Chapter 73 (U+Z)/Unedit

Background color
Font
Font size
Line height

(Unicode)

အခန်း-၇၃။ ဦးနှောက် ဆားကစ်ပြတ်တောက်သွားပြီးနောက် သူတို့ကို ပါးနဲ့မားလို့ပဲတိုက်ရိုက်ခေါ်ချလိုက်တော့တယ်။

စုကျစ်ယန်၏မကျေမနပ်ဖြစ်နေသည်မှာပြင်းထန်လွန်းသဖြင့် သူ့မီးဖိုချောင်ထဲတွင်ချက်ပြုတ်နေသောလင်ကျန်းရီပင်အလိုအလျောက်အာရုံခံမိသွားသည်။ နောက်ဆုံးဟင်းပွဲကိုကြော်ချက်ပြီးနောက်  ဟင်းများကိုဒယ်အိုးထဲကပင်မခပ်ထုတ်နိုင်ဘဲ သူ့မှာလက်ထဲကိုင်ထားသည့် ယောက်ချိုဇွန်းကြီးနဲ့ပဲအခြေအနေကိုဆန်းစစ်ရန်အတွက်ထွက်လာလိုက်မိသည်။

သေချာပေါက်ပင်၊ စုကျစ်ယန်မှာ တကယ်ကြီးကိုနိုးနေချေပြီ။  ယခုအချိန်တွင်သူသည်လှပသောအပြုံးနုနုလေးများကိုပန်ဆင်လျက်ပင် လင်ပါး၊လင်မား တို့ဖြင့် စကားဖောင်ဖွဲ့နေချေသည်။

သူ့မျက်လုံးများသည် တစ်စုံတစ်ခုကို အတွေးနက်နေသကဲ့သို့ တဒင်္ဂ မှင်သက်နေလေသည်။

ဧည့်ခန်းထဲမှာ သူပေါ်လာတဲ့အခါ စုကျစ်ယန်ရဲ့ မျက်လုံးများသည် ရုတ်တရက်တလတ်လတ်တောက်ပသွားပြီး အကြည့်များမှာ သူ့အား အော်ဟစ်ဆူပူနေပုံရချေသည်။

လင်ကျန်းရီသည် ချောက်နက်ထဲသို့ကျသွားသလိုခံစားလိုက်ရသည်။

ဒီအကောင်ပေါက်လေးက သူ့ကို ဒီလိုအကြည့်မျိုးနဲ့ မရှိုးခဲ့တာအတော်လေးကြာခဲ့ပြီလို့လေ!

လင်ကျန်းရီသည် အေပရွန်ကို၀တ်ထားလျက်ပင် ကျစ်ယန်ရဲ့အနားသို့ ၀မ်းသာအားရပြေးလျှောက်သွားလိုက်သည်။  ယောက်ချိုဇွန်းကြီးကတော့ သူ့လက်ထဲတွင်အကျအန ရှိနေတုန်းပင်-

"ကျစ်ယန်၊ မင်းနိုးပြီလား"

"ခင်ဗျားကဒါကိုပြောဝံ့သေးတဲ့ပေါ့လေ၊ဘာလို့များ ကျွန်တော်ကိုချက်ချင်းမနှိုးရတာလဲ!  လူကြီးတွေရှေ့မှာ ခင်ဗျားကြီးက ကျွန်တော်ကို မျက်နှာပျက်အောင် လုပ်လိုက်တာပဲ!” 

စုကျစ်ယန်၏ တလတ်လတ်တောက်ပနေသော မျက်လုံးများတွင် မကျေနပ်မှုများက အစားထိုးသွားချေပြီ။

အကောင်ပေါက်စလေးတစ်ယောက် ပေါက်ကွဲတော့မယ်ဆိုတာကို မြင်လိုက်ရသည်နှင့် လင်ကျန်းရီမှာလေသံကိုအလျင်စလိုဖြင့် တိုးလျနူးညံ့လိုက်ရသည်။

"စိတ်မဆိုးပါနဲ့၊ ဒီနေ့ မင်းအကြိုက်ဆုံးဟင်းလျာကို ကိုယ်ကလုပ်ပေးထားတယ်။ ကိုယ်က မင်းလေးကို ကောင်းကောင်းလေး အနားယူစေချင်ရုံပါကွာ၊ ဒါကြောင့် ကိုယ် မင်းလေးကို မနှိုးလိုက်တာ။  ကိုယ့်မိဘတွေကလည်း မင်းလေးကိုကောင်းကောင်းအိပ်ပါစေ၊သူ့ကိုမနိူးပါနဲ့ ဆိုပြီး ကိုယ့်ကို တားထားကြတယ်လေ...သူတို့အမိန့်ကို ကိုယ်မနာခံဘဲမနေရဲဘူး!"

စုကျစ်ဟန်က “ဟွန့်” ခနဲအသံပြုကာပြန်၍အထွန့်တတ်လိုက်သည်။

“ဒါက ဘယ်လောက်တောင် မရိုမသေဖြစ်လိုက်သလဲ!"

"စိတ်မပူပါနဲ့၊ကိုယ့်မိဘတွေက အပြင်လူတွေမှမဟုတ်ပဲ"

လင်ကျန်းရီက လဘ္ကက်ရည်စားပွဲပေါ်သို့ ယောက်ချိုဇွနးအားပစ်တင်လိုက်ပြီး အေပရွန်ပေါ်တွင် လက်ကိုသုတ်လိုက်ကာ သူ့မိဘတွေကို စုကျစ်ယန်ဖြင့် တရားဝင်အတိအလင်းမိတ်ဆက်ပေးလိုက်သည်။

"ကျစ်ယန်၊ ဒါက ကိုယ့်အဖေ၊ လင်ရှောင်းထျန်း၊  ဒါက ကိုယ့်အမေ ကျန်းဟွားရှန်"

လင်ရှောင်းထျန်း…ကျန်းဟွားရှန်…ဒါဆို လင်ကျန်းရီ နာမည်ရဲ့ဒုတိယမြောကစကားလုံးက သူ့အမေရဲ့ မျိုးရိုးနာမည်ကပေါ့လေ…

ကြားထဲတွင် စုကျစ်ယန်က သူ့စိတ်ကိုလှည့်ပတ်လျှောက်တွေးနေဖို့ပင် အချိန်တောင်ရသွားသေးသည်။

[T/N-'ရီ´ရဲ့စကားပုလ္လင်ခံလိုက်တာကြာသွားတဲ့အချိန်ကိုပြောချင်တာပါ]

လင်ကျန်းရီကဆက်လက်ပြီးမိတ်ဆက်ပေးပြန်သည်။

“ ပါးနဲ့မား၊ ဒါကကျွန်တော်ရဲ့ဇနီး၊ ပါးနဲ့မားတို့ရဲ့ အနာဂတ်ချွေးမလောင်းလျာလေး စုကျစ်ယန်ပါ”

အာ…

စုကျစ်ယန်သည် သူ့နာမည်ကိုခေါ်သံကြားလိုက်မှသာ သူ့အာရုံများပြန်လည်လာတော့သည်။  နောက်မှ သူပြန်တွေးလိုက်မိသည်။  လင်ကျန်းရီက အခုမှ သူ့မိဘတွေကို ဘယ်လိုကြီး မိတ်ဆက်ပေးနေရတာလဲ။

သူ့ဟာက 'ဒါက ဖေဖေ'၊ 'ဒါက မေမေ' လို့ ပြောနေပုံကြီရယ်… အော်၊ အော်၊ အော်၊ ဒါဖြင့် သူက ဘယ်လိုပြန်ပြောရမလဲ!?

ခဏတာ ဦးနှောက် ဆားကစ် ပြတ်တောက်သွားသော စုကျစ်ယန်သည် လင်ကျန်းရီ၏ စကားကို လိုက်နာပြီး သူ့ပါးစပ်မှ စကားနှစ်ခွန်း ထွက်ကျသွားသည်- “ပါး၊ မား…”

လင်ကျန်းရီအနေနဲ့ကတော့ ဘာမှမှားယွင်းတယ်လို့ မခံစားရပေ။ စုကျစ်ယန်က သူတို့ကို ဒီလိုမျိုးခေါ်တာက သဘာဝကျတယ်လို့ သူကတော့ တွေးလေသည်။

စုကျစ်ယန်သည် ထိုစကားများခုန်ပေါက်ထွက်ပြီးသွားကာမှ အသိတရား၀င်သွားရသည်။ 

ဒီစကားတွေက ဘာကြောင့် သူ့ပါးစပ်က ထွက်သွားရတာလဲ?
ဒါတွေအားလုံးက လင်ကျန်းရီရဲ့အပြစ်ဘဲ ...

ပထမအကြိမ်တွေ့ဆုံမှုလေးမှာတင် သူက ပါး၊မား လို့ခေါ်လွှတ်လိုက်တယ်! သူ့အသံက အရမ်းတွေစိတ်မရှည်တော့တဲ့ပုံ ပေါက်မနေဘူးလားဟ!

ပျက်စီးသွားပြီ…သူအခုလေးတင်မှ တည်ဆောက်ထားတဲ့ပုံရိပ်ကောင်းလေးက ပျက်စီးကြေမွသွားပြီ…

လင်ရှောင်းထျန်း နှင့် ကျန်းဟွားရှန်- [နောက်ဆုံးတော့ကြားလိုက်ရပြီ၊မျက်ရည်တွေတတောက်တောက်ကျလျက်]

စုကျစ်ယန်နဲ့ ဆန့်ကျင်ဘက်ကို သူတို့ကခံစားရချေသည်။

သူတို့ကဒီစကားတွေကိုကြားလိုက်ရသည့်အခါ သူ့ရဲ့လက်ဖမိုးအာအသာဖွဖွပုတ်ကာ ချီးမွန်းခြင်းများအပြည့်ဖြင့်စကားဆိုလာချေသည်။

“ အိုင်းယား လိမ္မာလိုက်တဲ့ကလေးလေး! လိမ္မာလိုက်တဲ့ကလေးလေး!  ဘယ်လိုတောင် လိမ္မလိုက်တဲ့ ကလေးလေးလဲ!"

စုကျစ်ယန်မှာ ရှက်ရွံ့မှုကြောင့် သူ့ပါးလေးတွေရဲတတ်သွားရသည်။  သူက လင်ကျန်းရီကိုရှုံးနိမ့်မှုတွေနဲ့ကြည့်လိုက်ရပေမယ့် လင်ကျန်းရီကသူ့မိဘတွေထက်ပင်ပိုပျော်နေချေသည်။

"ကျစ်ယန်၊ ဒါတွေက မား၊ သားအတွက်ဝယ်လာတဲ့ စတော်ဘယ်ရီသီးတွေပါ...သားကြိုက်ရင် ပိုပြီးစားလို့ရတယ်!"

ကျန်းဟွားရှန်သည် စတော်ဘယ်ရီသီးများကို ကောက်ယူပြီး စုကျစ်ယန်၏ရှေ့တွင် ကိုင်ထားလေသည်။

"ဟုတ်တယ် ကျစ်ယန်၊ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့က အရေးကြီးဆုံးပဲ။ကျန်းရီကပဲ အိမ်မှုကိစ္စတွေအားလုံးကို လုပ်ပါစေ။"

လင်ရှောင်းထျန်းကလည်း အပြုံးလေးဖြင့်ပြီး သူ့ကို ပြောလေသည်။

"ကျေးဇူးပါ...မား" 

သူကသူမကို မားလို့ခေါ်ထားပြီးသားလေ၊ သူသာ အခေါ်အဝေါ်ပြောင်းခေါ်လိုက်လျှင် သူမရဲ့ခံစားချက်တွေကိုထိခိုက်သွားလေမလား။

စုကျစ်ယန်က သူမအား မားလို့ ထပ်ခေါ်ဖို့ရန်အတွက် သူ့ကိုယ်သူသာ တွန်းအားပေးလိုက်နိုင်ပြီး၊  လူကြီးနှစ်ယောက်ရဲ့ စိတ်အားထက်သန်မှုနဲ့ ကြင်နာမှုတွေပြည့်၀နေတဲ့အကြည့်အောက်မှာ စတော်ဘယ်ရီသီးကို ကောက်ကိုင်၍ သူ့ပါးစပ်ထဲသို့ ဖြည်းညှင်းစွာထည့်ကာ ကိုက်ချလိုက်တော့သည်။

စတော်ဘယ်ရီကသိပ်မအေးပေ။အဲ့ဒါကလတ်ဆတ်ပြီးအရည်ရွှမ်းရုံသာမက ချိုချိုချဉ်ချဉ်အရသာလေးလည်းဖြစ်သေးသည်၊ သူ့အကြိုက်နှင့်ကွက်တိပင်။

သူ့မှာ ဒါလေးတွေကို ရက်ပေါင်းအတော်အတန်ကြာကြာ တောင့်တနေခဲ့ရသည်။  လင်ကျန်းရီသည် ဟိုတစ်ခါ သူခံတွင်းတောင်းနေတုန်းက ဒါလေးတွေကို သူ့အတွက် မ၀ယ်ယူနိုင်ခဲ့ပေ။ကံကောင်းထောက်မစွာဖြင့်၊ လင်ကျန်းရီသည် အခြားအရာများနှင့် သူ့အား အာရုံပြောင်းခဲ့သဖြင့် ဒါလေးတွေကိုမေ့သွားခဲ့ရသည်။  ဒီနေ့ လင်ပါပါး နဲ့ လင်မာမား က သူ့အတွက်ဆိုပြီး စတော်ဘယ်ရီသီးတွေ အများကြီး ဝယ်ပေးတော့ သူအရမ်းပျော်သွားမိသည်။

"အဲ့ဒါက အရသာရှိတယ်မလား၊ဟုတ်တယ်ဟုတ်? "

ကျန်းဟွားရှန်သည် သူ မျက်ခုံးများကွေးသွားသည်အထိ ပျော်ရွှင်ကျေနပ်စွာစားနေသည်ကိုတွေ့သည့်အခါ သူမသည် ကူကယ်ရာမဲ့စွာဖြင့် သူ့အားချော့မော့ပြီးမမေးဘဲ မနေနိုင်တော့ပေ။

စုကျစ်ယန်က ကမန်းကတန်း ခေါင်းညိတ်ပြလိုက်ပြီး သူ့မျက်လုံးတွေကတော့ တလတ်လတ်တောက်ပနေပေသည်- "အရသာရှိတယ်!  မား၊ မားလည်းစား! "

ထို့နောက် သူက အကြီးဆုံးအသီးကို ကောက်ယူပြီး ကျန်းဟွားရှန်၏ နှုတ်ခမ်းရှေ့ဆီသို့ထိုးပေးလိုက်သည်။

"လာ၊ ကျွန်တော်ခွံ့ကျွေးမယ်!"

စုကျစ်ယန်လေးက အရမ်း၊အရမ်းကိုချစ်စရာကောင်းတဲ့သူဆိုတာ ပြောစရာကိုမလိုအောင်ပဲ!

ဒီလှုပ်ရှားမှုဖြစ်စဉ် တစ်ခုလုံးက ပြုံးပြုံးရွှင်ရွှင်နဲ့ ယဉ်ကျေးပျူငှာမှုပြည့်၀တဲ့အမူအရာတွေဖြင့် လုပ်ဆောင်သွားတာပင်။  အစကတည်းကပင်၊ အနာဂတ်ယောက္ခမလောင်းလျာကြီးမှာ သူ့ကို အလွန်ချစ်ခင်နေခဲ့ပြီးသားပင်၊ ထို့ကြောင့် စတော်ဘယ်ရီသီးကြီးတစ်လုံးကို ကောက်ယူခွံ့ကျွေးခြင်းကဲ့သို့သော သေးငယ်သည့် လုပ်ဆောင်ချက်မျိုးကပင် ကျန်းဟွားရှန်၏ နှလုံးသားလေးကို ပို၍ပို၍ အချစ်တွေတိုးလာစေနိုင်ပေသည်။

“ ပါး၊ ပါးလည်းစားလေ!  အာ...ပါးစပ်ကိုဟ! "

စုကျစ်ယန်သည် လင်ရှောင်းထျန်းကိုလည်းမမေ့ခဲ့ပေ။

ထို့ကြောင့်စတော်ဘယ်ရီသီးကြီးနှစ်လုံးဖြင့် လူအိုကြီးနှစ်ဦးကို အောင်မြင်စွာဖြင့်အလွယ်တကူလာဘ်ထိုးလိုက်နိုင်ပေသည်။

လင်ရှောင်းထျန်း နှင့် ကျန်းဟွားရှန်တို့နှစ်ဦးစလုံးသည် အပြုံးကြီးကြီးပြုံးကာ သူ့ကို လိမ္မာတဲ့ကလေးလေးဆိုပြီး ထပ်မံ့ချီးမွမ်းကြပြန်သည်။

သူတို့ကို ပါးနဲ့မားဟု ခေါ်ဖို့ရာသိပ်လည်းကို့ရို့ကားယားမနိုင်တော့ပေ၊ စုကျစ်ယန်က စိတ်အနှောင့်အယှက်ကြာကြာပင်မဖြစ်လိုက်ဘဲ ဒီအခေါ်အဝေါ်ကိုအသာလေးဆက်ပြောနိုင်ခဲ့ပေသည်။

မိသားစုချစ်ခြင်းမေတ္တာကို သူ့အနေဖြင့်တစ်ကြိမ်တစ်ခါမှ မခံစားခဲ့ဖူးပါသော်လည်း ဒီနေ့ကိုကြည့်လျှင် ဒီလိုယဉ်ကျေးသိမ်မွေ့တဲ့ မိဘနှစ်ပါးရှိခြင်းမှာ အတော်လေးကောင်းမွန်ပုံရပေသည်။

လင်ကျန်းရီက သူ့အနားမှာ ရှာလကာရည်အနည်းငယ်ဖိတ်နေဟန်ဖြင့်ဝမ်းနည်းစွာမျက်တောင်တဖြတ်ဖြတ်ခတ်ပြလိုက်သည်။

"  ကိုယ့်အတွက်ကရော? ကိုယ်ကနေ့လည်စာလည်းချက်ပြီးပြီလေ။  မင်း ကိုယ့်ကိုဆုအဖြစ် ဘာလို့တစ်ခုလေးတောင်မကျွေးရတာလဲ? "

စုကျစ်ယန်သည် အလုံးကြီးကြီးတစ်လုံးကို တစ်ဖန်ရှာဖွေပြီးနောက် လတ်လတ်ထနေသောမျက်လုံးများဖြင့် မတ်တတ်ရပ်နေသည့် လင်ကျန်းရီအား ခွံ့ကျွေးလိုက်သည်။

"ဒါက ခင်ဗျားကို ဆုချတာ"

“ ဝူး…ဇနီးလေး၊ မင်းကအကောင်းဆုံးပဲ!”

လင်ကျန်းရီသည် စတော်ဘယ်ရီသီးဆုလာဘ်ကိုရခဲ့ပြီးနောက် သူ့နှလုံးသားတစ်ခုလုံးမှာ ချိုမြိန်မှုများနှင့်ဖုံးလွှမ်းသွားရသည်။

[ Velly/N-'၀ူး...၀ူး'အော်လို့ချစ်ဖို့ကောင်းတာ တို့ဘေဘီပင်းမေ့ ပဲရှိတယ် ဟျောင့်!လူဆိုးကောင်ရီ ]

  သူက စုကျစ်ယန်ရဲ့ ပါးပြင်လေးကို ကျေနပ်မှုအပြည့်ဖြင့် နမ်းလိုက်ပြီး "ဆက်စားနေဦး၊ ကိုယ်ဟင်းပွဲတွေသွားပြင်လိုက်ဦးမယ် သိပ်မကြာခင် ထမင်းစစားလို့ရပြီ!"

"ကောင်းပြီ ~"

ထို့နောက် လင်ကျန်းရီသည် မီးဖိုချောင်သို့ ထွက်သွားချေသည်။  စုကျစ်ယန်သည်စတော်ဘယ်ရီသီးများကို ပိုပိုယူ၍ လူအိုကြီးနှစ်ဦးအား ခွံ့ကျွေးရင်းအတူတူစားနေလိုက်သည်။  သူတို့နှစ်ယောက်စလုံးက စကားသံတစ်သံတည်းကိုထပ်တူဆိုကြပေသည်။

"မားတို့က အဲဒါတွေကို သားအတွက်ဝယ်ခဲ့တာပါ...သားကများများစားလေ အဲ့ဒါကမားတို့ကို မျက်နှာပိုပိုပေးလေပဲ”

"ဟုတ်ပြီလေ ဒါဆို ကျွန်တော် ယဉ်ကျေးမနေတော့ဘူးနော်"

စုကျစ်ယန်သည် စတော်ဘယ်ရီသီးများကို စားသုံးရသည်အား လွန်စွာမှကြိုက်နှစ်သက်နေခဲ့ပြီး သူလည်းအများကြီး တွေးပူစိုးရိမ်နေစရာမရှိတော့ပေ။  တကယ်တော့ သူလည်း အခုထက်ပိုပြီး စိတ်လက်ပေါ့ပါးသည့်ပုံအားနေလို့မရတော့ပေ။

[ Velly/N-ကလေးကအခုအရမ်းကိုသက်သောင့်သက်သာနေနေလို့ ဒီ့ထက်လည်းလွပ်လွပ်လပ်လပ်မနေနိုင်တော့ဘူးလို့ပြောတာပါ ]

အမှန်တော့၊သူ့မိဘတွေနဲ့တွေ့ဆုံရတာက တစ်ခုတစ်လေလေးတောင်ကြောက်စရာကောင်းတာမျိုး မရှိခဲ့ဘူး။  ကမ္ဘာကြီးရယ်၊ဒီမတိုင်ခင်က သူဘာတွေများတွေးပူပြီး အရမ်းစိတ်လှုပ်ရှားနေခဲ့မိပါလိမ့်!

လင်ကျန်းရီသည် ထမင်း၊ဟင်းပွဲ ပြင်ပြီးနောက် သူတို့ကိုခေါ်ဖို့ရာဧည့်ခန်းသို့ထွက်လာလိုက်သည်။  စုကျစ်ယန်တစ်ယောက် စတော်ဘယ်ရီဗန်းထဲမှ စတော်ဘယ်ရီသီးများစားနေသေးသည်ကိုမြင်သည့်အခါ သူ့စီမှဆွဲယူရင်း သူကူကယ်ရာမဲ့စွာဖြင့်ပြုံးလိုက်မိသည်။

“အိုခေ၊ ဒါတွေကို မင်းလေးဆီကနေ ဘယ်သူမှလုယူမှာ မဟုတ်ပါဘူးကွာ... ဒါတွေကို နေ့လည်စာစားပြီးမှ မင်းလေးထပ်စားနိုင်မယ်...မင်းလေးအခုသာအများကြီးစားထားရင် မင်းနေ့လည်စာကိုစားနိုင်တော့မှာမဟုတ်ဘူး"

"...ကျွန်တော် နည်းနည်းလေးတောင်မစားရသေးဘူး"

စုကျစ်ယန်သည် အနည်းငယ်သောစိတ်ဓာတ်ကျမှုကြောင့် နှုတ်ခမ်းကို ပွတ်သပ်လိုက်မိသည်။

လင်ကျန်းရီကစတော်ဘယ်ရီဗန်းကိုချလိုက်သည့်အခါ သူက သူ့လက်ကိုအမြန်ဆွဲဆန့်ကာကောက်ယူပြီး နောက်ထပ်တစ်လုံးကိုပါးစပ်ထဲဖြတ်ခနဲပစ်ထည့်လိုက်သည်။

လင်ကျန်းရီ ခမျာ သူငိုရမလား၊ ရယ်ရမလားပင်မသိတော့ပေ။  သူက သူ့ကိုထမင်းစားပွဲသို့ တွဲကူခေါ်လာပြီး စကားဆိုလိုက်သည်။

“မင်းက တကယ့်ကို foodieအသေးစားလေး”

လင်ရှောင်းထျန်း နှင့် ကျန်းဟွားရှန်တို့နှစ်ဦးသည် ညစာ၊စားပွဲတွင်ပထမဦးစွာ ၀င်ထိုင်လိုက်ကြသည်။  သူတို့က စုကျစ်ယန်ရဲ့သေးငယ်တဲ့တတက်ကြွမှုလေးကိုမြင်ရုံနဲ့ သူတို့ရဲ့အနာဂတ်ချွေးမလောင်းလျာလေးကအရမ်းတွေပျော်ရွှင်နေတယ် ဆိုတာကိုချက်ချင်းပင်ခံစားလိုက်ရသည်။

ကြည့်ရတာတော့ အနာဂတ်တွင် လင်မိသားစုကြီးသည် ပျော်ရွှင်တတ်ကြွမှုတွေနဲ့ ပြည့်နှက်နေတော့မည့်ပုံပင်။

ထိုင်ကြပြီးနောက် စုကျစ်ယန်သည် လင်ပါပါး နှင့် လင်မာမား တို့အား ဦးစွာ ဟင်းအမယ်အမြောက်အမြားကို ဦးချပေးလိုက်သည်။

“ပါးနဲ့မားတို့၊ များများလေးစားပါ!”

လင်ကျန်းရီကလည်းထပ်တူစကားဆိုပြန်သည်။
"မှန်တယ် ပါးနဲ့မား၊ ပါးတို့ရဲ့သား ဟင်းချက်လက်ရာကို တစ်ချက်လောက်မြည်းစမ်းကြည့်စမ်းပါ!"

ပြောရရင်၊ဒါက သူ့မိဘတွေအနေဖြင့် သူ့ဟင်းချက်လက်ရာကိုစားရသည်မှာ ဒါပထမဆုံးပင်။ လင်ကျန်းရီက စိတ်လှုပ်ရှားစွာဖြင့် စောင့်မျှော်နေမိသည်။

လင်ရှောင်ထျန်း နှင့် ကျန်းဟွားရှန်တို့က မြိန်ရှက်စွာမြည်းစမ်းကြည့်ပြီးနောက် သူတို့သားကိုအခုဆို အရင်ကနဲ့မတူတော့ဘူးလို့ခံစားလိုက်ရသည်။ 

"အဲ့ဒါကအရသာရှိတယ်...သား၊ မင်းရဲ့ ဟင်းချက်စွမ်းရည်က အရမ်းကောင်းတယ်! ငါတို့တော့ အချိန်ရှိတိုင်းဒီကိုထမင်းလာစားရတော့မယ့်ပုံပဲ "

လင်ကျန်းရီက ဂုဏ်ယူမှုအပြည်ဖြင့်ပြုံးလိုက်သည် - "ပါးတို့ အရင်ဦးဆုံးရက်ချိန်းကြိုယူရမယ်"

  ကျန်းဟွားရှန်က သူ့လက်ကိုဖြတ်ရိုက်လိုက်သည်။
သေချာတာပေါ့၊ အဲ့ဒါက ဖွဖွလေးရိုက်လိုက်တာပင်။

“မင်းကတော့လေ နည်းနည်းပါးပါးချီးမွမ်းခံလိုက်ရတာနဲ့ ချဉ်စရာကောင်းလာတော့တာပဲ!”

လင်ရှောင်ထျန်းကလည်း စုကျစ်ယန်တစ်ယောက် အစားအစာပိုစားစေရန်အတွက် ဟင်းများကို ခပ်ထည့်ပေးလေသည်-

"ကျစ်ယန်၊ သားလည်း ပိုပြီးစားသင့်တယ်၊ပါးတို့က ဒီမှာရှိနေလို့ဆိုပြီး ကိုယ့်ကိုကိုယ်ချုပ်တည်းထားစရာမလိုဘူး၊ ပိုပြီးတော့တောင် စားသင့်တယ်..."

“အာ...”

စုကျစ်ယန်သည်လည်း ယဉ်ကျေးသိမ်မွှေ့နေသူတော့မဟုတ်ပေ။  အမှန်တော့၊သူက ယခုအတောအတွင်း လင်ကျန်းရီတစ်ယောက် ကျွေးမွေးသည်ကိုသာခံယူနေခဲ့တာပင်။  သူက အစာစားရမည့်ပမာဏကို အမြဲတမ်းလိုလို တင်းကျပ်ခဲ့သည်။

ယခု လူကြီးနှစ်ယောက်ကရောက်လာပေမယ့် သူတို့ကသူ့နဲ့ရင်းနှီးကျွမ်း၀င်စေပြီး သူတို့နှစ်ယောက်စလုံးက ပေါင်းသင်းဆက်ဆံရ လွယ်ကူတယ်လို့ သူ့ကိုခံစားမိလာစေသည်။  ထို့နောက် သူသည် အလုံးစုံ လွှတ်ချလိုက်ကာ စားချင်တာမှန်သမျှ စားသောက်ပြီး ကိုယ့်ကိုယ်ကို အ၀ကျွေးမွေးတော့သည်။

သူက လင်ရှောင်းထျန်း နဲ့ ကျန်းဟွားရှန်တို့ သူ့ဆီခပ်ထည့်ပေးသည့် ဟင်းမှန်သမျှအားလုံးကိုစားသောက်ပစ်လိုက်သည်။ 

သူစားသောက်နေတာကိုသာ တခြားတစ်ယောက်ယောက်က မြင်ခဲ့ပါက သူစားနေသည့် ဟင်းလျာများမှာလွန်စွာမှအရသာရှိလွန်းသည်ဟုထင်ကာ သူတို့ရဲ့စားချင်သောက်ချင်စိတ်ပင် နိုးကြားလာနိုင်သည်ဟု သူခံစားမိသည်။

"ကျစ်ယန် ဒီမတိုင်သေးခင်က ဘယ်လိုခံစားနေရလဲ? အဲဒါက အရမ်း ပင်ပန်းနွမ်းနှယ်ရတယ်မလား?"

ထမင်းစားနေစဉ်အတွင်း စုကျစ်ယန်သည် ကုလားထိုင်အားရံဖန်ရံခါ ကျောမှီချလိုက်တတ်သည်ကို သူမ သတိပြုမိနေခဲ့သည်။

လင်ကျန်းရီသည် ကူရှင်တစ်ခုကိုယူ၍ သူ၏ခါးနောက်၌ကြိုတင်ခံထားပေးချေသည်။ တစ်ချက်တစ်ချက်သူလည်းလက်လှမ်းပြီး စုကျစ်ယန်၏ခါးကို ကူညီပွတ်ပေးတတ်လေသည်။

ထို့ကြောင့် ကူကယ်ရာမဲ့စွာဖြင့် သူမ ထုတ်မေးလိုက်မိသည်။

စုကျစ်ယန်သည် ရှက်ရွံ့မှုအပြည့်ဖြင့်ပြုံး၍ ခေါင်းညိတ်ပြလိုက်ပြီး “အဲ့ဒါက...နည်းနည်းတော့ ပင်ပန်းတယ်…”

"အဲ့ဒါက သားအတွက် တကယ်ခက်ခဲစေတာပဲ! မားတို့ရဲ့ လင်မိသားစုက သားကိုစိတ်ပျက်စေခဲ့မိပြီ"
ကျန်းဟွားရှန်က ရိုးသားမှုအပြည့်ဖြင့်စကားဆိုလေသည်။

စုကျစ်ယန်သည် ရုတ်တရက်အံ့သြသွားပြီးနောက် သူမကိုမည်သို့မည်ပုံ ပြန်ပြောရမည်ကိုမစဉ်းစားနိုင်ခဲ့ပေ။

ကျန်းဟွားရှန်ကထပ်မံ၍ဆိုပြန်သည်။

"မင်္ဂလာပွဲက နှောင့်နှေးနေပေမယ့် လင်မိသားစုက သေချာပေါက် လုပ်ပေးမှာပါ၊ ကျန်းရီကလည်း လုပ်ပေးမှာပါ!  မားတို့က သားအတွက်သေချာပေါက်လုပ်ပေးမှာပါ! ဒီလိုကိစ္စ၀ိစ္စလေးတွေကို သားအနေနဲ့စိတ်ပူစရာမလိုဘူး...စိတ်ချလက်ချသာအနားယူပြီး ကလေးလေးတွေကိုပဲ ကောင်းကောင်း ကျွေးမွေးနေလိုက်ပါ...  ကျန်းရီက သားအတွက် လက်စွပ်တစ်ကွင်း အရင်၀ယ်ပေးလိုက်ပါ၊ ဒါမှလည်း သားအနေနဲ့ သေချာစစ်မှန်တဲ့ ဆေးကို သောက်ရတယ်လို့ ခံစားမိမှာ...မားတို့က သားကို မကျေနပ်ချက်တွေ ဘာညာနဲ့ လုံး၀ဒုက္ခမပေးဘူး ... "

[ Velly/N-'စစ်မှန်တဲ့ဆေး၊သေချာတဲ့ဆေးပြား'အဲ့ဒါက လူကို စိတ်ချလက်ချဖြစ်စေတာ၊ကတိက၀တ်ပြုတာ အဲ့လိုမျိုးအဓိပ္ပါယ်ပါ ]

စုကျစ်ယန်ကို စစ်မှန်တဲ့ဆေးပြား ပေးရမယ်လို့ သူမပြောခဲ့ပေမယ့် တကယ်တမ်းတော့ လင်မိသားစုအတွက် စစ်မှန်တဲ့ဆေးပြား ပေးလိုက်တာမဟုတ်ပေဘူးလား။

သူက ဒီလောက် အရမ်းကိုထူးခြားကောင်းမွန်သည့် ချွေးမလေးဖြစ်တာကြောင့် သူတို့အတေဖြင့် သူ့ကိုတင်းကျပ်စွာဆုပ်ကိုင်ထားရပေမည်။  တစ်ယောက်ယောက်ကသာ သူ့ကိုခိုးသွားပါက သူတို့အတွက်ငိုနေလို့လည်းမထူးတော့ပေ။

___________________________________________

တာ့ကျဲလေပြည်ရဲ့ မွေးနေ့ဖြစ်တာကြောင့် အပိုင်းတွေအများကြီးစုUpပေးမှာပါ။

တစ်ခါတည်း စန်းမေ့လေးနဲစာဖတ်သူအပေါင်းကလည်း ဆုတောင်းပေးလိုက်ပါတယ်။

[ တာ့ကျဲအနေနဲ့ လိုချင်တဲ့ဆုမှန်သမျှပြည့်ပြီး ၀တ္ထုတွေလည်း ဒီ့ထက်ပိုပြီးရေးနိုင်၊ ဒီ့ထက်လည်းအောင်မြင်ပါစေ၊မိဘကိုလုပ်ကျွေးနိုင်တဲ့ သမီးကောင်းရတနာ၊သမီးမြတ်လေးဖြစ်ပြီး အလှူအတန်းတွေလည်း အများကြီးလုပ်နိုင်ပါစေ၊ဒီ့ထက်လည်း အဆ၁၀၀မက လှရည်တိုးပါစေ၊ယခုမွေးနေ့မှစ နောင်နှစ်ပေါင်း၁၀၀အထိတိုင်ကျန်းမာချမ်းသာပါစေ လို့ မေ့လေးကဆုတောင်းထောပနာပြုအပ်လိုက်ပါတယ်နော်🥰 ]

             *                 *                  *

Translated By LZ_Velly [ Team-Camomile ]
Words.

___________________________________________

(Zawgyi)

အခန္း-၇၃။ ဦးေႏွာက္ ဆားကစ္ျပတ္ေတာက္သြားၿပီးေနာက္ သူတို့ကို ပါးနဲ႔မားလို့ပဲတိုက္ရိုက္ေခၚခ်လိုက္ေတာ့တယ္။

စုက်စ္ယန္၏မေက်မနပ္ျဖစ္ေနသည္မွာျပင္းထန္လြန္းသျဖင့္ သူ႔မီးဖိုေခ်ာင္ထဲတြင္ခ်က္ျပဳတ္ေနေသာလင္က်န္းရီပင္အလိုအေလ်ာက္အာ႐ုံခံမိသြားသည္။ ေနာက္ဆုံးဟင္းပြဲကိုေၾကာ္ခ်က္ၿပီးေနာက္  ဟင္းမ်ားကိုဒယ္အိုးထဲကပင္မခပ္ထုတ္နိုင္ဘဲ သူ႔မွာလက္ထဲကိုင္ထားသည့္ ေယာက္ခ်ိဳဇြန္းႀကီးနဲ႔ပဲအေျခအေနကိုဆန္းစစ္ရန္အတြက္ထြက္လာလိုက္မိသည္။

ေသခ်ာေပါက္ပင္၊ စုက်စ္ယန္မွာ တကယ္ႀကီးကိုနိုးေနေခ်ၿပီ။  ယခုအခ်ိန္တြင္သူသည္လွပေသာအျပဳံးႏုႏုေလးမ်ားကိုပန္ဆင္လ်က္ပင္ လင္ပါး၊လင္မား တို့ျဖင့္ စကားေဖာင္ဖြဲ႕ေနေခ်သည္။​

သူ႔မ်က္လုံးမ်ားသည္ တစ္စုံတစ္ခုကို အေတြးနက္ေနသကဲ့သို့ တဒဂၤ မွင္သက္ေနေလသည္။

ဧည့္ခန္းထဲမွာ သူေပၚလာတဲ့အခါ စုက်စ္ယန္ရဲ့ မ်က္လုံးမ်ားသည္ ႐ုတ္တရက္တလတ္လတ္ေတာက္ပသြားၿပီး အၾကည့္မ်ားမွာ သူ႔အား ေအာ္ဟစ္ဆူပူေနပုံရေခ်သည္။

လင္က်န္းရီသည္ ေခ်ာက္နက္ထဲသို့က်သြားသလိုခံစားလိုက္ရသည္။

ဒီအေကာင္ေပါက္ေလးက သူ႔ကို ဒီလိုအၾကည့္မ်ိဳးနဲ႔ မရွိုးခဲ့တာအေတာ္ေလးၾကာခဲ့ၿပီလို့ေလ!

လင္က်န္းရီသည္ ေအပရြန္ကို၀တ္ထားလ်က္ပင္ က်စ္ယန္ရဲ့အနားသို့ ၀မ္းသာအားရေျပးေလၽွာက္သြားလိုက္သည္။  ေယာက္ခ်ိဳဇြန္းႀကီးကေတာ့ သူ႔လက္ထဲတြင္အက်အန ရွိေနတုန္းပင္-

"က်စ္ယန္၊ မင္းနိုးၿပီလား"

"ခင္ဗ်ားကဒါကိုေျပာဝံ့ေသးတဲ့ေပါ့ေလ၊ဘာလို့မ်ား ကၽြန္ေတာ္ကိုခ်က္ခ်င္းမႏွိုးရတာလဲ!  လူႀကီးေတြေရွ႕မွာ ခင္ဗ်ားႀကီးက ကၽြန္ေတာ္ကို မ်က္ႏွာပ်က္ေအာင္ လုပ္လိုက္တာပဲ!” 

စုက်စ္ယန္၏ တလတ္လတ္ေတာက္ပေနေသာ မ်က္လုံးမ်ားတြင္ မေက်နပ္မွုမ်ားက အစားထိုးသြားေခ်ၿပီ။

အေကာင္ေပါက္စေလးတစ္ေယာက္ ေပါက္ကြဲေတာ့မယ္ဆိုတာကို ျမင္လိုက္ရသည္ႏွင့္ လင္က်န္းရီမွာေလသံကိုအလ်င္စလိုျဖင့္ တိုးလ်ႏူးညံ့လိုက္ရသည္။

"စိတ္မဆိုးပါနဲ႔၊ ဒီေန႔ မင္းအႀကိဳက္ဆုံးဟင္းလ်ာကို ကိုယ္ကလုပ္ေပးထားတယ္။ ကိုယ္က မင္းေလးကို ေကာင္းေကာင္းေလး အနားယူေစခ်င္႐ုံပါကြာ၊ ဒါေၾကာင့္ ကိုယ္ မင္းေလးကို မႏွိုးလိုက္တာ။  ကိုယ့္မိဘေတြကလည္း မင္းေလးကိုေကာင္းေကာင္းအိပ္ပါေစ၊သူ႔ကိုမနိူးပါနဲ႔ ဆိုၿပီး ကိုယ့္ကို တားထားၾကတယ္ေလ...သူတို့အမိန႔္ကို ကိုယ္မနာခံဘဲမေနရဲဘူး!"

စုက်စ္ဟန္က “ဟြန္႔” ခနဲအသံျပဳကာျပန္၍အထြန္႔တတ္လိုက္သည္။

“ဒါက ဘယ္ေလာက္ေတာင္ မရိုမေသျဖစ္လိုက္သလဲ!"

"စိတ္မပူပါနဲ႔၊ကိုယ့္မိဘေတြက အျပင္လူေတြမွမဟုတ္ပဲ"

လင္က်န္းရီက လဘၠက္ရည္စားပြဲေပၚသို့ ေယာက္ခ်ိဳဇြနးအားပစ္တင္လိုက္ၿပီး ေအပရြန္ေပၚတြင္ လက္ကိုသုတ္လိုက္ကာ သူ႔မိဘေတြကို စုက်စ္ယန္ျဖင့္ တရားဝင္အတိအလင္းမိတ္ဆက္ေပးလိုက္သည္။

"က်စ္ယန္၊ ဒါက ကိုယ့္အေဖ၊ လင္ေရွာင္းထ်န္း၊  ဒါက ကိုယ့္အေမ က်န္းဟြားရွန္"

လင္ေရွာင္းထ်န္း…က်န္းဟြားရွန္…ဒါဆို လင္က်န္းရီ နာမည္ရဲ့ဒုတိယေျမာကစကားလုံးက သူ႔အေမရဲ့ မ်ိဳးရိုးနာမည္ကေပါ့ေလ…

ၾကားထဲတြင္ စုက်စ္ယန္က သူ႔စိတ္ကိုလွည့္ပတ္ေလၽွာက္ေတြးေနဖို့ပင္ အခ်ိန္ေတာင္ရသြားေသးသည္။

[T/N-'ရီ´ရဲ့စကားပုလႅင္ခံလိုက္တာၾကာသြားတဲ့အခ်ိန္ကိုေျပာခ်င္တာပါ]

လင္က်န္းရီကဆက္လက္ၿပီးမိတ္ဆက္ေပးျပန္သည္။

“ ပါးနဲ႔မား၊ ဒါကကၽြန္ေတာ္ရဲ့ဇနီး၊ ပါးနဲ႔မားတို့ရဲ့ အနာဂတ္ေခၽြးမေလာင္းလ်ာေလး စုက်စ္ယန္ပါ”

အာ…

စုက်စ္ယန္သည္ သူ႔နာမည္ကိုေခၚသံၾကားလိုက္မွသာ သူ႔အာ႐ုံမ်ားျပန္လည္လာေတာ့သည္။  ေနာက္မွ သူျပန္ေတြးလိုက္မိသည္။  လင္က်န္းရီက အခုမွ သူ႔မိဘေတြကို ဘယ္လိုႀကီး မိတ္ဆက္ေပးေနရတာလဲ။

သူ႔ဟာက 'ဒါက ေဖေဖ'၊ 'ဒါက ေမေမ' လို့ ေျပာေနပုံႀကီရယ္… ေအာ္၊ ေအာ္၊ ေအာ္၊ ဒါျဖင့္ သူက ဘယ္လိုျပန္ေျပာရမလဲ!?

ခဏတာ ဦးေႏွာက္ ဆားကစ္ ျပတ္ေတာက္သြားေသာ စုက်စ္ယန္သည္ လင္က်န္းရီ၏ စကားကို လိုက္နာၿပီး သူ႔ပါးစပ္မွ စကားႏွစ္ခြန္း ထြက္က်သြားသည္- “ပါး၊ မား…”

လင္က်န္းရီအေနနဲ႔ကေတာ့ ဘာမွမွားယြင္းတယ္လို့ မခံစားရေပ။ စုက်စ္ယန္က သူတို့ကို ဒီလိုမ်ိဳးေခၚတာက သဘာဝက်တယ္လို့ သူကေတာ့ ေတြးေလသည္။

စုက်စ္ယန္သည္ ထိုစကားမ်ားခုန္ေပါက္ထြက္ၿပီးသြားကာမွ အသိတရား၀င္သြားရသည္။ 

ဒီစကားေတြက ဘာေၾကာင့္ သူ႔ပါးစပ္က ထြက္သြားရတာလဲ?
ဒါေတြအားလုံးက လင္က်န္းရီရဲ့အျပစ္ဘဲ ...

ပထမအႀကိမ္ေတြ႕ဆုံမွုေလးမွာတင္ သူက ပါး၊မား လို့ေခၚလႊတ္လိုက္တယ္! သူ႔အသံက အရမ္းေတြစိတ္မရွည္ေတာ့တဲ့ပုံ ေပါက္မေနဘူးလားဟ!

ပ်က္စီးသြားၿပီ…သူအခုေလးတင္မွ တည္ေဆာက္ထားတဲ့ပုံရိပ္ေကာင္းေလးက ပ်က္စီးေၾကမြသြားၿပီ…

လင္ေရွာင္းထ်န္း ႏွင့္ က်န္းဟြားရွန္- [ေနာက္ဆုံးေတာ့ၾကားလိုက္ရၿပီ၊မ်က္ရည္ေတြတေတာက္ေတာက္က်လ်က္]

စုက်စ္ယန္နဲ႔ ဆန႔္က်င္ဘက္ကို သူတို့ကခံစားရေခ်သည္။

သူတို့ကဒီစကားေတြကိုၾကားလိုက္ရသည့္အခါ သူ႔ရဲ့လက္ဖမိုးအာအသာဖြဖြပုတ္ကာ ခ်ီးမြန္းျခင္းမ်ားအျပည့္ျဖင့္စကားဆိုလာေခ်သည္။

“ အိုင္းယား လိမၼာလိုက္တဲ့ကေလးေလး! လိမၼာလိုက္တဲ့ကေလးေလး!  ဘယ္လိုေတာင္ လိမၼလိုက္တဲ့ ကေလးေလးလဲ!"

စုက်စ္ယန္မွာ ရွက္ရြံ့မွုေၾကာင့္ သူ႔ပါးေလးေတြရဲတတ္သြားရသည္။  သူက လင္က်န္းရီကိုရွုံးနိမ့္မွုေတြနဲ႔ၾကည့္လိုက္ရေပမယ့္ လင္က်န္းရီကသူ႔မိဘေတြထက္ပင္ပိုေပ်ာ္ေနေခ်သည္။

"က်စ္ယန္၊ ဒါ​ေတြက မား၊ သားအတြက္​ဝယ္​လာတဲ့ စ​ေတာ္​ဘယ္​ရီသီး​ေတြပါ...သားႀကိဳက္ရင္ ပိုၿပီးစားလို့ရတယ္!"

က်န္းဟြားရွန္သည္ စေတာ္ဘယ္ရီသီးမ်ားကို ေကာက္ယူၿပီး စုက်စ္ယန္၏ေရွ႕တြင္ ကိုင္ထားေလသည္။

"ဟုတ္တယ္ က်စ္ယန္၊ ကိုယ့္ကိုယ္ကို ဂ႐ုစိုက္ဖို့က အေရးႀကီးဆုံးပဲ။က်န္းရီကပဲ အိမ္မွုကိစၥေတြအားလုံးကို လုပ္ပါေစ။"

လင္ေရွာင္းထ်န္းကလည္း အျပဳံးေလးျဖင့္ၿပီး သူ႔ကို ေျပာေလသည္။

"ေက်းဇူးပါ...မား" 

သူကသူမကို မားလို့ေခၚထားၿပီးသားေလ၊ သူသာ အေခၚအေဝၚေျပာင္းေခၚလိုက္လၽွင္ သူမရဲ့ခံစားခ်က္ေတြကိုထိခိုက္သြားေလမလား။

စုက်စ္ယန္က သူမအား မားလို့ ထပ္ေခၚဖို့ရန္အတြက္ သူ႔ကိုယ္သူသာ တြန္းအားေပးလိုက္နိုင္ၿပီး၊  လူႀကီးႏွစ္ေယာက္ရဲ့ စိတ္အားထက္သန္မွုနဲ႔ ၾကင္နာမွုေတြျပည့္၀ေနတဲ့အၾကည့္ေအာက္မွာ စေတာ္ဘယ္ရီသီးကို ေကာက္ကိုင္၍ သူ႔ပါးစပ္ထဲသို့ ျဖည္းညႇင္းစြာထည့္ကာ ကိုက္ခ်လိုက္ေတာ့သည္။

စေတာ္ဘယ္ရီကသိပ္မေအးေပ။အဲ့ဒါကလတ္ဆတ္ၿပီးအရည္ရႊမ္း႐ုံသာမက ခ်ိဳခ်ိဳခ်ဥ္ခ်ဥ္အရသာေလးလည္းျဖစ္ေသးသည္၊ သူ႔အႀကိဳက္ႏွင့္ကြက္​တိပင္။

သူ႔မွာ ဒါေလးေတြကို ရက္ေပါင္းအေတာ္အတန္ၾကာၾကာ ေတာင့္တေနခဲ့ရသည္။  လင္က်န္းရီသည္ ဟိုတစ္ခါ သူခံတြင္းေတာင္းေနတုန္းက ဒါေလးေတြကို သူ႔အတြက္ မ၀ယ္ယူနိုင္ခဲ့ေပ။ကံေကာင္းေထာက္မစြာျဖင့္၊ လင္က်န္းရီသည္ အျခားအရာမ်ားႏွင့္ သူ႔အား အာ႐ုံေျပာင္းခဲ့သျဖင့္ ဒါေလးေတြကိုေမ့သြားခဲ့ရသည္။  ဒီေန႔ လင္ပါပါး နဲ႔ လင္မာမား က သူ႔အတြက္ဆိုၿပီး စေတာ္ဘယ္ရီသီးေတြ အမ်ားႀကီး

You are reading the story above: TeenFic.Net