိနေသေးမှန်းကို စုကျစ်ယန်က ဘယ်လိုလုပ်သိမှာတဲ့လဲ?

လင်ကျန်းရီသည် သူတို့၏ အိမ်ထောင်ရေး အဆင်ပြေ၊ပြေလည်သွားပြီးနောက် သူ့ကို ဂရုမစိုက်တော့ဘဲ စိတ်အေးလက်အေး ဖြစ်သွားသည်ဟု သူထင်နေခဲ့သည်။

သူဒေါသဖြစ်ချင်သပါ့ဆိုရင်လည်း ဒေါသဖြစ်နေပါစေ၊ သူသာ ၀ုန်းဒိုင်းကြဲချင်ရင်လည်း ဝုန်းဒိုင်းကြဲနေပါစေ၊ ဒီသခင်က မင်းကိုဒီ့ထက်ပိုပြီး ပြုစုပေးတော့မှာ မဟုတ်ဘူး… ဘယ်လိုပဲဖြစ်ဖြစ် မင်းက နဂိုထဲကငါ့လူပဲ၊ မင်း ထွက်ပြေးလို့မရဘူး။

အထက်ပါအချက်များသည် တိုတောင်းသောအချိန်ခဏလေးအတွင်း စုကျစ်ယန်၏ စိတ်ပိုင်းဆိုင်ရာအတွေးယဉ်ကြောတွေသာဖြစ်လေသည်။

သူပိုပြီးလေးလေးနက်နက်တွေးလေ ပိုပြီးကြောက်လာလေဖြစ်ပြီး ပိုပြီးတွေးလေ အတွေးကပိုပြီးဆိုးဝါးလာလေပင်။

စုကျစ်ယန်၏ နှလုံးသားထဲတွင် ထိုအတွေးစိတ်နေစိတ်ထားများကို ရေးထိုးလိုက်သည်နှင့် ချက်ချင်းပင် သူ့အတွေးတွေက အတားအဆီးမဲ့ ပျံသန်းသွားကာ သူ့အတွေးတွေကလည်း ပို၍ ဝေးသထက် ဝေးကွာသွားသည်၊ ပိုပိုပြီးလည်း ဆင်ခြင်တုံတရားမဲ့လာသည်၊ သို့ပေမယ့် ဒီကိစ္စတွေက စုံတွဲတွေအတွက် အတော်လေးကိုဖြစ်နိုင်ခြေ အရှိဆုံး အခြေအနေတွေလည်း ဟုတ်ပေသည်။

မင်းတို့လည်းမြင်တဲ့အတိုင်း လက်တောင်မထပ်ရသေးဘူး၊ ငါဒေါသထွက်တဲ့အခါ သူငါ့ကို ဂရုမစိုက်တော့ဘူး။
နောက်ဆိုရင်ကော? အိမ်ထောင်ပြုပြီးသွားရင်ကော? ကလေးမွေးပြီးသွားရင်ကော ဘယ်လိုတွေဖြစ်ကုန်မလဲ? ဒါက သူ့ကို ဒီ့ထက်ပိုပြီး အလေးအနက်မထားတော့ဘူးလို့ ဆိုလိုတာလား?

စုကျစ်ယန်က ဒါကို တွေးလိုက်မိတဲ့အခါ သူဘယ်လိုလုပ်ပြီး နာကျည်းမုန်းတီးမှုကို ခံစားရမှာတဲ့လဲ? ဒီလိုအချိန်မျိုးမှာ ကိုယ်ဝန်ဆောင်စုံတွဲတွေကြား ဒီလိုကိစ္စတွေကဖြစ်လေ့ဖြစ်ထရှိပြီး ကိုယ်၀န်ရှိနေတာကြောင့် သူကလည်း မကြာခဏသလို စိတ်တိုနေတတ်သည်။

ယခုတော့ လင်ကျန်းရီက သူ့ကို နှိုးဆော်လိုက်သလိုဖြစ်သွားသဖြင့်၊ ရှေ့သို့ ခြေလှမ်းကြီးကြီးလှမ်းရန် ကြံရွယ်နေသော သူ၏ မူလအစီအစဉ်သည် ခြေလှမ်းများစွာ ရုတ်ခြည်း ဆုတ်ခွာသွားရသည့် ဖြစ်စဉ်ဖြင့် အဆုံးသတ်သွားရသည်။

သူ့ရဲ့လိပ်ခွံထဲကို ပြန်၀င်ပြီး အပြင်ထွက်လာဖို့ရန် ရည်ရွယ်ချက်မရှိတော့ပေ။

မှန်ပါတယ်၊ စုကျစ်ယန်က လိပ်တစ်ကောင်ပါ။ အခက်အခဲတွေ ကြုံတွေ့လာရတဲ့အခါ ရှောင်ပြေးမှာဖြစ်ပြီး ဘာမှ ပဏမခြေလှမ်းဦးစွာ ယူထားဖို့လည်း မစဉ်းစားထားပေ။

လင်ကျန်းရီက နောက်ကြတော့ ပြန်မရှင်းပြလို့လားလို့ မင်းပြောကောင်းပြောနိုင်တယ်? သူက စတော်ဘယ်ရီသီးကိုယူဖို့သွားတာဖြစ်ပြီး စုကျစ်ယန်ကိုတစ်ယောက်တည်း ထားခဲ့တာမဟုတ်ပေ။

ဒါပေမယ့် ကိုယ်ဝန်ဆောင်သူတွေက ပိုပြီးသိမ်မွေ့နူးညံ့တဲ့စိတ်သဘောသဘာ၀ရှိတယ်...အား...ဒီတစ်ခေါက် သူ့ကိုချော့ရတာ မငြီးငွေ့ရင်တောင် နောက်တစ်ခါ ဆိုရင်ကော ဘယ်လိုလုပ်မလဲ? သူ ပင်ပန်းတဲ့ နေ့ဆိုတာမရှိဘူးလား? သူစိတ်ဆိုးမယ့်နေ့ဆိုတာလည်း ရှိလာတော့မယ်မဟုတ်ဘူးလား?

သူ့ကို ချစ်လှပါချည်ရဲ့ မခွဲခွာနိုင်ပါဘူးဆိုတာကနေ ရုတ်တရက် သူ ပင်ပန်းသလို ဖြစ်လာလို့ သူ့ကိုထားသွားခဲ့ရင်ဘယ်လိုလုပ်မလဲ? ဒါဆို သူဘာလုပ်သင့်သလဲ? တစ်ယောက်ယောက်က အမြဲတမ်းချစ်ပေး၊အလိုလိုက်ပေးနိုင်တယ်ဆိုတာ ဟုတ်ရဲ့လား?

ဒီလိုဖြစ်လာမယ့်နေ့မျိုးကို ကြိုစောင့်နေမည့်အစား လုံးလုံးလျားလျား တစ်စုံတစ်ယောက်အပေါ်မပြိုကျခင် ကျိုးကြောင်းဆီလျှော်မှုရှိရှိနဲ့ နောက်ဆုတ်သင့်ရင်နောက်ဆုတ်ရအာင် ပြတ်ပြတ်သားသားမြင်နိုင်ရန် ကြိုးစားသင့်ပေသည်။

ဒီလိုနည်းနဲ့သာဆို သူထွက်သွားရမည့်နေ့ ရောက်လာပါက သူ့နှလုံးသားက နာကျင်စရာတွေကြုံတွေ့လာခဲ့မယ်ဆိုရင်တောင် ကြိုပြီး တောင့်ခံထားနိုင်မှာတဲ့လား?

ဒါပေမယ့် သူ မှားယွင်းနေပြီး မပျော်ရွှင်ဘူးလို့ခံစားနေရသည်။ စုကျစ်ယန်သည် လင်ကျန်းရီနှင့် ကြုံခဲလှသည့်စစ်အေးတိုက်ပွဲဖြစ်နေပါသော်လည်း လင်ကျန်းရီကို သူနှင့်အတူ ကုတင်တစ်လုံးတည်းတွင် အိပ်ခွင့်ပေးပြီး ပွေ့ဖက်နမ်းရှုံ့ရန်လည်း ဆန္ဒရှိနေဆဲသာဖြစ်သည်။  သို့သော်လည်း သူ၏မျက်နှာအမူအရာမှာ မပြောင်းလဲခဲ့ပေ။

လင်ကျန်းရီတစ်ယောက် သူရူးသွားတော့မယ်လို့ခံစားနေရသည်။ စုကျစ်ယန် တကယ်ပဲ ဘာဖြစ်နေမှန်းကို သူမသိတော့ဘူး။  ဒီတစ်ခေါက် သူ့ကို ဘာလို့ပြန်မချော့နိုင်ရတာလဲ?

ညဥ့်ဦးယံချိန်မှာ စုကျစ်ယန်သည် လင်ကျန်းရီက သူ့ကို စွန့်ပစ်လိုက်ပြီဆိုတဲ့ အိပ်မက်တစ်ခုကို မက်လေသည်။ သူက သူ့သားလေးတွေကို တွေ့ချင်ပေမယ့် လင်ကျန်းရီက သူ့ကို ရက်စက်စွာ တွန်းထုတ်လိုက်သည့်အချိန်တွင် ရုတ်တရက် သူလန့်နိုးသွားသည်။ စုကျစ်ယန်၏တစ်ကိုယ်လုံးတွင် ချွေးတွေဖြင့်ရွှဲရွှဲစိုနေသည်။ တစ်ချိန်တည်းမှာပဲ သူ့မျက်လုံးထောင့်စွန်းလေးတွေသည်လည်း စိုစွတ်နေပြီး သူ့နှလုံးသားထဲတွင် နာကျည်းမှုတွေက လွန်ကဲနေ၏။

ဒီကမ္ဘာပေါ်မှာ သူ့ဘေးနားက လူနဲ့ ပေါင်းသင်းနေရတဲ့ အကြောင်းရင်းက ဘာများလဲ?

သူ့ပိုက်ဆံကို အလိုမရှိဘူး။ သူ့မှာ ကိုယ်ပိုင်ဝင်ငွေရှိတယ်။  သူ့အာဏာကိုလည်းမလိုချင်ဘူး၊ အခြေခံအားဖြင့် အဲ့လိုလူတွေက လွတ်လပ်မှု မရှိကြဘူး။  သာမာန်ပျော်ရွှင်တဲ့ဘဝနဲ့နေထိုင်ရခြင်းထက် ဒါတွေက ပိုအရေးကြီးနိုင်လို့လား? ဒါ့ကြောင့် သူအာဏာကိုလည်း ဂရုမစိုက်ပေ။ သူ့သားသမီးတွေအတွက် ပြီးပြည့်စုံတဲ့ မိသားစုတစ်ခုကိုပေးနိုင်မှာတဲ့လား?

ဒါပြီးရင် ကလေးမွေးပြီးနောက် ပြီးပြည့်စုံသောမိသားစုတစ်ခုကိုထူထောင်ရန်အတွက် မိန်းမတစ်ယောက်ကိုကောက်ယူပြီး ဖခင်၂ယောက်ပေါင်းစပ်မှုထက် ပိုပြည့်စုံသည့် မိသားစုကိုသူကထူထောင်ပစ်နိုင်ပေသည်။

ဒါပေမယ့် သူလိုချင်တဲ့သူက လင်ကျန်းရီ ဆိုတဲ့လူတစ်ဦးသာ။

လင်ကျန်းရီက သူ့အပေါ်ကိုကောင်းသည်၊ သူ့ကိုယ် စွဲလန်းချစ်ခင်ပြီး သူနဲ့ပတ်သတ်သမျှအရာရာတိုင်းကို လိုက်နာပေးသည်။  ဂရုစိုက်ပြီး အချစ်ခံရတဲ့ ခံစားချက်က သူ့ဘဝရဲ့ အလှဆုံးသောအချိန်တွေပင်။

ပထမဦးစွာ၊ တစ်စုံတစ်ယောက်က သူ့ကို ချစ်ခင်ကြင်နာလိမ့်မယ်လို့ ဘာကြောင့်ထင်မိရတာလဲ? တကယ်တော့၊ သူ အိပ်မက် မက်နေတာပဲ မဟုတ်ဘူးလား? ဒီအိမ်မက်ကနေ နိုးထလာရင် သူပိုပြီးအထီးကျန်ဆန်သလို ခံစားလာရသည်။ အစကတည်းက ဒီလှပတဲ့အရာတွေကို လုံးဝ မပိုင်ဆိုင်ထားတာ ပိုကောင်းလိမ့်မယ်...

စုကျစ်ယန် ငိုနေရင်းကမှ သူ့ဗိုက်ထဲမှာ ဒီကလေးတွေကို ထားထားရတာက အမှားတစ်ခုလို့ ရုတ်တရက် ခံစားလိုက်ရသည်။  ဒီကလေးနှစ်ယောက်သာမရှိရင် သူ့က လင်ကျန်းရီ နဲ့ ဘာမှဆိုင်တော့မှာမဟုတ်ဘူးလား?

အခုဆို တစ်ခုခု ဆုံးရှုံးသွားရမှာ ကြောက်လို့ မိန်းမတစ်ယောက်လို သူငိုနေရပြီ မဟုတ်ဘူးလား?

စုကျစ်ယန် ကိုယ့်ကိုယ်ကိုယ် အားတင်းစမ်းပါဦး။ ဒါကဘာလဲ?  အဆိုးတကားအဆိုးဆုံးတွေသာဖြစ်လာရင် သူ့ကလေးတွေကို သူ့ဘာသာသူ ခေါ်သွားနိုင်တာပဲလေ။  မင်းဘာလို့ ဒီလောက်တောင် အသုံးမကျရတာလဲ၊ မင်းက ငိုတောင် ငိုနေသေးတယ်။ တစ်ခါ ငိုရုံနဲ့ မလုံလောက်ဘူးလား?  မင်းက ဘာလို့ထပ်ငိုနေရသေးတာလဲ?

လင်ကျန်းရီသည် သူ့နံဘေးမှ ရှိုက်ကြီးတငင် ငိုကြွေးသံကို ကြားလိုက်ရသည့်အခါ ရုတ်တရက် လန့်နိုးလာသည်။  သူ စုကျစ်ယန်တစ်ယောက် အမှန်တကယ် ငိုနေမှန်း မသိသေးခင်အထိ သူသည်အိပ်တစ်၀က်နိုးတစ်၀က်အခြေအနေတွင်သာရှိနေသေးသည်။

သူ့အိပ်ငိုက်နေခြင်းမှာ လုံးဝပျောက်သွားရသည်။  သူ အမြန်ထထိုင်လိုက်ပြီး စုကျစ်ယန်၏ နံဘေးသို့ တိုးမသွားမီ ကုတင်ဘေးက ဗီဒိုဘေးရှိ မီးအိမ်ကို အရင်ဖွင့်လိုက်သည်။

သူက စိုးရိမ်တကြီးမေးလိုက်သည်။

"ကျစ်ယန်...ဘာဖြစ်လို့လဲ? မင်းနေလို့ထိုင်လို့မကောင်းလို့လား?"

စုကျစ်ယန်သည် လှုပ်ရှားမှုကိုခံစားမိလိုက်သည့်အခါ လင်ကျန်းရီ နိုးလာပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ငိုနေခြင်းကို ရပ်တန့်လိုက်ပြီး “ဘာမှမဖြစ်ဘူး” ဟု ဒေါသတကြီးအော်ပြောလိုက်သည်။

"ဘာမှမဖြစ်ဘူး?  ဒါဆို မင်းကဘာလို့ ငိုနေရတာလဲ? ဒီတိုင်ခင်က ကိစ္စကြောင့် မင်း ကိုယ့်ကို စိတ်ဆိုးနေသေးတာလား?"

လင်ကျန်းရီသည် စုကျစ်ယန်၏ မျက်နှာကို သူ့ဘက်သို့ ဆွဲယူ၍လှည့်ကြည့်စေလိုက်သည်။

"ကိုယ့်ကိုရှင်းရှင်းလင်းလင်းပြောပါ၊ မင်းဘာတွေ ဒေါသထွက်နေသေးတာလဲ? ကိုယ်တို့နှစ်ဦးကြားမှာ ရှင်းလို့မရတဲ့ပြသနာတွေရှိနေသေးတာလား? ဘာလို့များ တိတ်တိတ်လေး ငိုနေတာရလဲ? မင်းတကယ်ပဲ ဘာတွေတွေးနေရတာလဲ?"

စုကျစ်ယန်၏ အကြည့်များသည် လင်ကျန်းရီရဲ့ ချောမောခန့်ညားသော မျက်နှာကိုဖြတ်သန်းသွားချိန်တွင် အနည်းငယ် တုံ့ဆိုင်းသွားပါသော်လည်း ချက်ချင်းပင် သူ့မျက်လုံးအကြည့်များကို လွှဲဖယ်ပစ်လိုက်ပြန်သည်။

“ဘာမှမဖြစ်ဘူး။ ဒါက ကျွန်တော်ရဲ့ ကိုယ်ပိုင်ပြဿနာပါ...ဒါက ခင်ဗျားရဲ့အလုပ်တစ်ခုမှမပါဘူး"

"စုကျစ်ယန်!"

သူတို့တစ်ယောက်နဲ့တစ်ယောက် ဆက်နွယ်ပြီးကတည်းက စုကျစ်ယန်ရဲ့နာမည်အပြည့်အစုံကို လင်ကျန်းရီအနေဖြင့် ဤတစ်ကြိမ်ကပထမဆုံးအကြိမ်ခေါ်ခြင်းသာဖြစ်လေသည်။

သူက သူ့နာမည်အပြည့်အစုံကိုတောင် ခေါ်မိသွားပြီ။ သူ့ခေါင်းကို ဆုပ်ကိုင်ထားရင်းမှ အနည်းငယ် တုန်လှုပ်သွားရာကနေ စိတ်အနည်းငယ်တိုမိသွားသည်။

“မင်းမှာ ကိုယ်နဲ့ပတ်သတ်ပြီး မကျေနပ်တာရှိရင် အသံကျယ်ကျယ်နဲ့ အော်ပြောလို့ရတယ်...မင်းဘာကြောင့်များ အဲ့ဒါတွေကို မင်းနှလုံးသားထဲမှာ အမြဲသိမ်းထားရတာလဲ? မင်းသာကိုယ့်ကိုမပြောရင် ကိုယ်ဘာတွေအမှားလုပ်မိသလဲဆိုတာကို ကိုယ်အနေနဲ့ဘယ်လိုလုပ်သိမလဲ? စတော်ဘယ်ရီသီးနှစ်လုံးကိစ္စဆိုရင်လည်း  ကိုယ် မင်းကို တောင်းပန်ပြီးပြီလေ၊ မင်းဘက်ကလည်း တောင်းပန်တာကို လက်ခံပြီးသားလေ...ဒါဆို မင်း အခု တကယ်ပဲ ဘာကိုလိုချင်နေတာလဲ? မင်းစိတ်ကျေနပ်အောင် ကိုယ့်နှလုံးသားကိုထုတ်ပြီး ပြစေချင်တာလား?"

စုကျစ်ယန်က သူ့ကို စိုက်ကြည့်နေမိသည်။

ကြည့်စမ်းပါဦး... သူက သူ့ကို အခုကတည်းအော်နေပြီ...

လင်ကျန်းရီလည်း ခုနက သူအရမ်းစိတ်လှုပ်ရှားမိသွားတယ်ဆိုတာကို သတိထားမိသွားသည်။ သူက အသံကို တတ်နိုင်သလောက် ပျော့ပျောင်းပြီး သူ့နဲ့ ဆက်လက် ဆွေးနွေးလိုက်သည်-

"ကျစ်ယန်၊ စစ်အေးဖြစ်တယ်ဆိုတာက လင်နဲ့မယားကြား အကြီးမားဆုံး လူသတ်သမားပဲ...မင်း ကိုယ့်ကို ဒီလိုနည်းလမ်းနဲ့ပဲ အမြဲတမ်း အပြစ်မပေးဘူးလို့ ကိုယ်မျှော်လင့်ပါတယ်...အိုခေ?  အရင်ကလို မင်စိတ်ဆိုး ဒေါသထွက်ရင် ကိုယ့်ကိုရိုက်နိုင်တယ်၊ ဆူပူကြိမ်းမောင်းနိုင်တယ်၊ ကိုယ့်ကိုတော့ ပွင့်ပွင့်လင်းလင်းအကုန်ပြောပြပါနော်...ဟုတ်ပြီလား?"

“…အဲဒါ ခင်ဗျားရဲ့ပြဿနာမဟုတ်ဘူး...ဒါက ကျွန်တော်ကိုယ်ပိုင်ပြဿနာပါ...ကျွန်တော် နှလုံးသားကို ကျွန်တေယ် သေချာ မဖြေရှင်းရသေးဘူးထင်တယ်...လင်ကျန်းရီ ကျွန်တော်တစ်ယောက်တည်းနေချင်တယ်"

စုကျစ်ယန်သည် အချိန်အတော်ကြာကြာ တိတ်ဆိတ်နေပြီးမှ စကားဆိုလာသည်။

လင်ကျန်းရီသည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် သူ့ရင်ဘတ်ထဲရှိ အရှိန်အဟုန်ပြင်းပြင်းဖြင့်အောင့်တတ်လာသည့် ခံစားချက်ကို ထိန်းထားလိုက်သည်။

လောလောဆယ်တော့ ဒီဘိုးဘေးငယ်လေးကိုယ်တိုင် သူ့အတွက် တူးပေးထားတဲ့ နွားဦးချို ဘယ်နေရာမှာရှိနေလဲ ဆိုတာကို သူလည်းအတိအကျ ခန့်မှန်းလို့ မရဘူး။

[ Velly/N-ပြသနာဖြစ်အောင် ကျွင်းတူပေးတာကိုပြောချင်တာပါ ]

ရိုးရှင်းစွာပင် သူလည်း နောက်ထပ်မေးခွန်းများမမေးမြန်းနိုင်တော့ပေ။ အခုချိန်မှာ သူ့ကိုယ်ပိုင်ခံစားချက်တွေက ထိန်းမနိုင်သိမ်းမရ လွတ်ထွက်ချင်နေပြီရယ်၊ သူသာ ဆက်မေးနေမယ်ဆိုရင် နောက်ထပ် ချော်ထွက်သွားမှာကို သူ ကြောက်လန့်နေမိသည် ။

သူတို့နှစ်ဦးလုံးအတွက် အရင်ဆုံး စိတ်အေးအေးထားလိုက်တာက ပိုကောင်းပါတယ်လေ။

"ကောင်းပြီလေ၊ မင်းဒီမှာအိပ်...ကိုယ်ဘေးက ဧည့်အိပ်ခန်းမှာ သွားမိပ်လိုက်မယ်"

လင်ကျန်းရီသည် ကုတင်ပေါ်မှထကာ "ဒါပေမယ့် အဲဒါကို ထပ်မစဉ်းစားနဲ့တော့...အရင်ဆုံး ကောင်းကောင်းအိပ်လိုက်ပါ...မင်းမှာ ပြသနာ တစ်စုံတစ်ရာ ရှိနေတယ်ဆိုရင်လည်း မနက်ဖြန် မနက်ကြမှ ပြောလို့ရမလား?"

စုကျစ်ယန်က “အင်း” ဟု ညင်သာစွာ ပြောပြီးနောက် သူ့မျက်လုံးတွေကို မှိတ်ချလိုက်သည်။

လင်ကျန်းရီက ကိုယ်ကိုကိုင်း၍စောင်ခြုံပေးလိုက်သည်။ တစ်ချိန်တည်းမှာပင်၊ စုကျစ်ယန်၏ ဝမ်းဗိုက်နောက်ကျောတွင် ကူရှင်ကို ခုခင်းပေးလိုက်သည်။  ထို့နောက် သူသည် မတ်တတ်ထရပ်ကာ အကျင့်ပါနေသည့်အတိုင်း စုကျစ်ယန်၏ မျက်ခုံးတန်းလေးကြားကို နမ်းလိုက်သည်။

သူက “Goodnight, baby” ဟု တီးတိုးစကားသာဆိုလေသည်။

မင်း အမြန်ဆုံး နားလည်လာနိုင်မယ်လို့ ကိုယ်မျှော်လင့်ပါတယ်။  ကိုယ့်ကို ထပ်ပြီးမနှိပ်စက်ပါနဲ့တော့...

လင်ကျန်းရီသည် နောက်ဆုံးစာကြောင်းများကို မပြောထွက်ပါချေ။ စုကျစ်ယန်က သူ့အတွေးကို ပိုလို့တောင် ထပ်လွှတ်ထားလိုက်မှာကို သူကြောက်နေမိသည်။

သူကဆိုလေသည်။

“မင်းမှာ ကိစ္စ တစ်ခုခုရှိရင် ကိုယ့်ကိုခေါ်လိုက်ပါ...ကိုယ်မင်း ခေါ်တာကိုကြားနိုင်အောင် တံခါးဖွင့်ထားမယ်"

“အင်း။”

စုကျစ်ယန်က ပြန်ဖြေပေးလေသည်။

လင်ကျန်းရီသည် အိပ်ယာဘေး မီးအိမ်ကို ပိတ်လိုက်ပြီးနောက် အခန်းအပြင်သို့ ထွက်သွားလိုက်သည်။

ဧည့်အိပ်ခန်းထဲရှိ ကုတင်ပေါ်တွင် လဲလျောင်းနေသော လင်ကျန်းရီသည် အချိန်အတော်ကြာသည့်တိုင် စိတ်အေးလက်အေးမနေနိုင်သေးပေ။

ကမ္ဘာပေါ်မှာ သူကအဆိုးဝါးဆုံးလူပဲဖြစ်ရမယ်! အရာအားလုံးက အဆင်ပြေပြီးသွားပြီလေ...ဘယ့်နှယ့်ကြောင့် ဒီလိုကိစ္စမျိုးတွေဖြစ်သွားရတာလဲ?

ဘယ်နွားရဲ့ဦးချိုနဲ့ အဲ့ဒီအကောင်ပေါက်လေးက သူ့အတွက်တူးထားတဲ့ အရာလေးတွေ ရှိနေမှန်း သူမသိခဲ့ဘူး၊ တကယ်ပဲ သူက သူနဲ့ စစ်အေးတိုက်ပွဲ ဖြစ်နေတာလားဟ!

သူ့နှလုံးသားလေးက နာကြင်လွန်းလို့ သေတော့မယ်!

လင်ကျန်းရီသည် အိပ်ရာပေါ်တွင် ဟိုလှည့်ဒီလှည့်လုပ်နေပြီးနောက် မအိပ်ပျော်နိုင်သည့်မဆုံး ရိုးရှင်းစွာပင် သူထထိုင်လိုက်သည်။

သူ့မှာ မခံစားနိုင်တော့သဖြင့် သူ့ဖုန်းကိုထုတ်ကာ ကုဖုန်းရဲ့နံပါတ်ကိုနှိပ်၍ ခေါ်လိုက်တော့သည်။

မနက်နှစ်နာရီထိုးနေလည်း သူဂရုမစိုက်ဘူး...

သူတစ်ယောက်ယောက်နဲ့ စကားပြောမှဖြစ်တော့မယ် မဟုတ်ရင် သူရူးသွားလိမ့်မယ်!

___________________________________________

ကိုယ်၀န်သည်ကို ကိုယ်ချင်းမစာတာတော့မဟုတ်ပေမယ့် ကျစ်ယန်လိုလူမျိုးက Mအကြီးစားနဲ့မှကိုက်မှာ သူကSဆန်နေတော့လေ 🙃

ပြီးတော့ သူက ကျန်းရီသူ့ကိုချော့လို့ပင်ပန်းသွားမှာကိုပဲတွေးပူနေတယ် သူ့ဘက်ကရော အဲ့လိုအားနေကောက်နေတာကို နည်းနည်းပါးပါးလျှော့ဖို့ရာအတွေးမရှိဘူး၊ သူသာလျှော့ရင်ဟိုကချော့ရလို့ပင်ပန်းမှာမဟုတ်ဘူးလေ။

ဒီအတိုင်းပြောတာပါ Vellyက မိထွေးအာသာမျိုးဆိုတော့ ဇာတ်လိုက်သာအကုန်မှန်ဆိုတဲ့လူစားမျိုးမဟုတ်ဘူးလေ...ဟဲဟဲ😅

           *                       *                       *

Translated By LA_Velly [ Team-Camomile ]
Words.

_ _ _ _ _ _ _

(Zawgyi)

အခန္း-၇၅။ ႏြားခ်ိဳထဲသို့ ၀င္သြားမိျခင္း၊ သူႏွင့္ မေမၽွာ္လင့္ပဲျဖစ္သည့္ စစ္ေအးတိုက္ပြဲ!

စုက်စ္ယန္က လင္က်န္းရီကို မ်က္ႏွာေပးသည့္အေနျဖင့္ ငိုေနတာကို ရပ္လိုက္ေပမယ့္ သူ႔မွာ ပုံမွန္အထက္လူႀကီးႏွင့္အလုပ္သမားကဲ့သို့ေသာ ကြာေဝးေနသည့္ အေတြးေတြက်န္ရွိေနခဲ့ေသးသည္။

သူကဘာကိုပဲလုပ္ေနပါေစ တည္ၿငိမ္ေအးေဆးတဲ့မ်က္ႏွာနဲ႔သာ သူေနေလသည္။လင္က်န္းရီက သူ႔ဆီ တစ္ခုခု ယူလာတိုင္း စားသင့္တဲ့အရာဆိုရင္ သူစားပစ္လိုက္ၿပီး ေသာက္သင့္သည့္အရာဆိုရင္ေသာက္ပစ္လိုက္သည္သာ။

သို့ေသာ္ သူသည္ သူ၏ဆင္ျခင္တုံတရား ျပန္လည္ရရွိလာသကဲ့သို့ ခ်စ္ျခင္းေမတၱာေၾကာင့္ ျဖစ္ေပၚလာသည့္ ညဳတုတုအမူအရာမ်ား ေပ်ာက္ကြယ္သြားၿပီး ထိုသူ႔အား ရင္းႏွီးကၽြမ္း၀င္ေသာအျပဳံးမ်ိဳးကို ဘယ္ေတာ့မွ မေပးေတာ့ေခ်။

လင္က်န္းရီသည္ စုက်စ္ယန္၏ေျပာင္းလဲမွုကို အတိအက်ပင္ သတိျပဳမိခဲ့သည္။  တစ္ခ်ိန္တည္းမွာပဲ သူသည္ တုန္လွုပ္ေခ်ာက္ခ်ားသြားသလို ခံစားလိုက္ရသည္။

သူသာႀကိဳသိခဲ့ပါလၽွင္ သူ႔ကို စေနာက္ခဲ့မွာ မဟုတ္ဘူး။ ဒါက တကယ့္ကို ဆိုးရြားလြန္းတယ္၊ သူ တကယ္ႀကီးကိုစိတ္ဆိုးေနတာပဲ။  ဒီကိစၥကို သူ႔ႏွလုံးသားေအာက္ေခ်ထဲမွာ ခ်မွတ္ထားရင္ ဘယ္လိုလုပ္မလဲ?

လင္က်န္းရီသည္ စိတ္လွုပ္ရွားစြာျဖင့္ နားရြက္ကိုကုတ္လိုက္ၿပီးေနာက္ ဤဘိုးေဘးငယ္ေလးကို အိမ္သို့မပင့္ေဆာင္မီအေတာ္အတြင္း သူတတ္နိုင္သေလာက္၊လုပ္နိုင္စြမ္းရွိသေလာက္ ႀကိဳးစားအားထုတ္မွုမ်ားစြာကို လုပ္ခဲ့ၿပီးၿပီဟု သူ႔ရင္တြင္းထဲမွေတြးလိုက္မိသည္။

သူ႔မိဘေတြနဲ႔လည္း သူ႔ကို ေပးေတြ႕ၿပီးၿပီ ကေလးေတြေမြးၿပီးရင္ လက္ထပ္ၾကမယ့္အေၾကာင္းေတာင္ ေဆြးေႏြးေျပာဆိုၿပီးၾကၿပီေလ။

သူက စေတာ္ဘယ္ရီသီးႏွစ္လုံးကိုေတာ့ မရွုံးသြားသင့္ဘူးေလ...အား!

ဒါက မတရားသျဖင့္နဲ႔ ေသခိုင္းတာမွမဟုတ္တာကို။

တကယ္ေတာ့ စုက်စ္ယန္သည္ သူ႔စိတ္ကူးအေတြးေတြက အထိန္းအခ်ဳပ္မရွိ ရိုင္းရိုင္းစိုင္းစိုင္းေျပးလႊားေနမိတယ္ဆိုတာကို သူသိသည္။ ဒီကိစၥမွာ သူက နည္းနည္းေလး စိတ္ထားေသးသိမ္ေနမွန္းလည္း သူသိသည္...

ဒါေပမယ့္ သူ႔အျမင္အရေတာ့ ဒီကိစၥက စေတာ္ဘယ္ရီသီးႏွစ္လုံးနဲ႔ လုံးဝမပတ္သက္ပါေခ်။

မၾကာေသးမီက လင္က်န္းရီက သူ႔အား ဘိုးေဘးေလးလို ေျပာဆိုဆက္ဆံခဲ့သည္။ သူ႔ကို နည္းမ်ိဳးစုံနဲ႔စေႏွာက္တတ္သည္။ သူနည္းနည္းပါးပါး မေပ်ာ္ဘူးဆိုရင္ လင္က်န္းရီက သူေပ်ာ္ရႊင္လာတဲ့အထိ ေခ်ာ့ေပးလိမ့္မည္။

ထို့ေၾကာင့္၊ စုက်စ္ယန္သည္ သူ႔လက္ေတြထဲ ေပြ႕ပိုက္ခံထားရစဥ္ ကာကြယ္ထားျခင္းခံရသည့္ခံစားခ်က္ကို တျဖည္းျဖည္း က်င့္သားရလာခဲ့သည္။

တစ္ခါတစ္ရံတြင္ သူသည္ ကလူ၏ျမဴ၏ကဲ့သို့ ျပဳမူတတ္ေသးသည္၊ သူက အနည္းငယ္ ေခါင္းမာကာ ဝုန္းဒိုင္းၾကဲတတ္ပါေသာ္လည္း သူကသတိနဲ႔ ျပဳမူသင့္သည့္ပုံကိုလည္း သူသိေနေသးသည္။

ဒါက ဘဝရဲ့အရသာရွိလွတဲ့ ျဖစ္စဥ္တစ္ခ်ိဳ့ဆိုတာကို သူနားလည္ေပသည္။

အခ်စ္ခံရတဲ့သူကေပ်ာ္ရႊင္သလို ခ်စ္ရတဲ့သူကလည္းေပ်ာ္ရႊင္ရသည္။

ဒါေပမယ့္ ဒီညီမၽွေနတဲ့ခ်ိန္ခြင္လၽွာက ၿပိဳပ်က္သြားခဲ့ရင္ေကာ?

ယေန႔တြင္ လင္ပါပါးႏွင့္လင္မာမား တို့ႏွစ္ဦးသည္ ဒီေနရာသို့ ေရာက္လာၾကၿပီး အေျခခံအားျဖင့္ သူတို့၏ ကိစၥမ်ားကို ဆုံးျဖတ္ေပးခဲ့ၾကကာ စုက်စ္ယန္သည္လည္း လင္က်န္းရီနဲ႔ လက္မထပ္မီ ကေလးအရင္ေမြးရန္အတြက္ ေစာင့္ေနရန္ အသင့္ျဖစ္ေနခဲ့သည္။

သို့ေသာ္ သူေျခလွမ္းက်ယ္က်ယ္လွမ္းရန္ ဆုံးျဖတ္လိုက္ေသာအခ်ိန္တြင္ လင္က်န္းရီသည္ ႐ုတ္တရက္ သူ႔ကို ေခ်ာ့ေမာ့ေနျခင္းမွ ရပ္တန႔္ကာ သူေဒါသထြက္ေအာင္လုပ္သြားၿပီးေနာက္ လွည့္ထြက္သြားခဲ့သည္။

ဟုတ္ပါတယ္၊ ဒါေတြအားလုံးက စုက်စ္ယန္ရဲ့ အျမင္ကေန လာတာပင္။ လင္က်န္းရီက သူ႔အတြက္ စေတာ္ဘယ္ရီသီးမ်ား ထပ္ယူဖို့ရန္အတြက္ သူ႔ကို ထားခဲ့ျခင္းပင္။

ဒါေပမယ့္ လင္က်န္းရီက သူ႔အတြက္ စေတာ္ဘယ္ရီသီးေတြ ထပ္ယူဖို့ ထြက္သြားမွန္း၊ ေရခဲေသတၱာထဲမွာ စေတာ္ဘယ္ရီသီးေတြ ထပ္ရွိေနေသးမွန္းကို စုက်စ္ယန္က ဘယ္လိုလုပ္သိမွာတဲ့လဲ?

လင္က်န္းရီသည္ သူတို့၏ အိမ္ေထာင္ေရး အဆင္ေျပ၊ေျပလည္သြားၿပီးေနာက္ သူ႔ကို ဂ႐ုမစိုက္ေတာ့ဘဲ စိတ္ေအးလက္ေအး ျဖစ္သြားသည္ဟု သူထင္ေနခဲ့သည္။

သူေဒါသျဖစ္ခ်င္သပါ့ဆိုရင္လည္း ေဒါသျဖစ္ေနပါေစ၊ သူသာ ၀ုန္းဒိုင္းၾကဲခ်င္ရင္လည္း ဝုန္းဒိုင္းၾကဲေနပါေစ၊ ဒီသခင္က မင္းကိုဒီ့ထက္ပိုၿပီး ျပဳစုေပးေတာ့မွာ မဟုတ္ဘူး… ဘယ္လိုပဲျဖစ္ျဖစ္ မင္းက နဂိုထဲကငါ့လူပဲ၊ မင္း ထြက္ေျပးလို့မရဘူး။

အထက္ပါအခ်က္မ်ားသည္ တိုေတာင္းေသာအခ်ိန္ခဏေလးအတြင္း စုက်စ္ယန္၏ စိတ္ပိုင္းဆိုင္ရာအေတြးယဥ္ေၾကာေတြသာျဖစ္ေလသည္။

သူပိုၿပီးေလးေလးနက္နက္ေတြးေလ ပိုၿပီးေၾကာက္လာေလျဖစ္ၿပီး ပိုၿပီးေတြးေလ အေတြးကပိုၿပီးဆိုး၀ါးလာေလပင္။

စုက်စ္ယန္၏ ႏွလုံးသားထဲတြင္ ထိုအေတြးစိတ္ေနစိတ္ထားမ်ားကို ေရးထိုးလိုက္သည္ႏွင့္ ခ်က္ခ်င္းပင္ သူ႔အေတြးေတြက အတားအဆီးမဲ့ ပ်ံသန္းသြားကာ သူ႔အေတြးေတြကလည္း ပို၍ ေဝးသထက္ ေဝးကြာသြားသည္၊ ပိုပိုၿပီးလည္း ဆင္ျခင္တုံတရားမဲ့လာသည္၊ သို့ေပမယ့္ ဒီကိစၥေတြက စုံတြဲေတြအတြက္ အေတာ္ေလးကိုျဖစ္နိုင္ေျခ အရွိဆုံး အေျခအေနေတြလည္း ဟုတ္ေပသည္။

မင္းတို့လည္းျမင္တဲ့အတိုင္း လက္ေတာင္မထပ္ရေသးဘူး၊ ငါေဒါသထြက္တဲ့အခါ သူငါ့ကို ဂ႐ုမစိုက္ေတာ့ဘူး။
ေနာက္ဆိုရင္ေကာ? အိမ္ေထာင္ျပဳၿပီးသြားရင္ေကာ? ကေလးေမြးၿပီးသြားရင္ေကာ ဘယ္လိုေတြျဖစ္ကုန္မလဲ? ဒါက သူ႔ကို ဒီ့ထက္ပိုၿပီး အေလးအနက္မထားေတာ့ဘူးလို့ ဆိုလိုတာလား?

စုက်စ္ယန္က ဒါကို ေတြးလိုက္မိတဲ့အခါ သူဘယ္လိုလုပ္ၿပီး နာက်ည္းမုန္းတီးမွုကို ခံစားရမွာတဲ့လဲ? ဒီလိုအခ်ိန္မ်ိဳးမွာ ကိုယ္ဝန္ေဆာင္စုံတြဲေတြၾကား ဒီလိုကိစၥေတြကျဖစ္ေလ့ျဖစ္ထရွိၿပီး ကိုယ္၀န္ရွိေနတာေၾကာင့္ သူကလည္း မၾကာခဏသလို စိတ္တိုေနတတ္သည္။

ယခုေတာ့ လင္က်န္းရီက သူ႔ကို ႏွိုးေဆာ္လိုက္သလိုျဖစ္သြားသျဖင့္၊ ေရွ႕သို့ ေျခလွမ္းႀကီးႀကီးလွမ္းရန္ ႀကံရြယ္ေနေသာ သူ၏ မူလအစီအစဥ္သည္ ေျခလွမ္းမ်ားစြာ ႐ုတ္ျခည္း ဆုတ္ခြာသြားရသည့္ ျဖစ္စဥ္ျဖင့္ အဆုံးသတ္သြားရသည္။

သူ႔ရဲ့လိပ္ခြံထဲကို ျပန္၀င္ၿပီး အျပင္ထြက္လာဖို့ရန္ ရည္ရြယ္ခ်က္မရွိေတာ့ေပ။

မွန္ပါတယ္၊ စုက်စ္ယန္က လိပ္တစ္ေကာင္ပါ။ အခက္အခဲေတြ ၾကဳံေတြ႕လာရတဲ့အခါ ေရွာင္ေျပးမွာျဖစ္ၿပီး ဘာမွ ပဏမေျခလွမ္းဦးစြာ ယူထားဖို့လည္း မစဥ္းစားထားေပ။

လင္က်န္းရီက ေနာက္ၾကေတာ့ ျပန္မရွင္းျပလို့လားလို့ မင္းေျပာေကာင္းေျပာနိုင္တယ္? သူက စေတာ္ဘယ္ရီသီးကိုယူဖို့သြားတာျဖစ္ၿပီး စုက်စ္ယန္ကိုတစ္ေယာက္တည္း ထားခဲ့တာမဟုတ္ေပ။

ဒါေပမယ့္ ကိုယ္ဝန္ေဆာင္သူေတြက ပိုၿပီးသိမ္ေမြ႕ႏူးညံ့တဲ့စိတ္သေဘာသဘာ၀ရွိတယ္...အား...ဒီတစ္ေခါက္ သူ႔ကိုေခ်ာ့ရတာ မၿငီးေငြ႕ရင္ေတာင္ ေနာက္တစ္ခါ ဆိုရင္ေကာ ဘယ္လိုလုပ္မလဲ? သူ ပင္ပန္းတဲ့ ေန႔ဆိုတာမရွိဘူးလား? သူစိတ္ဆိုးမယ့္ေန႔ဆိုတာလည္း ရွိလာေတာ့မယ္မဟုတ္ဘူးလား?

သူ႔ကို

You are reading the story above: TeenFic.Net